Cosmic Readings by Kyawt

Cosmic Readings by Kyawt Telegram -

April လအတွက် collective message 🌸2026,4 လပိုင်းအတွက် ဒီ message ကို လက်ခံရရှိသူအားလုံးဟာ(1)လမ်းပျောက်နေတဲ့ခံစားချက်တွေအစ...
01/04/2026

April လအတွက် collective message 🌸

2026,4 လပိုင်းအတွက် ဒီ message ကို လက်ခံရရှိသူအားလုံးဟာ
(1)လမ်းပျောက်နေတဲ့ခံစားချက်တွေအစား လမ်းစတစ်ခုမြင်လာရပါမယ်
ရှေ့ဆက်မယ့်ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့အရာနှစ်ခု ဘဝထဲရောက်လာပါမယ်
ကိုယ်လိုချင်တဲ့အရာနှစ်ခုကိုတွေးပြီး manifest လုပ်ပါ
(2)ငွေကြေးနဲ့ပတ်သက်ပြီး မျှော်လင့်ထားတဲ့ပမာဏတစ်ခု ပိုင်ဆိုင်လာရပါမယ်
ရလေလိုလေ လောဘကြောင့် မောတတ်တာဖြစ်လို့ သတိနဲ့ရှာဖွေရပါမယ်
(3)ပညာရေးမှာ ရာနှုန်းပြည့် အောင်မြင်ပါမယ်
ကိုယ်ကြိုးစားထားသမျှဟာ နှမ်းတစ်စေ့လောက်တောင် အယိုအယွင်းမရှိ အရာထင်ပါမယ်
ဘာကိုပဲ လေ့လာသင်ယူသည်ဖြစ်စေ အောင်မြင်မယ့်နိမိတ်ပါ
(4)လွန်ခဲ့တဲ့တစ်လလောက်က အသည်းအသန်လိုချင်ခဲ့တဲ့ ဆန္ဒတစ်ခု အလျှံအပါယ်ပြည့်ဝလာဖို့ရှိနေပါတယ်

ပျော်ရွှင်စွာ လက်ခံရယူနိုင်ပါစေ



29.3.2026🍀ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်ပြီး အထီးကျန်ရတတ်ပါတယ်ဝမ်းနည်းစရာလေးတွေပေါ်လာတတ်လို့ ဂရုစိုက်ပါငွေကြေးမှာတော့...
29/03/2026

29.3.2026🍀

ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်ပြီး အထီးကျန်ရတတ်ပါတယ်
ဝမ်းနည်းစရာလေးတွေပေါ်လာတတ်လို့ ဂရုစိုက်ပါ
ငွေကြေးမှာတော့ စည်းမရှိရင် ငွေကုန်များတတ်ပါတယ်နော်
ပညာရေးကံ အင်မတန်ကောင်းသောပါ
လုပ်သမျှ အောင်မြင်မယ့်နိမိတ်ပါ
လူမှုရေးမှာလည်း ဆက်ဆံရေးတွေ ပနံသင့်မယ်
ထင်ပေါ်‌ကျော်ကြားပါနယ်
ကျန်းမာရေး သင့်ပါတယ်နော်

အဆင်ပြေပျော်ရွှင်ကြပါစေ💜



25.3.2026🍀ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်ပြီး အထိအရှများတတ်ပါတယ်စိတ်မညစ်ရအောင်ဂရုစိုက်ပါကြားလူမဝင်ပါစေနဲ့ငွေကြေးမှာ တစ...
25/03/2026

25.3.2026🍀

ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်ပြီး အထိအရှများတတ်ပါတယ်
စိတ်မညစ်ရအောင်ဂရုစိုက်ပါ
ကြားလူမဝင်ပါစေနဲ့
ငွေကြေးမှာ တစ်စတစ်စ အဆင်ပြေတိုးတက်လာပါလိမ့်မယ်
ပညာရေးမှာတော့ ရပ်တန့်ထားတဲ့ အတိတ်ကပညာရပ်တွေ လေ့လာဖြစ်ပါမယ်
ကြန့်ကြာနေတာတွေ အဆင်ပြေပြေပြီးမြောက်ပါလိမ့်မယ်
လူမှုရေးကံ အင်မတန်ကောင်းသောပါ
ထင်ပေါ်မယ် ကျော်ကြားပါမယ်
ကျန်းမာရေး ဗိုက်အောင့်တတ်လို့ဂရုစိုက်ပါနော်

အဆင်ပြေပျော်ရွှင်ကြပါစေ💜



24.3.2026🍀ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ အမျိုးသမီးဖက်က အသာစီးရနေပါမယ်Self love များနေမယ့်နေ့မျိုးပါပဲငွေကြေးကံကေ...
24/03/2026

24.3.2026🍀

ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ အမျိုးသမီးဖက်က အသာစီးရနေပါမယ်
Self love များနေမယ့်နေ့မျိုးပါပဲ
ငွေကြေးကံကောင်းပါတယ်
ဝင်လာပြီးသားငွေကြေးဟာလည်း တည်မြဲပါမယ်
ပညာရေးမှာတော့ အညံ့လေးတွေဝင်နေပါတယ်နော်
ပညာရေးမဟုတ်တဲ့ တခြားအရာအပေါ်အာရုံရောက်နေတတ်လို့ ဂရုစိုက်ပါ
လူမှုရေးမှာ မာနတွေထားရင် ပြဿနာဖြစ်ရတတ်ပါတယ်
ကျန်းမာရေးကတော့ ကောင်းပါတယ်နော်

အဆင်ပြေပျော်ရွှင်ကြပါစေ💜


23.3.2026🍀ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ စိတ်ညစ်စရာလေးတွေ ကြုံရတတ်ပါတယ်အထီးကျန်ရတတ်လို့ သတိထားပါငွေကြေးကံ အင်မတန်...
23/03/2026

23.3.2026🍀

ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ စိတ်ညစ်စရာလေးတွေ ကြုံရတတ်ပါတယ်
အထီးကျန်ရတတ်လို့ သတိထားပါ
ငွေကြေးကံ အင်မတန်ကိုမှကောင်းသောပါ
ငွေတွေဒလဟော ဝင်ပါမယ်
ပညာရေးမှာတော့ ရှေ့တိုးမရနောက်ဆုတ်မရဖြစ်တတ်တယ်
ကြိုးစားထားသလောက်ဖြစ်ထွန်းပါမယ်
လူမှုရေးကံကောင်းပါတယ်နော်
နေရာပေးခံရပါလိမ့်မယ်
ကျန်းမာရေး အညံ့လေးရှိလို့ဂရုစိုက်ပါ

အစစအရာရာအဆင်ပြေပါစေရှင်💜



22.3.2026🍀ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ အလျှော့ပေးခံရပါမယ်ကိုယ်လိုသလို ရလာမယ့်နေ့မျိုးပါညှိနှိုင်းရင်းနဲ့ ရှေ့ဆက...
22/03/2026

22.3.2026🍀

ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ အလျှော့ပေးခံရပါမယ်
ကိုယ်လိုသလို ရလာမယ့်နေ့မျိုးပါ
ညှိနှိုင်းရင်းနဲ့ ရှေ့ဆက်ဖြစ်ပါမယ်
ငွေကြေးမှာ ကြန့်ကြာနေတဲ့အရာတွေအတွက် ပျော်စရာအခြေနေပြန်ရပါမယ်
ငွေ‌ဝင်လို့ ပျော်ရွှင်ရပါမယ်
ပညာရေးမှာတော့ စိတ်ပင်ပန်းစရာလေးတွေ ကြုံရနိုင်ပါတယ်နော်
အဖျက်ဝင်တတ်ပါတယ်
လူမှုရေးမှာ အစစအရာရာ သတိထားပါ
လောင်ရတတ်ပါတယ်
အတတ်နိုင်ဆုံး အေးချမ်းရဖို့ဦးတည်ပါ
ကျန်းမာရေးကောင်းပါတယ်နော်

အဆင်ပြေပျော်ရွှင်ကြပါစေ💜



21.3.2026🍀ဒီနေ့မှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ တည်ငြိမ်ပျော်ရွှင်ရပါမယ်ခံစားချက်တွေ ပိုမိတဲ့ဖက်က ရင်မောရပါလိမ့်မယ် သတိထားပ...
21/03/2026

21.3.2026🍀

ဒီနေ့မှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ တည်ငြိမ်ပျော်ရွှင်ရပါမယ်
ခံစားချက်တွေ ပိုမိတဲ့ဖက်က ရင်မောရပါလိမ့်မယ် သတိထားပါနော်
ငွေကြေးမှာ ရှိနေတဲ့အနှောင့်အယှက်အကုန် ထွက်သွားပါလိမ့်မယ်
ငွေဝင်လမ်း ပွင့်ပါပြီ
ပညာရေးမှာ လမ်းလွဲနေတာတွေတည့်မတ်သွားမယ်
မျှော်လင့်ထားတာတွေ အဆင်ပြေလာပါမယ်
လူမှုရေးမှာ ထိပ်ပါပဲ
နေရာပေးခံ လေးစားခံရပါမယ်
ကျန်းမာရေး သင့်ပါတယ်နော်

အဆင်ပြေပျော်ရွှင်ကြပါစေ💜



20.3.2026🍀ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ ကိုယ့်အတွေးလေးနဲ့ကိုယ်ပဲ နေဖြစ်ပါလိမ့်မယ်ဆက်ဆံရေးဟာလည်း ပုံမှန်အတိုင်း ရ...
20/03/2026

20.3.2026🍀

ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ ကိုယ့်အတွေးလေးနဲ့ကိုယ်ပဲ နေဖြစ်ပါလိမ့်မယ်
ဆက်ဆံရေးဟာလည်း ပုံမှန်အတိုင်း ရှေ့ဆက်ဖြစ်နေပါမယ်နော်
ငွေကြေးကံ အရမ်းကောင်းသောပါ
ရုတ်တရက် ငွေတွေဝင်လာတတ်တယ်
ငွေကြေး ပေါကြွယ်ဝပါမယ်
ပညာရေးမှာတော့ အနှောင့်အယှက် အဖျက်ဝင်တတ်လို့သတိထားပါ
ရွေးချယ်စရာတွေ များနေတတ်ပါတယ်
လူမှုရေးမှာ အေးချမ်းစွာ ရှိနေပါလိမ့်မယ်
လူအများနဲ့ စကားပြောတွေ့ဆုံဖြစ်ပါမယ်
ကျန်းမာရေး ကောင်းပါတယ်ရှင်

အဆင်ပြေပျော်ရွှင်ကြပါစေ💜


19.3.2026🍀ဒီနေ့လေးမှာတော့အချစ်ရေးနဲ့ပတ်သက်လို့ ကိုယ့်ဖက်ကမာနကြီးနေရင်တောင် တစ်ဖက်လူဆီကညှိနှိုင်းမှုကိုရပါမယ်ပြေလည်သင့်မြ...
19/03/2026

19.3.2026🍀

ဒီနေ့လေးမှာတော့အချစ်ရေးနဲ့ပတ်သက်လို့ ကိုယ့်ဖက်ကမာနကြီးနေရင်တောင် တစ်ဖက်လူဆီကညှိနှိုင်းမှုကိုရပါမယ်
ပြေလည်သင့်မြတ်မယ့် နေ့မျိုးပါနော်
ငွေကြေးမှာတော့ အနှောင့်ယှက်လေးတွေ ရှိနေပါဦးမယ်
ကိုယ့်လမ်းကိုသာ ပူပန်မှုမရှိသွားပါ
စိတ်စွမ်းအားထက်လေ ငွေဝင်လေဖြစ်ပါမယ်
ပညာရေးမှာ သွားသမျှခရီး ဆုံးခန်းတိုင်ပါမယ်
အတိတ်ကပညာရပ်တွေ ပြန်လေ့လာဖြစ်ပါမယ်
လူမှုရေးမှာလည်း လူတွေနဲ့အဆင်ပြေပါလိမ့်မယ်
တစ်ယောက်တည်းနေရင်လည်းအေးချမ်းရမယ်
သူများကိုကူညီမိလို့ ကိုယ်ဒုက္ခမရောက်ပါစေနဲ့
ကျန်းမာရေး ကောင်းမွန်ပါတယ်

ပျော်ရွှင်အဆင်ပြေကြပါစေ💜


18.3.2026🍀ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ လက်တစ်လုံးခြားအညာခံရတတ်ပါတယ်Third party နဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ပိုဂရုစိ...
18/03/2026

18.3.2026🍀

ဒီနေ့လေးမှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ လက်တစ်လုံးခြားအညာခံရတတ်ပါတယ်
Third party နဲ့ပတ်သက်တဲ့ကိစ္စတွေမှာ ပိုဂရုစိုက်ပါ
ငွေကြေးကံသင့်ပါတယ်နော်
ပုံမှန် flowလေးအတိုင်း သွားနေပါလိမ့်မယ်
ပညာရေးမှာတော့ ကိုယ်ကြိုးစားထားသမျှရုပ်လုံးပေါ်လာမယ်
အောင်မြင်လာပါလိမ့်မယ်
လူမှုရေးမှာ တစ်ယောက်တည်း တောက်ပနေမယ့် ကံမျိုးပါ
ပတ်ဝန်းကျင်နဲ့လည်း energy ကိုက်ပါမယ်
ကျန်းမာရေးတော့ဂရုစိုက်ပါနော်

အစစအရာရာ အဆင်ပြေပါစေရှင်💜



တစ်ဖက်လူက ကိုယ့်ကို ဘာတွေပြောချင်နေလဲ??(No contact separations)Pile 1Pile 1တွေရဲ့တစ်ဖက်လူက တော်တော်လေး မာနကြီးတယ်နော်သူ့...
17/03/2026

တစ်ဖက်လူက ကိုယ့်ကို ဘာတွေပြောချင်နေလဲ??
(No contact separations)

Pile 1

Pile 1တွေရဲ့တစ်ဖက်လူက တော်တော်လေး မာနကြီးတယ်နော်
သူ့ဖက်ကအားနည်းချက်ကို ဘယ်လိုမှမမြင်နိုင်တဲ့သူပါ
Ego လေးပါနေတာကြောင့် သူ့ဖက်သူတော့ ယက်လိုက်ရမှစိတ်အဆင်ပြေတဲ့သူမျိုးဖြစ်တယ်
အခုလည်း ဒီဆက်ဆံရေးနဲ့ပတ်သက်လို့ သူမှန်တယ်ပဲတွေးတယ်
လက်မထောင်ထားဆဲပါ
သူ့စိတ်ထဲ ကိုယ့်ကိုပြောချင်တဲ့စကားတွေကတော့
"ငါတို့နှစ်ယောက်က right time မှာတွေ့ခဲ့ကြတာ မဟုတ်ဘူးထင်ပါတယ်။ငါမရှိဘဲ မင်းပျော်နေတာတွေတွေ့တော့ တော်တော်အံ့ဩမိတယ်။ဖြစ်ခဲ့တာတွေက ငါ့အမှားဆိုတာမှန်တယ် ဒါပေမယ့် မင်းဖက်ကရောမှန်နေတယ်ထင်တာလား။ဆက်ဆံရေးက ပြန်အဆင်ပြေရင်တော့ နှစ်ယောက်လုံးပိုပေါ့ပါးမှာပေါ့" တဲ့လေ

Pile 2

Pile 2 တွေရဲ့တစ်ဖက်လူက သူ့ကိုယ်သူလည်း အထင်ကြီးသလို ကိုယ့်အပေါ်လည်း impression ကောင်းပါတယ်
အခုချိန်မှာ သူလုပ်စရာရှိတာသူလုပ်တယ်
သူ့ routine ကို အပျက်မခံဘူး
ကြိုးစားပြီးပျော်အောင်နေတယ်
ကိုယ် နောက်တစ်ယောက်ရသွားမှာ သူစိတ်ပူနေတယ်
ကိုယ့်ကိုပြောချင်နေတဲ့စကားတွေလည်းရှိတယ်
"ငါဘယ်လိုခံစားနေရလဲ မင်းကိုပြောပြချင်မိတယ်။ငါမင်းကိုချစ်တာပါ။ငါ အရင်ကထက် ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာနေပါပြီ။အခုအချိန်က ငါ့ကိုငါ heal လုပ်နေရလို့ပါ။မင်းငါ့ကို တကယ်ထားသွားပြီလို့လည်းခံစားနေရတယ်"တဲ့

Pile 3

Pile 3 တွေရဲ့တစ်ဖက်လူက အခုချိန်မှာ သူ့အလုပ်တာဝန်တွေနဲ့သူ အင်မတန်အလုပ်များနေတယ်
သူ့ဘဝသူ ကြိုးစားဖြတ်သန်းနေရပါတယ်
ဒီဆက်ဆံရေးနဲ့ပတ်သက်လို့လည်း ညှိယူယူမယူယူ အချိန်တန် ကံပေးသလောက်ပဲရမှာလို့ တွေးနေလေရဲ့
ကိုယ့်ကို ပြောချင်နေတဲ့စကားတွေကတော့
"ငါတို့ တစ်ယောက်ကိုတစ်ယောက် လက်လွှတ်ဖို့ လိုလာပြီထင်တယ်။မင်းက ငါ့ဘဝထဲကိုအရမ်းကိုလျှင်မြန်စွာ ရောက်လာခဲ့တဲ့သူပါ။အခုထိမင်းအကြောင်းတွေ တွေးနေမိတုန်းပဲ။မင်းနဲ့အတူတူ ပျော်စရာတွေမျှဝေချင်ပါတယ်။ဒါပေမယ့်လည်း ငါကမင်းအတွက် အကောင်းဆုံးရွေးချယ်မှုမဟုတ်တာကို မင်းရောငါရောသိတာပဲလေ"တဲ့

‌အားလုံးပဲ စိတ်လက် ရွှင်လန်းကြပါစေ🍀




17.3.2026🍀ဒီနေ့မှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ အတိတ်ကမပြောဖြစ်ခဲ့တဲ့စကားတွေ ပြန်ပြောဖြစ်ပါမယ်အဆက်သွယ်ပြတ်နေရင် ပြန်ရမယ့်နေ...
17/03/2026

17.3.2026🍀

ဒီနေ့မှာတော့ အချစ်ရေးနဲ့ပတ်သက်လို့ အတိတ်ကမပြောဖြစ်ခဲ့တဲ့စကားတွေ ပြန်ပြောဖြစ်ပါမယ်
အဆက်သွယ်ပြတ်နေရင် ပြန်ရမယ့်နေ့မျိုးပါ
နှစ်ယောက်ကြား အမြင်မတူတာတွေဖြေရှင်းဖြစ်မယ် ကိုယ့်အတွေးကိုယ် အမှန်ထင်နေတတ်ပါတယ်
ငွေကြေးမှာ ဉာဏ်ကစားလေ ငွေဝင်လေ ဖြစ်မယ့်နေ့မျိုးပါနော်
အခက်အခဲတွေ ပြန်ပြီးပြေလည်လာပါမယ်
ပညာရေးမှာ ဘေးအနှောက်အယှက်ရှိပေမယ့် အောင်မြင်မယ့်နေ့မျိုးပါ
လူတွေဆီက အကူညီရနိုင်ပါတယ်
လူမှုရေးကံ သင့်ပါတယ်နော်
ကိုယ့်အတွေးနဲ့ကိုယ် သီးသန့်လေးနေဖြစ်ပါမယ်
ကျန်းမာရေး ကောင်းနေပါမယ်

အစစအရာရာ အဆင်ပြေကြပါစေ💜



Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Cosmic Readings by Kyawt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram