Hla Myo Tun - Mdy

Hla Myo Tun - Mdy တရားသောစစ် အောင်နိုင်ရမည်

https://m.youtube.com/watch?v=tcqHnDvi0KYနားထောင်ကြည့်ပါ...ရင်နင့်ရပါတယ်
27/05/2022

https://m.youtube.com/watch?v=tcqHnDvi0KY
နားထောင်ကြည့်ပါ...ရင်နင့်ရပါတယ်

ပဒေသာပင်ရဲ့ဖောင်ဒါ ကိုပဒေသာရဲ့ အိမ်ပြန်ရောက်ဖိုဖောက်တဲ့လမ်းကို YouTube channel မှာ နားဆင်နိုင်ပါပြီ။ နိုင်ငံရေးကို...

04/05/2022

“ကိုယ့်အိမ်က နွားနို့တစ်အိုးတော့ သေချာပါစေ”

▪️ပုံပြင်လေးတစ်ပုဒ် မျှဝေချင်ပါတယ်။ တော်တော်များများ ကြားဖူးလိမ့်မယ်။ မှတ်မိသလို ပြန်ရေးတာမို့ အနည်းငယ်လည်း လွဲကောင်းလွဲနိုင်ပါတယ်။ သဘောတရားကိုပဲ ယူပါ။

တစ်ခါက ရွာတစ်ရွာမှာ နွားနို့ကန်ကြီး လုပ်ရအောင် ဆိုပြီး ရေကန်ကြီးတစ်ကန် တူးသတဲ့။ ညရောက်တဲ့အခါ တစ်အိမ်ကို နွားနို့တစ်အိုးနှုန်းနဲ့ ဒီကန်ထဲ လာဖြည့်ကြပါပေါ့လေ။ မနက်ကျ နွားနို့ကန်ဖွင့်ပွဲ လုပ်မယ်ပေါ့။

အဲဒီမှာ ရွာသားတွေက စဉ်းစားတယ်။ တစ်ရွာလုံးက လာဖြည့်ကြမှာ၊ ဖြည့်ရမှာကလည်း လူမမြင် သူမမြင် ညဘက်ကြီး။ ဒီတော့ ငါ့တစ်အိမ်လောက် ရေထည့်သွားလိုက်လည်း သိသာမှာ မဟုတ်ဘူးပေါ့။ အဲ့လိုနဲ့ သူကလည်း ငါ့တော့ မသိလောက်ဘူး ဆိုပြီး ရေဖြည့်၊ ကိုယ်ကလည်း ငါ့တစ်အိမ်တည်းနဲ့ မသိသာပါဘူး ဆိုပြီး ရေဖြည့်၊ တစ်ရွာလုံးက ရေတွေချည်းပဲ သွားဖြည့်လိုက်တာ။ မနက်ကျ ကန်ထဲမှာ ရေတွေချည်း ဖြစ်နေတယ်တဲ့။

▪️အခု တော်လှန်ရေးကာလကလည်း အဲဒီအတိုင်းပဲ။ ပရဟိတလုပ်တာ၊ လှူတန်းတာကအစ ဖမ်းနေတဲ့ အချိန်ဆိုတော့ လူတွေက တကယ့်ကို သိုသိုသိပ်သိပ်နဲ့ ကူနေကြရတယ်။ အထူးသဖြင့် ပြည်တွင်းက လူတွေပေါ့။

ဒီအနေအထားက ကိုယ်လှူနေတာ ဘယ်သူမှ မသိနိုင်တော့သလို၊ မလှူဘဲနဲ့လည်း လှူသလိုလို ခပ်တည်တည် နေလို့ရတဲ့ အခြေအနေ ဖြစ်သွားတယ်။ တစ်နည်းအားဖြင့် လက်ပိုက်ကြည့်နေချင်သူတွေအတွက် အခွင့်အလမ်းကောင်းပဲ။ ဆိုတော့ ကိုယ့်အတွက်ပဲ ကြည့်မလား၊ မဆိုင်သလို နေတတ်သလား၊ တစ်နေရာရာကနေ ပါဝင်ရမှ ကျေနပ်မှာလား စသဖြင့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ တန်ဖိုးထားမှုပေါ်ပဲ မူတည်သလို ဖြစ်သွားတယ်။

▪️တစ်တိုင်းပြည်လုံး အနေအထားနဲ့ ပြည်သူဘယ်လောက်က ပါဝင်တော်လှန်နေတယ်တော့ မသိနိုင်ဘူး။ တချို့ဆိုလည်း မအလချင်းသာ မိုးမွှန်အောင် ဆဲနေတာ။ တကယ့်တကယ်ကျ ​ငွေလွှဲဖို့​လေးတောင် ကြောက်နေတာ​တွေ၊ Click လုပ်ဖို့​လေး​တောင် အချိန်မ​ပေးတာ​တွေ တစ်ပုံကြီး။

ဘေးဘီဝဲယာကို ကြည့်မိသလောက် ပြောရရင်တော့ အစ်ကိုကြီးတစ်ယောက်၊ ဘယ်မှာ တစ်ပုံး၊ ညာမှာ တစ်ပုံးနဲ့။ ဖြည်းဖြည်းချင်း လျှောက်လာနေတယ်။ အစ်ကို ဘာဖြစ်လို့လဲ ခါးနာနေလို့လား မေးမိတော့ မဟုတ်ပါဘူး ညီလေးရာ၊ လမ်းမြန်မြန်လျှောက်လို့ နွားနို့တွေ ဖိတ်ကျကုန်ရင် ကန်ထဲထည့်တာ နည်းသွားမှာ စိုးလို့ကွတဲ့။

အစ်မရေ၊ ခုနက အစ်မကလေးငိုသံ ကျွန်တော် ကြားလိုက်တယ်နော်။ အိမ်မြန်မြန် ပြန်ချေဦး။ ဟုတ်ပ မောင်လေးရယ်၊ ဒီနေ့မှပဲ နွားနို့ကလည်း အရနည်း။ အစ်မသားက ညနေတိုင်း နို့သောက်နေကျလေ။ ခု နို့ရတာက နည်းသွားတော့ သူ့ပဲ ငိုချင်ငိုပါစေ ဆိုပြီး ထားခဲ့လိုက်ရတယ်။ ရွာအတွက်က အရေးကြီးတယ် မဟုတ်လား။

ဟော ဟိုမှာလည်း ကလေးမလေးတစ်ယောက်။ သူ့ပုံးထဲမတော့ နွားနို့က တစ်ဝက်လောက်ပဲ ပါတယ်။ တစ်မနက်လုံး ဟိုအိမ်၊ ဒီအိမ်တွေမှာ လက်တိုလက်တောင်း လိုက်လုပ်ရင်း ရတဲ့ ပိုက်ဆံလေးနဲ့ ဝယ်ပြီး ရွာအတွက် နိုင်သလောက် ကူတာတဲ့။

သြော် သူတို့နဲ့ ယှဉ်လိုက်တော့လည်း ငါက ဘာဟုတ်သေးလို့တုံး။

ဒီလို ဒီလို လူတွေတော့ အနီးအနားမှာ တွေ့နေရတယ်။ တစ်ရွာလုံး အနေအထားတော့ ကိုယ်လည်း မသိဘူး။ ထွက်ကိုမလာတဲ့ အိမ်တွေလည်း ရှိတယ်။ အမှောင်တွေမှာ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ကန်ကြီးဆီကို ဦးတည်နေကြတယ် ထင်ရတဲ့သူတွေလည်း ရှိတယ်။ လက်ထဲက ပုံးထဲမှာတော့ ရေပါလာသလား၊ နွားနို့ပါလာသလား ကိုယ်လည်း မသိဘူး။ ဒါတွေကို လိုက်လည်း မစစ်ဆေးနိုင်ဘူး။ အဲဒီတော့ ခေါင်းထဲကနေ ထုတ်လိုက်။ အဓိကက ကိုယ့်အိုးထဲမှာ နွားနို့တွေ ပါလာဖို့ပဲ။

▪️တော်လှန်ရေးဆိုတာက ဘဝတိုးတက်ရေးနဲ့ မတူဘူး။ ကိုယ့်ဘ၀ တိုးတက်ဖို့က ကိုယ်တစ်ယောက် ကြိုးစားရင် ရတယ်။ တော်လှန်ရေးကျတော့ တစ်တိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်တယ်။ Collective စုပေါင်းသဘော ဆန်တယ်။ တစ်ယောက် ကြိုးစားရုံနဲ့ အကောင်အထည် မပေါ်ဘူး။ ပြောရရင် Beyond our control ပဲ။ ကိုယ့်ထိန်းချုပ်နိုင်စွမ်းရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ကိစ္စ။

သို့သော် တစ်ယောက်ကလည်း ငါ့တစ်အိမ်နဲ့တော့ မသိသာပါဘူး ဆိုပြီး မပါဝင်တော့၊ နောက်တစ်ယောက်ကလည်း နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူး ဆိုပြီး လက်လျှော့နေရင် ရှုံးနိမ့်သွားနိုင်တဲ့ ကိစ္စ ဆိုတာတော့ သေချာတယ်။

နှမ်းတစ်စေ့နဲ့တော့ ဆီမဖြစ်ဘူး။ မှန်တယ်။ သို့သော် နှမ်းတွေ ပေါင်းမှလည်း ဆီက ဖြစ်တာ။ ဒါကြောင့် ဆီဖြစ်လာဖို့မှာ ကိုယ်ဆိုတဲ့ နှမ်းတစ်စေ့ကတော့ ပါနေစေရမယ်ပေါ့။

▪️သေချာတာက နွားနို့တွေချည်းပဲ ၁၀၀% ဖြစ်နေမှာ မဟုတ်သလို ရေတွေချည်းပဲတော့လည်း မဖြစ်နိုင်ဘူး။ ရေက ပိုများမလား၊ နွားနို့က ပိုများမလားပဲ။ တကယ့်ရလဒ်ကတော့ နောက်တစ်နေ့ မနက်မိုးလင်းမှပဲ သိမယ်။ ဘယ်လိုပဲ ဖြစ်လာပါစေ၊ ကိုယ်ကတော့ ကိုယ့်အိမ်က နွားနို့တစ်ပုံးအတွက် ဂုဏ်ယူတယ်။ မပြောကောင်း မဆိုကောင်း ရေတွေ များနေခဲ့ရင်လည်း ကိုယ့်ပုံးလေး ကိုယ်ပိုက်၊ ကိုယ့်လို စိတ်ဓါတ်မျိုးရှိတဲ့ မိတ်ဆွေတွေကို နှုတ်ဆက်ရင်း ကိုယ့်အိမ်ကိုယ် လိပ်ပြာလုံလုံနဲ့ ပြန်လာလိုက်မှာပဲ။ နောင်တရစရာတော့ မရှိဘူး။

ဒီလိုစိတ်နဲ့ပဲ ဒီလ​တွေကို ကျော်ဖြတ်ခဲ့ကြတယ်။ ဒီစိတ်နဲ့ပဲ ဒီတော်လှန်ရေးမှာ ပါဝင်ရင်း နောက်ထပ်ရက်တွေ၊ လတွေကို ကျွန်တော်တို့ ဖြတ်ကျော်ကြမယ်။

ဒေါက်တာ ဖြိုးသီဟ

  လက်မလွှတ်သင့်တဲ့ အမေရိကန် နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ် ၉ ခုက သင်တဲ့ အခမဲ့ အဂ်လိပ်စာ အတန်းများ......ဒီတစ်ခါ အတန်းတွေကိ...
19/04/2022



လက်မလွှတ်သင့်တဲ့ အမေရိကန် နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ် ၉ ခုက သင်တဲ့ အခမဲ့ အဂ်လိပ်စာ အတန်းများ......

ဒီတစ်ခါ အတန်းတွေကိုတော့ အမေရိကန် နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ်တွေက အခမဲ့ သင်ပေးတာပါ..။ အားလုံးအတွက် အဆင်ပြေမယ့် တက္ကသိုလ် ၆ ခုပဲ ကျွန်တော် ရွေးပေးထားပါတယ် ။ ကိုယ်နဲ့ အဆင်ပြေမယ့် အတန်းတွေကို ရွေးချယ်ပြီး တက်နိုင်ပါတယ်...။ စာကို သေချာဖတ်ပေးပါ..။ ပြီးရင် ကိုယ်တက်ချင်တဲ့ အတန်းရဲ့ Link ကို နှိပ်ပေးပါ...။

နံပါတ် (၁) တက္ကသိုလ်ကတော့ University Of California ( Irvine ) ပဲ ဖြစ်ပါတယ်...။

ဒီတက္ကသိုလ်ကတော့ အဂ်လိပ်စာ အသံထွက် မှန်မှန် ထွက်တတ်ဖို့ သင်ပေးသွားမှာ ဖြစ်ပါတယ် ။ အဂ်လိပ်စာ အသံထွက် မကျွမ်းရင် ဒီသင်တန်းကို တက်ပါ..။

https://www.coursera.org/learn/tricky-american-english-pronunciation

နံပါတ် (၂) တက္ကသိုလ်ကတော့ University Of Pennsylvania ပဲ ဖြစ်ပါတယ် ။

ဒီ တက္ကသိုလ်က အလုပ်ခွင်မှာ အသုံးချရမယ့် အင်တာဗျူးတွေ၊ CV ဖောင်တွေ ၊ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံနည်းတွေကို သင်ပေးသွားမှာဖြစ်ပါတယ် ။ အလုပ်ခွင်အတွက် အသုံးချချင်ရင် တက်ပါ...။

https://www.coursera.org/learn/careerdevelopment

နံပါတ် (၃) တက္ကသိုလ်ကတော့ University Of Pittsburgh ဖြစ်ပါတယ် ။

ဘာသင်မလဲဆိုတော့ အမေရိကမှာ ရှိတဲ့ ဆေးပညာရပ် အခေါ်အဝေါ်တွေကို သင်ကြားရမှာ ဖြစ်ပါတယ်...။ ဆေးနဲ့ပတ်သက်ပြီး လေ့လာချင်သူများ တက်ပါ..။

https://www.coursera.org/learn/clinical-terminology

နံပါတ် (၄) ကတော့ အပေါ်မှာပါခဲ့တဲ့ University Of Pennsylvania ဖြစ်ပါတယ် ။

ဒီတခါ သင်ရမှာကတော့ သတင်းထောက် တစ်ယောက်ရဲ့ လိုအပ်တဲ့ အဂ်လိပ်စာ အသုံးနှုန်းတွေကို ကမ္ဘာ့သတင်းတွေ ဖတ်ပြီး သင်ရမှာ ဖြစ်ပါတယ် ။ သတင်းထောက်အလုပ် စိတ်ဝင်စားရင် တက်ပါ...။

https://www.coursera.org/learn/journalism

နံပါတ် (၅) ကတော့ Cape Town University ပါဗျာ.။

သူကတော့ ပညာရေးနယ်ပယ်မှာ အသုံးတည့်တဲ့ Essay ရေးနည်းတွေ၊ အရေးအသားကောင်းဖို့ Writing Skills တွေကို သင်ပေးမှာမို့ အဂ်လိပ်စာရေးနည်း ကောင်းချင်ရင် တက်ပါ..။

https://www.coursera.org/learn/writing-your-world

နံပါတ် (၆) ကတော့ Lund University ဖြစ်ပါတယ်။

အဂ်လိပ်စာရဲ့ အခြေခံကျကျ ရေးနည်းတွေကို အဆင်မြင့်မြင့် သင်ကြားရမှာ ဖြစ်ပါတယ် ။ အရေးသားကောင်းချင်တဲ့သူတွေ တက်သင့်ပါတယ်..။

https://www.coursera.org/learn/writing-english-university

နံပါတ် (၇) နောက်ဆုံး တက္ကသိုလ်ကတော့ Georgia Institute Of Technology ပါ...။

ဘာသင်မှာလဲဆိုတော့ စီးပွားရေးလုပ်ငန်းတွေမှာ အသုံးတည့်မယ့် Business English ကို သင်ကြားရပါမယ်...။ အမျိုးအစား စုံစုံလင်လင်နဲ့မို့ လုပ်ငန်းခွင်မှာ သူများထက် သာချင်ရင် တက်ရပါမယ်...။

https://www.coursera.org/learn/business-writing-english

ကဲ ဒါဆို အခုပဲ စာရင်းပေးပြီး တက်ကြရအောင်...။ ၂၀၂၂ မှာ စမတ်ကျဖို့ ကြိုးစားကြမယ်...။

သာယာတဲ့နေ့လေး ဖြစ်ပါစေ ဗျာ...။

မရှင်းတာရှိရင် မေးပါနော်...။

သင်တန်း စာရင်းပေးတဲ့အခါ နာမည်၊ အီးမေးလ်၊ Password ဆိုပြီး ၃ ခု ဖြည့်ပေးရမယ်နော်..။ Password က ထားချင်ရာ ထားလို့ရပါတယ်..။ ကိုယ်မှတ်မိမဲ့ဟာဆိုရင် ပိုကောင်းတာပေါ့... ။

ဥပမာ.. ABC321&4

Credit to the owner : Myo Myint Kyaw(Facebook acc)”

Crd to https://www.facebook.com/102418368946824/posts/121906193664708/?d=n

Offered by University of California, Irvine. In this course, you’ll practice the sounds of American English that might sometimes be ... Enroll for free.

15/03/2022

ဘဝဆိုတာ...
အခြေအနေပေးသလို နေကြရတာဆိုတော့..
နိမ့်ကျတဲ့ ဘဝလည်း နိမ့်ကျမှာပဲ...

လောကလူတွေက...
ပိုက်ဆံမရှိရင် နိမ့်ကျတယ်လို့ သတ်မှတ်ကြတယ်။

ပိုက်ဆံ ဆိုတာဟာ လူ့ရဲ့တန်ဖိုးမဟုတ်ဘူး။
လူ့ရဲ့ တန်ဖိုး ဆိုတာ အသိဉာဏ်ပဲ။

အရေးကြီးတာက...
အသိဉာဏ် မနိမ့်ကျဖို့
အရေးကြီးတယ် ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု

11/03/2022

တရားခံဘယ်သူလဲ

OG ward မှာတာဝန်ကျတုန်းက
ကိုယ်ဝန်သည်တစ်ယောက် ဆေးရုံမရောက်ခင် ဗိုက်နာပြီး လမ်းမှာတင်ကလေးမွေးသွားပြီး
အချင်းကျန်နေသေးလို့ ဆေးရုံရောက်လာတယ်။
(BBA with Retained Placenta)

ရောက်တာနဲ့ ချက်ချင်းစမ်းသပ်ကုသမှုပေးရင်း
သားဖွားရာဇဝင်မေးတယ်
ကျနော်။ ။ဒီကိုယ်ဝန်က ဘယ်နှစ်ယောက်မြောက်လဲ
လူနာ။ ။ ၂ယောက်မြောက်
ကျနော်။ ။အရင်ကိုယ်ဝန်က ဘယ်သူနဲ့မွေးတာလဲ
လူနာ။ ။ကိုတောက်ထွန်းနဲ့
ကျနော်။ ။ကိုတောက်ထွန်းက ကျန်းမာရေးဝန်ထမ်းလား?ကျန်းမာရေးမှူးလား?
လူနာ။ ။ဟုတ်ဘူး ကျမယောကျာ်း

Dr.HMT

ဆရာအောင်သင်း ပြောသလိုပဲကိုယ့်နိုင်ငံမို့လို့သာ ချစ်နေရတာအတော်စိတ်ပျက်ဖို့ ကောင်းတဲ့နိုင်ငံ....ဘာသာမဲ့ မာဖီးယားလို လူဆိုး...
26/02/2022

ဆရာအောင်သင်း ပြောသလိုပဲ

ကိုယ့်နိုင်ငံမို့လို့သာ ချစ်နေရတာ
အတော်စိတ်ပျက်ဖို့ ကောင်းတဲ့နိုင်ငံ....

ဘာသာမဲ့ မာဖီးယားလို လူဆိုးဂိုဏ်းတောင်
အရက်နဲ့ စီးကရက်ကို မှောင်ခိုပဲသွင်းတယ်၊
အတု မလုပ်ဘူး။

ဘာသာရှိတဲ့ ကောင်တွေက ဆေးတောင်
အတုလုပ်တယ်။

အင်မတန် စာနာစိတ်မရှိတဲ့ကောင်တွေဆီမှာ
ဥပဒေရဲ့ကျေးဇူးကို ဖာသည်တောင် ခံစားရချိန်
မေတ္တာသုတ်ရွတ်နေတဲ့ ကောင်တွေက
ဖာသည်ဆီက လိုင်းကြေးတောင်းတယ်။

ဖရီးကစ်တယ်၊ပါးတောင်၂ချက် ရိုက်သွားသေး.
ထိုင်းလို ဖာသည်ကို လိုင်စင်ပေးထားတဲ့ နေရာမှာ
လေဘေး ရေဘေး ငလျင်ဘေးကြုံရပြီဆို
နောက်တနေ့ အခြေခံစားကုန်တွေ ဖြစ်တဲ့
ဆန် ဆီ ဆား ငြုတ် ကြက်သွန်ကို စျေးထဲသွားဝယ်ရင်
တဝက်နှုံးနဲ့ လျှော့ရောင်းပေးတယ်။

ဒီမှာ နာဂစ်အလှူသွားကြတဲ့လူတွေကို
ကျေးဇူးတင်ပါတယ်ဆိုပြီး
ဒေသခံစက်လှေတွေက ၂ဆတောင်းတယ်။

လူမသေတဲ့ မြို့ကြီးတွေပေါ်မှာတော့
လိုအပ်ချက်ကိုသိပြီး အခြေခံစားကုန်တွေကို
စျေးအဆမတန် တင်ပလိုက်ကြတယ်။
ဆိုင်တွေကို ပိတ်လိုက်တယ်
ဒီတော့ အလုခံရတယ်။
ကားခတွေ တထောင်လမ်းကို တသောင်းနဲ့ဆွဲတယ်။

စင်္ကာပူလိုနိုင်ငံမှာ မိုးတွင်းလိုအချိန် အများပြည်သူ
ထီး မိုးကာ လိုအပ်ချက် များလာလိမ့်မယ်ဆိုတာ
သိတော့ discount ချရောင်းတယ်။
ဒီမှာက မိုးတွင်းမှ စျေးတင်တယ်။

ဘာမှ မကိုးကွယ်တဲ့ ကွန်မြူနစ် အရိုင်းကောင်တွေဆီမှာ
``ထမင်းစားနေတဲ့လူကို မိုးကြိုးမပစ်ဘူးဆိုတဲ့စကား
ပြောလေ့ရှိကြတယ်။

အပြစ်ရှိလို့ အရေးယူရမဲ့ မိုးကြိုးတောင်
ထမင်းစားနေတုန်း မပစ်သေးဘူး၊ ရှောင်ပေးတယ်
လူလူချင်း ဘာလို့မရှောင်ရမလဲလို့ ပြောချင်တာ..

မင်္ဂလသုတ် အာဂုံဆောင်ထားတဲ့ လူတွေက
သားသမီး ထမင်းစားနေတဲ့ အချိန်ကို
ချောင်းမှာ ရေလာသောက်တဲ့နွား စောင့်ဖမ်းသလို
ထိုင်စောင့်ပြီး ဆူတယ် ရိုက်တယ်။

သိပ်ရိုင်းတဲ့ ဘာသာမဲ့မိဘတွေက
သူတို့သားသမီးကိုမရိုက်ဘုး
စာသင်ကျောင်းတွေမှာလဲ မရိုက်ဘူး။
ကိုးကွယ်မှု စုံစီနဖာစေ့နေတဲ့ ကောင်တွေဆီမှာ
ဘုရားက ရိုက်မယ်လို့ပြောတယ်။
ကလေးကို မကျည်းပင်မှာ ဇောက်ထိုးဆွဲထားတယ်။

``ဘာမှမမြဲဘူး ကိုယ့်ကိုယ်ကိုယ်တောင် မပိုင်ဘူး
ဆိုတဲ့ တရားကို ၄၁ ကြိမ်မြောက် နာထားတဲ့
အဖွားကြီးဟာ သူ မပိုင်တဲ့ အိမ်ရှေ့မြေကွက်လပ်မှာ
စည်ပင်ပိုင်မှန်းလဲ သိပါရက်နဲ့ ကားခနရပ်ဖို့
သဘော မတူဘူး။

မကြိုက်ဘူး လာမရပ်နဲ့...တဲ့

ပုတီးကို စလွယ်သိုင်းပြီး ပြောလိုက်တယ်။

ဒါနဲ့ပဲ
ကမ္ဘာမှာ ဘယ်လိုတရားမဲ့တဲ့ နေရာမှာမှ
မဖြစ်ဖူးတဲ့ ကားရပ်တဲ့ နေရာအတွက်
လူသတ်မှုတွေ လုပ်ကြတယ်။

အဲဒီယဉ်ကျေးမှုမျိုးနဲ့
လူလူချင်း အားရအောင်ယုတ်မာ ကုန်းတိုက်
ဆဲဆိုလို့ ဝပြီဆိုတော့မှ ဘုရားရှေ့သွားပြီး
ပွစိပွစိနဲ့ ငါးပါးသီလခံကြတယ်

Credit : Original Writer

19/12/2021
December 10 Silent Strike
09/12/2021

December 10 Silent Strike

07/12/2021

ဆားလင်းကြီးဖြစ်စဉ်အပါအ၀င် နေ့စဉ်လုပ်ရပ်တွေ သက်‌သေပြနေတာက အရင်လို ‌"နောက်ကြောင်းပြန်အရေးမယူရ" "အမျိုးသားရင်ကြားစေ့ရေး" ဆိုပြီး အင်ပျူနတီပေးတာတွေ ဒီတခါ ထပ်လုပ်လို့ (လုံး၀) မရဘူး ဆိုတာပါပဲ။

နိုင်ငံရေးပါတီနဲ့ ဖက်ဆစ်တပ်ကြား နိုင်ငံရေးလွန်ဆွဲကြ၊ ပြန်ရင်ကြားစေ့ကြ လုပ်ရုံနဲ့ ရတဲ့ နိုင်ငံရေး မဟုတ်ပါဘူး။
တရားမျှတမှုကို မျက်ကွယ်ပြုတဲ့၊ အားလုံးတန်းတူရည်တူမပါ၀င်တဲ့ နိုင်ငံရေးအပေးအယူအလျှော့အတင်းသဘောတူပြေလည်မှုဆိုတာဟာ အနှေးနဲ့အမြန် ပြန်ပြိုကျမှာပဲ ဖြစ်တယ်။ ဒါကို သွေးချောင်းစီးတဲ့သင်ခန်းစာကြီးလည်း မျက်မှောက်ဖြတ်သန်းနေကြရပြီ။

ဒီစစ်တပ်ဟာ ဒီလိုရက်စက်ကြမ်းကြုတ်ယုတ်မာတဲ့ပြစ်မှုကြီးတွေကို ပြည်နယ်တွေမှာ နှစ်ပေါင်းများစွာ တသက်လုံး ကျူးလွန်နေခဲ့ပြီး အင်ပျူနတီရနေခဲ့တာဖြစ်ပါတယ်။ NLDအစိုးရလက်ထက်မှာလည်း ဒီလိုအလားအတူပြစ်မှုကြီးတွေ ကျူးလွန်နေခဲ့တဲ့အပြင် အလိုတူအလိုပါဘူးခံငြင်းခဲ့ကြသေးတာ ကမ္ဘာကျော်ပဲ။

ဒါကြောင့် ဒီတခါ တော်လှန်ရေးဟာ တရားမျှတမှုနဲ့ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှု လုပ်ကိုလုပ်မှရမယ်။

အင်ပျူနတီ အဆုံးသတ်စေရမယ်။ တာ၀န်ခံစေရမယ်။
တရားမျှတမှုကို မဖြစ်မနေ ဆောင်ကြဉ်းရမယ်။
စစ်ရာဇ၀တ်မှုတွေ၊ လူသားထုအပေါ်ကျူးလွန်တဲ့ပြစ်မှုတွေ၊ ဂျီနိုဆိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ အမုန်းရာဇ၀တ်မှုတွေ အတွက် တရားမျှတမှု ရှိရမယ်။

တရားမျှတမှု မရှိရင် တကယ့်လွတ်လပ်မှု မရှိ၊ တန်းတူညီမျှမှု မရှိ၊ ဒီမိုကရေစီ မရှိ၊ ငြိမ်းချမ်းရေး မရှိ၊ လုံခြုံမှု မရှိ။

|||
နွေဦးသပြေ
ဒီဇင်ဘာ ၇၊ ၂၀၂၁

07/12/2021

Dual Sim.
2 ကဒ်ထိုး

Wife : How much do you love me?
မိန်းမ : ရှင် ကျွန်မကို ဘယ်လောက်ချစ်လဲ?

Husband : If my heart is a mobile, you
are its sim.

ယောင်္ကျား : ကိုယ့်နှလုံးသားက ဖုန်းတစ်လုံးဆိုရင်
မင်းက Sim ကဒ် လေးပါ။ 😎

Wife :OMG! I'm so lucky. You love
me so much. 😊

မိန်းမ : အိုက်စ်! ခိုခိုက ကျွန်မကို အရမ်းချစ်
တာပဲနော်။ သဲအရမ်း ကံကောင်းတာပဲ

*In fact, she really doesn't know that her husband is using a dual sim phone.*

*တကယ်တော့ သူ့ယောင်္ကျားက ၂ ကဒ်ထိုး ဖုန်းသုံးနေတယ်ဆိုတာ သူလုံးဝ မသိဘူး*

ဂျင်းအထည့်မခံရပါစေနဲ့🤣🤣
Don't get fooled or conned.

by William (Fluent English)
CRD

05/12/2021

ကြယ်တွေ ကြွေနေတယ်😢
ကမ္ဘာကြီးက လက်ပိုက်ကြည့်နေတယ်
ဘယ်ဘုရားမှလဲ မကယ်သေးဘူး
မိမိတို့ကိုယ်တိုင် ကယ်ကြ ရုန်းထွက်ကြရမယ်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Hla Myo Tun - Mdy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram