Kyaw Thu Kha Pharmacy - ကျော်သုခ ဆေးဆိုင်

  • Home
  • Kyaw Thu Kha Pharmacy - ကျော်သုခ ဆေးဆိုင်

Kyaw Thu Kha Pharmacy - ကျော်သုခ ဆေးဆိုင် All medicines and primary health care are available.

သားသားလေး ကစားချိန်သူပျော်နေဖို့က အဓိက
18/07/2025

သားသားလေး ကစားချိန်

သူပျော်နေဖို့က အဓိက

လိုင်စင်ရ Driver New လေးနဲ့
18/07/2025

လိုင်စင်ရ Driver New လေးနဲ့

KTK မှ ဆေးမျိုးစုံ ရရှိနေပါပြီ
06/02/2025

KTK မှ ဆေးမျိုးစုံ ရရှိနေပါပြီ

Welcome to KTK
06/02/2025

Welcome to KTK

04/12/2024

ယခုလို ဆောင်းရာသီမှာ သားသားမီးမီးလေးများအတွက်

လိုအပ်သော

ကိုယ်ပူကျကတ်ခွာ

ကိုယ်ပူကျ အဖျားပျောက်ဆေးရည်

ကိုယ်ခံအားကို အားကောင်းစေသော အားဆေးမျိုးစုံ

ကို ဈေးနှုန်းချိုသာစွာဖြင့် ကျော်သုခဆေးဆိုင် မှာ

ဝယ်ယူရရှိနိုင်ပါသည်။
https://www.facebook.com/kyawthukhapharmacy.Ltd

All medicines and primary health care are available.

အိမ်မှာ သားသားက အစားအစာအစားနဲလို့ Cyprocal Syrup လေးပြောင်းတိုက်တာ စားလိုက်တာမ ဘာလာလာ အကုန်စားတာပဲအစားနဲတည့် သားသားမီးမီ...
11/11/2024

အိမ်မှာ သားသားက အစားအစာ

အစားနဲလို့ Cyprocal Syrup

လေးပြောင်းတိုက်တာ

စားလိုက်တာမ

ဘာလာလာ အကုန်စားတာပဲ

အစားနဲတည့် သားသား

မီးမီးတို့အတွက်

Crypticall Syrup 1 bot = 6950

09-401500280

အခုလို ဆောင်းရာသီအစမှာအဖြစ်များတဲ့ နှာစေးချောင်းဆိုးတာလေးတွေကိုအမြန်ဆုံးသက်သာပျောက်ကင်းစေမယ့် Chericof Syrup 1 bot =7850...
11/11/2024

အခုလို ဆောင်းရာသီအစမှာ

အဖြစ်များတဲ့ နှာစေးချောင်းဆိုးတာလေးတွေကို

အမြန်ဆုံးသက်သာပျောက်ကင်းစေမယ့်

Chericof Syrup 1 bot =7850

#09401500280

ကျော်သုခဆေးဆိုင်တွင် အရောင်းစာရေး (မ) ဝန်ထမ်း (၁) ဦးခန့်ရန်ရှိပါသည်။လိုအပ်သော အထောက်အထားများ၁။ ရပ်ကွက်ထောက်ခံစာ၂။ ပညာအရည...
08/03/2024

ကျော်သုခဆေးဆိုင်တွင်

အရောင်းစာရေး (မ) ဝန်ထမ်း (၁) ဦးခန့်ရန်ရှိပါသည်။

လိုအပ်သော အထောက်အထားများ

၁။ ရပ်ကွက်ထောက်ခံစာ
၂။ ပညာအရည်အချင်း အလယ်တန်းအောင်
၃။ အသက် (၁၈)နှစ်မှ (၃၀) အတွင်း
၄။ ကျန်းမာရေးကောင်းမွန်သူ
၅။ လူမှုဆက်ဆံရေးပြေပြစ်သူ
၆။ မနက်လာ ညနေပြန်
၇။ လစာ ညှိနှုင်း

ဆက်သွယ်ရန်
09-401500280

အခုလို ဆောင်းတွင်းကာလမှာ သားသားမီးမီးလေးများ သက်သောင့်သက်သာနဲ့ အိပ်ရေးဝဝ အိပ်စက်နိုင်ပြီးကျန်းမာသန်စွမ်းတဲ့ ရင်သွေးရတနာလ...
23/01/2024

အခုလို ဆောင်းတွင်းကာလမှာ

သားသားမီးမီးလေးများ

သက်သောင့်သက်သာနဲ့

အိပ်ရေးဝဝ အိပ်စက်နိုင်ပြီး

ကျန်းမာသန်စွမ်းတဲ့

ရင်သွေးရတနာလေးတွေဖြစ်စေဖို့

အိမ်တိုင်းဆောင်ထားသင့်တဲ့

Branded Dippers

မျိုးစုံကို စျေးနှုန်း

ချိုသာစွာနဲ့ ရရှိနိုင်ပါပြီ

#09-401500280

အသက် ၁၃ နှစ်အောက်ကလေးများကိုတင်ပါးအသားဆေးမထိုးရပါ====================အသက် ၁၃နှစ်အောက် ကလေးများကို ဖျားလျှင် အသားဆေးထိုးခ...
06/11/2023

အသက် ၁၃ နှစ်အောက်ကလေးများကို

တင်ပါးအသားဆေးမထိုးရပါ

====================

အသက် ၁၃နှစ်အောက် ကလေးများကို ဖျားလျှင် အသားဆေးထိုးခြင်းမပြုလုပ်သင့်ပါ။ ရေပတ်တိုက်ခြင်း၊ ပါရာစီတမောဆေးကို စနစ်တကျ တိုက်ခြင်း၊ ပါရာစီတမောဂြိုလ်တု ထည့်ခြင်း စတာတွေကိုသာ ပြုလုပ်သင့်ပါတယ်။

“အန္တရာယ်အလွန်ကြီးတဲ့ ကလေးတင်ပါးကိုဆေးထိုးကုသခြင်း"

ကလေးငယ်များဟာ လူကြီးများထက်ကိုယ်ခံအားနည်းကြတဲ့အတွက် ရာသီအကူးအပြောင်းကာလတွေမှာ ဖျားနာခြင်းဖြစ်လွယ်ပါတယ်။ ဒီအခါမှာ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ ပြသပြီးကုသတဲ့အခါ ရေပတ်တိုက်ခြင်း၊ သောက်ဆေး၊ ဂြိုလ်တုတောင့် အစရှိသည်တို့နဲ့သက်သာအောင်ကုသပြီးပျောက်ကင်းသွားတဲ့ ကလေးငယ်တွေရှိသလိုပဲ အချို့သော ကျန်းမာရေးကုသသူတွေဟာ ကလေးငယ်ကိုဆေးထိုးပြီးကုသတတ်ကြပါတယ်။ ဒါဟာ ကလေးငယ်တစ်ဘဝစာအတွက် အလွန်အန္တရာယ်များတဲ့ကုသနည်းဖြစ်ပါတယ်။

အသက် ၁၃နှစ်အောက်အရွယ်များကို ကလေးဘဝလို့သတ်မှတ်ပြီး ၁၃နှစ်ကျော်ရင်တော့ ဆယ်ကျော်သက်ထဲကို ကူးပြောင်းဝင်လာပြီလို့အကြမ်းဖျင်းသတ်မှတ်ပါတယ်။ ကလေးငယ်များဟာ ဖျားနာပြီဆိုရင် လူကြီးများကိုတိုက်တဲ့ ဒိုင်ကလိုဖင်းနက် (Diclofenac)၊ မီဖန်းနမစ်အက်စစ်(Mefenamic Acid)၊ အက်စပရင်(Aspirin)တို့လို အကိုက်အခဲနဲ့ဖျားပျောက်ဆေးများကိုပေးလို့မရပါဘူး။ ပါရာစီတမောနဲ့ အိုင်ဗျူပရိုဖန် ( Paracetamol, Ibuprofen)လိုမျိုး အဖျားကျဆေးများကိုသာ စိတ်ချလက်ချပေးလို့ရပါတယ်။ ဒီအတွက် တင်ပါးထိုးဆေးများဖြစ်တဲ့ ဒိုင်ကလိုဖင်းနက်ပါဝင်တဲ့ အဖျားကျဆေးကိုထိုးတာဟာ စနစ်မကျတဲ့အပြင် အန္တရာယ်ရှိစေသော ကုထုံးတစ်ခုကိုရွေးချယ်လိုက်ခြင်းပဲဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့တင်ပါးဟာသေးငယ်ပြီး လူကြီးတင်ပါးလို အသွေးအသား၊ အာရုံကြောများရဲ့နေရာကို အတိအကျမှန်းဆရခက်ခဲပါတယ်။ ဒါ့ကြောင့် တင်ပါးကိုအသားဆေးထိုးတဲ့အခါ အခန့်မသင့်ဘဲ ခန္ဓာကိုယ်အောက်ပိုင်းအာရုံကြောမကြီးအပေါ်ကိုထိုးမိတဲ့အခါ ခြေထောက်ထုံကျင်ခြင်း၊ အလွန်အမင်းနာကျင်ခြင်း ဒီ့ထက်ဆိုးလာတဲ့အခါ ခြေထောက်တစ်ဖက်သိမ်သွားခြင်း၊ နာကျင်ခြင်းကိုတစ်သက်တာခံစားရခြင်း၊ ခြေတစ်ဖက်မသန်မစွမ်းဖြစ်သွားခြင်းတို့ကို ခံစားရပြီး တစ်သက်လုံး ဒုက္ခိတဘဝနဲ့ အသက်ရှင်သွားရနိုင်ပါတယ်။
ဒါကြောင့် နိုင်ငံတကာမှာ ကလေးများကိုတတ်နိုင်သမျှ တင်ပါးဆေးမထိုးဖို့တားမြစ်ထားပြီး ကလေးများကို တင်ပါးဆေး လုံးဝ(လုံးဝ) မထိုးရန် ပြဌာန်းထားပါတယ်။

အထူးသဖြင့် သွေးလွန်တုပ်ကွေး လိုမျိုး သွေးထွက်လွန်တတ်တဲ့ရောဂါမျိုးမှာ - သွေးတိတ်စေဖို့အရေးကြီးတဲ့သွေးဥမွှားလေးတွေ နည်းနေချိန် အသားဆေးထိုးလိုက်မိရင် အဲဒီနေရာမှာသွေးထွက်လွန်ပြီး သွေးခဲဖြစ်ကာ အရေးပေါ်ကုသရနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးဆိုတာ စစချင်းမှာ ရိုးရိုးတုပ်ကွေးလိုဖျားပြီးဆေးခန်းရောက်လာတာပါပဲ။ ဒါကြောင့် ဘာကြောင့်ဖျားဖျား တင်ပါးဆေးမထိုးရပါဘူး။

ရေပတ်တိုက်ခြင်း၊ ဆေးတိုက်ခြင်းနှင့် ဂြိုလ်တုတောင့်ထည့်ခြင်းတို့ဟာ အချိုးအစားမှန်ကန်မယ်ဆိုရင် ကလေးငယ်အတွက် စိတ်ချရပြီး တော်ယုံဖျားနာခြင်းမှာ အချိန်တစ်ခုစောင့်ဆိုင်းပြီးရင် အဖျားလည်းသက်သာစေပါတယ်။

ကလေးအထူးကုနဲ့ပြဖူးတဲ့မိဘတိုင်း သတိထားမိမယ်ထင်ပါတယ်။ ဘယ်ကလေးအထူးကု ကမှ တင်ပါးကိုဆေးမထိုးတာကို သတိထားမိကြမှာပါ။

တစ်ခုပြောလိုတာကတော့ ပေါင် နဲ့ လက်မောင်းကို ထိုးရတဲ့ ကာကွယ်ဆေးတွေကိုတော့ စိတ်ချလက်ချထိုးနှံနိုင်သလို ထိုးကိုထိုးသင့်ပါတယ်။ ဒါကို တင်ပါးဆေးထိုးခြင်းနဲ့ မရောစေချင်ပါဘူး။ တင်ပါးဆေးထိုးခြင်းကတော့ ကလေးဆရာဝန်များပင် ဆေးထိုးဖို့တားမြစ်ထားပြီး အန္တရာယ်အလွန်ကြီးတဲ့အတွက် ကလေးငယ်ကိုဆေးထိုးဖို့ပြောလာရင်တောင် မိဘများအနေနဲ့ ကလေးရဲ့ရှေ့ရေးကို စဉ်းစားပြီး လုံးဝငြင်းဆန်ပစ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ကိုယ့်ကလေးတော့ ထိုးခဲ့တာပဲ ခုထိဘာမှမဖြစ်ပါဘူးကွာ၊ ငါငယ်ငယ်ကထိုးဖူးတယ် ဘာမှမဖြစ်ပါဘူး ဒီလိုပြောလာရင်တော့ " မဖြစ်လိုက်တာ" နဲ့ "မဖြစ်နိုင်တာ" အဓိပ္ပါယ်မတူဘူးလို့ပြောပါရစေ။ မြွေပေါက်ရင် သေတတ်တယ်လို့ပြောတာကို ငါမြွေပေါက်ခံရဖူးတယ် အခု ဘာမှမဖြစ်ဘူးလို့ပြောတာနဲ့အတူတူပါပဲ။ မဖြစ်ရင်ဘာမှမဖြစ်ပေမယ့် တစ်ချက်မှားရင် တစ်ဘဝစာပါ။

ဒီအကြောင်းအရာကိုလည်း အခြားအခြားသော ကလေးမိဘများသိရှိအောင် ဝေမျှပေးခြင်းအားဖြင့် ကူညီပေးကြပါလို့ စာဖတ်သူများကို တိုက်တွန်းအပ်ပါတယ်။



မေတ္တာဖြင့်
Dr. စိုင်းမြတ်သူ

လတ်လော မျက်စိနာတာ နီတာ ရဲတာတွေ အဖြစ်များနေပါတယ် ဂရုစိုက်ကြပါဒီရက်ပိုင်း ကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာရောဂါက Adenovial  C...
30/09/2023

လတ်လော မျက်စိနာတာ နီတာ ရဲတာတွေ

အဖြစ်များနေပါတယ်

ဂရုစိုက်ကြပါ

ဒီရက်ပိုင်း ကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာရောဂါက Adenovial Conjunctivitis ပါ။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အလွန်ကူးစက်မြန်ပါတယ်။

🔺ဘာတွေ ခံစားရမလဲ

မျက်စိတစ်ဖက်က ရုတ်တရက် နီလာမယ်၊ မျက်ခွံဖောင်းလာမယ်၊ မျက်ရည်ကျမယ်၊ မျက်ချေးတွေ ထွက်မယ်၊ အထူးသဖြင့် မနက်အိပ်ရာနိုးချိန် မျက်ချေးတွေနဲ့ ပိတ်နေမယ်။ အမှိုက်ဝင်သလို ခံစားရမယ်။ အလင်းရောင် မကြည့်နိုင်ဘူး။ နောက်တစ်ရက် နှစ်ရက်ဆိုရင် တခြားမျက်စိတစ်ဖက်ကို ကူးစက်သွားပြီဆိုရင် Adenovial Conjunctivitis သေချာဖို့က အများဆုံးပါ။

တချို့က ‌မျက်မြှေးပါးက သွေးကြောလေးတွေ ပေါက်ပြီး ‌အနီရောင်အကွက်ပုံစံ ဖြစ်နေတတ်ပါတယ်။ တချို့က နောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဝင်တတ်ပါတယ်။..

🔺ဘယ်လို ကုသရမလဲ

ဆောင်ရန် ရှောင်ရန် ၂ ခု ရှိပါတယ်။

ဆောင်ရွက်ရန် ✔️

၁။ ရေအေးဝတ် အုပ်ရပါမယ်။ တစ်ခါအုပ်ရင် ၁၀ - ၁၅ မိနစ်၊ လိုအပ်သလို ၂ နာရီခြား အုပ်သင့်ပါတယ်။

ရေခဲသေတ္တာရှိရင် ...
- အဝတ်စတစ်ခုကို ရေဆေးပါ။
- လေးထောင့် ခေါက်ပါ။
- ပလတ်စတစ်အိပ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ထားပါ။
- ပလတ်စတစ်အိပ်ထဲက ထုတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ရေခဲရှိရင် ...
- ရေခဲတွေကို ပလပ်စတစ်အိပ်ထဲမှာ ထည့်ပါ။
- ရေခဲအသေးလေးတွေဖြစ်အောင် လုပ်ပါ။
- ရေခဲအိပ်ကို သန့်စင်တဲ့အဝတ်စနဲ့ ပတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ဘာမှမရှိရင် ...
- ရေစိမ်ထားတဲ့ အဝတ်နဲ့ အုပ်ပါ။

၂။ မျက်ချေးမျက်ဝတ်တွေကို သန့်ရှင်းရေးလုပ်ပါ။ မျက်ချေး အဝါရောင်၊ အစိမ်းရောင်တွေ ထွက်နေရင်တော့ ဘက်တီးရီးယားပိုးသတ်တဲ့ မျက်စဉ်းခတ်ဖို့ လိုပါတယ် ။

၃။နီးစပ်ရာဆရာဝန်နှင့်ပြသ၍ ကုသမှုခံယူပါ။..

ရှောင်ရန် ❌

မျက်စိနာရောဂါကူးစက်မှုရဲ့ အဓိကလမ်းကြောင်းက လက်ပါ။ လူအချင်းချင်းကြည့်လို့ မကူးစက်ပါဘူး။ မျက်မှန်တပ်ပြီး ကာကွယ်လို့ မရပါဘူး။ နေကာမျက်မှန်တပ်ရင် အလင်းရောင်မခံနိုင်တာကိုပဲဲ သက်သာစေပါတယ်။

• မျက်စိကို မကြာခဏ မကိုင်ပါနဲ့။
• မျက်စိကို မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ဆေးပါ။
• မျက်နှာသုတ်ပုဝါ သီးသန့်ခွဲသုံးပါ။
• လက်ဆွဲနှုတ်ဆက်တာတွေ မလုပ်ပါနဲ့။
• တခြားသူတွေကို မကူးစက်ရန် လူစုလူဝေးနေရာတွေကို မသွားပါနဲ့။

မျက်စိနာကူးစက်မှုက လက်ကနေတစ်ဆင့် ကူးစက်ပါတယ်။ မျက်စိနာရောဂါ မကူးစက်ဖို့ ကာကွယ်နိုင်ကြပါစေ.....

မျက်စဉ်းခတ်မယ်ဆိုရင်

ကျော်သုခ ဆေးဆိုင်မှာ

ရရှိပါပြီ

တယ်လီကျန်းမာ

Address


15014

Telephone

+959401500280

Website

Alerts

Be the first to know and let us send you an email when Kyaw Thu Kha Pharmacy - ကျော်သုခ ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kyaw Thu Kha Pharmacy - ကျော်သုခ ဆေးဆိုင်:

  • Want your practice to be the top-listed Clinic?

Share