Eight Moon Divination

Eight Moon Divination Tarot, Astrology

ဖေဖော်ဝါရီလတွင် ကံကောင်းမှုအထူးတက်လာမည့် ရာသီဖွာကုံရာသီဖွား (Aquarius) ♒ကုံရာသီဖွားသူများအတွက် ကိုယ့်ဘက်ကို အားပေးနေတဲ့ ...
06/02/2026

ဖေဖော်ဝါရီလတွင် ကံကောင်းမှုအထူးတက်လာမည့် ရာသီဖွာကုံရာသီဖွား (Aquarius) ♒

ကုံရာသီဖွားသူများအတွက် ကိုယ့်ဘက်ကို အားပေးနေတဲ့ အချိန်ကာလဖြစ်ပြီး ကိုယ်ကြိုးစားထားသမျှ အရာများ အကျိုးထွက်လာနိုင်တဲ့ လဖြစ်ပါတယ်။

🍀အလုပ်အကိုင်နှင့် ပတ်သက်လာရင် ဖေဖော်ဝါရီလအတွင်း ကုံရာသီဖွားသူများရဲ့ စိတ်ကူးအကြံဉာဏ်တွေကို အထက်လူကြီးများ၊ လုပ်ဖော်ကိုင်ဖက်များက ပိုမိုအသိအမှတ်ပြုလာနိုင်ပါတယ်။ တာဝန်အသစ်ရရှိခြင်း၊ အလုပ်ရာထူးတိုးတက်ခြင်း သို့မဟုတ် အလုပ်သစ်အခွင့်အရေးတွေ့ရနိုင်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများအတွက်လည်း သုံးစွဲသူအသစ်များတိုးလာပြီး လုပ်ငန်းတိုးတက်မှုကို ခံစားရနိုင်ပါတယ််။

🍎ငွေကြေးကဏ္ဍမှာတော့ မျှော်လင့်မထားတဲ့ ဝင်ငွေများရရှိနိုင်ပြီး အရင်က ကြိုးစားထားခဲ့တဲ့ အလုပ်တွေကနေ အကျိုးအမြတ်ပြန်လည်ရရှိလာနိုင်ပါတယ်။ ငွေကြေးပိတ်ပင်နေသူများအတွက် အကြွေးကိစ္စ၊ ငွေကြေးဖိစီးမှုတွေ သက်သာလာနိုင်တဲ့ လလည်းဖြစ်ပါတယ်။

👫🏻လူမှုရေးဘက်မှာ ကုံရာသီဖွားသူများအတွက် လူသစ်များနဲ့ တွေ့ဆုံခွင့်များလာပြီး အနာဂတ်အတွက် အရေးကြီးတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ပါတယ်။ မိတ်ဆွေကောင်းများရရှိခြင်း၊ ကိုယ့်ကို ကူညီထောက်ပံ့ပေးမယ့်သူများ ပေါ်လာနိုင်တာကြောင့် ကိုယ့်အတွက် ယုံကြည်စိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာနိုင်ပါတယ်။

အချစ်ရေးမှာတော့ နှစ်ဦးသားအကြား နားလည်မှုတိုးတက်လာမယ့် အချိန်ဖြစ်ပါတယ်။ လက်ရှိချစ်သူရှိသူများအနေနဲ့ အပြန်အလှန် ယုံကြည်မှု ပိုမိုခိုင်မာလာပြီး စကားပြောဆက်ဆံမှုကောင်းမွန်သွားနိုင်သလို Single များလည်း ကိုယ့် စိတ်နဲ့ကိုက်ညီတဲ့ လူသစ်တစ်ဦးနဲ့ သဘာဝကျကျ ဆုံတွေ့နိုင်တဲ့ အခွင့်အရေးရှိပါတယ်။ အချစ်ရေးမှာ အလွန်အမင်း အတွေးမများဘဲ ကိုယ့်စိတ်ခံစားချက်ကို နူးညံ့စွာ ဖော်ပြနိုင်ရင် ဖေဖော်ဝါရီလဟာ ကုံရာသီဖွားသူများအတွက် အချစ်နဲ့ပတ်သက်ပြီး အမှတ်ရစရာ လတစ်လဖြစ်လာနိုင်ပါလိမ့်မယ်။

💕စိတ်ဓာတ်ပိုမိုတက်ကြွလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်မားလာနိုင်ပါတယ်။ ပညာရေး၊ သင်ကြားမှု၊ ကျွမ်းကျင်မှုတိုးတက်ရေးဘက်မှာ လေ့လာလိုစိတ်တိုးလာပြီး ကိုယ့်ရည်မှန်းချက်တွေကို ပိုမိုရှင်းလင်းစွာ မြင်လာနိုင်တဲ့ အချိန်ဖြစ်ပါတယ်။

✅အကြံပြုချက်✅
ဖေဖော်ဝါရီလအတွင်း ကုံရာသီဖွားသူများအနေနဲ့ ကိုယ့်ရှေ့ရောက်လာတဲ့ အခွင့်အရေးတွေကို မကြောက်မရွံ့ လက်ခံသင့်ပြီး ကိုယ့်စိတ်ကူးအကြံဉာဏ်တွေကို ယုံကြည်စွာ ဖော်ထုတ်ပြောကြားသင့်ပါတယ်။ ဆုံးဖြတ်ချက်ကြီးများ ချရမယ့်အချိန်ဖြစ်တာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ပြီး ရှေ့ကို ဆက်လက်တိုးတက်သွားခြင်းက အကျိုးအမြတ်များစွာ ယူဆောင်လာနိုင်ပါလိမ့်မယ်။

အချစ်ရေးအတွက် ဆောင်ပါ ကိုယ့်စိတ် ကို အဆွဲဆောင်ဆုံး ပုံကိုဆောင်ပါ မြင်တိုင်းဆုတောင်းပါ
05/02/2026

အချစ်ရေးအတွက် ဆောင်ပါ ကိုယ့်စိတ် ကို အဆွဲဆောင်ဆုံး ပုံကိုဆောင်ပါ မြင်တိုင်းဆုတောင်းပါ

အဖြေတွေရပါပြီ😍
04/02/2026

အဖြေတွေရပါပြီ😍

လပြည့်နေ့အပီး လမင်းကြီးရဲ့ အမှာစကားများ🌝အဖြေတင်ပေးထားမယ်နော်
03/02/2026

လပြည့်နေ့အပီး လမင်းကြီးရဲ့ အမှာစကားများ🌝

အဖြေတင်ပေးထားမယ်နော်

💛February အဆောင်ကတ် 💛အရာရာ ပြည်စုံလာစေချင်ရင် ကိုယ့်သဘောအတိုင်း ဖြစ်လာစေဖို့ ဆောင်ပါ
02/02/2026

💛February အဆောင်ကတ် 💛

အရာရာ ပြည်စုံလာစေချင်ရင် ကိုယ့်သဘောအတိုင်း ဖြစ်လာစေဖို့ ဆောင်ပါ

အဖြေတွေရပါပြီနော်😍
01/02/2026

အဖြေတွေရပါပြီနော်😍

ထပ်ရွေးရအောင် သူကိုယ့်အကြောင်းဘာတွေတွေးနေလဲ ကိုယ့်ကိုပြောချင်နေတဲ့ စကားလေးတွေ နားထောင်ကြည့်ရအောင်😇အဖြေတွေ တင်ပေးသွားမယ်န...
31/01/2026

ထပ်ရွေးရအောင် သူကိုယ့်အကြောင်းဘာတွေတွေးနေလဲ ကိုယ့်ကိုပြောချင်နေတဲ့ စကားလေးတွေ နားထောင်ကြည့်ရအောင်

😇အဖြေတွေ တင်ပေးသွားမယ်နော်☺

အဖြေတွေ တင်ပီးပါပြီ😍
30/01/2026

အဖြေတွေ တင်ပီးပါပြီ😍

🟩🟨Pile လေးရွေးကြည့်ရအောင်📣သင်ကြားဖို့ လိုအပ်နေတဲ့ သတင်းစကားတွေ္ Universe ကြီးဆီ မေးကြည့်ရအောင်အဖြေတွေ ပြန်တင်ပေးမယ်နော် ...
29/01/2026

🟩🟨Pile လေးရွေးကြည့်ရအောင်

📣သင်ကြားဖို့ လိုအပ်နေတဲ့ သတင်းစကားတွေ္ Universe ကြီးဆီ မေးကြည့်ရအောင်

အဖြေတွေ ပြန်တင်ပေးမယ်နော်


🌞2026 ခုနှစ်က *Fire Horse* မီးမြင်းနှစ် ဖြစ်လို့ ကမ္ဘာတစ်ဝန်း ထူးဆန်းတဲ့ ဖြစ်ရပ်ဆန်းတွေ ထင်ရှားတဲ့ အစြဖ်အပျက်တွေ ကြုံရပါ...
28/01/2026

🌞2026 ခုနှစ်က *Fire Horse* မီးမြင်းနှစ် ဖြစ်လို့ ကမ္ဘာတစ်ဝန်း ထူးဆန်းတဲ့ ဖြစ်ရပ်ဆန်းတွေ ထင်ရှားတဲ့ အစြဖ်အပျက်တွေ ကြုံရပါလိမ်မယ်🌞

💛မီးမြင်းနှစ်လေးမှာ ကံအကောင်းဆုံး Zodiac Sign များ💛

1.Cancer ♋

2026 ပထမ ၆ လတာကို Cancer တွေရဲ့ကာလ လို့ပြောလို့ရအောင် ကံအားသာလိမ့်မယ် အဓိကအားဖြင့် အလုပ်အကိုင် ပညာရေးနဲ့ ပတ်သက်ပြီး အခွင့်အလန်းကောင်းတွေရရှိပါလိမ့်မယ်

2.Leo ♌

ဒုတိယ ၆ လတာ ကာလကတော့ Leo တွေနဲ့ ကာလတွေပါပဲ ဘယ်နေရာသွားသွား ဘာလုပ်လုပ် Main character ပဲ ဖြစ်နေလိမ့်မယ် ငွေကြေးနဲ့ စီးပွားရေး အရမ်းကောင်းလိမ့်မယ်

3.Saggitarius ♐

Sagi တွေရဲ့ ဂြိုလ်နတ်မင်း Jupiter ပိုင်စိုးတဲ့ နှစ်ဆိုတော့ ကိုယ့်နှစ်ပါပဲနော် နွေဦးနဲ့ နွေရာသီကာလတွေမှာ ထူးခြားတာတွေ ကံတရားရဲ့အားသာမှုတွေ သိသိသာသာ ခံစားရလိမ့်မယ် ခရီးသွားလာမှုနဲ့ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်း အသက်မွေးမှူ၊ ပညာရပ်တွေ အတွက် အဓိက ကောင်းပါလိမ်မယ်


💛နှစ်သစ် အကူး ယတြာ💛🍇စပျစ်သီးက လူတိုင်းတင်နေတော့ မရှင်းပြတော့ဘူးနော်အစိမ်း အနီမရွေး စားဖို့ပါပဲ ခုံအောက်ထဲဝင်ပြီး 12 အတိ ...
31/12/2025

💛နှစ်သစ် အကူး ယတြာ💛

🍇စပျစ်သီးက လူတိုင်းတင်နေတော့ မရှင်းပြတော့ဘူးနော်
အစိမ်း အနီမရွေး စားဖို့ပါပဲ ခုံအောက်ထဲဝင်ပြီး 12 အတိ ဆု 12 ဆုတောင်းပြီး စားရုံပဲ ဝါးချိန်တောင်မရ မနှစ်ကလုပ်တာ အလုံးလိုက်မြိုရတာ🤧

🥜ပဲစေ့လေးတွေ ဒါလေးက အသစ်လေး အီတလီနဲ့ အခြားဥရောပနိုင်ငံတွေမှာ လုပ်ကြတယ်
✅လိုတာက ပဲစေ့လေးတွေပဲ✅
ပန်းကန်ထဲ ပဲစေ့လေးထည့် ဆုလေးတောင်း လက်ထဲ ပဲလေးယူပြီး ခေါင်းပေါ်ကို ကြဲချရုံပဲ သုံးကြိမ်လုပ်ပေးပါ
အဓိက 💛ကံကောင်းဖို့ 💛 ငွေကြေး 💛 အလုပ် ကိုအဓိကထားဆုတောင်းပေးနော်

⛔မှာချင်တာကတော့ ယတြာကောင်းမင်းဖြစ်တယ်တဲ့ ကောင်းတာ အကုန်ဖြစ်ကြပါစေ ဖြစ်ချိန်တန်လို့ ဖြစ်လာတဲ့အရာတွေကို ​လွှတ်ချနိုင်ပါစေ စိတ်ထားတတ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်⛔

🤍Friday Ritual🤍✅သောကြာနေ့လေးက ချစ်ခြင်းမေတ္တာအတွက် အကောင်ဆုံးသောနေ့လေးဆိုတာ သိကြလား✅❗ခေါင်းလျှော်ရေချိုးပေးပါ ဆားလေးထည့်...
12/12/2025

🤍Friday Ritual🤍

✅သောကြာနေ့လေးက ချစ်ခြင်းမေတ္တာအတွက် အကောင်ဆုံးသောနေ့လေးဆိုတာ သိကြလား✅
❗ခေါင်းလျှော်ရေချိုးပေးပါ ဆားလေးထည့်ပြိး စိတ်ထဲမှာလည်း အခွင့်အလမ်းတွေကြိုဆိုနေပြီ ပိတ်ဆို့နေတာတွေမရှိတော့ဘူးလို့ တွေးပေးပါ
❗အဖြူ ပန်းရောင်ပါတာ များများလေးဝတ်ပေးသုံးပေးပါ
❗ဟိန္ဒူနတ်ဘုရား မယ်တော် လက်ရှ်မီးကို ယုံကြည်တယ်ဆိုရင်လည်း ဆုတောင်းပေးပါ
❗သကြားလေးစားပြီး ချစ်ခွင့်ပန်လည်းရတယ်နော်

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when Eight Moon Divination posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share