Myittar Mon Addiction Clinic

Myittar Mon Addiction Clinic Clinic for recovery of drug addiction and mental health service.

လူငယ်များ အလွဲသုံးရာမှ စွဲတတ်သော အရာများမှာ - 1. ဘိန်းဖြူ ဘိန်းမည်း ဘိန်းချေး ဘိန်းဆီ ဘိန်းရည်2. ကိုဒင်းပါသော ချောင်းဆို...
11/12/2021

လူငယ်များ အလွဲသုံးရာမှ စွဲတတ်သော အရာများမှာ -
1. ဘိန်းဖြူ ဘိန်းမည်း ဘိန်းချေး ဘိန်းဆီ ဘိန်းရည်
2. ကိုဒင်းပါသော ချောင်းဆိုးပျောက်ဆေးရည် ဆေးပြားများ
3.မော်ဖင်း ပက်သဒင်း
4.ဆေးခြောက်
5.တီဗီကော်
6.စိတ်ကြွရူးသွပ်ဆေး
7.စိတ်ငြိမ်ဆေး (ဥပမာ-ဒိုင်ယာစီပင်) တို့ဖြစ်ပါတယ်
သုံးစွဲရခြင်းအကြောင့းတရားများမှာ -
1.စူးစမ်းလိုခြင်း စမ်းသပ်လိုခြင်း
2.အပေါင်းအသင်း
-ဆွဲဆောင်မှုကြောင့်ဆေးသုံးခြင်း
-မူးယစ်ဆေးစွဲသူ အပေါင်းအသင်း ဆန္ဒ ကို
မလွန်ဆန်နိုင်ခြင်း
-အထင်ကြီးအားကျမိခြင်း
-အသိုက်အဝန်းမှ ခွဲထုတ်ရန်ခက်ခဲခြင်း
3.မူးယစ်ဆေးအကြောင်းဗဟုသုတ နည်းပါးခြင်းကြောင့်သုံးစွဲမိခြင်း
4.စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခုကြောင့်ဆေးအဖြစ်သုံးရာမှဆက်လက်သုံးစွဲမိခြင်း
5.လူမှုရေးပြဿနာတစ်ခုခုကြောင့်သုံးစွဲမိခြင်း တို့ ဖြစ်ပါတယ်
#ကုသကာကွယ်မူးယစ်အန္တရာယ်
မူးယစ်ဆေးဝါးသုံးစွဲသူများသည် -
သတ်မှတ်ထားသောဆေးရုံတွင် ကုသမှုခံယူနိုင်ပါသည်
ကုသမှုအစီအစဉ်ကို တာဝန်ခံဆရာဝန်နှင့် ညှိနှိုင်းတိုင်ပင်ကာ ဆရာဝန် ညွန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်ပါ ။
ကျန်းမာရေးဗဟုသုတများကို နေ့စဥ် တင်ပေးသွားမှာဖြစ်တဲ့အတွက် Page ကို like and share လေးလုပ်ပေးပါနော်
အားလုံးပဲ ကျန်းမာကြပါစေ

10/10/2021

Mental health is as important as physical health. Spread love, hope, and kindness this World Mental Health Day.

--

Every year, the World Health Organization (WHO) marks October 10 as World Mental Health Day to raise awareness about mental health issues across the world and to mobilize efforts in support of mental health.

For those struggling with mental health issues along with addiction, know that you're not alone and that you, too, can overcome it.

Talk to us: 09789010529

29/09/2021

မူးယစ်ဆေးစွဲခြင်းပြဿနာများ အရက်စွဲခြင်းပြဿနာများ နားနှခေါင်းလည်ချောင်း ရောဂါများအား အထွေထွေရောဂါများအား လာရောက်တိုင်ပင်ဆွေးနွေး ကုသနိုင်ပါသည် 🥰🥰🥰

📞ဖုန်း 09789010529

ဆေးခန်း ၁ AGD bank ဘေးလမ်း ငြိမ်းဓါတ်ခွဲခန်းအနီး 88 စားသောက်ဆိုင်မျက်စောင်းထိုး
ဆေးခန်း ဖွင့်ချိန်👨‍⚕️🧑‍⚕️မနက် ၈နာရီမှ၁၁နာရီခွဲ
ညနေ၄ နာရီမှ ၆နာရီခွဲ

ဆေးခန်း၂ သီတာလမ်းသွယ် ၄ ကညနရုံးမျက်စောင်းထိုး
ဆေးခန်းဖွင့်ချိန် 🧑‍⚕️👨‍⚕️နေ့လည် ၁၂ နာရီမှ ညနေ ၄နာရီ

14/07/2021

COVID-19 affects different people in different ways. Most infected people will develop mild to moderate illness and recover without hospitalization.
Most common symptoms:
fever
dry cough
tiredness
Less common symptoms:
aches and pains
sore throat
diarrhoea
conjunctivitis
headache
loss of taste or smell
a rash on skin, or discolouration of fingers or toes
Serious symptoms:
difficulty breathing or shortness of breath
chest pain or pressure
loss of speech or movement
Seek immediate medical attention if you have serious symptoms. Always call before visiting your doctor or health facility.
People with mild symptoms who are otherwise healthy should manage their symptoms at home.
On average it takes 5–6 days from when someone is infected with the virus for symptoms to show, however it can take up to 14 days.

ဒီနေ့ မေလ (၇)ရက်နေ့မှာ တကမ္ဘာလုံးအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း -၃,၈၁၈,၇၇၉ ဦး ရှိပြီး သေဆုံးသူ- ၂၆၄,၈၁၀ ဦး...
07/05/2020

ဒီနေ့ မေလ (၇)ရက်နေ့မှာ တကမ္ဘာလုံးအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း -၃,၈၁၈,၇၇၉ ဦး ရှိပြီး သေဆုံးသူ- ၂၆၄,၈၁၀ ဦး ရှိပါတယ်။
မေလ (၅)ရက်နေ့က စာရင်းနဲ့ ပူးတွဲ တင်ပြလိုက်ပါတယ်။

At Home
a Safe Distance
Hands often
Mask
Life

31/12/2019

Happy New Year
Wishing you all be free from addiction

25/08/2019

သင်မူးယစ်ဆေး သို့ အရက် စွဲနေပြီလား ????

သင်.သို့မဟုတ် သင်ချစ်သော ဆွေမျိုး မိတ်ဆွေ တဦးဦး အရက် မူးယစ်ဆေး စသည်များကို စွဲလမ်းနေပြီလား????

သို့မဟုတ် ငါကပျင်းလို့ သုံးတာ သောက်တာပါ ဖြတ်ချင်ရင် အချိန်မရွေးပါပဲ လို့ ကို့ကိုယ်ကို ဆင်ခြေပေးပီး ဆက်သုံးနေမိလား????

***********
အောက်ပါ အချက်များနှင့် မိမိဘာသာ တိုက်ဆိုင်စစ်ဆေးကြည့်ပီး စွဲလမ်းမှု ဖြစ်နေလား.မဖြစ်ဘူးလား ဆုံးဖြတ်နိုင်သည်။

အောက်ပါ အချက်များ တော်တော်များများက မိမိနှင့်တူနေပြီဆိုလျှင် ဆေး/အရက် စွဲလမ်းနေပြီဖြစ်သဖြင့် အမြန်ကုသမှု ခံယူရန် လို အပ်ပါသည်။
မူးယစ်ဆေး သို့မဟုတ် ဆေးဝါးများကို စွဲခြင်း မှားယွင်းစွာ သုံးစွဲခြင်းတို့သည် ယနေ့ခေတ်တွင် အလွန် များပြားစွာ.ဖြစ်လာသော လူမှုရေး ပြသနာတစ်ခုဖြစ်သည်။ မိမိကိုယ်တိုင် သို့မဟုတ် မိမိဆွေမျိုးသားချင်းတို့တွင် ဆေးစွဲသော လက္ခဏာများ ရှိမရှိ အမြဲ စစ်ဆေးနေရန်လို အပ်သည်၊ အထူးသဖြင့် မိသားစုဝင် လူငယ်များ အနေဖြင့် မူးယစ်ဆေးစွဲ နေသည်ဟု ထင်မြင် ယူဆပါက ဆေးရုံဆေးခန်းများတွင် တတ်ကျွမ်းသော စိတ်ကျန်းမာရေး ဆရာဝန်များနှင့် အမြန်ဆုံးကုသရန်လိုအပ်သည်။ မူးယစ်ဆေး စွဲသော လက္ခဏာများအနက် အောက်ပါ လက္ခဏာများ ရှိမရှိ စစ်ဆေးကြည့်ရန်လိုအပ်ပါသည်။

မူးယစ်ဆေး သို့မဟုတ် တားမြစ်ဆေးဝါးများကို ထပ်တလဲလဲ အသုံးပြုလိုနေခြင်း
မူးယစ်ဆေး သို့မဟုတ် တားမြစ်ဆေးဝါးများကို မသုံးစွဲမိစေရန် မထိန်းချုပ်နိုင်တော့ခြင်း
ဆေးမသုံးရလျှင် ယင်းထသည့် လက္ခဏာများ ဖြစ်ပေါ်လာတတ်ခြင်း
သုံးနေကျ ဆေးပမာဏထက် တစ်စတစ်စ ပိုများပြားသော ဆေးများ လိုအပ်လာတတ်ခြင်း
တခြားအရာများကို စိတ်မဝင်စားတော့ပဲ မူးယစ်ဆေးကိုသာ စိတ်ဝင်စားနေခြင်း
အန္တရာယ်ရှိလာမှန်း မိမိဘာသာ သိလာသည့်တိုင်အောင် မူးယစ်ဆေးကို ဆက်လက် သုံးမိနေတတ်ခြင်း

အရက်သောက်သုံးသူများတွင်မနက်မိုးလင်းက စသောက်နေတတ်ခြင်း
ညကလွန်သွား၍ မနက်တွင်ပြန်ဖြေတတ်ရခြင်း
အရက်ဖြတ်ရန်လို လာပြီဟု မိမိဘာသာ ထင်မြင်လာတတ်ခြင်း
အရက်သောက်နေခြင်းကို အပြစ်တစ်ခုဟု ခံစားလာရခြင်း
အရက်ကြောင့်ကျန်လုမှုရေးကိစ္စများ လစ်ဟင်းလာခြင်း
အရက်ကိုသာ စိတ်ဝင်စားနေခြင်း
အရက်ကြောင့် ကျန်းမာ ရေးထိခိုက်လာခြင်း

အထက်ပါ အခြေအနေများ ဖြစ်ပေါ်တွေ့ရှိပါက အမြန်ဆုံးကု သမှူ ရယူရန်လိုအပ်ပါသည်

16/01/2019

ဦးနှောက်ထဲမှာ reward pathway ဆိုတာရှိတယ် သူက ကျေနပ် နှစ်သိမ့်မှု Pleasure ကိုပေးတယ် သူ့ကို ဘုရားသခင် က ဖန်တီးပြီး
အစာစားတာ ကာမပြုတာ(s*x) တွေနဲ့ ချိတ်ပေးထားတယ် အစာစားလိုက်ရင် s*x ပြုလိုက် ရင် pleasure ကိုရတယ် (မာလာရှမ်းကောလေး စားလိုက်တာ ကျေနပ်သွားတာဘဲ ဆိုတာမျိုးပေါ့)

အဲ့ဒါက အလကား ချိတ်ပေးထားတာ မဟုတ်ဘူး လူသား အသက်ရှင်ဖို့ အစာစားဖြစ်အောင် လူသားမျိုးနွယ်ပြန့်ပွါး ဖို့ s*x ပြု ဖြစ်အောင် ချိတ်ပေးထားတာ

ဒါပေမယ့် နောက်ပိုင်းကျတော့ အဲ့ reward System ကို လေ ယဉ်ပြန်ပေးဆွဲ သလို မောင်ပိုင်းစီးမဲ့ လူဆိုး လူမိုက်လိုကောင်တွေ ပေါ်လာရော အဲ့ဒါတွေကတော့ မူးယစ်ဆေးဝါးပေါ့ ( ဘိန်းဖြူမှ ရာမမှ မဟုတ်ပါဘူးနော် အရက် ဆေးလိပ် ကွမ်း အကုန်ပါပါတယ်)

အိုက်ကောင်တွေ က မောင်ပိုင်စီးပြီး သာယာတာတွေ ပေးမှတော့ စွဲတာက စပြီလေ သာယာတာကလည်း အစပါ နောက်ပိုင်း reward system လည်း အတင်း အခိုင်းခံရလို့ ခြေကုန်လက်ပန်းကျပြီး
ပဏာမ ပိုပိုလိုလာတယ် နောက်ပိုင်း မတရား သုံးပြီး ခိုင်းတာတောင် normal feeling လောက်ဘဲရတော့တယ်

အဲ အိုက်ကောင်တွေ ကို ရုတ်တရတ်ဆွဲခွါလိုက်ပြန်ရင်လည်း ပိုးမျိုးပေါင်းစုံထကြွသလို ခံစားရရော အိုက်ဒါကြောင့် ဆေးသမား အရက်သမားတွေမှာ နောက်ပိုင်း မပျော်ရတော့ပါဘူး အရက်သောက် ဆေးချလိုက်မှ ယင်းကိုက်တာ လက်တုန်တာပျောက် normal လိုလိုခံစားရဖြစ်ကုန်တာပါ

နောက်ဆုံး အိုက်ဒီ မကောင်းတဲ့ ကောင်တွေ နဲ့ ခွဲခွါ ခဲ့ပြီ ဆိုရင်တောင် အရက်သမား ဆေးသမားတွေရဲ့ ဦးနှောက် က မကောင်းတဲ့ ကောင် အရိပ်အယောင်လေးမြင်တာနဲ့ကို ပြန်ပြီးငြိသွားတတ်ပါတယ်

အိုက်ဒါကြောင့် ဆေးစွဲတယ်ဆိုတာ ဦးနှောက်ထဲက နာတာရှည်ပြသနာပါ ဆိုပြီး လက်ခံလာကြတာပါ

စာရိတ္တ မကောင်းလို့ အကျင့် မကောင်းလို့ မြင်တာလည်းရှိပါတယ် သူတို့ ဘာလို့မြင်လည်း သူတို့ကိုယ်တိုင် အရက် သမား ဆေးသမား အကျင့်မကောင်းတာတွေ မြင်ရ သူတို့ကို ဒုက္ခပေးတာ ခံရလို့ပါ

ဒါပေမယ့် တခုစဉ်းစားရမှာက အကျင့် မကောင်းလို့ ဆေးစွဲတာလား ဆေးစွဲပြီး မှ အကျင့်မကောင်းဖြစ်သွားတာလား ဆိုတာပါ

1919 တုန်းက ဒေါက်တာ ဘီးရှော့ဆိုတဲ့ ဆရာဝန်က ဆေးစွဲ တာ ရောဂါ လို့ ဆေးပညာဂျာနယ် မှာရေးကတည်းက အိုက်ဒီ အငြင်း အခုန်စခဲ့တာ ခု 2019ဆို နှစ်တရာပြည့်ပြီ ဆက်ငြင်းနေကြတုန်းဘဲ ထငိပါတယ်

21/11/2018

စွဲလမ်းမှု ဟူသည်

သင်

ဆေးလိပ်စွဲဖူးပါသလား
ကွမ်းစွဲဖူးပါသလား
အရက်စွဲဖူးပါသလား
အင်တာနက် စွဲဖူးပါသလား
ဂိမ်းစွဲဖူးပါသလား
အိပ်ဆေးစွဲဖူးပါသလား
ဘိန်းဖြူစွဲ ဖူးပါသလား
ဆေးခြောက်စွဲဖူးပါသလား
ရာမ စွဲဖူးပါသလား

မည်သည့် စွဲလမ်းမှု မဆို မိမိကိုယ်တိုင်ဧ။် ပြင်းပြသောစိတ် ပတ်ဝန်ကိင်ဧ။် အကူအညီ မိသားစုဧ။် အကူအညီ သက်ဆိုင်ရာ ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း ကုသမှုခံယူခြင်း မိမိကိုယ်ကို ပြန်လည်ပျိုးထောင်ခြင်း တို့ဖြင့် အောင်မြင်စွာ စွဲလမ်းမှု မှ လွတ်မြောက်နိုင်ပါတယ်

ပြတ်သားသော ဆုံးဖြတ်ချက် နှင့် ခိုင်မာသော စိတ်သာလိုပါသည်

Address

4th Street. Thida Quarter
Myitkyina
87

Telephone

+95 9 789 010529

Website

Alerts

Be the first to know and let us send you an email when Myittar Mon Addiction Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Myittar Mon Addiction Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram