Shwe See Sar Clinic

Shwe See Sar Clinic ဒေါင်"မြည်ဖို့ ရွှေဆည်းဆာ နဲ့ ကုကြစို့ 🧑🏻‍⚕️🩺

Clinic Location - ပုသိမ်ကြီးမြို့နယ် ၊ မဲကင်းကုန်းရွာ
အထွေထွေရောဂါ အထူးကုဆေးခန်း 🏥

13/03/2026

အိမ်မှာ ကိုယ်ဘာသာသွေးပေါင်ဘယ်လိုချိန်းမလဲ ?

#သွေးပေါင်ချိန် #ရွှေဆည်းဆာ #ပုသိမ်ကြီး #မန္တလေး

10/03/2026

ညဘက်ကြီးနေထိုင်မကောင်းဖြစ်နေမယ်
မန္တလေး ၊ ပုသိမ်ကြီးထဲကဆိုရင် ညီမတို့ ရွှေဆည်းဆာဆေးခန်းဆီလှမ်းလာခဲ့လို့ရပါတယ်ရှင့် !

ဆေးခန်းဖုန်းနံပါတ် - +959789977226

#ရွှေဆည်းဆာ #ပုသိမ်ကြီး #မန္တလေး

07/03/2026

ကလေးတွေအနေနဲ့ ပေါင်ချိန်ဘယ်လောက်ရှိသင့်လဲ ?

#ပေါင်ချိန် #ကလေး #မိခင်

05/03/2026

ရင်ဘတ်အောင့်တိုင်း နှလုံးရောဂါလား ?

#ရွှေဆည်းဆာ #နှလုံးရောဂါ #မဲကင်းကုန်း

05/03/2026

#ရွှေဆည်းဆာ #နှလုံးရောဂါ #မဲကင်းကုန်း

ရွှေဆည်းဆာဆေးခန်းတွင်တာဝန်ထမ်းဆောင်ရန် သူနာပြုအကူ (၂) ဦး အလိုရှိပါသည်။ မဲကင်ကုန်းထဲနေသူဦးစားပေးပါမည်။ ဆေးခန်းသို့ CV for...
04/03/2026

ရွှေဆည်းဆာဆေးခန်းတွင်တာဝန်ထမ်းဆောင်ရန် သူနာပြုအကူ (၂) ဦး အလိုရှိပါသည်။
မဲကင်ကုန်းထဲနေသူဦးစားပေးပါမည်။
ဆေးခန်းသို့ CV form နှင့်တကွ လာရောက်လျှေက်ထားနိုင်ပါသည် ။

Ph-09789977226
နေရာ- ရွှေဆည်းဆာ (၂၄) နာရီ ဆေးခန်း ( ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာ မန္တလေး)

မေမေတို့ရဲ့ အရေးကြီးဆုံးအချိန်အတွက် စိတ်ချယုံကြည်နိုင်တဲ့ နေရာကို ရွေးချယ်ပြီးပြီလား?ပုသိမ်ကြီး မဲကင်းကုန်း အနီးတဝိုက်မှ...
01/03/2026

မေမေတို့ရဲ့ အရေးကြီးဆုံးအချိန်အတွက် စိတ်ချယုံကြည်နိုင်တဲ့ နေရာကို ရွေးချယ်ပြီးပြီလား?

ပုသိမ်ကြီး မဲကင်းကုန်း အနီးတဝိုက်မှာရှိတဲ့ ရွှေဆည်းဆာ ဆေးခန်းမှာ

✔️ ကျွမ်းကျင်ဆရာဝန်များမှ နီးကပ်စောင့်ရှောက်မှု
✔️ သန့်ရှင်းပြီး သက်သောင့်သက်သာရှိသော အခန်းများ
✔️ မေမေ၊ ကလေး နှစ်ဦးလုံးအတွက် လုံခြုံစိတ်ချရမှုအာမခံများနဲ့

✨ Basic Care Package
✨ Standard Care Package
✨ Premium Care Package ဆိုပြီး မီးဖွား Package ၃ မျိုး ကို အထူးစီစဥ်ပေးထားပါတယ်။

💖 မေမေတို့အတွက် မီးဖွား နာလန်ထူချိန်မှ စတင်ပြီး ကလေးလေးရဲ့ ပထမဆုံးအသက်ရှုချိန်အထိ အရာရာကို ရွှေဆည်းဆာဆေးခန်းက နွေးထွေးစွာ စောင့်ရှောက်ပေးနေမှာပါ။

အသေးစိတ်သိရှိလိုပါက_
ရွှေဆည်းဆာ အထွေထွေရောဂါကုဆေးခန်း
📍 ပုသိမ်ကြီးမြို့နယ် ၊ မဲကင်းကုန်းကျေးရွာ။
☎️ Hotline: 09 789 977 26 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်…

#ရွှေဆည်းဆာ #ကိုယ်ဝန်ဆောင် #မိခင်

"ကင်ဆာ" ဆိုတဲ့ စကားလုံးကြားလိုက်တာနဲ့ လူတိုင်း ကြောက်လန့်တကြား ဖြစ်သွားတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကုသရခက်ခဲတယ်၊ အသက်အန္...
11/02/2026

"ကင်ဆာ" ဆိုတဲ့ စကားလုံးကြားလိုက်တာနဲ့ လူတိုင်း ကြောက်လန့်တကြား ဖြစ်သွားတတ်ကြပါတယ်။

ဘာလို့လဲဆိုတော့ ကုသရခက်ခဲတယ်၊ အသက်အန္တရာယ်နီးတယ်လို့ ယူဆကြလို့ပါ။

ဒါပေမဲ့... ဆေးပညာလောကမှာ "ကြိုတင်ကာကွယ်ဆေးထိုးရုံနဲ့ ရာနှုန်းပြည့်နီးပါး ကာကွယ်နိုင်တဲ့ ကင်ဆာ" တစ်မျိုးရှိပါတယ်။

ဒါကတော့ သားအိမ်ခေါင်းကင်ဆာပါပဲ။

✅ ဘာကြောင့် ကာကွယ်လို့ရတာလဲ?

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှု (၉၉%) ဟာ HPV (Human Papillomavirus) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် ဖြစ်ပွားရတာပါ။ ဒါကြောင့် ဒီပိုးကို ကာကွယ်နိုင်တဲ့ HPV ကာကွယ်ဆေးထိုးထားရင် ကင်ဆာဖြစ်နိုင်ချေကို ထိထိရောက်ရောက် တားဆီးပေးနိုင်ပါတယ်။

✅ ဘယ်အရွယ်တွေ ထိုးသင့်လဲ?

- အသက် (၉) နှစ်မှ (၁၄) နှစ်အရွယ် သမီးမိန်းကလေးများ
- အသက် (၁၅) နှစ်မှ (၄၅) နှစ်အတွင်း အမျိုးသမီးများ
"အိမ်ထောင်ကျဖူးရင် မထိုးရဘူးလား?" လို့ မေးစရာရှိပါတယ်။

အိမ်ထောင်ကျဖူးသူတွေ၊ အသက်ကြီးသူတွေလည်း ထိုးလို့ရပါတယ်။ ထိရောက်မှု အနည်းငယ်ကွာခြားနိုင်ပေမယ့် ကာကွယ်မှုတော့ ပေးနိုင်ပါသေးတယ်။

ကာကွယ်ဆေးမထိုးမီ မိမိအသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီမှုရှိမရှိ ဆရာဝန်နဲ့ အရင်ဆုံး ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။

ရွှေဆည်းဆာဆေးခန်းမှာတော့ -

❄️ ကာကွယ်ဆေးများကို အာနိသင်မပျက်ပြယ်အောင် စနစ်တကျ အအေးခန်းဖြင့် သိမ်းဆည်းထားပြီး

👩‍⚕️ ကျွမ်းကျင်ဆရာဝန်များကိုယ်တိုင် ဆွေးနွေးတိုင်ပင်ကာ စနစ်တကျ ထိုးနှံပေးလျက်ရှိပါတယ်။

ကိုယ့်ကိုယ်ကိုယ် ချစ်ရင်၊ ကိုယ့်သမီးလေးတွေရဲ့ အနာဂတ်ကို လှပစေချင်ရင် HPV ကာကွယ်ဆေး ကို မဖြစ်မနေ ထိုးနှံကြဖို့ တိုက်တွန်းပါရစေရှင်…❤️

အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက -

ရွှေဆည်းဆာ အထွေထွေရောဂါကုဆေးခန်း
📍 ပုသိမ်ကြီးမြို့နယ် ၊ မဲကင်းကုန်းကျေးရွာ။
☎️ Hotline: 09 789 977 26

#သားအိမ်ခေါင်းကင်ဆာ

ကျန်းမာရေးမကောင်းတဲ့အခါ၊ အထူးသဖြင့် ညဉ့်နက်သန်းခေါင် အရေးပေါ်အခြေအနေမျိုးမှာ "အချိန်" က အသက်ပါပဲ။ မြို့ထဲက ဆေးရုံကြီးတွေ...
08/02/2026

ကျန်းမာရေးမကောင်းတဲ့အခါ၊ အထူးသဖြင့် ညဉ့်နက်သန်းခေါင် အရေးပေါ်အခြေအနေမျိုးမှာ "အချိန်" က အသက်ပါပဲ။

မြို့ထဲက ဆေးရုံကြီးတွေဆီသွားဖို့ ဝေးလွန်းနေချိန်၊ ကားငှားရခက်နေချိန်မျိုးမှာ ကိုယ့်အိမ်နားနီးနီး၊ ကိုယ့်ရပ်ကွက်ထဲမှာ အားကိုးရတဲ့ ဆေးခန်းတစ်ခုရှိနေတာက ဘယ်လောက်တောင် စိတ်အေးရသလဲဆိုတာ ကြုံဖူးသူတိုင်း သိကြမှာပါ။

ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာနဲ့ အနီးတဝိုက်က မိဘပြည်သူတွေအတွက်တော့ ရွှေဆည်းဆာဆေးခန်း ရှိနေပါပြီ။

✅ အနီးဆုံးမှာ ရှိနေလို့ အချိန်ကုန်သက်သာမယ်
နေမကောင်းဖြစ်နေတဲ့ လူနာကို အဝေးကြီးသယ်သွားစရာမလိုဘဲ မိနစ်ပိုင်းအတွင်း ကုသမှုခံယူနိုင်ပါတယ်။

✅ (၂၄) နာရီ ဖွင့်လှစ်ထားလို့ အချိန်မရွေး စိတ်ချရမယ်
နေ့ဘက်ပဲဖြစ်ဖြစ်၊ ညဘက်ပဲဖြစ်ဖြစ် ဆရာဝန်နဲ့ ဆရာမတွေ အမြဲအဆင်သင့်ရှိနေပါတယ်။

✅ ပြည့်စုံတဲ့ ဝန်ဆောင်မှုတွေ ရှိနေတယ်
အထွေထွေရောဂါကုသမှု၊ ခွဲစိတ်မှုအသေးစား ၊ အာထရာဆောင်း ၊ ECG ဝန်ဆောင်မှုတွေအထိ တစ်နေရာတည်းမှာ အစုံအလင် ရရှိနိုင်ပါတယ်။

"အဝေးကြီးသွားစရာမလို၊ အနီးဆုံးမှာ အကောင်းဆုံး ကုသပေးမယ့် ရွှေဆည်းဆာ"

ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသက ဆေးခန်းမို့ မိသားစုလို နွေးထွေးမှုနဲ့အတူ လူနာတိုင်းကို အကောင်းဆုံး ဂရုစိုက်ကုသပေးနေတာမို့…

အရေးပေါ်အခြေအနေအတွက် ဖုန်းနံပါတ်လေး မှတ်ထားပေးကြပါဦးနော်…

ရွှေဆည်းဆာ အထွေထွေရောဂါကုဆေးခန်း
📍 ပုသိမ်ကြီးမြို့နယ် ၊ မဲကင်းကုန်းကျေးရွာ။
☎️ Hotline: 09 789 977 26

#မဲကင်းကုန်း #ရွှေဆည်းဆာ

05/02/2026

၅ နှစ်ခံ သားဆက်ခြား Lydia Implant အခမဲ့ထိုးပေးနေပါပြီရှင့်

ထုံးဆေးထိုးပေးတာ‌ဖြစ်‌ဖြစ်လို့ နာမှာလုံး၀ကြောက်စရာ
မလိုပါဘူး ၊ အခမဲ့ထိုးချင်တယ်ဆိုရင်

ဆေးခန်းလိပ်စာ - မန္တလေး ၊ ပုသိမ်ကြီးမြို့နယ် ၊ မဲကင်းကုန်းရှိ " ရွှေဆည်းဆာ အထူးကုဆေးခန်း " သို့လည်းကောင်း " ☎️ 09 789 977 26 " ကိုဖုန်းဆက်ပြီးစာရင်းပေးနိုင်ပါတယ် !

ရေရှည်အတွက် စိတ်ချရတဲ့ သားဆက်ခြားနည်းလမ်းကို ရှာဖွေနေသူများအတွက် ရွှေဆည်းဆာဆေးခန်းကနေ အထူးအစီအစဉ်လေးတစ်ခု စီစဥ်ပေးထားပါတ...
31/01/2026

ရေရှည်အတွက် စိတ်ချရတဲ့ သားဆက်ခြားနည်းလမ်းကို ရှာဖွေနေသူများအတွက် ရွှေဆည်းဆာဆေးခန်းကနေ အထူးအစီအစဉ်လေးတစ်ခု စီစဥ်ပေးထားပါတယ်။

ဒီလာမယ့် ဖေဖော်ဝါရီ (၆) ရက်နေ့ ရွှေဆည်းဆာဆေးခန်းမှာ Implant (လက်မောင်းထဲထည့် သားဆက်ခြားဆေး) ကို လူဦးရေ (၁၅) ဦး အတွက် (လုံးဝအခမဲ့) ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်ရှင်…

Implant (လက်မောင်းထဲထည့်ဆေး) ရဲ့ အားသာချက်များ

✅ (၃) နှစ်မှ (၅) နှစ်အထိ ကြာရှည်ခံတယ်။
✅ နေ့စဉ် ဆေးသောက်စရာမလို၊ ဆေးထိုးစရာမလို။
✅ ရာသီမလာဘဲ နို့တိုက်မိခင်များလည်း အသုံးပြုနိုင်တယ်။
✅ ပြန်ထုတ်ချင်တဲ့အချိန် အလွယ်တကူ ပြန်ထုတ်နိုင်တဲ့အပြင်…

ဆရာမတို့ ရွှေဆည်းဆာဆေးခန်းမှာက ကျွမ်းကျင်ဆရာဝန်ကြီးများ ကိုယ်တိုင် သေချာစွာ စစ်ဆေးပြီးမှ စနစ်တကျ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

(၁၅) ယောက် ပြည့်တာနဲ့ စာရင်းပိတ်မှာမို့ အခုပဲ Page Messenger (သို့) ဖုန်းဆက်ပြီး Booking လုပ်ထားလိုက်တော့နော်…

ရွှေဆည်းဆာ အထွေထွေရောဂါကုဆေးခန်း
📍ပုသိမ်ကြီးမြို့နယ် ၊ မဲကင်းကုန်းကျေးရွာ။
☎️ 09 789 977 26

Address

Patheingyi

Alerts

Be the first to know and let us send you an email when Shwe See Sar Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram