ပန်းဝတ်ရည်

ပန်းဝတ်ရည် မင်္ဂလာပါရှင်🥰

06/05/2023

♦️အာရုံကြော အားကောင်းစေမယ့်
အဓိကသော့ချက် (၅) ရပ်♦️

အာရုံကြော အားနည်းတယ်ရင် အများအားဖြင့် ခြေထောက်နဲ့ လက်မှာ ထုံကျဉ်တာ၊ ပုံမှန်လှုပ်ရှားမှုတွေမှာ အားမရှိသလို မသန်မာသလို ဖြစ်နေတာ၊ ချွေးစေးတွေပြန်ပြီး ခေါင်းမူးတာ၊ မောပန်းအားကုန်တာတွေ အဖြစ်များပါတယ်။
ဒီလို ခန္ဓာကိုယ်လှုပ်ရှားမှုတွေ အပြင် အသက်ရှူခြင်းက အစ အစာချေဖျက်မှု၊ စိတ်ခံစားချက်တုံ့ပြန်မှုတွေအထိ ထိန်းချုပ်ပေးနိုင်တာ အာရုံကြောစနစ်ကြီးပါပဲ။ ဒါ့ကြောင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝအတွက် အာရုံကြောစနစ် အားကောင်းနေဖို့ အရေးကြီးပါတယ်။

အာရုံကြော အားကောင်းအောင် ဘာလုပ်ရမလဲ

(၁) အာဟာရတွေ ရွေးချယ်စားပါ။
အာရုံကြောစနစ်ကို အကျိုးပြုပေးနိုင်တဲ့ ဗီတာမင်နဲ့သတ္ထုဓာတ်တွေ ပါဝင်နေမယ့် အစာအာဟာရတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ စုံလင်အောင် စားချင်တယ်ဆိုရင် –

အစိမ်းရောင်ရှိတဲ့ အရွက်တွေ– ဥပမာ ဟင်းနုနွယ်၊ ဆလပ်ရွက် တို့ပေါ့။
အသီးအနှံတွေ – ဥပမာ – ငှက်ပျောသီး၊ ဆီးသီး၊ ဖရဲသီး၊မက်မွန်သီး
ဆန်လုံးညို၊ အုတ်ဂျုံ၊ နှံစားပြောင်း။
အစေ့အဆံတွေ – သီဟိုဠ်စေ့၊ ဗာဒံစေ့၊ ဟေဇယ်စေ့
ပဲနီလေးနဲ့ ပဲအမျိုးမျိုး
အာလူး
ဖရုံသီး တွေ စားပေးလို့ရပါတယ်။

Omega-3 ကြွယ်ဝတဲ့ ဆော်လမွန်ငါး၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ ငါးသေတ္တာငါး တို့ကိုလည်း စားပါ။

(၂) အသက် ဝဝ ရှူပါ။
အသက်ဝအောင် ရှူရှိုက်ခြင်းက လွယ်ကူပေမယ့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပြေလျော့စေတဲ့အတွက် အာရုံကြောအားနည်းခြင်းအတွက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

သင့်တော်တဲ့နေရာ တစ်ခု ရှာပြီး ထိုင်ပါ သို့မဟုတ် လှဲလျောင်းပြီး ဝမ်းဗိုက်ပေါ်ကို လက်တင်ထားပါ။
ခန္ဓာကိုယ်ထဲမှာ လေ အပျံ့အနှံ့ရောက်တဲ့ အထိ နှာခေါင်းကနေ လေကို တဝ ရှိုက်ရှူပေးပါ။
၃ စက္ကန့်လောက် အသက်အောင့်ထားပြီးမှ အဆုတ်ထဲက လေကုန်သွားတဲ့ အထိ ပါးစပ်ကနေ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။
နောက်၅မိနစ်ကနေ ၁၀ မိနစ်လောက်အတွင်း အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ် ဆက်လုပ်ပါ။
ဒီလေ့ကျင့်ခန်းကို တစ်နေ့ကို နှစ်ကြိမ်သုံးကြိမ်လောက် လုပ်နိုင်ပါတယ်။

(၃) ခြေဗလာ နဲ့ လမ်းလျှောက်ကြည့်ပါ။
မြက်ခင်းပြင်ပေါ်မှာ၊ သဲသောင်ပြင်မှာ စတဲ့ သဘာဝပတ်ဝန်းကျင်တွေမှာ ခြေဗလာနဲ့လမ်းလျှောက်ခြင်းက အာရုံကြောစနစ်အတွက် ကောင်းပါတယ်။ တစ်နေ့ကို နာရီဝက်လောက် ခြေဗလာနဲ့လမ်းလျှောက်ပေးရင် စိတ်လန်းဆန်းစေပြီး အာရုံကြောအတွက်ကောင်းပါတယ်။

၂၀၁၂ ခုနှစ်က သုတေသနတစ်ခုအရ ခြေဗလာနဲ့လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက နှလုံးခုန်နှုန်း အပြောင်းအလဲများခြင်း၊ရောင်ရမ်းခြင်း၊သွေးပျစ်ခြင်းတို့မှာရလဒ်ကောင်းစေပြီး အိပ်ပျော်စေ၊ စိတ်ဖိစီးမှုလျော့ကျစေပြီး အာရုံကြောစနစ်ကိုအလိုအလျောက်ထိန်းညှိနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

(၄) နေရောင်ခြည် နဲ့ ထိတွေ့ပါ။
ဒါဟာ အိမ်မှာနေရင်း လုပ်ဆောင်ကြည့်လို့ရတဲ့ အလွယ်ဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်ဟာ ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် D အဓိကအရင်းအမြစ် ဖြစ်ပြီး အာရုံကြောစနစ် လုပ်ဆောင်ချက်တွေမှာ အရေးပါလှပါတယ်။

(၅) စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။
စိတ်ဖိစီးမှုဟာ အာရုံကြောစနစ် ယိုယွင်းလာစေတဲ့ အကြောင်းရင်းတွေထဲ အပါအဝင်ဖြစ်ပါတယ်။ ဒါ့ကြောင့် အာရုံကြောစနစ် ကောင်းမွန်ရေးအတွက် ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကို တစ်နည်းနည်းနဲ့ ကြိုးစားဖြေလျှော့သင့်ပါတယ်။

ဥပမာ –

အလုပ်လုပ်တာ ခဏရပ်ပြီး အသက်ဝဝရှိုက်ရှူပါ။
ဒါဟာ အာရုံကြောစနစ် မြှင့်တင်ဖို့အတွက် အမြန်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲပင်ပန်းလာတာ၊ စိတ်ညစ်ညူးလာတဲ့အချိန်တိုင်း အလုပ်လုပ်တာကိုရပ်ပြီး ဖြေလျော့အနားယူလိုက်ပါ။ ပြန်လည်တည်ငြိမ်ပြီး စိတ်အတွေးတွေ ရှင်းလင်းလာပါမယ်။

ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
စိတ်ဖိစီးလာတဲ့အခါ ခဏတာလမ်းလျှောက်ထွက်ခြင်း၊ ရုံးခန်းထဲဟိုလျှောက်ဒီလျှောက်လုပ်ခြင်းက ခေါင်းထဲရှင်းလင်းပြီး စိတ်ကြည်သွားစေဖို့ ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုချော့ပါ။
စိတ်ချမ်းသာစရာကိစ္စတွေက စိတ်ဖိစီးစေတဲ့အရာထက် ခန္ဓာကိုယ်အတွက် ပိုကောင်းတာကြောင့် ကိုယ့်ကိုယ့်ကိုယ် အလိုလိုက်ပြီး ချော့ပေးပါ။ အားလပ်ချိန်မှာ ကိုယ်ဝါသနာပါတဲ့အရာတွေလုပ်တာ၊ နှစ်သက်ရာ ကစားနည်း သို့မဟုတ် လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်တာ၊ အနှိပ်ခံတာ စတာတွေ လုပ်ပြီး ပျော်အောင်နေပါ။

#မူရင်းရေးသားသူ ‌ေဆာင်းပါးရှင် Yun Sandi Nan Mon အား လေးစားလျက်
credit

11/04/2023
 #ဆေးဖက်ဝင်လင်းနေပင်နူးညံ့စွာ ၀မ်းသက် စေ၍ ဆီးရွှင်စေ၏။ လည်ချောင်း ကို အကျိုးပြု၏။ အညစ် အကြေးနှင့် ဆီးကို သန့်ရှင်းအောင် ...
01/04/2023

#ဆေးဖက်ဝင်လင်းနေပင်
နူးညံ့စွာ ၀မ်းသက် စေ၍ ဆီးရွှင်စေ၏။ လည်ချောင်း ကို အကျိုးပြု၏။ အညစ် အကြေးနှင့် ဆီးကို သန့်ရှင်းအောင် ပြုတတ်၏။

မြေအောက်ပင်စည်အသုံးပြုပုံ

၁။ လင်းနေ အမြစ်ကို ကျိုသောက်ပါက အဖျားရောဂါ၊ ချောင်းဆိုး ရောဂါ နှင့် အဆိပ် ဖြစ်ခြင်း များ ပျောက်၏။

၂။ လင်းနေကို ကျွမ်းအောင် ဖုတ်၍ ဆီဖြင့် ရောလိမ်းက ကလေးများ ၀မ်းနာ၊ ၀မ်းရောင် ပျောက်၏။

၃။ လင်းနေကို သီဟိုဠ် သရက်စေ့ အဆီဖြင့် ရောလိမ်း ပါက အဆစ်ရောင်ခြင်း ၊ အကြောထုံး ခြင်း ပျောက်၏။

၄။ လင်းနေ ဆေးခြောက်နှင့် စမုန်ဖြူ တို့ကို ဆတူ ရော၍ အတွင်းလိပ်ခေါင်း သို့ မှိုင်းတိုက်ပေး လျှင် လိပ်ခေါင်း မြင်းသရိုက် ရောဂါ ပျောက်၏။

၅။ လင်းနေမှုန့် ကို နွားနို့ ခပ်နွေးနွေး ဖြင့် သောက်လျှင် လည်ချောင်းနာ ခြင်း ပျောက်၏။

၆။ လင်းနေကို ဆေးခါးကြီး နှင့် ရောစပ်၍ အဖျား ရောဂါ ကျဆေး အဖြစ် သုံး၏။

၇။ သူငယ်များ သန်ထသော် လင်းနေကို သတ်ပြီးသား ရှိန်းခိုနှင့် ဆတူ ရော၍ တိုက်လျှင် ၀မ်းတွင်းရှိ သန်ကောင်များ ကျဆင်း လာ၏။

၈။ လင်းနေမှုန့် နှင့် ချင်းခြောက်မှုန့် ကို ဆတူ ယူ၍ ပျားရည်နှင့် ရောသောက်သော် နှုတ်ခမ်း၊ မေး၊ ပါးစောင်းရွဲ့ ခြင်း ပျောက်၏။

၉။ ၀က်ရူးနာ နှင့် စိတ်နောက် ရောဂါ အတွက် လင်းနေမှုန့် ကို ပျားရည်နှင့် ရော၍ လျက်ပေးရ၏။

သူငယ်နာ ငန်းမန်းကိုနိုင်ပါသည်။ အေးသောရာသီတွင် ကြက်ညှာ၊ချောင်းဆိုး၊ ကလေးဗိုက်နာလျှင် လင်းနေမြစ်ကို ဆန်ဆေးရည်ဖြင့် သွေးပြီး အနည်းငယ်လျှာမှာ ပွတ်ပေးပါ။

လင်းနေရွက်ပြုတ် ရေနွေးနွေးနှင့် ကလေးကို ရေချိုးပေးပါက ကလေး ကျန်းမာရေးကောင်းသည်။

ကလေး ကျောပူခေါင်းပူ ဖြစ်ပါက လင်းနေ၊ကြက်ဟင်းခါး၊ ပင်စိမ်းရွက်တို့ကို နယ်ချေ၍ နဖူး၊ကျောတို့ကို အုပ်ပေးပါက သက်သာစေပါသည်။

အနာပေါက်က လင်းနေနှင့် ရှိန်းခိုသွေးလိမ်းပါက အနာသက်သာပါသည်။

ကလေးများ အညေုာ်မိပါက ကလေး နှာခေါင်းဝမှာ လင်းနေကိုရှုခိုင်းပါ။

မြန်မာ့ဆေးဖက်ဝင်အပင်များ
#သမားတော်တိုင်းရင်းဆေး

13/09/2022

#သပွတ်အူရဲ့အစွမ်း

သပွတ်အူဆိုရင် အိုးတိုက်ပန်းကန်ဆေးဖို့ ချေးတွန်းဖို့လောက်သာ သိခဲ့တာ။
အဆစ်အမြစ် ကိုက်ခဲတဲ့ဝေဒနာနဲ့ သပွတ်အူ
အဆစ်အမြစ်ကိုက်ခဲတဲ့နေရာ သပွတ်အူနဲ့ စည်းထားပေးပါ။
ဆီးချို၊ သွေးချိုဝေဒနာအတွက်
သပွတ်အူကို ရေနွေးပူပူမှာစိမ်ပြီး နေ့စဉ်သောက်ပေးပါက ဆီးချို သွေးချိုဝေဒနာ သက်သာပျောက်ကင်းစေပါတယ်။ {သပွတ်အူအသုံးမပြုမီ ရေစင်စင်ဆေးပြီးရေနွေးပူပူမှာခဏစိမ်ပါ၊ အေးသွားတဲ့အခါ ရေစင်အောင်ညစ်ပစ်ပြီး ရေနွေးပူပူထဲ ထည့်စိမ်ထားကာ အဖုံးအုပ်ထားပါ၊ ၁၅ မိနစ်ခန့် နေပြီးရင် စသောက်လို့ရပါပြီ။ တစ်နေကုန်ရေနွေး ထည့်သောက်ပါ။ သပွတ်အူအရသာကုန်သည်ထိ သောက်နိုင်ပါသည်။
သပွတ်အူအရွယ်အစားပေါ် မူတည်ပြီး တစ်ခွက်စာ ဖြတ်တောက် သုံးစွဲပါ။ (အရသာကုန်တဲ့ အပိုင်းအစလေးတွေ အိုးတိုက်ပန်းကန်ဆေး ချေးတွန်းလို့ရ)
သပွတ်ခါးသီးအစိုကိုတော့ လေဖြတ်ပြီး စကားမပြောနိုင်သူတွေအတွက် ဇလုံ/အင်တုံ သပွတ်ခါးသီးတွေ ထည့့်ပြီး အမြုပ်ထွက်/ထသည်ထိ နင်းခိုင်းပါ။
ကျန်းမာချမ်းသာကြပါစေ။

Credit-Shwe La Thar Win

နှာပိတ်ခြင်းအတွက် အိမ်တွင်းကုထုံးများ     နှာပိတ်တာက နှာခေါင်းဘေးမှာ ရှိတဲ့ လေအိတ်တွေနဲ့ လေဝင်လေထွက်လုပ်တဲ့ နှာခေါင်းလမ်...
13/02/2022

နှာပိတ်ခြင်းအတွက် အိမ်တွင်းကုထုံးများ

နှာပိတ်တာက နှာခေါင်းဘေးမှာ ရှိတဲ့ လေအိတ်တွေနဲ့ လေဝင်လေထွက်လုပ်တဲ့ နှာခေါင်းလမ်းကြောင်းတွေ ရောင်လို့ ဖြစ်လာရတာပါ။ သာမန် မပြင်းထန်တဲ့ နှာပိတ်တာတွေက အိမ်တွင်းကုထုံးတွေနဲ့ သက်သာနိုင်ပါတယ်။ နှာပိတ်တာကိုဖြစ်စေတဲ့ အကြောင်းအရာတွေက အများကြီးရှိပါတယ်။ ဥပမာ တုပ်ကွေး၊အအေးမိတာ၊အသက်ရှူလမ်းကြောင်းမှာ ဘက်တီးရီးယား၊ဗိုင်းရပ်စ်ပိုးဝင်း
တာ၊ဓာတ်မတည့်တာတစ်ခုခုကြောင့်(ပန်းဝတ်မှုန်၊ဖုန်၊အနံ့ စသဖြင့်)၊အေးတဲ့ရာသီဥတု၊ဆေးလိပ်နံ့၊လေထုညစ်ညမ်းတာ။ဒါတွေအပြင် ခန္ဓာကိုယ်အနေအထားအရ အမြဲလှဲလျောင်းနေရသူတွေက ကမ္ဘာ့ဆွဲအားကြောင့် ခန္ဓာကိုယ်ကနေ ချွဲသလိပ်တွေကို ရှင်းထုတ်ဖို့ ပိုမိုခက်ခဲစေတာမို့ နှာပိတ်တာ ပိုဖြစ်နိုင်။နှာခေါင်းထဲ အသားပိုရှိတာ၊အကြိတ်ရှိတာ၊နှာခေါင်းပေါက်နှစ်ခုခြားထားတဲ့ အရာ ပုံမမှန်တာနဲ့ တခြားရောဂါတွေ(ဥပမာ သည်းခြေအိတ်ရောဂါ) တွေကြောင့် ဖြစ်နိုင်ပါတယ်။

**နှာပိတ်တာကို သက်သာစေဖို့က
ဖြစ်တဲ့အကြောင်းအရင်းကို ရှာပြီး ကုဖို့ပါပဲ။
* ဘက်တီးရီးယားပိုးကြောင့်ဆို
င် လိမ်းဆေး၊ပိုးသတ်ဆေးတွေနဲ့ ကုလို့ရပါတယ်။
* ဓာတ်မတည့်တာကြောင့်ဆိုရင် ကော်တီကိုစတီရွိုက် နှာခေါင်းဖြန်းဆေးနဲ့ ကုလို့ရပါတယ်။
* ချွဲကျဲဆေးတွေပေးလို့ရပါတယ်
* ကိုယ်ခံအား ကောင်းအောင်လုပ်ရပါမယ်။
* နှာခေါင်းထဲ အသားပိုရှိတာ၊အကြိတ်ရှိတာနဲ့ ၊နှာခေါင်းပေါက်နှစ်ခုခြားထားတဲ့ အတားအဆီးပုံမမှန်တာတွေက ခွဲစိတ်ပြုပြင်ရပါမယ်။

ဒါတွေကတော့ နားလည် တတ်ကျွမ်းတဲ့ဆရာဝန်ပြကာ စမ်းသပ်စစ်ဆေးကာ သင့်တော်တဲ့ ကုသမှုခံယူရပါမယ်။

အခုပြောပြမှာက မိမိအိမ်မှာပဲ နှာပိတ်တာကို သက်သာစေဖို့ အန္တရာယ်ကင်းစွာ လုပ်လို့ရမယ့် အရာတွေပါ။

နှာပိတ်ခဲ့ရင်

* ရေမကြာခဏသောက်ပါ။ရေများများသောက်ပါ။

* ရေနွေးနွေးနဲ့ ရေချိုးပါ။

*ရေနွေးငွေ့ကို ရှူပါ။
ရေခွက်ထဲ ရေနွေးထည့် အဖုံး ဒါမှမဟုတ် တဘက်ဖုံးပြီး ဖွင့်ကာ အငွေ့ရှူပါ။

* အိပ်နေစဉ် ခေါင်းကို ခန္ဓာကိုယ်ထက် မြင့်အောင်ထားပါ။ခေါင်းအုံးနှစ်လုံးသုံးပါ။ အိပ်ရာဘေးမှာ
humidifier(စိုထိုင်းမှုထိန်းစက်) ဒါမှမဟုတ် အငွေ့ထွက်စေတဲ့ diffuserစက်ထား အိပ်နိုင်ပါတယ်။

*ရေနွေးနွေးတစ်ခွက်+ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်ဖျော် နှာခေါင်းထဲ အစက်အနည်းငယ်ချပြီး နှာဆေးပါ။ အသင့်ရှိ saline nasal spray ဝယ်ယူသုံးနိုင်ပါတယ်။normal saline ဘူး ဝယ်သုံးနိုင်။

*နာကျင်မှုရှိပါက ပါရာစီတမော သောက်နိုင်။

*probiotics နေ့စဉ်စားသုံးပါ၊ ဒိန်ချဉ် ၊ကင်မ်ချီ၊လက်လုပ်ချဉ်၊ကီဖာ တို့လို ပရိုဘိုင်အိုတစ်ကြွယ်ဝတဲ့အစားအစာတွေ စားသုံးပါ။ ဖြည့်စွက်ဆေးသောက်နိုင်ပါတယ်။

*ပရုတ်ဆီကို ရေနွေးထဲထည့်ကာ ရှူနိုင်ပါတယ်။ခြေဖဝါးကို လိမ်းနိုင်ပါတယ်။

* ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ဇင့်၊ဗီတာမင်စီ သောက်နိုင်ပါတယ်။

*ချင်းလက်ဖက်ရည်ထဲ လီမွန် ဒါမှမဟုတ် သံပရာရည် ညှစ်သောက်ပါ။ ချင်းဟာ ဓာတ်မတည့်တာကို သက်သာစေပြီး အရောင်ကျစေပါတယ်။ဗီတာမင်စီက ကိုယ်ခံစွမ်းအားတက်စေပါတယ် ။

* နှာပိတ်လို့ ခေါင်းကိုက်တာ၊နှာခေါင်းဘေးလေအိတ်တွေရောင်ကာ နာကျင်ပါက နှာခေါင်းနဲ့နဖူးပေါ်
ရေနွေးအိတ်ကပ်နိုင်ပါတယ်။ ဖန်ပုလင်းထဲရေနွေးနွေးထည့်ကာ ကပ်နိုင်ပါတယ်။

သတိ နှာခေါင်းဖြန်းဆေးတွေကို ဆရာဝန်မညွှန်ကြားဘဲ မိမိသဘောနဲ့မိမိ ထပ်ခါထပ်ခါ မသုံးပါနဲ့။ဆိုးကျိုးတွေရှိပါတယ်။

သာမန်အအေးမိတာနဲ့ တုပ်ကွေးရောဂါကြောင့် နှာပိတ်တာက တစ်ပတ် ၊နှစ်ပတ်အတွင်း သက်သာနိုင်ပါတယ်။ ဘက်တီးရီးယားပိုးကြောင့်ဆိုရင် ဆရာဝန်ပြကာ ပိုးသတ်ဆေးသောက်ရပါမယ်။ ဓာတ်မတည့်တာကြောင့်ဆိုရင် မတည့်တာကို ရှောင်ရပါမယ်။

အိမ်တွင်းကုထုံးတွေနဲ့ မသက်သာဘဲ နှာဆက်ပိတ်နေရင်၊ပိုဆိုးလာရင် ဒါမှမဟုတ်
နှာပိတ်တာနဲ့အတူ
* အဖျားကြီးတာ
* နှာကနေ ချွဲထွက်များတာ၊ချွဲတွေအရောင်စိမ်းတာ၊နီတာ၊အရောင်ပြောင်းတာ
* အသက်ရှုကျပ်ရင်တော့

နီးရာဆရာဝန်နဲ့ပြကာ ကုသမှုခံယူပါ။

#ဟမ်စိုင်း(ဆေး-မန်း)
Crd

Address

Monywa

Telephone

+959796122141

Website

Alerts

Be the first to know and let us send you an email when ပန်းဝတ်ရည် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ပန်းဝတ်ရည်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram