𝐙𝐄𝐍𝐀 𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 & 𝐒𝐓𝐈𝐬/𝐇𝐈𝐕 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫

  • Home
  • Myanmar
  • Mandalay
  • 𝐙𝐄𝐍𝐀 𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 & 𝐒𝐓𝐈𝐬/𝐇𝐈𝐕 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫

𝐙𝐄𝐍𝐀
𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 & 𝐒𝐓𝐈𝐬/𝐇𝐈𝐕 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫
ZENA is a Safe & Secure Digital Space dedicated to provide finest quality Sexual Health & STIs/HIV Care Service

📍ဆေးယဉ်ပါးဂနို (Resistant Gono)📍🔺ဆေးယဉ်ပါး ဆီးပူညောင်းကျရောဂါ (Resistant Gonorrhea) သိထားရမည့် အရေးကြီးသော ၁၀ ချက်🔻---🚨 ...
17/10/2025

📍ဆေးယဉ်ပါးဂနို (Resistant Gono)📍

🔺ဆေးယဉ်ပါး ဆီးပူညောင်းကျရောဂါ (Resistant Gonorrhea)
သိထားရမည့် အရေးကြီးသော ၁၀ ချက်🔻
---
🚨 ဂိုနိုရီးယားပိုးသည် ပဋိဇီဝဆေးများကို ခုခံနိုင်စွမ်း မြင့်တက်လာနေပါတယ်။ နောက်ဆုံးရွေးချယ်စရာ၊ Ceftriaxone ထိုးဆေးဖြင့်၊ ကုသရန် လိုအပ်ပါတယ်။

🚨မစစ်ဆေး၊ မကုသပဲ နေပါက၊ ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ အနေနဲ့… serious consequences
♀️များတွင် * သားအိမ်ပြွန်ရောင်ခြင်း၊ မျိုးအောင်နိုင်စွမ်းကျဆင်းခြင်း (Infertility)၊ ကိုယ်ဝန်ပြင်ပ သန္ဓေတည်ခြင်း (Ectopic Pregnancy*)။
♂️ များတွင်၊ *ဝှေးစေ့ဆိုင်ရာ ပြွန်ရောင်ခြင်း၊ မျိုးအောင်နိုင်စွမ်း ကျဆင်းခြင်း*။
⚧️♀️♂️ တွင်၊ *ကိုယ်တွင်းအင်္ဂါများသို့ ပိုးပျံ့နှံ့ခြင်း (Disseminated Gonococcal Infection - DGI) ဖြစ်ကာ အဆစ်များရောင်ခြင်း၊ အရေပြားပေါ်တွင် ပြည်တည်နာများထွက်ခြင်း*၊ ဖြစ်နိုင်ပါတယ်။

🚨 အမျိုးသမီးများ♀️တွင်၊ ရောဂါလက္ခဏာ သိသိသာသာ မပြဘဲ ရှိနေတတ်ပါတယ်။ မသိလိုက်ဘဲ ဆက်လက်ကူးစက်နိုင်ပါတယ်။

🚨Gono ဖြစ်နေပါက HIV ပိုး ကူးစက်ခံရနိုင်ခြေ ၅ ဆအထိ ပိုမိုများပြားစေကြောင်း တွေ့ရှိရပါတယ်။

🚨Ceftriaxone ထိုးဆေးသည် လက်ရှိအချိန်တွင် ထိရောက်မှုအရှိဆုံးဖြစ်ပြီး၊ ယင်းဆေးပါ ယဉ်ပါးလာပါက ကုသမှုနည်းလမ်း မရှိတော့သည့် အခြေအနေ (Untreatable Gonorrhea) သို့ ရောက်ရှိသွားနိုင်ပါတယ်။

🚨ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကွန်ဒုံး၏ ပုံမှန်နှင့် မှန်ကန်စွာ အသုံးပြုခြင်း ပင်ဖြစ်ပါတယ်။

🚨လိင်မှုကိစ္စ ပြုသည့် လူငယ်လူရွယ်များ၊ MSM, SWs များသည် regular STI စစ်ဆေးမှု ပြုလုပ်သင့်ပါသည်။ Symptoms မပြလျှင်ပင် ရောဂါပိုးရှိနေနိုင်သောကြောင့် စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

🚨ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ပဋိဇီဝဆေးများ သောက်သုံးခြင်း၊ ရောဂါလက္ခဏာပျောက်သွားသည်နှင့် ဆေးသောက်၊ ရပ်လိုက်ခြင်းတို့သည် ဆေးယဉ်ပါးမှုကို ပိုမိုဆိုးရွားစေပါသည်။

🚨ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် မွေးစကလေးငယ်သို့ ကူးစက်နိုင်ပြီး ကလေးငယ်၏ မျက်စိကို ပြင်းထန်စွာ ထိခိုက်စေကာ အမြင်အာရုံဆုံးရှုံးခြင်းအထိ ဖြစ်စေနိုင်ပါသည်။

🚨ဆေးယဉ်ပါးသော ဆီးပူညောင်းကျရောဂါသည် ကမ္ဘာ့အရေးပေါ် ကျန်းမာရေးစိုးရိမ်မှုတစ်ရပ်အဖြစ် WHO မှ သတ်မှတ်ထားပြီး၊ ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်ကာကွယ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေရသည့် အဆင့်ဖြစ်ပါသည်။
---

🛡️ကာကွယ်ခြင်းသည် အဓိကသော့ချက်ဖြစ်ပြီး၊ သံသယရှိပါက ဆရာဝန်နှင့် ချက်ချင်းပြသ၍ ကုသမှုခံယူပါ။ ✌️

*xualhealth

Disclaimer: The Image is sourced from Google Images of WHO for illustrative and educational/reference purposes only. All copyrights and ownership belong to respective creators or copyright holders of WHO. No copyright infringement is intended.

PEP လုပ်သင့် ✅ မလုပ်သင့် ❌ ( Dos & Don'ts) ✅ လုပ်သင့်သောအရာများ (DOs) 🔹၂၄ နာရီအတွင်း အမြန် စသောက်ပါ။ (ASAP) စောစောစတင်နိ...
09/10/2025

PEP လုပ်သင့် ✅ မလုပ်သင့် ❌
( Dos & Don'ts)

✅ လုပ်သင့်သောအရာများ (DOs)

🔹၂၄ နာရီအတွင်း အမြန် စသောက်ပါ။ (ASAP) စောစောစတင်နိုင်လေ၊ ကာကွယ်မှုအာနိသင် ပိုကောင်းလေဖြစ်ပါတယ်။

🔹သောက်ရမယ့်ကာလ (၂၈ ရက်) ပြည့်အောင် မပျက်မကွက်၊ အချိန်အတိအကျ၊ ပုံမှန်သောက်ပါ။

🔹ဆေးစတင်မသောက်ခင်၊ သောက်ပြီး၊၂၈ ရက်ပြည့်တဲ့အခါ၊ ပြီးနောက် ၃ လအကြာ၊
မှာ HIV ပိုးရှိ/မရှိ ထပ်မံစစ်ဆေးဖို့ အရေးကြီးပါတယ်။

🔹ဘေးထွက်ဆိုးကျိုးတွေ (ဥပမာ - ပျို့အန်၊ ဝမ်းပျက်ဝမ်းလျှော၊ ခေါင်းကိုက်၊ ပင်ပန်းနွမ်းနယ်)။ ခဏ-‌ရက်ပိုင်း၊
ခံစားရတတ်ပါတယ်။ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရရင် အမြန်ဆုံးဆက်သွယ်ပါ။

🔹အာဟာရပြည့်ဝအောင်စားပါ။ ရေများများသောက်ပါ၊ ♂️⚧️ ၃ လီတာ၊
♀️၂ လီတာ၊ အိပ်ရေးဝဝအိပ်ပါ။

🔹စိတ်ဖိစီးမှုကို ထိန်းသိမ်းပါ။
စိတ်သက်သာရာရစေမယ့် အလုပ်တွေလုပ်ပါ၊

---

❌ မလုပ်သင့်သောအရာများ (DON'Ts)

🔻ဆေးသောက်တာကို ဆရာဝန် မညွှန်ကြားပဲ၊
ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်ဖြစ်၊ တခြားဘယ်အကြောင်းနဲ့မှ၊ ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။

🔻တခြားသောက်နေကျဆေးတွေ၊ ဖြည့်စွက်အားဆေးတွေ၊ သောက်နေရင်၊ ဆရာဝန်နဲ့ တိုင်ပင်ပါ၊

🔻PEP ဆေးက 100% အာမခံချက်မရှိပါဘူး။ ဆေးသောက်နေစဉ်၊ လိင်ဆက်ဆံရာမှာ၊ ကွန်ဒုံးမသုံးပဲ၊ လိင်မဆက်ဆံပါနဲ့။

🔻အရက်နှင့် ဘီယာ ရှောင်ကြဉ်ပါ။
ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပြီး ဆေးရဲ့အာနိသင် လျော့နည်းစေနိုင်ပါတယ်။

🔻စစ်ဆေးမှုတွေကို မရှောင်ပါနဲ့၊
ဆေးသောက်ပြီးရင်၊ HIV စစ်ဆေးရမယ့်၊
အကြိမ်အရေအတွက်အတိုင်း၊ မဖြစ်မနေ ပြန်စစ်ပါ။

✔️❌ #အရေးပေါ်ကာကွယ်ဆေး

✌️လေးစားစွာဖြင့် with Love👌

21/09/2025

Getting Tested is the Act of Self-love & Respect for your Partners.
Treatment is Prevention.
Knowledge is Protection.
The Most Dangerous STI is Stigma. Let's End it.

📍STIs သိထားသင့်သော အကြောင်းများ📍💌ကမ္ဘာမှာ၊အသက်  18 - 49 ကြား၊ ကုသလို့ရတဲ့ ကာလသားပိုး ကူးစက် ခံရသူ၊ နေ့တိုင်း 1 million က...
12/09/2025

📍STIs သိထားသင့်သော အကြောင်းများ📍

💌ကမ္ဘာမှာ၊အသက် 18 - 49 ကြား၊ ကုသလို့ရတဲ့ ကာလသားပိုး ကူးစက် ခံရသူ၊ နေ့တိုင်း 1 million ကျော်​ ရှိ​နေတယ်​၊ အများစုက Asymptomatic
🗓️ In 2024 မှာ 🗓️
💌အသက် 18 - 49 ကြား၊
Trichomoniasis ထရိုင်​ခိုမိုနီးယားစစ်​၊ Syphilis (ဆစ်​ဖလစ်​) Gonorrhea (ဂနို)၊
Chlamydia ကလာမိုင်းဒီးရား၊
ပိုးရှိသူ လူသစ် 400 million ခန့်၊
💌အသက် 18 - 49 ကြား၊ ဆစ်ဖလစ်ပိုးရှိသူ ခန့်မှန်း​ လူ​​ပေါင်း 8 million ခန့်၊
💌အသက် 18 - 49 ကြား၊ Ge***al Herpes အဓိကဖြစ်‌စေတဲ့ HSV-2 ကူးစက်ခံရသူ၊ 550 million ခန့်၊
💌HPV (လိင်အင်္ဂါကြွက်နို့) ဖြစ်စေတဲ့ဗိုင်းရပ်ကြောင့်၊ Cervical Cancer ဖြစ်ပြီး၊ Deaths rate က၊ နှစ်စဉ် 350000 ကျော်၊
💌 STIs ရှိနေလို့၊ ပြစ်တင်ကဲ့ရဲ့ ခွဲခြားဆက်ဆံခံရတာ၊ ကလေးမရနိုင်တာ၊ ကင်ဆာဖြစ်တာ၊ ကိုယ်ဝန်ဆောင်ကျန်းမာရေးညံ့တာ၊ စတဲ့၊
Sexual နဲ့ Reproductive health ကိုပါ၊
တိုက်ရိုက်ထိခိုက်စေပါတယ်၊
💌HIV ကူးစက်ခံရနိုင်ချေလဲ တိုးလာစေတယ်⚠️

Disclaimer: Sharing Individual Knowledge & Experience to the High-risk Clients Doesn't Mean I Am A Specialist in Infectious Diseases!





☠️HIV-AIDS အထင်အမြင်လွဲမှားမှု☠️✔️လူတဦးနဲ့တဦး၊ ပွေ့ဖက် 🫂လက်ဆွဲနှုတ်ဆက် 🫱🫲 အစားအသောက် 🍨🍰☕🍺 တူတူမျှဝေစားသုံး.. ရင်ကူးစက်တယ...
05/09/2025

☠️HIV-AIDS အထင်အမြင်လွဲမှားမှု☠️

✔️လူတဦးနဲ့တဦး၊ ပွေ့ဖက် 🫂လက်ဆွဲနှုတ်ဆက် 🫱🫲
အစားအသောက် 🍨🍰☕🍺 တူတူမျှဝေစားသုံး.. ရင်ကူးစက်တယ်

✔️မူးယစ်ဆေးထိုးသွင်းသူ (Drug users)💉 လိင်အလုပ်သမ (SW) 👄🫦
အမျိုးသားချင်းလိင်တူချစ်သူ (MSM) 👨‍❤️‍👨 နဲ့
LGBTQ အသိုင်းအဝိုင်းက 💃🕺👯
သူတွေပဲ၊ ကူးစက်တယ်

✔️ခြင် နဲ့ Insects တွေ၊ ကိုက်ခံရရင်၊ ကူးစက်တယ် 🦟🪲🪳🪰🐞

✔️ပိုးရှိရင် AIDS ဖြစ်မှာ၊ 💯%သေချာတယ်

✔️လိင်ဆက်ဆံဖော်ဆက်ဆံဖက် ၂ ယောက်လုံးမှာ၊ ပိုးရှိနေရင်၊ 👥💗 အကာအကွယ်သုံးဖို့၊ မလိုအပ်တော့ဘူး🪖🛡️

✔️ပိုးကူးစက်ခံရရင်၊ a death sentence လစ်ပြီပဲ 💣

✔️ရိုးရာဓလေ့ဆေးဝါး (နတ်ဆေး) တွေ၊ ဆေးဖက်ဝင်သစ်ဥသစ်ဖုတွေ နဲ့ ကုလို့ရတယ်®️©️
✔️အကြားအမြင်ရနေသလို၊ တယောက်သောသုကို အပြင်ပန်းကြည့်ပြီး ပိုးရှိနေတဲ့သူလို့ ပြောနိုင်တယ် 🧿
✔️HIV နဲ့ AIDS တူတူပါပဲ 🎗️




🔻Trace & Treat the Partners🔺❓STIs စစ်ဆေးကုသပြီး၊ အရှင်းမပျောက်တာ WHY ❓🔹ဖြစ်နိုင်တာ 3️⃣ facts🔹✔️ သက်ဆိုင်ရာ Field မှာ၊ ကျ...
02/09/2025

🔻Trace & Treat the Partners🔺

❓STIs စစ်ဆေးကုသပြီး၊ အရှင်းမပျောက်တာ WHY ❓

🔹ဖြစ်နိုင်တာ 3️⃣ facts🔹
✔️ သက်ဆိုင်ရာ Field မှာ၊ ကျွမ်းကျင်တဲ့ ဂုရုဆရာနဲ့ မပြ-မကုသလို့
✔️ ဆေး ယဉ် ပါး STIs ဖြစ်နေလို့
✔️ ကိုယ့် partner ကိုပလစ်ပီး တယောက်ထဲ၊ ကြိတ်ပြ ကြိတ်ကုနေလို့

🌈 ပြောချင်တာက 🌈
ကိုယ့် partner နဲ့ ပွင့်လင်းစွာပြော၊
mutual respect ထားပြီး၊
*Caring for you, Together* စိတ်ထားမှ၊
🤍Collaborative Cure🤍
ရရှိမှာပေါ့ဗျာ။ ✅
#💡 Compassionate Care ပေးနေတဲ့၊
ZENA HealthCare နဲ့၊
ခုပဲ ဆက်သွယ်လိုက်ပါ 📱





Chlamydia STI ♀️♂️⚧️ တွေရဲ့၊ မျိုးပွားအင်္ဂါတွေကို ဒုက္ခပေးတဲ့၊ အရမ်းအဖြစ်များတဲ့၊ ကလာမိုင်းဒီးယားဘက်တီးရီးယား ရောဂါကူးစ...
30/08/2025

Chlamydia STI

♀️♂️⚧️ တွေရဲ့၊ မျိုးပွားအင်္ဂါတွေကို ဒုက္ခပေးတဲ့၊ အရမ်းအဖြစ်များတဲ့၊
ကလာမိုင်းဒီးယားဘက်တီးရီးယား ရောဂါကူးစက်ခြင်း ဖြစ်တယ်

🤫Silent infection လို့တောင် မွှန်းကြတယ်။
Why❓ ပိုးရှိနေတဲ့ သူ‌တွေကိုယ်တိုင်တောင်၊ သိသာတဲ့ ဝေဒနာ မခံစားရတော့၊ သူတို့မှာ ပိုးဝင်နေမှန်း မသိရှာကြပါဘူး 🤐

✅ဒါပေမယ့်၊ good news က၊ မှန်ကန်တဲ့ antibiotics နဲ့၊ လွယ်လွယ်လေးကုလို့ရတယ်

📍How it spreads
အကာအကွယ်မသုံးရင် ၊ oral + a**l + vaginal s*x နည်းတွေနဲ့ ကူးစက်ပါတယ်

🔑 Why testing is key 🗝️ စစ်‌ဆေးဖို့အရေးကြီးတယ်၊ ‌ symptoms မ‌ပြတတ်လို့ပါ။ ဒီကြားထဲ၊
ဝေဒနာ တွေများဖြစ်လာရင်၊
♀️ ဆို၊ တမူထားခြားတဲ့ မိန်းမကိုယ်အရိအရွဲတွေဆင်း၊ ဆီးတွေပူ၊ သားအိမ်အောင့်၊
♂️ မှာတော့ 😷

⚠️ကုသဖို့ important
မကုသရင် 👎 နောက်ဆက်တွဲ ဆိုးကျိုးတွေ အနေနဲ့၊
✔️ကိုယ်ဝန်ရဖို့ ခက်တာ၊
✔️စောင်တလွဲ‌နေရာမှားသန္ဓေတည်တာ၊ ectopic preg
✔️♂️♀️ ကလေးမရနိုင်တော့တာ၊ infertility
✔️တခြားSTIs တွေပါ၊ကူးစက်နိုင်ချေများတာ

🩺 ဖြေရှင်းနည်းကတော့ simple ပါ 🩺
💡Get Tested & Treated စစ်မယ်-ကုမယ်



HIV Pre-Exposure Prophylaxis (PrEP)...🍓 Why It Matters ဘာကြောင့်အရေးကြီးတာလဲ?💑 ရိုးရိုးရှင်းရှင်းလေးပါ၊ ဆေးလေးတစ်ထောင့်က...
27/08/2025

HIV Pre-Exposure Prophylaxis (PrEP)...

🍓 Why It Matters ဘာကြောင့်အရေးကြီးတာလဲ?

💑 ရိုးရိုးရှင်းရှင်းလေးပါ၊ ဆေးလေးတစ်ထောင့်ကို နေ့စဉ်
မှန်မှန်ကန်ကန်သောက်ယုံနဲ့၊ ပိုးကူးစက်ခံရနိုင်ခြေ 90% ကျော်၊ လျော့နည်းစေတယ်
👩‍❤️‍👩 လိင်ကျန်းမာရေးကောင်းစေတဲ့အပြင်၊ စိတ်ငြိမ်းချမ်သာယာမှုရစေတယ်
👨‍❤️‍👨 ပိုးမကူးစက်ဖို့၊ လုံခြုံရေး အထူးတင်းကြပ်
ထားသလိုလည်းဖြစ်စေတယ်





23/08/2025





☄️ဆစ်ဖလစ်ကာလသား အကြောင်း သိသင့်တာလေးတွေ Syphilis story ☄️❓What's it? Bacteria ပိုးကြောင့်ဖြစ်တဲ့ STIs တမျိုးပါပဲ🔺How is ...
19/08/2025

☄️ဆစ်ဖလစ်ကာလသား အကြောင်း သိသင့်တာလေးတွေ Syphilis story ☄️

❓What's it? Bacteria ပိုးကြောင့်ဖြစ်တဲ့ STIs တမျိုးပါပဲ

🔺How is it spread?:
Infected person နဲ့ Condom သုံးသုံး/ မသုံးသုံး ကူးစက်တယ် {Painless sores နဲ့ တိုက်ရိုက်ထိမိရင်}
ပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ သ‌န္ဓေသား
ဆီသို့

🔺Stages & Symptoms အဆင့်

1️⃣ကနဦး Primary stage အဆင့်မှာ - လိင်အင်္ဂါတဝိုက် နဲ့ ပါးစပ်မှာ မနာတဲ့ အနာ *chancre*ဖြစ်မယ် 🥹

2️⃣ဒုတိယ Secondary stage အဆင့်မှာ လက်ဖဝါး ခြေဖဝါး အနီကွက်၊ *rash* လည်ချောင်းနာ၊ ဖျား၊ အကြိတ်ရောင်၊ ဆံပင်အကွက်လိုက်ကျွတ်၊ ပေါ်လိုက် ပျောက်သွားလိုက်ပဲ 🥵

💢နောက်ကျ Latent stage အဆင့်မှာ - ဘက်တီးရီးယားပိုး သွေးထဲမှာ ရှိနေပေမယ့် ဘာဝေဒနာမှ မပြတော့ပါ😎

🚩Tertiary stage *နောက်ကျအဆင့်မှာ ဆေးကုသမှု မခံယူခဲ့ရင်တော့*၊ နာဗ်ကြော၊ မျက်လုံး 👁️ ဦးဏှောက် 🧠 နဲ့ နှလုံးသား 🫀 ပျက်စီးစေသော ကိန်းဆိုက်ပါပြီ🆘

🧪Diagnosis ရောဂါစမ်းသပ်ရှာဖွေခြင်း🧪

🌡️သွေးစစ်အတည်ပြုချက်🌡️

🛑 Why is Treatment Important? ဘာလို့ကုသဖို့ အရေးကြီးတာလဲ?

✔️ပြင်းထန်တဲ့ နောက်ဆက်တွဲ ရောဂါတွေကို ကာကွယ်ဖို့
✔️သူတပါးကို မကူးစက်ဖို့
✔️မိခင် မှ ရင်သွေးသို့ မကူးစက်ဖို့ 📍

✅ Prevention ကာကွယ်ဖို့က

🛡️အကာအကွယ်သုံး၊ (condom

❌အနာ sores အနီကွက် rush အနီစက် ရှိနေတဲ့သူနဲ့ s*xual contact ရှောင်

🩺Sexually active ဖြစ်ရင် ၆ လ တကြိမ် ရောဂါရှာဖွေစစ်ဆေးမှု လုပ်သင့်

⚠️ Important Remark: ကုသပြီးရင်တောင်၊ ဆစ်ဖလစ်ပိုး သွေးစစ်ရင် # အဖြေ ရနေနိုင်ပါသေးတယ်။

*xualhealthcare

🛡️PEP (HIV အရေးပေါ်တားဆေး) ®️📍သိထားသင့်တဲ့အချက်များ 📍✅ HIV ကူးနိုင်ခြေ ဘာညာကွိကွတွေ ဖြစ်ခဲ့ကြုံခဲ့ပြီးနောက်၊ ရက်တိုသောက်...
02/08/2025

🛡️PEP (HIV အရေးပေါ်တားဆေး) ®️

📍သိထားသင့်တဲ့အချက်များ 📍

✅ HIV ကူးနိုင်ခြေ ဘာညာကွိကွတွေ ဖြစ်ခဲ့ကြုံခဲ့ပြီးနောက်၊ ရက်တိုသောက်ရတဲ့ HIV ဆေးဝါးဖြစ်တယ်
✅ Virus မကူးစက်ဖို့ > 80% ကာကွယ်ပေးတယ် ***POM*** ®️
✅ ကူးနိုင်ခြေ ဘာညာအခြေအနေ မှားယွင်းမှု၊ မတော်တဆ သင်ကြုံခဲ့ပြီးနောက် ၃ ရက်အတွင်း စ *on* ရပါတယ် ®️
✅ within 72 hours ဆိုပေမယ့်၊ မြန်မြန်သောက်နိုင်လေ၊ သင့်အတွက်ပို ကောင်း၊ပိုစိတ်ချရလေပါနော်

⚠️ Time matter ဘယ်အချိန်မှာ သောက်ရမှာလဲ ⏰

🔺ပိုးရှိနိုင်မှန်းသိသိကြီးနဲ (or) ဘာမှန်းညာမှန်းမသိနိုင်တဲ့ သူ နဲ့ helmet 🪖 မဆောင်းပဲ { ဝုန်း } မိခဲ့ပြီးနောက်
🔺လိ #င်အကြမ်း+ဖက်စော်∆ကားခံ ရပြီးနောက်
🔺 ဘားကလပ်မှာ needle shared ဆေးချခဲ့ပြီးနောက်
🔺 ပိုးရှိတဲ့ Blood, သုတ်သွေး၊ Vaginal မိန်းမကိုယ် fluid a**l အရည်များ & ဘော်ဒီ fluids များနဲ့ ထိတွေ့ခဲ့ပြီးနောက် 💦

💊 PEP မှာ ဘာဆေးတွေ ပါလဲ 💊
✔️ 28-day course of ARV medication

⚠️ သိနားလည်ဖို့ အရေးကြီးတာက

❌ ပုံမှန် ကာကွယ်တဲ့ အနေနဲ့ သောက်လို့မရပါဘူး
❌ ဆေးမသောက်ခင်၊ ပိုး မရှိဖူး‌ဆိုတာ သေချာဖို့ သွေးစစ်ရပါတယ်
❌ ဆေးသောက်ပြီး ပိုး ရှိ/မရှိ ပြန်စစ်ဆေးမှုတွေ လိုပါတယ်

👨‍⚕️ မင်္ဂလာပါမိတ်ဆွေတို့ရေ 𝐙𝐄𝐍𝐀 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫 မှကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။

👨‍⚕️ 𝐙𝐄𝐍𝐀 ဟာ အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှုစင်တာတစ်ခုဖြစ်ပြီး

⚧️ လိင်ကျန်းမာရေး၊♀️♂️𝐇𝐈𝐕နှင့်ကာလသား ရောဂါများအတွက် ဆွေးနွေးတိုင်ပင် ကုသပေးလျှက်ရှိပါတယ်

✅ 𝐇𝐈𝐕 ကြိုတင်ကာကွယ်ဆေး(PrEP )
HIV မကူးစက်စေရန်၊အရေးပေါ် သောက်ရသည့် ***PEP*** ဆေးများအတွက် ဆွေးနွေးပေးခြင်း

✅ 𝐇𝐈𝐕 Pre-Test/Post-Test Counseling, သွေးစစ်ဆေးခြင်း၊ 💊𝐀𝐑𝐓 ဆေးပေးကုသခြင်း

✅ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း

✅ လိင်တူချစ်သူတို့အတွက် 𝐆𝐞𝐧𝐝𝐞𝐫 𝐀𝐟𝐟𝐢𝐫𝐦𝐢𝐧𝐠 𝐂𝐚𝐫𝐞...

⚧️ စသည့်လိင်ပိုင်းဆိုင်ရာ လူမှုဘဝ ကျန်းမာရေး ဝန်ဆောင်မှုများ ရယူလိုပါက High quality medical care များကို...

🌐 Online Clinic Service ဖြင့်
CB Viber Whatsapp တို့မှ ယခုပဲ ဆွေးနွေး တိုင်ပင် အကြံယူ ကုသနိုင်ဖို့
ဖိတ်ခေါ်အပ်ပါတယ်။

👨‍⚕️ 𝐃𝐫. 𝐙𝐚𝐫 𝐍𝐢
📱𝟎𝟗𝟐𝟎𝟓𝟕𝟑𝟏𝟕 𝐕𝐢𝐛𝐞𝐫 𝐖𝐡𝐚𝐭𝐬𝐚𝐩𝐩 𝐂𝐁

Clinic Address:
Central Specialist Clinic & Diagnostic Center, 28th × 74th,
ChanAyeTharSan Tsp, Mandalay.
Clinic hours: 7 A.M. to 7 P.M.

#အရေးပေါ်ကာကွယ်

*TREATS or TRICKS* ကုသလို့ရ အရှင်းပျောက် နဲ့ ကုသလို့ရ အရှင်းမပျောက် Treatable & Curable STIs❓❗️အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ...
16/07/2025

*TREATS or TRICKS*

ကုသလို့ရ အရှင်းပျောက် နဲ့ ကုသလို့ရ အရှင်းမပျောက် Treatable & Curable STIs

❓❗️အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှတဆင့် ကူးစက်တဲ့ ကာလသား ရောဂါ/ပိုး အားလုံး ကုသပျောက်ကင်း နိုင်သလား?🤔🤔

👎 The answer is No ပါ 🥴

🦠🦠ကာလသားရောဂါတွေ၊ ဥပမာ၊ Bacterial STIs *** ဘက်တီးရီးယားပိုးတွေကြောင့်ဖြစ်တဲ့ ( ဂနို၊ကလာမိုင်းဒီးယား၊ ဆစ်ဖလစ်) တွေကတော့ တက်ကျွမ်းနာလည်တဲ့ 👨‍🔬ဆရာဝန်နဲ့ စနစ်တကျ ကုသရင် အရှင်း ပျောက်ကင်းနိုင်တယ်၊

💊💉ဒါတောင်မှ ဆေးပတ်လည်အောင် သောက်/ထိုးတာ လုပ်၊ ပြီးတော့လဲ အတူနေ ဆက်ဆံဘက်ကိုလဲ စစ်ဆေး၊ ကုသ ပါမှ၊(couple treatment စုံတွဲ ♂️♀️⚧️ ဆေးကုသမှု) အရှင်းပျောက်နိုင်မှာပါ။ နှစ်ယောက်လုံး စိတ်ချလက်ချ ပြန်ချစ်နိုင်ကြမှာပါ 👩‍❤️‍👨👨‍❤️‍💋‍👨

🧫🦠Virus ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တဲ့ ကာလသာရောဂါတွေ၊ ဥပမာ၊ Viral STIs **** ( HIV, HPV (လိင်အင်္ဂါကြွက်နို့ဖြစ်စေတဲ့ virus)၊ HSV ( လိင်အင်္ဂါ ရေယုန် ဖြစ်စေတဲ့ virus နဲ့ Hepatitis B အသည်းရောင်အသားဝါ ဘီ/C ပိုး) တွေကျတော့ အရှင်းမပျောက်ပါ၊ ကုသလို့တော့ ရတယ်။ 😱🥶

💢 Viral STIs ဆိုရင် 💢

🔹HIV ®️ ART
🔹HPV ®️ ကာကွယ်ဆေး 🛡️
🔹HSV ®️ Antiviral ဆေးဝါး
🔹Hep B ®️ ကာကွယ်ဆေး 🛡️

နဲ့ ပေါ့ဗျာ။ ✅

🤟တခြားတခုလည်း ရှိသေးတယ် 🤟

🔺ထ ရွုင် ခို မို နီးယား ဆစ် ( T r i c h o m o n I a s I s ®®®
ပါရာဆိုဒ် parasite ကပ်ပါး‌ပိုးကြောင့်ဖြစ်တာ ®️ ကတော့၊ A n T i B i O t i C s ပါပဲ 💊

♨️ တခု အရေးကြီးတာက၊ အထက်မှာ ပြောပြထားတဲ့ ကာလသားတွေက ပထမဆုံးကူးစက်ခံရပြီးချိန် မှာ အနာတွေများဖြစ်ခဲ့ရင် ကွန်ဒုံးသုံးပေမယ့်လဲ အရေပြားချင်း ထိယုံနဲ့ တစ်ယောက်ကနေ တစ်ယောက် ကူးစက်နိုင်ပါတယ်။

🖤အကာအကွယ်မဲ့ ဆက်ဆံမိတဲ့ အခါတိုင်း၊ အရင်ကုသပြီးသား ကာလသားကော၊ တခြား အရင်က မဖြစ်ဘူးတဲ့ ကာလသားပါ၊ ကူးစက်နိုင်တယ်ဆိုတာ သတိတော့ထားရမယ်။❗️❗

👨‍⚕️ 𝐙𝐄𝐍𝐀 ဟာ အွန်လိုင်းကျန်းမာရေးစောင့်ရှောက်မှုစင်တာတစ်ခုဖြစ်ပြီး

⚧️ လိင်ကျန်းမာရေး၊♀️♂️𝐇𝐈𝐕နှင့်ကာလသား ရောဂါများအတွက် ဆွေးနွေးတိုင်ပင် ကုသပေးလျှက်ရှိပါတယ်

✅ 𝐇𝐈𝐕 ကြိုတင်ကာကွယ်ဆေး(PrEP )
HIV မကူးစက်စေရန်၊အရေးပေါ် သောက်ရသည့် ***PEP*** ဆေးများအတွက် ဆွေးနွေးပေးခြင်း

✅ 𝐇𝐈𝐕 Pre-Test/Post-Test Counseling, သွေးစစ်ဆေးခြင်း၊ 💊𝐀𝐑𝐓 ဆေးပေးကုသခြင်း

⚧️ စသည့်လိင်ပိုင်းဆိုင်ရာ လူမှုဘဝ ကျန်းမာရေး ဝန်ဆောင်မှုများ ရယူလိုပါက ..

🌐 Online Clinic Service ဖြင့်
CB Viber Whatsapp တို့မှ ယခုပဲ ဆွေးနွေး တိုင်ပင် အကြံယူ ကုသနိုင်ဖို့
ဖိတ်ခေါ်အပ်ပါတယ်

👨‍⚕️ 𝐃𝐫. 𝐙𝐚𝐫 𝐍𝐢
📱𝟎𝟗𝟐𝟎𝟓𝟕𝟑𝟏𝟕 𝐕𝐢𝐛𝐞𝐫 𝐖𝐡𝐚𝐭𝐬𝐚𝐩𝐩 𝐂𝐁

Clinic Address:

စင်ထရွယ် Specialist Clinic & Diagnostic Center, 28th × 74th ထောင့်၊
ချမ်းအေးသာစံ မြို့နယ်၊ Mandalay.
ဆေးခန်းချိန် #ကာလသားရောဂါ *xualhealth : 7 A.M. to 7 P.M

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 𝐙𝐄𝐍𝐀 𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 & 𝐒𝐓𝐈𝐬/𝐇𝐈𝐕 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share