Cosmic Readings by Kyawt

Cosmic Readings by Kyawt Telegram -

10.12.2025🍀ဒီနေ့လေးမှာတော့ ငွေကြေးကံလေး သင့်တင့်ကောင်းမွန်ပါတယ်ဘေးပတ်ဝန်းကျင်အကူအညီကြောင့် ငွေဝင်ကောင်းမယ့်ကာလမျိုးပါအချ...
10/12/2025

10.12.2025🍀

ဒီနေ့လေးမှာတော့ ငွေကြေးကံလေး သင့်တင့်ကောင်းမွန်ပါတယ်
ဘေးပတ်ဝန်းကျင်အကူအညီကြောင့် ငွေဝင်ကောင်းမယ့်ကာလမျိုးပါ
အချစ်ရေးမှာတော့ စိတ်ညစ်ရတတ်ပါတယ်
ကြားလူကြောင့် အဖျက်များနေတတ်ပါတယ်
ပညာရေးကံကောင်းပါတယ်နော်
အရင့်အရင်က လေ့လာခဲ့တာတွေကိုပြန်စိတ်ဝင်စားနေပါမယ်
ဆရာကောင်းသမားကောင်းကြောင့် ပညာရေးတိုးတက်ပါလိမ့်မယ်
ကျန်းမာရေး ကောင်းမွန်သောပါပဲ
အဆင်မပြေတာရှိရင်တောင် ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်နော်
လူမှုရေးမှာ boundary ထားပြီး လေးလေးနက်နက်ပြောဆိုဆက်ဆံပါ
စည်းရှိနေ‌သရွေ့ အဆင်ပြေပါလိမ့်မယ်

နေကောင်းကျန်းမာကြပါစေ💜



9.12.2025🍀ဒီနေ့မှာတော့ အချစ်ရေးကံကောင်းပါတယ်စိတ်ချမ်းသာ ပျော်ရွှင်ရမယ်ဆက်ဆံရေးမှာကိုယ်ကဦးဆောင်နေရပါမယ်ငွေကြေးကံကတော့ ခပ်...
09/12/2025

9.12.2025🍀

ဒီနေ့မှာတော့ အချစ်ရေးကံကောင်းပါတယ်
စိတ်ချမ်းသာ ပျော်ရွှင်ရမယ်
ဆက်ဆံရေးမှာကိုယ်ကဦးဆောင်နေရပါမယ်
ငွေကြေးကံကတော့ ခပ်သင့်သင့်ပါပဲ
ငွေဝင်မယ် သုံးဖြစ်မယ်
ပြည့်စုံနေပါလိမ့်မယ်
ပညာရေး ကောင်းမွန်သောပါ
အရာအားလုံး နားလည်ပိုင်နိုင်ပြီး အောင်မြင်ပါမယ်
လူမှုရေးမှာတော့ isolated ဖြစ်နေနိုင်ပါတယ်
မပွင့်လင်းမှုကြောင့် အဖုထစ်တွေဖြစ်တတ်ပါတယ်
ကျန်းမာရေး ဒေါင်ဒေါင်မြည်ပါပဲ

အစစအရာရာ အဆင်ပြေပါစေရှင်💜



8.12.2025🍀ဒီနေ့လေးမှာတော့အချစ်ရေးနဲ့ပတ်သက်လို့ စိတ်အားငယ်ရတတ်ပါတယ်Overthink မဖြစ်ဖို့ ဂရုစိုက်ပါဆက်ဆံရေးတွေ ရုတ်တရက်ပြတ်...
08/12/2025

8.12.2025🍀

ဒီနေ့လေးမှာတော့အချစ်ရေးနဲ့ပတ်သက်လို့ စိတ်အားငယ်ရတတ်ပါတယ်
Overthink မဖြစ်ဖို့ ဂရုစိုက်ပါ
ဆက်ဆံရေးတွေ ရုတ်တရက်ပြတ်တောက်နိုင်ပါတယ်
ငွေကြေးကံသင့်ပါတယ်နော်
ခပ်မှန်မှန်လေး ငွေဝင်နေပါမယ်
ပညာရေးကံအရမ်းကောင်းသောပါ
လုပ်သမျှ အောင်မြင် လည်ပတ်ပါမယ်
လူမှုရေးမှာ ပြဿနာမဖြစ်ဖို့သတိထားပါ
ဆရာလုပ်ခံရ လွှမ်းမိုးခံရတတ်ပါတယ်
ကျန်းမာရေး ကောင်းပါတယ်နော်
ကိုယ်လက်လှုပ်ရှားပေးပါ

အစစအရာရာ အဆင်ပြေပါစေရှင်💜



December လ ဒုတိယပတ်အတွက် ဒီ message မြင်သူတွေလက်ခံရယူရမယ့် collective reading🍀ဒီရက်သတ္တပတ်မှာတော့ ပညာရေးနဲ့ပတ်သက်ပြီး ထူ...
07/12/2025

December လ ဒုတိယပတ်အတွက် ဒီ message မြင်သူတွေလက်ခံရယူရမယ့် collective reading🍀

ဒီရက်သတ္တပတ်မှာတော့ ပညာရေးနဲ့ပတ်သက်ပြီး ထူးထူးခြားခြား အောင်မြင်မှုရပါမယ်
လုပ်ငန်းခွင်မှာလည်း လိုတာထက်ပိုတဲ့လေးစားမှုရပြီး ‌ကျေနပ်ရပါမယ်
ငွေများများဝင်မယ့် နေ့ရက်တွေဖြစ်ပါလိမ့်မယ်
ကြိုးစားမှုဆိုတာထက် ကံကပေးမယ့် blessing မျိုးပါ
ဒီကာလမှာ manifestation တွေ ဆက်တိုက်လုပ်ကြည့်ပါ
လိုချင်တာတွေမှန်သမျှ ရလာပါမယ်နော်
ခက်ခဲတဲ့ဘဝအပိုင်းတွေကို ကျော်ဖြတ်လာနိုင်ပါမယ်
ပင်ပန်းခဲ့ရတဲ့နေ့တွေအတွက် ဒီအပတ်မှာ စိတ်ချမ်းသာမှုအစားထိုးပြန်‌ရလာပါမယ်

လက်ခံရရှိကြပါစေ💜



7.12.2025🍀ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ သင့်တင့်မျှတပါမယ်Prince/princess treatment ရပါမယ်နော်ငွေကြေးကံကောင်းပါတယ...
07/12/2025

7.12.2025🍀

ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ သင့်တင့်မျှတပါမယ်
Prince/princess treatment ရပါမယ်နော်
ငွေကြေးကံကောင်းပါတယ်
ကြိုးစားသလောက် ငွေဝင်မယ့်နေ့ပါ
ပညာရေးမှာတော့ စိတ်ဖိစီးရနိုင်ပါတယ်နော်
ဆရာသမား ဖိအား အကြပ်အတည်းဂရုစိုက်ပါ
ကျန်းမာရေးသင့်ပါတယ်
ခေါင်းကိုက်တာ သွေးတိုးတာဂရုစိုက်နော်
လူမှုရေးတော့ညံ့နေပါတယ်
ပြဿနာ စကားအရှုပ်အရှင်း မလောင်ရအောင်သတိထားပါ

အစစအရာရာအဆင်ပြေကြပါစေရှင်💜



6.12.2025🍀ဒီနေ့လေးမှာတော့အချစ်ရေးနဲ့ပတ်သက်လို့ အလိုက်သင့်ပဲသွားနေပါမယ်ကိုယ့်ဖက်က အရမ်း effort မထုတ်ပါနဲ့ ပင်ပန်းတတ်ပါတယ်...
06/12/2025

6.12.2025🍀

ဒီနေ့လေးမှာတော့အချစ်ရေးနဲ့ပတ်သက်လို့ အလိုက်သင့်ပဲသွားနေပါမယ်
ကိုယ့်ဖက်က အရမ်း effort မထုတ်ပါနဲ့ ပင်ပန်းတတ်ပါတယ်
ငွေကြေးကံသင့်ပါတယ်နော်
အဝတ်အစားဝယ်လို့ ငွေကုန်တာ၊ချစ်သူအတွက်ငွေကုန်ရတာမျိုး ဖြစ်တတ်ပါတယ်
ကြပ်တည်းမှုမရှိ ချောင်လည်အဆင်ပြေပါမယ်
ပညာရေးမှာ အသစ်အသစ်တွေ သင်ယူရတတ်ပါတယ်
ပင်ပန်းရပြီးမှ အောင်မြင်ရတတ်ပါတယ်
လူမှုရေးမှာ စိတ်ပင်ပန်းရတတ်ပါတယ်နော်
စကားတွေကြောင့် စိတ်ရှုပ်ရတတ်လို့ဂရုစိုက်ပါ
ကျန်းမာရေးကောင်းပါတယ်
လန်းဆန်းတက်ကြွနေပါလိမ့်မယ်

အစစအရာရာ အဆင်ပြေပါစေ💜



5.12.2025🍀ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်ပြီး သဝန်တိုခံရ၊ချုပ်ချယ်ခံရနိုင်ပါတယ်နားလည်မှုနဲ့ ညှိနှိုင်းမှုမရှိရင် စိတ်ည...
05/12/2025

5.12.2025🍀

ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်ပြီး သဝန်တိုခံရ၊ချုပ်ချယ်ခံရနိုင်ပါတယ်
နားလည်မှုနဲ့ ညှိနှိုင်းမှုမရှိရင် စိတ်ညစ်ရတတ်ပါတယ်
ငွေကြေးကံ ကောင်းသောပါ
ငွေဝင်လမ်းမှာ အနှောင့်ယှက်ဝင်နိုင်လို့ သတိထားပြီးလုပ်ဆောင်ပါ
ငွေကတော့ဝင်ပါလိမ့်မယ်
ပညာရေးကံကောင်းပါတယ်
သင်ယူတတ်မြောက် အောင်မြင်ပါလိမ့်မယ်
လူမှုရေးမှာ အထက်စီးကနေရာရပါမယ်
အဆင်ပြေပြေပေါင်းသင်းနိုင်ပါမယ်
ကျန်းမာရေး ဝမ်း‌ဗိုက်ပိုင်း ဂရုစိုက်ပါနော်

ပျော်ရွှင်ကျန်းမာကြပါစေ💜



"One Year Guidance Spread"2025 မကုန်ခင်တည်းက ပြောပြပေးချင်လွန်းတဲ့ readingပါတစ်နှစ်တာအတွက် ဆောင်ရန်ရှောင်ရန် အားလုံးအပြင...
04/12/2025

"One Year Guidance Spread"

2025 မကုန်ခင်တည်းက ပြောပြပေးချင်လွန်းတဲ့ readingပါ
တစ်နှစ်တာအတွက် ဆောင်ရန်ရှောင်ရန် အားလုံးအပြင် သိဖို့လိုအပ်တာတွေကို လေးလေးနက်နက်ပြောပြပေးမှာမို့ လုပ်ပေးသမျှထဲ အားအထည့်ရဆုံး Spread ဖြစ်ပါလိမ့်မယ်
2024 တုန်းကလည်း One Year Guidance Spread လေးလုပ်ပေးခဲ့ဖူးပါတယ်
အရဂ်ကထက် မေးခွန်းတွေလည်း ပိုထည့်‌ထားပြီး တစ်ခုဆိုတစ်ခု များများစားစား ကြည့်ပေးမှာမို့ reading လုပ်ချိန်လည်းကြာပါလိမ့်မယ် (အများကြီးနားထောင်ချင်တာ ကျော့ရေဆိုသူများအတွက် ဒါလေး recommend ပါ)
လမ်းညွှန်မှု‌တွေကိုအသားပေး ဖတ်ကြားပေးမှာဖြစ်လို့ ကျော့အနေနဲ့ 2026 ကို ကိုယ့်လက်နဲ့ကိုယ် ပုံဖော်ထုဆစ်တဲ့နေရာမှာ အကူအညီတစ်ရပ်ဖြစ်ပါရစေ စိတ်ခွန်အားတစ်ရပ် ဖြစ်ပါရစေ

ဒီ package အတွက် fee လေးကတော့ -22000 mmk ပါ

ကိုယ့်ရဲ့ နာမည် နေ့နာမ် ဓာတ်ပုံ ပို့ပြီး booking ယူနိုင်ပါတယ်ရှင်

သာယာသောနေ့လေးဖြစ်ပါစေ❤️




#တစ်နှစ်စာ

4.12.2025🍀ဒီနေ့မှာတော့ အချစ်ရေးနဲ့ပတ်သက်ပြီး စိတ်ညစ်ရတာတွေပြီးဆုံး ပျော်ရွှင်ရပါမယ်ဂရုစိုက်ခံရတာ ဦးစားပေးခံရတာလေးတွေကြော...
04/12/2025

4.12.2025🍀

ဒီနေ့မှာတော့ အချစ်ရေးနဲ့ပတ်သက်ပြီး စိတ်ညစ်ရတာတွေပြီးဆုံး ပျော်ရွှင်ရပါမယ်
ဂရုစိုက်ခံရတာ ဦးစားပေးခံရတာလေးတွေကြောင့် ကျေနပ်ရပါလိမ့်မယ်
ငွေကြေးကံကောင်းနေပါတယ်
လုပ်ထားပြီးသား ငွေဝင်လမ်းကြောင်းတွေကနေ ငွေတွေဝင်လာပါမယ်
ဉာဏ်သုံးလေ ငွေရွှင်လေ ဖြစ်ပါမယ်နော်
ပညာရေးကံကောင်းနေပါတယ်
စိတ်ညစ်စရာလေးတွေပေါ်လာပြီး ပညာရေးကိုလာနှောက်ယှက်တတ်လို့ အကန့်ခွဲထားပါ
လူမှုရေးမှာ စိတ်မာဖို့နဲ့ တည်တံ့ဖို့လိုနေပါမယ်
Balance ဖြစ်အောင်နေထိုင်သင့်တဲ့ ကာလပါနော်
ကျန်းမာရေး သင့်ပါတယ်

အစစအရာရာ အဆင်ပြေကြပါစေရှင်💜



3.12.2025🍀ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ကိုယ့်ဖက်ကလိုချင်တောင့်တမိတာလေးတွေရှိနေပါမယ်တစ်ဖက်မှာလည်း ချစ်သူဆီက trea...
03/12/2025

3.12.2025🍀

ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ကိုယ့်ဖက်ကလိုချင်တောင့်တမိတာလေးတွေရှိနေပါမယ်
တစ်ဖက်မှာလည်း ချစ်သူဆီက treatment ကောင်းကောင်းလေးတွေ ရပါမယ်
ညှိနှိုင်းစရာလေးတွေ အဆင်ပြေပြေညှိနိုင်ပါလိမ့်မယ်
ငွေကြေးကံမှာ မျှော်မှန်းထားတဲ့ငွေပမာဏ ဝင်ပါလိမ့်မယ်နော်
ပညာရေးမှာတော့ အာရုံမရဘဲစိတ်လွင့်ပါးနေတတ်လို့ ဂရုစိုက်ပါ
အချစ်ရေး လူမှုရေးကိုပဲ စိတ်ယိုင်နေတတ်ပါတယ်
လူမှုရေးကံကောင်းပါတယ်
ကိုယ့်ကိုလွှမ်းမိုးချင်သူ ရှိနေလင့်ကစား ပေါ့ပါးရပါလိမ့်မယ်
ကျန်းမာရေးတော့ဂရုစိုက်ပါရှင်
ရုတ်တရက်နာမကျန်းဖြစ်လာတတ်ပါတယ်

ပျော်ရွှင်ကျန်းမာကြပါစေ💜



2.12.2025🍀ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ စိတ်အလိုမကျဖြစ်နေတတ်ပါတယ်စိတ်မြန်လက်မြန် ဆန္ဒတွေစောပြီး စိတ်မောရတတ်လို့ ...
02/12/2025

2.12.2025🍀

ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ စိတ်အလိုမကျဖြစ်နေတတ်ပါတယ်
စိတ်မြန်လက်မြန် ဆန္ဒတွေစောပြီး စိတ်မောရတတ်လို့ ဂရုစိုက်ပါ
ငွေကြေးမှာ ဉာဏ်ကောင်းရင်ကောင်းသလောက် ငွေဝင်ပါမယ်
တစ်ဖက်မှာလည်း ငွေ‌ကုန်ကြေးကျများတတ်လို့ လက်မဖွာဖို့သတိထားပါနော်
ပညာရေးကံကောင်းပါတယ်
လည်လည်ဝယ်ဝယ် လေ့လာဆည်းပူးနိုင်ပါမယ်
ကိုယ့်အတွက်အကျိုးဖြစ်ထွန်းမယ့်နေ့မျိုးပါပဲ
လူမှုရေးမှာ သမာသမတ်ကျကျနေပါ
တည်ငြိမ်လေ aura တောက်ပလေဖြစ်ပါမယ်
ကျန်းမာရေးတော့ ပင်ပန်းနွမ်းနယ်လို့ ဆေးသောက်ရတာမျိုးရှိလာတတ်ပါတယ်
ဂရုစိုက်ပါနော်

အစစအရာရာ အဆင်ပြေကြပါစေရှင်💜



1.12.2025🍀ဒီနေ့မှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ အဆင်ပြေပြေရှိပါမယ်အဆက်သွယ်ပြတ်နေတဲ့သူတွေဆို အဆက်သွယ်ပြန်ရပါမယ်နှစ်ယောက်ကြား...
01/12/2025

1.12.2025🍀

ဒီနေ့မှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ အဆင်ပြေပြေရှိပါမယ်
အဆက်သွယ်ပြတ်နေတဲ့သူတွေဆို အဆက်သွယ်ပြန်ရပါမယ်
နှစ်ယောက်ကြားမှာ သဝန်တိုစရာလေးတွေပေါ်လာတတ်လို့ ဂရုစိုက်ပါ
ငွေကြေးကံ တကယ်ကောင်းသောပါ
စေ့စေ့စပ်စပ်သုံးစွဲသင့်ပါတယ်
ပညာရေးမှာတော့ မွန်းကြပ်ရတာ ပင်ပန်းရတာ ရှိနိုင်ပါတယ်
အားနဲ့အင်နဲ့ကြိုးစားပါ
လူမှုရေးကံကောင်းပါတယ်
မိတ်ဆွေကောင်းရမယ်
နေရာလည်း ရပါမယ်
ကျန်းမာရေးသင့်ပါတယ်
ပုံမှန်ဂရုစိုက်မှုလေးတွေလုပ်ပါ

အစစအရာရာအဆင်ပြေပါစေရှင်💜



Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Cosmic Readings by Kyawt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram