Thiri Mon Medical Store

  • Home
  • Thiri Mon Medical Store

Thiri Mon Medical Store 💊💉 မြန်မာဆေး၊ နိုင်ငံခြားဆေးများကို စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးနေပါသည် 🥰 အမှတ် ၂၅၆၊ လှိုင်စျေးလမ်း၊ သာယာအေးရပ်ကွက်၊ မော်လမြိုင်မြို့

Happy Diwali!အလင်းရောင်နှင့် ပြည့်စုံသော ပျော်ရွှင်ဖွယ် အခိုက်အတန့်တစ်ရပ်ဖြစ်ပါစေ။ဟိန္နူဘာသာဝင်မိတ်ဆွေများအားလုံးအလင်းရေ...
20/10/2025

Happy Diwali!
အလင်းရောင်နှင့် ပြည့်စုံသော ပျော်ရွှင်ဖွယ် အခိုက်အတန့်တစ်ရပ်ဖြစ်ပါစေ။
ဟိန္နူဘာသာဝင်မိတ်ဆွေများအားလုံး
အလင်းရောင်နှင့် မျှော်လင့်ခြင်းတို့ဖြင့် ပြည့်စုံသော ဒီပါဝလီပွဲတော်နေ့တွင် သင့်နှင့် မိသားစုအားလုံး ကျန်းမာခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တိုးတက်မှုများစွာ ရရှိပါစေကြောင်း သီရိမွန် ဆေးဆိုင်မှ ဆုတောင်းပေးအပ်ပါသည်။

မိတ်ဆွေများ၏ ကျန်းမာရေးအတွက် ယုံကြည်စိတ်ချစွာ ထောက်ပံ့နေမည့်
" သီရိမွန် "

😍 ချစ်သော မိတ်ဟောင်း မိတ်သစ်များ သီတင်းကျွတ် အချိန်အခါ မဟာသမယမှာ  🌕✨ မိသားစုအားလုံးကျန်းမာသောနေ့ရက်များကို ပိုင်ဆိုင်နို...
05/10/2025

😍 ချစ်သော မိတ်ဟောင်း မိတ်သစ်များ သီတင်းကျွတ် အချိန်အခါ မဟာသမယမှာ
🌕✨ မိသားစုအားလုံးကျန်းမာသောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။ စည်းစိမ်ချမ်းသာနှင့်ပြည့်စုံ​ပြီး အေးချမ်းသာယာရှိကြပါစေကြောင်း
"သီရိမွန် ဆေးဆိုင်"မှ သီတင်းကျွတ်ဆုမွန်ကောင်းတောင်းအပ်ပါသည် ✨🌕

“ကျန်းမာရေးအတွက် – သီရိမွန်” 🏥💊

 #ခြေမကြီးရောင်ကိုင်းနေတာပဲ #လမ်းလျှောက်ဖို့မပြောနဲ့_အထိတောင်_မခံနိုင်ဘူး #ထိမိခိုက်မိလည်း_မရှိပါဘူး😰😰😰Gout (ဂေါက်ရောဂါ)...
01/10/2025

#ခြေမကြီးရောင်ကိုင်းနေတာပဲ
#လမ်းလျှောက်ဖို့မပြောနဲ့_အထိတောင်_မခံနိုင်ဘူး
#ထိမိခိုက်မိလည်း_မရှိပါဘူး

😰😰😰

Gout (ဂေါက်ရောဂါ) #ဒူလာရောဂါ လို့ခေါ်ကြတယ်

ဖြစ်ရတဲ့ အကြောင်းရင်း က Uric acid ဆိုတဲ့ ဓာတ်များလို့ဖြစ်ရတာ။

သူရဲ့ အဆစ်ရောင်တာက တခြားအဆစ်ရောင်ရောဂါတွေ နဲ့မတူပဲ အဆစ် တစ်ခု၊ ဒါမှာမဟုတ် (၂) ခု အဲ့လို အဆစ်နည်းနည်းပဲ ဖြစ်ပါတယ်။

အဖြစ်အများဆုံးက 🦶 ခြေမအရင်းနား နဲ့ ဒူးခေါင်း 🦵ပါ

👉👉👉

ဘာလို့အဲ့လို နာရတာလဲ !!!

👉 Uric acid က #အပ်သေးသေးလေးနဲ့ တူပါတယ်

👉 ကျွန်တော် တို့ရဲ့ အဆစ်ဆိုတာ အရိုးနှစ်ခုရဲ့ အဆုံးတွေကို အရွတ်တွေ ကြွက်သားတွေနဲ့ တွဲဆက်ထားပါတယ်။

Uric acid ဆိုတာက အဆစ်တွေမှာစုရတာကိုကြိုက်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ Uric acid များလာတော့ အဆစ်တွေမှာ သွားစုပါတယ်။

#တပင်ရွှေထီး သူရဲကောင်းရွေးတုန်းက အပ်စိုက်ပြီး တူနဲ့ရိုက်ပြီး စမ်းသပ်ခဲ့တာ မှတ်မိကြမှာပေါ့ အပ်တစ်ချောင်းစိုက်ခံရရင် ဘယ်လောက်နာလဲဆိုတာ

အပ်သေးသေးလေးတွေ အများကြီးက အဆစ်မှာ လာစိုက်နေကြတာ ဆိုတော့ ဘယ်လောက် နာမလဲ စဉ်းစားကြည့်ကြပါ။
အပ်သေးသေးတွေလာစိုက်နေလို မခံရပ်နိုင်အောင်နာတဲ့ အပြင် အဲ့ဒီနားက ရောင်နေတော့ သွေးဖြူဥ (White Blood Cells) တွေကပါ ရန်သူလာတယ် ဆိုပြီး အဲ့ဒီအဆစ်ကို ဝိုင်းပြီးတိုက်ခိုက်ကြပါတယ်။

အဲ့တော့ အဆစ်က ရောင်သထက်ရောင် နာသထက်နာ နေပါတော့တယ်။

(လေတိုးရင်တောင် နာတယ် ပြောပါတယ် => ခံစားဖူးတဲ့သူတွေ သိကြပါလိမ့်မယ်)

- အဆစ်ကြီးက ရောင်ကိုင်း မခံရပ်နိုင်အောင်နာ
- လမ်းလျှောက်ဖို့မပြောနဲ့ လှုပ်တောင်မလှုပ်နိုင်
- ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုဖြစ်တော့ အဖျားနည်းနည်းရှိတတ်ပါတယ်

👉👉👉

🤔 ဘာလို့ Uric acid က များရတာလဲ !!!

၁။ စားတာများရင်
၂။ စွန့်ထုတ်တာ နည်းရင်

👉👉👉

၁။ Uric acid အနေနဲ့ တော့ ဘယ်သူမှ မစားပါဘူး (Nucleic acid) ဆိုတဲ့ Cells (အသားတွေပေါ့) တွေကိုတော့ စားကြပါတယ်

ငယ်ငယ်က သင်ဖူးတာ မှတ်မိကြမယ်ထင်ပါတယ်၊ Cells တွေမှာ Nucleus ရှိတယ်လေ ။ အဲ့ဒီ Nucleus ထဲမှာ Nucleic acid ရှိတယ် အဲ့ဒီဟာတွေစားရင် ခန္ဓာကိုယ်က Uric acid အဖြစ်ပြောင်းပေးလိုက်ပါတယ်။

Cells များရင် Nucleus များမှာပေါ့

Cells များတဲ့ အစာတွေက
- Red meat (အမဲသား၊ ဝက်သား၊ဆိတ်သား)
- ဝမ်းတွင်းသား ကလီဆာတွေ
- အစေ့အဆံတွေ ၊ အညွန့်အငြှောင့်တွေ (ပဲပင်ပေါက်၊ပဲအမျိုးမျိုး)
- အရက်၊ Beer
- ငါးဥ
(ဘော်ဒါတွေနဲ့ ဆိုင်ထိုင်ရင် Beer လေးကစ်ရင်း မြည်းလို့ကောင်းတာ မှန်သမျှ Beer အပါအဝင် Uric acid တက်စေပါတယ်)
၂။ Uric acid စွန့်ထုတ်တာနည်းရင်

ဥပမာ - ဆီးဆေးသောက်နေရတဲ့သူတွေပေါ့

အဲ့ဒီလူတွေမှာ Uric acid များပါတယ်။

အဲ့တော့ အပေါ်က လက္ခဏာတွေပေါ်ပါတယ်။

💉 ဆေးထိုး၊ 💊 ဆေးစားလိုက်ရင် သက်သာသွားပါတယ်။

အဲ့တော့ ပြန်စား ပြန်သောက်ကြပါတယ်
👉 ပြန်ဖြစ်ကြပါမယ်

ခဏ ခဏ ဖြစ်ရင် အဆစ်တွေပျက်စီးပါမယ်
ကျောက်ကပ်မှာကျောက်တည်ပါမယ် (ကျောက်ကပ်ပျက်ပါတယ်)

👉👉👉

Gout က ဖြစ်ဖူးထားရင် ကိုယ့် Life style ကို မပြင်ရင် ပြန်ဖြစ်တတ်ပါတယ်။

အကောင်းဆုံးက အစားအသောက် ဆင်ခြင်ကြဖို့ပါ

- Red meat (အမဲသား၊ ဝက်သား၊ဆိတ်သား)
- ဝမ်းတွင်းသား ကလီဆာတွေ
- အစေ့အဆံတွေ ၊ အညွန့်အငြှောင့်တွေ (ပဲပင်ပေါက်၊ပဲအမျိုးမျိုး)
- အရက်၊ Beer
- ငါးဥ ရှောင်ရပါမယ်။
- အညွန့်အငြှောင့်တွေ ရှောင်ရပါမယ်

***ဒီရောဂါကတော့ ဆိုင်ထိုင်တတ်တဲ့ ယောက်ျားသားများမှာ ပိုဖြစ်တတ်ပါတယ်

😀 ဒူလာဘေး ကင်းဝေးကြပါစေ 😀

ဒူးခေါင်း စတဲ့ အဆစ်တစ်ခုပဲ ရောင်ရင် တခြားဖြစ်တတ်တာ (၂) ခုရှိပါသေးတယ်
- Septic arthritis (အဆစ်ထဲပိုးဝင်တဲ့ရောဂါ)
- Hemarthrosis ( သွေးရောဂါတစ်မျိုး)

(Photo credit; MedicalNewstoday)

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

ကံကောင်းခြင်းတွေယူဆောင်လာပေးပါ အောက်တိုဘာ
01/10/2025

ကံကောင်းခြင်းတွေယူဆောင်လာပေးပါ
အောက်တိုဘာ

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့******************(8.8.25)သောကြာနေ့@မြတ်စွာဘုရား သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှာသီတင်းသု...
08/08/2025

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
******************
(8.8.25)သောကြာနေ့

@မြတ်စွာဘုရား သာဝတ္ထိပြည်၊
ဇေတဝန်ကျောင်းတော်မှာ
သီတင်းသုံးတော်မူစဉ်အခါက

@ရဟန်းငါးရာဟာ ဝါခေါင်လတွင်
ဘုရားရှင်ထံမှ ကမ္မဌာန်းတရား
နာယူခဲ့ကြပါတယ်။ အဲဒီနောက်

@ကမ္မဌာန်းတရားအားထုတ်ကြဖို့
သာဝတ္ထိပြည်မှ တစ်ယူဇနာဝေးသော
တောအုပ်တစ်ခု၌ ဝါကပ္ကာ ရဟန်း
တရားကို အားထုတ်ကြပါတယ်။

@ရဟန်းတော်များဟာ သစ်ပင်
တစ်ပင်စီရဲ့အောက်မှာ ကမ္မဌာန်း
တရားအားထုတ်ကြရာမှာ မြင့်
မြတ်တဲ့ ရဟန်းတော်များရဲ့ သီလ
အစွမ်းကြောင့် ရုက္ခစိုးများဟာ
သစ်ပင်တွေပေါ်မှာ မနေနိုင်ကြတော့
ဘဲ အောက်သို့ဆင်းပြီး ဆင်းရဲစွာ
လှည့်လည်နေထိုင်ကြရပါတယ်။

@ပထမတော့ ခဏတဖြုတ်ပဲ
သီတင်းသုံးကြမယ်ထင်လို့
သည်းခံကြပေမယ့် ရက်ကြာလာ
တော့ သည်းမခံနိုင်တော့ဘဲ
ကြောက်မက်ဖွယ် အဆင်း၊ အသံ၊
စက်ဆုပ်ဖွယ် အနံ့တို့ဖြင့် အမျိုး
မျိုးအဖုံဖုံ ခြောက်လှန့်ကြပါတယ်။

@ရဟန်းတော်များ ကောင်းစွာ
တရားအားမထုတ်နိုင်ကြတော့ဘဲ
မြတ်စွာဘုရားထံ အကြောင်းစုံ
လျှောက်ထားကြပါတယ်။

@ဝါခေါင်လပြည့်နေ့မှာ မြတ်စွာ
ဘုရားက ရဟန်းတော်များကို လူ
နတ် ဗြဟ္မာ သတ္တဝါတို့ ချစ်ခင်စေ
တဲ့ " မေတ္တသုတ်" တရားတော်ကို
ဟောကြားနာယူစေပါတယ်။

@ရဟန်းတော်များနဲ့သင့်တော်ရာ
အရပ်ကို ကြည့်တော်မူရာမှာ
အခြားနေရာမမြင်၍ မူလ အား
ထုတ်ရာ အရပ်သို့သာ ပြန်စေပြီး
မေတ္တာသုတ်ကို ရွတ်ပွားစေပါတယ်။

@မေတ္တာသုတ်တရားတော်ရဲ့အာနု
ဘော်ကြောင့် ရုက္ခစိုးနတ်တို့ မနှောက်
ယှက်ကြတော့တဲ့အပြင်ရဟန်းတော်
မ်ားကို ချစ်ခင်မြတ်နိုးလာပြီး

@တံမြက်လှည်းခြင်း၊ သောက်သုံးရေ
တည်ခြင်းများပြုကာဘေးရန် မရွိ
အောင် စောင့်ရှောက်ပေးကြပါတယ်။

@ရဟန်းတော်များဟာ တရားကို
ဖြောင့်ဖြောင့် အားထုတ်နိုင်ပြီး
ဝါမကျွတ်ခင်မှာပဲ ရဟန်းများ
အားလုံးအာသဝေါကုန်ခန်းကာ
ရဟန္တာများဖြစ်သွားကြပါတယ်။

@မြတ်စွာဘုရားရှင်သည်
ဝါခေါင်လပြည့်နေ့မှာ ရဟန်း
ငါးရာကိုအကြောင်းပြုကာ
မေတ္တာသုတ်ဟောကြားတော်မူ
တာဖြစ်လို့ ဝါခေါင်လပြည့်နေ့
ကို " မေတ္တာအခါတော်နေ့ " လို့
သတ်မှတ်ခေါ်ဆိုတာဖြစ်ပါတယ်။

@မေတ္တာဟူသည် သူတစ်ပါးတို့၏
ကောင်းကျိုးစီးပွားကို လိုလားသော
သဘောရှိတယ်။ သူတစ်ပါးတို့၏
ကောင်းကျိုးစီးပွားကို လိုလိုလား
လား ဆောင်ရွက်ပေးတတ်တယ်။

@အငြိုးအာဃာတကို ပယ်ဖျောက်
တတ်တယ်။ သူတစ်ပါးတို့ ပြည့်စုံ
ချမ်းသာမှုကို ဦးတည်ပါတယ်။
မေတ္တာသဘောကို အဘိဓမ္မာမှာ
သူတစ်ပါးကောင်းကျိုးကို လိုလား
တာမေတ္တာ။ သူတစ်ပါးကောင်းကျိုး
ရှိအောင် ဆောင်ရွက်ပေးတာ
မေတ္တာဖြစ်တယ်လို့ ဆိုပါတယ်။

@မိသားစုတွေ စည်းလုံးမှု ရှိရမည်။
ညီအကိုမောင်နှမတွေ စည်းလုံးမှု
ရှိရမည်။ ရပ်ရွာ မြို့နယ်၊ တိုင်းပြည်၊
နိုင်ငံ၊ အားလုံး စည်းလုံးမှုရှိရမည်။

@စည်းလုံးဖို့၊ စည်းစည်းလုံးလုံး
ရှိဖို့မေတ္တာအစိုဓာတ်
မေတ္တာအစေးဓာတ်လိုပါတယ်။

@မုန့်လုံးရေပေါ်များ လုံးသောအခါ
ဆန်မှုန့်ကို အစိုဓာတ်ရှိသော ရေနှင့်
ဆွတ်ဖြန်းပြီးမှ လုံး၍ ရပါတယ်။

@အစိုဓာတ် အစေးဓာတ်မရလျှင်
ဘယ်လိုမှ လုံး၍ မရနိုင်ပါ။
ထို့အတူ အချင်းချင်းစည်းလုံးဖို့၊
ညီညြတ္ဖို့ အသီးသီးမွာ မေတ္တာ
အစိုဓာတ် မေတ္တာအစေးဓာတ်ရှိနေ
ရပါမယ်။ ပါးစပ်နှင့် စည်လုံး၍မရ။
မေတ္တာနှင့် စည်းလုံးမှသာ ရမယ်။

@ဘုရားရှင်က လူသားအချင်းချင်း
လိမ်ညာခြင်း လှည့်စားခြင်းကင်း
ဖို့၊ မထီမဲ့မြင်ပြုမှု အထင်သေး
မှုတွေ ကင်းဖို့၊ သီးသန့် မေတ္တာ
ပို့ရန် အထူးမိန့်ကြားခဲ့ပါတယ်။

@မေတ္တာသည်သာ အောင်နိုင်ရာ၏။
ဘုရားရှင်ကိုယ်တော်မြတ်သည်
သူ့ကိုဆန့်ကျင်သော မာရ်နတ်၊
အာဠဝကဘီးလူး၊ နာဠာဂီရိဆင်၊
အဂုင်္လိမာလ၊ စိဉ္ဇမာဏ၊ သစ္စကပရဗိုဇ်၊
နန္ဒော ပနန္ဒနဂါး၊ ဗကဗြဟ္မာတို့ကို
အနိုင်ယူအောင်မြင်တော်မူခဲ့တယ်။
အောင်ခြင်းရှစ်ပါးဟု ခေါ်ပါတယ်။

@ထိုအောင်ခြင်းရှစ်ပါးကို အနိုင်ယူရာ၊
အောင်မြင်ရာတွင် အကြမ်းမဖက်
မေတ္တာသက်သက်ဖြင့် အောင်မြင်
တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ထို့ကြောင့်
မိမိတို့ရည်မှန်းချက်တစ်ခုခု အောင်မြင်
ချင်လျှင် မေတ္တာသာထားကြပါ

@မေတ္တာသာ ပွားပါ။ မေတ္တာနှင့်
သာ ဆောင်ရွက်ပါ။ ထိုသို့ မေတ္တာ
နှင့် ပြောဆိုလုပ်ကိုင်ဆောင်ရွက်မှသာ
တကယ်စစ်မှန်သော အောင်
မြင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

မေတ္တာတရားများဖြင့်အစဉ်အေးချမ်းကြပါစေ

ဓမ္မဒါနကူးယူမျှဝေပူဇော်ပါသည်

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ

မေတ္တာများစွာဖြင့်-ရေဦးဆရာတော်

🙏ဝါဆိုလပြည့် 🙏🙏ဓမ္မစကြာအခါတော်နေ့ 🙏ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ် အမြတ်ထားရာ န...
09/07/2025

🙏ဝါဆိုလပြည့် 🙏

🙏ဓမ္မစကြာအခါတော်နေ့ 🙏

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ် အမြတ်ထားရာ နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ယနေ့ အခါသမယ၌
မြန်မာပြည်သူပြည်သားများ၊ အသက်ရှည် ကျန်းမာ၍ ဘေးအန္တရာယ်ကင်းဝေး ပြီး လိုအင်ဆန္ဒများပြည့်ဝကြပါစေ လို့ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
🙏🙏🙏

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေ 🙏🙏🙏
17/04/2025

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေ 🙏🙏🙏

ဓမ္မတာလာတိုင်း အားအင်လျော့နည်းပြီး ပင်ပန်းနွမ်းနယ်မှုကိုအမြဲကြုံနေရပြီလား???ပျိုမေတို့အနေနဲ့ ဓမ္မတာလာချိန်တွေမှာ မူးဝေတာ...
12/02/2025

ဓမ္မတာလာတိုင်း အားအင်လျော့နည်းပြီး ပင်ပန်းနွမ်းနယ်မှုကိုအမြဲကြုံနေရပြီလား???

ပျိုမေတို့အနေနဲ့ ဓမ္မတာလာချိန်တွေမှာ မူးဝေတာ ၊ ဖြူဖပ်ဖြူရော်ဖြစ်တာ၊ အလွယ်တကူ မောပန်းလွယ်လာတာတွေက သံဓာတ်အားနည်းတဲ့ လက္ခဏာတွေပါ။ ဒါတွေက မကြာခဏဖြစ်လာမယ်ဆို ရေရှည်မှာ သင့်နေ့စဉ်လုပ်ငန်းဆောင်တာကို ထိခိုက်လာမှာပါ..

အကယ်လို့ သင့်မှာ သံဓာတ်အားနည်းလာပြီဆို..
⚠️နေ့စဉ်တက်ကြွမှုမရှိပဲ အမြဲလိုလို ဖြူလျော့ပြီး နုံးချိလာမယ်
⚠️အသားအရေက စိုပြည်မှုမရှိပဲ မဲညစ်လာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာမယ်
⚠️ဆံပင်တွေအကျွတ်များလာပြီး ပိုစိတ်ညစ်ရမယ်
စတဲ့ အဖြစ်မျိုးတွေကြုံလာရမှာပါ...

အမျိုးသမီး (၁၀)ယောက်မှာ (၈) ယောက်က ဒီလိုဝေဒနာကို ခံစားနေရပေမယ့်လည်း သေသေချာချာ ဂရုတစိုက်ကုသခြင်း မရှိကြပါဘူး။ ဒါဆို..ဘယ်လိုဖြေရှင်းကြမလဲ??
ဒီအတွက် ဆေးဝါးထောက်ခံချက် FDA ရရှိထားတဲ့ သံဓာတ်အားဖြည့်ဆေး Ferrocare ရှိပါတယ်. တခြားသံဓာတ်အားဆေးတွေနဲ့ မတူတဲ့ Ferrocare ရဲ့ အားသာချက်က တခြားဆေးတွေလို ဝမ်းမချုပ်စေတဲ့အပြင် ဝမ်းချုပ်ခြင်းနှင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းတို့ကိုပါ လျော့ပါးစေပါတယ်...
Ferrocare သာ နေ့စဉ်သောက်ပေးသွားမယ်ဆိုရင်.
✅အသားအရေကြည်လင်လာပြီး အရေးကြောင်းတွေလျော့နည်းလာမယ်
✅ခြေသည်း လက်သည်းနဲ့ ဆံသားတွေ သန်စွမ်းလာမယ်
✅ဝက်ခြံ၊ အမာရွတ်တွေကို သက်သာမြန်စေပြီး အသားအရေကို ပြန်လည်ချောမွေ့လာစေမယ်
✅သွေးအား ပြည့်ဝစေပြီး နေ့ရက်တိုင်းကို လန်းဆန်းပေါ့ပါးစွာနဲ့ ဖြတ်သန်းနိုင်မှာပါ..

Ferrocare တစ်လုံးချင်းစီတိုင်းမှာ
🔥Folic acid 800 mcg (0.8 mg)
🔥Elemental Iron 15mg (As Ferrous Fumarate) တို့ ပြည့်ဝစွာပါဝင်တာမို့ တစ်နေ့တစ်လုံးသောက်ပေးရရုံနဲ့ သွေးအားနည်းခြင်းဝေဒနာများကို လွယ်ကူစွာ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်.

ဆေးတစ်ဗူးမှာ ( 10 ) လုံးကဒ် သုံးကဒ်ပါဝင်ပြီး Aluminium Foil Pack ဖြင့်သေချာ ထုပ်ပိုးပေးထားသည့်အတွက် ဆေး အာနိသင်လျော့ခြင်း၊ ပျက်စီးခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ ဆေးလုံးသေးပြီး ဆေးနံ့လည်း မပြင်းတာမို့ အဝင်ဆိုးမှာလဲ မပူရဘူးနော်..

Ferrocare နှင့်အတူ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ဖို့ အခုပဲဝယ်ယူလိုက်ပါ။
#လှပကျန်းမာပျော်ရွှင်စွာFERROCAREနဲ့ဖြတ်သန်းပါ

🏮 Gong Xi Fa Cai 🏮Happy Chinese New YearYear of the Snake 2025 🐍ယနေ့မှာကျရောက်တဲ့ တရုတ်နှစ်သစ်ကူး အချိန်အခါမှာ ပြည်သူပြည...
29/01/2025

🏮 Gong Xi Fa Cai 🏮
Happy Chinese New Year
Year of the Snake 2025 🐍

ယနေ့မှာကျရောက်တဲ့ တရုတ်နှစ်သစ်ကူး အချိန်အခါမှာ ပြည်သူပြည်သား အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကာ စီးပွားဥစ္စာများ တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်

 #နှစ်သစ်ဆုတောင်း 🙏🙏🙏နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်ထွန်းတောက် မင်္ဂလာရှိပါစေ။နှစ်သစ်မင်္ဂလာ ဒီချိန်ခါစိတ်မှာညစ်မဲ ကင်...
31/12/2024

#နှစ်သစ်ဆုတောင်း 🙏🙏🙏

နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်
ထွန်းတောက် မင်္ဂလာရှိပါစေ။

နှစ်သစ်မင်္ဂလာ ဒီချိန်ခါ
စိတ်မှာညစ်မဲ ကင်းပါစေ။

နှစ်သစ်မင်္ဂလာ များသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။

တစ်နှစ်ပတ်လုံး စိတ်ဖြူဖုံး
ရွှင်ပြုံးကြည်သာရှိပါစေ။

ကုသိုလ်ကျန်းမာ ပညာစီးပွား
ဒီရေအလား တိုးပွားကြပါစေ။

🙏🙏🙏

အရပ်ရှည်ဆေး လိုသလောက်ရပြီနော် ချစ်တို့ရေ။ Calcium HighUp(အရပ်ရှည်ဆေး) USA - 14500 Ksအရပ်ပုနေလို့ စိတ်ညစ်နေပါသလား ??ဒီအတွ...
31/12/2024

အရပ်ရှည်ဆေး လိုသလောက်ရပြီနော် ချစ်တို့ရေ။

Calcium HighUp(အရပ်ရှည်ဆေး) USA - 14500 Ks

အရပ်ပုနေလို့ စိတ်ညစ်နေပါသလား ??
ဒီအတွက်တော့မပူပါနဲ့

High Up Calcium အရပ်ရှည်ဆေးရှိတယ်နော် ချစ်တို့ရေ။

ရောင်ပြန်တံဆိပ်ပါ ပစ္စည်းအစစ်ပါ။

Made_in_USA
FDAလက်မှတ်ရပြီးဖြစ်ပါတယ်။

၁ဘူးတွင်အလုံး ၃၀ပါပါတယ်။

အရပ်မရှည်လို့ စိတ်ညစ်ခဲ့ရတဲ့ နေ့တွေကို BYE BYEလို့သာပြောလိုက်ပါတော့....

High Upရှိနေမှတော့ အရပ်ပုလို့ စိတ်ညစ်နေတာတွေ Go
အသက်၁၃~၃၀ မကျော်ခင်ထိ အခွင့်အရေးတွေရှိသေးတယ်နော်...

အခွင့်အရေးလေး လက်လွတ်မခံနဲ့နော်။
ဒီဆေးမှာ အရပ်ရှည်ဖို့ အဓိကလိုအပ်တဲ့ Calcium နဲ့ Vitamin Dဓာတ်ရဲ့ အစွမ်းတွေကြောင့် အမှန်တကယ် ရှည်လာစေမှာပါ...

ညွှန်ကြားတဲ့အတိုင်း သောက်မယ်ဆိုရင် ၁လက်မ~၅လက်မထိရှည်လာနိုင်ပါတယ်။

P.S~အချိန်မှန်မှန် နေ့စဉ်သောက်ဖို့တော့မမေ့နဲ့နော်!

#အရပ်ရှည်ဆေး

Address

No-256, Hlaing Market Road, TharYarAye Quarter

12011

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959401586401

Website

Alerts

Be the first to know and let us send you an email when Thiri Mon Medical Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thiri Mon Medical Store:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram