25/08/2025
Detox လုပ်ဖို့ တကယ်လိုအပ်ပါသလား? 🥒🍋
"ခန္ဓာကိုယ်က အဆိပ်အတောက်(toxin) တွေကို ဖယ်ရှားပစ်ရမယ်" ဆိုတဲ့ အကြောင်းကို လူကြိုက်အများဆုံး ကျန်းမာရေးစကားစုတစ်ခုအနေနဲ့ ကြားဖူးကြမှာပါ။ Juice Cleanse တွေ၊ Strict Detox Diet တွေ၊ ဆေးဝါးတွေကို ဈေးကြီးပေးပြီး သောက်နေကြတယ်မလား?
**အဖြေကတော့... မလိုပါဘူး။**
သင့်ရဲ့ **အသည်းနဲ့ ကျောက်ကပ်** ဟာ သဘာဝအတိုင်း ထိရောက်တဲ့ Detox Machine တွေပါပဲ။ သူတို့ဟာ နေ့စဉ်၊ မိနစ်တိုင်း အလုပ်လုပ်နေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးနေပါတယ်။
**Detox Diet လုပ်သူအများစုရဲ့ ဝန်ခံချက်
❗️ကယ်လိုရီအရမ်းနည်းတာကြောင့် ရေရှည်မှာ ဇီဝရုပ်ဖြစ်ပျက်မှုကို နှေးကွေးစေနိုင်တယ်။
❗️ကိုယ်အလေးချိန် ချက်ချင်းကျသွားတာက ကြွက်သားနဲ့ ရေ ဆုံးရှုံးတာပါ။ အဆီမဟုတ်ပါဘူး။
❗️ကာဗိုဟိုက်ဒရိတ် နည်းသွားလို့ ပင်ပန်းမှုနဲ့ခေါင်းကိုက်တာတွေခံစားရနိုင်ပါတယ်။
**ဒါဆို "အဆိပ်အတောက်ဖယ်တာ" မှန်မှန်ကန်ကန်လုပ်ချင်ရင် ဘာလုပ်မလဲ?**
အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး Extreme Diet တွေလိုက်စားမယ့်အစား ဒီအချက်လေးတွေကို အာရုံစိုက်ပါ။
1. **ရေများများသောက်ပါ 💧** - ကျောက်ကပ်ကို အကူအညီပေးပြီး toxin တွေစွန့်ထုတ်ဖို့ အဓိကကျတယ်။
2. **အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပါ 🥦** - ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပဲအမျိုးမျိုး၊ ဂျုံကြမ်းပေါင်မုန့်တွေက အူမကြီးရဲ့လုပ်ဆောင်မှုကို ကောင်းမွန်စေတယ်။
3. **Processed Food လျှော့စားပါ 🚫** - ပြုပြင်ထားတဲ့ အသင့်စား အစားအစာတွေ၊ သကြားများတဲ့သောက်စရာတွေကို ရှောင်ပါ။
4. **အိပ်ရေးဝဝအိပ်ပါ 😴** - အိပ်စက်ချိန်မှာ ခန္ဓာကိုယ်က ပြန်လည်ပြင်ဆင်ရေးနဲ့ detox လုပ်ငန်းစဉ်တွေ လုပ်ဆောင်တယ်။
5. **ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ 🏃♀️** - ချွေးထွက်စေပြီး ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်ဆန်စေတယ်။
🏥 Malizup Hospital 🏥
လိပ်စာ - အမှတ် (၁)၊ မြို့သစ်ကြီးရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်
ဆက်သွယ်ရန်ဖုန်း - 09456301177,
09789743275