Organ Donation Innovative Strategies in Southeast Asia Myanmar

Organ Donation Innovative Strategies in Southeast Asia Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Organ Donation Innovative Strategies in Southeast Asia Myanmar, Medical and health, 30th Street, between 74-77th street, Mandale.

Organ Donation Innovative Strategies for Southeast Asia is an Erasmus+ project funded by the European Commission and jointly organised by University of Medicine Mandalay and University of Medicine (1) Yangon under Ministry of Health and Sport Myanmar.

Our 4th newsletter ❤️
25/01/2021

Our 4th newsletter ❤️

အလုပ်စားပွဲကို ရှင်းရင်းနဲ့ ဗူးလေးတွေ့လို့ ဘာပါလိမ့်ဆိုပြီးထုတ်ကြည့်လိုက်တော့ နှလုံးသွေးကြောကျဉ်းရောဂါ အတွက် အကြံပြုချက်...
21/01/2021

အလုပ်စားပွဲကို ရှင်းရင်းနဲ့ ဗူးလေးတွေ့လို့ ဘာပါလိမ့်ဆိုပြီးထုတ်ကြည့်လိုက်တော့ နှလုံးသွေးကြောကျဉ်းရောဂါ အတွက် အကြံပြုချက်ဆိုတာလေးသွားတွေ့တယ်။ ဖတ်ကြည့်လိုက်တော့ အကြံပြုချက်တွေအားလုံးက နှလုံးရောဂါသာမက ကျောက်ကပ်က် ထိခိုက်မှု ဖြစ်ပြီး ကျောက်ကပ်နာတာရှည် အားနည်းမသွားအောင် ကာကွယ်နိင်တဲ့အချက်တွေဆိုတာ သွားတွေ့တယ်။
နှလုံးနဲ့ကျောက်ကပ်ဆိုတာ ခန္ဓာကိုယ်မှာ ဆက်စပ်နေပါတယ်။ နှလုံးသွေးကြောတွေကျဉ်း/ ပိတ်ပြီး နှလုံးညှစ်အားတွေကျသွားရင် ကျောက်ကပ်ကို သွေးပုံမှန်စီးဆင်းနိင်တာ လျော့နည်းသွားပြီး ကြာရင် နာတာရှည် ကျောက်ကပ်အားနည်း/ ပျက်စီးခြင်းကို ဖြစ်စေသလို ကျောက်ကပ် ထိခိုက်ပျက်စီးလို့ နာတာရှည်အားနည်းသွားရင် နှလုံးလုပ်အား/ ညှစ်အားတွေပါကျပြီး နှလုံးအမောဖောက်ကာ အသက်အန္တရာယ် ဖြစ်စေနိင်တာပါ။
ဒါ့ကြောင့် နှလုံးလည်းကောင်း၊ ကျောက်ကပ်လေးတွေလည်း ကျန်းမာဘို့ ကြိုးစားလိုက်နာ ဆင်ခြင်ကြပါစို့။

မေတ္တာဖြင့်
ထားကြည်ဆွေ
ပါမောက္ခဌာနမှူး
ကျောက်ကပ်ရောဂါပညာဌာန, MGH

မြန်မာနိင်ငံမှာ ငယ်ငယ်နဲ့ကျောက်ကပ်ထိခိုက်အားနည်း/ ပျက်စီးခြင်းအကြောင်းအတွက် ပညာပေး (၂)ကိုရီးယားက ကျောင်းကျန်းမာရေးအစီစဉ်...
29/12/2020

မြန်မာနိင်ငံမှာ ငယ်ငယ်နဲ့ကျောက်ကပ်ထိခိုက်အားနည်း/ ပျက်စီးခြင်းအကြောင်းအတွက် ပညာပေး (၂)

ကိုရီးယားက ကျောင်းကျန်းမာရေးအစီစဉ်မှာ- သူတို့နိုင်ငံမှာ ကျောင်းဝင်စနဲ့ နှစ်စဉ် ကျောင်းဖွင့်တာနဲ့ urine RE စစ်တယ်။ School Health System မှာထည့်တယ်၊Blood pressure တွေတိုင်းတယ်။ urine RE စစ်လိုက်လို့ ဆီးထဲမှာ အသားဓာတ်- proteiuria တွေတွေ့တယ်၊ သွေးနီဥတွေတွေ့တယ်- Haematuria လို့ခေါ်တယ်ပေါ့။ IgA Nephropathy လို့ခေါ်တဲ့ ကျောက်ကပ်ယောင်ရောဂါမှာ ဆီးထဲမှာသွေးပါတာ အပြင်မှာ ရဲ ခနဲမြင်ရတာ နည်းနည်းရှားတယ်။ microscope နဲ့စစ်ကြည့်လိုက်မှ သွေးနီဥတွေပါတာ အသားဓာတ်တွေပါတာကိုတွေ့ရတယ်။ တစ်ချို့ဆိုခြေထောက်တောင်မရောင်ဘူး မျက်နှာလည်းမရောင်ဘူး ဖောလို့ဖောမှန်းတောင်မသိသာဘူး။နဲနဲဘဲ ရောင်သူဆိုတစ်ချို့မိဘတွေကလည်း ဝ တယ်ပဲထင်တယ်။တစ်ချို့ကလည်း နည်းနည်း ဝတုတ်လေးပဲ ဖောင်းတယ်ပဲ ထင်ပီး သတိမထားမိကြဘူး။ ဆီးစစ်လိုက်တော့မှ သူတို့ရဲ့ဆီးထဲမှာ သွေးနီဥတွေပါတာတွေ့တယ်။
သူတို့ဆီမှာအဲ့လိုစောစောမိတယ်ဆို Child Nephrologist -ခလေးကျောက်ကပ်အထူးကုဆီလွှဲတယ်။ စောစောစီးစီး လိုအပ်တာတွေဆက်ကုတဲ့အတွက်ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ပျက်တာ CKD တွေဖြစ်တာတွေနည်းသွားပါပြီ။
ကျွန်မတို့နိုင်ငံမှာကျတော့ ကျောင်းမဝင်မှီစစ်ဆေးရေး စီမံချက်တွေလည်း အားနည်း၊ ကျန်းမာရေးဗဟုသုတကလည်း အများစုကအားနည်းနေတော့ ဒီကလေးငယ်ငယ်လေးတွေမှာ ကျောက်ကပ်ရောင်ရောဂါ ရှိနေလားဆိုတာမသိဘူးပေါ့။ IgA Nrphropathy ကလည်း ဖြစ်ပြီဆိုရင်လည်း နောက် ၁၅ နှစ် အနှစ် ၂၀ အတွင်းမှာ CKD ပြောင်းတာကိုတွေ့ရတယ်။ စောစောသိ စောစောကုထားလိုက်နိုင်ရင်တော့ CKD ကို ငယ်ငယ်ရွယ်ရွယ်နဲ့မဖြစ်အောင် ထိန်းထားနိုင်လောက်တယ်ပေါ့။
ကျွန်မတို့နိင်ငံက ဆင်းရဲတယ်။ လူအများစုက ကြံုသလိုစား၊ မသန့်ရှင်း အဆင့်တန်းမမှီတဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားစာတွေစား သောက်နေကြရတယ်။ ညစ်နွမ်းတဲ့ပတ်ဝန်းကျင်မှာ စုပြုံနေကြရတာ များတယ်။ စောစောလည်းမသိဘူး။တစ်ချို့ဆိုသိပီးတော့လည်း ကုရကောင်းမှန်းမသိဘူး။တစ်ချို့ဆို ကုရကောင်းမှန်းသိလို့ကုပေမယ့် သေချာကုနိုင်တဲ့သူနဲ့စောစောမတွေ့ဘူး။အဲ့လိုပြဿနာတွေဖြစ်တာပေါ့နော်။
အဲ့ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်၅၀ အောက် ကျောက်ကပ်ပျက်တာတွေအရမ်းများနေတယ်။Hospital Data တွေအရ အသက် ၅၀ အောက် ကျောက်ကပ်ပျက်တာတွေ တွေ့နေရတာပေါ့နော်။
အဲ့ဒါကြောင့်ကျွန်မတို့နိုင်ငံမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ကျောက်ကပ်ပျက်တဲ့သူတွေမများအောင် အသေချာဂရုတစိုက်လုပ်ဖို့လိုတယ်။ နောက်ပီးကျွန်မတို့နိုင်ငံကလည်း နာတာရှည် ကျောက်ကပ်ပျက်ရောဂါတွေအတွက် ကြိုတင်ကာကွယ်ရေးအစီစဉ်တွေ အားနည်းတယ်။ တိုင်းပြည်ကိုယ်တိုင်ကလည်း ဖွံဖြိုးမှု အားအနည်းဆုံးနိင်ငံ -Least Developing Country ဖြစ်နေသေးတယ်။ ပြည်သူတွေကိုယ်တိုင်ကလည်းငွေရေးကြေးရေး ချို့တဲ့သူများတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ပျက်တာတွေများလာလေလေ တိုင်းပြည်က Burdern - ဝန်ပိုဖြစ်လာလေလေပေါ့။
ကျောက်ကပ်ဆေးမယ်ဆိုရင် စက်နဲ့ကျောက်ကပ်ဆေးဘို့လိုတဲ့တစိတ်တပိုင်းကို နိင်ငံတော်အစိုးရကထောက်ပံ့ပေးထားတယ်ဆိုပေမယ့် တစ်ခါတစ်ခါဆေးရင် ကုန်ကျမယ့်ကုန်ကျစရိတ်ကိုတော့ ပြည်သူတွေကိုယ့်အိတ်ထဲက စိုက်ပီးကျောက်ကပ်ဆေးရတယ်။ ပြည်သူတွေကလည်းအခွန်မဆောင်နိင်သူများနေတော့ အစိုးရက အားလုံးတာဝန်မယူနိင်ဘူးပေါ့။တစ်လ တစ်လ ကုန်ကျစရိတ်ကလည်း ၄ သိန်းနဲ့ ၇ သိန်းကြား ကုန်ကျစရိတ်ရှိတယ် ။ အဲ့တော့ ကြာလာတော့ မိသားစုကမွဲတေလာ၊ စားစရာကမရှိ၊ ပညာသင်စရာလည်းမရှိ ဒီဟာတွေနဲ့ပိုဆိုးလာတာပေါ့နော်။
ဒီပြဿနာတွေလျော့နည်းစေချင်တယ်ဆိုရင်တော့ ကျွန်မတို့နိုင်ငံတွေမှာ CKD ဖြစ်နှုန်းတွေနည်းအောင် "Prevention is better than cure " “ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်” ဆိုတဲ့ဆောင်ပုဒ်အတိုင်း School Health System တွေမှာကလေးဘဝကျောင်းနေစမှစပြီး ကျောက်ကပ်အတွက်စစ်တဲ့ ဆီးစစ်ခြင်း Urine RE စစ်ခြင်းကို ကျောင်းဝင်ချိန်တိုင်း စစစ်သင့်နေပီလို့ကျွန်မကတော့ အကြံပြုချင်တယ်။
မိမိနှင့်တကွ မိသားစုထဲမှာ ကျောက်ကပ်ယောင်သူ၊ ကျောက်ကပ်နာတာရှည်အားနည်းသူ၊ ဆီးချို၊ သွေးတိုးရှိသူ၊ နှလုံးရောဂါရှိသူ၊ SLE ရောဂါရှိသူ၊ အကိုက်ခဲပျောက်ဆေးများသောက်နေသူ၊ ACEI/ ARB စတဲ့ သွေးကျဆေး သောက်နေသူ၊ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်မှာ ကျောက်ခဏခဏတည်နေသူ၊ ဆီးပိုး ကျောက်ကပ်အထိ ခဏခဏဝင်သူ တို့သည် ကျောက်ကပ်ထိခိုက်မှုရှိမရှိ စစ်ဆေးဘို့လိုပါတယ်။
ဘာတွေစစ်ရမလဲဆိုတော့ - ဆီး- Urine RE- ဆီးထဲအသားဓါတ်၊ သွေးနီဥတွေပါမပါ၊ သွေးစစ်ဘို့က- ကျောက်ကပ်ထိခိုက်မှုရှိမရှိပြတဲ့- Creatinine စစ်ပြီး သွေးတိုးမတိုး ပုံမှန်ချိန်ပေးပါ။ ဘယ်လောက်တခါစစ်မလဲ- လူနာကိုယ်တိုင်ဆို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း၊ မျိုးရိုးရှိလို့ဆို- ၆လ/ ၁ နှစ်ဆိုသလို စစ်ဆေးပေးရပါမယ်။ စစ်ဆေးပြီးပုံမှန်မဟုတ်ရင် ဆိုင်ရာဆရာဝန်ထံ ပြပြီးဆွေးနွေးကုသပါ။
ဒါမှ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်က ပ်ပျက်တာ များနေတဲ့ တို့မြန်မာနိုင်ငံရဲ့ ဒုက္ခကြီး Burdern ကြီးကိုလျော့နည်းအောင် လုပ်ဆောင်နိုင်ပြီး နိုင်ငံတော်နဲ့ လူမျိုးအတွက် များစွားအကျိုးကျေးဇူးရှိမယ်ယုံကြည်လို့ ကျွန်မအနေနဲ့ တိုက်တွန်းလိုက်ပါရစေ။

မေတ္တာဖြင့်
ထားကြည်ဆွေ
ပါမောက္ခဌာနမှူး
ကျောက်ကပ်ရောဂါပညာဌာန

မြန်မာနိင်ငံမှာ ငယ်ငယ်နဲ့ကျောက်ကပ်ထိခိုက်အားနည်း/ ပျက်စီးခြင်းအကြောင်းအတွက် ပညာပေး (၁)1.. HSA, 15 yrs,  male, B 194Chron...
29/12/2020

မြန်မာနိင်ငံမှာ ငယ်ငယ်နဲ့ကျောက်ကပ်ထိခိုက်အားနည်း/ ပျက်စီးခြင်းအကြောင်းအတွက် ပညာပေး (၁)
1.. HSA, 15 yrs, male, B 194
Chronic GN with underlying focal crescentic GN suggestive of IgA Nephropathy
IF stain - IgA and C3- granular staining in capillary walls and mesangium ++ and +
2. AZK, age 22 yrs, lady
Chronic GN with underlying focal crescentic GN suggestive of IgA nephropathy
IgA-mesangium +,capillary wall++
C3 -mesangium +,capillary wall+
တိုက်တိုက်ဆိုင်ဆိုင် တပတ်ထဲမှာရောက်လာတဲ့ လူနာ လူငယ် ၂ ယောက်ကို အသားစယူလိုက်အပြီးတွေ့မြင်ရတဲ့အဖြေ။ သူတို့ကိုသွေးစစ်ထားတဲ့အဖြေမှာ ကျောက်ကပ်ထိခိုက်တာကိုပြတဲ့ Creatinine က တယောက်က 3.5 mg, တယောက်က 3.3 mg။ ကျောက်ကပ်အသားစယူထားတဲ့ အဖြေမှာ နာတာရှည် ကျောက်ကပ် အားနည်း (chronic kidney disease-CKD) ဖြစ်တဲ့ လက္ခဏာတွေ တွေ့နေရပြီ။ အဖြေမြင်အပြီး တို့လေးတွေရဲ့မျက်နှာကို ကြည့်ရတာ စိတ်မကောင်းအတော်ဖြစ်သွားမိတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ကျောက်ကပ်ထိခိုက်ပြီး ရောက်လာသူတွေ- မေးကြည့်လိုက်ရင် တချို့က မျက်နှာနဲ့ခြေထောက်တွေယောင်လာတာ တပတ်ပဲရှိသေးတယ်၊ တချို့က ဖောယောင်လို့ ကုနေတာ ၈ လလောက်ရှိပြီ။ တချို့က မဖောဘူး၊ သွေးတိုးတာဘဲ၊ ဆီးထဲသွေးပါတယ်လို့တော့ပြောတယ်။ ဆီးပိုးဝင်တယ်ဆိုပြီး ပိုးသတ်ဆေးပေးတာသောက်ရတယ်၊ သွေးကျဆေးသောက်ရတယ်၊ ဒါပေမယ့် ဆေးကုန်သွားတော့ ဆက်မသောက်ဖြစ်တော့ဘူး... ဒီလိုတွေကြားရတယ်။
သူတို့ကျောက်ကပ်အသားစမှာ ကျောက်ကပ်အပြင်းစားထိခိုက်တဲ့လက္ခဏာ (Focal cresentic Glomerulus) လည်းတွေ့ရတော့ ကျောက်ကပ်အရောင်ကျဆေးကို အမြန်ပေးရပါတယ်။ မပေးမီ အဆုတ်မှာ၊ တခြားနေရာမှာ ပိုးတွေရှိမရှိစစ်ဆေးရပါတယ်။ တယောက်ကတော့ကံကောင်းပြီး Creatinine က ၄ ရက်မြောက်မှာ မြန်မြန်ကျသွားတယ်။ ဖောယောင်သွေးတိုးတာ ၈ လရှိပြီဆိုတဲ့တယောက်ကတော့ ၁ လနေတဲ့အထိ သိသိသာသာကျမလာပါဘူး။ နောက်ကျပြီးရောက်လာမှ အတင်းလိုက်ကုရ​တာ အဆင်မပြေတတ်ပါဘူး။ နာတာရှည် ကျောက်ကပ်အားနည်း/ပျက်တဲ့စီသို့ ဦးတည်သွားတတ်ပါတယ်။
သူတို့လေးတွေကိုတွေ့လို့ မြန်မာနိင်ငံမှာ ငယ်ငယ်နဲ့ ကျောက်ကပ်ပျက်ရခြင်းအကြောင်းလေးကို သိပ်ပြောချင်မိသွားတယ်။ ဒါ့ကြောင့် အသံဖိုင်ကို တပည့်လေး ဇင်ကိုကိုစီ ပို့လိုက်ပြီး ရေးပေးဘို့အကူညီတောင်းဖြစ်သွားတယ်။ ကျွန်မလက်ချောင်းတွေက အရင်လို ဖုန်းမှာ အများကြီးမရိုက်နိင်တော့လို့ပါ။
ကျွန်မ ကျောက်ကပ်ရောင်ရောဂါ နဲ့နာတာရှည်ကျောက်ကပ်အားနည်းရောဂါ ( CKD ) တွေအကြောင်းကို Face Book ပေါ်မှာ ပညာပေးစာ တွေ ခဏ ခဏ ရေးဖူးတယ်။
တိုးတက်ပီးနိုင်ငံတွေမှာ နာတာရှည်ကျောက်ကပ်ပျက်ရောဂါ (CKD) ရောဂါက အသက် ၆၀ ကျော်မှာ ဆီးချို၊ သွေးတိုးတို့ တို့ကြောင့် အဓိကဖြစ်တာများတယ်။
ဒါပေမယ့် ကျွန်မတို့နိုင်ငံမှာကျတော့ အဲ့လိုမဟုတ်ဘူး အသက် ၅၀ အောက်ကတည်းက နာတာရှည်ကျောက်ကပ်ပျက်ရောဂါတွေ အဖြစ်များနေတာကိုတွေ့ရတယ်။ တစ်ခြားနိုင်ငံတွေလို ဆီးချို၊ သွေးတိုးတွေကြောင့် ကျောက်ကပ်ပျက်တာတွေလည်း တွေ့ရသလို ကျောက်ကပ်ယောင်တာကနေ CKD ဖြစ်သွားတာပါ အတွေ့များနေပါတယ်။
အရှေ့တောင်အာရှနဲ့ အာရှနိုင်ငံတွေမှာ အသက် ၅၀ အောက် ကျောက်ကပ်ရောင်ရောဂါသည်တွေကို လေ့လာကြည့်တဲ့အခါမှာ IgA Nephropathy လို့ခေါ်တဲ့ ရောဂါတစ်မျိုးကြောင့် အသက်ငယ်ငယ်လေးနဲ့ နာတာရှည်ကျောက်ကပ်ပျက်ရောဂါ ဖြစ်နေတာကို ကျွန်မတို့တွေ့ရှိရတယ် ။ ဒီ IgA Nephropathy နဲ့ ပတ်သတ်ပီး ဗိုလ်မှူးကြီး /ပါမောက္ခခင်မောင်မောင်သန်းကလည်း စာတန်းလုပ်ခဲ့ဖူးတယ် ။ ပီးတော့ ကျွန်မတို့ နေ့စဉ်အလုပ်လုပ်နေတဲ့အချိန်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ရောင်ရောဂါသည်တွေကို အသားစယူကြည့်လိုက်တဲ့အခါမှာ ဒီ IgA Nephropathy လို့ခေါ်တဲ့ ကျောက်ကပ်ရောင်ရောဂါက အတွေ့များတာကို လေ့လာတွေ့ရှိရတယ်။
ကျွန်မတို့နိုင်ငံမှာ ယခင်ကဒီ IgA Nephrology နဲ့ပတ်သတ်ပီး Direct Immunofluororescence နဲ့ကြည့်တာတွေကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး ။အရင်က ရန်ကုန် National Health Lab ကလည်း Direct Immunofluororescence (IF)မဟုတ်ဘဲ indirect Immunostain ပဲလုပ်နိုင်သေးတာပေါ့။
ဒါပေမယ့် အခုနောက်ပိုင်း ၁နှစ်အတွင်းမှာ ရန်ကုန်ပြည်သူ့ဆေးရုံ
ကြီး Pathologist Professor Dr U Myo Thet Tin က ဦးဆောင်ပီး Direct Immunofluorescence နဲ့ Immuno stain တွေ ကြည့်လို့ရနေပါပြီ။
မန္တလေးမှာ DSMA ကPathologist Dr ဇင်ဖြိုးလှိုင်ရဲ့ အကူအညီနဲ့ Direct IF ကို လုပ်နေတာတော့ ၂ နှစ်ကျော်ပါပြီ။သူ့အကူညီနဲ့ ထပ်ဆင့်ပြီး MGH မှ SCS Dr ဖြူဖြူထွဋ်တို့ကလည်း Direct Immunofluorescence နဲ့ Immuno stain အသုံးပြုပီး ရောဂါ ရှာဖွေပေးနေကြပါပြီ။
ကျွန်မတို့ Doctrate ကျောင်းသားလေးဖြစ်တဲ့ Dr Aung Kyaw Myint ကလည်း ဒီ IgA Nephropathy နဲ့ ပတ်သက်ပီး Thesis လုပ်နေတယ်ဆိုတော့ ပစ္စည်းတွေမှာတယ်၊ အခုသူလည်းမကြာခင်စာမွေးပွဲဖြေရတော့မယ်။ Dr ဇင်ဖြိုးလှိုင်၊ Dr ဖြူဖြူထွဋ်တို့ အကူအညီနဲ့ IgA Nephropathy တွေဘယ်လောက်ပေါလည်းဆိုတာ လေ့လာပီး သူ့ရဲ့စာတန်းကလည်းမကြာမီ ထွက်ရှိလာတော့မှာပါ။
IgA Nephropathy ကြောင့်ငယ်ငယ်ရွယ်ရွယ် နဲ့ ကျောက်ကပ်ပျက်တယ်ဆိုတဲ့အကြောင်း Singapore က Journal တစ်ခုမှာဖတ်လိုက်ရတယ်။
သူတို့နိုင်မှာ အနှစ် ၄၀ အတွင်းကျောက်ကပ်ရောင်ရောဂါသည်တွေ ဘယ်လိုမျိုး အပြောင်းလဲရှိတယ်ဆိုတာကို လေ့လာကြည့်တဲ့အခါမှာ ဟိုး ပထမဆုံး နှစ် ၄၀ စစချင်း ပထမဆုံး လုပ်တဲ့ ၁၀ နှစ်အတွင်း IgA Nephropathy ဟာ အများဆုံးပါဘဲ။ စင်ကာပူနိုင်ငံမှာသာမက အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား ဂျပန် ထိုင်း တို့မှာလည်း IgA Nephropathy က ထိပ်ဆုံးကလိုက်တယ်။ နောက်ပိုင်း ၁၀ နှစ်စာ ၁၀ နှစ်စာ အသားစ ယူထားတာကို လေ့လာကြည့်တဲ့အခါမှာတော့ IgA Nephropathy တွေက တဖြည်းဖြည်းနဲ့ လျော့ကျလာတာကိုတွေ့ရတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ သူတို့နိုင်ငံတွေမှာ western life style တွေပိုများလာတဲ့အတွက်ကြောင့် လူတွေက တစ်နေ့တစ်ခြား ပိုပို ဝလာကြတယ်။ ဝ တဲ့ လူတွေမှာ အဖြစ်များတဲ့ Focal segmental Glomerunephtitis နဲ့ Membranous Glomerulonephritis လို့ခေါ်တဲ့ ကျောက်ကပ်ရောင်ရောဂါတွေ အဖြစ်များလာတော့တာပေါ့။
အရင်က သူတို့နိုင်ငံတွေမှာ IgANephropathy တို့ Mesangioproliferative Glomerulonephritis တို့ Minimal Change Glomerulonephritisတို့ တွေ့ရများတယ်။ အဓိက အဲ့ရောဂါတွေက ဆင်းရဲတဲ့နိုင်ငံတွေမှာ အဖြစ်များတယ်။ အစားအသောက်ထဲမှာမသန့်ရှင်းတာတွေပါလို့ ရောဂါပိုးတွေ သန်ကောင်တွေ Bacteria ပိုးမွှားတွေ virus ပိုးတွေ က အစာအိမ်နဲ့အူလမ်းကြောင်းက mucosa လို့ခေါ် အပေါ်ယံ အမြှေးပါး ကိုထိခိုက်၊ air pollution - လေထုညစ်ညမ်းတာတွေ၊ လေပြွန်ထဲ ပိုးခဏခဏဝင်ပြီး ဖျားနာတာတွေကြောင့် တွေ၊ environmental disease တွေကြောင့် ခန္ဓာကိုယ်ရဲ့ immune system- ရောဂါပြီးစနစ် ကိုလာနှိုးဆွလို့ ဒီလို ကျောက်ကပ်ရောင်ရောဂါတွေဖြစ်တာများတယ်ပေါ့။
အခုအချိန်မှာ သူတို့နိုင်ငံတွေက ချမ်းသာလာကြပြီဆိုတော့ living standard မြင့်မားလာလို့ ဒီပိုးမွှားတွေ၊ air pollution တွေ environmental factor တွေကြောင့်ဖြစ်တဲ့ ကျောက်ကပ်ရောင်ရောဂါ IgA Nephropathy၊ mesangial proliferative GN တို့က သက်သာလျော့နည်းလာတယ်။ ဒါပေမယ့် အဝလွန်ခြင်းကြောင့်ဖြစ်လာတဲ့ Focal Segmental Glomerulonephritis လို့ခေါ်တဲ့ ကျောက်ကပ်ရောင်ရောဂါက တစ်ဖြည်းဖြည်းများလာတာတွေ့ရတယ်။
Korea ကဆရာ Professor Oh က လည်းပြောတယ်- အရင်က သူတို့ဆီမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ကျောက်ကပ်ပျက်စေတဲ့ IgA Nephropathy တွေပေါတယ်၊ ခုတော့လျော့လာပြီတဲ့။ ငယ်ငယ်နဲ့ ကျောက်ကပ်ပျက်တာလည်း နည်းလာပြီတဲ့။ အသက် ၆၀ ကျော်မှ CKD အဖြစ်များလာတာတဲ့။

(အပိုင်း ၂ ဆက်ရန်)

မေတ္တာဖြင့်
ထားကြည်ဆွေ
ပါမောက္ခဌာနမှူး
ကျောက်ကပ်ရောဂါပညာဌာန

22/12/2020

ODISSeA Myanmar wishes you happy holidays.

I would like share some memories of Local Seminar 2 of Post Graduate Certificate Course for Organ Donation,UMM.Massive t...
01/12/2020

I would like share some memories of Local Seminar 2 of Post Graduate Certificate Course for Organ Donation,UMM.
Massive thanks to all the project team, trainers and trainees for their active participation.❤️

ကျောက်ကပ်နာတာရှည်ပျက်စီးခြင်းမှ ကာကွယ်နိင်ရန် သတိပေးနှိုးဆော်ခြင်းမနေ့က Dialysis သင်တန်းလာတက်တဲ့ SAS Dr ပြည့်စုံနဲ့ ဆွေး...
20/11/2020

ကျောက်ကပ်နာတာရှည်ပျက်စီးခြင်းမှ ကာကွယ်နိင်ရန် သတိပေးနှိုးဆော်ခြင်း

မနေ့က Dialysis သင်တန်းလာတက်တဲ့ SAS Dr ပြည့်စုံနဲ့ ဆွေးနွေးပွဲတခုအတွက် ပြင်ဆင်နေရင်း သူက "အမရေ၊ ကျောက်ကပ်ပျက်တဲ့သူတွေ အရမ်းများလာပြီနော်၊ Media တခုအကူညီတောင်းပြီး အထပ်ထပ်သတိပေးရအောင် လုပ်ရအောင်" တဲ့။ "ကျွန်တော်တို့နိင်ငံကလူအများစုက ဂရုမစိုက်ကြဘူး၊ ကျန်းမာရေး အသိမြင် ဗဟုသုတ အားနည်းကြတယ်၊ အားလုံးပါဘဲ။" သူ့ရဲ့စကားက ကိုယ့်ကို လူအများကို သတိပေးဘို့ နှိုးဆော်စေတယ်။ ရေးအုံးမယ်၊ ရေးအုံးမယ်ဆိုတဲ့စိတ်ကူးကို အမြန်အကောင်ထည်ပေါ်စေတယ်။
အရင်လည်း ရေးဘူးပါတယ်၊ ခုလစဉ်ကို Facebook ကနေ မှန်မှန်သတိပေးဘို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ်အမြန်ဆုံးနဲ့ အလွယ်ဆုံး အသုံးချနိင်တာ ဒီ media ရှိတာကိုလေ။

ကျောက်ကပ်ကို နာတာရှည်ထိခိုက်ပျက်စီးစေတဲ့ အဓိကအကြောင်းတွေကတော့ -
၁၊ ဆီးချို
၂၊ သွေးတိုး
၃၊ ကျောက်ကပ်ယောင်ရောဂါ၊ မွေးရာပါ ကျောက်ကပ်ရောဂါရှိသူ
၄၊အသက် ၆၀ ကျော်သော လူကြီးများ၊
၅၊ဆေးလိပ်သောက်သူ
၆၊အဝလွန်သူ
၇၊မိသားစုထဲတွင် ကျောက်ကပ် နာတာရှည်အားနည်းရောဂါရှိသူ
၈၊နှလုံးနှင့် နှလုံးသွေးကြောတို့ ထိခိုက်မှုရှိနေသူ၊ နှလုံးအားနည်းနေသူ
၉၊ဆီးလမ်းကြောင်းနှင့်ဆိုင်သောရောဂါရှိသူ- ဆီးလမ်းကြောင်းကျောက်တည်ခြင်း၊ ပိတ်ဆို့ခြင်း၊ ဆီးလမ်းကြောင်းထဲ မကြာခဏ ပိုးဝင်၍ ကျောက်ကပ်ထိအောင် ပိုးမကြာခဏ ပြန့်ပွားခြင်း
၁၀၊ခန္ဓာကိုယ်၏ရောဂါပြီးစနစ်ပျက်စီး၍ သဟဇာတမဖြစ်ဘဲ မိမိ၏ အတွင်းကိုယ်အင်္ဂါများ ထိခိုက်ပျက်စီးခြင်း- ဥပမာ SLE ရောဂါ
၁၁၊ကျောက်ကပ်ကိုထိခိုက်စေသည့် ဆေးများ ရေရှည် စွဲသောက်နေသူ- ဥပမာ- အကိုက်ခဲပျောက်ဆေးများ၊ ACEI ၊ ARB စသည်တို့ပါဝင်သည့် သွေးကျဆေးတို့သောက်နေပြီး ကျောက်ကပ်ထိခိုက်မှုရှိ မရှိပြန်လည်စစ်ဆေးခြင်း မလုပ်နိင်သူ၊ လုပ်ရန်အခက်ခဲရှိသူ- ဥပမာ နယ်အစွန်အဖျားတွင်၊ သွားလာမှုခက်ခဲသောနေရာတွင် နေထိုင်နေ၍ သွေးစစ်ဆေးရန်ခက်ခဲသူ
၁၂၊အသည်းရောဂါရှိသူ

အထက်ပါလူအများ၊ အကြောင်းအရာများသည် နာတာရှည်ကျောက်ကပ်ပျက်စေနိင်သည့် အကြောင်းများ ဖြစ်သောကြောင့် မိမိမှာ ဒီလိုအခြေနေတွေ ရှိနေရင် ကျောက်ကပ်ထိခိုက်မှု ရှိနေပြီလားဆိုတာ မှန်မှန်စစ်ဆေးသင့်ပါတယ်။

ဘာတွေစစ်ရမလဲ၊
၁၊သွေးမှာ Creatinine စစ်ပါ
၂၊ဆီးမှာ အသားဓါတ် ပါမပါစစ်ပါ၊ ဓါတ်ခွဲခန်းက လုပ်ပေးနိင်ရင် ဆီးထဲမှာပါတဲ့ Albumin - Urinary Albumin Creatinine Ratio (UACR) စစ်ပါ
၃၊သွေးပေါင်မှန်မှန်တိုင်းပါ

ဆရာဝန်ကလည်းစစ်ဆေးပေးနိင်တယ်၊ လူနာက မိမိဖါသာစစ်ပြီး အဖြေကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်လောက်တခါစစ်ရမလဲ၊
အရေးကြီးရင် ရက်ပိုင်းကနေ အပတ်စဉ်၊ လစဉ်။
နဲနဲအရေးကြီးရင် ၃ လတခါ၊ ပုံမှန်လေးထိမ်းမိနေရင် ၄လ- ၆ လတခါ၊ လုံးဝအကောင်း၊ ပုံမှန်စစ်ဆေးဘိုဲ့ဆို ၁ နှစ်တခါ။

မြန်မာနိင်ငံသားအားလုံး ကျောက်ကပ် နာတာရှည် ပျက်စီးခြင်းမှ ကင်းဝေး၊ သက်သာပြီး ချမ်းသာစွာနေနိင်ကြပါစေ။
ကျောက်ကပ်ဆေးနေရသဖြင့် မိသားစု ဆင်းရဲခြင်းမှ လွတ်ကင်းကြပါစေ။
ကျောက်ကပ်အစားထိုးလိုက်ရသဖြင့် ရှိတာ ပြောင်သွားတာ မဖြစ်ကြပါစေနင့်။
ကျောက်ကပ်ပျက်၍ ဆေးမကုနိင်သဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် အသက်မဆုံးကြပါစေနှင့်။

မေတ္တာဖြင့်
ထားကြည်ဆွေ

References: Conprehensive Clinical Nephrology 5th edition
KDIGO guideline- 2012
Important update in the early detection and management of chronic kidney disease (General practioner worksop2013, Kidney Health Australia)

Our Newsletter 1 issued in 2019!
30/07/2020

Our Newsletter 1 issued in 2019!

Introduction to ODISSeA (Organ Donation Innovative Strategy in South East Asia)မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ ကျောက်...
13/07/2020

Introduction to ODISSeA (Organ Donation Innovative Strategy in South East Asia)
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ ကျောက်ကပ်အစားထိုးခြင်း လုပ်ငန်းတွေကို ၂၀၀၂ ခုနှစ်ကစပြီး ဆရာကြီးဦးခင်မောင်ဌေးနဲ့ ဆရာကြီးဦးတိုးလွင်တို့ ရှိနေစဉ်မှာ ဆရာကြီးဦးပိုင်စိုး၊ ဆရာကြီးဦးသန်းအေးတို့ အကူညီနဲ့ အစပြု လုပ်ဆောင်ခဲ့ပါတယ်။ ခုဆို ၇၈ တွဲ လုပ်ပြီးပါပြီ။ အသက်ရှိတဲ့သူတွေကနေ ကိုယ်အင်္ဂါတွေ ယူပြီးလုပ်ရတာကျောက်ကပ်ကော အသည်းအစားထိုးမှာကော အောင်မြင်သလောက် ဖြစ်နေပါပြီ။

အသက်ရှိသူတွေဆီက ကိုယ်အင်္ဂါတွေယူရတာ လှူသူအတွက် ဘာများထိခိုက်မှုရှိမလဲ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေရပါတယ်။ စေတနာနဲ့လှူတယ်ဆိုတဲ့နောက်ကွယ်မှာ ငွေကျေးပတ်သက်မှု/ အရောင်းအဝယ် ဆိုတဲ့ပြဿနာတွေအနည်းနဲ့ အများဆိုသလို ရှိကြတယ်လို့ ပြန်ကြားရတယ်။

ဒီပြဿနာတွေကြောင့် တိုးတက်ပြီးတဲ့နိင်ငံတွေမှာ အသက်ရှိတဲ့ လူရှင်ကထက်စာရင် လတ်လတ်ဆတ်ဆတ် သေဆုံးပြီးစ (Brain death ရ၍သေဆုံးသူ/ နှလုံးရုတ်တရက်ရပ်၍သေဆုံးသူ) သူတို့ဆီက ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေယူပြီး အစားထိုးတာ လုပ်လာကြပါတယ်။ အောင်မြင်မှုတွေလည်း ရကြပါတယ်။

ကျွန်မတို့နိင်ငံမှာလည်း ဒီလို ခေါတ်မှီတိုးတက်နေတဲ့ နိင်ငံတွေနဲ့ အမှီလိုက်နိင်အောင် ကြိုးစားနေပါတယ်။ ခုဆို မြန်မာန်င်ငံမှာ Brain death ရနေတဲ့သူဆီက ကကိုယ်အင်္ဂါယူပြီး အစားထိုးခြင်း (Deceased donor transplant- DDT) ကိုလုပ်နိင်အောင် တောင်ကိုရီးယားနိင်ငံက ၂၀၁၅ က အစပြု ကူညီနေခဲ့တယ်။

EU ရဲ့ Erasmus + programme of Europion Union ရဲ့အကူညီအထောက်ပံ့နဲ့ ၂၀၁၈ ကစပြီး မန္တလေးဆေးတက္ကသိုလ်နဲ့ ရန်ကုန်ဆေးတက္ကသိုလ် ၁ တို့မှာ DDT ကို ရေရှည်ပြန့်ပွါးနိင်အောင်၊ ထူထောင်နိင်အောင် ရည်ရွယ်ချက်နဲ့ Certificate course ဖွင့်နိင်အောင် ကြိုးစားနေကြပါတယ်။

ဒီပညာရပ်ကို ကောင်းကောင်းထူထောင်ပြီးရင် ရလာမယ့်အကျိုးကျေးဇူးက နာတာရှည် ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးနေသူတွေကို အလှူရှင် အလွယ်တကူရပြီး အစားထိုးနိင်မယ်။ ငွေကြေးနဲ့ ကိုယ်အင်္ဂါရောင်းဝယ်မှုတွေ လျော့နည်းသွားမယ်။
တိုင်းပြည်က ဆင်းရဲတော့ လည်းကောင်းရဲ့ အကျိုးဆက်တွေဖြစ်တဲ့ ကိုယ်အတွင်းအင်္ဂါတွေ နာတာရှည် ပျက်စီးသော ရောဂါများ ( ဥပမာ; ကျောက်ကပ်နာတာရှည်ပျက်စီးခြင်း- chronic kidney disease/ CKD၊ အသည်းနာတာရှည် ပျက်စီးခြင်း/ အသည်းခြောက်ခြင်း- cirrhosis of liver၊ နှလုံး၊ အဆုတ် နာတာရှည်ပျက်စီးခြင်းများ) တဖြည်းဖြည်း တိုးတိုးများလာသလို ဆင်းရဲတော့ ကိုယ့် ကိုယ်တွင်း အင်္ဂါတွေ ရောင်းစားတာတွေ များလာတယ်။ ရောဂါဖြစ်တဲ့သူကလည်း လူမမာမို့၊ ကိုယ်အင်္ဂါ လှူထားသူကလည်း သူ့မှာ ကိုယ်အင်္ဂါချို့တဲ့သွားလို့ အလုပ်ကောင်းကောင်းမလုပ်နိင်တော့ဘူး ဖြစ်လာကြတယ်။

ဒီပုံအတိုင်းဆို နောင် ဆယ်နှစ်၊ အနှစ် နှစ်ဆယ်လောက်ဆို မြန်မာပြည်မှာ အလုပ်လုပ်နိင်တဲ့သူ တော်တော်ရှားသွားနိင်တယ်။ (ဆက်ရန်ရှိသေးသည်)

Address

30th Street, Between 74-77th Street
Mandale

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Organ Donation Innovative Strategies in Southeast Asia Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram