Golden Banner

Golden Banner Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Banner, Medical and health, Hta Naung Daing, Myingyan.

15/12/2021

Review လေးတွေ ပြန်ကြားပြီး ပီတိ ဖြစ်နေရတယ်
#ရွှေတံခွန်
#သွေးတိုးကျဆေး

🔹 စိတ်ဖိစီးမှု နှင့် သွေးတိုးရောဂါ 🔹 သွေးတိုးရောဂါဖြစ်သည့်သူ အများစုသည် စိုးရိမ်ပူပင်တတ်သူများ ဖြစ်ကြပါသည်။ စိုးရိမ်ပူပင...
12/11/2021

🔹 စိတ်ဖိစီးမှု နှင့် သွေးတိုးရောဂါ 🔹

သွေးတိုးရောဂါဖြစ်သည့်သူ အများစုသည် စိုးရိမ်ပူပင်တတ်သူများ ဖြစ်ကြပါသည်။ စိုးရိမ်ပူပင်စိတ်များ များနေလျှင် ခန္ဓာကိုယ်အတွင်းတွင် ကက်တကောအေမင်းဟုခေါ်သည့် ဟော်မုန်းများထွက်ပါသည်။ ထိုဟော်မုန်းများကြောင့် နှလုံးခုန်နှုန်းများ မြန်လာပြီး သွေးကြောများ ကျဉ်းစေသည့်အတွက် သွေးတိုးရောဂါရစေခြင်း ဖြစ်ပါသည်။ သွေးတိုးရောဂါ ရှိပြီးသားသူများတွင် စိတ်ဖိစီးမှုများ ရှိခဲ့လျှင် ဆေးများ မည်သို့ပင် သောက်စေကာမူ ရောဂါသက်သာမလာဘဲ ပိုဆိုးသွားလေ့ ရှိပါသည်။ ထို့ကြောင့် စိတ်ပူပင်သောကများကို တတ်နိုင်သလောက် လျှော့ဖို့လိုပါသည်။ များ၊ မောဟများကိုလည်း တစ်ပြိုင်နက်တည်း လျှော့ဖို့လိုပါသည်။ လျှော့သည့်နည်းများ များစွာရှိပါသည်။ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်ရန် အရေးအကြီးဆုံး ဖြစ်ပါသည်။ အချို့တိုးတက်သည့် နိုင်ငံများတွင် စိတ်ဖိစီးမှု လျှော့ချရေးအစီအစဉ် (Stress management program) များကို အစုအဖွဲ့လေး (Club) များဖွဲ့ပြီး အဖွဲ့လိုက် ဆောင်ရွက်လျက် ရှိပါသည်။ ဥပမာ စုပေါင်းပြီးတရားထိုင်ခြင်း (Meditation) ၊ ယောဂ (Yoga) ၊ ထိုက်ချိ (Tai Chi) ၊ ပိုင်းလိတ် (Pilate) စသည့် နည်းစနစ်များနှင့် လေ့ကျင့်ခြင်းများ လုပ်ကြသည်ကို တွေ့ရပါသည်။ အင်မတန်မှလည်း ထိရောက်ပါသည်။ ကျွန်တော်တို့ဆီမှာလည်း စတင် ခေတ်စားစပြုနေပြီ ဖြစ်ပါသည်။

🔹 တရားထိုင်ခြင်း နှင့် သွေးတိုးရောဂါ 🔹

သွေးတိုးရောဂါကို ကုသရာ၌ ယခင်က ဆေးတစ်မျိုးတည်းကိုသာ အားကိုးပြီး ကုခဲ့ကြရာ အောင်မြင်မှုမရခဲ့ပါ။ ယခု Integrative approach ဟုခေါ်သည့် နည်းလမ်းမျိုးစုံ ပေါင်းစပ် ကုသပေးသည့်အခါ အလွန်ပင် အောင်မြင်မှုရသည်ကို တွေ့ရပါသည်။ အထင်ရှားဆုံး ဥပမာမှာ တရားထိုင်ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အရှေ့တိုင်းသားများအတွက် တရားထိုင်ခြင်းသည် သိပ်မထူးဆန်းဘဲ ကောင်းသည်ဆိုသည်ကို လူတိုင်းသိ၍ လက်ခံပြီးဖြစ်ပါသည်။ မလုပ်ဖြစ်ရင်သာ ရှိပါမည်။ အနောက်နိုင်ငံများ တွင်မူ မကြာသေးခင်ကမှ ကောင်းမှန်းသိပြီး ယခုအခါ အမေရိကန်မှာရော၊ ဥရောပနိုင်ငံများတွင်ပါ တရားစခန်း (Meditation center) များ မှိုပေါက်သကဲ့သို့ အလျှိုလျှို ပေါ်ထွက်လို့နေပါပြီ။ မကြာသေးခင်က အမေရိကန်နိုင်ငံမှ ထုတ်ဝေသည့် သွေးတိုးရောဂါအတွက် ဆေးပညာဂျာနယ် (American Journal of Hypertension) များတွင် တရားထိုင်ခြင်းကို တစ်နေ့လျှင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် (တစ်ကြိမ်ကို ၁၀-၂၀ မိနစ်) ပြုလုပ်လျှင် သွေးပေါင်ချိန်သည် မည်သည့်ဆေးမှမသောက်ဘဲ ပုံမှန်ကို ပြန်ရောက်သွားနိုင်သည်ဆိုသော အချက်ကို ဖော်ပြထားပါသည်။ ထို့ကြောင့် သွေးတိုးသာမကဘဲ ကျန်သည့်ရောဂါ ဥပမာ-ဆီးချို၊ ကင်ဆာ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) စသည့် ရောဂါများအတွက်လည်း များစွာ အကျိုးရှိပါသည်။ ပိုက်ဆံလည်းမကုန်၊ ပင်လည်းမပင်ပန်း၊ ဘေးထွက်ဆိုးကျိုးများလည်း မရှိ၊ ဆရာဝန် ညွှန်ကြားချက်မလို၊ ရောဂါလည်းပျောက် စသည့် ကောင်းကျိုးများ များစွာရနိုင်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

💢 သွေးတိုးရောဂါဖြစ်လျှင် 💢
29/10/2021

💢 သွေးတိုးရောဂါဖြစ်လျှင် 💢

✓သဘာဝတိုင်းရင်း‌ေဆးပစ္စည်းတွေနဲ့ဖော်စပ်ထားတဲ့ဆေး ✓တိုင်းရင်းဆေးဆရာမကိုယ်တိုင်ဖော်တဲ့ဆေး✓(၃) နှစ်ကျော် နှစ်သက်စွာ  သုံးစွ...
28/10/2021

✓သဘာဝတိုင်းရင်း‌ေဆးပစ္စည်းတွေနဲ့
ဖော်စပ်ထားတဲ့ဆေး

✓တိုင်းရင်းဆေးဆရာမကိုယ်တိုင်ဖော်တဲ့ဆေး

✓(၃) နှစ်ကျော် နှစ်သက်စွာ သုံးစွဲကြသောဆေး

အဲဒါ ရွှေတံခွန် 🍁 သွေးကျဆေး 🍁

#ရွှေတံခွန်
#သွေးကျဆေး

သွေးတိုးရှိရင် ဒီအစားအစာတွေ မစားသင့်ပါဘူး ‼️နာတာရှည် သွေးတိုးရောဂါဆိုတာ ကျား၊ မ မရွေး ဖြစ်နိုင်ပြီး အသက်ကြီးတဲ့သူတွေမှာ ...
28/10/2021

သွေးတိုးရှိရင် ဒီအစားအစာတွေ မစားသင့်ပါဘူး ‼️

နာတာရှည် သွေးတိုးရောဂါဆိုတာ ကျား၊ မ မရွေး ဖြစ်နိုင်ပြီး အသက်ကြီးတဲ့သူတွေမှာ ပိုပြီး အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။ နေထိုင်စားသောက်မှုပုံစံမမှန်တာ၊ အစာအာဟာရမျှတအောင် မစားတဲ့ လူငယ်ပိုင်းတွေမှာ သွေးတိုးဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။

သွေးတိုးရောဂါ ရှိပြီဆိုရင် ဆရာဝန်နဲ့ အမြဲ ပြသပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို လေ့လာစစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ သွေးတိုးကျစေမယ့် ဆေးကို အမြဲသောက်ပေးရမယ်။ အာဟာရရှိတဲ့ အစားအစာတွေကို စားပေးရမယ်။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးရမယ်။ ဒါဆိုရင် သက်တမ်းရှည်ကြာစွာ နေနိုင်ပြီး သွေးတိုးကြောင့် နောက်ဆက်တွဲ ရောဂါတွေ ဝင်လာနိုင်ဖို့ အခွင့်အလမ်း အလွန်နည်းသွားမှာ ဖြစ်ပါတယ်။

သွေးတိုးရှိသူတွေမှာ အစာအာဟာရကို လွန်စွာ ဂရုစိုက်ဖို့ လိုအပ်တဲ့အတွက် သွေးပေါင်ချိန်တက်စေနိုင်တဲ့ တချို့သော အစားအစာတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို များများစားပေးရမယ်။ အသားဓါတ် ပြည့်ဝစွာ စားပေးရမယ်။ ပဲ၊ အဆီထုတ်ထားတဲ့ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေကိုလည်း စားပေးရပါမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းဖို့ လိုအပ်ပါတယ်။

ဒါကြောင့် သွေးတိုးရှိသူတွေအနေနဲ့ သွေးပေါင်ချိန် တက်စေနိုင်တဲ့ အစားအစာတွေ၊ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

၁။ ဆား
အငန်ဓါတ်ဟာ သွေးတိုးရောဂါကို ပိုဆိုးသွားစေနိုင်တဲ့ အဓိကတရားခံတွေက တစ်ခုပါပဲ။ အငန်ဓါတ်စားသုံးမှု များခြင်းကြောင့် ယနေ့ခေတ်မှာ သွေးတိုးရောဂါ ရှိနေတဲ့ သူအရေအတွက်ဟာ များသထက် များလာပါတယ်။ ဒါကြောင့် အစားအစာချက်ပြုတ်တော့မယ်ဆိုရင် ဆားကို လျှော့ထည့်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ အစာကြေလွယ်စေမယ့် အရသာမျိုးဖြစ်အောင် ချက်ပြုတ်ပါ။

၂။ သိုလှောင်ထားတဲ့ အသား
စတိုးဆိုင်တွေမှာ တာရှည်ခံေအာင် ထုတ်ပိုးပြင်ဆင်ထားတဲ့ အသားတွေဟာ လတ်ဆတ်တယ်လို့ ထင်ရပါတယ်။ တကယ်ကတော့ ဒီအသားတွေကို ဆား၊ အချိုမှုန့်တွေနဲ့ နယ်ထားတဲ့အပြင် တာရှည်ခံစေဖို့ ဓါတုဗေဒနည်းပညာတွေနဲ့ ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် သွေးတိုးရှင်တွေအတွက် သွေးပေါင်တက်စေနိုင်တဲ့အပြင် ကျန်းမာရေးအတွက်လည်း ရေရှည်မှာ ဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။

၃။ ပီဇာ
ဆိုင်မှာ အလွယ်တကူ မှာစားလို့ ရတဲ့ ပီဇာဖြစ်ပါစေ၊ တာရှည်ခံအောင် အအေးခန်းထဲမှာ ထုတ်ပိုးပြီး ပြုလုပ်ထားတဲ့ ပီဇာတွေဟာ သွေးတိုးရောဂါရှင်တွေ ရှောင်သင့်တဲ့ အစားအစာ စာရင်းထဲမှာ ပါပါတယ်။ ကိုယ်ခန္ဓါအတွက် မကောင်းတဲ့ ကယ်လိုရီနဲ့ ကိုလက်စထရောဓါတ်တွေ များတဲ့အပြင် ဆားနဲ့ ဟင်းခတ်မှုန့်များစွာ ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် မကောင်းပါဘူး။

၄။ ဆားရည်စိမ်ထားတဲ့ ဟင်းသီးဟင်းရွက်
ကျွန်တော်တို့ မြန်မာလူမျိုးတွေ အလွန်ကြိုက်ကြတဲ့ တို့စရာတွေထဲမှာ ဆားရည်စိမ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေဟာလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။ သဘာဝနည်းလမ်းနဲ့ တာရှည်ခံအောင် ပြုလုပ်ဖို့အတွက် ဆားရည်နဲ့ နာရီပေါင်းများစွာ နှပ်နေအောင် စိမ်ထားတာ ဖြစ်ပါတယ်။ ဒီအခါမှာ သခွားသီးလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတောင် ဆားရည်တွေ အတွင်းထဲထိ စိမ့်ဝင်သွားတဲ့အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၅။ သိုလှောင်ထားတဲ့ ခရမ်းချဉ်သီး အနှစ်
စည်သွပ်ဘူးနဲ့ ဖြစ်စေ၊ ဖန်ပုလင်းနဲ့ ဖြစ်စေ ခရမ်းချဉ်သီး အနှစ်ကို သိုလှောင်တဲ့ အခါ ဆားကို ထည့်ပေးရပါတယ်။ သွေးတိုးရောဂါရှင်တိုင်း ရှောင်ကြဉ်သင့်တဲ့ အရာတွေထဲမှာ ဆားဟာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါကြောင့် တာရှည်ခံအောင် ဆားထည့်ပြီး သိုလှောင်ထားတဲ့ ခရမ်းချဉ်သီးအနှစ်အစား လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီးကို လှီးစိတ်ပြီး ချက်ပြုတ်တာဟာ အရသာပိုရှိသလို ကျန်းမာရေးနဲ့လည်း ပိုပြီး သင့်တော်ပါတယ်။

၆။ သကြား
ဆီးချိုရောဂြါဖစ်စေတဲ့ အဓိကတရားခံအဖြစ် သကြားကို လူသိများကြပါတယ်။ အချိုဓါတ် စားသုံးမှု များလာတဲ့အခါ ကိုယ်အလေးချိန် တက်ပြီး အဝလွန်လာမယ်။ ဆီးချိုဖြစ်လာတဲ့အခါ သွေးတိုးရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ သွေးတိုးရှိပြီးသားသူတွေအတွက် သွေးတွင်း သကြားဓါတ်ကို မြင့်တက်စေတဲ့အပြင် သွေးပေါင်တက်စေနိုင်တာကြောင့် မစားသင့်ပါဘူး။ အချိုဓါတ်များတဲ့ မုန့်တွေ၊ အအေး၊ ဖျော်ရည်တွေ၊ စားစရာထဲမှာ သကြား အလွန်အကျွံထည့်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

၇။ အဆီ
အငန်ဓါတ်နဲ့ အချိုဓါတ်အပြင် ကိုယ်ခန္ဓါကို ဒုက္ခပေးနိုင်တဲ့ အရာတွေထဲမှာ ပြည့်ဝဆီနဲ့ မသန့်ရှင်းတဲ့ အဆီ၊ ကိုလက်စထရောများတဲ့ အဆီ စားသုံးခြင်းလည်း တစ်ခုအပါအဝင်ပါပဲ။ အနီရောင်ရှိတဲ့ အသားတွေ ဥပမာ – ဝက်သား၊ အမဲသား၊ ကြက်အရေခွံ၊ အဆီမထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေ၊ ထောပတ်၊ စားအုန်းဆီတွေကို လျှော့စားပေးပါ။ မပြည့်ဝဆီတွေ ဖြစ်တဲ့ ပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ ထောပတ်သီး အဆီအနှစ်တွေကတော့ သွေးတိုးရောဂါရှင်တွေအတွက် စားဖို့ သင့်လျော်ပါတယ်။

၈။ အရက်
အရက်သောက်ခြင်းကြောင့် အသည်း၊ ကျောက်ကပ်၊ နှလုံးကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် သွေးတိုးရောဂါရှင်တွေလည်း သွေးပေါင်တက်စေနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ ကင်ဆာရောဂါ၊ အသည်းအဆီဖုံးတာ၊ အဝလွန်တာ၊ ကိုယ်အလေးချိန်တက်တာတွေပါ ဖြစ်လာနိုင်ပါတယ်။

ဒါဆိုရင် သွေးတိုးရောဂါရှိတဲ့သူတွေ ဘာစားပေးသင့်လဲ။
အမျှင်ဓါတ်များတဲ့ အစားအစာတွေ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတို့ကို အဓိကစားသုံးပေးပါ။ အဆီ၊ အငန်၊ အချို စားသုံးမှု နည်းနိုင်သမျှ နည်းအောင် စားပါ။ လေ့ကျင့်ခန်း များများလုပ်ပါ။ ဆေးလိပ်၊ အရက် လျှော့သောက်ပါ။ အထိုင်များပြီး လှုပ်ရှားမှုနည်းခြင်းဟာလည်း သွေးတိုးရောဂါသည်တွေအတွက် မကောင်းတဲ့ အလေ့အကျင့်ဖြစ်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

Credit_ Hello Health Group

❗သွေးတိုးသမားများအတွက်စား‌ေပးသင့်သောအစားအစာများ❗ပေါ့ဆလို့ မရတဲ့ ရောဂါတွေထဲမှာ သွေးတိုးရောဂါလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ့်...
27/10/2021

❗သွေးတိုးသမားများအတွက်စား‌ေပးသင့်သောအစားအစာများ❗

ပေါ့ဆလို့ မရတဲ့ ရောဂါတွေထဲမှာ သွေးတိုးရောဂါလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ့်မှာ သွေးတိုးရှိလို့ ရှိမှန်းတောင် မသိနိုင်ပဲ ရောဂါအခြေအနေဆိုးကာမှ ကျန်းမာရေးကို ဆိုးရွားစွာ ဒုက္ခပေးနိုင်တာကြောင့် သွေးတိုးရောဂါကို အသံတိတ်လူသတ်သမားလို့တောင် ခေါ်စမှတ်ပြုကြပါတယ်။

ကိုယ့်မှာ သွေးတိုးရှိပြီဆိုတာ သိရပြီဆိုတာနဲ့ သွေးတိုးကျဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့ အလွန်အရေးကြီးပါတယ်။ အစာအာဟာရကို ဂရုစိုက်ပြီး စနစ်တကျ ပြင်ဆင်ချက်ပြုတ်ဖို့ အရေးကြီးသလို ဆီ၊ ဆား၊ သကြား လျှော့စားဖို့လည်း မမေ့သင့်ပါဘူး။

သွေးတိုးကနေတစ်ဆင့် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါတွေအပြင် ရုတ်တရက်တက်ခြင်း၊ သတိလစ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်သည်အထိ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ကြုံလာရနိုင်ပါတယ်။

ကျား၊ မ မရွေး၊ လူမျိုးမရွေး၊ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ကုသမှုမရှိ၊ နေထိုင်စားသောက်မှု ပုံစံကို ဂရုမစိုက်ဘူးဆိုရင်တော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်က သွေးတိုးရှိလို့ ဖြစ်စေ၊ ကိုယ့်အနီးပတ်ဝန်းကျင်က ကိုယ်ချစ်ရသူ၊ မိသားစုတွေမှာ သွေးတိုးရှိနေရင်ဖြစ်စေ စားပေးလို့ရတဲ့ သွေးတိုးကျစေတဲ့ အစားအစာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

၁။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ 🍃

နေ့စဉ်မဖြစ်မနေ စားပေးသင့်တဲ့ အစာအာဟာရတွေထဲမှာ ပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ဟင်းသီးဟင်းရွက်ကို မေ့ထားလို့ မဖြစ်ပါဘူး။ ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် ပိုတက်စီယမ်ဓာတ်လည်း ပါဝင်လို့ ကျောက်ကပ်ထဲက အညစ်အကြေးတွေကို ဆီးကနေ တစ်ဆင့် စွန့်ထုတ်ပေးပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ကြော်စားလို့ ရသလို ဖျော်ရည်အနေနဲ့လည်း ကြိတ်ပြီး သောက်သုံးပေးနိုင်ပါတယ်။

၂။ အသီးအနှံတွေ 🌱

ဟင်းသီးဟင်းရွက်များနည်းတူ အာဟာရဓာတ်မျိုးစုံ ပေးစွမ်းနိုင်လို့ သွေးတိုး၊ ဆီးချိုရောဂါ ဝေဒနာရှင်တွေ နေ့စဉ်ပုံမှန် စားသုံးပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ သွေးတိုးကိုလည်း ကျစေပြီး ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ အထောက်အကူပေးနိုင်ပါတယ်။ ဘယ်ရီသီး၊ ငှက်ပျောသီး၊ သလဲသီးတွေဟာ သွေးတိုးကျစေတဲ့ အသီးအနှံဖြစ်လို့ လှီးစိတ်ပြီး စားလို့ရသလို သကြားမထည့်ပဲ ကြိတ်ပြီးဖျော်ရည်အနေနဲ့ သောက်လို့ အဆင်ပြေပါတယ်။

၃။ နို့ထွက်ပစ္စည်း 🥛

အဆီပါဝင်မှုနည်းပြီး ကယ်လ်စီယမ်ဓာတ် ပေါကြွယ်ဝတဲ့ အဆီထုတ်နွားနို့နဲ့ ဒိန်ချဉ်တွေကို နေ့စဉ်ပုံမှန် သောက်သုံးပေးခြင်းဖြင့် သွေးတိုးကို ကျစေနိုင်ပါတယ်။ အချိုမပါဝင်တဲ့ သဘာဝနို့ထွက်ပစ္စည်းတွေဟာ သွေးတိုးရောဂါသည်တွေအတွက် စားပေးသင့်တဲ့ အစားအစာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။

၄။ ဆော်လ်မွန်ငါး 🐟

ဆော်လ်မွန်ငါးမှာ ပရိုတင်းဓာတ်ပေါကြွယ်ဝပြီး သွေးတိုးကျစေတဲ့ ဗီတာမင် D နဲ့ Omega-3 fatty acid တွေ ပါဝင်ပါတယ်။ ဆော်လ်မွန်ငါးကို သံပုရာရည်ညှစ်ပြီး သံလွင်ဆီနဲ့ ၁၅မိနစ်ခန့် ကင်ပြီး စားပေးနိုင်ပါတယ်။

၅။ အစေ့အဆန် 🌾

ဆားတွေနဲ့ မနယ်ထားတဲ့ သဘာ၀ အစေ့အဆန်တွေမှာ သွေးတိုးကျစေတဲ့ ပိုတက်စီယမ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်နဲ့ တခြားသော သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ နေကြာစေ့၊ သီဟိုရ်စေ့၊ ဖရုံစေ့ အစရှိတဲ့ အစေ့အဆန်တွေကို ထမင်းစားပြီး မုန့်ပဲသရေစာအဖြစ် စားပေးနိုင်ပါတယ်။

၆။ ကြက်သွန်ဖြူ 🧄

ကြက်သွန်ဖြူဟာ နိုက်ထရစ်အောက်ဆိုဒ်လို့ ခေါ်တဲ့ သွေးတိုးကျစေတဲ့ ဓာတ်ပေါင်းတွေ ပါဝင်ပြီး ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ကြက်သွန်ဖြူနဲ့ ရောပြီး ချက်လို့ ရသလို စွပ်ပြုတ်တွေထဲမှာလည်း ရောပြီး ထည့်နိုင်ပါတယ်။

၇။ သံလွင်ဆီ 💚

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝဆီသန့်ဖြစ်ပြီး သွေးတိုးကိုလည်း ကျစေတဲ့ polyphenol လို့ ခေါ်တဲ့ ဓာတ်ပေါင်းတွေ ပါဝင်ပါတယ်။ ကြော်ချက်တဲ့နေရာမှာ အသုံးပြုလို့ ရသလို အရွက်တွေကိုလည်း သံလွင်ဆီ အနည်းငယ်ရောပြီး သုပ်ပေးလို့ ရပါတယ်။

Credit _Hello Health Group

"  ရွှေတံခွန်  "  တကဒ် မန္တလေးက ❤️လေးတွေဆီ ထွက်ခွာသွားပြီလေ #ရွှေတံခွန်  #သွေးကျဆေး
26/10/2021

" ရွှေတံခွန် " တကဒ်

မန္တလေးက ❤️လေးတွေဆီ ထွက်ခွာသွားပြီလေ

#ရွှေတံခွန်
#သွေးကျဆေး

သွေးတိုးရှိတဲ့သူတွေ သိထားသင့်တဲ့ ဆယ်မိနစ်အတွင်း သွေးတိုးကျစေမယ့် နည်းလမ်း (၅) ခု========================================...
25/10/2021

သွေးတိုးရှိတဲ့သူတွေ သိထားသင့်တဲ့ ဆယ်မိနစ်အတွင်း သွေးတိုးကျစေမယ့် နည်းလမ်း (၅)
ခု

==========================
==========================

မကြာခဏ ခေါင်းကိုက်တတ်တယ်၊ မောပန်းလွယ်တယ်၊ ရင်ဘတ်အောင့်တတ်တယ်
ဒါတွေအပြင် သွေးတိုးတတ်တယ်ဆိုရင် အဲ့ဒါတွေဟာ အိပ်ရေးပျက်တာများလို့၊
စိတ်ဖိစီးမှုများလို့၊ ကိုယ်အလေးချိန်များနေလို့စသဖြင့် ဖြစ်နိုင်ပါတယ်။
ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ်တိုင်လည်း သွေးတိုးတတ်တယ်၊ အိမ်က လူကြီးတွေ
သွေးတိုးတတ်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေက ဆယ်မိနစ်အတွင်း သွေးတိုးကျစေပြီး
သွေးတိုးကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

(၁) နားရွက်အနောက်နဲ့လည်ပင်းကို နှိပ်ပေးပါ

နားရွက်အနောက်ကနေ ညှပ်ရိုးနေရာအထိ ဖြည်းဖြည်းလေး နှိပ်ပေးတာက
သွေးလှည့်ပတ်မှုကောင်းစေပြီး သွေးဖိအားများနေတာကို လျှော့ချပေးနိုင်ပါတယ်။ ပြီးရင်
ပုံမှာပြထားတဲ့ နံပါတ် ၃ နေရာကို လက်ချောင်းထိပ်လေးတွေနဲ့ ဖွဖွလေးနှိပ်ပေးတာက
သွေးတိုးပြီးခေါင်းမူးနေတာကို အမြန်ဆုံးသက်သာစေနိုင်ပါတယ်။

(၂) ဘယ်ဘက်နှာခေါင်းနဲ့ပဲအသက်ရှူပါ

သွေးတိုးနေတာကို အမြန်ဆုံးကျစေမယ့် နောက်တစ်နည်းကတော့ ညာဘက်နှာခေါင်းကို
ပိတ်ထားပြီး ဘယ်ဘက်နှာခေါင်းနဲ့ပဲ အသက်ရှူတာပါ။ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပြီး
လည်ပင်းကိုဖြောင့်ဖြောင့်ထားပါ။ ညာဘက်လက်မနဲ့ ညာဘက်နှာခေါင်းကို ပိတ်ပြီး
ဘယ်ဘက်နှာခေါင်းနဲ့ အသက်ရှူပေးလိုက်မယ်ဆိုရင် သွေးဖိအားတိုးနေတာကို ၁၀
မိနစ်အတွင်း ကျသွားစေပါတယ်။

(၃) ရေတစ်ဖန်ခွက်သောက်ပါ

တခါတလေ ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်နေတဲ့အခါမှာလည်း သွေးတိုးတတ်ပါတယ်။
ဒီတော့ သွေးတိုးတဲ့အခါမှာ အသက်ပြင်းပြင်း ရှူလိုက်ပြီး
ရေတစ်ဖန်ခွက်သောက်ပေးလိုက်ပါ။

(၄) ပက်လက်လဲပြီးကြွက်သားတွေကိုဖြေလျှော့ပေးပါ

သွေးတိုးတဲ့အခါ ကြမ်းပြင်ပေါ်မှာ လဲအိပ်ပြီး ခန္ဓာကိုယ်ကို ဖြေလျှော့ထားပါ။
မျက်လုံးမှိတ်ပြီး အသက်ကိုဖြည်းဖြည်းချင်းရှူပေးတာက သွေးလှည့်ပတ်မှုကိုပုံမှန်ဖြစ်စေပြီး
သွေးဖိအားတိုးနေတာကို ဖြည်းဖြည်းချင်းလျော့သွားစေပါတယ်။

(၅) ခြေထောက်ရေနွေးစိမ်ပေးပါ

သွေးတိုးနေတဲ့အခါ လည်ပင်းနဲ့ဦးခေါင်းကို အေးနေအောင် ထားပေးဖို့လိုပါတယ်။
ပြီးတော့ ရေဇလုံထဲမှာ ရေနွေးထည့်ပြီး ခြေထောက်ကို ၁၅ မိနစ်လောက် စိမ်ပေးမယ်ဆိုရင်
သွေးလှည့်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး ချက်ချင်းသွေးတိုးကျစေပါတယ်။

Credit : မူရင်းရေးသားသူ

=============

⁉️သွေးတိုးစာစားမိလို့လား⁉️အအေးမိလို့လား⁉️မျိုးရိုးရှိလို့လား⁉️စိတ်ဖိစီးမှုတွေများလို့လား⁉️ကိုယ်လက်လှုပ်ရှားမှုနည်းလို့လာ...
24/10/2021

⁉️သွေးတိုးစာစားမိလို့လား
⁉️အအေးမိလို့လား
⁉️မျိုးရိုးရှိလို့လား
⁉️စိတ်ဖိစီးမှုတွေများလို့လား
⁉️ကိုယ်လက်လှုပ်ရှားမှုနည်းလို့လား

‼️ဘာကြောင့်တိုးတဲ့ သွေးဖြစ်ပါစေ
‼️" ရွှေတံခွန် " သွေးတိုးကျဆေးကိုသောက်ပါလေ

#ရွှေတံခွန်
#သွေးကျဆေး

သွေးတိုးရောဂါ ခံစားနေရလို့⁉️မကြာခဏခေါင်းကိုက်တာကိုခံစားနေရလား⁉️ရင်ဘတ်တွေအောင့်နေလား⁉️ဇက်ကြောထိုးပြီးခေါင်းမကြည်ဖြစ်နေလား...
23/10/2021

သွေးတိုးရောဂါ ခံစားနေရလို့

⁉️မကြာခဏခေါင်းကိုက်တာကိုခံစားနေရလား
⁉️ရင်ဘတ်တွေအောင့်နေလား
⁉️ဇက်ကြောထိုးပြီးခေါင်းမကြည်ဖြစ်နေလား
⁉️မျက်ခွံတွေလေးနေလား
⁉️ထိုင်းမှိုင်းနေလား

‼️ဒီလို သွေးဖိအားများနေတဲ့အခါ ရွှေတံခွန် သွေးတိုးကျဆေး ကို သောက်ပါ

ရွှေတံခွန် is coming soon ‼️
15/10/2021

ရွှေတံခွန် is coming soon ‼️

19/08/2021

Bacteria and virus ဘာတွေကွာလဲ 🦠🐛
အကြမ်းပြင်းလေး ရှင်းပြပေးထားပါတယ်⚡⚡

👍ဗဟုသုတတစံုတရာ ရတယ်ဆိုရင်
𝐏𝐚𝐠𝐞 ကို 𝙡𝙞𝙠𝙚 𝙖𝙣𝙙 𝙛𝙤𝙡𝙡𝙤𝙬 ထားဖို့မမေ့ပါနဲ့နော် 👍

အားလုံးကို ကျေးဇူးတင်လျက်ပါ 🥰🥰

#𝑺𝒉𝒘𝒆𝒀𝒊𝑴𝒚𝒊𝒏𝒕𝑴𝒂𝒖𝒏𝒈

Address

Hta Naung Daing
Myingyan
991994

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959790258767

Website

Alerts

Be the first to know and let us send you an email when Golden Banner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram