မေတ္တာထက် အထူးကုဆေးခန်း

  • Home
  • Myanmar
  • Pathein
  • မေတ္တာထက် အထူးကုဆေးခန်း

မေတ္တာထက် အထူးကုဆေးခန်း အထွေထွေရောဂါနှင့် ကူးစက်ရောဂါ အထူး?

23/07/2022
မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ (၂၃/၇/၂၀၂၂) နိုင်ငံပေါင်း ၇၅ နိုင်ငံတွင်တွေ့ရှိပြီးဖ...
23/07/2022

မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ
(၂၃/၇/၂၀၂၂) နိုင်ငံပေါင်း ၇၅ နိုင်ငံတွင်တွေ့ရှိပြီးဖြစ်

03/03/2022
31/01/2022

Is it time for your COVID-19 booster?

Everyone ages 12 years and older should get a booster shot as soon as they’re eligible to be better protected against COVID-19, especially severe illness, hospitalization, and death.

Find your booster today: vaccines.gov.

Omicron ရောဂါပိုးတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း(၂၈-၁၂-၂၀၂၁)ယူအေအီနိုင်ငံ ဒူဘိုင်းမြို့မှ လေယာဥ်ဖြင့်ပြန်လည...
28/12/2021

Omicron ရောဂါပိုးတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

(၂၈-၁၂-၂၀၂၁)

ယူအေအီနိုင်ငံ ဒူဘိုင်းမြို့မှ လေယာဥ်ဖြင့်ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား (၄) ဦးအား ၂၈.၁၂.၂၀၂၁ စစ်ဆေးတွေရှိချက်အရ အိုမီခရွန် ပိုးတွေ့ရှိရကြောင်းသိရသည်။

Singapore မှာ COVID-19 ကာကွယ်ဆေး တတိယအကြိမ် Booster ထိုးမယ့် အစီအစဉ်
21/11/2021

Singapore မှာ COVID-19 ကာကွယ်ဆေး တတိယအကြိမ် Booster ထိုးမယ့် အစီအစဉ်

Dr NiNi ရဲ့ Covid Vaccine လေး share လိုက်ပါတယ်💉 ဘယ်သူတွေ ကာကွယ်ဆေး ထိုးလို့ရလဲ?▪︎အသက် ၁၈နှစ်အထက် ဖြစ်ရပါမယ်▪︎Pfizer တံဆိ...
03/08/2021

Dr NiNi ရဲ့ Covid Vaccine လေး share လိုက်ပါတယ်

💉 ဘယ်သူတွေ ကာကွယ်ဆေး ထိုးလို့ရလဲ?
▪︎အသက် ၁၈နှစ်အထက် ဖြစ်ရပါမယ်
▪︎Pfizer တံဆိပ်ဆိုရင် အသက် ၁၂နှစ်ကျော်ရင် ရပါပြီ
▪︎Sinovac နဲ့ Sinopharm တံဆိပ်ဆိုရင်တော့ ၁၈-၆၀နှစ်အတွင်း ထိုးဖို့ပဲ သုတေသန လုပ်ပြီးသေးပါတယ်
▪︎ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ ပန်းနာရင်ကြပ်လိုနာတာရှည်ရောဂါရှိသူတွေလဲ ထိုးလို့ရပါတယ် (Aspirinလို သွေးကျဲဆေး သောက်နေရလဲ ထိုးလို့ရပါတယ်)

💉 ဘယ်သူတွေ ကာကွယ်ဆေး ထိုးလို့မရဘူးလဲ?
▪︎ဖျားနေတဲ့သူတွေ
▪︎ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဆေးထိုးဖို့ သုတေသန မလုံလောက်သေးပါ (နို့တိုက်မိခင် ထိုးလို့ရပါတယ်)
▪︎ကာကွယ်ဆေးနဲ့မတည့်သူ
▪︎သွေးမတိတ်ရောဂါရှိသူ (bleeding disorders)
▪︎HIV သမား CD4 ၂၀၀ အောက် ကျနေတဲ့အခါ
▪︎အခြားကာကွယ်ဆေးတစ်မျိုးမျိုး ထိုးထားတာ ၂ပတ် မပြည့်သေးတဲ့အခါ

💉 COVID ဖြစ်ပြီးရင် ကာကွယ်ဆေးထိုးဖို့ လိုသေးလား?
▪︎COVID ဖြစ်ပြီးရင် ခန္ဓာကိုယ်တွင်းက Antibody ထွက်ပါတယ်၊ ၆-၈လအထိ ခံတာမို့ ပုံမှန်တော့ ထိုးဖို့ ညွှန်းလေ့မရှိပါ
▪︎လူတစ်ယောက်နဲ့တစ်ယောက် Antibody ထွက်တဲ့ပမာဏချင်း မတူနိုင်တာမို့ စိတ်မချလို့ ထပ်ထိုးချင်လဲ ရပါတယ်

💉ကာကွယ်ဆေးထိုးပြီးရင် COVID ပြန်ဖြစ်နိုင်လား?
▪︎ပြန်ဖြစ်နိုင်ပါတယ်၊ ကာကွယ်ဆေးက ၁၀၀% အပြည့်မကာကွယ်ပါဘူး၊ အတိုင်းအတာ တစ်ခုအထိ ရောဂါမပြင်းထန်အောင် ကူညီတာပါ၊
▪︎ဒါကြောင့် Maskတပ်, လက်ဆေး, ၆ပေခွာနေ ဆက်ကျင့်ကြံရပါမယ်

💉 ကာကွယ်ဆေး မထိုးခင် ဘာတွေပြင်ဆင်မလဲ?
▪︎ကိုယ် ထိုးရမယ့် ကာကွယ်ဆေးအကြောင်း လေ့လာပါ
▪︎နဂို သောက်လက်စ ဆေးတွေရှိရင် ဆက်သောက်ပါ
▪︎အိပ်ရေးဝဝအိပ်ပါ၊ ရေများများသောက်ပါ
▪︎ဖြစ်နိုင်ရင် ကော်ဖီ, အရက် တစ်ရက် ကြိုရှောင်ပါ

💉 ကာကွယ်ဆေးထိုးပြီး ဘာတွေ သတိထားမလဲ?
▪︎ထိုးပြီးပြီးချင်း နာရီဝက် ငြိမ်ငြိမ်နေပါ၊ ဓါတ်မတည့်မှု ရှိမရှိ စောင့်ကြည့်ပါ
▪︎နာကျင်ကိုက်ခဲလျှင် ပါရာစီတမော သောက်လို့ရပါတယ်
▪︎၂ပတ်အတွင်း အခြားကာကွယ်ဆေး မထိုးသင့်ပါ

💉 ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာက ဆေးအောင်တာလား?
▪︎မဆိုင်ပါဘူး၊ ဆေးအောင်မအောင် Antibody titre စစ်နိုင်ရင် သိရပါတယ်

💉 ကာကွယ်ဆေးထိုးပြီးရင် Antigen ထွက်တာလား, Antibody ထွက်တာလား?
▪︎Antibody ထွက်တာပါ
▪︎Antigen ထွက်နေတယ်ဆို အဲဒါ COVID ဖြစ်နေတာပါ၊ ဆေးအောင်တာ မဟုတ်ပါဘူး

💉 ကာကွယ်ဆေးထိုးပြီးရင် ဘယ်အချိန် Antibody စ,ထွက်လဲ? ဘယ်လောက်ခံလဲ?
▪︎ဆေးထိုးပြီး ၂ပတ်လောက်ဆို Antibody စ,ထွက်ပါပြီ၊
▪︎ဆေး ၂ကြိမ် အပြည့်ထိုးထားရင် ၆-၈လအထိ ဆေးအာနိသင် ခံလေ့ရှိပါတယ်

💉 ပထမတစ်ကြိမ်မှာ တံဆိပ်တစ်မျိုး ထိုးပြီး နောက်တစ်ကြိမ် အခြားတံဆိပ် ပြောင်းထိုးရင်ကော အာနိသင်ရလား?
▪︎တိကျတဲ့ သုတေသန အဖြေမထွက်သေးပါဘူး
▪︎ဖြစ်နိုင်ရင် တံဆိပ်တစ်မျိုးတည်းကိုပဲ ၂ကြိမ်အပြည့် ထိုးစေချင်ပါတယ်

ပြည်သူများ ကပ်ဘေးမှ အမြန်ဆုံး ကျော်လွှားနိုင်ကြပါစေ

Credit: Dr. NI (ဒေါက်တာနီနီ)

Favipiravir၁. စျေးကွက်ထဲမှာဝယ်လို့ရနေတဲ့ တခုထဲသော COVID အတွက်သောက်ဆေးပါ။ Remdesivir လိုပဲ Virus သတ်တဲ့ အာနိသင်ရှိတဲ့သောက...
24/07/2021

Favipiravir

၁. စျေးကွက်ထဲမှာဝယ်လို့ရနေတဲ့ တခုထဲသော COVID အတွက်သောက်ဆေးပါ။ Remdesivir လိုပဲ Virus သတ်တဲ့ အာနိသင်ရှိတဲ့သောက်ဆေးပါ။

၂. Russia,Japan, China,India,italy တို့မှာ သုံးဖို့ ခွင့်ပြုထားပါတယ်။ Ukraine,Saudi,UAE,Bangladash တို့မှာလည်း စမ်းသပ်မှု့တွေအတွက်သုံးနေကြပါတယ်။

၃. Covid 19 မှာ အဓိကပါဝင်တဲ့ RdRp ဆိုတဲ့ enzyme တမျိုးဟာ တခြား virus က RdRp engyme တွေထက်စာရင် ဆယ်ဆလောက်ပိုပြီး အလုပ်လုပ်ပါတယ် ။အခု Favipiravir ကအဲဒီ enzyme ကိုတားပေးတဲ့အတွက် Covid မှာ အာနိသင်ရှိတာဖြစ်ပါတယ်

၄. 2021,May မှာ Favipiravir အာနိသင်အကြောင်းစမ်းသပ်မှု့လုပ်ပြီးထုပ်ပြန်ထားတဲ့ စမ်းသပ်မှု့စာတမ်းပေါင်း ၁၁ ခုကိုလေ့လာထားတဲ့စာစောင်အရ
Favipiravir က mild နဲ့ moderate လူနာတွေမှာ

- ၇ ရက်အတွင်း virus ပျောက်စေပါတယ်
- ၁၄ ရက်အတွင်းရောဂါသက်သာစေပါတယ်
- ဆေးမသောက်သူတွေထက် အဖျားနဲ့ချောင်းဆိုးတာကို စောစောပျောက်စေပါတယ်
- ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားမတွေ့ရပါ
- severe လူနာတွေ critical လူနာတွေအတွက်တော့အကျိုးမရှိပါ။

၅. ဘယ်လိုသောက်ရမလည်း
- တရုတ်မှာ 1600 mg bd တစ်ရက် ပြီးရင် 600 mg bd ၇ ရက်ကနေ ၁၀ ရက်ထိပေးပါတယ်
- Japan မှာ 1800 bd တစ်ရက် ပြီးရင် 800 mg bd ၁၀ ရက်ကနေ ၁၄ ရက်ထိပေးပါတယ်
- Russia , India တို့မှာလည်း japan အတိုင်းပဲပေးပါတယ်
- Dose များရင် side effect များမယ်လို့တော်တော်များများထင်ကြပါတယ် ဒါပေမယ့် Ebola ရောဂါပှာ 6000mg stat နဲ့ 2400mg od ကိုးရက်ပေးတာတောင် minor side effect လေးတွေပဲတွေ့ခဲ့ရတယ်ပြောပါတယ်

- ကျွန်တော်တို့ပန်းလှိုင်မှာတော့ 1600 mg bd တစ်ရက် ပြီးရင် 800 mg bd ၇ ရက်ကနေ ဆယ်ရက်ထိပေးပါတယ်

- ဆေးအကြွင်းအကျန်တွေကိုကျောက်ကပ်ကနေစွန်ထုတ်တဲ့အတွက်ကျောက်ကပ်ကောင်းဖို့တော့လိုပါတယ်

၆. ဘေးထွက်ဆိုးကျိုးအနေနဲ့
- uric acid တက်တတ်တယ်
- ဝမ်းသွားတယ်
- အသည်း အင်ဇိုင်းတွေတက်တတ်တယ်
- နှလုံးခုန်တာနဲ့ပတ်သက်ပြီးပြသနာလေးတွေဖြစ်တတ်တယ်
- ကိုယ်ဝန်ပျက်ကျတတ်တယ် ကိုယ်ဝန်ရှိရင်မသောက်ရ
ကိုယ်ဝန်ရရင် ကလေး အင်ဂါမစုံဖြစ်တတ်တယ်
(ဆေးစသောက်တဲ့ရက်ကနေ ဆေးသောက်ပြီးတစ်ပတ် ဆယ်ရက်လောက်ထိ ကိုယ်ဝန်တား ထားရမယ်)
-တချို တီဘီဆေးနဲ့မတည့်ဘူး
- တချို့ဆီးချိုဆေးနဲ့ မတည့်ဘူး ဆီးချိုထိုးကျတာမျိုးဖြစ်တတ်တယ်
- တချိုပန်းနာရင်ကျပ်ဆေးနဲ့မတည့်ဘူး ပန်းနာရင်ကျပ်ဆေးကြောင့်သွေးထဲမှာ Favipiravir ပမာနပိုများလာတတ်တယ်
- ရေယုံဆေးကြောင့် Favipiravir အာနိသင်နဲသွားနိုင်တယ်

အထက်ပါအချက်အလက်များအားလုံးအရ Favipiravirဟာ mild နဲ့ modetate case တွေမှာ အကျိုးရှိတဲ့ဆေးဖြစ်တာမို့ covid RDT positive ဖြစ်ပြီ ရောဂါလက်ခဏာစပြတာနဲ့ချက်ချင်းသောက်ရင် ပိုဆိုးသွားဖို့အခွင့်လမ်းနဲပီးမြန်မြန်ပြန်နေကောင်းလာနိုင်ပါတယ်
အခုလိုအကျပ်တည်းအခြေအနေမှာ စောစောကူသမှု့ရထားရင် အောက်စီဂျင်လိုတဲ့အခြေနေရောက်ဖို့လည်းနဲနိုင်ပါတယ်
ပုံမှန်ဆိုရင် ဆေးအကြောင်း public ကိုပြောလေ့မရှိပေမယ့် ခုလိုအချိန်မှာတော့ အကျိုးရှိမယ်လို့မျှော်လင့်လို့ရေးမိပါတယ်

စောစောစီးစီးကုသမှု့ယူပြီးမြန်မြန်ပြန်နေကောင်းကြပါစေ

Dr KZW @ Wunna kyaw win
Pun Hlaing Hospital

 #တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ   ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။၂။ လ...
12/07/2021

#တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ရောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျ င်နေမည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။


အကြံပြုချက်များ
***************
၁။ Mask မတ်(စ်)တပ်ပါ။
၂။ လက်ကို ဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် (၂၀) ဆေးပါ။
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ။
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ။
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြဥ်ပါ။
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ။

ကြိုတင်ပြင်ဆင်မှုများ
*********************
၁။ ကိုယ်ခံအားကောင်းစေမည့် အစားအသောက်ကိုစားပါ။
၂။ အိပ်ရေးဝဝအိပ်ပါ။
၃။ Vit.C ကြွယ်ဝသော အစားအစာ စားပါ။ (သို့) Vit.C 100mg တနေ့တလုံးသောက်ပါ။
၄။ Zinc ပါသောအားဆေး မှီဝဲပါ။
၅။ မိမိအိမ်တွင်း ကိုယ်လက်လှုပ်ရှား အားကစား တနေ့အနည်းဆုံး မိနစ် ၂၀ ခန့်ပြုလုပ်ပါ။
၆။ အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်ပါ။ ပြုလုပ်နည်းကို Google တွင်ရှာပါ။
၇။ စိတ်ဓာတ်မြှင့်တင်ရေးနဲ့ပတ်သက်သော မိမိကြိုက်နှစ်သက်သည့် စာဖတ်ပါ။ (သို့) တရားထိုင်ပါ။

—————————————————————————

# # # Covid အတွက် ဆောင်ထားရမည့်ဆေးများကို ဤpost တွင် တစုတစည်းတည်းရှိနေစေရန် အောက်ပါစာများအား hello Dr. မှကူးယူဖော်ပြပါသည်။

Covid အတွက် ဘာဆေးတွေ ဆောင် ထားမလဲ။

ဖျားလျှင်
Paracetamol 500mg
မနက် နေ့ ည

ကိုယ်လက် ကိုက်ခဲလျှင်
Paracetamol 500mg
မနက် နေ့ ည
or
Aclofenac 100mg မနက် ည
(အစာစားပြီး သောက်ပါ)

နှာရည် ယိုလျှင်
Cetrizine မနက် ည

ချောင်းဆိုးလျှင်
Presco မနက် နေ့ ည

သလိပ်ရလျှင် ၊ လည်ချောင်းနာလျှင်
Amoxicillun 500mg ၂ကဒ်
မနက် နေ့ ည ၇ ရက်
or
Azithromycin 250 mg
မနက် ည ၃ရက်
နှင့်
Strepsil or Degirol or Mybacin ငုံဆေးပြား
မနက် နေ့ ည

ဝမ်းလျှောလျှင်
ဓာတ်ဆား တိုက်ပါ။

အန်လျှင်
Dimperidone 10mg
မနက် နေ့ ည
အစာမစားမီ နာရီဝက် ခန့် ကြို သောက်ပါ

Cevit ၁၀လုံး
မနက် ည
(တတ်နိုင်လျှင် Vitacee or Enervon C တရက် တလုံးသောက်ပါ)

အားဆေး တရက် တလုံး
Supravit
Zincovit
Becozinc
Nutrivita
Revicon max
ကို​ယ်တတ်နိုင်တာ တစ်မျိုး သောက်ပါ

အစားအကုန်စားပါ
ဝအောင်အိပ်ပါ
စိတ်ကို ကြံ့ခိုင်အောင်ထား။
Mask တပ်ပါ
မလိုအပ်ပဲ အိမ်ပြင် မထွက်ပါနဲ့။

Crd

ယေဘုယျအားဖြင့်တုပ်ကွေး ဗိုင်းရပ်စ်တွေရဲ့ သဘောကလူ့ကိုယ်ခံအားစနစ်ကိုဖျက်ဆီးပြီး လူ့ကိုယ်ထဲကိုဝင်ရောက်မယ်၊ မျိုးပွားတာမျိုး...
04/07/2021

ယေဘုယျအားဖြင့်
တုပ်ကွေး ဗိုင်းရပ်စ်တွေရဲ့ သဘောက
လူ့ကိုယ်ခံအားစနစ်ကိုဖျက်ဆီးပြီး လူ့ကိုယ်ထဲကိုဝင်ရောက်မယ်၊ မျိုးပွားတာမျိုးလုပ်မယ်၊ တခြားလူတွေကို ကူးစက်မယ်၊

သူဝင်ရောက်ခိုအောင်းတဲ့ ကိုယ်တွင်း အင်္ဂါတွေ( ဥပမာ -အဆုတ်) မှာ ရောဂါပိုဒဏ်ခံရမယ်၊
အချိန်တစ်ခုရောက်တဲ့အခါ ဒီ ဗိုင်းရပ်စ်ပိုးတွေက ကိုယ်ခန္ဓာထဲက ပြန်ထွက်သွားကြတာပါပဲ၊

ဗိုင်းရပ်စ်ပိုးက ကိုယ်ခံအားခြံစည်းရိုးကို ချိုးဖောက်ဝင်ရောက်သွားတဲ့အခါ
ကိုယ်တွင်းကာကွယ်ရေး ခြံစည်းရိုးမှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်၊
ဒီအချိန်မှာ ကိုယ်ခန္ဓာအနီးပတ်ဝန်းကျင်မှာရှိတဲ့ ဘက်တီးရီးယားတွေ ဟာ အလုံးအရင်းနဲ့ ကိုယ်ထဲကိုဝင်လာကြတယ် (နမိုးနီးယား၊ ဝမ်းပျက်၊ မျက်စိနာ၊ အဆစ်ကိုက် ...)
Secondary bacteria infection လို့ခေါ်တယ်၊
ဗိုင်းရပ်စ်တိုက်ခိုက်ခံရသူ အများစုဟာ မူရင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးတာထက်
နောက်ကလိုက်ဝင်လာတဲ့ ဘက်တီးရီးယားတွေကြောင့် သေဆုံးရတာများပါတယ်၊

နားလည် တတ်ကျွမ်းသူဆရာဝန်တွေက
မူရင်းဗိုင်းရပ်စ်ကြောင့် ကိုယ်တွင်းယိုယွင်းတာတွေကို ပြုပြင်ပေးတဲ့ အနေနဲ့ ဓါတ်ဆားထုတ်တိုက်တယ်၊ ရေများများတိုက်တယ်၊ အဖျားကျအောင်လုပ်ပေးတယ်၊ အော့အန်တာသက်သာအောင်လုပ်ပေးတယ်၊ သွေးတွင်း Oxygen ကျရင် Oxygen ပေးမယ်၊
သွေးလွန်တုပ်ကွေးလူနာဆိုရင် သွေးရည်ကြည်သွင်းပေးတာမျိုး လိုအပ်ချက်အရ လုပ်ပေးတယ်၊
ကိုယ်ခံအားကောင်းအောင် ကြိုးစားပေးတယ်၊

အချိန်တန်ရင် ပြန်ထွက်သွားမှာမို့ အများအားဖြင့် Virus ကိုတိုက်ခိုက်သတ်ဖြတ်တဲ့ဆေးမျိုး ပေးလေ့မရှိပါဘူး၊
*အာ့မျိုးဆေးလည်း သိပ်မရှိပါဘူး*

ဒါပေမယ့် Secondary bacteria infection အတွက် ပဋိဇီဝဆေးကောင်းကောင်းတော့ သုံးစွဲပေးဖို့လိုပါတယ်၊

ဒါက တုပ်ကွေးဗိုင်းရပ်စ်တွေရဲ့ အခြေခံသဘောတရားပါ၊

ဒီလို တုပ်ကွေးဗိုင်းရပ်အကြောင်း အကြမ်းအားဖြင့်သိအောင် ပြောပြရတာက
"ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုးတွေ"
"Online မှာ ဘယ်သူတော့ ဘာနဲ့ပျောက်တယ် သောက်ရမလား"
မြင်ရကြားရ လာမေးကြတာ များလာလို့ပါ။

Virus infection ခံရပြီဆိုရင်
ကိုယ်ခံအားကောင်းဖို့သာ အဓိကပါ၊
ကိုယ်ခံအားကောင်းလို့ Virus ဒဏ်ကို ခံနိုင်ရည်ရှိလို့
ပြန်လည်ကျန်းမာသွားတာပါ၊
ကောင်းနိုးရာရာ ဟိုဆေး ဒီဆေး၊ FB ပေါ်က ဆေးတွေကြောင့် ပြန်ကောင်းတာမဟုတ်ပါဘူး 😁

ကိုယ်ခံအားမကောင်းရင် ဟိုဆေးဒီဆေး FB ပေါ်ကဆေးလည်း မကယ်နိုင်ပါဘူး၊

ကိုယ့်ကိုယ်ကို -19 သံသယရှိရင် ...
* ကိုယ်ခံအားကောင်းအောင်နေပါ၊ စားပါ၊

* ကိုယ်ခံအားတက်စေတဲ့ အစားအသောက် ဆေးဝါးတွေ စားသောက်ပါ၊

* လတ်ဆတ်တဲ့ အသီးအရွက် များများစားပါ၊ လေကောင်းလေသန့်ရှူပါ၊

* စိတ်ဓါတ်မကျပါနဲ့၊

* ကိုယ်ယုံကြည်ရာ ဘာသာရေး တစ်ခုခုလုပ်ပါ၊

* ကိုယ့်ဆီက သူတစ်ပါးထံ မကူးအောင် အတတ်နိုင်ဆုံး ဆင်ခြင်ပါ၊

* Covid-19 ကူးစက်ခံရတိုင်း မသေပါဘူး၊ ကိုယ်ခံအားမကောင်းသူတွေ/ ရောဂါအခံကြီးကြီးမားမားရှိသူတွေသာ အသက်အန္တရာယ်ရှိတာပါ၊

အပမ္မဒေန သမ္ဗာဒေထ

#ဒေါက်တာကောင်းထက်

Address

ပုသိမ္
Pathein

Website

Alerts

Be the first to know and let us send you an email when မေတ္တာထက် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category