04/09/2025
👣 ခြေထောက် နာကျင်တယ်၊ ခြေထောက်ယောင်တယ်၊ ညဆိုရင် သိသိသာသာအဖိခံနေရသလို ခံစားရတယ်ဆိုရင် CVI (Chronic venous insufficiency) ဖြစ်နိုင်ပါတယ်။
🦵 CVI ဆိုတာဘာလဲ?
ခြေထောက်အတွင်းက သွေးကြော အဆို့ရှင်ကောင်းကောင်းမအလုပ်လုပ်တော့လို့ သွေးပြန်မတက်ဘဲ ခြေထောက်ထဲမှာ ဖိနေလို့ ဖြစ်ပါတယ်။
⚠️ အဓိက လက္ခဏာတွေကတော့_
➡️ခြေထောက်နာမယ်၊ အမြဲပင်ပန်းနေသလို ခံစားရခြင်း
➡️Varicose veins (ခြေထောက်သွေးကြောထုံးတွေ ပေါ်လာခြင်း
➡️အရေပြားအရောင်ပြောင်းခြင်း
➡️ခြေချင်းဝတ်နား အနာပေါက်လာတယ် ၊ လွယ်လွယ်နဲ့မသက်သာခြင်း တွေပါပဲ။
💡 အိမ်မှာ လုပ်လို့ရတဲ့ နည်းလမ်းများ
✅ နေ့တိုင်း လမ်းလျှောက်ပါ။
✅ နားနေချိန် ခြေထောက်မြှောက်ပါ၊ အမြင့်ပေါ်တင်ထားပါ။
✅ ကိုယ်အလေးချိန် ထိန်းထားပါ။
✅ အကြာကြီး တစ်နေရာတည်း မထိုင်ပါနဲ့ / မရပ်ပါနဲ့။
✅ ဆရာဝန်ညွှန်ကြားပါက Compression stockings ဝတ်ပါ။
👩⚕️ အရေးကြီးတဲ့အချက်
မကုသပါက CVI က ခြေထောက်အနာကြီး၊ အရေပြားပြဿနာတွေ ထိခိုက်စေတတ်ပါတယ်။
👉 ဒီလို လက္ခဏာတွေရှိရင် ဆရာဝန်နဲ့ အမြန် ကုသမှုခံယူပါ။
#ခြေေထာက်ကျန်းမာရေး #ကျန်းမာရေး
#ရွှေဘုတ်ဆေးဆိုင်