Htoo Myat Hospital

Htoo Myat Hospital Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htoo Myat Hospital, Hospital, Bogyoke Road, Dawnachan Qr, Monywa.

😂 😂 😂
03/11/2025

😂 😂 😂

13/09/2025
🙏 နှစ်သစ်ကူးဆုတောင်း 🙏ဤနှစ်သစ်တွင် မြန်မာပြည်သူအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ဘေးရန်အန္တရာယ်ကင်းကာ သာယာဝပြောစွာ နေထို...
17/04/2025

🙏 နှစ်သစ်ကူးဆုတောင်း 🙏

ဤနှစ်သစ်တွင် မြန်မာပြည်သူအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ဘေးရန်အန္တရာယ်ကင်းကာ သာယာဝပြောစွာ နေထိုင်နိုင်ကြပါစေ။ မေတ္တာ၊ ကရုဏာ၊ နှလုံးသား ဖြူစင်မှုတို့ဖြင့် အချင်းချင်း လက်တွဲဆင်နွှဲနိုင်ကြပါစေ။

ဆင်းရဲဒုက္ခ၊ ရောဂါဘယ၊ သဘာဝဘေးအန္တရာယ်များ ကင်းဝေးပျောက်ကွယ်ကာ အေးချမ်းသာယာသော ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ။ ကလေးသူငယ်မှအစ သက်ကြီးရွယ်အိုတိုင်အောင် လုံခြုံစိတ်ချရသော အနာဂတ်တစ်ခု ရရှိကြပါစေ။

ပညာဉာဏ်အလင်း ပြည့်ဝ၍ အမှန်တရားကို သိမြင်နိုင်ကြပါစေ။ မာန်မာန မထားဘဲ စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ညီညွတ်စွာ အတူတကွ နေထိုင်နိုင်ကြပါစေ။

မြန်မာပြည်သူအားလုံး ကုသိုလ်တရား တိုးပွား၍ မဂ်ဖိုလ်နိဗ္ဗာန်သို့ တဖြည်းဖြည်း ချဉ်းကပ်နိုင်ကြပါစေ။ ဤမြေသည် သစ္စာတရား၊ မေတ္တာတရား၊ ပညာတရားတို့ဖြင့် အစဉ်ထွန်းပြောင်နေပါစေ။

အမုန်းတရား ကင်းစင်ပျောက်ကွယ်၍
မေတ္တာတရား အစဉ်ထွန်းကားပါစေ။
ဒုက္ခအားလုံး ချုပ်ငြိမ်း၍
သုခချမ်းသာ ပြည့်ဝနိုင်ကြပါစေ။

**အားလုံးပဲ နှစ်သစ်မင်္ဂလာပါ...** 🙏🌱

29/03/2025
22/06/2024

Need MO .

For Monywa

plz contact ~09962031523.

ခုချိန်မှာ လူတိုင်းသိသင့်တဲ့ အကြောင်းအရာမို့ ကျော်မသွားပဲ ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်ခင်ဗျာ။ဒီရက်ပိုင်း အပူဒဏ်တွေ မြင့်သ...
25/04/2024

ခုချိန်မှာ လူတိုင်းသိသင့်တဲ့ အကြောင်းအရာမို့ ကျော်မသွားပဲ ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်ခင်ဗျာ။

ဒီရက်ပိုင်း အပူဒဏ်တွေ မြင့်သထက်မြင့်လာတာကို သတိထားမိမှာပါ။ အခုလို အပူချိန်တွေမြင့်လာတဲ့အခါမျိုးမှာ ကျန်းမာရေးရှုထောင့်အရ ကြည့်မယ်ဆိုရင် လူတိုင်းမသိမဖြစ်သိထားသင့်တဲ့ အရေးပေါ်အခြေအနေ ၂ မျိုးရှိပါတယ်။ အဲ့တာက Heat exhaustion လို့ခေါ်တဲ့ “အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်း” နဲ့ Heat stroke လို့ခေါ်တဲ့ “အပူကြောင့် သတိလစ်မေ့မျောခြင်း”တို့ပဲဖြစ်ပါတယ်။

ဒီစာလေးမှာ ဒီအခြေအနေနှစ်ခု ဖြစ်နေတာကိုဘယ်လိုသိနိုင်မလဲ၊ ဖြစ်လာရင်ဘာလုပ်ရမလဲ ဆိုတာတွေကို ပြောပြပေးသွားပါမယ်။

ဲ့HeatStrokeဆိုတာဘာလဲ?

ပထမဦးဆုံးအနေနဲ့ သိထားစေချင်တာက အဲ့ဒီနှစ်ခုစလုံးဟာ အသက်အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေအနေတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ Heat Stroke (အပူကြောင့်သတိလစ်ခြင်း) က Heat exhaustion (အပူကြောင့်ပင်ပန်းနွမ်းနယ်ခြင်း) ထက်ပိုဆိုးပါတယ်။ Heat stroke မဖြစ်ခင် Heat exhaustion အရင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် Heat exhaustion အဆင့်မှာတင် အမြန်ကုသပေးနိုင်ရင် Heat stroke ထိမဖြစ်ဘဲ ပြန်လည်သက်သာသွားနိုင်ပါတယ်။

Heat exhaustion ဆိုတာကို မြန်မာလို “အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်း” လို့ခေါ်ပါတယ်။ Heat exhaustion ရဲ့ လက္ခဏာတွေက -
🔴 ကိုယ်ပူမယ်၊
🔴 ချွေးထွက်များမယ်၊
🔴 သွေးခုန်နှုန်းမြန်မယ်၊
🔴 ပင်ပန်းပြီး နုံးချိနေမယ်၊
🔴 အစားအသောက်တွေပျက်မယ် စတာတွေ ဖြစ်တတ်ပါတယ်။ ဒီအဆင့်မှာ မကုရင် Heat Stroke ထိဖြစ်သွားနိုင်ပါတယ်။

Heat stroke လို့ခေါ်တဲ့ “အပူကြောင့် သတိလစ်မေ့မျောခြင်း” ဖြစ်ရင်တော့ ဒီလက္ခဏာတွေပြတတ်ပါတယ်။
🔴 ကယောင်ကတမ်းဖြစ်တာ၊
🔴 သတိကောင်းကောင်းမရတာ၊
🔴 တတ်တာ၊
🔴 သတိလစ်တာ၊
🔴 မေ့မျောတာ စတာတွေကနေ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးပြီး အချိန်မီမကုရင် အသက်ဆုံးရှုံးနိုင်ပါတယ်။

ြစ်ရင်ဘာလုပ်ရမလဲ?

အလွယ်ပြောရရင်တော့ အပူကြောင့်ဖြစ်တဲ့‌ရောဂါမို့ အေးအောင်ပြန်လုပ်ရပါမယ်။ Heat exhaustion ဖြစ်နေတဲ့သူကို -

1️⃣ ပထမဆုံး အရိပ်ရတဲ့နေရာ အေးတဲ့နေရာကိုရွှေ့ပါ။

2️⃣ လူနာကို လှဲထားပါ။ ဦးနှောက်ထဲသွေးရောက်ဖို့အတွက် ခြေထောက်က ဦးနှောက်ထက်ပိုမြင့်နေအောင် ခြေထောက်အောက်မှာ တစ်ခုခုခံထားပါ။ (ပုံကိုကြည့်ပါ)

3️⃣ အပေါ်က အဝတ်အစားတွေ ချွတ်ပစ်ပါ။ ပွပွချောင်ချောင်ချည်ထည်မျိုးကိုဝတ်ပေးပါ။

4️⃣ မီးလာတဲ့နေရာဆိုရင် အဲကွန်း၊ ပန်ကာဖွင့်ပေးပြီး အအေးခံပါ။ မီးမလာရင် ပြတင်းပေါက်တွေဖွင့်ပေးပါ။ ယပ်ခပ်ပါ။

5️⃣ ရေအေးဝတ်၊ ရေခဲဝတ်ကပ်ပါ။ ရေပတ်တိုက်ပါ။

6️⃣ ရေများများတိုက်ပါ။ ဓာတ်ဆားရည်တိုက်ပါ။

‼️ Heat stroke ဖြစ်ပြီးသတိလစ်သွားရင်တော့ ချက်ချင်းဆေးရုံကိုပို့ပါ။ ‌ဆေးရုံမပို့နိုင်ခင်မှာ အပေါ်က အဆင့်တွေ အကုန်လုပ်ထားပေးလို့ရပါတယ်။

ဲ့HeatStrokeမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ?

Heat Exhaustion နဲ့ Heat Stroke က အသက်အန္တရာယ်ရှိတာမို့ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် အများကြီးပိုကောင်းပါတယ်။ ဒီနှစ်ခုမဖြစ်အောင် အောက်မှာပြောထားတဲ့နည်းတွေနဲ့ ကာကွယ်လို့ရပါတယ်။

1️⃣ ရေများများသောက်ပါ။ ဓာတ်ဆားရည် သောက်ပါ။ အရည်ရွှမ်းတဲ့အသီးတွေ စားပါ။ ကော်ဖီနဲ့ အယ်ကိုဟော (အရက်) ပါတဲ့အရည်တွေက ဆီးသွားများပြီး ရေဓာတ်ဆုံးရှုံးစေတဲ့အတွက် ဒီအရာတွေကို ရှောင်ပါ။

2️⃣ အဝတ်အစား ဝတ်တဲ့အခါ ပွပွချောင်ချောင် ချည်ထည်တွေ ဝတ်ပါ။ လေဝင်လေထွက် ကောင်းတာတွေဝတ်ပါ။ အရောင် ဖျော့ဖျော့ အဝတ်တွေကိုရွေးချယ်ပါ။

3️⃣ တတ်နိုင်သမျှ အိမ်မှာနေပါ။ အပူချိန် အမြင့်ဆုံး အချိန် (၁၀ နာရီမှ ၄ နာရီအတွင်း) နေပူထဲ သွားတာ၊ အလုပ်လုပ်တာမျိုး ရှောင်ပါ။ မဖြစ်မနေ လုပ်ရရင် နေပူထဲ ဆက်တိုက်မလုပ်ဘဲ အေးမြတဲ့ အရိပ်ထဲ ခဏခဏ အနားယူပေးပါ။

4️⃣ နေပူထဲသွားရရင် SPF 50 နှင့်အထက်ရှိတဲ့ Sunscreen လိမ်းပါ။ နေကာမျက်မှန်တပ်ပါ။ ထီးဆောင်းပါ။

5️⃣ စိတ်အေးအေးထားပါ။ တတ်နိုင်သမျှ စိတ်အပင်ပန်းမခံပါနဲ့။ ကိုယ်တင်မက စိတ်အေးနေဖို့လဲ အရေးကြီးပါတယ်။

ခြုံပြောရရင် heat exhaustion နဲ့ heat stroke ဆိုတာက အသက်အန္တရာယ်ရှိပြီး လူမျိုးဘာသာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ဒါမျိုးမဖြစ်အောင်ဂရုစိုက်ဖို့ လိုပါတယ်။

#ကိုယ့်ကိုယ်ကိုချစ်ပါ #ဂရုစိုက်ပါ #ကျန်းမာအောင်နေပါ #သင်ကျန်းမာဖို့သင့်မှာတာဝန်ရှိပါတယ်

Credit


17/04/2024

နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း၊

ကိုယ်၏ ကျန်းမာခြင်း နှင့်အတူ

အောင်မြင်မူတွေ ဆတက်ထမ်းပိုး

ပိုင်ဆိုင်နိုင်ပါစေကြောင်း

ထူးမြတ်ဆေးရုံ မိသားစုမှ

နှစ်သစ်ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်

🙏🏻🙏🏻🙏🏻

23/03/2024

ရာသီတုတ်ကွေး ကာကွယ်ဆေး

ထိုးနိုင်ပါသည် ။

TB ရောဂါ ဆန်းစစ်နည်း အကြောင်းကို ဗဟုသုတအနေဖြင့်တင်ပြလိုက်ပါတယ်။❤️၁။ လူတစ်ဦးဟာ ၂ ပတ် ကျော်ဆက်တိုက်ချောင်းဆိုးလာမယ် ( coug...
21/02/2024

TB ရောဂါ ဆန်းစစ်နည်း အကြောင်းကို ဗဟုသုတအနေဖြင့်တင်ပြလိုက်ပါတယ်။❤️

၁။ လူတစ်ဦးဟာ ၂ ပတ် ကျော်ဆက်တိုက်ချောင်းဆိုးလာမယ် ( cough )

၂။ နေ့တိုင်း ညနေပိုင်းဆို အဖျား ငွေ့ငွေ့၀င်လာတတ်ပါတယ် (Fever)

၃။ နဂိုရှိတဲ့ ကိုယ်အလေးချိန်ထက် သိသိသာသာကျဆင်းသွားတတ်ပါတယ် (Weight Loss)

၄။ ညဖက်အိပ်ယာ၀င်တဲ့အခါ ချွေးစီးများ ခဏခန ထွက်နေတတ်ပါတယ် (Night Sweats)

၅။ လည်းပင်း တဝိုက် အကျိတ်များ ပေါက်လာတက်ပါတယ် (Lymph node enlarged)

၄င်း ၅ ချက်မှာ ၃ ချက် သို့မဟုတ် ၂ချက်နှင့် ကိုက်ညီနေပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ လာရောက် စစ်ဆေးသင့်ပါသည်။ လက်လှမ်းမှီသလောက် ရေးသားတင်ပြလိုက်ပါသည်။

အမျိုးသမီး တစ်ယောက် ကိုယ်ဝန် မရနိုင်သည့် ရက်များ နှင့် ကိုယ်ဝန်ရနိုင်သည့် ရက်များ ======================================...
22/01/2024

အမျိုးသမီး တစ်ယောက် ကိုယ်ဝန် မရနိုင်သည့် ရက်များ
နှင့် ကိုယ်ဝန်ရနိုင်သည့် ရက်များ

======================================

အမျိုးသမီး တစ်ယောက်ဟာ ဓမ္မတာ မလာခင် ၇ရက် နှင့် ဓမ္မတာ လာပီး ၇ရက် အတွင်း အမျိုးသား နှင့် အတူတူ နေပါက ကလေး မရနိုင်ပါ ။

✅ဥပမာ

February 1 မှာ ဓမ္မတာ လာတယ်ဆိုပါစို့ ။

အဲ့ အမျိုးသမီးဟာ ( Jan 25 မှ Feb 7 ) အတွင်း ကိုယ်ဝန်မရနိုင်ပါ ။❌

ကိုယ်ဝန် ရနိုင်သည့် ရက်မှာ Feb 8 မှ Feb 22 အတွင်း ကိုယ်ဝန် ရနိုင်ပါသည် ။❤️

( အဓိက ကိုယ်ဝန်ရနိုင်သည့်ရက်မှာ Feb 13,14,15 ရက် များတွင် ဖြစ်ပါသည် ) ။❤️

✅ အကယ်၍ ကိုယ်ဝန်ရနိုင်သည့်ရက်များမှာ အတူတူနေမည်ဆိုပါက ကိုယ်ဝန် မရလိုလျှင် ကွန်ဒုံး or အရေးပေါ်တားဆေး ECee2 ကို သုံးပါ ။

======================================

ပွင့်သော ပန်းတိုင်း လှပဖို့ သားဆက်ခြားကြစို့ ❣️

11/12/2023
ငှက်ဖျားရောဂါ
15/10/2023

ငှက်ဖျားရောဂါ

Address

Bogyoke Road, Dawnachan Qr
Monywa

Telephone

092132625

Website

Alerts

Be the first to know and let us send you an email when Htoo Myat Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category