21/05/2022
အားလုံးပဲမင်္ဂလာပါ
မုဒြာအထွေထွေရောဂါကုဆေးခန်းကို ၂၂.၅.၂၀၂၂ မှစတင်၍ ဖွင့်လှစ်ပါကြောင်း ပန်ကြားအပ်ပါတယ်။
ယခုလက်ရှိတွင်တော့ အထွေထွေရောဂါကု ဆရာဝန် (၂) ဦးမှ ဆွေးနွေးကုသပေးသွားမှာဖြစ်ပြီး နောင်တွင် အထူးကုဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေးနိုင်ရန် တိုးချဲ့သွားပါမည်။
ဆေးခန်းကို တနင်္ဂနွေနေ့မှလွဲ၍ မနက် ၈နာရီမှ နေ့လည် ၁၂ နာရီအထိ နှင့် ညနေ ၃နာရီမှ ည ၈ နာရီ အထိ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးသွားမှာဖြစ်ပါတယ်။
မုဒြာဆေးခန်းတွင်ရရှိနိုင်သောဝန်ဆောင်မှုများမှာ-
ထွေထွေရောဂါကုသပေးခြင်း၊
ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ တိုင်ပင်ဆွေးနွေးအကြံပေးခြင်း၊
အိမ်တိုင်ရာရောက်ကုသပေးခြင်း၊ သွေးဖောက်ပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊
ရောဂါ စစ်ဆေးခြင်းလုပ်ငန်းများ
သွေးချိုဆီးချိုစစ်ခြင်း၊
အသည်းရောင်အသားဝါ ဘီပိုး| စီပိုးစစ်ဆေးပေးခြင်း၊
ခုခံအားကျဆင်းမှုကူးစက်ရောဂါစစ်ဆေးခြင်း၊
သွေးအုပ်စုစစ်ဆေးခြင်း၊
ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ
ရာသီတုပ်ကွေးကာကွယ်ဆေး၊
အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး၊
မေးခိုင်ကာကွယ်ဆေး၊
အစရှိသည့်ဝန်ဆောင်မှုများပေးစွမ်းနိုင်ပါသည်။
မိဘပြည်သူများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် ရည်မှန်းချက်များပြည့်စုံပါစေကြောင်းဆုတောင်းမေတ္တာပို့သ အပ်ပါသည်။
ကျေးဇူးတင်စွာဖြင့််
မုဒြာဆေးခန်းမိသားစု