Ko Zin Ko

Ko Zin Ko Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Zin Ko, Medical and health, Pathein.

Permanently closed.
07/12/2022
မိသားစုတွေအတူ ထမင်းစားတတ်တဲ့အကျင့်က ကလေးတွေအတွက် ကောင်းမွန်စေတဲ့အချက်တွေရုပ်ရှင်တွေထဲမှာ မိသားစုအစုံအလင် မနက်စာအတူစားကြတ...
31/12/2021

မိသားစုတွေအတူ ထမင်းစားတတ်တဲ့အကျင့်က ကလေးတွေအတွက် ကောင်းမွန်စေတဲ့အချက်တွေ

ရုပ်ရှင်တွေထဲမှာ မိသားစုအစုံအလင် မနက်စာအတူစားကြတာတွေကို အများကြီးတွေ့ဖူးကြမှာပါ။ ဒါဟာ တကယ့်ကိုချစ်စရာကောင်းတဲ့ အလေ့အထကောင်းလေးဖြစ်ပြီး မိသားစုအတူတူ ထမင်းစားတတ်တဲ့ အလေ့အကျင့်ဟာ ကလေးတွေအတွက် အကျိုးကျေးဇူးတွေများစွာ ရှိလို့နေပါတယ်။ မိသားစုတွေ ထမင်းအတူစားကြတဲ့အခါ သာမာန်ရိုးရှင်းတဲ့ ဟင်းတွေတောင် အရသာပိုရှိနေတတ်တာပါနော်။

-အမူအကျင့်ကောင်းတွေ သင်ယူကြတယ်
မိသားစုနဲ့ ထမင်းအတူစားကြတဲ့အခါ ကလေးတွေဟာ မိဖတွေရဲ့အမူအကျင့်ကောင်းတွေကို အတုယူတတ်ကြတာ ဖြစ်ပါတယ်။ အစားစားနေချိန် မှန်ကန်စွာပြုမူနေထိုင်တတ်ဖို့ကို ပြသဖို့ မိဖတွေက ဒီအခွင့်အရေးကို အသုံးချလို့ရပါတယ်။ ဒါက လူမှုဆက်ဆံရေးနဲ့ ပေါင်းသင်းဆက်ဆံရေးတွေကိုလည်း တစ်ဆင့်သင်ကြားပေးတာ ဖြစ်ပါတယ်။

- ကျောင်းမှာ စွမ်းဆောင်ရည် ပိုကောင်းတယ်
မိဖတွေနဲ့ ထမင်းအတူစားတတ်တဲ့ ကလေးတွေဟာ တစ်ယောက်တည်းစားတဲ့ကလေးတွေထက် ကျောင်းမှာထူးချွန်ကြတယ်လို့ သိရပါတယ်။ အကြောင်းအရင်းကတော့ မိဖတွေနဲ့အတူထမင်းစားဖြစ်တဲ့အခါ အဟာရပိုရှိတဲ့အစားအစာတွေကို စားဖြစ်ပြီး ဗီတာမင်ပိုရရှိစေတာကြောင့်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ကျောင်းရဲ့ပြသနာလေးတွေကို မိသားစုထမင်းဝိုင်းမှာ အတူဆွေးနွေးခြင်းက ကလေးတွေကို ပြသနာတွေကိုပိုထိရောက်စွာ ကိုယ်တွယ်တတ်လာတာ ဖြစ်ပါတယ်။

-ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေစားဖြစ်တယ်
မိသားစုအတူ ထမင်းစားဖြစ်ခြင်းက ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေကို ပိုစားသောက်ဖြစ်ပါတယ်။ ဆန့်ကျင်ဖက်အနေနဲ့ အိမ်နဲ့ဝေးရာ စားသောက်နေထိုင်မှုပုံစံက ပိုဆိုးတဲ့စားသောက်မှုအလေ့အထကို တိုးစေတာပါ။ မိဖတွေရဲ့အနီးမှာ အဟာရရှိတဲ့ဟင်းလျာတွေကို စားသောက်တတ်တဲ့ ကလေးတွေဟာ ဆယ်ကျော်သက်အရွယ်မှာ အဝလွန်နိုင်ခြေနည်းတာ ဖြစ်ပါတယ်။

- ပိုပွင့်လင်းတတ်လာတယ်
သက်တောင့်သက်သာနဲ့ သာသာယာယာ မိသားစုစုဝေးခြင်းက ကလေးတွေနဲ့ ဆယ်ကျော်သက်လေးတွေဆီကနေ သူတို့ရဲ့ခံစားချက်တွေကို ပွင့်လင်းစွာပြောဆိုတတ်ဖို့ အကူအညီဖြစ်စေပါတယ်။ လေ့လာမှုတစ်ခုအရ လူငယ်တွေဟာ သူတို့ရဲ့မိသားစုတွေနဲ့ ထမင်းစားနေချိန်မှာ မိဖတွေနဲ့ ဆက်ဆံရေးပိုကောင်းမွန်ကြောင်း တွေ့ရှိရတာပါ။ သူတို့ရဲ့ခံစားချက်တွေကို ဝေမျှတတ်လာပြီး မိသားစုနဲ့ ခိုင်မာတဲ့နှောင်ကြိုးကို ဖန်တီးတတ်ကြပါတယ်။

credit
SHWEMOM
Photos from freepik

Good morning
31/12/2021

Good morning

ဆံပင်နဲ့ အသားရေကို လှပစေတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ကြွယ်ဝနေတဲ့ ငှက်ပျောသီးငှက်ပျောသီးဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေ က...
27/12/2021

ဆံပင်နဲ့ အသားရေကို လှပစေတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ကြွယ်ဝနေတဲ့ ငှက်ပျောသီး

ငှက်ပျောသီးဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေ ကြွယ်ဝတဲ့စူပါအသီးထဲမှာ ပါဝင်ပါတယ်။ ပိုတက်စီယမ်၊ ဗီတာမင်စီနဲ့ B6 တို့ကြွယ်ဝတဲ့ ငှက်ပျောသီးဟာ ဆံပင်နဲ့အသားအရေအတွက် အထောက်အကူဖြစ်စေတာလည်း ဖြစ်ပါတယ်။ အသီးအနှံမှာပါတဲ့ ပိုတက်စီယမ်ဓာတ်က ခြောက်သွေ့ တဲ့အသားအရေကို အဟာရဖြစ်စေသလို ခြောက်သွေ့တဲ့ဆံပင်ကိုလည်း အဟာရဖြစ်စေတာ ဖြစ်ပါတယ်။

ငှက်ပျောသီးမှာ ဓာတုပစ္စည်းတွေကြောင့် ပျက်စီးမှုတွေကို ပြန်လည်ကောင်းမွန်စေနိုင်တဲ့ ဂုဏ်သတ္တိတွေ ရှိလို့နေတာ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အသားအရေကို အဟာရဖြည့်ပေးပြီး တင်းရင်းစေကာ အရွယ်တင်နုပျိုစေတာ ဖြစ်ပါတယ်။

ဒိန်ချဉ်၊ ငှက်ပျောသီးနဲ့ ပျားရည်တို့ကို ရောနှောပြီး ခြောက်သွေ့ပျက်စီးနေတဲ့ ဆံပင်သားတွေမှာလိမ်းပေးခြင်းက ဆံပင်သားကို အဟာရပြည့်ဝပြီး ကျန်းမာတောက်ပြောင်စေပါတယ်။ ငှက်ပျောသီးကို saloons တွေမှာ မျက်နှာကုသခြင်း တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုကြပြီး ငှက်ပျောသီးကို မျက်နှာပေါ်လိမ်းပြီး နှိပ်နှယ်ခြင်းက ရေပန်းစားတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ငှက်ပျောသီးနဲ့ ဒိန်ချဉ်အရောအနှောကို ဆံပင်သားပေါ်မှာ မိနစ်သုံးဆယ်ခန့်လိမ်းပြီး ရေဆေးချပေးခြင်းက သိသာတဲ့ရလဒ်ကို ရရှိစေမှာဖြစ်သလို ဒီအရောအနှောကို မျက်နှာပေါ်လိမ်းပေးခြင်းကလည်း တင်းရင်းစိုပြေတဲ့ အသားရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

သင်္ဘောသီးနဲ့ လိမ္မော်သီးတို့ကိုလည်း ငှက်ပျောသီးနဲ့ ရောနှောပြီး အသုံးပြုလို့ရတာဖြစ်ကာ သင်္ဘောသီးမှာ အင်ဇိုင်းပါဝင်မှုမြင့်မားတာကြောင့် ဗောက်တွေကို သန့်စင်ပေးနိုင်တာ ဖြစ်ပါတယ်။ လိမ္မော်သီးမှာ ဗီတာမင်စီပါဝင်တာကြောင့် ငှက်ပျောသီးနဲ့တွဲဖက်ဖို့ အကောင်းဆုံးပါဝင်ပစ္စည်းဖြစ်ပါတယ်။

နောက်ပြီး ပန်းသီးကို ငှက်ပျောသီးနဲ့ရောနှောလိုက်တဲ့အခါ သန့်စင်တဲ့အာနိသင်ကို ရရှိစေတာဖြစ်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးဟာ ကျန်းမာရေးအတွက် ကောင်းမွန်ရုံမက ဆံပင်နဲ့ အသားအရေအတွက်လည်း တကယ့်ကိုအသုံးဝင်တဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။

Credit

SHWEMOM
Photos from freepik

မြန်မာနိုင်ငံကလူကြီးတွေပြင်သင့်တဲ့ အချက် ၅ ချက်၁ ရှင်းပြတာကို နားမထောင်ခြင်းဒါကတော့ တော်တော်များများလဲ ကြုံဖူးကြမယ်ထင်ပါ...
25/12/2021

မြန်မာနိုင်ငံကလူကြီးတွေပြင်သင့်တဲ့ အချက် ၅ ချက်

၁ ရှင်းပြတာကို နားမထောင်ခြင်း

ဒါကတော့ တော်တော်များများလဲ ကြုံဖူးကြမယ်ထင်ပါတယ်
ရှင်းပြတာကို နားထောင်လိုက်မှ တကယ့်အဖြစ်အပျက်အမှန်ကို သိပြီး အကြံကောင်း ဉာဏ်ကောင်းတွေပေးနိုင်မှာဖြစ်ပါတယ်။ မဟုတ်ရင်ပဲ ကိုယ်ထင်ရာပြောနေရင်တော့ စေတနာတွေက ဝေဒနာတွေဖြစ်သွားနိုင်ပါတယ်။

၂ မိမိမှားနေတာကို ဝန်မခံခြင်း

အမှားကင်းတဲ့လူဆိုတာ ရှိကိုမရှိပါဘူး။ ဒါပေမဲ့ ကိုယ်မှားတာကို ဝန်မခံပဲ တစ်ဖက်သတ်ကြီးတွေပြောနေ လုပ်နေမယ်ဆိုရင် ဘယ်အရာကိုမှ အောင်မြင်မှာမဟုတ်ပါဘူး။

၃ အခြေအမြစ်မရှိသော သတင်းများကို ယုံကြည်ခြင်း

ရှင်းပြတာကိုသာ နားမထောင်ချင်တာ အခြေအမြစ်မရှိ ဘယ်သူပြောလို့ပြောမှန်းမသိတာတွေကို ယုံကြည်တဲ့သူတွေ တော်တော်များများတွေ့ဖူးပါလိမ့်မယ်။ ဒီဟာက အတော်လေး အန္တရာယ်များပါတယ်။

၄ ဆွေးနွေးရန် ဝန်လေးခြင်း

ပြဿနာအသစ်တွေအတွက် ဖြေရှင်းချက်အသစ်တွေလိုအပ်ပါတယ်။
မြန်မြန်ဆန်ဆန် အဖြေရဖို့အတွက်ဆိုရင် သေသေချာချာဆွေးနွေးနိုင်မှ ဖြစ်ပါမယ်။ကိုယ့်ထင်ကြေးတစ်ခုတည်းနဲ့ အဖြေထုတ်ဖို့ဆိုတာ ယနေ့ခေတ်ကြီးမှာ တကယ်မလွယ်တော့ပါဘူး။

၅ မိမိမှန်လျင် သူများမှားသည်ဟုထင်ခြင်း

တစ်ဖက်ကမှန်တိုင်း တစ်ဖက်က အမြဲမမှားပါဘူး
၂ ဖက်စလုံးမှန်ပြီး အဆင်မပြေတာတွေ
နားလည်မှုလွဲတာလေးတွေလဲရှိပါတယ်
ကိုယ်မှန်တာနဲ့ တခြားသူတွေကို အပစ်တင်တဲ့ အကျင့်ကိုလဲ
ဖျောက်သင့်ပါတယ်။

Credit
black_sugar_myanmar

လူ​တွေ သူများ​ပြောတာ နား​ထောင် တဲ့အခါ၊ အ​​​​ခြေခံအားဖြင့်  (၄)မျိုး (၄)စားရှိတတ်ကြတယ်။၁။နား​ထောင်ပါဆိုလို့ နား​ထောင် ရုံ...
18/12/2021

လူ​တွေ သူများ​ပြောတာ နား​ထောင် တဲ့အခါ၊
အ​​​​ခြေခံအားဖြင့် (၄)မျိုး (၄)စားရှိတတ်ကြတယ်။

၁။နား​ထောင်ပါဆိုလို့ နား​ထောင် ရုံ
သက်သက်နားထောင်တာ။
၂။တကယ်နားလည်ချင်လို့၊ သိချင်လို့ နား​ထောင်တာ။
၃။ပြန်​ပြောချင်၊ ခုခံချင်လို့၊ နား​ထောင်တာ နဲ့
၄။ဆရာပြန်လုပ်ချင် လို့ နား​ထောင်တာ ​တွေပါ။

ကိုယ်​ရော၊ အများအတွက်ပါ အကျိုးရှိ​အောင် နား​ထောင်တတ်ကြပါ​စေ။

Credit

မောင်မြင့်ဇော်

https://www.facebook.com/1605184073122424/posts/2650139131960241/

ကော်ပြန့်စိမ်း ပြုလုပ်နည်း===================ပါ၀င်တဲ့ပစ္စည်းတွေကတော့ကော်ပြန့်စိမ်း ၂၀ ရွက် ( Supermarket များမှာ အလွယ်တက...
18/12/2021

ကော်ပြန့်စိမ်း ပြုလုပ်နည်း
===================

ပါ၀င်တဲ့ပစ္စည်းတွေကတော့

ကော်ပြန့်စိမ်း ၂၀ ရွက် ( Supermarket များမှာ အလွယ်တကူ၀ယ်လို့ ရပါတယ် )
ကြက်သား ( ထည့်လိုလျင် ) အသား ၁၀ သား
ဂေါ်ဖီထုတ် ၁၅ ကျပ်သား
မုန်လာဥနီ ၁ လုံအနေတော်
တရုတ်နံနံ ၁ စီး
ှနှမ်းမွေးဆီ အနည်းငယ်
ကြ က် ဥ ၁ လုံး
တရုတ်မဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၁ လုံး
ပဲပိစပ်ဆီ စတီးဇွန်း ( ၁ ) ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

ကြက်သားကို နုတ်နုတ် စဉ်းပြီး ၊ ကြက်သွန်ဖြူ ၅ မွှာခန့်ထောင်းထည့်၊ အရသာမှုန့်ထည့်နယ်ကာ နှပ်ထားရပါမယ်။

ဂေါ်ဖီထုတ်ကို ပါးပါးလှီး၊ မုန်လာဥနီကို ပါးပါးလှီး၊ ကြက်သွန်နီကို အတုံးလေး တွေဖြစ်အောင်လှီး၊ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားရပါမယ်။

ဆီအိုးတည်ပြီး ပဲပိစပ်ဆီကျက်ရင် ကြက်သွန်ဖြူကို ဆီသပ်ပါမယ်။ နယ်ထားတဲ့ ကြက်သားကို ထည့်ပြီး ၅ မိနစ်ခန့်ရေကုန်အောင်လုံးရပါမယ်။ နုတ်နုတ်စဉ်းထားတဲ့အတွက် ၅ မိနစ် ကနေ ၇ မိနစ်ကြားရေကုန်ရင် ကျက်ပါပြီ။ ကြက်သွန်နီ ဂေါ်ဖီထုတ် မုန်လာဥနီ တို့ကို အစဉ်လိုက်ထည့်ရပါမယ်။ အရမ်းနူးသွားရင်စားမကောင်းတဲ့အတွက် အရသာမှုန့်ထည့်ပြီးတာနဲ့ ၂ မိနစ်ခန့်မွှေပြီး၇င်၊ ခေါက်ထားတဲ့ ကြက်ဥ ၁လုံး ၊ နှမ်းဆီမွှေး နဲ့ တရုတ်မဆလာ ထည့်ရပါမယ်။ ပြီးတာနဲ့ အနေတော်ညှပ်ထားတဲ့ တရုတ်နံနံထည့်အုပ်လိုက်ပြီး ရင် အအေးခံထားရပါမယ်။
တချို့ကလဲ အဲဒီ အချိန်မှာ ကော်မှုန့်စတီးဇွန်း ၁ဇွန်းစာလောက်ကို ခပ်ပြစ်ပြစ်ဖျော်ပြီး လောင်းထည့်တတ်ပါတယ်။ ကော်နဲ့ မကြိုက်ရင်တော့ မထည့်ပဲ ချထားပြီးအအေးခံထားလို့ ရပါပြီ။

၀ယ်ထားတဲ့ ကော်ပြန့်ဖတ်တွေကို တလွှာခြင်းဆီ ခွါထားရပါမယ်။ အကယ်လို့ ချက်ထားတဲ့ အစာမှာ ဆီ ကျန်နေသေးတယ်ဆိုရင် အိုးကို နဲနဲ စောင်းပြီး ဆီစစ်ထားရင် ပိုကောင်းပါတယ်။

ကော်ပြန့်ဖတ်ကိုခင်း၊ ချက်စားတဲ့အစာကိုထည့်ပြီး လိတ်လိုက်ရင် ကော်ပြန့်စိမ်းရပါပြီ။🍽
ကော်ပြန့်စိမ်းကို ခပ်နွေးနွေးလေး ကိုက်စားပြီး၊ အချဉ်ရည်တို့လို က တို့၊ မတို့ရင် ငရုတ်သီးစိမ်း လေးကိုက်စားကာ၊ ရေနွေးပူပူလေး မှုတ်သောက်လိုက်ရင်တော့ ၊ လိုက်ဖက်လွန်းတဲ့ ဟင်းလျာ တခု ဖြစ်မှာပါ။

Credit @မူရင်းတင်သူသို့

Address

Pathein

Website

Alerts

Be the first to know and let us send you an email when Ko Zin Ko posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share