16/03/2026
သူငယ်ချင်းသုံးယောက်
အစားလည်း တူတယ်၊ အလုပ်လည်း တူတယ် ၊ Stress ရတာလည်း တူတယ် ဒါပေမဲ့ တစ်ယောက်က အမြဲတမ်း မောပန်းနေတယ်၊ တစ်ယောက်က အမြဲဒေါသ ထွက်နေတယ်၊ တစ်ယောက်က အမြဲ လေးလံပျင်းရိ နေတယ်။
အဲ့ဒါ ဘာကြောင့်လဲ သိလား?
Tridosha ကြောင့်ပါ။
ကျွန်တော်တို့ ခန္ဓာကိုယ်ကို ဓါတ်ကြီးငါးပါးနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့ ဓါတ်ကြီးငါးပါးဖြစ်တဲ့ အာကာသဓါတ်၊ လေဓါတ်၊ မီးဓါတ်၊ ရေဓါတ် နဲ့ ပထဝီဓါတ် တို့က ညီတူညီမျှ မရှိနေတတ်ပါဘူး။ Dosha ကို မြန်မာလို မိမိတို့ ခန္ဓာကိုယ်သဘာဝလို့ ပြောလို့ ရပါတယ်။
Tri ဆိုတာကတော့ သုံး လို့အဓိပ္ပာယ် ရပါတယ်။ Tridosha ဆိုတော့ ခန္ဓာကိုယ်သဘာဝသုံးမျိုး။
ဘာတွေလည်းဆိုတော့ - 🌀 Vata , 🔥 Pitta ,💧 Kapha
🌀 Vata က အာကာသဓါတ် နဲ့ လေဓါတ် သဘာဝခန္ဓာကိုယ်၊
🔥 Pitta က မီးဓါတ် နဲ့ ရေဓါတ် သဘာဝခန္ဓာကိုယ်၊
💧 Kapha က ပထဝီဓါတ် နဲ့ ရေဓါတ် သဘာဝခန္ဓာကိုယ်။
မိမိတို့ ခန္ဓာကိုယ်မှာ လွှမ်းမိုးနေသောဓါတ်ကို ကြည့်ပြီး မိမိ၏ ခန္ဓာကိုယ်သဘာဝက Vata လား၊ Pitta လား၊ Kapha လား ဆိုတာ သိနိုင်ပါတယ်။
မိမိခန္ဓာကိုယ်သဘာဝကို သိရင် ဘာအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ ဆိုတော့ ကိုယ့်ကျန်းမာရေးအတွက် ဆောင်ရန် ရှောင်ရန်လေးတွေကို သိရှိနိုင်ပြီး မိမိ၏ခန္ဓာကိုယ်ကို ပိုနားလည်နိုင်ပါလိမ့်မယ်။
မိမိရဲ့ သဘာဝက Pitta ၊ Vata ၊ Kapha ဆိုတာလေးကို သိရှိနိုင်သော နည်းလမ်းလေးကတော့ " Nadi Pariksha " လို့ခေါ်သော သွေးခုန်နှုန်းစမ်းသော နည်းစနစ်ဖြင့် သိနိုင်ပါတယ်။
လာမယ့် March 21 / 23 ရက်မှာ India မှ လာသော Wellness Consultant တစ်ယောက် နှင့်အတူ " Nadi Pariksha " လေးလုပ် လို့ရပါမယ်။
Nadi Pariksha ဆိုတာ ဘာလဲဆိုတာကို နောက်နေ့ Post မှာ တင်ပေးသွားပါမယ်။
🪷𝐀𝐮𝐫𝐚 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫
📲𝟎𝟗𝟕𝟓𝟒𝟎𝟏𝟏𝟔𝟑𝟓
📍𝟒𝟎𝐀 𝐒𝐭, 𝐁𝐭 𝟓𝟒 & 𝟓𝟓 𝐒𝐭, 𝐘𝐞 𝐌𝐨𝐧 𝐓𝐚𝐮𝐧𝐠, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.