သွားနှင့်ခံတွင်း အထူးကုဆေးခန်း- Dr. Mar Dental Clinic

  • Home
  • Myanmar
  • Myitkyina
  • သွားနှင့်ခံတွင်း အထူးကုဆေးခန်း- Dr. Mar Dental Clinic

သွားနှင့်ခံတွင်း အထူးကုဆေးခန်း- Dr. Mar Dental Clinic Dental Care

6.10.25 နင့် 7.10.25 Dr.Mar သွားနှင့် ခံတွင်းဆေးခန်းနှစ်ရက် ပိတ်ပါသည်🙏
05/10/2025

6.10.25 နင့် 7.10.25 Dr.Mar သွားနှင့် ခံတွင်းဆေးခန်းနှစ်ရက် ပိတ်ပါသည်🙏

23/09/2025

ဆေးခန်းမှာအမေးများဆုံး မေးခွန်းတွေထဲကတစ်ခု☑️

13/04/2024

နှစ်သစ်ကူးသက်ြန်ကာလ 12-4-2024 မှ 17-4-2024 ထိ ဆေးခန်းပိတ်ပါသည်

Dr.Mar သွားနင့်ခံတွင်းဆေးခန်းတွင်✅သွားစွပ်/သွားစိုက်ခြင်း(Dental crown and Bridge)✅အံကပ်ပြုလုပ်ခြင်း(Denture)✅သွားနှုတ်ခ...
19/03/2024

Dr.Mar သွားနင့်ခံတွင်းဆေးခန်းတွင်

✅သွားစွပ်/သွားစိုက်ခြင်း(Dental crown and Bridge)
✅အံကပ်ပြုလုပ်ခြင်း(Denture)
✅သွားနှုတ်ခြင်း( tooth extraction)
✅သွားဖာခြင်း(Tooth Filling)
✅သွားသန့်ရှင်းရေး ပြုလုပ်ခြင်း( Scaling & Polishing)
✅သွားဖြူအောင်ကုသခြင်း (Laser Whitening)
✅သွားကြွေလွှာကပ်ခြင်း ( Dental Veneer)
✅သွားအကြောထုတ်ကုသခြင်း(RCT)
✅သွားညှိကုသခြင်း( Orthodontic treatment)
✅ကလေးသွားကုသခြင်း( Paediatric Treatment)
အမျိုးမျိူးကို ကျွမ်းကျင်သော သွားနင့်ခံတွင်းဆရာဝန်များမှ ကုသမှု ပေးလျှက်ရှိပါသည်

***ကုသချိန် စောင့်စားမှု မရှိစေရန် ဖုန်းဆက်၍ booking ယူနိုင်ပါသည်***

Adress ; မြို့သစ်ယူနန်ဘုံကျောင်းဘေး၊ မောနင်းလဘက်ရည်ဆိုင်ရှေ့၊ မြို့သစ်ရပ်ကွက် ၊ မြစ်ကြီးနားမြို. ☎️ 09444478078

ဆေခန်းဖွင့်ချိန်- နံနက် 9 နာရီမှ ညနေ 6နာရီထိ

03/03/2024
30/01/2024

ကိုယ်ဝန်ဆောင်များ သွားနူတ်လို့ရပါသလား?

အမျိုးသမီးများကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲမှုများစွာ ဖြစ်လေ့ရှိပါတယ် ။ ဟော်မုန်းပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုများအဖြစ် ခံတွင်းထဲမှာ သွားဖုံးပြဿနာများ၊ သွားကျန်းမာရေးပြဿနာများကို ပုံမှန်အချိန်များထက် ကိုယ်ဝန်ဆောင်ချိန်မှာ ပိုကြုံတွေ့ကြရပါတယ်။
ဒါကြောင့် သွားကျန်းမာရေးနဲ့ပတ်သက်ပြီး သွားနူတ်ရခြင်းကဲ့သို့ အရေးပေါ်အခြေအနေများမဖြစ်အောင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကိုယ်ဝန်လနုစဥ်ကာလကတည်းက သွားနှင့်ခံတွင်းဆရာဝန်နဲ့ သွားကျန်းမာရေးစစ်ဆေးခြင်းများ၊ ကုသခြင်းများကို ပြုလုပ်ထားသင့်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့နိုင်ငံက သွားကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတအားနည်းဆဲမို့ ကိုယ်ဝန်ဆောင်ချိန်မှာ သွားကျန်းမာရေးဂရုစိုက်ဖို့ဆိုတာ အလှမ်းဝေးပါသေးတယ် ။ ဒါကြောင့် နေ့စဥ် ဆေးခန်းကို ကိုယ်ဝန်ဆောင် နေ့စေ့လစေ့ကြီးနဲ့ သွားနာလို့ ရောက်လာတယ်ဆိုတာ အထူးအဆန်းတော့လည်း မဟုတ်တော့ပါဘူး။
ကိုယ်ဝန်ဆောင်တွေက လနုသည်ဖြစ်စေ၊ လရင့်သည်ဖြစ်စေ သွားပြဿနာတွေဖြစ်လို့ သွားနူတ်ရမယ်လို့ပြောလိုက်တယ်ဆိုရင် ပုံမှန်ထက်လန့်သွားကြတာ အမှန်ပါပဲ။ အတွေးထဲမှာ ကိုယ်ဝန်က နုနေလို့/ လရင့်နေလို့ သွားနူတ်လို့ အဆင်ပြေပါ့မလား။ ထုံဆေးထိုးရင်ကရော ဘေးကင်းပါ့မလား ။ ဓာတ်မှန်ရိုက်ရမယ်လည်း ပြောတယ် ဗိုက်ထဲက ကလေးကို ထိသွားမလား။ အရင်ဆေးခန်းက ကိုယ်ဝန်နဲ့မို့ သွားမနူတ်ပေးဘူးပြောတယ် ဒီဆရာဝန်ကျတော့ သွားနူတ်မယ်တဲ့ တကယ်အဆင်ပြေပါ့မလား။ သွားကရော တကယ်ကြီး နူတ်ဖို့လိုအပ်နေရဲ့လား စသဖြင့် စသဖြင့် အတွေးထဲမှာ မေးခွန်းပေါင်းစုံပေါ့ဗျာ ။
ကျွန်တော်က ဒီစာကနေ အခုလို​သံသယဖြစ်စရာ ဒီမေးခွန်းတွေအားလုံးကို ဖြေပေးသွားပါမယ်ဗျ ။

✅ ကိုယ်ဝန်ဆောင်တွေ သွားနူတ်လို့ရသလား? ဘေးကင်းပါ့မလား?

အဖြေကတော့ YES ပါ ။ ကိုယ်ဝန်ဆောင်တွေဟာ လနုသည်ဖြစ်စေ၊ လရင့်သည်ဖြစ်စေ လိုအပ်ပါက ဘေးကင်းစွာ သွားနူတ်နိုင်ပါတယ် ။
သွားနူတ်တာမှ ရိုးရိုးသွားနူတ်တာတင်မဟုတ်ဘူး လိုအပ်ရင် အံဆုံးခွဲတာတောင် လုပ်နိုင်ပါတယ်။
တကယ်လိုအပ်ရင် လုပ်ရမယ် ။ မလိုအပ်ရင် မလုပ်ဘူး ။
တကယ်လိုအပ်တဲ့အခြေအနေဆိုတာ အခုသွားမနူတ်ခဲ့ဘူးဆိုရင် ပိုပိုဆိုးလာမယ့် အခြေအနေကိုကြုံရနိုင်တဲ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ဗိုက်ထဲက ကလေးကို အန္တရာယ်များစေတဲ့ အခြေအနေကို ပြောတာပါ။ ဥပမာ...
◻ သွားက ဘာမှလုပ်မရအောင် နေ့စဥ်နဲ့အမျှ မတော်မတရားနာနေခြင်း ။
◻ သွားဖုံး ပြည်တည်နေခြင်း။ ပိုး(မန်း)ဝင်နေခြင်း ။
◻ သွားများ၊ သွားဖုံးများ လုံးဝ ပျက်စီးနေခြင်း ။

လူနာအခြေအနေအရ မလိုအပ်ရင် သွားနူတ်မှာမဟုတ်ပဲ သွားများကို ဆေးထည့်ပေးခြင်း၊ ဖာထေးပြုပြင်ခြင်း၊ သွားအကြောထုတ်ကုသမှုများပြုလုပ်ခြင်း စတဲ့ ကုသမှုများကိုသာ ပြုလုပ်ပေးထားမှာဖြစ်ပါတယ် ။
ဒီကိစ္စကလေ သာမာန်လူတွေမှာမှ မဟုတ်ဘူး ကျွန်တော်တို့ သွားနှင့်ခံတွင်းဆရာဝန်တွေ တော်တော်များများမှာလည်း ကိုယ်ဝန်ဆောင်ဆိုရင် သွားနူတ်လို့မရဘူးလို့ ပြောနေသူတွေ ရှိနေပါသေးတယ်။

✅ ကိုယ်ဝန်ဘယ်နှစ်လမှာ သွားနူတ်တာ အကောင်းဆုံးလဲ?

ကိုယ်ဝန် (၄)လ၊ (၅)လ၊ (၆)လ တွေမှာ သွားနူတ်တာ ဘေးအကင်းဆုံးနဲ့ သက်တောင့်သက်သာအဖြစ်ဆုံး၊ အကောင်းဆုံးအချိန်ကာလဖြစ်ပါတယ် ။
ဒါပေမယ့် အရေးပေါ်အခြေအနေနဲ့ကြုံရပါက ကိုယ်ဝန်က ဘယ်လတွင်ဖြစ်ပါစေ သွားနူတ်နိုင်ပါတယ်။

✅ ထုံဆေးထိုးတာကရော ဘေးကင်းပါ့မလား?

ထုံဆေးကို အင်္ဂလိပ်လို Local Anesthesia လို့ခေါ်တယ် ။ Local ဆိုတာ တစ်နေရာထဲကိုပဲ ထုံခိုင်းတဲ့သဘောပါ။ ပါးစပ်ထဲမှာ ထိုးလိုက်တဲ့ ထုံဆေးဟာ သွေးကြောတွေကနေတဆင့် ခန္ဓာကိုယ်အနှံ့မသွားတဲ့အပြင် ကလေးကိုလည်း ထိခိုက်မှုမရှိပါဘူး။
ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ထုံဆေးသုံးတာကလည်း စိတ်ချရပါတယ် ။

✅ ဓာတ်မှန်ရိုက်တာကရော စိတ်ချရပါသလား?

သွားဆရာဝန်တွေဟာ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်များကို သွားဓာတ်မှန်ရိုက်လေ့မရှိပါဘူး။
ဒါပေမယ့် ဒါဟာ သွားဓာတ်မှန်က လုံးဝ ဘေးမကင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူးနော် ။ သွားဓာတ်မှန် တစ်ချပ်ရိုက်တဲ့အခါ ထွက်တဲ့ ဓာတ်မှန်ရောင်ခြည်ပမာဏဟာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးကို မထိခိုက်စေနိုင်ပါဘူး ။ လိုအပ်၍ သွားဓာတ်မှန်ရိုက်ရတဲ့အခါ မိခင်နဲ့ကလေးကို ဓာတ်မှန်ရောင်ခြည်သက်ရောက်မှု နည်းနိုင်သမျှနည်းစေရန်အတွက်လည်း အကာအကွယ်များဝတ်ဆင်ပေးထားဦးမှာဖြစ်ပါတယ်ဗျ ။
ဒါကြောင့် သွားဓာတ်မှန်တစ်ချပ်ရိုက်ရန်လိုအပ်ပါက စိတ်ရှင်းရှင်းနဲ့ ရိုက်ပါနော့ ။

✅ အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေးတွေကရော ဘေးကင်းပါ့မလား?
ဆေးခန်းစပြတဲ့အခါ မိမိမှာ ကိုယ်ဝန်ရှိကြောင်း ဆေးခန်းကို အသိပေးထားတယ်ဆိုရင် ဆရာဝန်များက မိခင်နှင့်ကလေး နှစ်ဦးစလုံးအတွက် ဘေးကင်းအဆင်ပြေမယ့် အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေးများကိုပဲ လမ်းညွန်ပေးပါလိမ့်မယ်။

✅ သွားနူတ်ခြင်းကို ကလေးမွေးပြီးသည့်အချိန်အထိ ခတ္တ ဆိုင်းငံ့ထားခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်ပါက ဘေးကင်းစွာ သွားနူတ်နိုင်ပေမယ့် တခါတရံမှာ သွားနူတ်ခြင်းကို ခတ္တစောင့်ဆိုင်းရန်လိုအပ်တာမျိုးလည်း ရှိနိုင်ပါတယ် ။
သွားနူတ်မယ့် မိခင်က သွားနူတ်ရန်တကယ်မလိုအပ်နေခြင်း၊ အင်မတန်အားနည်းနေခြင်း၊ မိခင်တွင် ရောဂါအခံများရှိခြင်း၊ အင်မတန်ကို စိတ်လှုပ်ရှားတုန်လှုပ်နေခြင်း စသဖြင့် ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကျန်းမာရေးအခြေအနေ၊ စိတ်ဆန္ဒအခြေအနေများကိုလည်း ကြည့်ပေးကြရပါတယ် ။
အခြေအနေတခုခုကြောင့် သွားနူတ်တာကို ခတ္တဆိုင်းငံ့ထားရင်တောင် သွားကျန်းမာရေးနဲ့ပတ်သက်ပြီး မိခင်နဲ့ကလေး ဘေးကင်းရန် အရေးပေါ်ကုသမှုများကို ပြုလုပ်ပေးထားမှာဖြစ်ပါတယ်ခင်ဗျာ ။
...........................................................................

သွားနှင့်ခံတွင်းရောဂါတွေဟာ စောစောမကုသပဲ မွေးထားလိုက်ရင် လူနာများအနေဖြင့် ပိုမိုဆိုးရွားသော အခြေအနေများနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် လုပ်နေကျ (၆)လတစ်ကြိမ် သွားနှင့်ခံတွင်းကျန်းမာရေးပုံမှန်စစ်ဆေးခြင်းများ၊ သွားကျောက်ခြစ်ခြင်း စတဲ့ ကုသမှုများကို ကိုယ်ဝန်ဆောင်ထားရပေမယ့် ရက်ချိန်းများ မကျော်သွားသင့်ပဲ ပြသင့်ပါတယ်။ သွားဖြူအောင်ပြုလုပ်ခြင်း၊ သွားကြွေလွှာကပ်ခြင်း၊ သွားစိန်တပ်ခြင်း စတဲ့ မဖြစ်မနေ မလိုအပ်တဲ့ အလှအပနဲ့ပတ်ကုသမှုများကိုတော့ ရှောင်သင့်ပါတယ် ။
ကိုယ်ဝန်ဆောင်မိခင်တွေမှာ သွားဖုံးရောဂါများ နဲ့ လမစေ့ပဲ ကလေးမွေးခြင်းဟာ ဆက်စပ်လျက်ရှိတာကိုလည်း သတိပြုစေချင်ပါတယ်ခင်ဗျာ ။

ဒီလောက်ဆိုရင် ကိုယ်ဝန်ဆောင်တွေနဲ့ သွားနူတ်ခြင်းအကြောင်းကို ဗဟုသုတရမယ်ထင်ပါရဲ့နော် ။
ကျန်းမာတဲ့ သားသားမီးမီးလေးတွေ မွေးဖွားနိုင်ကြပါစေခင်ဗျ ။

ချစ်ခြင်းဖြင့်သာ မျှဝေပါသည်။

ဒေါက်တာမျိုးမြင့်အောင်

28/10/2023

29.10.23 -30.10.23 ဆေးခန်းနှစ်ရက်ပိတ်ပါသည်

31/07/2023

1.8.23 (ဝါဆိုလပြည့်နေ့) ဆေးခန်းတစ်ရက်ပိတ်ပါသည်

Address

ဆွမ်ပရာဘွမ်လမ်း၊ ယူနန်ဘုံကျောင်းနင့် မောနင်းကဖေးအနီး ၊မြို့သစ်ရပ်ကွက်
Myitkyina

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Website

Alerts

Be the first to know and let us send you an email when သွားနှင့်ခံတွင်း အထူးကုဆေးခန်း- Dr. Mar Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share