ကြန္ခ်ာ

ကြန္ခ်ာ like

ရင်တုန်ကင်းဝေး.... အေးချိုမွှေးကာကောင်းစွာအိပ်စက်.... အားအင်တက်၍ချက်ချင်းသောက်ပေး....ကွန်ချာအားဆေး
13/09/2021

ရင်တုန်ကင်းဝေး.... အေးချိုမွှေးကာ
ကောင်းစွာအိပ်စက်.... အားအင်တက်၍
ချက်ချင်းသောက်ပေး....ကွန်ချာအားဆေး

13.9.2020 နေ့မှ စ၍စျေးချိုရုံ ဆိုင် ယာယီ ပိတ်ထားရပါသော်လဲပင်ရင်းဌာန-------------No.579. 44-45ကြား83လမ်း ဘုရားကြီးစျေး 09...
12/09/2020

13.9.2020 နေ့မှ စ၍
စျေးချိုရုံ ဆိုင် ယာယီ ပိတ်ထားရပါသော်လဲ

ပင်ရင်းဌာန
-------------
No.579. 44-45ကြား
83လမ်း ဘုရားကြီးစျေး
09-2005703
09-2013433
09-971483684

သို့
လူကြီးမင်း တို့
ကျနိးမာရေးအတွက် လိုအပ်သော ဆေးဝါးများ
အလွယ်တကူဝယ်ယူနိုင်ရန် ဖွင့်လှစ်ပေးထားပါတယ်နော် 😍😍

" အသိပေးကြေငြာချက် "

Covid -19 ကူးစက်မြန်အဆုတ်ရောင်ရောဂါ ကာကွယ်ထိမ်းချုပ်နိုင်ရေးအတွက် အဆင့်မြင့်စျေးချိုတော်နှင့် တိုက်တန်းကြီးစျေးများကို မနက်ဖြန် ၁၃. ၉. ၂၀၂၀ တနင်္ဂနွေနေ့မှစတင်၍ ယာယီပိတ်သွားပါမည်။

စျေးပြန်လည်ဖွင့်မည်ရက်ကို ထပ်မံကြေငြာပေးပါမည်။

စျေးအကျိုးတော်ဆောင်အဖွဲ့
အဆင့်မြင့်စျေးချိုတော်နှင့် တိုက်တန်းကြီး

ကဲ.... မိတ်ဆွေ တို့ရဲရဲနီ သော အောင်လံ လွှင့်ထူ ကြပါ စို့
08/09/2020

ကဲ.... မိတ်ဆွေ တို့
ရဲရဲနီ သော အောင်လံ လွှင့်ထူ ကြပါ စို့

ဗီတာမင် နဲ့ ပက်သက်သောစာစုများCrd ပေးပါတယ်နော်
22/08/2020

ဗီတာမင် နဲ့ ပက်သက်သော
စာစုများ

Crd ပေးပါတယ်နော်

10/08/2020

အရသာခြောက်ပါး အကျိုးအပြစ်များ

လူသားတို့၏ ခန္ဓာကိုယ်သည် ပထဝီ၊ တေ ဇော၊ အာပေါ၊ ဝါယော စသည့် ဓာတ်ကြီး လေးပါးတို့နှင့် ဖွဲ့စည်း တည်ဆောက်ထားသည်။ ဤသို့သော ဓာတ်ကြီးလေးပါး ခန္ဓာကိုယ်တွင်း အစဉ်မျှတနေမှသာ ကျန်းမာသည်။ လူသားတို့ အသက်ရှင် နေထိုင်ရေး အတွက် နေ့စဉ်အစာအာဟာရ များကို မှီဝဲ သုံးဆောင်ကြရသည်။ ဤသို့ စားသုံးရသော အစာ အာဟာရ များတွင် ခန္ဓာကိုယ် တွင်း အရသာ တစ်မျိုးချင်း အလိုက် အကျိုး ပြုစေသော လက္ခဏာနှင့် အကျိုးမပြုစေ သော လက္ခဏာများ ပြလေ့ရှိကြသည်။ ဤသို့သော
အရသာတစ်မျိုးချင်းစီ၏ အကျိုး အပြစ်များကို သိရှိထားခြင်းဖြင့် မိမိကျန်းမာရေးနှင့် လိုက်ဖက်မည့် အရသာရှိသည့် အစားအစာများ
ကို ရွေးချယ် စားသောက်နိုင်ကြမည် ဖြစ်သည်။

အချို
ချိုဆိမ့်သော အရသာတွင် ပထဝီနှင့် အာပေါဓာတ် ဦးဆောင် ဖွဲ့စည်း ပါဝင်သည်။ ချို့ဆိမ့်သော အရသာကို စားခြင်းအားဖြင့် ရေငတ်
ခြင်း၊ မူးဝေခြင်း၊ အဆိပ်သင့်ခြင်း၊ ပူလောင်ခြင်းတို့ကို သက်သာပျောက်ကင်း စေသည်။ ချို့ဆိမ့်သောအရသာကို အလွန် အမင်းစား
သောက်ပါက ဆီးများခြင်း၊ အသံ ပျက်ခြင်း၊ ချောင်းဆိုး၊ ပန်းနာ၊ ရင်ကြပ်၊ အဖျားရောဂါ၊ လိပ်ခေါင်း၊ ဆီးချို ရောဂါတို့ ဖြစ်ခြင်းများ ခံစား
ရသည်။
ချိုဆိမ့်သော အရသာလွန်ကဲစွာစားသုံးမိပါက အစပ် အရသာကို ဖြေဆေးအဖြစ် စားသောက်ပေးရသည်။

အချဉ်
အချဉ် အရသာတွင် ပထဝီနှင့်တေ ဇောဓာတ်တို့ ဦးဆောင် ပါဝင်ဖွဲ့စည်းသည်။ အချဉ်အရသာကို စားပေးခြင်း အားဖြင့် အစာမကြေ ရောဂါ၊ လေရောဂါနှင့် ဝမ်းချုပ် ခြင်းတို့ကို သက်သာ ပျောက်ကင်းစေသည်။ အချဉ် အရသာကို လွန်ကဲစွာစားသုံးမိပါက ပျို့အန်ခြင်း၊ ရေငတ်ခြင်း၊ မူးဝေခြင်း၊ အဖျားရောဂါဖြစ်ခြင်းနှင့် မျက်စိရောဂါဖြစ် စေခြင်း
တို့ ခံစားရစေသည်။ လူကိုပိန်စေ သည်။ သုတ်ကိုနည်းစေသည်။ ဝမ်းပျက် ဝမ်းလျှောဖြစ်စေသည်။ ဖြေဆေးအဖြစ် အဖန်အရသာ
ကို စားပေးရသည်။

အငန် 😟😞
အငန်အရသာတွင် အာပေါနှင့် တေဇောဓာတ်တို့ ဦးဆောင်ဖွဲ့စည်းပါဝင်သည်။ အငန် အရသာ စားပေးပါက ဆီး၊ ဝမ်း၊ လေကို မှန်စေပါသည်။ ချွေးထွက်စေသည်။ အစာကြေစေသည်။ အငန်အရသာလွန်ကဲ ပါက ဖောခြင်း၊ သွေးတိုးခြင်း၊ လေငန်း လေဖြတ်ခြင်း၊ လူကိုပိန်စေခြင်း၊ ဆံပင် ကျွတ်ခြင်း၊ ရေငတ်ခြင်း၊ လည်ချောင်းကွဲ ခြင်း၊ မူဝေခြင်းတို့ ခံစားရသည်။
ဖြေဆေး အဖြစ် အခါးအရသာကို စားပေးရသည်။

အစပ်
အစပ်အရသာတွင် တေဇောနှင့်ဝါ ယောဓာတ်များကို ဦးဆောင်ဖွဲ့စည်းထားသည်။ အစပ်အရသာကိုစားခြင်းဖြင့် အစာ မကြေခြင်း၊ ဖောရောင်ခြင်း၊ ယားယံခြင်း၊ အနာပေါက်ခြင်းတို့ကို ပျောက်ကင်း စေပါသည်။ အစပ် အရသာ လွန်ကဲပါက ရေငတ်ခြင်း၊ အားကုန်ခန်းခြင်း၊ လည်ချောင်းနာခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ အသားအရေကွဲအက်ခြင်း၊
ကိုယ်ပူခြင်း၊ ပိန်စေခြင်း၊ လျှာရည်၊ နှာရည်ထွက်စေခြင်း စသည်တို့ ခံစားရစေ ပါသည်။
ဖြေဆေးအဖြစ် အချိုအရသာကို စား
သောက်ပေးနိုင်ပါသည်။

အခါး
အခါးအရသာသည် အာကာသဓာတ်နှင့် ဝါယော ဓာတ်တို့ ဦးဆောင်ဖွဲ့စည်းထားပါသည်။ အခါးအရသာ
ကို စားပေးခြင်းအားဖြင့် လေရောဂါကိုနိုင်ခြင်း၊ သွေးလေညှိပေးခြင်း၊ ဆီးချိုကျစေခြင်းများ ခံစားရသည်။ အခါးအရသာကို လွန်ကဲစွာ
စားသုံးမိပါက ခံတွင်းခြောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အကြောတောင့်ခြင်း၊ ပိန်စေခြင်းတို့ကို ခံစားရစေပါသည်။
ဖြေဆေးအဖြစ် အငန်အရသာကို စားသောက်ပေးရသည်။

အဖန်
အဖန်အရသာတွင် ပထဝီနှင့် ဝါယောဓာတ်တို့ ဦးဆောင် ပါဝင် ဖွဲ့စည်းထားသည်။ အဖန် အရသာ စားပေးခြင်းဖြင့် အနာပေါက် ရောဂါကို သက်သာစေပြီး အနာအသားနု တက်စေပါသည်။ အဖန်အရသာကို လွန်ကဲ
စွာ စားသောက်မိပါက ထိုင်းမှိုင်းခြင်း၊ ရင် ဘတ်နာခြင်း၊ ပိန်ခြင်း၊ ဆီးဝမ်းလေချုပ် ခြင်း၊ ခံတွင်းခြောက်ခြင်း၊ ရေငတ်ခြင်း၊ စကားမပီခြင်း၊ အစာမကြေခြင်း၊ လျှာထူ ခြင်း၊ အရွယ်မရောက်မီ အိုမင်းရင့်ရော်စေခြင်းများ ခံစားရစေပါသည်။
ဖြေဆေးအဖြစ် အချဉ်အရသာကို စားသုံး ပေးနိုင်ပါသည်။
Crd

နက်ဖြန် ဖွင့်ပါပီနော်
21/05/2020

နက်ဖြန် ဖွင့်ပါပီနော်

အဆင့်မြင့်စျေးချိုတော်နှင့် တိုက်တန်းကြီး စျေးရုံအသီးသီးကို ၂ ၂.၅. ၂၀၂၀ (သောကြာ) နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမည်။

*စျေးဖွင့်ချိန် မနက် (၈) နာရီမှ ညနေ (၄) နာရီထိ။

Covid 19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် စျေးသို့လာရောက်ကြသူများအားလုံး လိုက်နာရန်စည်းကမ်းချက်များ...

🔸စျေးသို့ လာရောက်ကြသူများအားလုံး Mask အသက်ရှူကာ တပ်ဆင်ထားရပါမည်။ စျေးအတွင်းရှိနေစဥ် အမြဲတပ်ဆင်ထားရပါမည်။

🔸စျေးအတွင်း လူသိပ်သည်းမှု့ကို လျှော့ချသည့်အနေဖြင့် သက်ဆိုင်ရာရုံအသီးသီးတွင် ရုံအကျိုးတော်ဆောင်များမှ စီစစ်ခွင့်ပြုထားသော လူဦးရေအတိုင်းသာ ခွင့်ပြုပါမည်။

🔸စျေးသို့လာရောက်ကြမည့် ဆိုင်ရှင်များ၊ အရောင်းဝန်ထမ်းများနှင့် ကုန်ပို့လုပ်သားများ အားလုံးတို့သည် ရုံ၊ အထပ်အလိုက် သတ်မှတ်ထားသော လည်ဆွဲကတ်ပြားများကို ဝတ်ဆင်ထားရမည်။

🔸စျေးရုံအတွင်း လျှောက်လမ်းများတွင် ကုန်ပစ္စည်းခင်းကျင်းခြင်း၊ စာရေးခုံများထားရှိခြင်း ခွင့်မပြုပါ။

🔸လေဝင်၊ လေထွက်ကောင်းမွန်စေရန် တံခါးပေါက်များတွင် ပစ္စည်းချိတ်ဆွဲခြင်း၊ လူသွားလမ်းအထက် ပစ္စည်းချိတ်ဆွဲခြင်းများကို ခွင့်မပြုပါ။

🔸ဖျားနာနေသူ၊ ချောင်းဆိုးနေသူများကို စျေးရုံအတွင်းသို့ လာရောက်ခွင့်မပြုပါ။ စျေးအတွင်း ပျံကျစျေးသည်များ ရောင်းချခွင့်၊ စျေးအတွင်းဝင်ရောက်ခွင့် ခွင့်မပြုပါ။

သတ်မှတ်စည်းကမ်းများကို တိကျစွာလိုက်နာပေးကြပါရန် အထူးမေတ္တာရပ်ခံပါသည်။

စျေးအကျိုးတော်ဆောင်အဖွဲ့
အဆင့်မြင့်စျေးချိုတော်နှင့် တိုက်တန်းကြီး
၂၁.၅..၂၀၂၀ (ကြာသပတေးနေ့)

Address

No. 579, 83 Road 44×45
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Alerts

Be the first to know and let us send you an email when ကြန္ခ်ာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram