Myat Thukha Mawlamyaing

Myat Thukha Mawlamyaing We provide out patient department services and inpatient and rehabilitation packages for various men

OCD ဆိုသည်မှာ 💚 ဖြစ်ရပ် ၁ညိုညိုနိုင်(နာမည်ရင်းမဟုတ်)က အသက် ၁၇ နှစ်ရှိပါပြီ။ သူ့အဖေက သူ့ကို စိတ်ရောဂါအထူးကုဆရာ၀န်ဆီခေါ်လာ...
08/01/2024

OCD ဆိုသည်မှာ

💚 ဖြစ်ရပ် ၁

ညိုညိုနိုင်(နာမည်ရင်းမဟုတ်)က အသက် ၁၇ နှစ်ရှိပါပြီ။ သူ့အဖေက သူ့ကို စိတ်ရောဂါအထူးကုဆရာ၀န်ဆီခေါ်လာတဲ့အချိန်မှာ သူ့မျက်နှာက ရှက်ရွံ့အားငယ်နေပုံပေါ်ပါတယ်။
အဖေ= 'ဆရာ အရင်လိုပြန်ဖြစ်လို့ပါ၊ အရင်တခါနဲ့တော့ မတူဘူးဆရာ။'

ဆရာ='ဒီတခါ ဘယ်လိုဖြစ်လဲ။'

အဖေ='ခုတခါက အိမ်သာ၀င်ရင် အကြာကြီးဖြစ်နေတယ်ဆရာ။ သူ့အမေက လိုက်ချောင်းကြည့်တော့...'

ဆရာ='သမီး ဘယ်လိုခံစားရလဲ ပြောပြပါအုံး။'

'သမီး..သမီး အိပ်မက်မက်ပြီးတော့ ...။နိုးလာတဲ့အခါကျတော့ သမီးတို့ဘာသာရေးအရပေါ့နော် အဲလိုဖြစ်ရင် မသန့်ရှင်းဘူးလို့ခံစားရတယ်။ အဲဒါကြောင့် အိမ်သာ၀င်ပြီး သန့်ရှင်းရေးလုပ်တာပါ။ သမီးစိတ်ထဲမှာ မသန့်ဘူးလို့ထင်ပြီး ထပ်ခါထပ်ခါဆေးရင်းနဲ့။'

အဖေ='သူ့ကို အိမ်ထောင်ချထားပေးဖို့လည်း အစီအစဥ်ရှိတယ်ဆရာ။ အိမ်ထောင်ချပေးလိုက်ရင် အဆင်ပြေပါ့မလား။'

ဆရာ='အိမ်ထောင်ပြုလိုက်ရင် ဘယ်လိုဖြစ်မလဲ ​ခန့်မှန်းရခက်တယ်ဗျ။ သက်သာသွားတာလည်း ဖြစ်နိုင်တယ်၊ ဆိုးမြဲဆိုးနေတာလည်း ဖြစ်နိုင်တယ်။ သက်သာမှ အိမ်ထောင်ပြုတာတော့ ကောင်းမယ်ထင်တယ်။ သူ့အိမ်ထောင်ဖက်ကိုလည်း ပြောပြထားသင့်တယ်။'

ကောင်မလေးက မွတ်စလင်ဘာသာ၀င်ဖြစ်ပြီး အသက် ၁၅/၁၆ လောက်မှ ဒီရောဂါ စဖြစ်လာတာပါ။ ​အရင်တခါဖြစ်တာက ရေအကြာကြီးချိုးတာ။ ရေချိုးရင် ရပ်ခိုင်းလို့မရပဲ နာရီနဲ့ချီပြီးကြာနေလို့ ဒုက္ခဖြစ်ရတာ။ သူ့အဖေက ဗီဒီယိုရိုက်ယူလာပြီး ဆရာ၀န်ကိုပြပါတယ်။ ဆရာပေးတဲ့ဆေးသောက်လိုက်ပြီးနောက် သက်သာသွားတော့ ပြန်မလာတော့ဘူး။ ခုတခါပြန်ဖြစ်လာလို့ ပြန်လာတာပါ။ ဒီတခါဖြစ်တာက အိပ်မက်မက်ပြီး ဆန္ဒပြီးမြောက်သွားရင် သူ့ဘာသာရေးအရ မသန့်ရှင်းဘူးလို့ခံယူပြီး သန့်ရှင်းရေးလုပ်တယ်။ လုပ်တဲ့အခါမှာ မသန့်သေးဘူးလို့စိတ်စွဲပြီး ဆေးကြောလို့မပြီးနိုင်ဖြစ်နေတယ်။ မကြာခဏလည်း အိမ်သာ၀င်ပြီးစစ်ကြည့်နေရတယ်။ ၂ ခါလုံးက မသန့်မှာကို စိတ်စွဲတာချင်း တူပါတယ်။ သူ့ကို အိုစီဒီ(OCD=Obsessive-compulsive disorder) ရောဂါလို့ အမည်တပ်လို့ရပါတယ်။ သူ့အဖေကလည်း တခါတလေအပြင်ထွက်ရခက်တဲ့အထိ စိတ်ပူပန်မှုများတဲ့ရောဂါ ရှိပါတယ်။
ဒီတကြိမ်လည်း ပထမတခါပေးတဲ့ဆေးပဲ ပြန်သောက်ရင်း တဖြည်းဖြည်းချင်း သက်သာသွားပါတယ်။ သမီးလေးကို အိမ်ထောင်ချပေးလို့ရပြီလားဆရာလို့မေးပြီး သူ့ယောကျ်ားက ဆက်ပြပေးပါလိမ့်မယ်လို့ ပြောသွားပါသေးတယ်။

💚 ဖြစ်ရပ် ၂

ဦးကျော်သူရ(နာမည်ရင်းမဟုတ်)က အသက် ၄၀ ကျော် ဆရာ၀န်တဦးပါ။ သူရဲ့ ခံစားရပုံကို အခုလို ပြောပြပါတယ်။

'ကျနော် ဖြစ်တာကြာပါပြီ။ ကျနော်က ၄ ဂဏန်းကို ကြောက်တာဆရာ။ ၄ ဂဏန်းနဲ့ပတ်သက်တာတခုကြုံလာပြီဆိုရင် ကျနော် ဘယ်လိုမှနေလို့မရဘူး။ မုန့် ၄ ခုစားမိတယ်ဆိုပါတော့၊ ၄ ခုမဖြစ်အောင် ၅ ခုမြောက်ထပ်စားလိုက်ရတယ်။ အဲဒီလို ၄ ခုတွေကိုမဖြစ်လာအောင် ရှောင်နေရတာနဲ့ပဲ စိတ်ဖိစီးလွန်းလို့။'

'ဘာလို့ ၄ ဂဏန်းလဲ'

'ကျနော်ငယ်ငယ်က လူကြီးတွေက မင်း လေးလေး လေးလေး မလုပ်နဲ့နော် လို့ ပြောတာ။ မင်း လေး သွားမယ်နော် လို့ ပြောတာ စွဲသွားပြီး ဖြစ်တာထင်တာပဲ။'

သူပြောတဲ့အတိုင်းဖြစ်နိုင်လား၊ မပြောတတ်ပါဘူး။ သူ့ဦးနှောက်က ဆီလျော်မယ်ထင်တဲ့အဖြေတခုကို ထုတ်ပေးတာလည်း ဖြစ်နိုင်ပါတယ်။ သူက တကိုယ်တည်းသမားပါ၊ 'တော် ၄ ၀' ၀င်တဲ့သူတွေကို စိတ်မ၀င်စားဘူးထင်ပါရဲ့။ သစ္စာ ၄ ပါးနဲ့ရော ပြဿနာတက်နေဦးမလား။

💚 ဖြစ်ရပ် ၃

စိတ်ဆေးရုံတခုမှာ၊ လူနာ အဒေါ်ကြီးက ဆရာ၀န်ကလေးကို အားနာရှက်ရွံ့နေပုံရပါတယ်။

'ကျမမှာ အရမ်းဒုက္ခရောက်ပါတယ်။ လူတွေကိုလည်း အားနာရတယ်။ နှုတ်မဆက်မိအောင် သတိထားနေရတယ်။'

'ဘာဖြစ်လို့လဲ။'

'နှုတ်ဆက်မိရင် ရပ်လို့မရလို့ပါ။'

သူ့မှာ ဆရာ၀န်ကို သွားတော့မယ်နော် လို့ နှုတ်ဆက်မိရင် ထပ်ခါထပ်ခါ နှုတ်ဆက်စကားပြောနေမိတဲ့ရောဂါပါ။ ဒီလိုဖြစ်နေတာ လွဲနေမှန်းသိပေတဲ့ မလုပ်ရမနေနိုင်ဖြစ်နေတာပါ။

OCD ရောဂါသည်တချို့ရဲ့ ဖြစ်ရပ်တွေပါ။ အလားတူဖြစ်ရပ်မျိုးစုံ၊ပုံစံမျိုးစုံ ခံစားနေကြရတဲ့ OCD ရောဂါရှင်တွေ အများကြီးပါပဲ။

'OCD ရဲ့ အဓိကလက္ခဏာ'

OCD ရောဂါရဲ့ အဓိကလက္ခဏာက အတွေးတခုခုက ကိုယ်မလိုချင်ပေတဲ့ အထပ်ထပ်ပေါ်လာနေပြီး ဖျောက်မရဖြစ်နေတာနဲ့၊ တခုခုကိုမလုပ်ရမနေနိုင် စိတ်ကစေ့ဆော်မှုဖြစ်လာတတ်ပြီး မလုပ်ရမချင်းစိတ်ဖိစီးမှုတွေတက်လာနေတာကို မခံမရပ်နိုင်ဖြစ်လို့ လုပ်လိုက်ရမှစိတ်ဖိစီးမှုလျော့သွားတာတွေပါပဲ။ ထင်ယောင်ထင်မှားအာရုံဖောက်ပြန်တဲ့လက္ခဏာနဲ့မတူတာက ဒီအတွေးတွေ၊ပုံရိပ်တွေ၊ အပြုအမူတွေကို မဆီလျော်မှန်း၊ ကိုယ်တိုင်မလိုလားမှန်း သိနေတာပါ။ သိနေပေတဲ့ ထိန်းရလည်းခက်နေတယ်။ မထိန်းနိုင်လို့တဖြည်းဖြည်းပိုဆိုးလာတာနဲ့အမျှ နေ့စဥ်ဘ၀မှာ အနှောက်အယှက်ဖြစ်လာပါတော့တယ်။

👉 OCD ဘာကြောင့်ဖြစ်တာလဲ

OCD ရောဂါ ဘာကြောင့်ဖြစ်တာလဲဆိုတာ သိမှ ဘယ်လိုကုရမလဲဆိုတာ သိနိုင်မှာပါ။ တခြားစိတ်ရောဂါတွေလိုပဲ OCD ရောဂါဖြစ်ရတဲ့အကြောင်းရင်းကို အတိအကျမသိသေးပါဘူး။ ဖြစ်နိုင်တယ်လို့ ယူဆထားချက်တချို့နဲ့ ကုသမှုတွေအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။

အဲဒါတွေကတော့
၁၊ ဆီရိုတိုနင် (Serotonin)
၂၊ဒိုပါမီး (Dopamine)
၃၊ရောဂါပိုး၀င်ခြင်းနဲ့ခုခံအားစနစ်တုန့်ပြန်မှု
၄၊ဦးနှောက်ပတ်လမ်းကြောင်းပြဿနာ
၅၊အခြားစိတ်ရောဂါ
ဖြစ်ပါတယ်။

၁၊ဆီရိုတိုနင်
OCD ဖြစ်စေရာမှာ ဆီရိုတိုနင် ခေါ် 5HT1B ပါ၀င်ပတ်သက်မှုရှိတယ်ဆိုတဲ့အယူအဆပါ။ 5HT ကို ထိန်းညှိအားပေးတဲ့ဆေးတွေပေးရာမှာ ရောဂါသက်သာထိရောက်မှုရှိတာတွေ့ရပါတယ်။

၂၊ဒိုပါမီး
Midbrain မှာ ဒိုပါမီးထုတ်လွှတ်တာများနေလို့ဆိုတဲ့အယူအဆပါ။ ဒီအတွက် ဒိုပါမီးဟန့်တားတဲ့ဆေးတွေပေးကြည့်ရာမှာ ထိရောက်မှုရှိပုံပေါ်ပါတယ်။

၃၊ရောဂါပိုး၀င်ပြီး ခုခံအားစနစ်တုန့်ပြန်ခြင်း
ငယ်ဘ၀မှာ Streptococcus ရောဂါပိုး၀င်ခဲ့ရာကနေ ခုခံအားစနစ်တုန့်ပြန်မှုကြောင့် ဦးနှောက်မှာ ရောဂါဖြစ်ပုံရတယ်ဆိုတဲ့တွေ့ရှိချက်နဲ့အယူအဆဖြစ်ပါတယ်။

၄၊ဦးနှောက်ပတ်လမ်းကြောင်းပြဿနာ
Frontal cortex-basal ganglia-thalamus လမ်းကြောင်းမှာ ပြဿနာရှိနေပုံရပါတယ်။ ခေါင်းဒဏ်ရာရရင်လည်း ဒီလမ်းကြောင်းကိုထိခိုက်မှုရှိနိုင်ပါတယ်။ ဒီအတွက် ဦးနှောက်နှိုးဆွတဲ့နည်းတွေ၊ ခွဲစိတ်တဲ့နည်းတွေ စမ်းသပ်အသုံးပြုကြတာရှိပါတယ်။

၅၊အခြားစိတ်ရောဂါတွေ
စကစ်ဇိုဖရန်းနီးယား၊ စိတ်အတက်အကျရောဂါစတဲ့အခြားစိတ်ရောဂါတွေနဲ့လည်း OCD လက္ခဏာတွေတွဲတွေ့ရတတ်ပါတယ်။ ဆိုင်ရာရောဂါတွေကိုအဓိကထားကုသရပါတယ်။

အထက်ပါနည်းတွေအပြင် အပြုအမူဆိုင်ရာကုထုံးနည်းနဲ့လည်း ပေါင်းစပ်ကုသနိုင်ပါတယ်။

အထက်ပါနည်းတွေအပြင် အပြုအမူဆိုင်ရာကုထုံးနည်းနဲ့လည်း ပေါင်းစပ်ကုသနိုင်ပါတယ်။ အပြုအမူကုထုံးနည်းက ၆ လခန့် အချိန်ပေးရလေ့ရှိပါတယ်။

နိဂုံးချုပ်အနေနဲ့ OCD ရောဂါကို အချိန်ပေးပြီးသက်သာပျောက်ကင်းအောင် ကုသလို့ရတယ်ဆိုတာ အသိပေးချင်ပါတယ်။ ရှက်ရွံအားငယ်စရာစိတ်အနှောက်အယှက်ပေးတတ်တဲ့ OCD ရောဂါကို အမြန်ဆုံးကုသမှုခံယူနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ပြင်ပလူနာအဖြစ်ဖြစ်စေ အတွင်းလူနာအဖြစ်ဖြစ်စေ ဆွေးနွေးတိုင်ပင်ကုသမှုများအတွက် မော်လမြိုင်မြို့ ဗဟိုလမ်းတွင် မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာကို ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

မြတ်သုခ စိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာ
အမှတ် ၁၀၇ ဗဟိုလမ်း (အလယ်လမ်းမကြီး) ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။
Ph 09 777 669 795

မော်လမြိုင်မြို့ရှိ မြတ်သုခ စိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ အလိုရှိပါသည်။ အထ...
06/01/2024

မော်လမြိုင်မြို့ရှိ မြတ်သုခ စိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ အလိုရှိပါသည်။

အထွေထွေဝန်ထမ်း ကျား (၁)

❇️ အသက် ၂၀ မှ ၃၅ အတွင်း
❇️ အခြေခံပညာ အလယ်တန်းအဆင့်ပြီးမြောက်သူ
❇️ အရက်နှင့် မူးယစ်ဆေးဝါးကင်းသုံးစွဲမှု ကင်းရှင်းသူ
❇️ အသင်းအဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်တတ်ပြီး လူမှုဆက်ဆံရေးကောင်းမွန်သူ

အထက်ပါအရည်အချင်းနှင့်ပြည့်စုံသူ မည်သူမဆိုသည် မြတ်သုခ စိတ်ကျန်းမာရေးစောင့်ရှောင့်မှုစင်တာသို့ cv form ကို လူကိုယ်တိုင်ဖြစ်စေ Viber နံပါတ် 09777669795 သို့ ပေးပို့၍ဖြစ်စေ 10.1.2024 ညနေ ၄ နာရီ နောက်ဆုံးထားပြီး ပေးပို့လျှောက်ထားနိုင်ပါသည်။

မြတ်သုခ စိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာ
အမှတ် ၁၀၇ ဗဟိုလမ်း (အလယ်လမ်းမကြီး) ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။
Ph 09 777 669 795

ဒီတပတ်တော့ စိတ်၀င်စားစရာကောင်းတဲ့ Psychotic depression ရောဂါအကြောင်း ပြောပြချင်ပါတယ်။ Psychotic depression ဆိုတာ အရေးလည်...
16/12/2023

ဒီတပတ်တော့ စိတ်၀င်စားစရာကောင်းတဲ့ Psychotic depression ရောဂါအကြောင်း ပြောပြချင်ပါတယ်။ Psychotic depression ဆိုတာ အရေးလည်းပါသလို ပြင်းလည်းပြင်းထန်တဲ့စိတ်ရောဂါတမျိုးပါ။

Depression ဘယ်နှစ်မျိုးရှိသလဲ

Psychotic depression အကြောင်း မ​ပြောခင် Depression ဘယ်နှစ်မျိုးရှိသလဲဆိုတာ အရင် ပြောပြပါမယ်။ စိတ်ရောဂါတွေကို အမည်တပ်ရာမှာ ဆီးချို၊နှလုံးရောဂါတွေအမည်တပ်သလောက်တော့ ရှင်းလင်းလွယ်ကူမှုမရှိသေးတာ အမှန်ပါပဲ။ ဥပမာ ဆီးချိုသွေးချို ဆိုရင် အမျိုးအစား ၁၊ ၂ ပဲ ရှိတယ်။ ဆီးချိုအမျိုးအစား ၃၊ ၄ ရှိတယ်လို့ အများကြီးငြင်းခုံပြောဆိုနေစရာ သိပ်မရှိဘူး။ စိတ်ရောဂါမှာတော့ Depression ကိုပဲ အမျိုးပေါင်းများစွာ ထပ်ခွဲပြောလို့ရတယ်။ Depression စိတ်ကျရောဂါကို အမျိုးအစားခွဲရာမှာ လက္ခဏာကိုကြည့်ပြီး ခွဲတာရှိသလို၊ အကြောင်းရင်းကို ကြည့်ပြီး ခွဲတာလည်းရှိပါတယ်။ လက္ခဏာအရ ခွဲမယ်ဆို

-Major depressive disorder (တနည်း Unipolar depression=စိတ်ကျရောဂါ အကြိမ်ကြိမ် ပြန်ကျော့ပြီးဖြစ်တတ်တဲ့ရောဂါပါ)
-Bipolar depression(=စိတ်ကြွလိုက်၊စိတ်ကျလိုက် တလှည့်စီ အကြိမ်ကြိမ်ပြန်ကျော့ပြီး ဖြစ်တတ်တဲ့ရောဂါပါ)
-Mixed depression(=စိတ်ကြွလက္ခဏာနဲ့စိတ်ကျလက္ခဏာတွေရောပြီး ဖြစ်တာပါ)
-Psychotic depression(=စိတ်ကျရောဂါနဲ့ထင်ယောင်ထင်မှားစိတ်ဖောက်ပြန်မှုပါ တွဲဖြစ်တာပါ)
-Melancholic depression(=ကိုယ်ရောစိတ်ပါညှိုးနွမ်းလေးလံတဲ့လက္ခဏာနဲ့ စိတ်ကျရောဂါဖြစ်တာပါ)
-Pure depression (=ကိုယ်စိတ်ညှိုးနွမ်းလေးလံတာမရှိပဲ စိတ်ကျတာသက်သက်ပဲဖြစ်တာပါ)
-Neurotic depression (=ပူပန်ကြောင့်ကြမှုလွန်ကဲတဲ့စိတ်ကျရောဂါ)
စသည်ဖြင့် ခွဲလို့ရတယ်။

အကြောင်းရင်းအရ ခွဲမယ်ဆိုရင်
-Vascular depression (=ဦးနှောက်သွေးကြောရောဂါကြောင့် စိတ်ကျရောဂါဖြစ်တာ)
-Substance-induced depression and depression due to any organic cause
(အခြားခန္ဓာကိုယ်ရောဂါ ဒါမှမဟုတ် ဓာတုပစ္စည်းတခုခု​ အကြောင်းရင်းခံပြီး နောက်ဆက်တွဲဖြစ်လာတဲ့ depression မှန်သမျှ ဒီအထဲမှာထည့်ယူလို့ရပါတယ်။)

အပေါ်ဆုံးမှာဖော်ပြထားတဲ့ depression အမျိုးအစားတွေက ကျန်းမာရေးအာမခံ၊ဆေးခွင့်နဲ့ပင်စင်လို တရား၀င်ရုံးသုံးကိစ္စတွေမှာ အများဆုံးရောဂါနာမည်တပ်ပေးလေ့ရှိတဲ့ အမည်တွေပါ။ ဒီကနေ့တော့ psychotic depression အကြောင်း ကြည့်ကြရအောင်။

Psychotic Depression ဆိုတာ ဘာလဲ

အထက်မှာပြောခဲ့သလို psychotic depression ဆိုတာ psychotic လက္ခဏာတွေနဲ့အတူဖြစ်တဲ့ စိတ်ကျရောဂါပေါ့။ ဘိုင်ပိုလာ(Bipolar Disorder) ရောဂါမှာပဲဖြစ်ဖြစ်၊ မေဂျာဒီပရက်ဆစ် (Major Depressive Disorder) စိတ်ကျရောဂါမှာပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ psychosis ဆိုတာ အရှိတရားနဲ့ကင်းကွာသွားတဲ့ အာရုံသိမှုတွေ၊ အထင်အမြင်တွေကို ဆိုလိုတာပါ။ ကာယကံရှင်ကိုယ်တိုင် ဝေခွဲမရဖြစ်နေတတ်သလို၊ အမှန်ပဲလို့လည်း အခိုင်အမာစွဲယူထားလေ့ရှိပါတယ်။ ဒီလိုထင်မြင်နေတာကို မဟုတ်ပါဘူးလို့ သွားငြင်းလို့ မလွယ်ကူတတ်ပါဘူး။ စိတ်ဓာတ်ကျတာကို ရူးတယ်လို့ ဘယ်သူမှမပြောပေတဲ့ အဲဒီလိုဖြစ်လာပြီဆိုရင် ရူးနေပြီလို့ ပြောကြမှာဖြစ်ပါတယ်။စိတ်ကျရောဂါမှာ အဖြစ်များတဲ့ထင်ယောင်ထင်မှားလက္ခဏာ တချို့ ရှိပါတယ်။
ဘယ်လိုမျိုးတွေလဲဆိုရင်-

၁၊ Persecution

တစုံတခုက ကိုယ့်ကိုအမြဲ လိုက်နှောက်ယှက်နေတာခံနေရတယ်လို့ အထင်မှားနေတာပါ။ လူနာကတော့ စိတ်ညစ်၊စိတ်ဓာတ်ကျနေတဲ့ လက္ခဏာရှိပါမယ်။ ကိုယ့်ကို လိုက်နှောက်ယှက်နေတာက လူတဦးတယောက်ချင်းထက် အဖွဲ့အစည်းတခုခု၊ စနစ်တခုခုက လူတွေ၊ စက်ပစ္စည်းတွေလို့ ပြောတတ်ပါတယ်။ တခါတလေ ဘယ်သူကလို့မပြောနိုင်ပဲ တခုခုက လွှမ်းမိုးနှောက်ယှက်နေတာလို့ ခံစားရပါတယ်။

၂၊ Guilt and unworthiness

ကိုယ့်ကိုယ်ကိုယ် အပြစ်စွဲစိတ်အပြင်းအထန်ခံစားရတာပါ။ စိတ်ဓာတ်ကျသူတိုင်းဟာ အရာရာအဆင်မပြေခဲ့တာ ငါအသုံးမကျလို့၊ ငါမကောင်းလို့ပါပဲလို့ ခံစားကြရတာတော့ ထုံးစံပါပဲ။ အပြစ်စွဲတဲ့ခံစားချက်က သတ်သေချင်စိတ်ကို ဖြစ်စေလေ့ရှိပါတယ်။ ဒီထက် ပိုဆိုးလာရင် ကိုယ့်မိသားစု၀င်တွေ၊ ကိုယ့်ပိုင်ဆိုင်မှုတွေကလည်း တရားမ၀င်ရထားတာ ဆိုတာမျိုးတွေ ပြောလာတယ်။ မိသားစု၀င်တွေကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ်ပါ သတ်သေတာမျိုးတွေထိ ဖြစ်တတ်ပါတယ်။ လူနာတယောက်ဆိုရင် သူ့ကိုဆေးရုံတင်ဖို့လုပ်တဲ့အခါ ဆေးရုံရောက်ရင် သူ့ကိုသတ်လိမ့်မယ်လို့ထင်နေတဲ့အတွက် အိမ်မှာပဲ သူ့အပြစ်ရှိတဲ့အတိုင်း စီရင်လိုက်ဖို့ တောင်းဆိုတာတွေ့ရပါတယ်။ နောက်လူနာတယောက်ကတော့ သူ့ကို ဘုရားသခင်က ဒဏ်ခတ်လိုက်ပြီလို့ စိတ်စွဲနေတာတွေ့ရပါတယ်။

၃၊ Delusion of poverty and nihilism

Delusion of poverty ကိုယ့်မှာ ဘာပိုင်ဆိုင်မှုမှ မရှိတော့ဘူး၊ ဆင်းရဲသွားပြီလို့ ထင်တယ်။ နောက်တခုက Nihihilism ဆိုတာ ပိုင်ဆိုင်မှုတင်မကဘူး ကိုယ့်ခန္ဓာကိုယ်ရော၊လူတွေ၊အရာ၀တ္ထုတွေနဲ့ ကမ္ဘာကြီးရော မရှိတော့ဘူး၊ အရာရာ ဆိတ်သုဥ်းသွားပြီလို့ အထင်အမြင်ဖြစ်လာတယ်။ လူနာက အသက်ကြီးပိုင်းဖြစ်လေ့ရှိတတ်တယ်။ စိတ်ဓာတ်ကျနေပြီး အဆိုးမြင်နေမယ်။ ဂနာမငြိမ်ဖြစ်ရင်ဖြစ်နေမယ်၊ လေးလေးလံလံဖြစ်ရင်ဖြစ်နေမယ်။ အပြစ်စွဲစိတ်ခံစားမှုနဲ့ ရောဂါတွေဖြစ်နေပြီဆိုတဲ့အတွေးတွေတွဲရှိနေတတ်တယ်။ ကာယကံရှင်ဟာ သူ့မှာအရာရာဆိတ်သုဥ်းနေရတဲ့အဖြစ်အပေါ်မှာကိုပဲ စိတ်ကြီး၀င်နေပုံလည်း တွေ့ရပါတယ်။

၄၊Hypochondriacal Delusion

ကိုယ့်မှာရောဂါတခုခုစွဲကပ်နေပြီလို့ အထင်ရောက်တာပါ။ စိတ်ကျရောဂါပြင်းထန်လူနာတယောက်ဆိုရင် သူ့ကိုယ်ထဲမှာ ဘာမှမရှိတော့ဘဲ ရေတွေပဲရှိတော့တယ်လို့ ထင်နေတယ်။ ဒါကြောင့် ဆီးသွားလိုက်ရင် သေသွားမှာကြောက်လို့ ဆီးမသွားရဲဘူး။ သူရေသောက်ရင် တခန်းလုံးရေတွေလွှမ်းသွားမယ်လို့ထင်လို့ ရေမသောက်ရဲဘူးဖြစ်နေတယ်။

ဘယ်လိုကုမလဲ

အဲဒီလိုတွေဖြစ်လာပြီဆိုရင် အရပ်ထဲမှာတော့ ရူးသွားပြီလို့ ပြောကြလိမ့်မယ်။ ကြောက်ရွံ့ကြပါလိမ့်မယ်။ ဆေးကုရာမှာ စိတ်ကျရောဂါပျောက်ဆေးသက်သက်နဲ့ မလုံလောက်ပါဘူး။ထင်ယောင်ထင်မှားတွေပျောက်တဲ့ဆေးနဲ့စိတ်ငြိမ်ဆေးပါ တွဲပေးရပါတယ်။ ထင်ယောင်ထင်မှားတွေ လျော့သွားတဲ့တိုင်အောင် စိတ်ကျရောဂါက ကျန်နေနိုင်ပါသေးတယ်။ ဆက်လက်ကုသဖို့လိုပါတယ်။ အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့စိတ်ရောဂါအထူးကုသမားတော်နဲ့ စနစ်တကျ ကုသမှုခံယူမယ်ဆိုရင် သက်သာပျောက်ကင်းနိုင်ပါတယ်။

**********************

စိတ်ကျန်းမာရေးပြဿနာများအတွက် အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ပြင်ပလူနာအဖြစ်ပြသခြင်း၊ အတွင်းလူနာအဖြစ် တက်ရောက်ကုသခြင်းများအပြင် အရက်ဖြတ်လူနာများအတွက် Day Care Services များဖြင့် မော်လမြိုင်မြို့ရှိ မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွင် ကုသမှုခံယူ၍ ရနိုင်ပါသည်။

မြတ်သုခ
အမှတ် ၁၀၇ ဗဟိုလမ်း (အလယ်လမ်းမကြီး)
ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။
ဆက်သွယ်ရန်ဖုန်း ၀၉ ၇၇၇ ၆၆၉ ၇၉၅

ဆေးရုံတက်ရောက်ပြီး ကုသဖို့လိုအပ်တဲ့ စိတ်ကျန်းမာရေးဝေဒနာရှင်များနှင့် အရက်နှင့် မူးယစ်ဆေးစွဲပြဿနာများအတွက် မွန်ပြည်နယ် မေ...
10/11/2023

ဆေးရုံတက်ရောက်ပြီး ကုသဖို့လိုအပ်တဲ့ စိတ်ကျန်းမာရေးဝေဒနာရှင်များနှင့် အရက်နှင့် မူးယစ်ဆေးစွဲပြဿနာများအတွက် မွန်ပြည်နယ် မော်လမြိုင်မြို့မှာတင် မြတ်သုခ စိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာ ရှိပါတယ်။

☘️ သန့်ရှင်းကျယ်ဝန်းပြီး Air-con ပါတဲ့ လူနာခန်းများ
☘️ နေ့စဉ် စိတ်ကျန်းမာရေးအထူးကုဆရာဝန်နှင့် အထွေထွေရောဂါကုဆရာဝန်များမှ ကြည့်ရှုခြင်း
☘️ စိတ်ကျန်းမာ‌ရေးဆိုင်ရာ ရောဂါများအတွက် သီးသန့်သူနာပြုစုစောင့်ရှောက်ခြင်း
☘️ ဆေးရုံတက်လူနာများအတွက် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ ချက်ပြုတ်ထားသော နေ့စဉ်အစားအသောက်
☘️ ခန္ဓာကိုယ်ကျန်းမာရေးအတွက် လိုအပ်သော ရောဂါရှာဖွေကုသမှုများ ဖြင့်

အမှတ် ၁၀၇ ဗဟိုလမ်း (အလယ်လမ်းမကြီး) ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့မှာ နေ့စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

ဆေးရုံတက်ရောက်ကုသခြင်းအတွက် ခန့်မှန်းကုန်ကျစားရိတ်နှင့် အခြားစုံစမ်းမေးမြန်းမှုများအတွက် ဖုန်း 09 777 669 795 သို့ ဆက်သွယ်နိုင်ပါတယ်။

ဘိုင်ပိုလာကို ကုသခြင်းလူပြောများတဲ့ဘိုင်ပိုလာရောဂါအကြောင်း သိသင့်ပြီးအရေးပါတဲ့အချက်တချို့ကို ရှေ့တပါတ်က တင်ဆက်ခဲ့ပါတယ်။ ...
07/11/2023

ဘိုင်ပိုလာကို ကုသခြင်း

လူပြောများတဲ့ဘိုင်ပိုလာရောဂါအကြောင်း သိသင့်ပြီးအရေးပါတဲ့အချက်တချို့ကို ရှေ့တပါတ်က တင်ဆက်ခဲ့ပါတယ်။ ဒီတခေါက်မှာတော့ ဘိုင်ပိုလာရောဂါကို ကုသပုံအကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။

ဘိုင်ပိုလာရောဂါရှိမှန်း စောစောသိနိုင်ခဲ့ရင် လူမြင်သူမြင်ရောဂါဖောက်ပြီး ဆေးရုံတင်ရတဲ့အဆင့်ထိမရောက်အောင် ကုသလို့ရနိုင်ကြောင်း ပြောခဲ့ပြီးဖြစ်ပါတယ်။ တကယ်လို့ ဘိုင်ပိုလာကို ထိန်းမထားနိုင်ခဲ့ရင်ရော ဘယ်လိုတွေဖြစ်နိုင်မလဲ ကြည့်ရအောင်။
-ဘိုင်ပိုလာဆိုတာက ပေါ်လိုက် ငြိမ်သွားလိုက်နဲ့ သံသရာလည်နေတတ်တဲ့ရောဂါပါ။ အစောပိုင်းမှာ လေးငါးခြောက်နှစ်ကြာမှတကြိမ် ပြန်ဖြစ်ရင်ဖြစ်မယ်။ အချိန်ကြာတာနဲ့အမျှ တကြိမ်ထက်တကြိမ်ပိုပိုပြင်းထန်လာတတ်တဲ့သဘာ၀ရှိပါတယ်။ ဒါကို kindling model လို့ခေါ်ပါတယ်။ ကောင်းကောင်းထိန်းမထားနိုင်ခဲ့ရင် နောက်ပိုင်းမှာ တနှစ်ကို ၄ ကြိမ်နဲ့အထက် ပြန်ဖြစ်လာပါလိမ့်မယ်။ ဒါကို rapid cycling လို့ခေါ်ပါတယ်။ အဲဒီထက်ဆိုးလာရင် တချိန်လုံးရောဂါကြွနေပြီး ဘာဆေးနဲ့ကုကု၊ ရှော့ခ်ပဲရိုက်ရိုက် လုံးလုံးမပျောက်တော့ပါဘူး။ ဒါက ဖြစ်နိုင်ခြေတခုပါ။

-နောက်တခုက စိတ်ကြွရာကဖြစ်ဖြစ်၊ စိတ်ကျရာကဖြစ်ဖြစ် တဖြည်းဖြည်း ပတ်၀န်းကျင်ကိုတုန့်ပြန်မှုလျော့သွားပြီး အရပ်အခေါ် မျောသွားသလိုလို၊ ဦးနှောက်သွေးကြောပေါက်သလိုလို ဖြစ်တတ်ပါတယ်။ ဆေးရုံတင်ပြီးကုသဖို့လိုပါတယ်။ အသက်အန္တရာယ်ရှိပြီး ကုသရတာလည်း စိန်ခေါ်မှုတခုပါပဲ။ ဘယ်လိုမှမရရင် ရှော့ခ်ရိုက်ကုသရပါတယ်။

-နောက်တခုက ဘိုင်ပိုလာရောဂါသည်တွေမှာစိတ်ကျရာကနေ သတ်သေတာအဖြစ်များပါတယ်။ အချိန်မီသိခဲ့ရင် စိတ်ဆေးရုံတင်ပြီး ကုသလို့ရပါတယ်။

ထိရောက်တဲ့ကုသမှု ရယူနိုင်မယ်ဆိုရင်တော့အထက်က ၃ ချက်လုံးကို ကာကွယ်လို့ရနိုင်ပါတယ်။ ပြောရမယ်ဆိုရင် ဘိုင်ပိုလာရောဂါကိုကုသရတာ အလွန်ထိုက်တန်တယ်လို့ဆိုရမှာပါ။ -စိတ်ရောဂါကုဆေးတွေအများစုဟာ ဘိုင်ပိုလာရောဂါကုလို့ရတဲ့ဆေးတွေဖြစ်ကြတယ်။ ရွေးချယ်စရာအများကြီးရှိတယ်ပေါ့။
-ပြီးတော့ စိတ်ရောဂါတွေထဲမှာ Disease-modifying drugs လို့ခေါ်တဲ့ရောဂါကိုထိန်းနိုင်တဲ့ဆေးနဲ့ကုသလို့ရတာ ဘိုင်ပိုလာတမျိုးပဲရှိပါတယ်။ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် schizophrenia တို့၊ OCDတို့ဆိုင်ရင် ဒီလိုဆေးမျိုးမရှိသေးပါဘူး။
-လက်ရှိအချိန်ထိ ဘိုင်ပိုလာရောဂါကို အမြစ်ပြတ်ပျောက်ရမယ်လို့ အာမမခံနိုင်သေးပေတဲ့ ရောဂါမဖြစ်ခင်အနေအထားကို ပြန်ရနိုင်ခြေအများဆုံးဖြစ်အောင် ကုသပေးနိုင်ပါပြီ။ ဘိုင်ပိုလာရောဂါဟာ ဇီ၀အကြောင်းခံရောဂါတမျိုးဖြစ်တဲ့အတွက် ဆေးနဲ့အဓိကထားကုသလေ့ရှိပြီး၊ စိတ်ကုထုံးနည်းတွေလည်း တွဲဖက်အသုံးပြုနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ဘိုင်ပိုလာရောဂါကို ဘယ်လောက်ကြာအောင် ကုရမလဲဆိုတာနဲ့ အဆုံးသတ်ပါမယ်။ ဒါကို နားလည်အောင် ဘိုင်ပိုလာရောဂါဖြစ်စဥ် အဆင့်၃ဆင့်နဲ့ ကြည့်ပါမယ်။ ၁၊ acute phase
၂၊continuation phase
၃၊maintenance phase

၁၊ဘိုင်ပိုလာရောဂါတကြိမ်ကြွတယ်ဆိုရင် episode တခုလို့ သတ်မှတ်ပါတယ်။ ဒါကို acute phase လို့ခေါ်ပါတယ်။ ဒီအဆင့်မှာသိပ်ပြင်းထန်ရင် ဆေးရုံတင်ဖို့လိုနိုင်ပါတယ်။

၂၊အဲဒီစဖြစ်တဲ့အချိန်ကနေ ဆေးကုလိုက်လို့ ရောဂါသက်သာသွားမယ်ဆိုရင် ဒီတကြိမ်ကိုဆက်ထိန်းချုပ်ထားဖို့ ၆ လ အထိ ဆေးဆက်တိုက်သောက်ဖို့လိုပါတယ်။ ဒါက continuation treatment လို့ခေါ်ပါတယ်။

၃၊၆ လ မှ တနှစ်ကျော်ကြာပြီး နောက်ပိုင်းအတွက်တော့ နောက်တကြိမ်ပြန်မဖြစ်အောင်ကာကွယ်ဖို့ ရည်ရွယ်ပြီး ကုသရပါတယ်။ prophylactic or maintenance treatment လို့ခေါ်ပါတယ်။
ဘိုင်ပိုလာရဲ့သဘာ၀က ပျှမ်းမျှ ၁၆ လမှ ၁၈ လတကြိမ်ပြန်ဖြစ်တတ်တဲ့အတွက် ဒါကိုကာကွယ်ဖို့ ဆေးဆက်သောက်နေရတဲ့သဘောပါ။

ဒီအဆင့်တွေအတိုင်း စနစ်တကျလိုက်နာသွားမယ်ဆိုရင် ရောဂါတကြိမ်ဖြစ်ရင် အနည်းဆုံး ၂ နှစ်လောက်တော့ ဆေးသောက်ရတတ်ပါတယ်။ ဒါမှလည်း နောက်တကြိမ်ပြန်ဖြစ်နိုင်ခြေကို လျှော့ချသွားနိုင်မှာပါ။ ကျနော်တို့အနေနဲ့ ပြန်ဖြစ်တဲ့အကြိမ်ရေနည်းနိုင်သမျှနည်းအောင် ရေရှည်စောင့်ကြည့်ကုသရမှာပါ။ တကြိမ်မှပြန်မဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ အဆိုးဆုံးဖြစ်နိုင်ခြေအနေနဲ့ ခုထက်ပိုအစွမ်းထက်တဲ့ဆေးတွေပေါ်မလာခင်အထိ ဆေးအကြာကြီးသောက်နေရရုံပါပဲ။ ဒါကြောင့် ဘိုင်ပိုလာရောဂါကို ထိထိရောက်ရောက်ကုသနိုင်ရင် သိပ်အကျိုးရှိပါတယ်။ စောစောကုသနိုင်လေ ကောင်းလေဖြစ်တယ်ဆိုတဲ့အကြောင်း အသိပေးရင်း ဘိုင်ပိုလာအကြောင်း ဒီမှာနိဂုံးချုပ်လိုက်ပါတယ်။

****************************

အခြားစိတ်ကျန်းမာရေးပြဿနာများနဲ့ စိတ်ရောဂါများအကြောင်းကိုလည်း ဆက်လက်‌ဝေမျှပေးသွားမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် Myat Thukha Mawlamyaing page ကို Like & follow လုပ်ထားခဲ့လို့ရပါတယ်နော်။

လူပြောများတဲ့ ဘိုင်ပိုလာဒီတပတ်တော့ လူအပြောများတဲ့ စိတ်ရောဂါတခုဖြစ်တဲ့ ဘိုင်ပိုလာအကြောင်း ဗဟုသုတဖြစ်စရာတချို့ ပြောပြချင်ပ...
14/10/2023

လူပြောများတဲ့ ဘိုင်ပိုလာ

ဒီတပတ်တော့ လူအပြောများတဲ့ စိတ်ရောဂါတခုဖြစ်တဲ့ ဘိုင်ပိုလာအကြောင်း ဗဟုသုတဖြစ်စရာတချို့ ပြောပြချင်ပါတယ်။

ကျနော်တို့ အသိမိတ်ဆွေအချင်းချင်း သူကတော့ ဘိုင်ပိုလာပဲလို့ နောက်ပြောင်ပြောဆိုတတ်ကြတယ်။ ငါက ဘိုင်ပိုလာလို့ ထုတ်ဖော်ပြောတတ်ကြတာလည်းရှိတယ်။နိုင်ငံတကာ နယ်ပယ်အသီးသီးက နာမည်ကျော်တွေထဲမှာဆိုရင် ဘိုင်ပိုလာရောဂါရှိတယ်လို့ ဖော်ထုတ်ပြောဆိုထားသူ၊သတ်မှတ်ခံရသူတွေ အတော်များများရှိပါတယ်။ ဂီတနယ်မှာမာရီယာကာရေး၊ကက်ကိုဘိန်း၊ဂျင်မီဟန်းဒရစ်၊ ရုပ်ရှင်နယ်မှာ မဲလ်ဂစ်ဆင်၊ဗန်ဒိမ်း၊ကက်သရင်းဇီတာဂျုံး၊နိုင်ငံရေးနယ်မှာ ၀င်စတန်ချာချီ၊အေဘရာဟမ်လင်ကွန်းစသည်ဖြင့်ပါပဲ။ မြန်မာနိုင်ငံမှာလည်း ရှိပါတယ်။ သူတို့အများစုဟာ ရောဂါခံစားရတယ်ဆိုပေတဲ့ အောင်မြင်မှုတခုခုရအောင်စွမ်းဆောင်နိုင်ကြသူတွေချည်းပါ။ ဒါဖြင့် ဘိုင်ပိုလာရောဂါဆိုတာ ဘာလဲ၊ လူတွေနားလည်တဲ့ ဘိုင်ပိုလာဆိုတာ ဘာကိုပြောချင်တာလဲ ကြည့်ကြည့်ရအောင်ပါ။

ဘိုင်ပိုလာဆိုတော့ အင်္ဂလိပ်လို bipolar ပါ။ Bi ဆိုတာ ၂ ခု၊ polar က ၀င်ရိုးစွန်း၊ ဆိုတော့ ၀င်ရိုးစွန်း ၂ ခုရှိတဲ့ရောဂါပေါ့။ ဘာ၀င်ရိုးစွန်းတွေလဲဆိုတော့ mania စိတ်ကြွရောဂါနဲ့ depression စိတ်ကျရောဂါ ဆိုတဲ့အစွန်းတွေပါ။ ဒီ ၂ ခု တလှည့်စီ ဖြစ်တတ်တဲ့ရောဂါပေါ့။ နောက်ပိုင်းတော့ စိတ်ကြွရောဂါတခုတည်း တကြိမ် တွေ့ရင်ပဲ ဘိုင်ပိုလာလို့ အမည်တပ်လေ့ရှိပါတယ်။ စိတ်ကျရောဂါချည်းပဲ အကြိမ်ကြိမ်ဖြစ်တာဆိုရင်တော့ ဘိုင်ပိုလာ အမည်တပ်လေ့မရှိပါဘူး။ လက်တွေ့မှာတော့ စိတ်ကြွရောဂါတလှည့်၊ စိတ်ကျရောဂါတလှည့် ဖြစ်တတ်သလို၊ စိတ်ကြွတာချည်းပဲထပ်ကာထပ်ကာဖြစ်တာလည်း များပါတယ်။ စိတ်ကြွတာနဲ့ ကျတာ တချိန်တည်းမှာရောပြီးလည်း ဖြစ်တတ်ပါတယ်။ ဘယ်လောက်အဖြစ်များလဲဆိုရင် အမေရိကန်နိုင်ငံ National Institute of Mental Health ရဲ့သုတေသနတခုမှာ အမေရိကန်လူဦးရေရဲ့ ၄.၄% ခန့်ဟာ ဘိုင်ပိုလာရောဂါခံစားကြရတယ်လို့ ဆိုပါတယ်။

ဘာကြောင့်ဖြစ်တာလဲဆိုရင် မျိုးရိုးဗီဇအကြောင်းခံကြောင့် ဖြစ်ပါတယ်။ ဘိုင်ပိုလာဖြစ်စေတဲ့ ဘိုင်ပိုလာဂျီးန်ဆိုတာမျိုးတော့ ရှာမတွေ့သေးပါဘူး။ မျိုးဆက်ဘယ်လောက်မှာ ဘယ်လောက်ရာခိုင်နှုန်းဖြစ်နိုင်တယ်ဆိုတာမျိုး မပြောနိုင်သေးပါဘူး။ သုတေသနရလာဒ်တွေရှိလာတဲ့တချိန်မှာတော့ သိလာနိုင်စရာရှိပါတယ်။ လက်ရှိပြောနိုင်တာက မျိုးဗီဇအကြောင်းခံမှာ ရောဂါဖြစ်လာစေတဲ့ ပြင်ပအခြင်းအရာတွေနဲ့ တိုက်ဆိုင်ရင် ရောဂါပေါ်လာတတ်ပါတယ်။ ပြင်ပအကြောင်းအရာတွေက မူးယစ်ဆေးတခုခုသုံးတာ၊ရောဂါတခုခု၀င်တာ၊စိတ်ဖိစီးမှုတခုခုဖြစ်တာစသည်ဖြင့် သိလိုက်တာလည်းရှိနိုင်သလို၊ မသိလိုက်တာလည်း ရှိနိုင်ပါတယ်။

အထက်က​အကြောင်းအရာတွေကတဆင့် ဘိုင်ပိုလာရောဂါဖြစ်လာပြီဆိုပါတော့ ဘယ်လိုသိနိုင်မလဲ။ အလွယ်ပြောရရင် စိတ်ကြွတာကိုပဲ ဘိုင်ပိုလာလို့ သတ်မှတ်ထားတဲ့သဘောဖြစ်တဲ့အတွက် စိတ်ကြွတဲ့လက္ခဏာတွေ တွေ့ရင်​ ဘိုင်ပိုလာဖြစ်ပြီလို့ ပြောနိုင်ပါတယ်။ စိတ်ကျရောဂါဆန်းစစ်လွှာဆိိုတာမျိုးတွေ ဖြေကြည့်ရင် ငါတော့ စိတ်ကျရောဂါဖြစ်နေပြီလို့ နောက်ပြောင်ပြီးဖြစ်စေ ပြောလေ့ရှိကြမှာပါ။ ဟုတ်ပါတယ်။​ ဒီလိုစစ်ဆေးလွှာဆိုတာက ကနဦး အကြမ်းဖျဥ်းသဘောပါပဲ။ စိတ်ကျရောဂါလို့ကောက်ချက်ချဖို့က ဒီထက်ပိုကျွမ်းကျင်တဲ့ပညာရှင်နဲ့သုံးသပ်စစ်ဆေးမှုတွေလိုပါသေးတယ်။ ဘိုင်ပိုလာမှာလည်း ဒီအချက်တွေနဲ့ကိုက်ရင် ဘိုင်ပိုလာလို့ သတ်မှတ်ထားတာတွေ ရှိပါတယ်။ ဒါပေတဲ့ အဲဒါက ရောဂါအတော်ရင့်မှပြောနိုင်မှာဖြစ်ပြီး ကုသမယ့်သူအတွက်ပဲဖြစ်ပါတယ်။ ဒါကြောင့် အများသူငါ လက်တွေ့အသုံးတည့်မယ့်နည်းတခုကို မျှဝေချင်ပါတယ်။ အဲဒီနည်းကတော့ အခြေအနေ ၂ မျိုးကို သတိထားစောင့်ကြည့်ဖို့ပါ။ ပထမအခြေအနေကို ကြည့်ရအောင်။ အများအားဖြင့် ဘိုင်ပိုလာဖြစ်တယ်လို့ပြောရင် ဘ၀င်မြင့်စိတ်ကြီး၀င်ပြီး မြောက်ကြွမြောက်ကြွ ဖြစ်နေတာမျိုး၊ စိတ်တက်ကြွလွန်ပြီး မမောနိုင်မပန်းနိုင် အလုပ်တွေလုပ်ကာ ဟိုက်ပါဖြစ်နေတာမျိုး၊ အထိမခံကြွေပန်းကန်လို အိုဗာတင်းဖြစ်နေတာမျိုးတွေကို ရည်ညွှန်းလေ့ရှိကြတယ်။ ဒါတွေအားလုံးက ဘေးလူကမြင်တာချည်းပါပဲ။ ကာယကံရှင်ကိုယ်တိုင်တော့ သူ့ကိုယ်သူ ပုံမှန်လို့ပဲ ထင်မြင်လေ့ရှိတယ်။ ပုံမှန်မဟုတ်ဘူးလားလို့ ​မေးရင်လည်း ဒီအခြေအနေကိုပဲကွက်ကြည့်ရင်တော့ဖြေရခက်သားပါ။ စိတ်ဓာတ်တက်ကြွပြီး မအိပ်မနေ အလုပ်တွေအများကြီးလုပ်နိုင်တာ၊ အပင်ပန်းခံနိုင်တာ ဘာမကောင်းတာရှိလို့လဲပေါ့။ အထက်မှာပြောခဲ့တဲ့ အနုပညာစတဲ့ နယ်ပယ်စုံမှာ အောင်မြင်ကြတဲ့သူတွေကိုကြည့်မယ်ဆိုရင် သူတို့ရဲ့ စွမ်းဆောင်ရည်ဟာ ဘိုင်ပိုလာကရတဲ့ စိတ်ကူးဉာဏ်နဲ့ဖန်တီးမှု၊ခွန်အားနဲ့ခံနိုင်ရည်ရှိမှုတွေနဲ့ သွားဆက်စပ်နေပါတယ်။ ဒီအခြေအနေမှာ ဘယ်သူက စိတ်ရောဂါလို့လက်ခံမှာလဲ၊ ဆေးကုဖို့ရော လိုသလား စတာတွေ ထည့်သွင်းစဥ်းစားကြပါတယ်။

ဒါပေတဲ့ နောက် ဒုတိယအခြေအနေတခုရှိပါတယ်။ ပထမအခြေအနေမှာနေရင်း တချိန်မှာစိတ်ဓာတ်တက်ကြွတာ လွန်သွားခဲ့ရင် ကိုယ့်ကိုယ်ကိုယ် အရမ်းအရေးပါတဲ့သူ၊အရမ်းချမ်းသာတဲ့သူလို့ ထင်ယောင်ထင်မှားဖြစ်လာလိမ့်မယ်။ တခြားသူတွေက သူ့ကို မနာလိုလို့ အကောက်ကြံနေကြတယ်လို့ သံသယတွေ၀င်လာလိမ့်မယ်။ စိတ်တိုစိတ်ဆတ်တာ၊ဒေါသပေါက်ကွဲတာတွေထိန်းမနိုင်သိမ်းမရဖြစ်လာမယ်။ ဒီအချိန်မှာတော့ ဘယ်လိုမှပုံမှန်မဟုတ်နိုင်တော့ပဲ မဖြစ်မနေ ဆေးကုသမှုခံယူရမယ့်အခြေအနေကို ရောက်ပါတယ်။ ကာယကံရှင်ကတော့ စဖြစ်တုန်းကအတိုင်းပဲ ကိုယ့်ကိုယ်ကိုယ် မသိပါဘူး။

စာဖတ်သူတွေအနေနဲ့ စဥ်းစားမိမှာပဲ။ ပြောခဲ့တဲ့ အခြေအနေ ၂ ခုကြားမှာ ပုံမှန်မဟုတ်တဲ့အခြေအနေမရောက်ခင် ကြားဖြတ်ပြီးတားဖို့ မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်ခြေအတော်နည်းပေတဲ့ လုံးလုံးမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ကာယကံရှင်နဲ့မိသားစုက ကျန်းမာရေးအသိပညာရှိမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်တဲ့အခြေအနေထိ မရောက်အောင် ကြိုတင်ကာကွယ်လို့ရနိုင်ပါတယ်။ ကျန်းမာရေးဗဟုသုတရှိထားလို့ ကြည့်ရတာ ဘိုင်ပိုလာဖြစ်သလားလို့ သံသယရှိမယ်ဆိုရင် ကာယကံရှင်မှာ အမေဘက်ကဖြစ်စေ၊ အဖေဘက်ကဖြစ်စေ စိတ်ရောဂါသည်ဖြစ်ဖူးတာ ရှိသလားဆိုတာ သေချာပြန်စဥ်းစားကြည့်ပါ။ ရှိတယ်ဆိုရင် ဖြစ်နိုင်ခြေများပါတယ်။ ဒီအချိန်မှာ နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါအထူးကုဆရာ၀န်နဲ့ ပြသစစ်ဆေးမှုခံယူမယ်ဆိုရင် အချိန်မီ ထိထိရောက်ရောက် ထိန်းချုပ်ကာကွယ်လို့ရနိုင်ပါတယ်။ ဒါကတော့ ရလာဒ်အကောင်းဆုံးအနေအထားပါ။ အကြောင်းမညီညွတ်လို့ ဒီအနေအထားကို မရလိုက်ဘူးဆိုပါတော့။ ဘာဆက်လုပ်ရမလဲ။ ဒီအကြောင်းအရာအပါအ၀င်ကုသမှုပိုင်းဆိုင်ရာတွေကို နောက်အပတ်မှာ ဆက်ပြောပြပေးသွားပါမယ်။

☘️☘️🌼🌼☘️☘️🌼🌼☘️☘️🌼🌼☘️☘️🌼🌼

စိတ်ကျန်းမာရေးဆိုင်ရာ အထွေထွေဆွေးနွေးတိုင်ပင်ကုသခြင်းများကို မော်လမြိုင်မြို့ ဗဟိုလမ်း ပန်းပဲတန်းရပ်ကွက်မှာရှိတဲ့ မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာမှာ နေ့စဉ်ပိတ်ရက်မရှိ လာရောက်ပြသနိုင်ပါတယ်။

မြတ်သုခ
စိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာ
အမှတ် ၁၀၇ ဗဟိုလမ်း ပန်းပဲတန်းရပ်ကွက်၊
မော်လမြိုင်မြို့။
ဖုန်း ၀၉၇၇၇၆၆၉၇၉၅

စိတ်ဆေးရုံမှာ အတက်သင့်ဆုံးလူနာတမျိုးစိတ်ရောဂါဖြစ်တိုင်း ဆေးရုံတက်ဖို့လိုသလား၊ စိတ်ဆေးရုံမှာပြတာနဲ့ အထွေထွေအထူးကုဆေးရုံမှ...
01/10/2023

စိတ်ဆေးရုံမှာ အတက်သင့်ဆုံးလူနာတမျိုး

စိတ်ရောဂါဖြစ်တိုင်း ဆေးရုံတက်ဖို့လိုသလား၊ စိတ်ဆေးရုံမှာပြတာနဲ့ အထွေထွေအထူးကုဆေးရုံမှာပြတာ ဘယ်ဟာပိုကောင်းမလဲ စသည်ဖြင့် လူနာတွေ၊လူနာရှင်တွေ သိချင်ကြတဲ့မေးခွန်းတွေရှိမှာပါ။ ဒီတခေါက်တော့ စိတ်ဆေးရုံမှာ အတက်သင့်ဆုံးလူနာတမျိုးကို ပြောပြချင်ပါတယ်။ အဲဒါကတော့ မူးယစ်ဆေးဖြတ်တဲ့လူနာပါပဲ။ အရက်၊ဆေး၊ဆေးလိပ်၊ကွမ်းယာ ဘာပဲဖြစ်ဖြစ် အလေ့အထဖြစ်ရာက ဖြတ်ဖို့ခက်တဲ့အခြေအနေကိုရောက်နေသူအားလုံးကိုဆိုလိုပါတယ်။ ဘာလို့ ဒီလူတွေက ဆေးရုံတက်သင့်တာလဲ။

ပထမဆုံး စွဲလမ်းမှုအကြောင်း ဗဟုသုတအနည်းငယ်ပြောပါရစေ။ စွဲလမ်းမှုတခုခုကြောင့် ပြဿနာဖြစ်နေတဲ့သူတွေမှာ ဖြတ်သင့်တယ်လို့ အသိစိတ်၀င်တဲ့သူရှိတယ်၊ မ၀င်သေးတဲ့သူရှိတယ်၊ တူညီတာကတော့ စွဲလမ်းတဲ့အပြုအမူကို ဖြတ်ဖို့မတတ်နိုင်ဖြစ်နေကြတာပါပဲ။ ဒါဟာ ရောဂါလား၊ ကိုယ့်စိတ်မနိုင်လို့လားမေးရင် ကျနော်တို့အနေနဲ့ အစွန်းလွတ်အောင် နားလည်ဖို့ အရေးကြီးပါတယ်။ ကိုယ့်စိတ်ကိုယ်မနိုင်လို့သာ ဆေးစွဲနေတာလို့ယူရင် ကာယကံရှင်အပြစ်လို့ပဲအဓိပ္ပာယ်ထွက်နေတော့တာမို့ ပိုပြီးသာပြဿနာတွေကြီးလာဖို့၊ စိတ်ရောဂါတွေတိုးလာဖို့ပဲ ရှိနေပါတယ်။ ရောဂါသက်သက်ပဲလို့ယူရင်လည်း ကာယကံရှင်ကကိုယ့်ကိုယ်ကိုယ်ထိန်းဖို့တာ၀န်မရှိတော့ဘူးလို ဖြစ်နေပြန်ပါတယ်။ တကယ်တော့ ကံ၃ပါးလို့ခေါ်ကြတဲ့ အပြုအမူမှန်သမျှဟာ ဦးနှောက်ကတဆင့် ကိုယ်နဲ့စိတ် အပြန်အလှန် ဆက်စပ်လုပ်ဆောင်နေကြတာချည်းပါပဲ။ ဆေးစွဲနေတဲ့သူရဲ့အတွေးနဲ့အပြုအမူတွေကိုလည်း သူ့ဦးနှောက်ကလုပ်ဆောင်နေတာပဲ။ ဒါကြောင့် စွဲလမ်းတာ ရောဂါဆိုရင်လည်း ဟုတ်ပါတယ်။ ရောဂါဖြစ်လို့ဆေး၀ါးနဲ့ကုဖို့လိုပါတယ်။ တဖက်မှာလည်း လူတိုင်းဟာ ဦးနှောက်ရဲ့အတွေးတွေကို အတိုင်းအတာတခုအထိ ထိန်းသိမ်းနိုင်စွမ်းရှိတာလည်း အားလုံးအသိပဲ။ ဒါကြောင့် ကာယကံရှင်ဘက်ကလည်း ကိုယ့်စွဲလမ်းမှုနောက်ကိုမလိုက်သွားအောင် ကိုယ့်စိတ်ကိုယ်ထိန်းဖို့လိုပါတယ်။ ဒီလိုဖြစ်အောင် ဆေးနဲ့ကုလိုလည်း မရသေးပါဘူး။ ဒီအချက်ကြောင့်လည်း ဆေးရုံကြာကြာတက်သင့်တာပါပါတယ်။

မူးယစ်ဆေးဖြတ်ရင် ရေတိုနဲ့ရေရှည် ၂ ပိုင်း ရှိပါတယ်။ ရေတိုက ဆေးကို တိကနဲဖြတ်ချလိုက်လို့ ခံစားရတဲ့ရောဂါလက္ခဏာတွေကို ကုသတာပါ။ ဒီအပိုင်းကို ဆေးရုံတက်ပြီးပဲဖြစ်စေ၊ သိပ်မပြင်းထန်ရင် ပြင်ပလူနာအနေနဲ့ဖြစ်စေ ကုဖို့လိုပါတယ်။ အများစုမှာတော့ ဆေးရုံတက်ပြီးကုသတာအကောင်းဆုံးပါ။ ဒီအပိုင်းက ဆရာ၀န်အဓိကဖြစ်ပြီး လူနာအပိုင်းက အနည်းငယ်ပဲပါပါတယ်။ ရေရှည်ကုသမှုအပိုင်းရောက်ရင်တော့ လူနာအပိုင်းက ပိုအရေးပါလာပါတယ်။ ဆေးဖြတ်ပြီး ရေတိုကာလအတွင်း ပတ်၀န်းကျင်အဟောင်းကို ပြန်မသွားသင့်ပါဘူး။ ဆေးဖြတ်ပြီးစကာလမှာ ဦးနှောက်က ကောင်းကောင်းမကျန်းမာသေးပါဘူး။ စိတ်ကျနေသလို၊ ဒေါသထွက်လွယ်သလို ခံစားနေရလိမ့်မယ်။ ဒီစိတ်တွေကနေ နာလန်ထူဖို့၊ ကြည်လင်တဲ့အမြင်ကိုရလာဖို့၊ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့၊ ထိန်းသိမ်းနိုင်ဖို့တွေအတွက် အချိန်ပေးဖို့လိုပါတယ်၊ တနည်း ပြန်လည်ထူထောင်ရေးကာလပေါ့။ သုတေသနတွေအရ အဲဒီအတွက် အချိန် အနည်းဆုံး ၃ လဆက်တိုက် လိုပါတယ်။ အဲဒီအချိန်အတွင်း ဆေးရုံမှာအနားယူရင်း လိုအပ်တဲ့ကုသမှုတွေဆက်လုပ် နိုင်ပါတယ်။

ဆွေးနွေးမှုတွေ လုပ်ရမယ်၊ လိုချင်တဲ့ရလာဒ်ရအောင် လေ့လာမှု၊လေ့ကျင့်မှုတွေလုပ်ရပါမယ်။ ဒီအဆင့်အောင်မြင်မှ ဆေးဖြတ်တာ ရလာဒ်ကောင်းဖို့များပါတယ်။ ဒီအတွက် စိတ်ကျန်းမာရေး ဆေးရုံမှာ အချိန်အပိုင်းခြားကာလတခု အနားယူပြီး ပါတ်ဝန်းကျင်အသစ်မှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ဆောက်ခြင်းများပြုလုပ်ပြီး မူးယစ်ဆေး စွဲလမ်းခြင်းလောင်းရိပ်အောက်မှ ရုန်းထွက်ရာမှ ရလာဒ်ကောင်းတွေရရှိနိုင်ကြောင်း အသိပေးလိုက်ရပါတယ်။

မြတ်သုခ
စိတ်ကျန်းမာရေး စောင့်ရှောက်မှုစင်တာ
အမှတ် ၁၀၇ ဗဟိုလမ်း ပန်းပဲတန်းရပ်ကွက်၊
မော်လမြိုင်မြို့။
စုံစမ်းရန်ဖုန်း ၀၉ ၇၇၇ ၆၆၉ ၇၉၅

26/09/2023

မော်လမြိုင်မြို့ မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှာက်မှုစင်တာတွင် သာမာန်အရက်စွဲလူနာများ အရက်ဖြတ်ရန်အတွက် ဆေးရုံရက်ရှည်တက် ရောက်ကုသရန်မလိုဘဲ Day care service ဖြင့်
ဈေးနှုန်းသင့်တင့်စွာ လာရောက်ကုသနိုင်ပြီ ဖြစ်ပါတယ်။

မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွင် စိတ်ကျန်းမာရေးပြဿနာများ တိုင်ပင် ဆွေးနွေးခြင်း၊ ပြင်ပလူနာအဖြစ်ပြသခြင်း၊ အတွင်းလူနာအဖြစ် ကုသခြင်းများကိုလည်း ‌
ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။

စိတ်ကျန်းမာရေး ပြဿနာများနှင့် စိတ်ရောဂါများကို တိုင်ပင်ဆွေးနွေးကုသခြင်းများနှင့်ပါတ်သတ်၍ 09777669795 သို့ နေ့စဉ်ပိတ်ရက်မရှိ စုံစမ်းမေးမြန်းနိုင်ပါတယ်။

မြတ်သုခ
စိတ်ကျန်းမာရေး စောင့်ရှောက်မှုစင်တာ
အမှတ် ၁၀၇ ၊ ဗဟိုလမ်း၊ ပန်းပဲတန်းရပ်ကွက်၊
မော်လမြိုင်မြို့။
ဖုန်း ၀၉၇၇၇၆၆၉၇၉၅

We provide out patient department services and inpatient and rehabilitation packages for various men

17/09/2023

💢 Vacancy in Mawlamyaing

မော်လမြိုင်မြို့ မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွင် အထွေထွေဝန်ထမ်း ကျား(၂)ဦး အမြန်အလိုရှိသည့်အတွက် ညှိနှိုင်းလစာဖြင့် အလုပ်ခေါ်ယူလျှက်ရှိပါသည်။

* ပညာအရည်အချင်း အနိမ့်ဆုံးအလယ်တန်းအဆင့်ရှိသူ
* အသက် ၂၀ မှ ၄၀ အတွင်း
* စိတ်ကျန်းမာရေးလူနာပြုစုစောင့်ရှောက်ခြင်းအတွက် စိတ်ရှည်သည်းခံနိုင်သူ
* အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကင်းရှင်းသူ
* အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ
* ပိတ်ရက် တစ်ပါတ်လျှင် (၁) ရက် ရရှိမည်ဖြစ်ပြီး သတ်မှတ်လိုအပ်ချက်များကိုက်ညီသည့်စိတ်ဝင်စားသူ မည်သူမဆိုသည် မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ Page Messenger နှင့် Viber 09777669795 သို့ CV form ပေးပို့၍ဖြစ်စေ လာရောက်လျှောက်ထားနိုင်ပါသည်။

မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာ
အမှတ် (၁၀၇) ဗဟိုလမ်း (အလယ်လမ်းမကြီး) ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။
ဖုန်း 09777669795

15/05/2023

💢 Vacancy in Mawlamyaing

မော်လမြိုင်မြို့ မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွင် အောက်ပါလစ်လပ်ဝန်ထမ်းနေရာများအတွက် ညှိနှိုင်းလစာဖြင့် အလုပ်ခေါ်ယူလျှက်ရှိပါသည်။

၁။ အထွေထွေဝန်ထမ်း ကျား (၁) ဦး
* ပညာအရည်အချင်း အနိမ့်ဆုံးအလယ်တန်းအဆင့်ရှိသူ
* အသက် ၂၀ မှ ၄၀ အတွင်း
* စိတ်ကျန်းမာရေးလူနာပြုစုစောင့်ရှောက်ခြင်းအတွက် စိတ်ရှည်သည်းခံနိုင်သူ
* အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကင်းရှင်းသူ
* အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ

၂။ သန့်ရှင်းရေးဝန်ထမ်း မ (၂) ဦး

* အသက် ၂၀ မှ ၄၅ အတွင်း
* စိတ်ကျန်းမာရေးလူနာပြုစုစောင့်ရှောက်ခြင်းအတွက် စိတ်ရှည်သည်းခံနိုင်သူ
* ဆေးရုံ အထွေထွေသန့်ရှင်းရေးကိစ္စများ ဆောင်ရွက်နိုင်သူ
* အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကင်းရှင်းသူ
* အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ

အထက်ပါဝန်ထမ်းနေရာများအတွက် ပိတ်ရက် တစ်ပါတ်လျှင် (၁) ရက် ရရှိမည်ဖြစ်ပြီး သတ်မှတ်လိုအပ်ချက်များကိုက်ညီသည့်စိတ်ဝင်စားသူ မည်သူမဆိုသည် မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ Page Messenger နှင့် Viber 09777669795 သို့ CV form ပေးပို့၍ဖြစ်စေ လာရောက်လျှောက်ထားနိုင်ပါသည်။

CV form များက22.5.2023 ညနေ ၃ နာရီ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။

မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာ
အမှတ် (၁၀၇) ဗဟိုလမ်း၊ အလယ်လမ်းမကြီး၊ ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။
ဖုန်း 09777669795

We provide out patient department services and inpatient and rehabilitation packages for various men

မော်လမြိုင်မြို့ မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွင် အောက်ပါလစ်လပ်ဝန်ထမ်းနေရာများအတွက် အလုပ်ခေါ်ယူလျှက်ရှိပါသည...
28/04/2023

မော်လမြိုင်မြို့ မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွင် အောက်ပါလစ်လပ်ဝန်ထမ်းနေရာများအတွက် အလုပ်ခေါ်ယူလျှက်ရှိပါသည်။

၁။ အထွေထွေဝန်ထမ်း ကျား (၁) ဦး
* ပညာအရည်အချင်း အနိမ့်ဆုံးအလယ်တန်းအဆင့်ရှိသူ
* အသက် ၂၀ မှ ၄၀ အတွင်း
* စိတ်ကျန်းမာရေးလူနာပြုစုစောင့်ရှောက်ခြင်းအတွက် စိတ်ရှည်သည်းခံနိုင်သူ
* အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကင်းရှင်းသူ
* အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ

၂။ သန့်ရှင်းရေးဝန်ထမ်း မ (၂) ဦး

* အသက် ၂၀ မှ ၄၅ အတွင်း
* စိတ်ကျန်းမာရေးလူနာပြုစုစောင့်ရှောက်ခြင်းအတွက် စိတ်ရှည်သည်းခံနိုင်သူ
* ဆေးရုံ အထွေထွေသန့်ရှင်းရေးကိစ္စများ ဆောင်ရွက်နိုင်သူ
* အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကင်းရှင်းသူ
* အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ

အထက်ပါဝန်ထမ်းနေရာများအတွက် ပိတ်ရက် တစ်ပါတ်လျှင် (၁) ရက် ရရှိမည်ဖြစ်ပြီး သတ်မှတ်လိုအပ်ချက်များကိုက်ညီသည့်စိတ်ဝင်စားသူ မည်သူမဆိုသည် မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ Page Messenger နှင့် Viber 09777669795 သို့ CV form ပေးပို့၍ဖြစ်စေ လာရောက်လျှောက်ထားနိုင်ပါသည်။

CV form များကို 28.4.2023 ညနေ ၃ နာရီ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။

မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာ
အမှတ် (၁၀၇) ဗဟိုလမ်း၊ အလယ်လမ်းမကြီး၊ ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။
ဖုန်း 09777669795

မော်လမြိုင်မြို့ မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွင် အောက်ပါလစ်လပ်ဝန်ထမ်းနေရာများအတွက် အလုပ်ခေါ်ယူလျှက်ရှိပါသည...
22/04/2023

မော်လမြိုင်မြို့ မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွင် အောက်ပါလစ်လပ်ဝန်ထမ်းနေရာများအတွက် အလုပ်ခေါ်ယူလျှက်ရှိပါသည်။

၁။ အထွေထွေဝန်ထမ်း ကျား (၁) ဦး
* ပညာအရည်အချင်း အနိမ့်ဆုံးအလယ်တန်းအဆင့်ရှိသူ
* အသက် ၂၀ မှ ၄၀ အတွင်း
* စိတ်ကျန်းမာရေးလူနာပြုစုစောင့်ရှောက်ခြင်းအတွက် စိတ်ရှည်သည်းခံနိုင်သူ
* အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကင်းရှင်းသူ
* အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ

၂။ သန့်ရှင်းရေးဝန်ထမ်း မ (၂) ဦး

* အသက် ၂၀ မှ ၄၅ အတွင်း
* စိတ်ကျန်းမာရေးလူနာပြုစုစောင့်ရှောက်ခြင်းအတွက် စိတ်ရှည်သည်းခံနိုင်သူ
* ဆေးရုံ အထွေထွေသန့်ရှင်းရေးကိစ္စများ ဆောင်ရွက်နိုင်သူ
* အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကင်းရှင်းသူ
* အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ

အထက်ပါဝန်ထမ်းနေရာများအတွက် ပိတ်ရက် တစ်ပါတ်လျှင် (၁) ရက် ရရှိမည်ဖြစ်ပြီး သတ်မှတ်လိုအပ်ချက်များကိုက်ညီသည့်စိတ်ဝင်စားသူ မည်သူမဆိုသည် မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ Page Messenger နှင့် Viber 09777669795 သို့ CV form ပေးပို့၍ဖြစ်စေ လာရောက်လျှောက်ထားနိုင်ပါသည်။

CV form များကို 5.4.2023 ညနေ ၃ နာရီ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။

မြတ်သုခစိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာ
အမှတ် (၁၀၇) ဗဟိုလမ်း၊ အလယ်လမ်းမကြီး၊ ပန်းပဲတန်းရပ်ကွက်၊ မော်လမြိုင်မြို့။
ဖုန်း 09777669795

Address

107(A)Baho Road, Papedan Quarter
Mawlamyaing

Telephone

+959777669795

Website

Alerts

Be the first to know and let us send you an email when Myat Thukha Mawlamyaing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share