ကောင်းသုခအထွေထွေရောဂါကုဆေးခန်း-Kaung Thu Kha Clinic

  • Home
  • Myanmar
  • Myingyan
  • ကောင်းသုခအထွေထွေရောဂါကုဆေးခန်း-Kaung Thu Kha Clinic

ကောင်းသုခအထွေထွေရောဂါကုဆေးခန်း-Kaung Thu Kha Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကောင်းသုခအထွေထွေရောဂါကုဆေးခန်း-Kaung Thu Kha Clinic, Medical and health, နေဝန်းသူရိန်လမ်း၊ ကားကြီးကွင်းတောင်ဘက်လမ်းကပ်ရပ်လမ်း၊ မြင်းခြံမြို့, Myingyan.

ယခု Omicron BA. 4 & 5 မှာ အတွေ့ရများသော ရောဂါလက္ခဏာများ------------------------------------- နှာစေး၊ နှာမွှန်- လည်ချောင်...
19/09/2022

ယခု Omicron BA. 4 & 5 မှာ
အတွေ့ရများသော ရောဂါလက္ခဏာများ
------------------------------------

- နှာစေး၊ နှာမွှန်
- လည်ချောင်းနာ၊ အသံပြောင်း
- ချောင်း အဆက်မပြတ်ဆိုး
- မောပန်းနွမ်းနယ်
- ချမ်းတုန်၊ ဖျား၊ ခေါင်းကိုက်

* တချို့လည်း အနံ့ပျောက်ကြတယ်
နည်းတော့ နည်းတယ် *

- စဖြစ်ပြီး ၂ ရက်မှ ၃ ရက်ထိ
ရောဂါလက္ခဏာ ပြင်းထန်စွာ ခံစားရ

- ၄ ရက်မှ ၇ ရက် အကြာတွင်
Negative ဖြစ်

* ယခင် Omicron နှင့် နှိုင်းယှဉ်လျှင်
ယခု BA. 4 & 5 တွင်
သေဆုံးသူများ တွေ့နေရသဖြင့်
( လုံးဝ ) မပေါ့ဆသင့်ပါကြောင်း *

Crd

😊
16/09/2022

😊

ခု မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့ ❗️❗️❗️ကိုဗစ် BA5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက် လူနာဟာ....⚠️ ရင်ခေါင်းရောင် ခြင်း⚠️ အပူန...
14/09/2022

ခု မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့ ❗️❗️❗️

ကိုဗစ် BA5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက် လူနာဟာ....
⚠️ ရင်ခေါင်းရောင် ခြင်း
⚠️ အပူနာဖြစ်၍
⚠️ ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်
⚠️ သိုင်းရွိုက်ရောင်မယ်..
⚠️ လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊
အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်

⚠️SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်
⚠️ ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်
⚠️ ငယ်ထိပ်ခဲ လာပြီး ဦးဏှောက်အမြှေးပါးရောင်ခြင်း
- နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်
တင်ပါး ခဲမယ်

⚠️ ဦး​​ခေါင်း နာဗ်ကြောများ ရောင်ခြင်း
ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်
တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊
⚠️ ဂုတ်ဆက် ခဲခြင်း
- နှာစစီးလာမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊
⚠️ လက်ပြင်ရောင်ခြင်း
တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ

အာရုံကြောတော်တော်များများ အကုန်နီးပါးကို ဖျက်ဆီး ပစ်လိုက်တာပါပဲ... Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအ‌နေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ

ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
👉 Paracetamol/ Ibuprofen လိုမျိုးအဖျားကျဆေး အကိုက်အခဲပျောက်ဆေး
👉 Acetylcysteine - ACC ကဲ့သို့ ချွဲပျော်ဆေး၊
👉 ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊
တို့ဆောင်ထားသင့်ပါသည်..

Crd/Naing Nyi

အခုအချိန်အထိ မြင်ဖူးသမျှထဲမှာ ကိုဗစ် ၁၉ မျိုးကွဲသစ် ဘီအေ ၅ က အဆိုးဆုံးမျိုးကွဲအဖြစ် အမေရိကန်ဆေးပညာရှင် သတ်မှတ်
အမေရိကန်ဆေးပညာရှင် ဒေါက်တာ အဲရစ် တိုပေါလ်က ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ ၅ ဟာ အရင်မျိုးကွဲတွေထက် လူတွေကို ပိုမိုကြာရှည်စွာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖျားနာစေနိုင်တယ်လို့ ယူဆထားပါတယ်။

အဲဒီမျိုးကွဲသစ်ကို အခုအချိန်အထိတွေ့မြင်ခဲ့သမျှထဲမှာ အဆိုးရွားဆုံးမျိုးကွဲအဖြစ် ဒေါက်တာ အဲရစ်က အမည်တပ်ထားပါတယ်။

သူ့ကို ဒီမျိုးကွဲသစ်ရဲ့ပြင်းထန်တဲ့ ခုခံအားနဲ့ ကူးစက်နိုင်မှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။ ဘီအေ ၅ မျိုးကွဲက ဆဲလ်အတွင်းထဲ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်စွမ်းရှိပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေတဲ့၊

ဆေးရုံတက်ရောက်မှုနှုန်းများစေတဲ့ ကိုဗစ် ၁၉ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတယ်လို့ ဒေါက်တာအဲရစ်ရဲ့သုတေသနပြုချက်တွေက ဆိုပါတယ်။

ဒေါက်တာ အဲရစ်က ဘီအေ ၅ မျိုးကွဲဟာ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတဲ့အပေါ် စိုးရိမ်နေပေမဲ့ ဘီအေ ၅ မျိုးကွဲက ပိုမိုပြင်းထန်စေတဲ့ ရောဂါမျိုးကို ဖြစ်စေနိုင်မလားဆိုတာ ပြောပြဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။

သေသေချာချာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ဒယ်တာလို ဆဲလ်ကူးစက်မှုလက္ခဏာရပ်တွေတော့ သေချာပေါက်ဖြစ်လိမ့်မယ်လို့ ဒေါက်တာ အဲရစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း နိုင်ငံတကာမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။

Ref: Ladbible " Doctor Says Latest Covid-19 Strain BA.5 Is The 'Worst Variant We Have Seen So Far' "

Credit to Original Uploader

29/08/2022

အမျိုးသမီးတိုင်း သိထားသင့်တဲ့ သားအိမ်ခေါင်း ကင်ဆာ အစပျိုးခြင်း လက္ခဏာများ

(၁) ပုံမှန်မဟုတ်တဲ့ အဖြူ /အကျိအချွဲတွေဆင်း

သားအိမ်ခေါင်းထဲမှာ ကင်ဆာ အစပျိုးနေပြီဆိုတာနဲ့ သားအိမ်နံရံက ဆဲလ်တွေ ဟာပုံမှန်မဟုတ်တော့ပဲ လုပ်ငန်းစဉ်တွေလည်း အမှားမှားအယွင်း ယွင်းဖြစ် တတ်ပါတယ်။ဒါကြောင့် အဖြူဆင်းတာ၊ရာသီသွေးပေါ်ပြီးမှ သွေးထပ်ဆင်းတာ၊ အကျိအချွဲတွေဆင်းတာတွေ ဖြစ်ပေါ်တတ်ပါတယ်။

(၂) နာကျင်/သွေးဆင်း

သားအိမ်နံရံကို အမြစ်တွယ်လာတဲ့ ကင်ဆာဆဲလ်တွေကြောင့် သားအိမ် မှာ ခြောက်သွေ့တာ နောက်ဆုံး အက်ကွဲတာတွေဖြစ်ပေါ်လာတတ်ပါတယ်။နေ ရထိုင်ရတာ သက်သောင့်သက်သာမရှိတာ နဲ့သွေးဆင်းရက်ပြီးတာတောင်မှ ထပ်ပြီး သွေးဆင်းတာတွေ ဖြစ်ပေါ် တတ်ပါတယ်။ပုံမှန်ရာသီကာလမဟုတ်ပဲ ကြားကာလတွေမှာ သွေးဆင်းတာတွေရှိခဲ့မယ်ဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာ၀န်ဆီပြကြည့်သင့်ပါတယ်။

(၃) သွေးအားနည်းတာ

စားသောက်နေထိုင်မှုပုံစံ ပုံမှန်အတိုင်းဖြစ်နေတဲ့ကြားက ပင်ပမ်းနွမ်းလျပြီး သွေး အားနည်းနေတာမျိုးပါ။၀မ်းဗိုက်ထဲက သွေးယိုစီးမှုတွေကြောင့် သွေးအားနည်းရတာဖြစ်ပြီး ဒါဟာလည်း သားအိမ်ခေါင်းကင်ဆာ လက္ခဏာတွေထဲက တစ်ခု ပါ။

(၄) ဆီးသွားရာမှာ ပြသာနာရှိ

သားအိမ်ခေါင်းနံရံတွေ ရောင်ကိုင်းလာတာကြောင့် ဆီးအိမ်နဲ့ကျောက်ကပ် မှာပါ ပြသာနာရှိလာပြီး ဆီးသွားရာမှာ ပြသာနာတွေရှိလာစေတာဖြစ်ပါတယ်။ ဆီးအိမ်နာကျင်တာ၊ဆီးလမ်းကြောင်းမှာ ပိုး၀င်တာတွေပါဖြစ်တတ်ပါတယ်။

(၅) ခြေထောက်၊တင်ပါးနဲ့နောက်ကျောတွေ နာကျင်

ကင်ဆာကြောင့်သွေးကြောတွေကိုပါ ထိခိုက်မှုတွေရှိလာတာကြောင့် တင်ပါး ဆုံရိုးနဲ့ခြေထောက်တွေဆီ သွေးလျောက်ရာမှာ အခက်အခဲရှိလာနိုင်တာေ ကြာင့် ခြေထောက်၊ခြေကျင်း၀တ်၊တင်ပါးနဲ့နောက်ကျောတွေမှာ နာကျင်မှုတွေ ခံစားရတာဖြစ်ပါတယ်။

(၆) ကိုယ်အလေးချိန်ကျဆင်း

ကိုယ်အလေးချိန်ကျဆင်းတာ(သို့)အစားအသောက်ပျက်တာတွေကတော့ ကင် ဆာရောဂါတိုင်းလိုလိုမှာ တွေ့ရတဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။သားအိမ်ခေါင်းကင်ဆာမှာလည်း ဒီလိုရောဂါလက္ခဏာမျိုးကို ပြတတ်ပါတယ်။ သား အိမ်ခေါင်းကင်ဆာရဲ့ တခြားလက္ခဏာတွေကတော့ ပုံမှန်ထက်ရာသီသွေး ဆင်းတဲ့ရက်ပိုကြာတာ၊ဆင်းတဲ့ပမာဏပိုများတာ၊လိင် ဆက်ဆံပြီး ရင် သွေး ဆင်းခြင်း၊လိင်ဆက်ဆံတဲ့အခါ နာကျင်ခြင်း တို့ဖြစ်ပါတယ်။

Credit to # Dr. Thwe

နွေရာသီလိုပူတဲ့ အပူနဲ့ ချွေးထွက်များခြင်း☄️☄️✅အခုတလော အပြင်မှာ ရာသီဥတုအတော်လေးပူလာပါပြီ ပူလာတာနဲ့ ချွေးပါလိုက်ထွက်ပါပြီ ...
28/07/2022

နွေရာသီလိုပူတဲ့ အပူနဲ့ ချွေးထွက်များခြင်း☄️☄️

✅အခုတလော အပြင်မှာ ရာသီဥတုအတော်လေးပူလာပါပြီ ပူလာတာနဲ့ ချွေးပါလိုက်ထွက်ပါပြီ ဒီအတိုင်းနေရင်တောင် ချွေးက အကျင်္ီရွှဲပါပြီရှင့်

🔎ပထမဆံုး ကိုယ်ခန္ဓာရဲ့ အပူထိန်းညှိပေးတဲ့ သဘာဝအကြောင်းလေးပြောပြပေးပါမယ်ရှင့်

✅ခန္ဓာကိုယ်ကပူလာတဲ့အခါ အရေပြားကအပူအာရုံခံ sensor neurone လေးတွေကတစ်ဆင့် ပင်မထိန်းချုပ်ပေးနေတဲ့ ဦးနှောက်ကိုသတင်းပို့ပေးလိုက်ပါတယ်။

✅ထိုအခါ ခန္ဓာကိုယ်ရဲ့ ပံုမှန်တံု့ပြန်မှု တစ်ခုဖြစ်တဲ့ ချွေးထွက်ခြင်းကိုဖြစ်စေပါတယ်။ ချွေးထွက်တာရဲ့ နောက်ဆက်တွဲ Dehydration ရေဓာတ်ဆံုးရှံးမှု၊ ဆားဓာတ်ဆံးရှုံးမှုကိုဖြစ်စေပါတယ်။

✅ပံုမှန်ကိုယ်အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ် ကနေ အဲထက်ပိုပူလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ပံုမှန် ချွေးထွက်ခြင်းကို ပျက်သွားစေပြီး Heat stroke ဆိုတဲ့ အပူရှက်ခြင်းကို ဖြစ်ပေါ်လာစေပါတယ်။

🔍 ခံစားရတာတွေကတော့ ချွေးထွက်များပြီး မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေဖျားလက်ဖျားအေးလာခြင်း၊ အသက်ရှူနှုန်းမြန်လာခြင်း၊ ဆံုးရှံုးသွားတဲ့ ရေဓာတ်ကိုအချိန်မှီမဖြည့်နိုင်ရင် သတိလစ်တဲ့အထိ ဖြစ်တတ်ပါတယ်ရှင့်

✅အလွယ်ကူဆံုးကတော့ ရေများများသောက်ခြင်းပါ

💢အခုလို ပူပြင်းတဲ့ရာသီဥတုကို အံတုနိုင်ဖို့ ရေသောက်ခြင်းရဲ့ ကောင်းကျိုးလေးတွေနဲ့ ဘယ်လောက်သောက်ရမလဲ ဆက်ပြောပေးသွားပါ့မယ်

❓ရေဘယ်လောက်သောက်သင့်ပါသလဲ

✅အနည်းဆံုး ရေ ၈ခွက်/ ရေ ၂လီတာထိသောက်သံုးပေးမယ်ဆို ရေဓာတ်ဆံုးရှံုးမှုကို ကာကွယ်ပေးနိုင်ပါတယ်

💯💯ရေများများသောက်ပေးခြင်း အကျိုးကျေးဇူးလေးတွေကတော့

💢ရေသောက်သံုးပေးခြင်းဖြင့် တစ်နေ့တာတက်ကြွလန်းဆန်းစေပါတယ်

💢ဝမ်းချုပ်ခြင်း (constipation) ကိုလဲသက်သာစေပါတယ်

💢ရေများများသောက်သံုးပေးခြင်းက ကျောက်ကပ်ရဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ ခန္ဓာကိုယ်ရဲါ အဆိပ်အတောက်များကို ပိုမိုစွန့်ပေးနိုင်ပါတယ် ( နဂိုကျောက်ကပ်ရောဂါရှိသူများက ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်သံုးပေးပါရန်)

💢ဒါ့အပြင် ရေသောက်ခြင်းက အသားအရေကိုလဲ ရေဓာတ်ပြည့်ဝစေလို့ glow skin ရချင်တဲ့ သူလေးတွေ ရေများများသောက်ပေးကြနော်။

💢ရေများများသောက်သံုးပေးခြင်းက ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကိုလဲ ပိုမိုကောင်းမွန်စေပြီး စိတ်ကိုပါပျော်ရွှင်လာအောင် လုပ်ပေးနိုင်ပါတယ်။

✅ဒါကြောင့် အခုလိုရာသီဥတုအရမ်းပူနေတဲ့အချိန် လွယ်ကူပြီးပိုက်ဆံလဲမကုန် ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ရေများများ​သောက်သံုးခြင်းအလေ့အထလေးကို လုပ်ပေးကြဖို့ တိုက်တွန်းပေးလိုက်ရပါတယ်ရှင့်

Dr Khin Myo Nyunt
M.B;B.S (Ygn)

🔍သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးချင်တဲ့အမျိုးသမီးများ အတွက်ပါရှင့်✏️GARDASIL-4 (Human Papilloma Virus HPV 6,11,16,18) ✏️...
27/07/2022

🔍သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးချင်တဲ့အမျိုးသမီးများ အတွက်ပါရှင့်

✏️GARDASIL-4 (Human Papilloma Virus HPV 6,11,16,18)

✏️Vaginal warts ကြွက်နို့ ဖြစ်စေတဲ့ HPV 6,11
Ca Cervix သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ HPV 16,18 တို့ကိုကာကွယ်ပေးပါတယ်

✏️အမျိုးသမီးများ အသက်၉နှစ်မှ အသက်၁၄နှစ်အထိ - 2 dose (0,6-12month)

✏️အမျိုးသမီးများ အသက်၁၅နှစ်နှစ်မှ အသက်၄၅နှစ် - 3 dose (0,2,6 or 0,1,6month)

✏️အမျိုးသမီးများ အိမ်ထောင်မပြုမှီ ကြိုတင်ထိုးထားသင့်ပါတယ်ရှင့်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးချင်သူများ အသေးစိတ် 09971554172, 09765350560 သို့ဆက်သွယ်စံုစမ်းမေးမြန်းနိုင်ပါသည်ရှင့်‼️

မိမိအိမ်မှာတင်အဖျားကျအောင် လုပ်လို့ရမယ့်အချက် (၅)ချက် ✅♻️မေမေတို့အတွက် မိုးရာသီမှာ 😷ကလေးတွေဖျားတဲ့အခါ ဘာလုပ်ပေးရင်အဖျားက...
26/07/2022

မိမိအိမ်မှာတင်အဖျားကျအောင် လုပ်လို့ရမယ့်အချက် (၅)ချက် ✅

♻️မေမေတို့အတွက် မိုးရာသီမှာ 😷ကလေးတွေဖျားတဲ့အခါ ဘာလုပ်ပေးရင်အဖျားကျမလဲ အိမ်မှာတင် အလွယ်တကူလုပ်ပေးလို့ရမယ့် အရိုးရှင်းဆံုးအချက်(၅)ချက်အကြောင်း ပြောပြပေးသွားပါမယ်နော်

ပထမဆံုးအချက်ကတော့
✏️(၁) အနားယူပါ။

လှုပ်ရှားသွားလာနေတာက ကိုယ်အပူချိန် ပိုတက်စေပါတယ်။ပြည့်ပြည့်ဝဝ အနားယူအိပ်စက်ပေးပါနော်။

✏️(၂)ရေများများတိုက်ပေးပါ။

ကိုယ်အပူချိန်တက်ခြင်းက ခန္ဓာကိုယ်မှာရေဓာတ်ဆံုးရှံုးမှု ကိုဖြစ်စေလို့ ရေများများပြန်သောက်ပေးခြင်းဖြင့် ရေဓာတ်ဆံုးရှံုးမှုကို ပြန်ဖြည့်တင်းပေးပါတယ်။

✏️(၃)Cool Environment အေးတဲ့ပတ်ဝန်းကျင်/အခန်းမှာထားစေခြင်း။

ဒီမှာအယူအဆမှားကြတာက ဖျားရင်စောင်အထူကြီးခြံု၊ တံခါးပေါက်ပိတ်ပြီး အနွေးထည်အထူကြီးဝတ်ထားကြတာပါ။ ကိုယ်အပူချိန်တက်လာတဲ့အခါ အပူပြန်ထုတ်ပေးဖို့ အေးတဲ့နေရာ/အေးတဲ့ပတ်ဝန်းကျင်လိုပါတယ်။

✏️(၄)အဝတ်အထည် သင့်တင့်လျှောက်ပတ်စွာ ဝတ်ဆင်ပါ။

အပေါ်ကပြောထားသလိုပဲ အပူချိန်ပြန်ကျဖို့ဆို အနွေးထည်အထူကြီးဝတ်ဆင်တာမျိုး ရှောင်ပေးပါနော်။

✏️(၅)ရေပတ်တိုက်ပေးပါ။

ရေစိုအဝတ်လေးကို နဖူး၊ လည်ပင်းဂုတ်၊ ချိုင်းကြား၊ပေါင်ခြံကြား နေရာလေးတွေအဓိကတိုက်ပေးပါ။ အဲနေရာလေးတွေက အပူစုနေတဲ့ ခန္ဓကိုယ်အစိတ်အပိုင်းတွေမလို့ပါနော်။

♻️ကဲနောက်ဆံုးအနေနဲ့က ဘယ််လိုအခြေအနေမျိုးဆို မေမေတို့နီးစပ်ရာဆေးရံု သို့မဟုတ် ဆေးခန်းပြေးသင့်သလဲဆိုရင်

🔍အဖျား အရမ်းကြီးတာ
🔍ပျို့အန်တာ
🔍အစားမဝင်တာ
🔍ကလေးက ပံုမှန်မဟုတ် တအားမှိန်းနေတာ
🔍ခန္ဓာကိုယ်မှာအနီစက်တွေထွက်လာတာ
🔍အဖျားကြီးပြီးသတိလစ်/တက်သွားတာမျိုးဆို မေမေတို့ နီးစပ်ရာဆေးရံု/ဆေးခန်းကို အမြန်ဆံုးသွားပြကြပါနော်‼️

Dengue သွေးလွန်တုပ်ကွေးရာသီမှာ မိမိတို့ရင်သွေးငယ်လေးတွေ ခြင်မကိုက်အောင်လဲဂရုစိုက်ပေးကြပါဦးနော် မေမေတို့ရေ❤️

ကောင်းသုခအထွေထွေရောဂါကုဆေးခန်း
Clinic (Myingyan)
Dr KMN (Um2)

Address

နေဝန်းသူရိန်လမ်း၊ ကားကြီးကွင်းတောင်ဘက်လမ်းကပ်ရပ်လမ်း၊ မြင်းခြံမြို့
Myingyan
05251

Telephone

+959971554172

Website

Alerts

Be the first to know and let us send you an email when ကောင်းသုခအထွေထွေရောဂါကုဆေးခန်း-Kaung Thu Kha Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share