Dr. Home Medical Service - Dr. Home အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု

  • Home
  • Myanmar
  • Mandalay
  • Dr. Home Medical Service - Dr. Home အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု

Dr. Home Medical Service - Dr. Home အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု ဖုန်းဆက်ရုံဖြင့် သင့်အိမ်သို့ ပြည့်စုံသော ဆေးခန်း တစ်ခု အမြန်ဆုံးရောက်လာမည်
09788413654, 09788413655


FYI
24/10/2025

FYI

မိမိချစ်ခင်သူတွေကို အကောင်းဆုံးနဲ့အပြည့်စုံဆုံး Home Care လုပ်ဖို့ရာ Hospital Bed ကိုရှာဖွေနေပါသလား?

ကောင်းစေသျှင်မှာ Function မျိုးစုံပါဝင်တဲ့
🍁Motor ကုတင်၊
🌿Manual ကုတင်များကို စိတ်တိုင်းကျရွေးချယ် ငှားရမ်းအသုံးပြုနိုင်ပါပြီ။

Functions
1.ဦးခေါင်းပိုင်းအတင်၊အချ ပြုလုပ်လို့ရခြင်း
2.ခြေထောက်ပိုင်းအတင်၊အချ ပြုလုပ်လို့ရခြင်း
3.ကုတင်အနိမ့်၊အမြင့် ပြုလုပ်လို့ရခြင်း

Home Care Bed များငှားရမ်းလိုပါက
☎️09 961 429 869
☎️09 779 924 259

ကျွဲကောသီး ရာသီဆိုတော့အာဟာရတန်ဖိုးပြည့် ကောင်းကျိုးများတဲ့ အသီးလေးသက်ကြီးရွယ်အို ဝမ်းချုပ်တတ်သူကလေးသူငယ်ဝိတ်ထိန်းလိုသူမျ...
03/09/2025

ကျွဲကောသီး ရာသီဆိုတော့
အာဟာရတန်ဖိုးပြည့် ကောင်းကျိုးများတဲ့ အသီးလေး
သက်ကြီးရွယ်အို ဝမ်းချုပ်တတ်သူ
ကလေးသူငယ်
ဝိတ်ထိန်းလိုသူများ
ဆီးချိုသမားတွေလဲ သင့်တော်
just sharing good informations

#ကျွဲကောသီး

ကျွဲကောသီး (Pomelo) ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

1. ကိုယ်ခံအားကောင်းစေမှု – ဗီတာမင် C အများကြီး ပါဝင်ပြီး ကိုယ်ခံအားတိုးစေပါတယ်။

2. နှလုံးကျန်းမာရေး – Potassium ပါဝင်သဖြင့် သွေးပေါင်ချိန်ထိန်းပေးပြီး နှလုံးရောဂါ အန္တရာယ်လျော့စေပါတယ်။

3. အသားအရေအတွက် – အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး အသားအရေ တင်းရင်းစေတတ်ပါတယ်။

4. အာဟာရချို့တဲ့မှု ကာကွယ်မှု – ဗီတာမင် B နှင့် အရေးပါသည့် သတ္တုဓာတ်များ ပါဝင်လို့ အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းကို လျော့စေပါတယ်။

5. အစာချေမှုကို ကူညီခြင်း – fiber များစွာပါဝင်သဖြင့် အစာချေမှု ကောင်းစေပြီး ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပါတယ်။

6. အဆီကျစေခြင်း – အစားအစာ အဆီများ စုပ်ယူမှုကို လျော့စေပြီး အလေးချိန်ထိန်းချုပ်ရာမှာ အကျိုးရှိပါတယ်။

7. အဆိပ်ပြေစေမှု – အသည်းကို ကူညီပေးပြီး ကိုယ်ထဲက အဆိပ်အတောက်များကို ဖယ်ရှားစေတတ်ပါတယ်။

8. အမြင်အာရုံကောင်းစေမှု – ဗီတာမင် A နှင့် အခြား antioxidants များ ပါဝင်သောကြောင့် မျက်စိကျန်းမာရေးအတွက် ကောင်းစေပါတယ်။

Pomelo (Citrus maxima) is a large citrus fruit that’s not only delicious but also packed with health benefits. Here’s a breakdown of the key benefits of consuming pomelo:

1. Rich in Vitamin C

Pomelo is an excellent source of Vitamin C, which is essential for boosting your immune system. It helps fight infections, protects your body against harmful free radicals, and promotes collagen production for healthy skin.

2. Supports Weight Loss

Pomelo is low in calories but high in fiber, making it an excellent fruit for weight loss. The high fiber content helps keep you full longer, reducing cravings and preventing overeating. Additionally, pomelo’s high water content can help with hydration while also being filling.

3. Boosts Digestion

The fiber in pomelo promotes good digestion and helps prevent constipation. It supports healthy gut function by facilitating regular bowel movements, and it can also improve your overall digestive health.

4. Rich in Antioxidants

Pomelo contains powerful antioxidants such as flavonoids and Vitamin C. These antioxidants help neutralize harmful free radicals in the body, which can damage cells and contribute to aging and chronic diseases.

5. Regulates Blood Pressure

Pomelo is rich in potassium, a mineral that helps regulate blood pressure. Potassium helps balance out the negative effects of sodium in the body, reducing the risk of high blood pressure and promoting heart health.

6. Supports Heart Health

In addition to potassium, pomelo also contains fiber and antioxidants, both of which are beneficial for heart health. The fiber helps lower cholesterol levels, while antioxidants improve blood circulation and reduce inflammation in the arteries, decreasing the risk of heart disease.

7. Improves Skin Health

The Vitamin C and antioxidants in pomelo contribute to healthier, youthful-looking skin. Vitamin C stimulates collagen production, which is crucial for maintaining skin elasticity and reducing wrinkles. The hydrating properties of pomelo also help keep skin moisturized.

8. Aids in Detoxification

Pomelo has natural detoxifying properties that help remove toxins from the body. The fruit’s high water content and fiber assist in flushing out waste products, helping to purify the liver and kidneys.

9. Improves Immune Function

Thanks to its high Vitamin C content, pomelo helps strengthen the immune system, making it more effective in fighting off common illnesses like colds and flu.

10. Balances Blood Sugar Levels

Pomelo has a low glycemic index, which means it doesn’t cause a rapid spike in blood sugar. It can be a great fruit choice for individuals with diabetes or those looking to maintain stable blood sugar levels.

11. Hydrating

Due to its high water content, pomelo can help keep you hydrated. It’s especially refreshing on hot days or after exercise, providing both hydration and a natural energy boost.

12. May Help Lower Cholesterol

Pomelo’s high fiber content can help reduce bad cholesterol (LDL) levels in the blood, which in turn can lower the risk of heart disease.

13. Improves Bone Health

Pomelo contains calcium and magnesium, two minerals essential for maintaining strong bones and preventing bone-related issues like osteoporosis.

14. Promotes Healthy Eyesight

The Vitamin A in pomelo supports eye health and may help reduce the risk of macular degeneration and other age-related eye problems.

15. Fights Inflammation

The antioxidants and anti-inflammatory compounds in pomelo help reduce inflammation in the body, which can alleviate symptoms of inflammatory conditions like arthritis.

Conclusion

Pomelo is not only refreshing and delicious but also offers a variety of health benefits, from boosting immunity to improving digestion and promoting heart health. It’s a great addition to any diet for anyone looking to improve overall wellness naturally.

Myanmar FDA အသိအမှတ်ပြု လေးမျိုးစပ် တုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra ထိုးနှံရန် ဆက်သွယ် စာရင်းပေးနိုင်ပါပြီ။Dr. Home Med...
31/03/2022

Myanmar FDA အသိအမှတ်ပြု လေးမျိုးစပ် တုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra ထိုးနှံရန် ဆက်သွယ် စာရင်းပေးနိုင်ပါပြီ။

Dr. Home Medical Service
Mandalay.

09788413654
09788413655

ရာသီ တုပ်ကွေး @ Seasonal Flu  တုပ်ကွးရောဂါသည် တုပ်ကွေးဗိုင်းရပ်စ် ပိုးကြာင့်ဖြစ်သော ကူးစက်ရောဂါဖြစ်ပြီး လေထဲမှသာမက နှာရည...
31/03/2022

ရာသီ တုပ်ကွေး @ Seasonal Flu


တုပ်ကွးရောဂါသည် တုပ်ကွေးဗိုင်းရပ်စ် ပိုးကြာင့်ဖြစ်သော ကူးစက်ရောဂါဖြစ်ပြီး လေထဲမှသာမက နှာရည်၊ နှာချေရာမှထွက်သော နှာရည်စက်များ၊ ချောင်းဆိုးရာမှထွက်သော တံတွေးစက်များ၊ သလိပ်များနှင့် ပေစွန်းထားသော ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ခြင်းများမှလည်း ကူးစက်နိုင်ပါသည်။

ကူးစက်ခံရလျှင် ခံစားရသောလက္ခဏာများမှာ ရောဂါပြင်းထန်ခြင်းအပေါ်မူတည်၍ အပြင်းဖျားခြင်း၊ နှာရည်ယို နှာချေ နှာခေါင်းပိတ်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္တာကိုယ် နုံးချည့်နွမ်းလျှခြင်း ကိုက်ခဲခြင်း၊ မူးဝေခြင်း တို့ကို ခံစားရတတ်ပါသည်။ ရောဂါပြင်းထန်လွန်းလျှင် အသက်အန္တရာယ် စိုးရိမ်ရတတ်ပါသည်။
ကလေးငယ်များတွင် အော့အန် ဝမ်းလျှော ဗိုက်အောင့်ခြင်းများ လည်းကြုံတွေ့ရတတ်ပါသည်။

အသက် အရွယ် ကြီးသူ လူကြီးသူမများ၊ ကလေးသူငယ်များ၊ ကိုယ်ခံအားနည်းသူများ နှင့် ရောဂါ အခံရှိသူများ (ပန်းနာရင်ကြပ်ရောဂါ၊ နှလုံးရောဂါ) တွင် ရောဂါ လက္ခဏာ ပိုမိုပြင်းထန်တတ်ပါသည်။ နဂို အခံရှိသောရောဂါများလည်း ပိုမို ဆိုးရွားနိုင်ပါသည်။
တုပ်ကွေးရောဂါ၏ နောင်ဆက်တွဲ ပြဿနာများမှာလည်းပြင်းထန်တတ်ပါသည်။ အထူးသဖြင့် ကလေးများမှာ စိုးရိမ်ရပါသည်။
၎င်းတို့မှာ
-ဦးနှောက် ရောင်ရမ်းခြင်း
-အဆုတ်ရောင်ခြင်း
-နှလုံး အမြှေးပါးရောင်ခြင်း
-နှလုံး ကြွက်သားရောင်ခြင်း
-နား ပြည် ယိုခြင်းများ ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်များ

အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ခံအား အထိုက်အလျှောက် လျော့နည်းနေသည့်အတွက် တုပ်ကွေးရောဂါ ပိုမို ကူးနိုင်ပါသည်။
ကူးစက်ခံရပါက မိခင်ရော ကလေးတွင်ပါ အန္တရာယ် ရှိပါသည်။
သားပျက် သားလျှောခြင်း၊ လမစေ့ ပေါင်မပြည့် မွေးခြင်း များဖြစ်တတ်ပါသည်။

လေထဲမှတဆင့် ကူးစက်တတ်သောရောဂါဖြစ်သည့် အလျှောက် လူနေထူထပ်သောနေရာများ၊ လူစုလူဝေးရှိသော ကျောင်းများ၊ ရုံးများ စသောနေရာများတွင် ပို၍ကူးစက် ပြန့်ပွားလွယ်ပါသည်။

ကုသခြင်း

အထက်ပါရောဂါလက္ခဏာများခံစားရပါက မပေါ့ဆပဲ နီးစပ်ရာဆေးရုံဆေးခန်း ကျန်းမာရေးဝန်ထမ်းများ နှင့် တိုင်ပင်ဆွေးနွေး၍ ကုသမှုခံယူသင့်ပါသည်။ ရေဓါတ်ဆုံးရှုံးမှုများ ပြန်လည် ဖြည့်တင်းရန် ဓါတ်ဆားရည် အသီးဖျော်ရည်များ သောင်သုံးသင့် ပါသည်။

ကာကွယ်ခြင်း

Prevention is better than cure!
ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည် ဟူသည့် အတိုင်း ရောဂါမဖြစ်ပွားမီ ကြိုတင် ကာကွယ် သင့်ပါသည်။
ချောင်ဆိုးလျှင် လက်၊ပုဝါ၊တစ်သျှူးတို့ဖြင့် ပါးစပ်အုပ်၍ဆိုးခြင်း၊ နှာရည် သလိပ်တို့ကို ပုဝါ တစ်သျှူးတိုဖြင့်သုပ်၍ စနစ်တကျ စွန့်ပစ်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် သေချာစွာ သန့်စင်ခြင်း၊ တုပ်ကွေးရောဂါ အဖြစ်များသော ရာသီများတွင် မလိုအပ်ပဲ လူစုလူဝေးများသော နေရာများသွားခြင်းမှ ရှောင်ကျဉ်ခြင်း၊ မဖြစ်မနေ သွားရမည်ဆိုပါက နှာခေါင်စည်း (Mask) ဝတ်ဆင်ခြင်း စသည်များကို လိုက်နာရပါမည်။

ရောဂါ ကာကွယ်ခြင်း ပိုမိုထိရောက်စေသော နည်းလမ်းမှာ တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးခြင်း ဖြစ်ပါသည်။ နှစ်စဉ် တုပ်ကွေးရာသီ မစမီ တုပ်ကွေးရောဂါကာကွယ်ဆေး (Influenza Vaccine) ထိုးခြင်းခြင့် တုပ်ကွေးရောဂါ ဖြစ်ပွားနှုန်း သိသိသာသာ ကျဆင်းစေနိုင်ပါသည်။

ကလေးငယ်များ(၆လ အထက်)၊ လူကြီးသူမများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ ပန်းနာရင်ကြပ်နှင့် နှလုံးရောဂါ အခံရှိသူများ သည် နှစ်စဉ် တုပ်ကွေးရောဂါကာကွယ်ဆေး မဖြစ်မနေထိုးနှံသင့်ပါသည်။
တစ် ကြိမ်ထိုးရုံဖြင့် တစ်နှစ်စာ ကာကွယ်နိုင်ပါသည်။

(မွေးကတည်းက ဆေးတစ် ကြိမ်မှ မထိုးဖူးသေးသော ၉နှစ်အောက် ကလေးများသည် ကာကွယ်မှုအပြည့် အဝရရှိရန် ပထမတစ် ကြိမ်ထိုးပြီးနှင့် တစ်လခြား၍ ဒုတိယတစ် ကြိမ်၊ စုစုပေါင်း ၂ ကြိမ် ထိုးရန်လိုအပ်ပါသည်။ သို့သော် နောင် နှစ်များတွင် ၁ ကြိမ်သာထိုးရတော့မည် ဖြစ်ပါသည်။)

💥💥မိမိ၏ အဖိုးတန်လှသော အချိန်များ တုပ်ကွေးကြောင့်အနားယူနေရခြင်းဖြင့် ကုန်ဆုံးရခြင်းမှ ကင်းဝေးစေရန် ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းအပ်ပါသည်။ 👌👌

တုပ်ကွေး အန္တရာယ် ကာကွယ်နိုင်ကြပါစေ.....

Dr. HOME Medical Service
Ref: Wiki

📌📌📌
မှတ်ချက် ။ ။ Dr. HOME Medical Service မှ အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုး ဝန်ဆောင်မှု ပေးလျှက်ရှိပါသည်။ 🚑🚑🚑💉💉💉

Myanmar FDA အသိအမှတ်ပြု ရာသီတုတ်ကွေးကာကွယ်ဆေးထိုးရန် စာရင်းပေးသွင်းနိုင်ပါပြီ ရှင့်။

09788413654
09788413655

⛔️ နိုင်ငံ တော်တော်များများမှာ Omicron ရဲ့ ဗီဇပြောင်းမျိုးကွဲဖြစ်တဲ့ BA 2 ရဲ့ ကူးစက်မှုနှုန်း မြင့်တက်လာပါပြီ ⛔️Omicron ...
10/03/2022

⛔️ နိုင်ငံ တော်တော်များများမှာ Omicron ရဲ့ ဗီဇပြောင်းမျိုးကွဲဖြစ်တဲ့ BA 2 ရဲ့ ကူးစက်မှုနှုန်း မြင့်တက်လာပါပြီ ⛔️

Omicron ထက်အဆပေါင်းများစွာ ကူးစက်လွယ်တဲ့ BA 2 Virus ကို ခံစားရပြီဆိုရင် ရောဂါလက္ခဏာ ပိုမိုပြင်းထန်နိုင်ပြီး Delta ကဲ့သို အဆုတ်လေပြွန်ကို တိုက်ရိုက်သက်ရောက်တာဖြစ်လို့ ယောင်ရမ်းပျက်စီးစေနိုင်ပါတယ်။

အခုလက်ရှိမှာဆိုရင် ဟောင်ကောင် နဲ့ ထိုင်ဝမ်မှာ အပြင်းအထန်ဖြစ်ပေါ်နေပြီး အနောက်နိုင်ငံတော်တော်များများကိုလည်း ကူးစက်ပျံ့နှံနေပြီဖြစ်ပါတယ်။
အရင်ရက်သတ္တပတ်တုန်းကဆိုရင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှာ ကူးစက်မှုနှုန်း ၂၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲအစည်း (W. H. O) ရဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နဲ့ နီပေါတိုမှာလည်း စ,တင်ဖြစ်ပေါ်နေပြီဆိုတာ သိထားရပါတယ်

ဒါပေမယ့် Omicron BA 2 မှာဆိုရင် အရင်က Covid တိုလို စမ်းသပ်လို့ မရနိုင်ဘဲ ရောဂါလက္ခဏာတွေပြသမှသာ သိရှိနိုင်တာဖြစ်လို့ သတိထားကာကွယ်စေချင်ပါတယ်။

🚫 ဗဇပြောင်းမျိုးကွဲ BA 2 က ပုံမှန်ထက်လည်း အကူးမြန်သလို ခန္ဓာကိုယ်ထဲမှာ Syncytia ပိုးတွေ မျိုးပွားနိုင်တာဖြစ်လို့ ကူးစက်ခံရတာနဲ့အမျှ အဆုတ်ကို ထိခိုက်လာနိုင်ပြီး လေပြွန်ပျက်စီးခြင်းနဲ့ သွေးကြောမျှင်ပိတ်ဆိုခြင်း စတာတွေ ဖြစ်စေလာနိုင်ပါတယ်။

ဒီကပ်ရောဂါဆိုးကြီးနဲ့ ပတ်သက်ပြီး လူတိုင်းသိချင်နေကြတဲ့ အချက် (၂) ချက်ရှိပါသေးတယ်။

✅ BA 2 ရဲ့ ဖြစ်ပွားမှုနှုန်းက Omicron ထက် အရှိန်မြင့်နိုင်လား?
✅ အရင် Covid တုန်းကကဲ့သို ရောဂါပြင်းထန်သူတွေကို ဆေးရုံမှာထားရမလား? ဆိုတဲ့မေးခွန်းတွေပါ။

ဒါပေမယ့် ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဆေးပညာရှင်တွေမှာ တိကျတဲ့အဖြေ မရှိသေးပါဘူး ❎

📌 ဒန်းမတ်သိပ္ပံပညာရှင်တစ်ယောက်ရဲ့ အဆိုအရဆိုရင် ဒီ BA 2 ရောဂါပိုးဟာ ယခင် Omicron ဖြစ်ဖူးတဲ့သူတွေဆီကိုလည်း ပြန်လည်ကူးစက်နိုင်ပြီး ပိုမိုပြင်းထန်ကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

📌 BA 2 ရဲ့ ကူးစက်နိုင်စွမ်းက အရင်က Covid Shield ကို အကြိမ်ရေအပြည့်ထိုးထားတဲ့သူတွေအပါအဝင် Covid ဖြစ်ဖူးတဲ့သူတွေကိုပါ ပြန်လည်ကူးစက်နိုင်ပါတယ်။ အကယ်၍ ဒီလိုလက္ခဏာလေးတွေပြရင် သတိထားနေထိုင်ဖို့ ဆေးပညာရှင်တွေက သတိပေးထားပါတယ်။

⚠️ ပြီးခဲ့တဲ့ တစ်ပတ် နှစ်ပတ်အတွင်းမှာ လည်ချောင်းနာပြီး နှာစေးခြင်းဖြစ်ခဲ့ပြီး ဒီရက်ပိုင်းမှာ အရင် Covid ဖြစ်ခါနီးတုန်းကလို လက္ခဏာတွေ ပြန်ပြလာရင် သတိထားနေထိုင်ဖို့လိုအပ်ပါတယ်။

🚫 ဥပမာ အနံ့ပျောက်ခြင်း ၊ လည်းချောင်းနာခြင်း ၊ ကိုက်ခဲခြင်း

ဒါ့ကြောင့် Test Kit စစ်ဆေးလို့ မရတာဖြစ်လို့ Positive ဖြစ်မှန်းမသိနိုင်လို အရင် Covid ကလိုမျိုး လက္ခဏာတွေ ပြန်လည်ပြသလာပြီဆိုရင် သတိရှိထားကြဖို့ လိုအပ်ပါတယ်နော်။

Ref: CNBC Website
Link: https://tinyurl.com/cuhm83u8
Credit to responsible author

ကာကွယ်ဆေးထိုးပြီးလဲ maskတပ်ပေးကြပါတချို့က ကာကွယ်ဆေးထိုးထားပြီးရင် မကူးနိုင်တော့ဘူးလို့လဲ ထင်နေကြတာကူးပါတယ်အနည်းဆုံး ရောဂ...
09/09/2021

ကာကွယ်ဆေးထိုးပြီးလဲ maskတပ်ပေးကြပါ
တချို့က ကာကွယ်ဆေးထိုးထားပြီးရင် မကူးနိုင်တော့ဘူးလို့လဲ ထင်နေကြတာ
ကူးပါတယ်
အနည်းဆုံး ရောဂါသယ်နိုင်ပါသေးတယ်

29/08/2021

Vaccine အောင်မအောင် စစ်ချင်သူများ

04/08/2021

Oxygen Therapy (or) အောက်စီဂျင် ဘယ်လိုရှူ မလဲ
Crd. Prof Dr Mu Mu Naing

ကိုယ်တို့တ​တွေ ​နေ့စဥ်လူ​နေမှုဘဝမှာ ​အောက်စီဂျင်ရှူဖို့ လိုသလား။ ဒီလို​​မေးခဲ့ရင် ရှူဖို့လိုတယ်လို့​ဖြေမလား၊ ဒါမှ မဟုတ် ရှူဖို့မလိုဘူးလို့ ​ပြောမလား။
ဒီ​နေ့ရက်​တွေမှာ ​အောက်စီဂျင် ရှူဖို့လို​နေပြီ လို​နေပြီ ဆိုပြီး လူ​တွေအ​ပြေးအလွှားရှာ​ဖွေရှူ​နေကြရတဲ့ ​အောက်စီဂျင်ဆိုတဲ့အရာက ခါတိုင်းဘာ့​ကြောင့်ရှာ​ဖွေပြီးရှူ​နေစရာမလိုတာပါလိမ့်။ အဲ့ဒီအချိန်​တွေက​ရော ခန္ဓါကိုယ်ကြီးက ​အောက်စီဂျင်ဆိုတာကို မလိုအပ်​တာလေသလားဆိုပြီး စဥ်းစား​နေကြလေမလားမသိ။
ခန္ဓါကိုယ်ကြီးက ​အောက်စီဂျင် လိုသလားလို့​မေးရင် ဘယ့်နှယ်​ပြောလိုက်ပါလိမ့် သိပ်လိုတာ​ပေါ့ ​ဖြေရမှာ။ ဒီ​အောက်စီဂျင်မရှိရင် လူ​တွေ လှုပ်ရှားသွားလာ​ပြီး အလုပ်လုပ် နေနိုင်မှာ မဟုတ်ဘူး။ အထူးသဖြင့် ဦး​နှောက်ဟာ ၃ မိနစ်ထက်ပိုပြီး ​အောက်စီဂျင်အပြတ်မခံနိုင်ဘူး ​သေမှာ။ ကိုယ်တို့ ငယ်ငယ်က ​မေရွက်ဝါဆိုတဲ့သီချင်းလိုဘဲ 🎵 ​အောက်စီဂျင် မရှိလို့ မဖြစ်ဘူး🎶 ဟုတ်တယ်၊ ဒါအမှန်ဘဲ။
ဒါဆို ခါတိုင်း​ ဘာလို့ ​အောက်စီဂျင်ကို ပိုက်တပ်ရှူမ​နေကြသလဲ ဆိုရင် သီးသန့်ဒီလိုရှူ​နေစရာမလိုလို့​ပေါ့။ ကိုယ်တို့​တတွေ ဒါကို အလိုလိုရ​နေတယ်။ ကိုင်ဇာရဲ့သီချင်းထဲကလို 🎶 အဝင်တခါ၊ အထွက်တခါ၊ ရှူလိုက်တဲ့ အသက်တိုင်း🎵
အဲ့ဒီ ရှူလိုက်တဲ့ အသက်တိုင်းမှာ၊ ​ဝင်သက် ထွက်သက်​တွေတိုင်းမှာ ​အောက်စီဂျင်က အလိုလို ပါ​နေတယ်။ အများကြီး​တော့မဟုတ်ဘူး။ ​​လေထုရဲ့ ၂၀ ရာခိုင်နှုန်းထဲရယ်။ ဒီရာခိုင်နှုန်းအနည်းမျှ​လေးနဲ့ဘဲ လုံ​လောက်စွာ အသက်ရှင်ရပ်တည်​နေနိုင်ကြတယ်​လေ။ ​အောက်စီဂျင်ရှူ​နေတာပါလားလို့​တောင် သတိထားစရာမလို​အောင် အဆင်​ပြေ​​နေလွန်းလို့ပါဘဲ။ ခန္ဓါကိုယ်ရဲ့ ​အောက်စီဂျင် လိုအပ်ချက်နဲ့ ​လေထဲက အောက်စီဂျင်ပမာဏ သဟဇာတ မျှတ​နေလို့​လေ။
ဒါဆို ​"အောက်စီဂျင်ရှူ​နေရတယ်" ဆိုတာကို​ဘယ်အခါမှာပြောကြသလဲဆို ​​ဆေးရုံ​တွေရဲ့ နံရံမှာ ​တပ်ထားတဲ့ ​အောက်စီဂျင်ပိုက်လိုင်းတွေကတဆင့်၊ ဒါမှမဟုတ် ​အောက်စီဂျင်အိုး၊ အောက်စီထုတ်စက်​တွေကထွက်လာတဲ့ ​အောက်စီဂျင်ကို ပိုက်တပ်ရှူ​နေရပြီဆိုရင်​ပေါ့။
ဒါကဘာကိုပြ​နေသလဲဆို လူတ​ယောက်ရဲ့ခန္ဓါကိုယ်မှာ လိုအပ်​နေတဲ့​အောက်စီဂျင်ပမာဏကို လေထဲက ​အောက်စီဂျင် ရှူရုံမျှနဲ့ မလုံ​လောက်​နိုင်တော့ဘူးဆိုတဲ့အ​ခြေအ​နေ​ပေါ့။
အဲ့ဒီအချိန်မှာ​ပေးရတဲ့ ​အောက်စီဂျင်ဆိုတာကလည်း ​ဆေးကုသမှုရဲ့ တစိတ်တပိုင်းမို့ Oxygen therapy( ​အောက်စီဂျင်ကုထုံး)လို့ဆိုတာ​ပေါ့။
ဒါဟာကုထုံးဆိုမှ​တော့ ဆေးတခုလိုဘဲ​ပေးရမှာ​ပေါ့။ ဘယ်​လောက်ပမာဏ​ပေးမှာလဲ။ ​သောက်ရမှာလား၊ ထိုးရမှာလား၊ အ​ကြောထဲထိုးရမှာလား၊ အသားထဲထိုးရမှာလား စသည်ဖြင့်​ပေါ့။
​အောက်စီဂျင်​ပေးရမယ့် ပမာဏကို တမိနစ်မှာ​ပေးရမယ့် လီတာပမာဏ(Litre/min)နဲ့​ရေးပြရမယ်။ 5 L/min, 10L/min စသည်ဖြင့်​ပေါ့။ ​
သောက်​ဆေးလာ၊ထိုး​ဆေးလားဆိုတာမျိုး​ရွေးချယ်ရသလို nasal prongs ​လေးနဲ့ နှာ​ခေါင်း​ပေါက်​လေးထဲ ထည့်​ပေးရမလား။ နှာ​ခေါင်းနဲ့ပါးစပ်​ပေါ်အုပ်​ပြီး​ မျက်နှာအုပ်​ face mask ဆိုတာ​လေးနဲ့ ပေးရမှာလား အဲ့ဒီမှာမှ ​မျက်နှာအုပ်​အောက်မှာ လေအိတ်​လေးတွဲပြီးပါတဲ့ face mask with reservoir bag ( FMRB) ဆိုတာ​လေးနဲ့​ပေးရမလားဆိုတာ​ရွေးချယ်ရတာ​ပေါ့။
ကိုယ်ဟာ​မေ့​ဆေးဆရာဝန်တ​ယောက်​လေ။ ​အောက်စီဂျင်ဆိုတာက ​မေ့​ဆေးဆရာဝန်တ​ယောက်ရဲ့ဖွားဘက်​တော်။ ​​မေ့​ဆေး စီနီယာကြီး​တွေကဆို နဝရတ်​ရေစင် လို့​တောင် တင်စားကြတယ်။ ခွဲခန်းထဲမှာ ကိုယ်​ ​စောင့်​ရှောက်​နေရတဲ့ လူနာတခုခုဖြစ်ရင် တခြားဘာမှ မစဥ်းစားနိုင်ခင် ဘာဖြစ်ဖြစ် ​အောက်စီဂျင်သာ အရင်အုပ်လို့ မှာကြား​လေ့ ရှိကြတယ်။ လူကသာ လူနာဘက်မျက်နှာမူ​နေရင်ရှိမယ် ကိုယ့်​နောက်​ကျောက ​မေ့​ဆေးစက်​ပေါ်ကိုလှည့်မကြည့်ဘဲ ကိုင်လိုက်ရင်​တောင် O2 ခလုတ်​ပေါ်လက်ကတန်း​​ရောက် နိုင်အောင်ကို ကျင့်သားရ​နေကြတာ။ ​နေ့စဥ် ​အောက်စီဂျင်နဲ့ အ​ဖော်ပြု အလုပ်လုပ် လာခဲ့တာ ခုဆို နှစ်အစိတ်​ကျော်ခဲ့ပြီ။ Oxygen therapy ဆိုတဲ့​ခေါင်းစဥ်​လေးဟာလည်း ​ဘွဲ့ကြို ဘွဲ့လွန်​ကျောင်းသားမျိုးစုံကို နှစ် ၂၀ ​​ကျော် သင်​ပေးရတဲ့ ​ခေါင်းစဥ်​လေးမို့ တ​ရေးနိုးထပြီးသင်ရမယ်ဆိုရင်လည်း ၏/သည် မ​ရွေး ပါးစပ်ကထွက်နိုင်တဲ့ သင်ခန်းစာ​ခေါင်းစဥ်​လေး။
​​ဆေးကျောင်းသား​တွေကို စာသင်​နေတာ မဟုတ်လို့ လွယ်လွယ်ကူကူ နားလည်လွယ်​အောင်​ရေးမှာမို့ ဆရာကြီး ဆရာမကြီးများမှ ဟို​​ထောက်ပြ ဒီ​ထောက်ပြ​တော့ မလုပ်ကြနဲ့​နော်။
O2 ​အောက်စီဂျင်​ပေးရ​တော့မယ်ဆို သိထားဖို့က ​ဆေးရုံရဲ့ နံရံ​ပေါ်က O2 ပိုက်လိုင်းကဘဲဖြစ်ဖြစ်၊ ​ဆေးရုံသုံး O2 ဆလင်ဒါကဘဲဖြစ်ဖြစ်၊ Portable O2 concentrator ကဘဲဖြစ်ဖြစ် ထွက်လာမယ့် Oxygen က ​အောက်စီဂျင်ချည့်ဘဲ၊ တခြားဘာ gas မှ အ​ရောမပါဘူး၊ ၁၀၀ % ရာခိုင်နှုန်းအပြည့်လို့ လွယ်လွယ်ကူကူ မှတ်မယ်။ ဒီထက်​တော့ ဘယ်လိုမှ မ​ကျော်ဘူး။
ဒါ့​ကြောင့် O2 ​ပေးချင်ရင် ဒါအစွမ်းကုန်ဘဲ။ ဒီ ၁၀၀% ကို လူနာရဲ့ အဆုတ်ထဲ အပြည့်အဝ ဝင်​စေချင်ရင်​တော့ ​မေ့​ဆေးစက်နဲ့ဖြစ်ဖြစ်၊ အသက်ရှူစက်နဲ့ဖြစ်ဖြစ် လူနာရဲ့​လေပြွန်ထဲ ပိုက်တိုက်ရိုက်ထည့်ပြီး​ပေးမှဘဲ အ​လေအလွင့်မရှိ​ရောက်နိုင်မယ်။ ​ပြော​ပြော​နေကြတဲ့ ကျုထည့်တယ် ကျုထည့်တယ် ဆိုတာ​ပေါ့။ (Endotracheal tube)
ဒါကလွဲရင် ဘယ်ပိုက်နဲ့​တပ် ပေး​ပေး ၁၀၀%အပြည့် လူနာရဲ့ အဆုတ်ထဲ​ရောက်မသွားနိုင်ဘူး။ ဒီလိုကြီး ၁၀၀% ​ရောက်သွားဖို့လည်း လူနာတိုင်းမလိုအပ်ပါဘူး။ လိုအပ်​နေပြီဆိုရင်လည်း အဲ့ဒီအဆုတ်ဟာ ဘယ်လိုမှမ​ကောင်းနိုင်တဲ့ အဆုတ်ဖြစ်​နေ​လောက်ပါပြီ။
ဆလင်ဒါအိုးကဖြစ်ဖြစ် OC လို့​ပြော​ပြော​နေကြတဲ့ O2 concentrator ကဖြစ်ဖြစ်၊ ​ဆေးရုံ နံရံ လိုင်းကဖြစ်ဖြစ် အထွက်မှာ ​ပေးရမယ့် O2ပမာဏကို ချိန်ရမယ့် Flow meter ​လေးကို ​အောက်ခံ​ရေခွက်​လေးတပ်လျက်​လေးနဲ့ ​တွေ့ရမှာပါ။ ခလုတ်​လေးဖွင့်လိုက်ရင် O2 ဟာ ​ရေခွက်​လေးထဲက​နေဖြတ်ပြီး ထွက်လာမှာမို့ ​ရေ​မျက်နှာပြင်မှာ ပလုံစီ ပူ​ဖောင်း​လေး​တွေထလာမှာပါ။ ​ရေ​ငွေ့ပါတဲ့​အောက်စီဂျင်​လေး​ပေါ့။ Flow အနည်းအများ​ပေါ်မူတည်ပြီး​​တော့ လူနာဟာ ​လေထဲက ​အောက်စီဂျင် ၂၀% ထက်ပို ပြီးရမှာ​ပေါ့။ ၂၅%က​နေပြီး ၈၀% ​လောက်ထိ။ အ​ပေါ်မှာ​ပြောခဲ့သလို ၁၀၀% ​တော့ လူနာဟာမရနိုင်ပါဘူး။ အဆုတ်မ​ကောင်း​လေ​လေ ရာခိုင်နှုန်းများများလိုအပ်​လေ​ပေါ့။
အဲ့ဒီ flow meter ကထွက်လာမယ့် O2 ကို လူနာရဲ့ အသက်ရှူလမ်း​ကြောင်း ( နှာ​ခေါင်း၊ ပါးစပ် ) တို့ဆီပို့​ဆောင်​ပေးမယ့် ပိုက်က​တော့ အကြမ်းဖျဥ်း ၃ မျိုးရှိပါတယ်။ Nasal prongs လို့​ခေါ်တဲ့ ပိုက်ထိပ်မှာ အစွယ်​လေး ၂ခုထွက်​နေတာ​လေးရယ်၊ Face mask လို့​ခေါ်တဲ့ နှာ​ခေါင်းနဲ့ပါးစပ်ကို အုပ်နိုင်တဲ့ mask အကြည်​လေးရယ်။ ​နောက်ဆုံးတမျိုးက​တော့ mask အကြည်​လေး​အောက်မှာ ပလတ်စတစ်အိတ်တွဲ​လောင်းပါတဲ့ Face mask with reservoir bag FMRB လို့ အတ်ု​ကောက်​ခေါ်တဲ့ ပိုက်ဆက်​လေးရယ် အဲ့ဒီ၃ မျိုး ​ထဲက​ရွေးကြရမှာ​ပေါ့။
ပထမဆုံး nasal prongs ကိုကြည့်ကြမယ်။ အ​ကောက်​လေး ၂ခုကို ​အောက်စိုက်ပြီးထည့်​နော်။ အ​ပေါ်လန်ပြီးတပ်မိရင် O2 မရဘဲ နှာ​ခေါင်းကြီး​ထော်သွားလိမ့်မယ်။
Low flow O2 ကုထုံးလို့ဆိုသ​ပေါ့။ သူက O2 လိုအပ်ချက်နည်းတဲ့ အ​ပျော့စားအ​ခြေအ​နေ​လောက်မှာ​ပေးရတာ။ Flow 1 - 2 L/min ​လောက်ဘဲ​ပေးဖို့လိုရင်​ပေါ့။ ဒီထက်ပိုဖွင့်ပြီး နှာ​ခေါင်းမှာတပ်ရင် လူနာက flow ဒါဏ်ကို ကြာကြာမခံနိုင်ဘူး။ နှာ​ခေါင်းအ​​မြှေး​လေး​တွေလည်း​ခြောက်ကုန်လိမ့်မယ်။ ပြီး​တော့ O2 ​တွေလည်း အလဟသ ဖြစ်ကုန်မယ်။ ပိုတဲ့ O2 ​တွေကို သိမ်းထားနိုင်မယ့် ​နေရာလည်းမရှိဘူး​လေ။ နှာ​ခေါင်း​ပေါက်ဆိုတာ ​သေး​သေး​လေးကိုး။ O2 ဘယ်​လောက် ရာခိုင်နှုန်း လူနာရမလဲဆို ၂၅% နဲ့ ၃၀% အတွင်း။ ​လေထဲကထက်​တော့များသွားတာ​ပေါ့​လေ။ ကိုဗစ်ဖျက်ထားတဲ့ အဆုတ်ကို ဒါနဲ့စီးချင်းထိုးလို့​တော့ မရနိုင်ဘူး။
ဒီထက်ပိုများရချင်ရင်​တော့ Face mask အကြည်​လေးကို သုံးရမယ်။ Mask ​လေးက ပိရမစ်​ခလးလို အ​ပေါ်ကချွန်ချွန်​လေး အဲ့ဒီမှာ သံဘားတန်း​လေးပါတဲ့ အချွန်​လေးက နှာ​ခေါင်း​ပေါ် ​အောက်​ခြေကျယ်ကျယ်က ပါးစပ်​ပေါ် အုပ် ရမယ်။ ကြိုးအ​လျော့အတင်း​လေးက​တော့ Mask လုံ​အောင်ကိုယ့်ဟာကိုယ်ချိန်။ သံပြားလားတန်း​လေးက နှာ​ခေါင်းရိုး​ပေါ်မှာ ​နေရာကျ​အောင်ဖိ။ မမတို့ .."ငါ့​မေး​စေ့က V shape ဟဲ့" ဆိုပြီး အချွန်ပိုင်းကို ​အောက်စိုက်ပြီး မ​တော်တ​ရော်​တော့ မတပ်နဲ့​နော်။ သူက နှာ​ခေါင်းကို flow က တိုက်ရိုက်မတိုးတာမို့ ကြိုက်သ​လောက် flow တင်လို့ရသွားပြီ။
ဒါ​ပေမယ့် အနည်းဆုံး​တော့ 4L/min ​ပေးရမယ်။ အဲ့ဒီထက်နည်းရင် ကိုယ်ရှူထုတ်တဲ့အထဲမှာပါတဲ့ ကာဗွန်ဒိုင်​အောက်ဆိုဒ်​တွေ mask ထဲက​နေမထွက်နိုင်ဘဲစု​နေပြီး ​ အောက်စီဂျင်မရဘဲ ကာဗွန်ဒိုင်​​အောက်ဆိုဒ်​တွေ ပြန်ရှူမိပြီး သတိလစ်သွားမယ်။ ထွက်ပြီးသားတံ​တွေးပြန်မျိုလို့မဖြစ်ဘူး .. အဲ့သလိုမျိုး ..ကိုယ်ရှူထုတ်တဲ့ ကာဗွန်ဒိုင်​အောက်ဆိုဒ်ကို ကိုယ်ပြန်မရှူရဘူး။ အဲ့ဒါ​ကြောင့် flow က အနည်းဆုံး 4 L/min နဲ့ အပြင်ကိုထုတ်ပစ်ရမယ်။ ထွက်မယ့် အ​ပေါက်​လေး​တွေ mask တဖက် တချက်မှာပါတယ်။ CCTV အ​ပေါက်​လေး​တွေလို။ ကိုယ်ပေးလိုက်တဲ့ O2 ​တွေ အပြင်ကိုထွက်ကုန်ရင် နှ​မြောစရာကြီးဆိုပြီး ပလာစတာနဲ့​တော့ ပိတ်မပစ်လိုက်နဲ့​နော်။ လူသတ်မှု​မြောက်သွားမယ်။ ခြိမ်း​ခြောက်ရတာပါ​အေ ။ Mask နဲ့​ပေးရင် flow အနည်းဆုံး 4L နဲ့အထက် ကြိုက်သ​လောက်တင်။ သူက ပိုတဲ့​အောက်စီဂျင်​လေး ​တွေ mask ထဲမှာစုထားနိုင်တာမို့ nasal prongs ထက်ပိုရမှာပါ။ လူနာရသွားမှာက 40 - 60% ။ ကိုဗစ်​ကြောင့် SpO2 ကျရင် ဒါနဲ့ စမှရ​လောက်မယ်။ 4 L ကစပြီးတိုးတိုးကြည့် 10 L/min ​ရောက်လို့မှ မတက်နိုင်​သေးရင်​တော့ ​နောက်ဆုံးကျန်တာ တမျိုးနဲ့ ​ပေးရ​တော့မှာ​ပေါ့။
FMRB ဆိုတဲ့​ ပလပ်စတစ်အိတ် တွဲ​လောင်း​ကောင်ကိုသုံးမယ်ဆိုရင် Mask က​တော့ အ​ပေါ်ကအတိုင်း
တပ်။ flow က​တော့ အနည်းဆုံး 10L/min ​ပေးရမှာဖြစ်ပါတယ်။ ​အောက်ကအိတ်​လေးဟာလည်း အနည်းဆုံး​တော့ တဝက်​လောက်​ဖောင်း​နေသင့်တာ​ပေါ့။ Flow 10L/min ထက်နည်းပြီးပေးရင် လူနာ မွန်းသွားနိုင်တယ်။ 10L/min အထက် ကြိုက်သ​လောက်​ပေး။
လူနာရသွားနိုင်မှာက 60- 80%။
Flow meter က 15 L/min အထိ marking ကပါ​လေ့ရှိ​တော့ အဲ့ဒီထက်flow များချင်ရင် Double source ဆိုပြီး ပိုက် ၂ခု ထပ်ပြီးတပ်ကြတာပေါ့။Nasal prongs နဲ့ flow source တခု mask နဲ့ flow source တခု ၂ခု​ပေါင်း flow ဆို မနည်းမ​နောဘဲ။
Covid guideline အရ​တော့ O2 flow 15 L/min သုံးလို့မှ SpO2 က 93% မရင် ICU လိုပြီလို့ဆိုတယ်။ ဒါ့​ကြောင့် Face mask with reservoir bag ကိုသုံး့ပြီး O2 flow 15 L/min နဲ့အထက်​ပေး​နေတာ​တောင် SpO2 ကတက်မလာ​တော့ဘူးဆိုရင် ​ဒေါ်မူမူနိုင့်ဆီသွား။ HFNC တို့ NIV တို့လို​နေပြီ။
ဒါ​ပေမယ့် သူ့မှာလည်း ICU beds မရှိရှာဘူး။
Oxygen flow လိုအပ်မှုကို​ ဆလျော့ချနိုင်မယ့် Tips ​လေး ၂ခု​တော့ ရှိတယ်။ လူနာရဲ့ အ​နေအထား​ပေါ့။
ဘယ်သူမဆို လှဲအိပ်တာနဲ့ မတ်မတ်ထိုင်တာနဲ့ဆို မတ်မတ်​နေတာက အဆုတ်​အောက်​ခြေက ​လေအိတ်​​လေးတွေကို ပိုပွင့်​စေနိုင်လို့ O2 ပိုရပါသတဲ့။ လှဲအိပ်ရင် ဗိုက်ထဲက ကလီစာ​တွေက အသက်ရှူခြင်းရဲ့ ရင်ဝမ်းခြားကြွက်သား (diaphragm) လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မှုကို ဟန့်တားထားလို့ အဆုတ်​​အောက်​ခြေက လေအိတ်​လေး​တွေ ​ကောင်း​ကောင်းမပွင့်နိုင်ဘူး။ အထူးသဖြင့် ဗိုက်​ဖောင်း​နေတဲ့သူ​တွေ။ လူနာ​တွေအတွက်​ပြောတာပါ။ ​ကြောက်ပြီး ညကျရင် ငုတ်တုတ်ကြီးအိပ်မ​နေကြနဲ့အုံး​နော်။
​နောက်တချက်က​တော့ အဆုတ်ကိုထိထားတဲ့ကိုဗစ်လူနာ​တွေအတွက်။ ကိုဗစ်ရဲ့ အဆုတ်ထိခိုက်မှုဟာ ​မှောက်လျက်အိပ်ရင် အဆုတ်​နောက်​ကျောခြမ်းဘက် ​လေအိတ်​တွေထဲ O2 ပို​ရောက်နိုင်တာမို့ အဆုတ် O2ရရှိမှုအား ပို​ကောင်းပါတယ်။ ကိုဗစ်က အဆုတ်ကိုထိထားမှ​နော် နှာ​စေးတာ​လောက်နဲ့​တော့ ​မှောက်အိပ်စရာမလိုဘူး။ တကယ်​မှောက်ရမယ့်အချိန်ကျမှ နံရိုးကြီးနာ​နေအုံးမယ်။
အဲ့ဒီ​တော့ ကိုဗစ်က အဆုတ်ကိုတိုက်ခိုက်ထားပြီဆို မတ်မတ်တလှည့် ၊ မှောက်တလှည့်နဲ့သာ O2 ပိုရ​အောင်​နေကြ​ပေ​တော့။ Flow ချည့်ဘဲ လှိမ့်တင်မ​နေကြနဲ့။
​မောလိုက်တာ​တော်။
Pulse oximeter ဆိုတဲ့ စက်​လေးနဲ့ SpO2ကိုတိုင်းကြတယ်မဟုတ်လား။ Flow L/min နည်းနည်းဘဲလိုပြီး SpO2% များများရတဲ့ အဆုတ်က​ကောင်း​သေးတာ​ပေါ့။ Flow ​တွေ အများကြီး​ပေးရပြီး SpO2 မတက်နိုင်တဲ့ အဆုတ်က​တော့ မ​ကောင်းဘူး​ပေါ့။
ငယ်ငယ်ကဆို hand phone ​တွေ၊ face book​ messenger ​တွေ၊ Viber ​တွေ မရှိ​တော့ စာ​ရေးစက္ကူ​ပေါ်မှာ လက်နဲ့စာ​ရေးရတယ်။ စာတိုက်က​နေ ပို့ရတယ်။ စာအရှည်ကြီး​ရေးပြီးရင် ကဲ.."စာလည်း အ​တော်ရှည်သွားတယ် ရွာက ကြီး​တော်ကြီးလည်း ​နေ​ကောင်းပါတယ်။ မင်းလည်း​နေ​ကောင်း​အောင်​နေ"လို့ အဆုံးသတ်သလိုဘဲ ကြီး​တော်ကြီး ​ဒေါ် မူမူနိုင်လည်း​နေ​ကောင်းပါတယ်လို့ဘဲ ​ပြောပါရ​စေ။
မှန်မှန်ကန်ကန်​ရွေးချယ်ထားတဲ့ O2 ပိုက်အမျိုးအစားနဲ့ လိုအပ်တဲ့ flow ကို ချိန်ဆ သုံးစွဲနိုင်ခြင်းဖြင့် အပိုအလိုမရှိ O2 သုံးစွဲနိုင်ကြပါ​စေ။ မိမိလိုအပ်သ​လောက်သာ သုံးစွဲခြင်းဖြင့် ​ဆေးရုံပိုက်လိုင်းမှ ​အောက်စီဂျင်များကိုဖြုန်းတီးရာမ​ရောက်ဘဲ။ မိမိထက်ပိုလိုအပ်သူများ ပိုရှူနိုင်​စေခြင်းအားဖြင့်၎င်း ကိုယ်ချင်းစာတရားများ၊ ကရုဏာ တရားများ ထားရှိခြင်းဖြင့်၎င်း ကုသိုလ်ယူနိုင်ကြပါ​စေ။

Crd Prof Dr Mu Mu Naing

25/07/2021

‼️‼️‼️ ကလေးရှိသောမိဘများ သတိထားကြဖို့ပါ‼️‼️‼️

မိသားစုတခုလုံး နီးပါး ကိုဗစ်ဖြစ်တယ် ။ P ထွက်ကြတယ်။

၁၂ နှစ်ကလေးလေး Neg ဖြစ်တယ်။

နောက် ဖျားတယ်။ ကိုယ်ပူက ၁၀၂-၁၀၃ တုန်ပြီးဖျားတယ် ။ လုံးဝမကျဘူး။ မူးပြီးလဲတယ်။ သွေးပေါင်က ၉၀/၆၀ ပဲရှိတယ်။ စိတ်ပူပြီး Covid ထပ်စစ်တယ်။ N တုန်းပဲ။ ဘာဖြစ်တယ်ထင်ကြလည်း။
ကျွန်တော် စိတ်ထဲမသင်္ကာလို့ သွေးဖောက်စစ်ကြည့်ခိုင်းတော့ သွေးလွန်တုပ်ကွေးပါ။

Dengue Duo မှာ IgG / Ig M/ NS1 အကုန် positive ပါ။

ရာသီချိန်ပါနော်။ covid ကို အာရုံစိုက်နေချိန်လွတ်သွားရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ အပေါ်က ကလေးတော့ အပြင် ဆေးရုံသွားခိုင်းပြီး monitor လုပ်ဖို့ ပြဖို့ပြောထားပါပြီ။

မိဘများ

👉 ကလေးတွေမှာ ကိုဗစ်လက္ခဏာ ကအရမ်းမဆိုးပါ။ ဖျားရင် နည်းနည်းပဲဖျားပါတယ်။ low grade fever ပါ။ ကလေးတွေမှာ ဘာမှသိပ်မဖြစ်ပါ။

👉 တကယ်လို့ အရမ်းဖျား ဆက်တိုက်ဖျားနေရင် ( high continuous fever ) ဆို သွေးလွန်တုပ်ကွေးကိုစဉ်းစားပါ။ ခြေဖျားအေးစက် အန် ဆို ဆေးရုံသွားပါ။

👉ကာကွယ်ဖို့ ခြင်မကိုက်ပါစေနဲ့။ ဘောင်းဘီရှည်ဝတ်ပေးပါ။ နေ့လည်ခြင်ထောင်ထောင်ပေးထားပြီး အထဲမှာပဲဆော့ပါစေ။

👉တပူပေါ်နှစ်ပူမဆင့်ဖို့ ဂရုစိုက်ကြပါ။

ကျေးဇူးပါ။ လွတ်လပ်စွာကူးပါရှယ်ပါဗျ။

22/07/2021

မြန်မာမှာ အိမ်ထဲက အိမ်‌အပြင်မထွက် တဲ့ ကျွန်တော့် ဆရာကြီး တစ်ဦး positive ဖြစ်တယ်။
ဆရာကြီး ထင်တာကတော့ delivery ကလို့ ထင်တယ်။

ကျွန်တော်တွေးမိတာ အခုမြန်မာပြည်ထဲမှာ အိမ်တိုင်းအားလုံးနီးနီး ဖြစ်ကြရ‌တဲ့ အကြောင်းအရင်း တစ်ခုက Cash ပိုက်ဆံအရွက်လိုက် ကိုင်သုံးရလို့ အဓိက အကြောင်းအရင်း ဖြစ်မယ်။ ဘဏ်မှာ တန်းစီးကြရတုန်းကလည်း ကူးခဲ့ကြ၊ ဖြန့်ခဲ့ကြ။ တစ်ခါ ဘဏ်ကို မယုံတော့ ရှိသမျှ ပိုက်ဆံကိုထုတ်၊ ပိုက်ဆံကို အရွက်လိုက်ကိုင်ကြရ။ ပိုက်ဆံဆိုတာ သူတောင်းစားကနေ ချမ်းသာသူထိ အကုန်လုံးရောက်တာဆိုတော့ အဲကနေပြန့်တာလည်း ဖြစ်နိုင်ချေ အတော်များတယ်။

နိုင်ငံတကာမှာ ကိုဗစ်ဖြစ်တော့ အတော်များများက Cash မသုံးပဲ mobile banking ကို ရာနှုန်းပြည့် လူတိုင်းနီးနီး ပြောင်းသုံးကြတယ်။ ကိုယ်က Cash သွားပေးရင်တောင် မျက်လုံးစိမ်းနဲ့ အကြည့်ခံရတယ်။ ပြီးတော့ သူတို့က လက်နဲ့ မထိဘူး။ ဗူးတစ်ခုပေးထားတယ်။ အဲဗူးထဲ ထည့်ခိုင်းတယ်။ အမ်းရမယ်ဆိုရင်လည်း ကိုယ့်ဘာသာကိုယ် အမ်းငွေကို ဗူးထဲကပဲ ကိုယ်တိုင်ပြန်ယူရတယ်။ ကိုယ်လှည့်ထွက်သွားရင် အဲပိုက်ဆံတွေကို အိတ်ကြီးတစ်ခုထဲ ထည့်ထားလိုက်တယ်။ နောက်တော့ ပိုးသတ်တယ် ထင်ပါရဲ့။

ပိုက်ဆံကနေ ကူးတဲ့ Transmission Model ဟာ မြန်မာပြည်မှာ ဘဏ်တွေ မယုံကြရင်းနဲ့ ကိုဗစ်ကူးစက်မှုကို အားပေးနေတဲ့ အဓိက အကြောင်းတစ်ခု ဖြစ်လိမ့်မယ်လို့ ထင်မြင်မိပါကြောင်း။

အခုထိလည်း
ဆေးဝယ်ရ
အောက်ဆီဂျင်ဝယ်ရ
ကြက်ဉ အစားအသောက် ဝယ်ရ
Cash in Hand အသုံးပြုနေကြရသေးတော့ ကူးစက်မှုကွင်းဆက် Transmission Chain တစ်ခု ဖြတ်ဖို့ လိုအပ်နေသေးပါကြောင်း ‌ကပ်ရောဂါဗေဒ အမြင်အရ ခန့်မှန်းမိပါကြောင်း ...

သုတေသန စာတမ်းများအရ ပိုက်ဆံက ကူးစက်တာ မပြောပလောက်ပေမဲ့ ပိုက်ဆံကို ကိုင်တဲ့ လက်မှာ ပိုးက ကပ်နေပြီး ပိုက်ဆံကိုင်ပြီး လက်မဆေးမိလို့ အဓိကလို့ ပြောထားပါတယ်။

ဒါကြောင့် ပိုက်ဆံကို ပိုးသတ်ရမလားလို့ မေးလာရင်တော့ လုပ်နိုင်ရင် လုပ်ပါပဲ ဖြေပါမယ်။

ပိုက်ဆံကို ပိုးသတ်တာထက် ပို အရေးကြီးတာကတော့ ပိုက်ဆံနဲ့ လက်နဲ့ ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနဲ နည်းစနစ်မှန်မှန် ဆေးဖို့က ပိုမို အရေးကြီးကြောင်း သုတေသန စာတန်းများက အတိအလင်း ရှင်းလင်းပြောပြထားပါကြောင်း ...
Cdt Dr. Win Khaing

OXygen concentrator တွေကို+positive သမား တစ်ယောက် သုံးထားပြီး သားရူးပြီး သား စက် ကိုနောက်ထပ် တစ်ယောက်  ရှုး ရင် စက်ကို ပ...
21/07/2021

OXygen concentrator တွေကို
+positive သမား တစ်ယောက် သုံးထားပြီး သား
ရူးပြီး သား စက် ကို
နောက်ထပ် တစ်ယောက်
ရှုး ရင်
စက်ကို ပြန် သန့်စင် ဖို့လိုပါသလားဗျ

စက်သန့်ရှင်းရေး ဘယ်လို လုပ်ရပါသလဲခင်ဗျာ

နားလည် သူများ တစ်ချက်လောက်ဖြေပေးပါလာခင်ဗျာ

credit

ဆရာတစ်ယောက် ဖြေပေးထားတဲ့ ဟာ လေးပါ တစ်စုတည်း ဖတ်လို့ရအောင် edit ပေးထားပါတယ်

Oxygen Concentrator #စက်အားပိုးသန့်စင်ခြင်း

Oxygen concentrator မှာ ပိုးသန့်စင်ရန်စဉ်းစားဖို့ (၁) စက်အပြင်ပိုင်း၊ (၂) လေစစ်ဇကာ filters များ၊ (၃) mask နဲ့ လေရှုပြွန် cannula and tubing (၄) ရေအိုး water trap humidifiers (၅) စက်အတွင်းပိုင်း ဆိုပြီး (၅) ပိုင်းခွဲစဉ်းစားပါမယ်။

ပထမတစ်ယောက်သုံးပြီး နောက်တစ်ယောက်မသုံးခင်မှာဖြစ်စေ၊ အခြားနေရာကသယ်ယူလာတာဖြစ်စေ #ပိုးသတ်ပြီးမှသုံးစွဲသင့်ပါတယ်။

ပိုးသန့်စင်မယ့်သူဟာ #လူနဲ့ဝေးရာမှာ mask နဲ့လက်အိတ်သေချာဝတ်ပြီးမှ ပိုးသန့်စင်သင့်ပါတယ်။

(၁) စက်အပြင်ပိုင်းကို အစွန်းချွတ်ဆေးမပါတဲ့ဆပ်ပြာရည်စိမ်ထားတဲ့အဝတ်နဲ့သုတ်နိုင်ပါတယ်။ ပြီးတာနဲ့ kitchen tower စက္ကူလိပ်နဲ့ရေပြန်သုတ်နိုင်ပါတယ်။

စက်ကိုအသုံးပြုနေစဉ်မှာ ရေစိုအဝတ်နဲ့သန့်စင်ခြင်း #မပြုလုပ်ပါနဲ့။

အဓိကကလက်ကိုင်တွေ၊ setting ချိန်တဲ့နေရာတွေ လက်နဲ့ထိတွေ့နိုင်တဲ့နေရာတွေမှာ ပိုးသန့်စင်ပစ်ရမှာဖြစ်ပါတယ်။

(၂) Filters လေစစ်စကာတွေကို ဖြုတ်ထုတ်ပါ။ ဖုန်ခါသန့်စင်ပြီး ချွတ်ဆေးမပါတဲ့ဆပ်ပြာရည်ထဲမှာ ၂ မိနစ်ခန့်စိမ်ပါ။ ပြီးရင်ပိုက်ခေါင်းအောက်ကရေနဲ့ပြန်ဆေးပစ်ပါ။

တတ်နိုင်ရင် UV light ခရမ်းလွန်ရောင်ခြည်ဖြစ်ဖြစ်၊ နေရောင်ထဲမှာ မိနစ် ၂၀ လောက်ထားပြီးဖြစ်ဖြစ် ပိုးသတ်ပါ။

လေသလပ်ခံကာ #လုံးဝခြောက်သွေ့သွားမှပြန်လည်တပ်ဆင်သုံးစွဲပါ။ မခြောက်သွေ့လို့ စက်အတွင်းသို့ရေမှုန်ရေမွှားပါသွားတာ မကောင်းပါ။

ဆေးရုံလိုနေရာများမှာသုံးဖို့ filter အပိုဝယ်ထားသင့်ပါတယ်။

အထဲမှာ HEPA လို့ခေါ်တဲ့ လေစစ်ဇကာပါပါတယ်။ အဲ့ဒါကိုသေချာဖြုတ်ပြီး ဘရပ်ရှ်လေးနဲ့သန့်စင်ရပါတယ်။

ဖုန်ထဲမှာလူနာကရှုထုတ်ထားတဲ့ #ဗိုင်းရပ်စ်ပိုးတွေကပ်နေနိုင်တာကြောင့် mask နဲ့ goggles 🥽 တပ်ပြီးမှဖုန်သန့်စင်သင့်ပါတယ်။

(၃) လေရှုပြွန် cannula and tubing နဲ့ mask ကို နောက်တစ်ယောက်ပြန်သုံးရန် သန့်စင်ဖို့က #လက်တွေ့မကျပါဘူး။ နောက်တစ်ယောက်သုံးရင် #အသစ်လဲပါ။

Cannula ထိပ်နဲ့ mask ကို တစ်ယောက်တည်းသုံးရင်တောင်မှ ❌ ကြမ်းပြင်၊ စားပွဲခုံ၊ အိပ်ရာပေါ်စသည်တို့အပေါ်မှာမချမိဖို့ ဂရုစိုက်ပါ။ အဲ့လိုချမိရင် ရောဂါပိုးကိုဒါရိုက်ရှုမိသလိုဖြစ်စေပါတယ်။

မျက်နှာပြင်တစ်ခုခုပေါ် ချမိတယ်ဆိုရင် ဆပ်ပြာရည်ပါတဲ့ရေနွေးထဲမှာစိမ်ပါ။ ပြီးရင်ရေနဲ့ဆေးပါ။ ပြီးရင် (white vinegar ၁ ဆ - ရေ ၃ ဆ) ပါတဲ့ရေနွေးထဲ မိနစ် ၂၀ စိမ်ပြီးခြောက်အောင်သုတ်ပြီးမှ သုံးပါ။

အကယ်လို့ antiseptic solution ပိုးသတ်ဆေးရည်ရှိရင် အဲ့ဒီအထဲမှာမိနစ် ၃၀ စိမ်ပါ။

UV အလင်းရောင် (သို့မဟုတ်) နေရောင်ထဲထားပြီးလည်း ပိုးသတ်နိုင်ပါတယ်။

ဒါက cannula ထိပ်နဲ့ mask ကိုသာဆေးကြောသန့်စင်ဖို့ပြောတာဖြစ်ပြီး tubing ပြွန်ရှည်ကိုလုံးဝရေမစိမ်ရပါ။ ❌

ပြွန်ထဲရေဝင်သွားရင် ခြောက်သွေ့အောင်လုပ်ရတာအရမ်းခက်ပါတယ်။

လူနာတစ်ယောက်တည်းသုံးတာတောင်မှ လူနာကနေမကောင်းဖျားနာမှုရှိခဲ့ရင် cannula နဲ့ mask ကိုအသစ်လဲလှယ်သင့်ပါတယ်။

(၄) ရေအိုး water trap humidifiers ကိုလည်း အပေါ်ကနည်းအတိုင်းဆေးကြောနိုင်ပါတယ်။ လူနာပြောင်းရင် ကျိန်းသေပိုးသတ်ဖို့လိုပါတယ်။ လူနာမပြောင်းရင်တောင် ၅ ရက်တစ်ခါလောက်ဆေးပေးပါ။

အကယ်လို့ antiseptic solution ပိုးသတ်ဆေးရည်ရှိရင် အဲ့ဒီအထဲမှာမိနစ် ၃၀ စိမ်ပါ။

အဲ့ဒီ humidifier ပလတ်စတစ်ဘူးလေးထဲထည့်တဲ့ရေဟာ ရေသန့်ဖြစ်ရပါမယ်။ ကြိုချက်ထားတဲ့ရေသန့်ဖြစ်ရင်ပိုကောင်းပါတယ်။ အဲ့ဒီရေကို ထပ်ထပ်ဖြည့်တာထက် #နေ့စဉ်အသစ်လဲလှယ်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

ရေမသန့်ခဲ့ရင်၊ ဘူးမသန့်ခဲ့ရင် mucormycosis လို့ခေါ်တဲ့ Covid လူနာမှာနောက်ဆက်တွဲမှိုနက်ရောဂါဖြစ်တတ်ပါတယ်။

ဟုတ်ပြီ။ အပေါ်က အဆင့် (၄) ဆင့်နဲ့စက်အပြင်လည်းသန့်ပြီ။ လေစစ်ဇကာတွေလည်းသန့်ပြီ။ လေရှုပြွန်ကလည်းအသစ်သုံးထားပြီးပြီ။ ရေဘူးကိုလည်းသေချာဆေးပြီးရေအသစ်လဲလှယ်ပြီးပြီ။

ဒါဆိုရင် လူနာတစ်ယောက်နဲ့တစ်ယောက်မကူးစက်ဘူးလို့ ၁၀၀ % သေချာပြီလား❓

Filter ဘယ်လောက်ကောင်းသလဲပေါ်မှာမူတည်ပါတယ်။ ကျနော့်အယူအဆကိုပြောပါမယ်။

အရင်လူနာရှုထုတ်သမျှလေဟာ စက်ပတ်ဝန်းကျင်ကိုရောက်သွားမှာပါ။ စက်ကအဲ့ဒီလေကိုစုပ်ယူပြီး နိုင်ထရိုဂျင်ဖယ်ထုတ်ကာ အောက်ဆီဂျင်ကိုစုစည်းပေးလိုက်တာပါ။

အဲ့ဒီတော့ စက်ရဲ့ Filter တွေက ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားကိုမစစ်ထုတ်ပေးနိုင်ဘူးဆိုရင် စုပ်ယူတဲ့လေနဲ့အတူအထဲကိုဝင်သွားမှာဖြစ်ပါတယ်။

စက်ထဲက ဇီယိုလိုက်ဇကာနဲ့ပိုက်ထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိရှိကောင်းရှိနေနိုင်ပါတယ်။ စက်အထဲပိုင်းကိုသန့်စင်ဖို့မဖြစ်နိုင်ပါ။

အဲ့လိုပါသွားခဲ့ရင်တော့ အနည်းဆုံး (၅) ရက်ခန့်ထားပြီးမှသုံးသင့်ပါတယ်။

Richard Myo Thant
12-July-2021

Address

အမှတ် (၁၆) ၃၆လမ်း၊ ၇၀-၇၁ကြား၊ မဟာအောင်မြေမြို့နယ်၊
Mandalay

Opening Hours

Monday 08:30 - 20:30
Tuesday 08:30 - 20:30
Wednesday 08:00 - 20:30
Thursday 08:30 - 20:30
Friday 08:30 - 20:30
Saturday 08:30 - 20:30

Telephone

+959788413654

Website

Alerts

Be the first to know and let us send you an email when Dr. Home Medical Service - Dr. Home အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Home Medical Service - Dr. Home အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category