28/11/2025
"စိတ်ထောင်းကိုယ်ကြေ"
လုပ်ငန်းပိုင်ရှင်တွေဟာ စိတ်ဖိစီးမှုတွေများလာရင် နေမကောင်းဖြစ်လို့ ဆေးခန်းလာပြကြတာရှိပါတယ်။
လက္ခဏာကလဲ တယောက်နဲ့တယောက်မတူကြပါဘူး။ ဘယ်ရောဂါရဲ့ လက္ခဏာနဲ့မှမတူဘဲ ထူးဆန်းတဲ့ လက္ခဏာ၊ သူတို့ခံစားရတဲ့အတိုင်း ပြောပြကြပါတယ်။
စစ်ဆေးကြည့်ရင်လဲ ခန္ဓာကိုယ်မှာ ဘာရောဂါမှမရှိပါဘူး။
တချို့ဆိုရင် အထူးကုတွေနဲ့ပြတယ်၊ မန္တလေးထိ ပြထားကြတာတွေရှိပါတယ်။
ဒီနေမကောင်းဖြစ်နေတာတွေဟာ စိတ်ဖိစီးမှုကြောင့်ဖြစ်တယ်ဆိုတာကို လက်ခံပြီး စိတ်ဖိစီးမှုနည်းအောင်း လုပ်ရမယ့်နည်းလမ်းတွေကို လိုက်လုပ်လိုက်ရင် နေကောင်းသွားမှာပါ။
အဲ့တော့ စိတ်ဖိစီးမှုနည်းအောင် လုပ်ရမယ့် ကိုယ်သိထားထားတဲ့ နည်းလမ်းတခုလောက် ပြောပြပေးခဲ့ပါဦးနော်