Phyo clinic & medical service

Phyo clinic & medical service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyo clinic & medical service, Medical and health, အမှတ်(၃) ​၊ ကြည်နူးရိပ်လက်ဘက်ရည်ဆိုင်လမ်း, Myingyan.

ကိုယ်ဝန်တားဆေး စိတ်ချ၊ok နဲ့ပုံစံတူ အာနိသင်တူတဲ့ သောက်ဆေးဒေါက်တာအာကာဖြိုးဆေးခန်းမှာ မည်သူမဆို တစ်ယောက်သုံးကဒ်နှုန်းနဲ့ လ...
01/12/2023

ကိုယ်ဝန်တားဆေး စိတ်ချ၊ok နဲ့ပုံစံတူ အာနိသင်တူတဲ့ သောက်ဆေး
ဒေါက်တာအာကာဖြိုးဆေးခန်းမှာ မည်သူမဆို တစ်ယောက်သုံးကဒ်နှုန်းနဲ့ လာယူလို့ရပါတယ်ရှင့်။

နို့တိုက်မိခင်များသောက်လို့မရပါဘူးရှင့်




#အမှ​တ်၃၊ ကြည်နူးရိပ်ဘက်ဖက်ရည်ဆိုင်လမ်း မြင်းခြံမြို့ ။

သွေးလွန်တုတ်ကွေး
18/06/2023

သွေးလွန်တုတ်ကွေး

Happy father's day❤ချစ်တယ်လို့ တဖွဖွ ထုတ်မ​ပြောတတ်ကြပေမယ့် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးကြတဲ့ ကမ္ဘာပေါ်ရှိ သူရဲကောင်းဖေဖ...
18/06/2023

Happy father's day❤
ချစ်တယ်လို့ တဖွဖွ ထုတ်မ​ပြောတတ်ကြပေမယ့် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးကြတဲ့ ကမ္ဘာပေါ်ရှိ သူရဲကောင်းဖေဖေများအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

အမေ..အမေဆိုတာ အေးတဲ့အချိန် အနွေးထည်ထပ်ဖို့ အသိပေးတဲ့ ဗျစ်တောက်မှုပါ။အိမ်အပြန် စိတ်ချလက်ချတိုးဝင်လို့ရတဲ့ ရင်ခွင်တစ်ခုပါ။...
14/05/2023

အမေ..
အမေဆိုတာ

အေးတဲ့အချိန် အနွေးထည်ထပ်ဖို့ အသိပေးတဲ့ ဗျစ်တောက်မှုပါ။

အိမ်အပြန် စိတ်ချလက်ချတိုးဝင်လို့ရတဲ့ ရင်ခွင်တစ်ခုပါ။

ပူပူနွေးနွေး ဟင်းပွဲအပြည့်နဲ့ ထမင်းဝိုင်းပါ။

ခရီးမထွက်ခင် ထည့်ပေးလိုက်တဲ့ အထုပ်ကြီး အထုပ်သေးတွေပါ။

တစ်သက်တာ စိတ်အေးချမ်းသာ ခိုလှုံရာအရပ်ပါ။

အမေဆိုတာ မေတ္တာတွေကို ပြန်ထူးသံတစ်ခွန်းတိုင်းမှာ သိုဝှက်ထားသူဖြစ်တယ်။

လောကမှာ ပျော်ရွှင်ချမ်းမြေ့ဆုံးအရာက အမေ လို့ခေါ်လိုက်ရင် ပြန်ထူးသံကြားရခြင်းပါတဲ့။

ငယ်ငယ်တုန်းက အပြင်ကနေ အိမ်ပြန်ရောက်တာနဲ့ အိမ်ထဲမဝင်ခင် အမေ.. လို့ အရင်အော်တတ်ခဲ့တယ်။

အမေ့ပြန်ထူးသံကြားရင် မီးဖိုထဲချက်ချင်းပြေးဝင်ပြီး အမေဘာချက်နေလဲ သွားစပ်စုတယ်။ ဟင်းခွက်ကို ဆတ်ခနဲနှိုက်စားတယ်။

အမေ့ပြန်ထူးသံမကြားရင် တစ်ခန်းဝင် တစ်ခန်းထွက် အိမ်က တွေ့သမျှလူတွေကို အမေရော.. လို့မေးတယ်။

အဖေ့ကိုပါ.. အဖေ အမေကော လို့ မေးတယ်။

အချိန်အတော်များများမှာတော့ အမေ လို့ခေါ်လိုက်ရင် ဟေ..လို့ပြန်ထူးသံက ကြားစမြဲပဲ။

မေမေ ဆိုတဲ့ ဒီစကားလုံးနှစ်လုံးက ထူးဆန်းအံ့သြတဲ့ မှော်အစွမ်းတစ်မျိုး ရှိသလိုပါပဲ။

အိပ်မက်ဆိုးမက်ချိန်မှာ အမေလို့ တစ်ခွန်းအော်လိုက်တာနဲ့ အိပ်မက်ဆိုးကနေ ချက်ချင်းနိုးတယ်။ ကိုယ်တစ်ချက်လှည့်ပြီး စိတ်အေးလက်အေး ပြန်အိပ်ပျော်တယ်။

ဝမ်းနည်းချိန်မှာ အမေလို့ တစ်ခွန်းတ,လိုက်တာနဲ့ ခိုကိုးရာမဲ့စိတ်အစုံက နားခိုရာကမ်းကို ရှာဖွေတွေ့သွားတယ်။

အခက်အခဲနဲ့ကြုံချိန်မှာ အမေ ကို သတိရမိလိုက်တာနဲ့ အင်အားတွေ အလိုလိုပြည့်လာတယ်။

ရုံးပိတ်ရက်၊ အားလပ်ရက် အိမ်ပြန်ရောက်ချိန်မှာ အမေ.. သားပြန်လာပြီ (သမီးပြန်လာပြီ) လို့အော်လိုက်ရရင်ပဲ အပြင်မှာ လေလွင့်ကျက်စားနေရတဲ့ စိတ်နှလုံးတစ်စုံက ရုတ်တရက် ငြိမ်ကျအေးချမ်းသွားတယ်။

အိမ်ရှိရင် နွေးထွေးမှုရှိတယ်။
အဲဒီအိမ်မှာ အမေရှိနေရင် စိတ်လုံခြုံအေးချမ်းမှုရှိတယ်။

အမေ ဟာ အဲဒီလို ထူးဆန်းအံ့သြဖွယ် မှော်အစွမ်း ပိုင်ဆိုင်ထားသူဖြစ်တယ်။



Happy Mothers Day

အမေအို၊ အမေပျို၊ အမေငယ်လေးတွေ
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ

#နိုင်းနိုင်းစနေ

နားကပ်လေးဝတ်လို့ရအောင် လှလှလေးချုပ်ပေးထားပါတယ်။အမှတ်(၃)၊ ကြည်နူးရိပ်လ္ဘက်ရည်ဆိုင်လမ်း ၊ မြင်းခြံမြို့။
20/12/2022

နားကပ်လေးဝတ်လို့ရအောင် လှလှလေးချုပ်ပေးထားပါတယ်။

အမှတ်(၃)၊ ကြည်နူးရိပ်လ္ဘက်ရည်ဆိုင်လမ်း ၊ မြင်းခြံမြို့။

19/09/2022

TD - 4267
ဆီးချိုတိုင်းစက်ရဲ့ Error များ

စက်မှာ -

E - b လို့ပြနေရင် စက်ရဲ့ဓာတ်ခဲအားနည်းနေတာပါ။ ဓာတ်ခဲအသစ်လဲပြီးပြန်တိုင်းကြည့်ရမှာဖြစ်ပါတယ်။

E - U လို့ပြနေရင် Stick မကောင်းတာဖြစ်ပါတယ်။ Stick ကိုရေစိုလက်နဲ့ကိုင်မိတာတို့ သွေးထည့်ပြီးမှ Stick ထည့်မိတာတို့ Stick ပျက်တာတို့ဆိုရင်ဖြစ်တတ်ပါတယ်။ Stick အသစ်လဲပြီးတိုင်းကြည့်ရမှာဖြစ်ပါတယါ။

E - t လို့ပြနေရင် ပတ်၀န်းကျင်အပူချိန်အရမ်းမြင့်လွန်း (သို့) အရမ်းနိမ့်လွန်းနေတာဖြစ်ပါတယ်။ ပုံမှန်စက်က 10°C နဲ့ 40°C (50°F နဲ့ 104°F) ကြားမှာအလုပ်လုပ်မှာဖြစ်ပြီး ထိုထက်ကျော်လွန် (သို့) နိမ့်ကျတဲ့အပူချိန်မှာဆို Error ပြနေမှာဖြစ်ပါတယ်။

E - F လို့ပြနေရင် စက်ကစစ်ဆေးနေတဲ့အချိန် နံပတ်ရေတွက်နေတဲ့အချိန် Stick ကိုဆွဲဖြုတ်လိုက်ရင် (သို့) သွေးထည့်တာနည်းသွားရင်ပေါ်လာတတ်ပါတယ်။ Stick အသစ်ထည့်ပြီး ပြန်တိုင်းရမှာဖြစ်ပါတယ်။

E -0 , E - A , E - E သုံးခုထဲကတစ်ခုခုပြနေပြီဆိုရင်တော့ စက်မှာ Error ဖြစ်နေတာ (သို့) စက်ပျက်နေတာဖြစ်ပါတယ်။ Stick အသစ်ထည့်ပြီးပြန်တိုင်းကြည့်ရမှာဖြစ်ပြီး မရရင်တော့စက်ပျက်တာဖြစ်ပါတယ်။

E - C လို့ပြနေရင်တော့ Coding Error ဖြစ်ပြီး အသုံးပြုသူတွေမပြင်တတ်တဲ့ Error ပဲဖြစ်ပါတယ်။

#

18/07/2022

BA5 က တော်တော်ခံရပါတယ်
Omicron အစနဲ့ BA.2 ထက် သုံးလေးဆ ပိုထိတယ်
ကူးစက်တာ အရမ်းမြန်တယ်၊ စကားလေးငါးခွန်း
ပြောလိုက်တာနဲ့ ချက်ချင်းကူးသွားနိုင်ပြီး
ကလေးတွေကိုပါ ကူးစက်ပြီး ခံစားရစေပါတယ်။

Day 1 - ချမ်းစိမ့်ပြီး ကိုယ်လက်တွေ
မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊
သိသိသာသာကြီး အားနည်းလာမယ်

Day 2 - တစ်ဝက်လောက်က စဖျားမယ်၊
ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင်
ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ
ရိုက်ထားသလိုနာမယ်၊ ထိုင်းမှိုင်းနေမယ်၊
အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူး ဖြစ်လာမယ်

Day 3 - လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ
တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊
အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့
လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး
အောက်စီဂျင် သွေးတွင်းပမာဏကို
စောင့်ကြည့်နေရမယ်၊ ညပိုင်းမှာ
ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားမယ်

Day 4 - နှာစစီးလာမယ်၊ နှာ‌ရည်ယိုမယ်၊
နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့
ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊
တချို့လူတွေမှာ chest painလို့ ခေါ်တဲ့
ရင်ဘတ်အောင့်တာပါဖြစ်မယ်၊
ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ
ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊
အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ

Day 5 - နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက
အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့
အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊
အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း
အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို
အအေးမမိအောင်လည်း နေရတယ်၊
ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊
ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်

Day 6 - တော်ရုံခုခံအားရှိသူတွေက ဒီနေ့မှာ
စသက်သာလာမယ်၊ တချို့တွေမှာ PCR Negative
ပြန်ပြနိုင်ပေးမဲ့ အစားမစားနိုင်သူ ကိုယ်ခံအား
နည်းသူတွေအတွက် ဆက်တိုက်ပွဲဝင်ရပါဦးမယ်၊
ချွဲကြပ်တဲ့ဒဏ်နဲ့အတူ အအေးမိပြီး အဆုတ်
ထပ်မရောင်အောင် ဂရုစိုက်ပေးမှ စိတ်ချရပါ့မယ်

Day 7 - ရောက်တာကိုမှ အပေါ်ကလက္ခဏာတွေ
ဆိုးဆိုးဝါးဝါးဆက်ခံစားနေရသေးရင် ( သို့ )
Swab test Positive ပြနေသေးရင် ( သို့ )
အောက်စီဂျင် စကျလာရင်တော့ နီးစပ်ရာ ဆရာဝန်၊
ဆေးရုံဆေးခန်းမှ လိုအပ်‌သည့် အကူအညီ
အမြန်ဆုံးရယူဖို့လိုပါတယ်၊ Omicron အစလို မပေါ့ပါနဲ့

တစ်ယောက်တစ်လေမဟုတ်ပဲ လက်ရှိ ကိုဗစ်
ကူးစက်ခံရသည့် လူနာတော်တော်များများမှာ
အထက်ပါလက္ခဏာအများစုကို
ပြင်းထန်စွာခံစားရပါတယ်

Home_Q လုပ်ပြီး အိမ်မှာပဲနေမယ့်
လူအများစု လိုအပ်မည့် ဆေးတွေကတော့

Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊

Vit C , D, Zinc အစရှိတာတွေနဲ့အတူ
အရေးကြီးဆုံးက ORS ခေါ် လူကြီးတိုင်း
ကလေးတိုင်းအတွက် ဓါတ်ဆားပါပဲ၊
သောက်ချင်ချင် မသောက်ချင်ချင်
တစ်ရက်ကို 1 ~ 2 Liter လောက် သောက်ပါ
အိမ်မှာ ဆောင်ထားလို့ရသည့် တော်ရုံဆေးတွေနဲ့ မသက်သာရင်တော့ ဆေးခန်းပြပါ

ဆီးချိုသမားတွေ
အချိုဓါတ် နေ့စဉ်စစ်ကြည့်သင့်သလို
သွေးတိုးနှလုံးသမားတွေက
သွေးတိုင်းနှလုံးခုန်သတိထားသင့်ပါတယ်၊
တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ဖြစ်ပျက်ပုံချင်း
မတူညီနိုင်သည့်အတွက် အိမ်မှာနေရင်း
မိမိအခြေအနေကို အားမရဘူးဆို
ဆရာဝန်တစ်ယောက်‌ယောက်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး
အကူအညီရယူဆောင်ရွက်တာက အကောင်းဆုံးပါပဲ

⛔ကျောက်ကပ်ကိုထိခိုက်စေသော အမူအကျင့်များ⛔   👉 (၁) နံနက်စာ မစားခြင်း။   👉(၂) ဆား စားသုံးမှု များနေခြင်း။   👉(၃) ဆေးလိပ်သော...
12/07/2022

⛔ကျောက်ကပ်ကိုထိခိုက်စေသော အမူအကျင့်များ⛔
👉 (၁) နံနက်စာ မစားခြင်း။
👉(၂) ဆား စားသုံးမှု များနေခြင်း။
👉(၃) ဆေးလိပ်သောက်ခြင်း။
👉(၄) ရေသောက်နည်းခြင်း။
👉(၅) ဆေးဝါများ အလွန်အကျွံ မှီဝဲနေခြင်း။
👉(၆) လုံလောက်သော အနားယူခြင်း မရှိခြင်း။
👉(၇) တစ်ခါတစ်လေ အလွန်အကျွံ စားခြင်း။
👉(၈) အသားများကို အလွန်အကျွံစားခြင်း။
👉(၉) အရက်အလွန်အကျွံသောက်ခြင်း။
👉(၁၀) မနက်အိပ်ယာထ ဆီးသွားချင်သည်ကို
မသွားပဲ ချုပ်တည်းထားခြင်း။

_______________________________________
#ပိုမိုလေ့လာရန်

ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်တာကြောင့်ဆင်ခြင်သင့်တဲ့အမူအကျင့်(၁၀)မျိုး

ကျောက်ကပ်က သွေးကြောထဲမှာ လှည့်ပတ်နေတဲ့သွေးတွေကို သန့်စင်အောင်စစ်ထုတ်ပေးပြီး အစားအစာတွေကနေဗီတာမင်၊ သတ္တုဓာတ်တွေကို စုပ်ယူကာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဟော်မုန်းထုတ်လုပ်မှုမှာလည်း ကူညီပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးက ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးတယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်အမူအကျင့်တွေထဲကနေ ကျောက်ကပ်ကျန်းမာရေး ပျက်စီးစေမယ့် အပြုအမူတွေကို ဆင်ခြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

(၁) ရေအလုံအလောက်မသောက်ဘူး

ခန္ဓာကိုယ်မှာရေဓာတ်အလုံအလောက်ရရှိမှ ကိုယ်တွင်းကလီစာတွေကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ပေါ့။ ရေက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေဖယ်ရှားပေးတဲ့နေရာမှာ အရမ်းအကူအညီဖြစ်တာကြောင့် ကျောက်ကပ်မှာကျောက်မတည်အောင်တားဆီးပေးနိုင်ပါတယ်။ ဒါပေမယ့် လိုအပ်တာထက်အလွန်အကျွံသောက်တာလည်းမကောင်းပါဘူး။ တစ်ရက်မှာ ရေနှစ်လီတာလောက်သောက်ရင်အတော်ပါပဲ။

(၂) ဆေးတွေကိုအညွှန်းအတိုင်းမသောက်ဘူး

နေမကောင်းဖြစ်တဲ့အခါ၊ တစ်ခုခုဖြစ်တဲ့အခါတွေမှာ ဆေးတွေကိုသောက်ချင်သလိုသောက်တဲ့အကျင့်ကလည်း ကျောက်ကပ်ပျက်စီးရတဲ့အကြောင်းရင်းထဲကတစ်ချက်ပါပဲ။ ဆေးမြီးတိုတွေအရမ်းသောက်ရင် ပိုဆိုးပါတယ်။ ဒါကြောင့် အကြောင်းတစ်ခုခုကြောင့်ဆေးသောက်တော့မယ်ဆို ကိုယ့်သဘောနဲ့ကိုယ်သောက်ချင်သလိုမသောက်ပါနဲ့၊ ဆရာ၀န်ညွှန်ကြားချက်နဲ့ သေချာလိုက်နာပြီးသောက်ပါ။

(၃) အငန်တွေအရမ်းစားတယ်

အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်က ဆိုဒီယမ် ၂၃၀၀မီလီဂရမ်လောက်ပဲစားသုံးသင့်တယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ထားခဲ့ပေမယ့် လူတိုင်းကအဲ့ဒီပမာဏထက်ပိုအောင်စားသောက်နေကြပါတယ်။ အခုနောက်ပိုင်းအစားအစာတွေမှာ ဆိုဒီယမ်ပမာဏများများထည့်ပြီးအရသာပိုရှိအောင်ထုတ်လုပ်တာကို လူတွေကအရမ်းကြိုက်ကြပါတယ်။ဆိုဒီယမ်စားသုံးမှုများတဲ့အခါ ခန္ဓာကိုယ်ထဲမှာအငန်ဓာတ်တွေအရမ်းများလာပြီး ကျောက်ကပ်ကသန့်စင်နိုင်စွမ်းမရှိတော့ ကျောက်ကပ်ထိခိုက်လာပါတယ်။ ဒါကြောင့် အငန်ဓာတ်များတဲ့အစားအစာတွေကိုလျှော့စားပြီး အသီးအနှံနဲ့အရွက်စိမ်းတွေကိုလည်းသင့်တင့်သလောက်စားပေးပါ။

(၄) သွေးဖိအားနဲ့ပတ်သက်လို့ဂရုမစိုက်ဘူး

ကျန်းမာရေးလိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ သွေးဖိအားတိုင်းတာကိုမကြာခဏလုပ်ပေးသင့်ပါတယ်။ သွေးဖိအားများတယ်ဆိုတာ နှလုံးသွေးကြောနဲ့ပတ်သက်လို့ ပြဿနာရှိနေတာဖြစ်ပြီး သွေးတိုးရောဂါဖြစ်လာရင်သွေးလွှတ်ကြောတွေကျဉ်းမြောင်းလာပါတယ်။ အဲ့ဒီအခါ သွေးထဲမှာ ကိုလက်စထရောနဲ့အဆိပ်အတောက်တွေစုပုံလာပြီး ဒါကို ကျောက်ကပ်ကသန့်စင်နိုင်စွမ်းနည်းလာပါတယ်။ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်နေတဲ့အခါ ကျောက်ကပ်တစ်သျှူးတွေက လိုအပ်တဲ့အာဟာရတွေကို ကောင်းကောင်းမစုပ်ယူနိုင်တော့ဘဲ ကျောက်ကပ်မှာထိခိုက်လာပါတယ်။

(၅) ဆီးသွားချင်တာကိုအချိန်အကြာကြီးအောင့်ထားတတ်တယ်

ဆီးအိတ်က အရည်နှစ်ခွက်စာပမာဏကို သုံးနာရီကနေ၊လေးနာရီအထိထိန်းပေးထားနိုင်ပါတယ်။ တခါတလေ သန့်စင်ခန်းမရှိတဲ့နေရာတွေမှာ ဆီးသွားချင်လာတာကို အချိန်တွေအကြာကြီးအောင့်ထားလိုက်တဲ့အခါ ကျောက်ကပ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်ပြီး မကြာခဏဆီးသွားချင်တာမျိုးဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင် တင်ပါးဆုံရိုးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့လိုပါတယ်။

(၆) အချိုနဲ့သရေစာတွေအလွန်အကျွံစားသုံးတယ်

အငန်တွေအရမ်းစားတဲ့အခါ ကျောက်ကပ်ကအဆိပ်အတောက်တွေဖယ်ရှားနိုင်စွမ်းနည်းလာသလိုပဲ ၊ အချိုနဲ့သရေစာတွေအလွန်အကျွံစားတာကလည်း အဲ့ဒီအတိုင်းဖြစ်စေတာကြောင့် ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။

(၇) အရက်နဲ့ဆေးလိပ်သုံးစွဲတယ်

သင်ဟာ အရက်နဲ့ဆေးလိပ်သောက်တဲ့သူဆိုရင် အဲ့ဒီအရာတွေကနေခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ ကယ်မီကယ်တွေထုတ်လွှတ်နိုင်ပြီး ကျောက်ကပ်က အဲ့ဒါတွေကို ချေဖျက်သန့်စင်ဖို့ မတတ်နိုင်တော့တဲ့အခါ ထိခိုက်ပျက်စီးလာပါတယ်။

(၈) အနီရောင်အသားတွေအလွန်အကျွံစားတယ်

အနီရောင်အသားတွေက သံဓာတ်နဲ့ပရိုတင်းဓာတ်ကို အပြည့်အဝြဖည့်ဆည်းပေးနိုင်တယ်ဆိုပေမယ့် အမိုးနီးယားနဲ့နိုက်ထရိုဂျင်ဓာတ်တွေလည်းပါနေတာကြောင့် နေ့တိုင်းစားရင် ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။

(၉) အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်ဘူး

အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်တာက ဆီးချိုရောဂါ၊ ကင်ဆာရောဂါ နဲ့ Heart attack တွေဖြစ်စေနိုင်ပါတယ်။ပြီးတော့ တစ်ရက်မှာ ၈နာရီနဲ့အထက်ထိုင်တဲ့သူတွေဟာ တခြားသူတွေထက်ကျောက်ကပ်ရောဂါဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများပါတယ်။

(၁၀) ကောင်းကောင်းမအိပ်ဘူး

ညဘက်မှာကောင်းကောင်းအိပ်မှ နောက်နေ့အတွက်ခန္ဓာကိုယ်က အားအင်ပြည့်၀မှာပါ။ တကယ်လို့ အိပ်ချိန်မလုံလောက်ဘူးဆိုရင် သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ၊ သွေးဖိအားများလာမယ်၊ အဲ့ဒါက ကျောက်ကပ်ကိုသွားထိခိုက်စေပါတယ်။ ဒါကြောင့် ပုံမှန်အိပ်ချိန်အတိုင်းကောင်းကောင်းအိပ်ဖို့လိုပါတယ်။

and respect to original post uploader

"အန္တရာယ်အလွန်ကြီးတဲ့ ကလေးတင်ပါးကိုဆေးထိုးကုသခြင်း"ဒီရက်ပိုင်းမှာ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးတွေ ကလေးတွေမှာအဖြစ်များန...
09/06/2022

"အန္တရာယ်အလွန်ကြီးတဲ့ ကလေးတင်ပါးကိုဆေးထိုးကုသခြင်း"

ဒီရက်ပိုင်းမှာ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးတွေ ကလေးတွေမှာအဖြစ်များနေကြပါတယ်။ ကလေးတွေဖျားရင် တင်ပါးကိုဆေးမထိုးရဘူးဆိုတာ အချို့မိဘတွေသိကြတယ်၊ အချို့မသိဘူး၊ အဲ အချို့ကကျတော့သိပေမယ့် ပညာရပ်နဲ့မကိုက်ညီစွာဆေးထိုးနေတဲ့သူကိုပြန်မပြောရဲလို့မပြောလိုက်ကြရတာတွေရှိပါတယ်။

လွန်ခဲ့တဲ့ရက်က ဆရာညောင်တုန်းပြန်တော့ မိတ်ဆွေဆရာဝန်တွေက ဆရာ့ကို အခုနယ်မှာ ဒီနှစ်သွေးလွန်တုပ်ကွေး တအားပေါလာတဲ့အကြောင်း၊ ဆေးရုံပေါ်မှာလည်း သွေးလွန်တုပ်ကွေးကလေးလူနာ အတော်များများရောက်လာတဲ့အကြောင်း သွေးလွန်တုပ်ကွေးနဲ့ သွေးဥမွှားကျနေတဲ့ကလေး ( သွေးယိုစီးမှုဖြစ်နိုင်ခြေများနေတဲ့ကလေး) ကို တင်ပါးဆေးထိုးလွှတ်သူတွေကြောင့် သွေးလုံးတည်မှာစိုးရိမ်နေရတဲ့အကြောင်းပြောပြရင်း ကလေးတွေတင်ပါးကိုဆေးထိုးခြင်းရဲ့ နောက်ဆက်တွဲအန္တရာယ်တွေအကြောင်းကို ပြန်ရေးဖို့တိုက်တွန်းတဲ့အတွက် ဒီအကြောင်းကိုပြန်ဝေမျှပါတယ်။ ပြန်ရေးဖြစ်အောင်ကူညီတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။

"ဘာကြောင့်မထိုးစေချင်တာလဲ"

ကလေးငယ်များဟာ လူကြီးများထက်ကိုယ်ခံအားနည်းကြတဲ့အတွက် ရာသီအကူးအပြောင်းကာလတွေမှာ ဖျားနာခြင်းဖြစ်လွယ်ပါတယ်။ ဒီအခါမှာ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ ပြသပြီးကုသတဲ့အခါ ရေပတ်တိုက်ခြင်း၊ သောက်ဆေး၊ ဂြိုလ်တုတောင့် အစရှိသည်တို့နဲ့သက်သာအောင်ကုသပြီးပျောက်ကင်းသွားတဲ့ ကလေးငယ်တွေရှိသလိုပဲ အချို့သော ကျန်းမာရေးကုသသူတွေဟာ ကလေးငယ်ကိုဆေးထိုးပြီးကုသတတ်ကြပါတယ်။ ဒါဟာ ကလေးငယ်တစ်ဘဝစာအတွက် အလွန်အန္တရာယ်များတဲ့ကုသနည်းဖြစ်ပါတယ်။

အသက် ၁၃နှစ်အောက်အရွယ်များကို ကလေးဘဝလို့သတ်မှတ်ပြီး ၁၃နှစ်ကျော်ရင်တော့ ဆယ်ကျော်သက်ထဲကို ကူးပြောင်းဝင်လာပြီလို့အကြမ်းဖျင်းသတ်မှတ်ပါတယ်။ ကလေးငယ်များဟာ ဖျားနာပြီဆိုရင် လူကြီးများကိုတိုက်တဲ့ ဒိုင်ကလိုဖင်းနက် (Diclofenac)၊ မီဖန်းနမစ်အက်စစ်(Mefenamic Acid)၊ အက်စပရင်(Aspirin)တို့လို အကိုက်အခဲနဲ့ဖျားပျောက်ဆေးများကိုပေးလို့မရပါဘူး။ ပါရာစီတမောနဲ့ အိုင်ဗျူပရိုဖန် ( Paracetamol, Ibuprofen)လိုမျိုး အဖျားကျဆေးများကိုသာ စိတ်ချလက်ချပေးလို့ရပါတယ်။ ဒီအတွက် တင်ပါးထိုးဆေးများဖြစ်တဲ့ ဒိုင်ကလိုဖင်းနက်ပါဝင်တဲ့ အဖျားကျဆေးကိုထိုးတာဟာ စနစ်မကျတဲ့အပြင် အန္တရာယ်ရှိစေသော ကုထုံးတစ်ခုကိုရွေးချယ်လိုက်ခြင်းပဲဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့တင်ပါးဟာသေးငယ်ပြီး လူကြီးတင်ပါးလို အသွေးအသား၊ အာရုံကြောများရဲ့နေရာကို အတိအကျမှန်းဆရခက်ခဲပါတယ်။ ဒါ့ကြောင့် တင်ပါးကိုအသားဆေးထိုးတဲ့အခါ အခန့်မသင့်ဘဲ ခန္ဓာကိုယ်အောက်ပိုင်းအာရုံကြောမကြီးအပေါ်ကိုထိုးမိတဲ့အခါ ခြေထောက်ထုံကျင်ခြင်း၊ အလွန်အမင်းနာကျင်ခြင်း ဒီ့ထက်ဆိုးလာတဲ့အခါ ခြေထောက်တစ်ဖက်သိမ်သွားခြင်း၊ နာကျင်ခြင်းကိုတစ်သက်တာခံစားရခြင်း၊ ခြေတစ်ဖက်မသန်မစွမ်းဖြစ်သွားခြင်းတို့ကို ခံစားရပြီး တစ်သက်လုံး ဒုက္ခိတဘဝနဲ့ အသက်ရှင်သွားရနိုင်ပါတယ်။
ဒါကြောင့် နိုင်ငံတကာမှာ ကလေးများကိုတတ်နိုင်သမျှ တင်ပါးဆေးမထိုးဖို့တားမြစ်ထားပြီး ကလေးများကို တင်ပါးဆေး လုံးဝ(လုံးဝ) မထိုးရန် ပြဌာန်းထားပါတယ်။

ရေပတ်တိုက်ခြင်း၊ ဆေးတိုက်ခြင်းနှင့် ဂြိုလ်တုတောင့်ထည့်ခြင်းတို့ဟာ အချိုးအစားမှန်ကန်မယ်ဆိုရင် ကလေးငယ်အတွက် စိတ်ချရပြီးအဖျားလည်းသက်သာစေပါတယ်။

ကလေးအထူးကုနဲ့ပြဖူးတဲ့မိဘတိုင်း သတိထားမိမယ်ထင်ပါတယ်။ ဘယ်ကလေးအထူးကု ကမှ တင်ပါးကိုဆေးမထိုးတာကို သတိထားမိကြမှာပါ။

တစ်ခုပြောလိုတာကတော့ ပေါင် နဲ့ လက်မောင်းကို ထိုးရတဲ့ ကာကွယ်ဆေးတွေကိုတော့ စိတ်ချလက်ချထိုးနှံနိုင်သလို ထိုးကိုထိုးသင့်ပါတယ်။ ဒါကို တင်ပါးဆေးထိုးခြင်းနဲ့ မရောစေချင်ပါဘူး။ တင်ပါးဆေးထိုးခြင်းကတော့ ကလေးဆရာဝန်များပင် ဆေးထိုးဖို့တားမြစ်ထားပြီး အန္တရာယ်အလွန်ကြီးတဲ့အတွက် ကလေးငယ်ကိုဆေးထိုးဖို့ပြောလာရင်တောင် မိဘများအနေနဲ့ ကလေးရဲ့ရှေ့ရေးကို စဉ်းစားပြီး လုံးဝငြင်းဆန်ပစ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဒီအကြောင်းအရာကိုလည်း အခြားအခြားသော ကလေးမိဘများသိရှိအောင် ဝေမျှပေးခြင်းအားဖြင့် ကူညီပေးကြပါလို့ စာဖတ်သူများကို တိုက်တွန်းအပ်ပါတယ်။

မေတ္တာဖြင့် drစိုင်းမြတ်သူ

ကလေးတွေ အသက်အရွယ်လိုက် ဖွံ့ဖြိုးမှုတွေ လေ့လာနိုင်ရန် စုပြီးတင်ပေးတာပါ။ကလေးတိုင်း တ​ပြေးညီတော့ မဖွံ့ဖြိုးကြပါဘူး နောက်ကျ၊...
04/06/2022

ကလေးတွေ အသက်အရွယ်လိုက် ဖွံ့ဖြိုးမှုတွေ လေ့လာနိုင်ရန် စုပြီးတင်ပေးတာပါ။
ကလေးတိုင်း တ​ပြေးညီတော့ မဖွံ့ဖြိုးကြပါဘူး နောက်ကျ၊ ပုံမှန်၊ စော အမျိုးမျိုးဖြစ်တတ်ပါတယ်။
photo crd

03/06/2022

" ကလေးများနှင့် ဖုန်းယဥ်ကျေးမှု "

တစ်နေကုန် ဖုန်းကြည့်၊ you tube ကြည့်ပြီး
မြန်မာစကားတောင် မပြောတတ်ဘဲ ဘိုလိုတွေဘဲ
ပြောတတ်တဲ့ ကလေးတွေ ဒီခေတ်အတော်ပေါလာပါပြီ
သာမန်ကြည့်ရင် ကလေးကတော်လိုက်တာပေ့ါ
တကယ်တော့ screetime များပြီးside effects တွေပိနေတဲ့ ကလေးတွေ ဖြစ်လာတာပါ

သင်တန်းမှာလာတဲ့ အချို့ကလေးတွေ
အသက် ၅ နှစ်ပြည့်ပြီးတာတောင်
ခဲဖျက်တောင် လက်ထဲမြဲအောင် မကိုင်နိုင်တော့တာ
Grip တွေမကောင်းတော့တာ
Body က passive ဖြစ်ပြီး
သေးသေး လီလီ ဖြစ်နေတာတွေ
လက်တွေ့ မြင်နေရပါတယ် …

ဘိုစကားတတ်ဖို့က
တစ်နေ့နည်းနည်း သင်လည်းတတ်ပါတယ်
လောဘမကြီးပါနဲ့
ဖုန်းအပေးလွန်ပြီး
ကလေး physical/ mental abnormal ဖြစ်သွားတာက
ပိုဆိုးပါတယ်

♦️♦️♦️♦️♦️♦️

မိဘများအချိန်ပေးပြီးဖတ်ပေးပါရန်💕💕💕

ယနေ့မှစ ကလေးငယ်များကိုဖုန်းဖြတ်ကြပါရန်။မည် မည်သူမှ ဖုန်းမပြရန်တောင်းဆိုချင်ပါသည်။

ဖုန်းနဲ့ ငြိမ်တယ်
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။
ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။

Phone, Tablet, Games, TV, ကာတွန်း စသည့်
Screen Time ၏ ဆိုးကျိုးများ

ဦးနှောက်အားရုံကြော ပုံမှန်အလုပ်မလုပ်ခြင်း။
လူတွေနဲ့ စကားပြောဆက်သွယ်မှုမလုပ်နိုင်ခြင်း။
မှတ်ဥာဏ်သာကောင်းပြီး ပုံမှန်မတွေးခေါ်နိုင်ခြင်း။
နေ့စဉ် အီးသေးကိစ္စပင် မတောင်းဆိုတတ်ခြင်း။
ထမင်းဟင်းအာဟာရကို ပုံမှန်ကလေးများလို မစားတတ်ခြင်း၊
လိုချင်တာ ဖြစ်ချင်တာ မတောင်းတတ်ခြင်း။
စိတ်ကစင့်ကလျားဖြစ်နေခြင်း။
ကိုယ်ခန္ဓာကို မထိန်းချူပ်နိုင်ခြင်း။
ခံစားမှုကို မဖော်ပြတတ်ခြင်း ။
အမြဲ ဂဏာမငြိမ်ခြင်း။
အိပ်စက်နိုင်မှုမရှိခြင်း၊

ကလေးငယ်စဉ်မှာ မိသားစုများ မအားလပ်လို့ ကလေးအား
Phone, Tablet, Games, TV, ကာတွန်း စသည့်တို့ဖြင့်
ငြိမ်နေအောင် အချိန်ကုန် အဖော်ပြုစေပါက
ကလေးသည် လူမှု့ဘ၀တွင် အခက်အခဲများစွာ ရင်ဆိုင်နိုင်ဖို့ ကလေးမိသားစုများ အဆင်သင့်ပြင်ထားပါ။

ယနေ့ သင်မအားလပ်မှုသည်
သင်ကလေး၏ လူမှု့ဘ၀ကို ပေးဆပ်ရပါလိမ့်မည်။

ကလေးများ ငယ်စဉ်မှာ သင်အားအောင်လုပ်ပါ။
သင့်ကလေးကို အဖေါ်အဖြစ် အုပ်ထိန်းသူအဖြစ်
နေ့စဉ် သင်ကြားကစားပေးပါ။

ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။

မိသားစုအတော်များများထဲက
၅နှစ်အောက် ကလေးတွေ ဒီပြသနာတွေနဲ့
ရင်ဆိုင်နေရပါတယ်။

နေ့စဉ်နဲ့အမျှ ဒီလိုကလေးတွေကို တွေ့ရတာများလာတော့
ရင်ထဲ စိတ်မကောင်းလွန်းလို့ပါ။

ကလေးက စကားသိပ်မပြောဘူး
မိဘက မအားလို့
အဖိုးအဖွားတွေ မရှိလို့ မထိန်းနိုင်လို့
ကလေးထိန်းနဲ့ပဲထားရလို့
ဘယ်သူမှ ကလေးနား နေချိန်မပေးနိုင်လို့
အကြောင်းပြချက်များစွာသည်
ကလေးဘ၀ကို တကယ်ပင် ငြိမ်သွားစေတာပါပဲ။

ကလေးကို ကလေးမိသားစုက ကူညီမှ ဖြစ်မှာပါ။

ကလေးကို ချစ်ရင် ကလေးနဲ့အတူ အချိန်ကုန်လွန်ပါစေ
ကလေးနဲ့အတူ ကလေးလို ဆော့ကစားပါ။
ကလေးနဲ့အတူ ပြေးလွှားခုန်ကစားပါ။
ကလေးနဲ့အတူ ပြောဆိုငြင်းခုံကာ ကစားပါ။
သင်ကလေးသည် ပုံမှန်ထက် ထူးချွန်နေပါလိမ့်မည်။

သင့်ကလေးကို တကယ်ချစ်သလား။
အထပ်ထပ် အခါခါ မိမိကိုယ်ကို မေးကြည့်ပါ။
သင့်ကလေးကို သင်ချစ်ပေးပါ။

လူတိုင်း မိသားစုတိုင်း ဘ၀အခက်အခဲများစွာ ရင်ဆိုင်ရပါတယ်
ဘယ်လောက်ကြီးသော ရည်မှန်းချက် နဲ့ အခက်အခဲရှိရှိ
သင့်ကလေးဘ၀ကို စတေးမခံပါနဲ့။

တကယ်ချစ်ပေးပါ❤❤❤

02/06/2022

#အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ
အရိုး
●အရိုးတွေ ချောင်လာတယ်
●ဒူးနာတတ်တယ်
●ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ်
●ခါးဆစ်ရိုးတွေလည်း နာတတ်တယ်
●ချော်မလဲအောင် ဂရုစိုက်ပါ
●ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်။

ကြွက်သား

■ကြွက်သား အားမရှိတာ အမျိးသားက ၃ ပုံ ၁ ပုံနဲ့ အမျိုးသမီးက တဝက်လောက်အ
ဖြစ်များတယ် ။
■ ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ်။
■လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ။

အကြော. အဆစ်.

●အကြော အဆစ် နာတတ်တယ်
●ဝတဲ့သူများ ပိုပြီး ဟိုနာ ဒီနားဖြစ်လွယ်တယ်
( အကြောအားဆေး သောက်ပေးပါ)
●ဦးနှောက် အာရုံကြောက ပိုမရေးကြီးတယ်
●အိပ်မပျော်တာများရင် ထိခိုက်သလို ခဏခဏ မေ့လွယ်တတ်တယ်။

အတွင်းကလီစာများ

▪~အသက်ကြီးလာတာနဲ့အမျှ ..
ကိုယ်တွင်းကလီစာတွေက တဖြေးဖြေး အားနည်းလာတယ်။

▪~ နှလုံး. ကျောက်ကပ်. သရက်ရွက်. သည်းခြေ. အသည်း ညဖက်ဆီးခဏခဏ
သွားတာနဲ့ ဆီးမခိုင်တာတွေ ဖြစ်တတ်တယ် ။

▪~ အများအားဖြင့်ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီးတွေကအသက် ၅၀ ကျော်တွေ အဖြစ်များတယ် ။

▪~ ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့ အဆီ. အပူ. အစပ်များစားလို့ အူလမ်းကြောင်းမှ အညစ်အကြေးများရင် အူကင်ဆာ ဖြစ်လွယ်တယ် သတိထားကြပါ။

နှလုံး

နှလုံးစဖြစ်ရင်...
●အသက်ရူမဝခြင်း
●ရင်ဘတ်အောင့်ပြီး တချက် တချက် နာခြင်း
●ဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး ကြောကုန်း အပေါ်ဖက်လည်း ညောင်းပြီး အကြော
တက်တတ်တယ်။
●အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်းညောင်းတတ်တယ်။
●မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု ထင်းကနဲ ပေါ်တတ်တယ်။
●နှလုံးမှာ ( အဓိကကြောက်ရတာ) သွေးကြော ၃ ချောင်းရှိ အားလုံးပိတ်ရင် စက်တပ်ရတယ်။
●နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ ပြင်းထန်ရင် ဆေးရုံမှာ check
သွားလုပ်ပါ။
● အဆီတွေလျော့စား လေ့ကျင့်ခန်းလုပ် ရေများများသောက်ကြပါ။

အသည်း

◆အသည်းပြဿနာဖြစ်ရင် ညာဖက် ဗိုက်ခေါက်
အပေါ်ဘက်ကို နာကျင်တယ်
◆ညာခါး အနောက်ဖက် ညောင်းနာမယ်
◆ညာဖက်ပုခုံး ထုံကျင်ညောင်းနာ
◆ ညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်တယ်
◆ အသည်းမကောင်းရင် ည ကောင်းကောင်း အိပ်မပျော်ပါ
◆ ပါးစပ်ခါးပြီး သွားတိုက်ရင် သွေးထွက်လွယ်တယ်
◆အစာ အစားချင် / ခံတွင်းပျက်ပြီး နဲနဲလေးစားတာနဲ့ ဗိုက်ပြည့်လွယ်တယ်
◆ လမ်းနည်းနည်းလေးလျှောက်တာနဲ့ ခြေထောက်ညောင်းလွယ်တယ်
◆ တကိုယ်လုံး နူံးပြီးအားမရှိသလို ခံစားရတယ်
◆ ခြေမခိုင်ဘဲ ချော်လဲလွယ်တယ် / ခြေလိမ်တတ်တယ်
◆ အရက်သောက်များသူများက လျော့သောက်တာနဲ့ အရေပြားယားရင်သတိထားပါ
◆ အသည်းရောဂါ ပိုပြင်းထန်ရင် မျက်နှာအရောင် မွဲခြောက်ခြောက်နဲ့ မဲလာတယ်
◆ အရေပြား ခြောက်သွေ့ လာတယ်/ နှာခေါင်းထိပ်နီလာတယ်
◆ အသား. လက်ဖဝါး . မျက်လုံးအိမ်တွေ ဝါလာမယ်
◆ အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူး - ပြတဲ့အချိန်ဆို သိတာနောက်ကျတာ များတယ် ( ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာနဲ့ကြည့်နည်းပါ)

ကျောက်ကပ်

¤ ကျောက်ကပ်ပြဿနာကတော့ ခါးနား ကြောနာ မလန်းဆန်းဘူး
¤ ခြေသလုံး ညောင်းလွယ်တယ် အားမရှိဘူး
¤ အသားအရေ ယားယံတတ်တယ်
¤ ဆီးသွားရင် အမြုပ်ထတယ် ဆီးမခိုင်ဘူး
¤ ခြေ လက် အေးတတ်တယ်
¤ ခြေထောက်တွေ ရောင်လာတတ်တယ်
¤ အိပ်မကောင်းဘူး / ခဏခဏနိုးတတ်တယ်
¤ အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး
¤ ခြေသည်းခွံတွေ ကြမ်းလာတယ်
¤ အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေးလာမယ် - ကြမ်းပြီးထူလာတယ်
¤ အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ - အမြဲဆေးသောက်ပါ - ဆီးချိုချိန်ပါ
¤ ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ်
¤ သွေးပေါင်ကျလည်း မူးတတ်တယ် - ကျောက်ကပ်ကို အထူးဂရုစိုက်ပါ

သရက်ရွက်

◆ သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ်
◆လည်ပင်း ဇက်ကြော တက်လွယ်တယ်
◆ဝမ်းချုပ် ဝမ်းလျော ၂ မျိုးလုံးဖြစ်တတ်တယ်
◆အစာချေဖျက်မူ ကောင်းအောင် လုပ်နိုင်ပြီးဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်
◆ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး
သိပ်မသောက်ပါနဲ့
◆အကိုက်အခဲပျောက်ဆေးက အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ် အူလမ်း
ကြောင်းကို ထိပြီး သွေးယိုတတ်တယ်
◆ဝမ်းသွား သွေးပါရင် သတိထားပါ
( သွေးရောင်နီတာက လိပ်ခေါင်းကြောင့်ဖြစ်နိုင်
သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ် အူလမ်းကြောင်းရဲ့ နံရံပါး ( သို့ )ပေါက်ပြီး
ဖြစ်တတ်တယ်။
◆ ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကိုအမြဲကြည့်ပါ
(ရှောကနဲ အဖြောင့်လိုက်သွားပြီး
ဖင်မကပ်ရင်အကောင်းဆုံးပါ - ပြတ်တောင်း ပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ)
◆တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်း ဝေါကနဲ ပန်းတာမျိုးက အပူတွေ
ထုတ်ပစ်တာ ကြောက်စရာမလို - ကောင်းတယ် -
တရက်လုံးပန်းရင်တော့ဝမ်းလျောပြီ)
◆ အကောင်းဆုံးက နေ့တိုင်း ဝမ်းမှန်အောင်လုပ်ပါ
( စကားပုံရှိပါတယ် ဝမ်းတလုံး
ကောင်းရင် ခေါင်းမခဲဆိုတာ)

အူမကြီး

● အူမကြီးမကောင်းရင်ပါးစပ်ခါးပြီး တချိန်လုံးရေသောက်ချင် ရေငတ်တတ်တယ်
● နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ်
● သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ်
● လည်ပင်းရောင် ဖောင်းတတ်တယ်
● တော်ရုံ အနည်းငယ်လေးတာတောင် အလေး မ , မ နိုင်ပါ
● ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ်
( အပူများတဲ့သဘော )
● ဝမ်းချုပ်ရင် ခါးလည်း တခါတလေ နာတတ်တယ်
● အူမကြီးက ဝမ်းနဲ့ဆိုင်တယ်
● ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပါတ် ၂ စွဲနေတယ်
● လူတွေက အစာတွေ စုံအာင်စားပြီး ဝမ်းအဖြစ် အညစ်အကြေးတွေကို မထုတ်ပစ်လို့
နဲနဲစီ အူနံရံမှာ ကပ်ပြီး ကြာတော့ အညစ်အကြေးကနေ ကင်ဆာဖြစ်သွားတယ်
●အစာအိမ်ကနေ အူနံရံပါး. အနာဖြစ်.ပြီးသွေးယိုလဲ ကြာရင်ကင်ဆာဖြစ်တတ်တယ်
●အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ်
( အစာမခံပဲ ဗိုက်ဆာရင်စားပါ)
● အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့
●အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ
●နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ
(တခါတည်းအများကြီးမစားပါနဲ့)
●တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူး- ပိန်ပိန်ပဲ
ဒါမျိုးကကျန်းမာရင်ပြဿနာ
မရှိပါ။
●သို့သော် ဘယ်လောက်စားစား (သို့ ) မစားနိုင်ပဲ
ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါ
ထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား
မကောင်းတော့ဘူး ဗီတာမင်
မယူနိုင်တော့ဘူး။( ဆရာဝန်နဲ့ သေချာပြပါ )
● ဂေါက်ရောဂါရှိရင် ဘီယာနဲ့မတဲ့ပါ
● ရေချိုးရင် မချော်တတ်တဲ့ဘိနပ်စီးပြီးချိုးပါ
● ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိ အေးရင်လည်း အကြောချဉ် ကိုက်တတ်
● ချော်လဲကျလွယ်တယ်
● အသက်ကြီးရင် အရိုးတွေက weak ဖြစ်နေပြီး အရိုးအားဆေးစားပါ
● ချော်မလဲကျပါစေနဲ့

အသက် ၄၀ အရွယ် လုပ်သင့်သည့်အချက်များ

■ နေ့တိုင်း နံနက်စာ မှန်မှန်စားပါ
■ ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ -
နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။
■ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ
■ စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ
ရောဂ. တရားထိုင်. အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ
■ငါး ကြက်သား အခွံမာစေ့များစားပေးရင် လိုအပ်သည့်
ပရိုတင်းဓာတ်ကို ရရှိမယ်
စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။
■အဖော်နဲ့ ခရီးထွက်ပေးပါ
■သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ
■ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။


အသက်ကြီးသူများလိုက်နာရန်

မျောက်လို လူပ်ရှား
ကြောင်လိုစား
နွားလိုရေသောက်
လိပ်လိုလျှောက်
တုတ်ထောက်မပျင်းနှင့် ..

●မျောက်လိုလူပ်ရှား - အသက်ကြီးလာလျှင် လူပ်လူပ်ရှားရှားနေပါ လူပ်ရှားမူ မရှိပါက
အကြောများဆိုင်း၍ လူမမာဖြစ်တတ်သည်။

●ကြောင်လိုစား - လူကြီးများက နည်းနည်းနဲ့ မကြာခဏအစာကို စားမှ အစာကို ကျေ
ညက်စေနိုင်သည်။ တကြိမ်တည်း များစွာမစားရ။

●နွားလိုရေသောက် - ဆီး ဝမ်းမှန် စေရန်အတွက် ရေကို
များများသောက်ပေးပါ။

●လိပ်လိုလျှောက် - အသက်ကြီးလျှင် အရိုးအဆစ်များ
မသန်မာသည့်အတွက် သွားလာ
လူပ်ရှားလျှင် ချော်လဲ မကျအောင် ဖြေးဖြေးနှေးနှေး
သွားလာပါ။

●တုတ်ထောက်မပျင်းနှင့် - အရိုးအဆစ်များ မသန်မာအသက်ကြီးသူများ တုတ်ကောက်
ဆောင်ခြင်းသည် အားကိုးတခုဖြစ်သည် - မိမိကိုယ်ကို
လဲမကျအောင် တုတ်ကောက်
က အကူရသည်။

credit - original
# ကျန်းမာရေး

Address

အမှတ်(၃) ​၊ ကြည်နူးရိပ်လက်ဘက်ရည်ဆိုင်လမ်း
Myingyan

Opening Hours

Monday 08:00 - 12:00
15:00 - 19:00
Tuesday 08:00 - 12:00
15:00 - 19:00
Wednesday 08:00 - 12:00
15:00 - 19:00
Thursday 08:00 - 12:00
15:00 - 19:00
Friday 08:00 - 12:00
15:00 - 19:00
Saturday 08:00 - 12:00
15:00 - 19:00
Sunday 08:00 - 12:00
15:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Phyo clinic & medical service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram