Metta Oo Hospital, Monywa

Metta Oo Hospital, Monywa မုံရွာမှာရှိတဲ့ဆေးရုံ။မုံရွာမှာရှိတဲ့ ဆရာဝန်တွေက မုံရွာလူထုကို
တတ်စွမ်းသမျှကုပေးနေတာ။

09/01/2022

ကလေးကာကွယ်ဆေး တွေ နောက်ကျခဲ့ရင်...

ကလေးကာကွယ်ဆေး တွေကို အကြောင်းအမျိုးမျိုးကြောင့် နောက်ကျသွားခဲ့ရင် ထိုးလို့ရလား၊ နောက်မှ ပြန်ထိုးတာက အဆင်ပြေပါ့မလားဆိုပြီး မေမေတို့ သိချင်ကြမှာပါ။ ကလေးကာကွယ်ဆေးတွေက နောက်ကျလို့ရပါတယ်။ လုံးဝမထိုးတာထက်စာရင် နောက်ကျမှ ထိုးတာက ပိုပြီး ကောင်းပါတယ်။ ဒါပေမယ့် နောက်ဆုံးထိုးလို့ရတဲ့ အသက်ဆိုတာလည်း ရှိပါတယ်။ ဒီအသက်ကျော်ရင်တော့ ထိုးလည်း သိပ်မထူးဘူးဆိုတာမျိုးပေါ့။ ဒီအကြောင်းတွေကို ရှင်းပြပေးချင်ပါတယ်။

ကလေးကာကွယ်ဆေး တွေကို ဘယ်အရွယ်ထိ နောက်ကျလို့ရလဲ။
လက်ရှိထိုးပေးနေတဲ့ ကာကွယ်ဆေးတွေနဲ့ ချိန်ထိုးပြီး ပြောပြပါ့မယ်။

ဘီစီဂျီ (BCG)
ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှေးရောင် တီဘီကို ကာကွယ်ပေးပါတယ်။ ပုံမှန်ဆို မွေးစမှာ ထိုးရင်ထိုး၊ မထိုးမိရင် ကလေး ၂လမှာ တခြားကာကွယ်ဆေးတွေနဲ့ ထိုးပေးလို့ရပါတယ်။

အနောက်ကျဆုံး ထိုးရမယ့် အချိန်- ကလေး အသက် ၁နှစ်ထိ ထိုးလို့ရပါတယ်။ ၁နှစ်ကျော်ရင်တော့ မထိုးသင့်တော့ပါ။

အသည်းရောင်အသားဝါ (ဘီ)
ဘီပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်ရောဂါကို ကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်- မွေးစမှာ ထိုးပါတယ်။

အနောက်ကျဆုံး ထိုးရမယ့် အချိန်- ၂လကျော်ရင်တော့ မထိုးသင့်တော့ပါဘူး။

ငါးမျိုးစပ်ကာကွယ်ဆေး
ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီနဲ့ ဦးနှောက်အမြှေးရောင်ဆိုပြီး ၅မျိုးပါဝင်ပါတယ်။ ဦးနှောက်အမြှေးရောင်အတွက် ကာကွယ်ဆေး (Hib vaccine)က Haemophilus influenzaeကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကိုပါ ထပ်ဆောင်းကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်- ၂လ၊ ၄လ၊ ၆လနဲ့ ၁နှစ်ခွဲမှာ ၄ခါ ထိုးပေးပါတယ်။

အနောက်ကျဆုံး ထိုးရမယ့် အချိန်- ၃နှစ်။ အသက် ၂လထိ အသည်းရောင်အသားဝါ (ဘီ)မထိုးရသေးတဲ့ သူတွေက ၅မျိုးစပ်မှာ ပါသွားပြီ ဖြစ်တဲ့အတွက် စိုးရိမ်စရာ မရှိပါဘူး။

ပိုလီယို ကာကွယ်ဆေး
အစက်ချရယ် ထိုးဆေးရယ်ဆိုပြီး ရှိပါတယ်။ ပိုလီကြော အကြောသေရောဂါကို ကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်- အစက်ချဆေးက ၂လ၊ ၄လ၊ ၆လမှာပါ။ ထိုးဆေးက ၄လမှာ တစ်ခါ ထိုးရပါတယ်။

နောက်ကျခဲ့ရင် ထိုးဆေးရော၊ အစက်ချဆေးရော ကလေးအသက် ၅နှစ်အထိ ထိုးနိုင် သောက်နိုင်ပါတယ်။

ရိုတာဗိုင်းရပ်စ်အစက်ချ
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပေးပါတယ်။

ပုံမှန်တိုက်ရမယ့် အချိန်- ၂လနဲ့ ၄လမှာပါ။

နောက်ကျခဲ့ရင်- ကလေး အသက် ၆လအထိ (တချို့နိုင်ငံတွေမှာ ၈လအထိ) တိုက်လို့ရပါတယ်။

ပီစီဗီ (PCV)
ပြင်းထန်အဆုတ်ရောင်ရောဂါ ကို ကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်- ၂လ၊ ၄လ၊ ၆လပါ။

နောက်ကျခဲ့ရင်- ကလေးအသက် ၃နှစ်အထိ ထိုးလို့ရပါတယ်။

ဝက်သက်-ဂျိုက်သိုး
ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါကို ကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်- ၉လနဲ့ တစ်နှစ်ခွဲပါ။

နောက်ကျခဲ့ရင်- ကလေး အသက် ၅နှစ်အထိ ထိုးပေးလို့ရပါတယ်။

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး
ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ ဦးနှောက်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်- ၉လ

နောက်ကျခဲ့ရင်- ကလေး ၅နှစ်အထိ ထိုးပေးနိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး
လိင်အင်္ဂါကြွက်နို့ကြောင့် ဖြစ်တဲ့ သားအိမ်ခေါင်း ကင်ဆာကို ကာကွယ်ပေးပါတယ်။

ပုံမှန်ထိုးရမယ့် အချိန်- ၉နှစ်နဲ့ ၁၀နှစ်

နောက်ကျခဲ့ရင်- လိင်ဆက်ဆံမှု မဖြစ်မချင်း လူကြီးတွေ ထိုးတဲ့အတိုင်း လိုက်ထိုးပေးနိုင်ပါတယ်။

ကာကွယ်ဆေးတွေ နောက်ကျခဲ့ရင်
ကာကွယ်ဆေးတွေကို မထိုးဘဲ မနေပါနဲ့။ နောက်ကျခဲ့ရင် မီတဲ့နေရာက လိုက်ထိုးပါ။ လိုက်ထိုးတဲ့အခါ တစ်ခါတည်း ၂မျိုး၊ ၃မျိုး ထိုးရတာတွေ ရှိနိုင်ပါတယ်။ ဒီလိုလည်း ထိုးလို့ရပါတယ်။ တစ်ချိန်တည်းမှာ ကာကွယ်ဆေးတွေ အများကြီး ထိုးတာက ကလေးကို ကြီးကြီးမားမား ထိခိုက်တာမျိုး မဖြစ်စေပါဘူး။ မိဘတွေ အနေနဲ့ နောက်တစ်ခါ ဆေးရုံ ဆေးခန်း လာဖို့ မလွယ်ရင် တစ်ခါတည်း ထိုးထားလိုက်ပါ။

Crd-hellohealthygroup

Address

Monywa

Telephone

+95943002643

Website

Alerts

Be the first to know and let us send you an email when Metta Oo Hospital, Monywa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Metta Oo Hospital, Monywa:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category