Aung Paing Hospital Myan Aung

Aung Paing Hospital Myan Aung အောင်ပိုင် ဆေးရုံ(မြန်အောင်မြို့)
ဖုန်း 09 266 691 899
09 761 542 899

နှုတ်ဆိတ်နေခြင်းက တစ်ခါတလေမှာ အန္တရာယ်အရှိဆုံးပါပဲ... "နေကောင်းပါတယ်၊ ဘာမှလည်း မဖြစ်ဘူး" ဆိုတဲ့ စကားနောက်ကွယ်မှာ သင့်ခန္...
13/02/2026

နှုတ်ဆိတ်နေခြင်းက တစ်ခါတလေမှာ အန္တရာယ်အရှိဆုံးပါပဲ...

"နေကောင်းပါတယ်၊ ဘာမှလည်း မဖြစ်ဘူး" ဆိုတဲ့ စကားနောက်ကွယ်မှာ သင့်ခန္ဓာကိုယ်က အကူအညီတောင်းနေတဲ့ တိုးတိုးလေး ကပ်ပြောတဲ့ အသံတွေကို ကြားမိရဲ့လား?

👨‍⚕️ သွေးတိုးရောဂါဆိုတာ တကယ့်ကို "တိတ်တဆိတ် လူသတ်သမား" ပါ ...
သူက တစ်ခါတည်း အော်ဟစ်ပြီး ရောက်လာတာမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်းချင်း အမြစ်တွယ်တတ်တာပါ။
ဒါပေမယ့် သေချာနားစွင့်ကြည့်ရင်တော့ သူ ပေးနေကျ "တိတ်တဆိတ် သတိပေးသံ" လေးတွေကို သင် ခံစားမိမှာပါ...

🌅 မနက်ခင်းရဲ့ အချက်ပေးသံ
မနက်နိုးနိုးချင်း ဇက်ကြောတွေ တောင့်နေတာ၊ ခေါင်းနောက်ဘက်က ထိုးကိုက်နေတာမျိုး ဖြစ်ဖူးလား?
ဒီလိုဖြစ်တာက "အိပ်ရေးမဝလို့နေမှာပါ" ဆိုပြီး လျစ်လျူမရှုလိုက်ပါနဲ့။ ဒါဟာ သွေးတိုးက သင့်ကို ပေးတဲ့ ပထမဆုံး သတိပေးခေါင်းလောင်းသံ ဖြစ်နိုင်ပါတယ် ...

😫 အကြောင်းမဲ့ မောပန်းခြင်း
အရင်ကဆို လှေကားတက်ရင် မမောဘူး၊ အခုကျမှ ရင်တုန်သလိုလို၊ အသက်ရှူရတာ တစ်မျိုးကြီး လေးလံနေသလို ခံစားရရင် သင့်နှလုံးက သွေးတွေကို အရင်ထက် ပိုညှစ်ထုတ်နေရလို့ ဖြစ်နိုင်ပါတယ်။

👓 အမြင်အာရုံက ဝေဝါးခြင်း
မျက်စိက ရုတ်တရက် ဝေသွားတာ၊ ကြည့်ရတာ ကြည်ကြည်လင်လင် မရှိတော့တာမျိုးက မျက်မှန်လဲဖို့ လိုတာတင် မဟုတ်ပါဘူး။ သွေးတိုးကြောင့် မျက်စိထဲက သွေးကြောလေးတွေ ပင်ပန်းနေတာလည်း ဖြစ်နိုင်ပါတယ်

👂 နားထဲက မြည်သံ
တိတ်ဆိတ်နေတဲ့ အချိန်မှာတောင် နားထဲမှာ "စီ... စီ..." နဲ့ မြည်နေသလိုမျိုး ကြားနေရပြီဆိုရင်တော့ သင့်သွေးဖိအားကို စစ်ဆေးဖို့ အချိန်တန်ပါပြီ။

💡တစ်ခါတစ်လေမှာ လူအများစုက ဒီလက္ခဏာတွေ တစ်ခုမှ မပြဘဲနဲ့လည်း သွေးတိုးနေတတ်တာပါ။ ဒါကြောင့် "ဘာမှမဖြစ်လို့ ဆေးရုံမလာဘူး" ဆိုတာထက် "ဘာမှမဖြစ်ခင် ကြိုတင်သိရအောင်" တတ်ကျွမ်းနားလည်သော ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး သွေးပေါင်ချိန် စစ်ဆေးဖို့ လိုအပ်ပါတယ် ....

သွေးတိုးဆိုတာ ထိန်းချုပ်လို့ရတဲ့ ရောဂါပါ။ ဒါပေမယ့် မသိလိုက်ဘဲ ထားမိရင်တော့ သူက သင့်ရဲ့ နှလုံး၊ ကျောက်ကပ်နဲ့ ဦးနှောက်ကို ဒုက္ခပေးနိုင်ပါတယ် ....

🤔 သင့်ရဲ့ နောက်ဆုံးအကြိမ် သွေးပေါင်ချိန်တာ ဘယ်တုန်းကလဲ?
👨‍⚕️ မမှတ်မိတော့ဘူးဆိုရင်တော့ ဒီနေ့ပဲ ကျွန်ုပ်တို့ အောင်ပိုင် အထူးကုဆေးရုံက အထွေထွေရောဂါအထူးကုသမားတော်ကြီးများနဲ့ လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါရစေ .....

သင့်ကျန်းမာရေးအတွက် တိတ်တဆိတ် သတိပေးသံတွေကို လျစ်လျူမရှုလိုက်ပါနဲ့ ....

📍 အောင်ပိုင်အထူးကု ဆေးရုံ (မြန်အောင်မြို့)

📞 📞📞
09 266 691 899
09 761 542 899

🙏 🙏 🙏
သင့်မိသားစု ကျန်းမာရေး အတွက် အစဥ် ဂရုစိုက်ပေးမှာ အောင်ပိုင် ပါ။



မြန်အောင်နဲ့ ထူးကြီးရှိ အမျိုးသမီးများအတွက် သတင်းကောင်းတစ်ခု မျှဝေပေးချင်ပါတယ် ....ကျွန်တော်တို့ရဲ့ အောင်ပိုင် အထူးကုဆေး...
10/02/2026

မြန်အောင်နဲ့ ထူးကြီးရှိ အမျိုးသမီးများအတွက် သတင်းကောင်းတစ်ခု မျှဝေပေးချင်ပါတယ် ....

ကျွန်တော်တို့ရဲ့ အောင်ပိုင် အထူးကုဆေးရုံနဲ့ အောင်ပိုင် အထူးကုဆေးခန်းတို့မှာ ဟင်္သာတပြည်သူ့ဆေးရုံကြီးက သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာကျော်စည်သူ ကိုယ်တိုင် လူနာများကို ကြည့်ရှုကုသပေးမယ့် အစီအစဉ်လေး ရှိပါတယ် ....

ကိုယ်ဝန်ဆောင်မိခင်တွေပဲဖြစ်ဖြစ်၊ အမျိုးသမီးရောဂါဝေဒနာတွေနဲ့ ပတ်သက်ပြီး စိတ်ချလက်ချ တိုင်ပင်ဆွေးနွေးချင်သူတွေပဲဖြစ်ဖြစ် လာရောက်ပြသနိုင်ပါပြီ ...

🗓️ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်၊ (သောကြာနေ့)
📍 နေ့လည် (၁) နာရီမှာ -
မြန်အောင်မြို့၊ အောင်ပိုင်ဆေးရုံ မှာ ဆရာကြီး ရှိနေမှာဖြစ်သလို၊
📍 ညနေ (၃) နာရီမှာတော့ -
ထူးကြီးမြို့၊ အောင်ပိုင် အထူးကုဆေးခန်း မှာ ဆက်လက်ပြီး လူနာများကို ကြည့်ရှူကုသပေးသွားမှာဖြစ်ပါတယ် ....

ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်အတွက် ဆွေးနွေးချင်လိုပဲဖြစ်ဖြစ်၊ အမျိုးသမီးများအနေနဲ့ အမျိုးသမီးရောဂါ အမျိုးမျိုးအတွက် တိုင်ပင်ဆွေး‌နွေးချင်လိုပဲ ဖြစ်ဖြစ် အမြန်ဆုံး စာရင်းပေးသွင်းထားနိုင်ပါပြီခင်ဗျာ ....

အသေးစိတ်မေးမြန်းရန်နဲ့ ကြိုတင်စာရင်းပေးသွင်းရန် ဆက်သွယ်လိုပါက ....

📍 အောင်ပိုင်အထူးကု ဆေးရုံ (မြန်အောင်မြို့)

📞 📞📞
09 266 691 899
09 761 542 899

🙏 🙏 🙏

သင့်မိသားစု ကျန်းမာရေး အတွက် အစဥ် ဂရုစိုက်ပေးမှာ အောင်ပိုင် ပါ။



#သားဖွားမီးယပ်အထူးကု
#ကိုယ်ဝန်ဆောင်
#အမျိုးသမီးကျန်းမာရေး
#မြန်အောင်
#ထူးကြီး

🏥 ခွဲစိတ်ကုသမှုတိုင်းအတွက် "စိတ်အေးရမှု" ကို အောင်ပိုင်အထူးကုဆေးရုံ မှာ ရှာဖွေပါဘေးကင်းလုံခြုံ စိတ်ချရပြီး စျေးနှုန်းသက်...
06/02/2026

🏥 ခွဲစိတ်ကုသမှုတိုင်းအတွက် "စိတ်အေးရမှု" ကို အောင်ပိုင်အထူးကုဆေးရုံ မှာ ရှာဖွေပါ

ဘေးကင်းလုံခြုံ စိတ်ချရပြီး စျေးနှုန်းသက်သာတဲ့ ခွဲစိတ်ကုသခြင်း (၅) မျိုး နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ကျန်းမာရေးပြဿနာတစ်ခုကြောင့် ခွဲစိတ်ဖို့ လိုအပ်လာပြီဆိုရင် လူနာရော လူနာရှင်တွေပါ စိုးရိမ်စိတ်တွေ ဒွန်တွဲလာတတ်ကြတာ သဘာဝပါ ....

🤔 ကုန်ကျစရိတ်တွေ အဆမတန် များသွားမလား?

🤔 ခွဲစိတ်မှုကရော တကယ်ဘေးကင်းရဲ့လား?

👉 ဒီလို မေးခွန်းတွေအတွက် အောင်ပိုင်ဆေးရုံ က အဖြေရှိပါတယ် ....

✅ ✅✅ကျွန်တော်တို့ဆေးရုံဟာ ခွဲစိတ်ကုသမှု့တွေအတွက် စနစ်တကျ ဖွဲ့စည်းထားတဲ့ Surgical Team ရှိနေပါပြီ။

ခွဲစိတ်မှုတစ်ခု အဆင်ပြေပြေ ချောချောမွေ့မွေ့ အောင်မြင်ဖို့ အတွက်

👨‍⚕️အထွေထွေခွဲစိတ် အထူးကုဆရာဝန် (General Surgeon)
👨‍⚕️ သားဖွား မီးယပ် အထူးကုဆရာဝန် (OG)
👨‍⚕️ မျက်လုံး ခွဲစိတ်အထူးကုဆရာဝန်
(Eye Surgeon)
👨‍⚕️ မေ့ဆေး/ထုံဆေး စနစ်တကျပေးမယ့် မေ့ဆေးအထူးကုဆရာဝန် (Anaesthesiologist)
👨‍⚕️ ဓာတ်မှန် အထူးကုဆရာဝန် (Radiologist)
👨‍⚕️ ရောဂါဗေဒ အထူးကုဆရာဝန် (Pathologist)
👨‍⚕️ ခွဲစိတ်ကုသရမယ့် ရောဂါ အပြင် တခြားတွဲဖက်နေနိုင်သော ရောဂါများ (ဥပမာ သွေးတိုး၊ ဆီးချို၊ နှလုံး ရောဂါ) အတွက် စနစ်တကျ တိုင်ပင် ကုသပေးမယ့် အထွေထွေ အထူးကု သမားတော် (Physician)
👩🏼‍💼👩🏼‍💼👩🏼‍💼လူနာများကို စနစ်တကျ ပြစု စောင့်ရှောက် Nursing care ပေးမယ့် သူနာပြု ဆရာမများ အဖွဲ့ (Nursing Team)

စသဖြင့် အဘက်ဘက်ကနေ တာဝန်ယူကုသပေးမယ့် အတွေ့အကြုံရင့် Surgical Team တစ်ခုလုံး ရှိနေတာမိုလို့ လူနာရဲ့ ဘေးကင်းလုံခြုံမှုအတွက် စိတ်ချယုံကြည်နိုင်ပါတယ် ....

💎 ဒါ့အပြင် ဆေးရုံ စရိတ်စကကို ကြိုတင်တွက်ချက်နိုင်ဖို့နဲ့ လူနာရှင်တွေ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့အတွက် အောင်ပိုင် အထူးကု ဆေးရုံမှ အထူး အစီအစဉ် အနေဖြင့် “ခွဲစိတ်ကုသမှု (၅) မျိုး” ကို အထူးနှုန်းထားတွေနဲ့ စီစဉ်ပေးထားပါတယ် .....

⭐️⭐️⭐️ No (1)
LSCS (ဗိုက်ခွဲပြီး ကလေးမွေးဖွားခြင်း)
1, 750, 000 ကျပ်

⭐️⭐️⭐️ No(2)
Inguinal Hernia (အူကျရောဂါ)
Pile (လိပ်ခေါင်းရောဂါ)
တို့အတွက် ခွဲစိတ်ကုသခြင်း
1, 800, 000 ကျပ်

⭐️⭐️⭐️ No(3)
Circumcision
(ယောကျာ်းလေး လိင်တံအရေပြားဖြတ်ခြင်း)
လူကြီး - 700,000 ကျပ်
ကလေး - 900, 000 ကျပ်

⭐️⭐️⭐️ No(4)
ထုံဆေးဖြင့် ခွဲစိတ်နိုင်သောအကြိတ် အလုံးများ
ဥပမာ ….
Lipoma (အဆီကြိတ်)
Sebaceous cyst
Ganglion
Hypertrophic scar (ရုပ်ဆိုးသောအမာရွတ်များ)
Mole (မှဲ့)
Ear lobe repair (နားပေါက် ပြဲခြင်း ကွဲခြင်း အသီး/အလုံးထခြင်း)
Breast Lump (ရင်သား အကြိတ်)
Ingrowing Toe Nail (ခြေစွယ်ငုတ်ခြင်း)

အထက်ပါ ရောဂါများ ခွဲစိတ်ကုသခြင်း
500,000 ကျပ်

⭐️⭐️⭐️ No(5)
မျက်လုံး အတွင်းတိမ်ခွဲစိတ်ကုသခြင်း
420, 000 ကျပ်

ဒီလို ခွဲစိတ်မှုများကို သက်သာသော package ဈေးနှုန်းများနဲ့ စီစဉ်ထားရှိပါတယ် 💎 💎 💎

📑 ဒီ Package နှုန်းထားတွေထဲမှာ ခွဲစိတ် ကုသပေးမယ့် သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများရဲ့ ခွဲစိတ်ကုသခ၊ လူနာကြည့်ရှု့ခ အပြင် လူနာအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုအတော်များများ ပါဝင်ပြီးသားဖြစ်လို့ စိတ်အေးရပါတယ်။

စနစ်တကျ ပိုးသန့်စင်ထားသော ခွဲစိတ်ခန်းမကြီး (operation theatre) မှာ ခွဲစိတ်ကုသပေးမှာ ဖြစ်ပါတယ်။

ဒါအပြင်
✅ အခန်းခ- သီးသန့်အခန်းမှာ (၄) ညအထိ အေးအေးဆေးဆေး နားနေနိုင်ခြင်း
✅ ခွဲစိတ်ခန်း- ခွဲစိတ်ခန်းသုံးပစ္စည်းများနှင့် ခွဲစိတ်ခန်းအသုံးပြုခများ
✅ ဆေးဝါး- ဆေးရုံတက်စဉ်အတွင်း လိုအပ်တဲ့ အခြေခံဆေးဝါးများ
✅ လူနာပြုစုစောင့်ရှောက်မှု- (၂၄) နာရီလုံး နားလည်တတ်ကျွမ်းတဲ့ သူနာပြုများရဲ့ အနီးကပ်စောင့်ရှောက်မှူ့များ

စတဲ့ ဝန်ဆောင်မှုများ အပြီးအစီး ပါဝင်ပါတယ် ...

❌ Package ထဲမှာ မပါဝင်တာတွေကတော့ ...
📌 မိခင်နဲ့ကလေးမှာ ဖြစ်ပွားတတ်သော ထူးခြားရောဂါများအတွက် ကုန်ကျစရိတ်
📌 တခြားတွဲဖက်ရှိနေသော ရောဂါများအတွက် ကုန်ကျစရိတ်၊ ကုသစရိတ်
📌 အထူးသူနာပြုငှားရမ်းခ (Special Nurse Fee)
📌 သွေးသွင်းရန်လိုအပ်ပါက သွေးဖိုးနှင့် သွေးသွင်းခြင်းဆိုင်ရာ ကုန်ကျစရိတ်များ

စတာတွေရဲ့ ကုန်ကျစရိတ်တွေကတော့ Package တွေမှာ မပါဝင်ပါဘူး ....

✅✅✅လူနာရဲ့ ဘေးကင်း လုံ ခြုံ စိတ်ချရသော ကုသမှု ရရှိရေးဟာ ကျွန်တော်တို့အတွက် အရေးကြီးဆုံးပါ .....

ဒါကြောင့် စိတ်ချရတဲ့ အထူးကုဆရာဝန်များနဲ့ ထိရောက်တဲ့ ကုသမှုတွေကို ရယူဖို့ အောင်ပိုင်အထူးကုဆေးရုံကို အခုပဲ ဆက်သွယ်လိုက်ပါ ...

📍 အောင်ပိုင်အထူးကု ဆေးရုံ (မြန်အောင်မြို့)

📞 📞📞
09 266 691 899
09 761 542 899

🙏 🙏 🙏
သင့်မိသားစု ကျန်းမာရေး အတွက် အစဥ် ဂရုစိုက်ပေးမှာ အောင်ပိုင် ပါ။




04/02/2026

8.2.2026
တနင်္ဂနွေ (နေ့လည်ပိုင်း)နှင့် 9.2.2026 တနင်္လာနေ့(မနက်ပိုင်း)မျက်စိခွဲစိတ်အထူးကုဆရာဝန် ထိုင်ပါမယ်ရှင့်။

မြန်အောင်မြို့ အောင်ပိုင် ဆေးရုံမှ February လအတွက် ပထမဆုံး OrJanuary လအတွက် ဇီဝိတ ဒါန ကုသိုလ်ဖြစ် ခွဲစိတ်ကုသခြင်း
02/02/2026

မြန်အောင်မြို့ အောင်ပိုင် ဆေးရုံမှ

February လအတွက် ပထမဆုံး
Or
January လအတွက်

ဇီဝိတ ဒါန ကုသိုလ်ဖြစ် ခွဲစိတ်ကုသခြင်း

27/01/2026

🔴 **Gall Stone ခွဲစိတ်လူနာအတွေ့အကြုံ**
🎤 မင်းသမီး ဆုပန်ထွာ မေးမြန်း

ဝမ်းဗိုက်နာ၊ အန်ချင်၊ အစာမဝင်…
သည်းခြေအိတ်​ကျောက်တည် ဖြစ်နေပြီလား❓
🏥 အောင်ပိုင် ဆေးရုံ
📌 Video ကို အဆုံးထိကြည့်ပါ။

16/01/2026

🏥အောင်ပိုင်ဆေးရုံ ကလေးခွဲစိတ်မွေး လူနာမိဘရဲ့ အတွေ့အကြုံနဲ့
“မိခင်တစ်ဦးရဲ့ စိုးရိမ်မှုမှ အပြုံးအထိ”
မင်းသမီးဆုပန်ထွာနဲ့ မိဘတို့ရဲ့ စကားဝိုင်းထဲက
အမှန်တကယ် ခံစားချက်တွေကို
Video မှာ နားထောင်ကြည့်ပါ 👇
📌အသုံးဝင်ရင် Share လုပ်ပေးပါနော်။
#အောင်ပိုင်ဆေးရုံ
#ဆုပန်ထွာ
#လူနာအတွေ့အကြုံ
#ခွဲစိတ်အောင်မြင်မှု
#ကျန်းမာရေးဗီဒီယို

၂၀၂၆ ခုနှစ် ဇန်နဝါရီလ၊နှစ်တစ်နှစ်၏ ပထမဆုံးလတွင် နှစ်ဦးအလှူအနေအားဖြင့် အောင်ပိုင်ဆေးရုံ မှ ဇီဝိတဒါန ခွဲစိတ်ကုသ လှူဒါန်းပ...
07/01/2026

၂၀၂၆ ခုနှစ် ဇန်နဝါရီလ၊နှစ်တစ်နှစ်၏ ပထမဆုံးလတွင် နှစ်ဦးအလှူအနေအားဖြင့်
အောင်ပိုင်ဆေးရုံ မှ
ဇီဝိတဒါန ခွဲစိတ်ကုသ လှူဒါန်းပေးလိုက်ပါတယ်ရှင့်။

30/12/2025

( 2026 )နှစ်သစ်ကို ကြိုဆို စျေးနှုန်း ချိုချို
🏨အောင်ပိုင်ဆေးရုံ(မြန်အောင်မြို့)
🧑‍⚕️ မျက်စိ ခွဲစိတ် အထူးကုဆရာဝန်
🧑‍⚕️ အရိုး အကြော ခွဲစိတ်အထူးကုဆရာဝန်
🧑‍⚕️ ဓါတ်မှန် အထူးကုဆရာဝန် (Ultrasound)
🧑‍⚕️ ကလေး အထူးကုဆရာဝန်
🧑‍⚕️ အထွေထွေ အထူးကု သမားတော်
🧑‍⚕️ ခွဲစိတ် အထူးကုဆရာဝန်
🧑‍⚕️ သားဖွား မီးယပ် ခွဲစိတ်အထူးကုဆရာဝန်
များဖြင့် (၂၄ )နာရီ ကျန်းမာရေး စောင့်ရှောက်မှု
ပေးနေပါပြီ။
✅✅✅ အထူးအစီအစဥ်
🎉ကလေးခွဲစိတ်မွေးဖွားခြင်း(LSCS Package)
ဆေးရုံတက်ချိန် (၄ )ည ( ၅)ရက်
(၁၇သိန်းခွဲကျပ်)
🟢မျက်စိ အတွင်းတိမ် ခွဲစိတ်ကုသခြင်း
(Cataract Surgery)(လေးသိန်းနှစ်သောင်းကျပ် )
🟩အူအတက်ရောင်ခြင်း ( Acute Appendicitis )
🟩အူကျ ခွဲစိတ်ကုသခြင်း(Henia Surgery)
🟩 လိင်တံ အရေပြားဖယ်ရှားခြင်း(Circumcision)
စသည့် ခွဲစိတ်မှုများကို စျေးနှုန်းချိုသာစွာဖြင့်
ဆောင်ရွက်ပေးနေပါပြီ။
ဖုန်းဖြင့် ဆက်စုံစမ်း ဘိုကင် တင်နိုင်ပါတယ်
ရှင့်။
🙏 🙏 🙏သင့်မိသားစု ကျန်းမာရေးအတွက်
အစဥ်ဂရုစိုက်ပေးမှာ အောင်ပိုင် ပါ။
ဖုန်း - ၀၉ ၂၆၆ ၆၉၁ ၈၉၉
- ၀၉ ၇၆၁ ၅၄၂ ၈၉၉

🏨အောင်ပိုင်ဆေးရုံ(မြန်အောင်မြို့) 🕖 စနေနေ့ မနက် ပိုင်း 🧑‍⚕️အရိုးအကြောခွဲစိတ်အထူးကုဆရာဝန် 🕖 စနေနေ့နေ့လည်ပိုင်း 🧑‍⚕️ ဓါတ်မ...
26/12/2025

🏨အောင်ပိုင်ဆေးရုံ(မြန်အောင်မြို့)
🕖 စနေနေ့ မနက် ပိုင်း
🧑‍⚕️အရိုးအကြောခွဲစိတ်အထူးကုဆရာဝန်

🕖 စနေနေ့နေ့လည်ပိုင်း
🧑‍⚕️ ဓါတ်မှန် အထူးကုဆရာဝန် (အာထွာဆောင်း)

🕖 တနင်္ဂနွေ နေ့ (မနက်ပိုင်း)
🧑‍⚕️ သားဖွား မီးယပ် ခွဲစိတ်အထူးကုဆရာဝန်
✅ ✅✅ နေ့စဉ်
🧑‍⚕️ အထွေထွေ အထူးကု သမားတော်

စသည့်ဆရာဝန်ကြီးများဆေးခန်းထိုင်မှာဖြစ်ပါတယ်ရှင့်။
ဖုန်းဖြင့် ဘိုကင် တင်နိုင်ပါတယ်ရှင့်။
ဖုန်း - ၀၉ ၂၆၆ ၆၉၁ ၈၉၉
-၀၉ ၇၆၁ ၅၄၂ ၈၉၉

Address

သဘာဝမီးစက်ကြီးလမ်း
Myanaung

Telephone

+959266691899

Website

Alerts

Be the first to know and let us send you an email when Aung Paing Hospital Myan Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Paing Hospital Myan Aung:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram