Vox Academy Mini-Explorers' Club

Vox Academy Mini-Explorers' Club Our preschool curriculum is engaging, and fun, which will inspire a a love of learning in children.

VOX Academy မှ ပြုလုပ်ကျင်းပသည့် ရိုးရာမုန့်ဈေးတန်းသို့ လာရောက်ပံ့ပိုးအားပေးကြသည့် မိတ်ဆွေသင်္ဂဟများ၊ ကျောင်းသားကျောင်းသ...
07/10/2025

VOX Academy မှ ပြုလုပ်ကျင်းပသည့် ရိုးရာမုန့်ဈေးတန်းသို့ လာရောက်ပံ့ပိုးအားပေးကြသည့် မိတ်ဆွေသင်္ဂဟများ၊ ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လျက် 🙏❤️
အောင်မြင်စည်ကားစွာ ကျင်းပနိုင်ခဲ့သည့်အတွက်...
🔹 ပံ့ပိုးကူညီပေးသော ဆရာ၊ ဆရာမများ
🔹 အားတက်သရော ရောင်းချပါဝင်ပေးသော မိဘများ
🔹 လာရောက်အားပေးနှင့် အလှူပါဝင်ကြသော ကျောင်းအသီးသီးမှ မိတ်ဆွေဆရာ၊ ဆရာမများ
🔹 ဂုဏ်သရေရှိဧည့်ပရိသတ်များ အားလုံးကိုပါ အထူးကျေးဇူးတင်မှတ်တမ်းတင်အပ်ပါတယ်ရှင်။
အလှူငွေစာရင်းနှင့် အလှူပုံရိပ်များကို လှူဒါန်းမှုပြီးစီးသည့်အခါ Page မှ ဆက်လက်တင်ပေးသွားပါမည်။
မင်္ဂလာသီတင်းကျွတ်အခါသမယတွင်...
အားလုံး ကျန်းမာချမ်းသာ ပူပင်သောကကင်းဝေးပြီး ကိုယ်စိတ်နှလုံး ရွှင်လန်းကြပါစေလို့ VOX Academy အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။







Vox Academy၏ ရိုးရာမုန့်ဈေးတန်းပွဲတော်သို့ ဖိတ်ကြားခြင်း📅 နေ့ရက် - တနင်္ဂနွေနေ့၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၅ ရက်⏰ အချိန် -...
02/10/2025

Vox Academy၏ ရိုးရာမုန့်ဈေးတန်းပွဲတော်သို့ ဖိတ်ကြားခြင်း

📅 နေ့ရက် - တနင်္ဂနွေနေ့၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၅ ရက်
⏰ အချိန် - နံနက် ၉:၀၀ မှ မွန်းလွဲ ၁၂:၀၀ နာရီအထိ
📍 နေရာ - Vox Academy၊ အမှတ် (၇)၊ ခ/၆ ရပ်ကွက်၊ ၆၇အေ လမ်း၊ ၁၁၁ အေ လမ်းနှင့် ၁၁၂ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
✨ မင်္ဂလာရှိလှသော သီတင်းကျွတ်ချိန်ခါနီးတွင် မတူညီသော ရိုးရာယဉ်ကျေးမှုများကို ချစ်မြတ်နိုးတန်ဖိုးထားပြီး တူညီသော စေတနာမေတ္တာဖြင့် မျှဝေလှူဒါန်းခြင်းမှာ တစ်တပ်တစ်အား ဆင်နွှဲပျော်ရွှင်ကြဖို့ ကျွန်မတို့ Vox၏ ရိုးရာမုန့်ဈေးတန်းပွဲကို လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါရစေရှင်။
💝 Vox ရဲ့တန်ဖိုးထားမှုများအထဲမှာ မိမိရပ်ရွာပတ်ဝန်းကျင်ကို နည်းလမ်းအမျိုးမျိုးနဲ့ အကျိုးပြုစေဖို့ဆိုတဲ့ အချက်ဟာ အဓိကကျတဲ့ တန်ဖိုးတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဒါ့ကြောင့် ယခုနှစ်မှာတော့ ထူးထူးခြားခြား ဆရာမများ၊ မိဘများနဲ့ ကျောင်းသူကျောင်းသားများမှ ပြင်ဆင်ရောင်းချတဲ့ မုန့်များမှ ရရှိတဲ့ ငွေကြေးအားလုံးကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုမှာ လိုအပ်တဲ့စာရေးကိရိယာနဲ့ သင်ထောက်ကူတွေ လှူဒါန်းသွားမှာပဲ ဖြစ်ပါသည်။ ဒါ့ကြောင့် ဒီအစီအစဉ်မှာ အတူတကွပါဝင်ခြင်းဖြင့် ရိုးရာမုန့်များသာမက ကရုဏာတရားနှင့် သင်ယူမှုများကိုလည်း Vox နဲ့အတူ မျှဝေနိုင်ကြမှာ ဖြစ်ပါတယ်။
• 🎉 ပွဲတော်သို့လာရောက်ပါက မိမိနှစ်သက်ရာ ရိုးရာဝတ်စုံ ဝတ်ဆင်လာနိုင်ပါတယ်ရှင်။
📞 နောက်ထပ်အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန် -
📱 ၀၉၉၇၆၀၅၇၂၁၅ | ၀၉၇၈၇၇၁၈၀၂၉
🙏 Vox Academy ရဲ့ ၂၀၂၅ ခုနှစ် ရိုးရာမုန့်ဈေးတန်းပွဲတော်မှာ ယဉ်ကျေးမှု၊ ပျော်ရွှင်မှုနဲ့ ကရုဏာတရားတို့ကို အတူတကွ ပြသဖို့ Voxမိသားစုဝင်များနှင့် ချစ်ခင်ရတဲ့ မိတ်ဆွေများအားလုံးကို လက်ကမ်းကြိုဆိုနေပါတယ်။ အတူဆုံကြပါစို့ရှင်။
Vox Academy

#ရိုးရာအစားအစာ #ပညာရေးပံ့ပိုးမှု

လက်ထောက်မူကြိုဆရာမ အလုပ်သင်ခေါ်ယူခြင်းVox Academyရဲ့ မူကြိုသင်ကြားရေးမှာ ပါဝင်လုပ်ကိုင်ဖို့ ကလေးတွေကို ဂရုစိုက်တတ်ပြီး က...
11/08/2025

လက်ထောက်မူကြိုဆရာမ အလုပ်သင်ခေါ်ယူခြင်း

Vox Academyရဲ့ မူကြိုသင်ကြားရေးမှာ ပါဝင်လုပ်ကိုင်ဖို့ ကလေးတွေကို ဂရုစိုက်တတ်ပြီး ကလေးချစ်တတ်တဲ့ လက်ထောက်မူကြိုဆရာမတစ်ဦး အလိုရှိပါတယ်။

လိုအပ်ချက်များ-
အသက်- 19 မှ 25 နှစ်
ကလေးတွေနဲ့ အလုပ်လုပ်ရတာ နှစ်သက်ပြီး ပညာရေးနဲ့ပတ်သက်တဲ့ သင်ကြားသင်ယူမှုကို လေ့လာဖို့ လိုလားသူဖြစ်ရမယ်ရှင်။
မူကြိုသင်ကြားရေးနည်းလမ်းများကို သင်ယူလိုစိတ် နှင့် ကလေးသူငယ်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့
စိတ်ရှည်သည်းခံပြီး တီထွင်ဖန်တီးတတ်ကာ အစောပိုင်းကလေးဘဝပညာရေးကို စိတ်ပါဝင်စားသူ လျှောက်ထားပါရှင်။
အလုပ်ချိန်- နံနက် ၈း၀၀ မှ နေ့လည် ၁း၀၀ (အလုပ်ချိန်နေ့တစ်ဝက်ဖြစ်ပေမဲ့ သင်တန်းတက်ဖို့ရှိပါက အခြားအချိန်တွေလည်း တက်ရောက်နိုင်ရပါမယ်)
လစာ- ညှိနှိုင်း (အတွေ့အကြုံပေါ် မူတည်၍)
အစောပိုင်းကလေးသူငယ်ဘဝကို ဖွံ့ဖြိုးတိုးတက်စေဖို့ မူကြိုပညာရေးကို စိတ်ဝင်စားသူဖြစ်ပါက ကျွန်မတို့နဲ့ ဆက်သွယ်ပါ။
လျှောက်ထားနည်း- သင်၏ကိုယ်ရေးအကျဉ်း/CV ကို 09976057215, 09787718029 Viber သို့မဟုတ် Telegramသို့ ပေးပို့နိုင်ပါတယ်။

ကလေးများအတွက် ပျော်ရွှင်စရာကောင်းသော သင်ယူမှုပတ်ဝန်းကျင် ဖန်တီးရာဖို့ ကျွန်မတို့နဲ့ ပူးပေါင်းပါ။ 🌱✨

📣 ဇူလိုင်လကုန်ထိပဲ စာရင်းအပ်လက်ခံမယ့် Vox Academy Online Phonics Class - အသက် ၄.၅ နှစ်မှ ၇ နှစ် ကလေးများအတွက် အွန်လိုင်း...
22/07/2025

📣 ဇူလိုင်လကုန်ထိပဲ စာရင်းအပ်လက်ခံမယ့် Vox Academy Online Phonics Class

- အသက် ၄.၅ နှစ်မှ ၇ နှစ် ကလေးများအတွက် အွန်လိုင်း Phonics သင်တန်း
🔤 ကလေးတွေအတွက် ပျော်ရွှင်စရာလှုပ်ရှားမှု သင်ခန်းစာများ အတူလုပ်ဆောင်ကြရင်း အင်္ဂလိပ်စာအခြေခံကို ခိုင်ခိုင်မာမာ တည်ဆောက်ပေးဖို့ စိတ်ဝင်စားပါသလား။

ဖေဖေမေမေတို့ရဲ့ ရင်သွေးလေးဟာ အသက် ၄.၅ နှစ်မှ ၇ နှစ်အတွင်းရောက်ရင် မိဘဆရာတွေအကူအညီနဲ့ အင်္ဂလိပ်စာစတင်လေ့လာဖို့ အဆင်သင့်ဖြစ်နေပါပြီ။

Voxရဲ့ Online Phonics သင်တန်းဟာ Phonics အဆင့် ၅ ဆင့်ရှိပြီး တစ်ဆင့်လျှင် ၃ လတစ်ဖြတ် သင်ကြားပေးမှာ ဖြစ်ပါတယ်။ အဆင့်အားလုံးကို ၁၅ လအတွင်း သင်ယူပြီးရင်တော့ Cambridge Starters အဆင့်သို့ ချောမောစွာတက်ရောက်ကာ ဆက်လက်သင်ယူနိုင်မှာ ဖြစ်ပါတယ်။

🌟 သင်တန်း၏ ထူးခြားချက်များ
✅ Oxford Phonics World အဆင့် ၁ မှ ၅ အထိ
✅ တစ်ဆင့်လျှင် ၃ လ (စုစုပေါင်း ၁၅ လ)
✅ Cambridge Starters အဆင့်သို့ တိုက်ရိုက်ကူးပြောင်းနိုင်သော အခြေခံ

📚 Online Phonics သင်တန်းသစ် အချိန်ဇယား နှင့် သင်တန်းကြေး
🗓️ စတင်မည့်ရက်- ဩဂုတ်လ ၄ ရက်နေ့
📅 တနင်္လာမှ ကြာသပတေး (တစ်ပတ်လျှင် ၄ ရက်)
🕐 တစ်နေ့ ၁ နာရီ - တစ်ပတ်လျှင် ၄ နာရီ
📍 စုစုပေါင်း ကြာမြင့်ချိန်_
- အဆင့်တစ်ဆင့်စီအတွက် ၃ လ
- အဆင့်၅ ဆင့်အတွက် ၁၅ လ
- သင်တန်းကြေး တစ်လ- ၇၀၀၀၀ ကျပ်
🕘 အချိန်ညှိနှုင်းပေးပါသည်

👶 ဘယ်သူတွေအတွက်လဲ။
✅ Phonics အဆင့်အားလုံးကို စနစ်တကျတတ်မြောက်ပြီး Starters အဆင့်သို့ ဆက်လက်သင်ယူလိုတဲ့ ကလေးများအတွက်ပါ။

🎓 မိဘများ ဘာကြောင့်သဘောကျကြသလဲ။
💬"အဆင့်လိုက် ၃ လစီသင်တာဖြစ်တဲ့အတွက် ကလေးက ပိုပြီးလိုက်နိုင်ပြီး စိတ်ဝင်စားမှုရှိပါမယ်"

📲 လစ်လပ်နေရာအနည်းငယ်သာကျန်ပါတော့တယ်။
နောက်ထပ် ကလေး ၅ဦးသာ လက်ခံနိုင်ပါတော့မှာ ဖြစ်တဲ့အကြောင်းအသိပေးပါရစေ။
ဩဂုတ်လမှာစတင်မယ့် Online Phonics အတန်း၊ အချိန်ဇယားနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းဖို့ (သို့) ကျောင်းအပ်ဖို့အတွက် ကျောင်း ဖုန်းနံပါတ် - 09976057215, 09787718029နှင့် page messengero သို့ ဆက်သွယ်နိုင်ပါတယ်။

🌼 စနေနေ့အတွက် မှတ်စရာ စကားစု 🌼"မိဘတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံရတဲ့ကလေး‌တွေမှာ မိဘတွေကိုချစ်တဲ့အချစ်က ရပ်မသွားပါဘူး…...
19/07/2025

🌼 စနေနေ့အတွက် မှတ်စရာ စကားစု 🌼

"မိဘတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံရတဲ့ကလေး‌တွေမှာ မိဘတွေကိုချစ်တဲ့အချစ်က ရပ်မသွားပါဘူး… သူတို့ကိုယ်သူတို့ ချစ်တဲ့ အချစ်သာ ပျက်သွားတာပါ။"
— Shahida Arabi, *Becoming the Narcissist’s Nightmare*

ကလေးတွေဟာ သူတို့ကိုနာကျင်စေသူတွေကို မချစ်တော့တာမျိုး မဖြစ်ဘဲ ကိုယ့်ကိုကိုယ်သာ ချစ်လို့မရတော့တာ ယုံကြည်လို့မရ‌တော့တာ ဖြစ်ကြရှာပါတယ်။
ဒါကြောင့် ကလေးတွေအတွက် ဘေးကင်းပြီး ဂရုစိုက်မှုပြည့်ဝတဲ့ ပတ်ဝန်းကျင်တည်ဆောက်ပေးဖို့ အင်မတန်အရေးကြီးပါတယ်။
ကလေးတွေကို ကြင်နာမှု၊ သည်းခံမှုနဲ့ လေးစားမှုတို့နဲ့ ပြုစုပျိုးထောင်ကြပါစို့။
ဒါမှသာ မိမိရဲ့တန်ဖိုးကို အမှန်အတိုင်း သိရှိပြီး ကြီးပြင်းလာနိုင်မှာပါ။ 💛

🌼 Saturday Quote🌼

"A child who is abused by their parents doesn’t stop loving the parents… they stop loving themselves."
— Shahida Arabi, Becoming the Narcissist’s Nightmare

Children don’t stop loving those who hurt them—they stop believing they are worthy of love. This is why safe, caring environments are so important. Let’s nurture children with kindness, patience, and respect so they grow up knowing their true worth. 💛

\

📸 ကလေးတွေအတွက် ကစားခြင်းဟာ လူကြီးတွေထင်သလို ပေါ့ဆတဲ့ကိစ္စ အပန်းဖြေကိစ္စသက်သက်မဟုတ်ပါဘူး။ ကစားနေခြင်းဟာ ကလေးတွေအတွက် အလုပ...
18/07/2025

📸 ကလေးတွေအတွက် ကစားခြင်းဟာ လူကြီးတွေထင်သလို ပေါ့ဆတဲ့ကိစ္စ အပန်းဖြေကိစ္စသက်သက်မဟုတ်ပါဘူး။ ကစားနေခြင်းဟာ ကလေးတွေအတွက် အလုပ်လုပ်နေခြင်းပါပဲ။

Vox Academyမှာ ကလေးတွေဟာ ဖန်တီးနိုင်စွမ်းနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ပြုစုပျိုးထောင်ပေးတဲ့ သင်ယူမှုနေရာနဲ့ အလုပ်တွေအမျိုးမျိုးပြင်ဆင်ထားတာ တွေ့နိုင်ပါတယ်။ ဒီနေ့အစီအစဉ်ကတော့ မိမိကလေးရဲ့ အကြိုက်ဆုံးသင်ယူမှုနေရာနဲ့ အလုပ်ကို ရှာဖွေဖော်ထုတ်ဖို့ပဲ ဖြစ်ပါတယ်။ 💭

ဒါ့ကြောင့် မေမေ ဖေဖေတို့ဒီမေးခွန်းလေးကို ဖြေကြည့်ပေးပါနော်။

မေးခွန်းလေးကတော့

❔❓❔သားသားမီးမီးတို့ရဲ့ အကြိုက်ဆုံး သဘောအကျဆုံး အလုပ်က ဘာများလဲ။

A) 🎨 လက်မှုအနုပညာနေရာ — ရေဆေးပန်းချီခြယ်ခြင်း၊ ဆေးရောင်ခြယ်ခြင်းနဲ့ အခြားလက်မှုအနုပညာတွေနဲ့ မိမိရဲ့ခံစားချက်တွေကို ဖော်ပြနိုင်တဲ့နေရာ။
B) 📚 စာဖတ်တဲ့နေရာ စာအုပ်စင် — ပုံပြင်တွေဖတ်ဖို့ ဝေါဟာရကြွယ်ဝစေဖို့နဲ့ စာအုပ်စာပေကို ချစ်မြတ်နိုးစေတဲ့ နွေးထွေးတဲ့နေရာ။
C) 🌿 အပြင်ဘက်ကစားကွင်း — ကိုယ်ခန္ဓာကြံ့ခိုင်သန်မာစေပြီး လှုပ်ရှားမှုတွေကတစ်ဆင့် အဖွဲ့နဲ့ ကစားအလုပ်လုပ်နိုင်စွမ်းကို ဖွံ့ဖြိုးစေတဲ့နေရာ။
D) 🎶 လက်တွေ့လုပ်ဆောင်ရာနေရာ — (ဓာတ်ပုံမှာဖော်ပြထားပါတယ်) ပဟေဠိများ၊ အမျိုးအစားခွဲခြင်း၊ တွဲဖက်ခြင်းနဲ့ လက်ချောင်းသန်မာမှုကို တည်ဆောက်ပေးတဲ့ လက်တွေ့လုပ်ဆောင်ရာနေရာ။
🗳️ ဘယ်နေရာမှာ မိမိကလေးက အချိန်အများဆုံး အလုပ်လုပ်လေ့ရှိသလဲဆိုတာ ခန့်မှန်းပေးပါဦးနော်။
သင်ယူမှုဟာ နေရာတိုင်းအချိန်တိုင်းမှာ ဖြစ်ပေါ်နိုင်ပါတယ် — ကလေးတစ်ဦးချင်းစီရဲ့ စိတ်ဝင်စား လေ့လာစူးစမ်းမှုကို ပံ့ပိုးပေးကြရအောင်ပါ။

📸 ဒီနေ့မှာတော့ Vox Academy မှာ သင်ယူခဲ့တဲ့ ကျောင်းသားမိဘတစ်ဦးရဲ့ အသိအမှတ်ပြု ဂုဏ်ပြုအရေးအသားကို မျှဝေပါရစေ။📸 Parent Test...
13/07/2025

📸 ဒီနေ့မှာတော့ Vox Academy မှာ သင်ယူခဲ့တဲ့ ကျောင်းသားမိဘတစ်ဦးရဲ့ အသိအမှတ်ပြု ဂုဏ်ပြုအရေးအသားကို မျှဝေပါရစေ။

📸 Parent Testimonial
"Seeing my child thrive in such a nurturing place is the best feeling. Thank you." ❤️ – A Vox Academy parent
🗣 From Zayn's Mom – Full Testimonial

အခုချိန် ကျောင်းနဲ့ပတ်သတ်ပီး စိတ်ရှုပ်နေကြတဲ့
ရွေးချယ်ရခက်နေကြတဲ့ မိဘတွေထဲမှာ
preschool ကလေးတွေရှိတယ်ဆို သဇင်
fully recommend လုပ်ချင်တဲ့ ကျောင်းလေးရှိပါတယ်
ဒါလေးက Vox Academy Mini-Explorers' Club ပါ
Zayn ကို May 2023 မှာ free class စjoin ခဲ့တယ်
မူကြိုစထားခါစ ကလေးတွေက အရမ်းငိုကြတာ အားလုံးနီးပါးပါ
တကယ် Zayn လဲ free class တနာရီကတည်းက
အရမ်းငိုတာ အိမ်ပြန်ရလို့တဲ့ 😅
ကျောင်းပိတ်ရင်လဲငိုလို့ ဆရာမတွေကပိတ်တာကြိုပြောပြထားရတယ်
June 5, 2023 ကနေ January, 2025 ထိ ဒီကျောင်းမှာပဲထားခဲ့တာ ၂နှစ် နီးပါးပါ
Feb မှာ အိမ်အပြောင်းရယ် March ဥပုသ်လရယ်ကြောင့် ခဏနားခဲ့ရတယ်
အခုလိုနားလိုက်တဲ့အချိန်မှာ ကိုယ်သူ့ကိုစာသင်မှ
ကျောင်းကိုပိုကျေးဇူးတင်မိတယ်
သူစာတော်တော်လေးတတ်နေတာ ပိုသိရတယ်
သူ့ကိုက ဆာရာလို ငယ်ငယ်ကတည်းက စာမသင်ပေးဖြစ်ဘူး
ကိုယ့် personal အလုပ်ရှုပ်နေတာကြောင့်
သူအခုရနေတာတွေအကုန်လုံးက ကျောင်းကပဲရခဲ့တာပါ
ဆရာမလေးတွေကလဲ ကလေးရဲ့စိတ်နေစိတ်ထား အမူအကျင့်အဆုံး
အကုန်သိပီး လိုအပ်တာကို မိဘနဲ့ ဆွေးနွေးတိုင်ပင်ပေးကြတယ်
အစကတည်းက ကျောင်း founder တီချယ်ကိုယုံကြည်လို့
ပုံအပ်ထားခဲ့တာဖြစ်ပေမယ့်
တီချယ်က ကိုယ်တွေလို အလယ်အလတ်တန်း မိဘတွေတွက်
လိုအပ်တာထက် ပိုပေးခဲ့တဲ့ ကျောင်းလေးပါ 😍
အခြေအနေတွေတည်ငြိမ်သွားတာနဲ့
ကျောင်းနေရာသစ်မှာ Zayn က ပြန် join မှာပါ။
VOX Academy - ပညာရေး သင်တန်းကျောင်းမှာလဲ
ကလေးကြီးတွေတွက် class တွေရှိနေတာမို့
သိချင်တာတွေရှိရင် page တွေမှာ မေးကြည့်နော်

📍 Want to know more about Mini-Explorers' Club or other classes at Vox Academy?
👉 Message us anytime.

📍 Mini-Explorers' Club (သို့) Vox Academy ရဲ့ အခြားသင်တန်းများအကြောင်း ပိုမိုသိလိုပါသလား
👉 အချိန်မရွေး 09787718029၊ 0976057215 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🧠“ဘယ်အရာမှ မှော်ဆန်ဆန် သူ့အလိုလိုဖြစ်လာတာ မရှိဘူးဆိုတာ ကလေးတွေသိပါစေ။အရုပ်တွေက သူ့ဘာသာ စင်တွေပေါ်ပြန်မရောက်သွားဘူး။decor...
12/07/2025

🧠
“ဘယ်အရာမှ မှော်ဆန်ဆန် သူ့အလိုလိုဖြစ်လာတာ မရှိဘူးဆိုတာ ကလေးတွေသိပါစေ။
အရုပ်တွေက သူ့ဘာသာ စင်တွေပေါ်ပြန်မရောက်သွားဘူး။
decorationတွေက နံရံပေါ် အလိုလိုရောက်မလာဘူး။”


ကလေးတွေဟာ သူတို့ဝန်းကျင်မှာ ဖြစ်ပျက်တဲ့အရာတွေရဲ့ နောက်ကွယ်က အားထုတ်မှုကို မြင်ပြီး သူတို့ကိုယ်တိုင် ပါဝင်ခွင့်ရတဲ့အခါမှသာ
တာဝန်ယူမှု၊ ကျေးဇူးတရားနဲ့ ပါဝင်ဆောင်ရွက်ခြင်းရဲ့တန်ဖိုးကို သူတို့ သင်ယူလာကြမှာဖြစ်ပါတယ်။

– ကြည်နှင်းခိုင်
Founder and Educational Consultant

💬
“Let children know: nothing comes out of a magic box.
Toys don’t return to their shelves by themselves.
Decorations don’t just appear on the walls.
When children witness the effort behind the scenes — and are invited to take part — they learn responsibility, gratitude, and the value of contribution.”

– Kyi Hnin Khaing
Founder and Educational Consultant
Vox Academy

🧠 Montessori + Neuroscience = Powerful Learningကလေးတွေကို ရွေးချယ်ခွင့်ပေးရတဲ့ အကြောင်းရင်းVox Academy မှာ ထည့်သွင်းအသုံ...
12/07/2025

🧠 Montessori + Neuroscience = Powerful Learning
ကလေးတွေကို ရွေးချယ်ခွင့်ပေးရတဲ့ အကြောင်းရင်း
Vox Academy မှာ ထည့်သွင်းအသုံးပြုတဲ့ Montessori နည်းလမ်းဆိုတာ သင်ယူရေးသင်ကြားရေးနည်လမ်းတစ်ခုထက် ပိုပါတယ်။

မွန်တက်ဆိုရီဟာ သိပ္ပံနည်းကျ အတွေးအခေါ်တစ်ရပ်ပါ။ ဒီအတွေးအခေါ်ကို ဦးနှောက်သိပ္ပံနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ရလဒ်က အံ့မခန်းဖြစ်လာပါတယ်။

✨ ကလေးတွေကို ရွေးချယ်ခွင့်ပေးတာဟာ လူကြီးတွေရဲ့ ထိန်းချုပ်မှုကိုလျှော့ချရုံသက်သက် မဟုတ်ပါ — သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းကို အားပေးတာဖြစ်ပါတယ်။ ✨

Montessori ပတ်ဝန်းကျင်မှာ ဆရာတွေက ရွေးချယ်စရာအလုပ်လေးတွေကို ကလေးတွေအတွက် ဂရုတစိုက်ပြင်ဆင်ပေးထားပါတယ်။ ကလေးတွေက မိမိလုပ်ချင်တဲ့အလုပ်ကို ပြီးစီးသည်အထိ ရွေးချယ်ပြုလုပ်ကြရပါတယ်။ ဒီလို စည်းကမ်းတကျလွတ်လပ်ခွင့်ပေးခြင်းက ကလေးတွေရဲ့ ဆုံးဖြတ်ချက်ချခြင်း၊ ကိုယ်ပိုင်ထိန်းချုပ်မှုပြုနိုင်ခြင်းနဲ့ အတွင်းစိတ်မှ လှုံ့ဆော်တဲ့ အလုပ်လုပ်ချင်စိတ်အစရှိတဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို အလုပ်လုပ်စေပါတယ်။

🔬 ဦးနှောက်သိပ္ပံက အတည်ပြုထားတဲ့အချက်တွေကတော့ အောက်ပါအတိုင်းပါပဲ။
ကလေးတွေကို ဘေးကင်းပြီး စနစ်တကျဖွဲ့စည်းထားတဲ့ ပတ်ဝန်းကျင်မှာ အဓိပ္ပါယ်ရှိရှိ ရွေးချယ်ခွင့်ပေးတဲ့အခါ —

တက်ကြွစွာ ပါဝင်မှုပြုရင်း ဦးနှောက်အတွင်းက 🎇အာရုံကြောလမ်းကြောင်းတွေ ပိုအားကောင်းလာခြင်း
🎇အာရုံစိုက်နိုင်စွမ်းကောင်းလာကာ စိတ်လိုက်မာန်ပါလုပ်တတ်ခြင်းကို ထိန်းချုပ်နိုင်တဲ့ အရည်အချင်းတွေ ဖွံ့ဖြိုးလာခြင်း
🎇သင်ယူနေတဲ့အကြောင်းအရာနဲ့ မိမိရဲ့စိတ်ခံစားမှု ချိတ်ဆက်မိတာကြောင့် အချက်အလက်တွေကို ပိုမှတ်မိလာခြင်း

🎯 နှစ်ခုပေါင်းစပ်ဖွဲ့စည်းခြင်းရဲ့ စွမ်းအား
Montessori နည်းလမ်းနဲ့ ဦးနှောက်သိပ္ပံဟာ ကလေးတွေကို အချက်အလက်တွေ အလွတ်ကျက်တဲ့အဆင့်မဟုတ်ဘဲ တစ်သက်တာ လေ့လာသင်ယူနိုင်တဲ့အဆင့်ဖြစ်လာစေပြီး ကိုယ်ပိုင်အတွေးအခေါ်ရှိသူတွေအဖြစ် ကြီးပြင်းလာစေပါတယ်။

🧩 ပစ္စည်းတစ်ခုရွေးတာ၊ ပဟေဠိတစ်ခု ဖြေတာ၊ အလုပ်တစ်ခုကို ဘယ်လိုလုပ်မယ်ဆိုတာ ဆုံးဖြတ်တာဖြစ်ဖြစ်… ရွေးချယ်မှုတိုင်းဟာ ကလေးတို့အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အရေးတစ်ခုပါပဲ။

💬 သင့်ကလေးငယ်ကို ရှင်သန်ရုံသက်သက်ထက် ဖွံ့ဖြိုးတိုးတက်ဖို့ ပိုလိုချင်ပါသလား။
သူတို့ကို ရွေးချယ်ခွင့်ပေးပါ။ ဦးဆောင်ခွင့်ပေးပါ။ Voxက ဂရုတစိုက်နဲ့ လမ်းညွှန်ပညာပေးပေးပါမယ်။

📍Vox Academy မှာ Montessori နည်းလမ်းနဲ့ သင်ယူမှုတွေ အရှိန်အဟုန်အပြည့် တိုးတက်ဖြစ်နေပေါ်နေပုံကို လာရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

Vox Academy
Contact - 09797718029, 09976057215



📚 Research shows that when children are given meaningful choices, they develop stronger neural connections, improve executive functions, and retain information better. (Deci & Ryan, 2000; Diamond, 2013; Immordino-Yang & Damasio, 2007)

02/07/2025

Vox Academyရဲ့ ယုံကြည်ချက်က မူကြိုဟာ သင်ကြားရေးထက် ပိုပါတယ်။

ကလေးတိုင်းရဲ့ စိတ်နှလုံးကို ကျန်းမာဖွံ့ဖြိုးစေဖို့ ပြုစုပျိုးထောင်ပေးဖို့၊ သူတို့ရဲ့ စွမ်းရည်နဲ့ စိတ်အားထက်သန်မှုကို အရင်းခံပြီး ကြိုးစားလုပ်ဆောင်မှု အလေ့အကျင့်ကောင်းတွေရစေဖို့ Montessori စနစ်အပါအဝင် ကလေးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ရရှိစေတဲ့ ချဉ်းကပ်နည်းများမှတဆင့် ပျော်ရွှင်စရာ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့ ကျွန်မတို့အဖွဲ့က ယခင်ထက်ပိုပြီး စိတ်အားထက်သန်စွာ လုပ်ဆောင်နေပါတယ်။

ကျွန်မတို့ကို အားပေးယုံကြည်ခဲ့တဲ့ မိဘအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဒီအားပေးထောက်ပံ့မှုတွေက ကျွန်မတို့အတွက် အားအင်ဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်ုပ်တို့ အတူတူ ပြန်လည်သင်ယူဖွံ့ဖြိုးကြဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကလေးတို့ကို ကြိုဆိုနေပါတယ်။ 💛

Vox Academy
သင်ကြားရေးအဖွဲ့

Eid Mubarak from Vox Academy!Wishing all our Muslim parents and families a blessed Eid. May this special day bring happi...
07/06/2025

Eid Mubarak from Vox Academy!

Wishing all our Muslim parents and families a blessed Eid. May this special day bring happiness and prosperity to your homes.

Eid Mubarak! 🌙✨

Vox Academy မှ မွတ်စ်လင်မ်မိဘများနှင့် မိသားစုဝင်များအားလုံးကို ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ Eid Mubarak ဖြစ်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

— The Vox Academy Team

Address

No. Da Dway/1 (117), 37A Street, Between 66th And 67th Road, Mahar Aung Myay Tsp.
Mandalay

Website

Alerts

Be the first to know and let us send you an email when Vox Academy Mini-Explorers' Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram