Phoo Thit Clinic

Phoo Thit Clinic Phoo Thit Clinic

 #၀က်ခြံသမားအမှားတစ်ရာ #ဒေါက်တာကျော်ကျော်((အရေပြားအထူးကု ဆရာဝန်ကြီး)  ဝက်ခြံပေါက်တဲ့သူတွေအများစုဟာ ဝက်ခြံအမြန် ပျောက်စေတ...
30/09/2022

#၀က်ခြံသမားအမှားတစ်ရာ
#ဒေါက်တာကျော်ကျော်((အရေပြားအထူးကု ဆရာဝန်ကြီး)

ဝက်ခြံပေါက်တဲ့သူတွေအများစုဟာ ဝက်ခြံအမြန် ပျောက်စေတဲ့ ဆေးမျိုးကိုသာ တောင့်တလေ့ရှိပါ တယ်။ ပြောရရင် ဆေးကိုပဲ အားကိုးလေ့ရှိပါတယ်။ တကယ်တော့ ဝက်ခြံရှိသူတွေဟာ မသိမသာရော၊ သိသိသာသာရော အမှားများစွာကို လုပ်တတ်ကြပါ တယ်။ စစ်မှန်တဲ့ဆေးတွေနဲ့ ကုသနေသည့်တိုင် အမူအကျင့်အမှားတွေကို မပြုပြင်နိုင်ခဲ့ရင် သက်သာ ပျောက်ကင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝက်ခြံ သမားတွေရဲ့ အမှားတွေကို ဆွေးနွေးလိုက်တာပါ။

ညှစ်၊ ကုတ်၊ ဖဲ့၊ ကိုက်၊ ဆိတ်၊ ဆွ၊ ကလိ

အတော်များများဟာ ဒီအကျင့်ဆိုးကြီးကို ကျူးလွန်မိတတ်ကြပါတယ်။ မျက်နှာပေါ်က ဝက်ခြံ ဖုတွေကို ညှစ်ထုတ်လိုက်ရမှ အာသာပြေသူတွေ အများကြီးပါ။ ကုတ်တာ၊ ကိုင်တာ၊ ခွာ၊ ပွတ် တွေ လည်း လုပ်ကြတာပါပဲ။ အကျိုးဆက်ကတော့ ဝက်ခြံပျောက်သွားပေမဲ့ အချိုင့်၊ အပေါက်နဲ့ အညို အမည်းတွေ စွဲကျန်ခဲ့တာပါ။ လက်မှာရှိတဲ့ ဗက်တီးရီးယားပိုးတွေ ဝက်ခြံထဲ ဝင်သွားပြီး ပြဿနာ ပေးတာကိုး။ တကယ်တော့ မျက်နှာကို လက်နဲ့မထိ မကိုင်ပဲ နေနိုင်ရင် အကောင်းဆုံးပါ။ ခက်တော့ခက် သား ဘာလို့လဲဆိုတော့ လေ့လာမှုတွေအရ လူ တစ်ယောက်ဟာ သူ့မျက်နှာကို တစ်နာရီအတွင်း အကြိမ် ၂၀ လောက် ထိမိ၊ ကိုင်မိတယ်ဆိုပဲ။ လက်တလော ခေတ်စားနေတဲ့ Covid-19 ဗိုင်းရပ်စ် မကူးစက်ရအောင် လက်ဆေးခြင်းနဲ့ မျက်နှာကို လက်နဲ့မထိကြဖို့ တိုက်တွန်းနေတာပါ။ ဝက်ခြံသမား တွေလည်း အဲဒီကျင့်စဉ်ကို လိုက်ကြပါ။
လက်သည်းရှည်ရှည်ထားတဲ့သူတွေမှာ ဒီပြဿနာ ကပိုဆိုးပါတယ်။

#အိပ်ရေးပျက်ခြင်း

လုံလောက်တဲ့ အိပ်စက်မှု မရတဲ့သူတွေဟာ စိတ် ဖိစီးမှု ဝင်တတ်ပါတယ်။ ခက်တာက မြို့ပြလူတန်း စားတွေက အိပ်ရာဝင်နောက်ကျတာ များပါတယ်။ ည ၉ နာရီ၊ ၁၀ နာရီမှာ အိပ်ရာဝင်တဲ့သူ ရှားပါ တယ်။ ဖုန်းတစ်လုံးနဲ့ အချိန်ဖြုံးကြတာပါ။ ဖေ့စ်ဘုတ်၊ ယူကျူ့၊ ဂိန်း စတာတွေက အဖိုးတန်အိပ်ချိန်တွေကို ဖဲ့ယူသွားတာပါ။ ဘောလုံးပွဲတို့၊ ဇာတ်လမ်းတွဲတို့ လည်းပါတာပေါ့။ စိတ်ဖိစီးတော့ ဟော်မုန်းတစ်ချို့ ထွက်လာပြီး အဆီအတ်တွေကို လှုံ့ဆော်တော့တာပါ။ အဆီတွေ ပိုထွက်တော့ ဝက်ခြံတွေပိုဆိုးပေါ့။ တကယ် ဆိုတော့ ညအချိန်မှာ လုံလောက်စွာ အိပ်စက်အနား ယူသင့်ပါတယ်။ Night Sleep ပဲ ဖြစ်သင့်ပါတယ်။ ညစောစော မအိပ်ဘဲ နေ့ခင်းမှာ နေဖင်ထိုးတဲ့အချိန်ထိ အိပ်တတ်တဲ့ Day Sleep ကို ရှောင်ရမှာပါ။ အိပ်ရေး ၀၀အိပ်ရသူတွေဟာ ကိုယ်ခံအားကောင်းတာမို့ Covid- 19 ဗိုင်းရပ်စ် ကူးစက်မှုကို ဟန့်တားရာမှာ အထောက် အကူပြုတယ်လို့ ဆိုပါတယ်။

#ဖုန်းနဲ့သင့်ပါးမကပ်မိပါစေနဲ့

မရှိမဖြစ် ဆဲလ်ဖုန်းတွေကြောင့် ဝက်ခြံပြဿနာ ကို ပိုဆိုးလာသလိုပါပဲ။ စောစောကပြောခဲ့တဲ့ ဖုန်း ဆော့ကစားလို့ အိပ်ရေးပျက်ရတာအပြင် ဖုန်းနဲ့ပါးနဲ့ ထိကပ်မှုကြောင့်လည်း ဝက်ခြံတွေပိုကြွ၊ ပိုရဲလာနိုင် ပါတယ်။ ဖုန်းနဲ့ကြာကြာဖိထားတဲ့ နေရာမှာ အဆီပေါက်တွေ ပိတ်သွားနိုင်လို့ပါ။ Acne mechqnican ဆိုတဲ့ဝက်ခြံပေါ့။ မကြာမကြာ ဖိတဲ့၊ ပွတ်တဲ့ နေရာ မှာ ပေါက်တတ်တဲ့ ဝက်ခြံကို ပြောတာပါ။ နောက် တစ်ကွက်က ဖုန်းရဲ့ မျက်နှာပြင်မှာ ရောဂါပိုးမွှားတွေ အများကြီး ရှိနေတာမို့ပါ။ လေ့လာမှုတစ်ခုမှာတော့ ဘိုထိုင်အိမ်သာမျက်နှာပြင်မှာ ရှိတဲ့ပိုးတွေလောက်ကို များဆိုပဲ။ ဒီပိုးတွေ ဝက်ခြံဖုထဲဝင်သွားပြီး နီရဲရောင် ရမ်းတာတွေ ဖြစ်ပါလေရော။ ဒီတော့ ပါးနဲ့ဖိကပ်ပြီး ဖုန်းမပြောပါနဲ့ Blue tooth တို့၊ Head phone တို့နဲ့ ပြောကြပါ။ ကိုယ်ဖုန်းကိုလည်း မကြာမကြာ Hand Gel နဲ့ သန့်စင်ပေးပေါ့။ ကိုယ်ဝက်ခြံတွေ ပျောက် ချိန်တန်ပါလျက် မပျောက်တာဟာ သင့်ရဲ့ ဖုန်းလည်း တရားခံအဖြစ် ပါနိုင်တာပေါ့။

#ဆံပင်နဲ့ဝက်ခြံ

မျက်နှာကို အိမ်နီးနားချင်း ဆံပင်တွေက တစ်ခါတလေ ဒုက္ခပေးတတ်ပါတယ်။ ဆံပင်မှာ သဘာဝအတိုင်းပါတဲ့ အဆီတွေက အဆီပေါက်ပိတ် စေပြီး ဝက်ခြံပိုထွက်တတ်လို့ပါ။ ဒါအပြင် ဆံပင်အ လှပြုပြင်တဲ့ ဂျယ်၊ ဆီ၊ စပရေး စတာတွေကြောင့် လည်း ဝက်ခြံ ပိုဆိုးတတ်ပါတယ်။ မျက်နှာပေါ်ကို ဆံပင်တွေဝဲချတဲ့အကျင့်ကို ရှောင်ရမှာပါ။ တစ်ချို့ နဖူးပေါ် ဆံမြိတ်ကလေးချထားတော့ နဖူးမှာပဲ ဝက်ခြံ လေးတွေ ပေါက်ပါလေရော။ ဆံပင်ရှည်ထားသူတွေ ကျတော့ ကျောဘက်ဖြန့်ထားရင် ပူးပြီးကျောအပေါ် ပိုင်းမှာ ဝက်ခြံဖုတွေ၊ အပူဖုတွေ ပေါက်တာမျိုး ရှိပါ တယ်။ ဒါကြောင့် ဆံပင်ကို ရှေ့ဖြန့်၊ နောက်ဖြန့်တဲ့ အကျင့်ကို ရှောင်ပြီး သိမ်းထားစေချင်ပါတယ်။

#အလှအပပစ္စည်းတွေ

အလှအပ ပစ္စည်းတွေ အလွန်အကျွံသုံးခဲ့ရင် ရှိပြီး ဝက်ခြံပြဿနာ ပိုဆိုးစေပါတယ်။ နဂိုက မရှိသေးရင် လည်း ဝက်ခြံဖုတွေ ထွက်တာမျိုး ကြုံရတတ်ပါ တယ်။ Cosmetic acne တဲ့၊ အထူးသဖြင့် အဆီဓာတ် များတဲ့ အလှကုန်တွေကို ဝက်ခြံသမားတွေ ရှောင်သင့် ပါတယ်။ တစ်ချို့ကျတော့ ဝက်ခြံကို မိတ်ကပ်ထူထူ နဲ့ဖုံးတော့ ဝက်ခြံပိုဆိုးတာပဲ အဖတ်တင်ပါတယ်။ ပြောရရင် ဝက်ခြံနဲ့မိတ်ကပ်၊ မိတ်ကပ်နဲ့ဝက်ခြံ လည် လိုက်နေတာပါပဲ။ ဒီတော့ ဝက်ခြံသမားတွေ အလှ ပြင်တာကို လျော့ကြဖို့ပါ။

#သွားတိုက်ဆေး၊ ထုံး

ဝက်ခြံဖုတွေကို ဝက်ခြံဆေးလိမ်းရမယ့်အစား သွားတိုက်ဆေး တို့၊ ထုံး တို့၊ တိုင်းရင်းဆေး တို့ ကြတာလည်း မဟာအမှားပါပဲ။ ဝက်ခြံပျောက်တယ် လို့ တစ်စုံတစ်ယောက် ပြောလိုက်ရင် မစဉ်းစား၊ မဆင် ခြင်ဘဲ လက်တည့်စမ်းကြတဲ့ ဆေးနည်းတွေလည်း အများကြီး ရှိပါတယ်။ အထူးသဖြင့် နှင်းခူလိမ်းတဲ့ စတီးရွိုက် လိမ်းဆေးတွေကို ဝက်ခြံမှာ လိမ်းကြတဲ့ အမှားပါ။ စတီးရွိုက်ဆိုတဲ့အတိုင်း ရောင်ရမ်းမှုသက် သာစေတာမို့ လိမ်းခါစမှာတော့ ဟုတ်သလိုလိုပေါ့။ ကြာတော့ ဝက်ခြံတွေ ပိုပေါက်၊ ပိုပြန့်ပြီး ထိန်းမရ ဖြစ်ပါလေရော။ ခက်တာက စတီးရွိုက်ဆိုတာကို အများက နားမလည်နိုင်သေးတာပါ။ အပြောကောင်း လို့သာ လိုက်ပြီးလိမ်းကြတာပါ။ ဒါကြောင့် ကိုယ်မ သိနားမလည်တဲ့ လိမ်းဆေးတွေကို ဝက်ခြံပျောက်လို ဇောနဲ့ သူများညွှန်းတိုင်း မလိမ်းသင့်ပါဘူး။

#ဝက်ခြံအမြန်ပျောက်ဆေး

ဝက်ခြံအမြန်ပျောက်တယ်၊ သက်သာတယ်ဆိုတဲ့ လိမ်းဆေးတွေ၊ မျက်နှာသစ်ဆေးရည်တွေကလည်း ဈေးကွက်ထဲမှာ ပလူပျံနေတာပါပဲ။ ဝက်ခြံပြဿနာ ကြောင့် စိတ်ဖိစီးနေရသူတွေခမျာ အဟုတ်မှတ်ပြီး ဝယ်သုံးကြပါလေရော။ ကြော်ငြာတွေရဲ့ ဖမ်းစားမှုပေါ့။ ၃ ရက်အတွင်း ဒါမှမဟုတ် တစ်ပတ်အတွင်း မြန်မြန် ပျောက်တယ်ဆိုပဲ။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က နာမည် ကြီး အလှကုန် ကုမ္ပဏီတစ်ခုက ကျွန်တော်တို့ အရေ ပြားဆရာဝန် (၂၀) လောက်ကို ဟော်တယ်ကြီးတစ်ခု မှာ ဝက်ခြံအကြောင်း ဆွေးနွေးပွဲလုပ်၊ ထမင်းကျွေး ပြီးမှ သူတို့ရဲ့ ဝက်ခြံအတွက် မျက်နှာဆပ်ပြာခရင်မ် ကို မိတ်ဆက်ပါတယ်။ မကြာပါဘူး တီဗီမှာအဲဒီ ပစ္စည်းကို ကြော်ငြာတော့တာပါပဲ။ အရေပြားအထူးကု ဆရာဝန်ကြီးများ ထောက်ခံထားသော ဝက်ခြံမြန်မြန် ပျောက်တဲ့ ဆပ်ပြာခရင်မ်ဆိုပဲ။ လက်တွေ့သုံးကြည့် ကြတဲ့ သူတွေခမျာ တကယ်လည်း ထူးထူးခြားခြား ကောင်းလာတာ မရှိပါဘူး။ ပြောရရင် ကျွန်တော်တို့ အရေပြားဆရာဝန်တွေလည်း အညာခံရ သုံးစွဲသူတွေ လည်း အလိမ်ခံရပေါ့။ ဒီနေ့ဒီအချိန်ထိ ဝက်ခြံကို ရက်တိုတိုနဲ့ အမြန်ပျောက်တဲ့ သောက်ဆေး၊ လိမ်းဆေး၊ မျက်နှာသစ် ခရင်မ်၊ လိုးရှင်း ဘာဆိုဘာမှ မရှိသေး တာမို့ အညွှန်းကောင်းတိုင်း မယုံကြပါနဲ့။

#ဒေါက်တာကျော်ကျော်
(အရေပြားအထူးကု ဆရာဝန်ကြီး)

18/09/2022

Drink Water...

15/07/2022

ထိုင်းနဲ့ စင်္ကာပူမှာတော့ ကိုဗစ် ဖြစ်ပွားမှုတိုးလာပြီး သေဆုံးမှုတွေ ထပ်ဖြစ်လာနေတယ်တဲ့
ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပျက်နေတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေ ကျန်းမာဘေးကင်းကြပါစေ
************

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေမည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများနာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

17/05/2022

ရာသီတုပ်ကွေးကာကွယ်ဆေး 2022

မိုးမကျခင်လေးမှာ ရာသီတုပ်ကွေးကာကွယ်ဆေးလေး ကြိုတင်ထိုးထားကြရအောင်...👍

💥Vaxigrip Tetra 2022 💥

ရာသီတုပ်ကွေးကာကွယ်ဆေး
(Vaxigrip Tetra) ကို

✅ဘယ်သူတွေ ထိုးလို့ရမလဲ?

*အသက် ၆ လမှ စ၍ ထိုးလို့ရပါတယ်။

*ကိုယ်ဝန်ဆောင် မိခင်များ ထိုးထားပါက မွေးလာသော ကလေးလေးကို ၆ လ အထိ ထိုးစရာ မလိုပါဘူး။

*နို့တိုက်မိခင်များ ထိုးလို့ရပါတယ်။

*G6PD ရှိသူများ ၊ကျောက်ကပ်၊နှလုံး ၊သွေးတိုး ၊ဆီးချို ၊ဂေါက် ၊သွေးလေးဖက်နာ စသည့် ရောဂါအခံရှိသူများလည်း ထိုးလို့ရပါတယ်။

✅ဘယ်လိုထိုးရမလဲ?

*အသက် ၉ နှစ်အောက်ကလေးများ

ပထမဆုံးအကြိမ် ဖြစ်ပါက တစ်လခြား၍

၂ ကြိမ် ထိုးနှံပေးရပါမယ်
(0,1 month)

*နောက်နှစ်တွေမှာ တစ်နှစ်ကို တစ်ကြိမ်ပဲ ထိုးရပါတယ်။

*ကျန်တဲ့သူများကတော့ တစ်နှစ်ကို
တစ်ကြိမ် ထိုးပေးရပါမယ်။

✅ဘာတွေရှောင်ရမလဲ?

*Egg albumin ,neomycin စတာတွေနဲ့ ဓါတ်မတည့်သူတွေ ထိုးလို့ မရပါဘူး။

*ဖျားနေသူများအဖို့ နေကောင်းသက်သာမှထိုးရပါမယ်။

ဆေးထိုးပြီးရင်ရော

*ထိုးသည့်နေရာ အောင့်ခြင်း၊

ရောင်ယမ်းခြင်း၊ခေါင်းကိုက်ခြင်း၊
နုံးခြင်း ၊ ကိုယ်လက်မအီမသာဖြစ်ခြင်း စတဲ့ လက္ခဏာလေးတွေကို တစ်ချို့ ခံစားရပါမယ်။

ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုးများကိုဖြင့်

ယခုထိ မတွေ့ဖူးသေးပါ။

✅ဘာတွေကာကွယ်မလဲ?

နှစ်စဉ်နှစ်တိုင်းအဖြစ်များတဲ့

1️⃣H1N1

2️⃣H3N2

3️⃣Washington

4️⃣Phuket

Strain 4 မျိုး

ထိုးပြီးပြီးချင်း ရောဂါပိုးကို ပြန်တိုက်ထုတ်တဲ့

ကိုယ်ခံအားစနစ်/ဆေးအာနိသင် (antibody ) က

၂ ပတ်ကြာမှ ထွက်တာဖြစ်လို့

ဆေးစောထိုးထားတာက အကောင်းဆုံးပါ။

တခြားကာကွယ်ဆေးတွေနဲ့ရော

Inactivated vaccine ဖြစ်တာကြောင့်

opposite site မှာထိုးလျှင် ရပါတယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ တစ်ပတ်ခြားထိုးလျှင် စိတ်ချရပါတယ်။

👉သွေးလွန်တုပ်ကွေးရောဂါကိုမကာကွယ်နိုင်ပါဘူးနော်

Credit...

27/04/2022

Take care...

29/12/2021
24/10/2021
15/09/2021

ကလေးကိုဗစ်
=========
ပါမောက္ခဒေါက်တာစောဝင်း (ကလေးကျန်းမာရေး) ​ရေးသားသည်

✳️ အခု ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ်
တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီကကူးတာပါ

ကလေးမှာ ကိုဗစ်ကပြင်းထန်လေ့မရှိပါ
သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
(ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ်
တော်တော်ရှားပါတယ်
အဖျာကြီးပြီး ရက်ကြာရင် စဉ်းစားရပါမယ်)

🤒 ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်
ပါရာစီတမောတိုက်ပါ
၁၅ မီလီဂရမ် / ကီလိုဂရမ် (15mg/kg)
ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီတခါ တိုက်လို့ရပါတယ်
ပုံမှန်တိုက်ဖို့မလိုပါဘူး
တိုက်ပြီး ချွေးထွက်လာရင် ပြောင်အောင်မသုတ်ပါနဲ့
အင်္ကျီမလဲပါနဲ့ ချွေးက ခန္ဓာကိုယ်ရဲ့ အပူကိုစုပ်ယူ
ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

➡️ ၁နှစ်အောက် ( အစက်ချဆေး Drop )
𝐁𝐢𝐨𝐠𝐞𝐬𝐢𝐜 𝐝𝐫𝐨𝐩/ 𝐁𝐚𝐛𝐲𝐠𝐞𝐬𝐢𝐜 𝐝𝐫𝐨𝐩/
𝐍𝐚𝐩𝐚 𝐝𝐫𝐨𝐩 အလားတူတွေရှိပါတယ်
100mg/ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

➡️ ၁ နှစ်က ၅ နှစ်
အရည် (𝐒𝐲𝐫𝐮𝐩 𝐨𝐫 𝐒𝐮𝐬𝐩𝐞𝐧𝐬𝐢𝐨𝐧) တွေရှိပါတယ်
120mg/5ml နဲ့ 250mg/5mlဆိုပြီး၂ မျိုးရှိပါတယ်
၎-၆ နာရီ တခါ တိုက်နိုင်ပါတယ်
𝐁𝐢𝐨𝐠𝐞𝐬𝐢𝐜/𝐏𝐫𝐨𝐠𝐞𝐬𝐢𝐜/𝐒𝐚𝐫𝐚/𝐍𝐚𝐩𝐚 စသည်ဖြင့်
တံဆိပ်မျိုးစုံ ရှိပါတယ်

➡️ ၅ နှစ် အထက်
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ်
တပြား 500mg ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ
(15mg/kg) တွက်ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံး
တခါသေါက် ၂ ပြားထက်ပိုမသောက်သင့်ပါ

🤧 နှာစေး နှာခေါင်းပိတ်ရင်
Cetrizine Syrup ( 𝐂𝐞𝐭𝐫𝐢𝐧𝐞/ 𝐀𝐝𝐞𝐳𝐢𝐨/ 𝐎𝐫𝐦𝐢𝐬𝐭)
အလားတူတွေရှိပါတယ်
1ml မှာ 1mg ပါပါတယ်
၂နှစ်အောက်ကလေးအတွက် ပမာဏမဖေါ်ပြထားပါ

➡️ မိမိအနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1𝑚𝑙 ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5𝑚𝑙 ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5𝑚𝑙 ၂ ကြိမ်

ဆေးပြား 10𝑚𝑔/𝑡𝑎𝑏 ဆိုရင်
၁-၃ နှစ်ကြား - တစိတ် ၁/၄ - ၂ ကြိမ်
၃-၅ နှစ်ကြား - ၁/၃ - ၂ကြိမ်
၅ နှစ် အထက် - ၁/၂ - ၂ ကြိမ် ပေးပါတယ်

😖 နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (𝐏𝐡𝐲𝐬𝐢𝐨𝐝𝐨𝐬𝐞 𝐨𝐫 𝐒𝐞𝐚𝐰𝐚𝐭𝐞𝐫 𝐬𝐩𝐫𝐚𝐲)
မကြာခဏ ထည့်ပေးနိုင်ပါတယ်

➡️ ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့်
လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

💩 ဝမ်းသွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - 𝐌𝐏𝐅
လိမ္မော်အရသာ - 𝐏𝐡𝐚𝐫𝐨𝐥𝐢𝐭/ 𝐏𝐞𝐝𝐢𝐭𝐫𝐚𝐥/ 𝐄𝐥𝐞𝐜𝐭𝐫𝐚𝐥/
𝐄𝐥𝐞𝐜𝐭𝐫𝐨𝐫𝐮𝐬𝐡 (ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ၊ ဆေးလိုမ​သောက်ရပါ
ရေဆာတိုင်း ရေအစားသောက်ရပါမယ်
ဓါတ်ဆားရည် မသောက်ပါက အုန်းစိမ်းရည်/
ဆန်ပြုတ်ကျဲကျဲ ဆားခတ်ပြီး သောက်နိုင်ပါတယ်

🤮 အန်ရင်
Domperidome အအန်ပျောက်ဆေး တကြိမ်
သေါက်လို့ရပါတယ်

➡️ အစက်ချဆေးဆိုရင်
0.02-0.04mg/5kg တွက်လို့ရပါတယ်
(𝐕𝐨𝐧𝐞𝐭𝐚/ 𝐃𝐞𝐟𝐥𝐮𝐱 စသည်ဖြင့် )

➡️ အရည် ဆိုရင်
0.02-0.04mg/5kgနဲ့တွက်လို့ရပါတယ်
(𝐌𝐨𝐭𝐢𝐥𝐢𝐮𝐦 𝐬𝐲𝐫𝐮𝐩/ 𝐂𝐨𝐬𝐲 စသည်ဖြင့် )

ဆက်တိုက်အန်၊ အစာမဝင်ရင် ဆေးရုံတက်ပါ

👶🦠 ကလေးကိုဗစ်ဖြစ်ရင် လူကြီးကို ကူးနိုင်ပါတယ်
အဖိုးအဖွားတွေကိုကူးရင် သူတို့မှာ
အသက်အန္တရာယ်ရှိပါတယ်
သတိ အရမ်းထားဖို့လိုပါတယ်

👩🏻‍🦰 🍼 မိခင်ကိုဗစ်ဖြစ်ရင်လည်း နို့စို့ကလေးငယ်ကို
မိခင်နို့ ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ
မိခင် မတ်စ်တပ်ပါ
မျက်နှာအုပ် (𝐅𝐚𝐜𝐞 𝐒𝐡𝐢𝐞𝐥𝐝) ပါတပ်ပါ

(က​လေးအထူးကု ပါ​​​မောက္ခ ​​ဒေါက်တာဦး​စောဝင်း ​ရေးသားသည်)

06/09/2021

သွေးတိုးကြောင့် ဘယ်အခါမောခြင်း၊ အသက်ရှူကြပ်ခြင်း ခံစားရလဲ

သွေးတိုးရောဂါသည် လူတိုင်းသိရှိပြီးသော ရောဂါဖြစ်ပါသည်။ သွေးတိုးရောဂါသည် ပြင်းထန်သော ရောဂါ လက္ခဏာများ မပြပဲ မိမိကိုယ်ကို တွင် ဖြစ်မှန်းမသိပဲ ဖြစ်ပေါ်နေသည့်အတွက် သွေးတိုးခြင်းအား အသိနောက်ကျလေ့ရှိပါသည်။ အကြောင်းကြောင်းကြောင့် နေမကောင်းဖြစ်လျှင်သော်လည်းကောင်း၊ ဆေးခန်းသွားပြလျှင်သော်လည်းကောင်း၊ သွေးပေါင်းချိန်ကြည့်သည့်အခါတွင်မှ သွေးတိုးနေမှန်းသိရှိ လေ့ရှိပါသည်။ ထို့ကြောင့် သွေးတိုးရောဂါအား Silent Killer (အသံတိတ်လူသတ်သမား) ဟုပင် တင်စားခေါ်ဝေါ်လေ့ရှိသော ရောဂါ ဖြစ်ပါသည်။
သွေးတိုးသည် ဖြစ်ပွားသော လူဦးရေသည် အလွန်များပါသည်။ ကမ္ဘာပေါ်တွင် ရှိသော လူဦးရေ၏ ၃ ပုံ ၁ ပုံ ခန့်သည် သွေးတိုးရောဂါ ခံစားနေရပြီး သွေးတိုးရောဂါ ခံစားနေရသော လူဦးရေ၏ တစ်ဝက်ခန့်သည် သွေးပေါင် ထိန်း၍ မရသော၊ သွေးတိုးအား ကောင်းမွန်သော ကုသမှု ခံယူမှုမရှိသော လူဦးရေ ဖြစ်ပါသည်။ ထို့ကြောင့် သွေးတိုးရောဂါကြောင့်၊ သွေးတိုးရောဂါအား မထိန်းနိုင်သော ကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရသော လူဦးရေမှာ အလွန်များပြားပါသည်။

သွေးတိုးရောဂါကြောင့် နောက်ဆက်တွဲ မည်သည့်ဆိုးကျိုးများ ခံစားရသလဲ။

သွေးတိုးရောဂါကြောင့် အဖြစ်အများဆုံးနှင့် အရင်ဦးဆုံးဖြစ်စေသော နောက်ဆက်တွဲဘေးထွက် ဆိုးကျိုးမှာ နှလုံးရောဂါဖြစ်ပါသည်။

၁။နှလုံးနံရံထူခြင်း၊ နှလုံးကြီးခြင်း။

နှလုံးသည် ကိုယ်ခန္ဓာတစ်ခုလုံး အတွက် လိုအပ်သော အောက်ဆီဂျင်အား ရရှိအောင် ပို့ဆောင်ပေးသော သွေးများ တစ်ကိုယ်လုံးသို့ ရောက်ရှိအောင် ပို့ဆောင်ပေးသော မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းဖြစ်ပါသည်။ သွေးပေါင်ချိန် ၁၂၀ - ၈၀ ရှိသော လူတစ်ယောက်တွင် နှလုံးသည် တစ်ကိုယ်လုံးထံသွေးရောက် ဖို့အတွက် သွေးပေါင်ချိန် ၁၂၀ ထက်ကျော်သော Pressure ဖြင့် ညှစ်မှသာ သွေးကြောတွင်းသို့ သွေးရောက်ရှိမည်ဖြစ်ပါသည်။ သွေးတိုးနေသော လူတစ်ယောက်သည် ဥပမာ သွေးပေါင်ချိန်သည် ၁၇၀ - ၁၀၀ ဖြစ်နေပါက နှလုံးသည် Pressure ၁၇၀ ထက်ကျော်အောင် ညှစ်မှ သာ သွေးကြော အတွင်းသို့ သွေးရောက်မည်ဖြစ်ပါသည်။ ထို့ကြောင့် နှလုံးသည် ပုံမှန်ထက် များစွာ ပိုမို အလုပ်လုပ်နေရခြင်းဖြစ်ပါသည်။ အချိန်ကြာလာသော အခါတွင် နှလုံးသည် ကြွက်သားဖြစ်သောကြောင့် Gym ကစားသော၊ အလေးမသော သူများကဲ့သို့ ကြွက်သားများ ကြီးလာပြီး နှလုံး နံရံကြွက်သားများ ထူလာကာ နှလုံး ကြီးလာသည်အား တွေ့ရှိရပါသည်။

နှလုံးကြီးလာပြီးလျှင် နောက်ဆက်တွဲမည်သည့်အရာများ ဆက်လက်ဖြစ်မည်နည်း။

နှလုံးကြီးလာသည်နှင့် အမျှ နှလုံးအတွင်းတွင် သွေးလက်ခံသော အခန်းသည် တဖြည်းဖြည်းကျဉ်းလာ ပါသည်။ သွေးလက်ခံသော အခန်းသည် ကျဉ်းလာသည့်အတွက် နှလုံး တစ်ခါခုန်လျှင် ခန္ဓာကိုယ်အတွင်းသို့ ရောက်သော ပမာဏသည် တဖြည်းဖြည်း နည်းလာပါသည်။ သွေးပမာဏ နည်းလာသည့်အတွက် သတ်မှတ်ထားသော သွေးပမာဏရောက်ရန် နှလုံး အချက်ရေ ပိုခုန်ရပြီး နှလုံးမှာ ပိုအလုပ်လုပ်ရပါသည်။ နောက်ဆုံးတွင် နှလုံးသည် အလုပ်မလုပ်လုပ်နိုင်တော့ ပဲ ညှစ်အား ကျကာ Heart Failure ဝင်သွားတတ်ပါသည်။ ထိုအခါတွင် မောခြင်း၊ လှဲအိပ်သည့်အခါတွင် ရေမွှန်းသလိုဖြစ်ပြီး အသက်ရှူကျပ်ခြင်း၊ ခြေလက်များဖောခြင်း၊ လှုပ်လှုပ်ရှားရှား မလုပ်နိုင်ခြင်းများ ဖြစ်ပေါ်ပြီး နောက်ဆုံးတွင် နှလုံး အလုပ်မလုပ်နိုင်ခြင်းကြောင့် အသက်ဆုံးရှူံးခြင်းများ ဖြစ်ပေါ်စေတတ်ပါသည်။ ထိုကဲ့သို့ ဖြစ်ခြင်းသည် သွေးတိုးရောဂါကြောင့် နာတာရှည် နှလုံးရောဂါ ဖြင့် အသက်ဆုံးရှူံးခြင်းဖြစ်ပါသည်။

သွေးတိုးရောဂါသည် နာတာရှည် နှလုံးရောဂါ ဖြစ်ကာ အသက်ဆုံးရှူံးစေခြင်းသာမက အချို့သော လူနာများတွင် ရုတ်တရက် နှလုံးသွေးကြောပိတ်ကာ အသက်ဆုံးရှူံးခြင်းများ ဖြစ်စေတတ်ပါသည်။ သွေးတိုးသည့်အခါတွင်လည်း နှလုံးသွေးကြောကျဉ်းအား ပိုမို ဖြစ်စေပြီး ရုတ်တရက် နှလုံးသွေးကြော ပိတ်ကာ အသက်ဆုံးရှူံးနိုင်ခြေ ပိုများစေပါသည်။ အဘယ့်ကြောင့် ဆိုသော် သွေးပေါင်ချိန်များလာသည် နှင့်အမျှ သွေးကြော အတွင်းရှိ သွေးပေါင်ချိန်များ ပိုမိုများပြားလာပါသည်။ Pressure များလာသည့်အခါတွင် ပါးလွှာသော သွေးကြောနံရံများတွင် ထိခိုက်ပျက်စီးမှုများဖြစ်စေပါသည်။ ထိုထိခိုက်သော သွေးကြောနံရံများတွင် သွေးတွင်းရှိအဆီများ ပိုမိုစုပုံစေပြီး သွေးကြောအား ပိုမိုကျဉ်းစေပြီး နှလုံးသွေးကြော ပိတ်ပြီး Heart Attack ရခြင်းအား ပိုမိုဖြစ်စေတတ်ပါသည်။

ထို့အပြင် နှလုံးကြွက်သား ကြီးလာသည့်နှင့် အမျှ နှလုံးအလုပ်လုပ်ရန် အောက်ဆီဂျင်ပိုပြီး လိုအပ်ပါသည်။ ထို့ကြောင့် ကျဉ်းနေသော နှလုံးသွေးကြောမှ ပေးသော အောက်ဆီဂျင်သည် နှလုံးကြီးလာသည်နှင့် အမျှ မလုံမလောက်ဖြစ်ပြီး နှလုံးကြွက်သား ပုပ်ခြင်းအား ပိုမိုဖြစ်စေတတ်ပါသည်။ ထိုကဲ့သို့ နှလုံးပုပ်ခြင်း၊ အောက်ဆီဂျင် မရခြင်းဖြစ်ပါက နှလုံးစည်းချက်မမှန်ခြင်းများ၊ Heart Attack ရခြင်းများ ဖြစ်စေပြီး ရုတ်တရက် အသက်ဆုံးရှူံးခြင်းများ ဖြစ်စေတတ်ပါသည်။

၂။ရုတ်တရက် လေဖြန်းခြင်း၊ လေဖြတ်ခြင်း

အထက်တွင်ဖော်ပြထားသကဲ့သို့ပင် သွေးတိုးခြင်းကြောင့် သွေးကြောနံရံများတွင် ဒဏ်ရာများရပြီး အဆီများစုခြင်းသည် နှလုံးသွေးကြောများတွင် သာမက အခြားသော သွေးကြောများတွင်လည်းဖြစ်တတ်ပါသည်။ ထို့ကြောင့် သွေးပေါင်အား မထိန်းနိုင်သော လူနာများတွင် ထိုသွေးကြောနံရံတွင် စုနေသော အဆီမှ သွေးခဲများပြုတ်ထွက်ပြီး ဦးနှောက်အတွင်းရှိသွေးကြော များ အတွင်းသွားရောက် ပိတ်ဆို့ကာ လေဖြန်းခြင်း၊ လေဖြတ်ခြင်းများ ဖြစ်ပေါ်စေတတ်ပါသည်။ ထိုမျှသာမက သွေးပေါင်ချိန် ၁၈၀ ကျော်သော လူနာများတွင် အခန့်မသင့်ပါက သွေးပေါင်အလွန်များခြင်းကြောင့် ဦးနှောက်အတွင်းရှိ ပါးလွှာသော သွေးကြောများ ပေါက်ထွက်ကာ ဦးနှောက်သွေးကြောပြတ်ခြင်း များဖြစ်ပေါ်ပြီး အသက်ဆုံးရှူံးသည် အထိ အန္တရာယ်ရှိနိုင်ပါသည်။

၃။သွေးတိုးရောဂါကြောင့် ကျောက်ကပ်ပျက်စီးခြင်း

အထက်တွင်ဖော်ပြထားသည့်အတိုင်း သွေးတိုးခြင်းသည် ခန္ဓာကိုယ် တစ်ကိုယ်လုံးအတွင်းရှိ သွေးကြောနံရံလေးများအား ပျက်စီးစေသည့်အတွက် ကျောက်ကပ်အတွင်းရှိ ကျောက်ကပ်သွေးကြော နံရံများ ပျက်စီးပါက ကျောက်ကပ်၏ လုပ်ငန်းဆောင်တာဖြစ်သော သွေးတွင်းရှိ အဆိပ်အတောက်များ စွန့်ထုတ်ခြင်း၊ အညစ်အကြေးများ ဖယ်ရှားခြင်း စသည့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ခြင်း မရှိတော့ပဲ ကျောက်ကပ်အား ပျက်စီးစေတတ်ပါသည်။ ကျောက်ကပ်ပျက်စီးခြင်းကြောင့် နာတာရှည်ကျောက်ကပ် ရောဂါ ဖြစ်စေတတ်ပြီး နောက်ဆုံးတွင် ကျောက်ကပ်ဆေးရသည့်အထိ အန္တရာယ်ပေးနိုင်ပါသည်။

သွေးတိုးခြင်းလျှင် သွေးကျဆေးသောက်ရမည်မှာ လူတိုင်းသိရှိပြီးသား အချက်ဖြစ်ပါသည်။ သို့သော်လည်း သွေးတိုးအား မည်မျှထိန်းနိုင်သလဲ ဆိုသည်မှာ အရေးကြီးသော အချက်ဖြစ်ပါသည်။ သွေးကျဆေးသည် သောက်လိုက်မသောက်လိုက် လုပ်၍ ရသောဆေးမျိုးမဟုတ်ပါ။ ထို့အပြင် ထိုကဲ့သို့ ဆေးပုံမှန် မသောက်သော လူနာများတွင် သွေးထိန်းရပိုမို ခက်ပြီး သွေးတိုးကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးများ ပိုမိုခံစားရ တတ်ပါသည်။

သွေးထိန်းနိုင်လား သွေးမထိန်းနိုင်လား မည်ကဲ့သို့ စစ်ဆေးမည်နည်း။

များသောအားဖြင့် သွေးတိုးရှိသော သူများသည် မိမိကိုယ်ကို သွေးပေါင်ချိန်ခြင်းအားဖြင့် သွေးတက်နေ မနေ သိနိုင်ပါသည်။ သွေးကျဆေးသောက်ပြီး မနက်တစ်ခါ၊ ညနေ တစ်ခါ သွေးချိန်ရာတွင် ရှိရမည့် သွေးပေါင်ချိန်အတွင်း ရှိနေမှ သာ သွေးကျဆေးသောက်ခြင်းသည် အကျိုးရှိမည်ဖြစ်ပါသည်။

သွေးပေါင်တိုင်းခြင်းသည် သွေးထိန်းနိုင်မထိန်းနိုင်အား သိရှိရသော်လည်း သွေးပေါင်တိုင်းခြင်း၏ အားနည်းချက်မှာ သွေးပေါင်တိုင်းသည့်အချိန်တွင် ရှိသော သွေးပေါင်ချိန်သာ ဖော်ပြခြင်းဖြစ်ပါသည်။ သွေးပေါင်တိုင်းခြင်းသည် သွေးကျဆေးသောက်ပြီး ချိန်တိုင်းလျှင် သွေးပေါင်ချိန်သည် ပုံမှန်ရှိနေမည်ဖြစ်ပါသည်။ သို့သော်လည်း သွေးကျဆေးသည် အချိန်အတိုင်းအတာ တစ်ခုအထိသာ အာနိသင်ရှိမည်ဖြစ်ပါသည်။ ဥပမာ သွေးကျဆေး နံနက် တစ်လုံးတည်း သောက်သောလူနာများတွင် သွေးကျဆေးသောက်ပြီး ၂ နာရီတွင် တိုင်းသည့်အခါတွင် သွေးပေါင်ချိန် ပုံမှန်ဖြစ်နေမည်ဖြစ်ပြီး ည အိပ်ခါနီး တိုင်းကြည့်သည့် အခါတွင် သွေးပေါင် တက်နေနိုင်ပါသည်။ အဘယ့်ကြောင့် ဆိုသော် ဆေး အာနိသင်ကုန်သွားသောကြောင့် ဖြစ်ပါသည်။ ထိုကဲ့သို့ သော လူနာများတွင် ညဘက် သွေးပေါင်ချိန် မတိုင်းကြည့်မိပါက သွေးပြန်တက်နေမှန်းမသိပဲ မိမိကိုယ်ကို သွေးပေါင်ထိန်းနိုင်သည်ဟု ပင် ထင်နေမိတတ်ပါသည်။

ထို့ကြောင့် သွေးတိုးထိန်းနိုင် မထိန်းနိုင်အား တိတိကျကျ သိစေနိုင်သော ကျန်းမာရေး စစ်ဆေးမှုမှာ နှလုံးတယ်လီဗေးရှင်း Echo ရိုက်ခြင်းဖြစ်ပါသည်။ သွေးတိုးခြင်းသည် နှလုံးအား ဦးဆုံးထိခိုက်စေသည့် အတွက် သွေးတိုးရှိသည့် လူနာများ၊ သွေးတိုးမထိန်းနိုင်သော လူနာများတွင် ပထမဦးဆုံး နှလုံးတွင် ဖြစ်စေသော နောက်ဆက်တွဲ ဆိုးကျိုးမှာ နှလုံး နံရံထူခြင်းဖြစ်ပါသည်။ သွေးတိုးထိန်းနိုင်သည်ဟု ထင်သော လူနာများတွင် Echo ရိုက်ကြည့်သည့်အခါတွင် နှလုံးနံရံထူနေခြင်း၊ နှလုံးကြီးခြင်းတွေ့ရှိပါက ထိုလူနာသည် ယခင်က သွေးတိုးကောင်းမွန်စွာ မထိန်းနိုင်ခြင်းအား ဖော်ပြခြင်းဖြစ်ပါသည်။ ထို့ကြောင့် မည်မျှပင် သွေးပေါင်ချိန်လျှင် ကောင်းနေသည်ဟုဆိုပါစေ သွေးတိုးလူနာ တစ်ဦးသည် သွေးတိုးထိန်းနိုင် မထိန်းနိုင်သည် Echo ရိုက်ကြည့်ရုံဖြင့် တိတိကျကျ ရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။ ထိုကဲ့သို့ နှလုံး နံရံထူသည့်လူနာများတွင် သွေးကျဆေးအား သောက်သုံးသည့် အခါတွင် ပုံမှန်သောက်သုံးနေကျ သွေးကျ ဆေးမျိုး သောက်သုံး၍ မရပဲ နှလုံး နံရံအား ပြန်လည် ကောင်းမွန်အောင် ပြုပြင်သည့် သွေးကျဆေးအား နှလုံး အထူးကု သမားတော်နှင့် တိုင်ပင် သောက်သုံးမှ သာ နှလုံး နံရံထူခြင်း၊ နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အား ကျခြင်း များအား ထိရောက်စွာ ကုသ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

ထိုမျှသာမက အချို့သော သွေးတိုးလူနာများတွင် သွေးကျဆေးအား ပုံမှန်သောက်သော်လည်း Echo ရိုက်ကြည့်သည့်အခါတွင် နှလုံးနံရံထူနေသည် အား တွေ့ရှိရသဖြင့် သွေးကျဆေးတိုးရန် လိုအပ်ခြင်း သွေးကျခြင်းပြောင်းပေးရန် လိုအပ်ခြင်းအား Echo ရိုက်ခြင်းဖြင့် သိရှိနိုင်ပါသည်။

ထိုကြောင့် သွေးတိုးရောဂါ ရှိသောလူနာများသည် နှလုံးနံရံထူခြင်း ရှိမရှိအား Echo ရိုက်ခြင်ဖြင့် သိရှိနိုင်ပြီ ဖြစ်ပြီး နှလုံးနံရံထူခြင်း၊ နှလုံး ကြီးခြင်း၊ နှလုံး ညှစ်အား ကျခြင်းများ ရှိပါက သွေးကျဆေးအား နှလုံးနံရံထူခြင်း အား ပြန်လည်ကောင်းမွန်စေသော သွေးကျဆေးသောက်သုံးမှ သာ နှလုံး ဆက်လက်ပျက်စီးခြင်းအား ကာကွယ် နိုင်မည်ဖြစ်ပါသည်။ နှလုံး နံရံထူခြင်းသည် သွေးတိုးရောဂါကြောင့် ဖြစ်စေသော အစောဆုံးသော နှလုံး ပျက်စီးစေမှုဖြစ်သော ကြောင့် ရောဂါလက္ခဏာ မခံစားရပေ။ Echo ရိုက်ခြင်းဖြင့်သာ သိရှိနိုင်သော အခြေအနေဖြစ်ပါသည်။
ထို့ကြောင့် သွေးတိုးရောဂါရှိသော လူနာတိုင်းသည် နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း (Echo ရိုက်ခြင်း) အား ပြုလုပ်သင့်သော စမ်းသပ်မှုဖြစ်ပါသည်။ Echo ရိုက်ခြင်းဖြင့် သွေးတိုးရောဂါကြောင့် နှလုံး နံရံထူခြင်းသာမက အခြားသော နှလုံးရောဂါများရှိပါက စောလျင်စွာ သိရှိနိုင်ပြီး ကုသမှုခံယူနိုင်ခြင်းကြောင့် သွေးတိုးလူနာများသာမက အခြားသော နှလုံးရောဂါ ဝေဒနာရှင်များ ပါ စစ်ဆေးသင့်သော အလွန်ပင် အကျိုးကျေးဇူးများသော ကျန်းမာရေး စမ်းသပ် စစ်ဆေးမှုဖြစ်ပါသည်။

Echo ရိုက်ခြင်းအားဖြင့် သိရှိနိုင်သော အခြားသော အကျိုးကျေးဇူးများ

၁။Echo သည် နှလုံး တစ်ခုလုံး အား မျက်စိဖြင့် အပြင်မှာ မြင်ရသကဲ့သို့ အလားတူပါသည်။ ထို့ကြောင့် မွေးရာပါ နှလုံး ရောဂါ ရှိမရှိ၊ နှလုံး ကြီးမကြီး၊ နှလုံး အဆို့ရှင် လုံမလုံ၊ သွေးစီးဆင်းမှု မှန်မမှန် တို့အား သိရှိနိုင်ပါသည်။ ထို့အပြင် အကယ်၍ နှလုံးကြီးနေသည် ဆိုလျှင် နှလုံး မည်မျှ ကြီးနေကြောင်း တိကျစွာ တိုင်းတာနိုင်ပါသည်။

၂။Echo သည် သွေးစီးဆင်းနေမှုပါ မြင်ရသည့်အတွက် အဆို့ရှင် မလုံပါက သွေးများ ယိုထွက်၊ ဖြာထွက်နေသည် ကို ပါ တိကျစွာ မြင်နိုင်ပါသည်။

၃။Echo သည် မိမိနှလုံး၏ လုပ်ငန်းဆောင်တာဖြစ်သော နှလုံးညှစ်အား (Ejection Fraction) အား တိကျစွာ တွက်ချက်ပေးနိုင်ပါသည်။ နှလုံးခြေကုန်လက်ပမ်းကျ ခြင်း (Heart Failure) ဝင်နေမနေသိရှိနိုင်သည့် အပြင် မိမိသောက်နေသော နှလုံးဆေး ထိရောက်မှု ရှိမရှိအား လည်း သိနိုင်ပါသည်။

၄။နှလုံးအခန်းတွင်း သို့ ရှင်းလင်းစွာ ဝင်ရောက်ကြည့်ရှုနိုင်သည့်အတွက် အထက်တွင်ဖော်ပြထားသော ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်နိုင်သော သွေးခဲများရှိမရှိ၊ အဆို့ရှင်တွင် အနာရှိမရှိ တို့အား တိကျစွာ သိရှိနိုင်ပါသည်။

၅။Echo သည် နှလုံး လှုပ်ရှားနေသည့်အတိုင်း မြင်ရသဖြင့် နှလုံးခုန်စည်းချက် မှန်မမှန် ကို လည်း သိရှိနိုင်ပါသည်။

၆။နှလုံးသွေးကြောကျဉ်းနေသော လူနာများတွင် နှလုံးသွေးကြောကျဉ်းနေသည့် နှလုံးနံရံသည် နှလုံးသွေးကြောကျဉ်းနေသည့် ဒဏ်ကြောင့် ကောင်းစွာအလုပ်လုပ်ပေ။ Echo ဖြင့် ကြည့်သည့်အခါတွင် အလုပ်မလုပ်သည့် ကြွက်သားနံရံအား တိတိကျကျမြင်ရသည့်အပြင် နှလုံးသွေးကြောကျဉ်းသည့် ဒဏ်ကြောင့် နှလုံးညှစ်အား ကျမကျပါ တိတိကျကျ သိရှိနိုင်ပါသည်။

၇။ခွဲစိတ်မှုမပြုခင် လူနာသည် ခွဲစိတ်မှုဒဏ်အား ခံနိုင်ရည်ရှိမရှိ (pre-operative assessment) တွင် ဆုံးဖြတ်ရာတွင် အရေးကြီးသော နှလုံး၏ လုပ်ငန်းဆောင်တာများအား Echo အဖြေကြည့်ပြီး ဆုံးဖြတ်ပါသည်။

အချုပ်အားဖြင့် ဆိုလျှင် နှလုံးရောဂါများကုသခြင်း၏ အသက်သည် စောနိုင်သမျှ စောစော သိရှိအောင်လုပ်ပြီး ကုသမှုခံယူခြင်းဖြင့် နှလုံးပျက်စီးခြင်းအား ဆက်လက်မပျက်စီးအောင် ထိန်းထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် မည်သည့် နှလုံးရောဂါ အတွက်မဆို နှလုံးတယ်လီဗေးရှင်း Echocardiogram ရိုက်ကူးပြီး နှလုံး အထူးကု ဆရာဝန်နှင့် စမ်းသပ်မည်ဆိုလျှင် အမှန်တကယ် နှလုံး ရောဂါ တစ်ခုခု ရှိပါက ကြိုတင်သိရှိနိုင်မည်ဖြစ်ပြီး စောလျှင်စွာ ကုသမှု ခံယူပါက အချိန်မတိုင်မီ နှလုံး တစ်ခုခု ထိခိုက်ပျက်စီး ခြင်းမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။

Medical Checkup ဆိုတာ ရောဂါတွေ့မှ ထိရောက်တာ မဟုတ်ပါဘူး။ ရောဂါ တစ်ခုခု တွေ့ဖို့ မျှော်လင့်ပြီး လုပ်တာမဟုတ်ပါဘူး။ ရောဂါ မရှိတာ ကို မရှိကြောင်း သိရှိရတာကိုက ဝမ်းသာစရာပါ။ ရောဂါမရှိသည့် အတွက် မိမိကိုယ်ကို ကျန်းမာနေကြောင်း သိရှိတာက ပီတဖြစ်စရာပါ။ တကယ်လို့ ရောဂါ တွေ့ခဲ့လျှင်လည်း လက္ခဏာမပြသေးခင် တွေ့တာဖြစ်သည့်အတွက် ရောဂါ မကျွမ်းခင် ကြိုတင်ကုသမှု ခံယူလို့ ရတဲ့အတွက် လူနာအတွက် အများကြီးအကျိုးရှိသော ကျန်းမာရေးစစ်ဆေးမှုဖြစ်ပါတယ်။

Family Doctor အထူးကုဆေးခန်းတွင် Echocardiogram Package အား စီစဉ်ထားရှိပါသည်။

Echo Package တွင် ပါဝင်သော ဝန်ဆောင်မှုများ

၁။ECG ဆွဲခြင်း

၂။နှလုံး အထူးကုသမားတော်မှ စမ်းသပ်ကုသခြင်း

၃။နှလုံး အထူးကုသမားတော်မှ နှလုံးကို Echo ရိုက်ကူးစစ်ဆေးခြင်း

၄။နှလုံး အထူးကုသမားတော်မှ လိုအပ်သော ဆေးများ၊ ကုသမှုများ ပေးခြင်း

၅။ဆေးခန်းဝန်ဆောင်ခ

ထို ဝန်ဆောင်ခ ၅ မျိုး အတွက် အပြီး အစီး 30000 (၃ သောင်း) ကျပ်ဖြင့် ဈေးနှုန်း ချိုသာစွာဖြင့် စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

Echocardiogram Package ပြုလုပ်လိုသော မိဘပြည်သူများ အနေဖြင့် Family Doctor အထူးကု ဆေးခန်း ဖုန်နံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး ကြိုတင် Booking နိုင်ပြီ ဖြစ်ပါသည်။

Family Doctor အထူးကုဆေးခန်းလိပ်စာမှာ - အမှတ် SA-9၊ အောင်ဇေယျအိမ်ယာ၊ သစ်တောရပ်ကွက်၊ ဆင်မင်းဈေးရှေ့၊ ကမ်းနားလမ်းမပေါ်၊ CB Bank ဘေး၊ အလုံမြို့နယ် ဖြစ်ပါသည်။

https://m.me/FamilyDoctorSpecialistClinic?ref=w2948998 ထို Link ကို နှိပ်ပြီး Hi ဟု ပို့ရုံဖြင့် Family Doctor Specialist Clinic Page တွင် တင်ထားသော ကျန်းမာရေး Post များအား မိမိ Chat Box ထဲသို့ သီးသန့် အမြဲ ပို့ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Hi ဟု Comment ရေးသားရုံဖြင့် ကျန်းမာရေး ဗဟုသုတများအား Chatbox တွင် အမြဲဖတ်ရှိနိုင်ပါပြီ။

ဒီ Post လေးကို Share လုပ်ထားပြီး ဘယ်အချိန်မဆို ပြန်လည်ဖတ်ရှုနိုင်ပါတယ်။ ဒါ့အပြင် လိုအပ်သော မိဘပြည်သူများအတွက် Share လုပ်ခြင်းဖြင့် ကျန်းမာရေးကုသိုလ် ပါဝင်နိုင်ပြီဖြစ်ပါသည်။

Special Whole Body Package - 135000 ကျပ် (အပြီးအစီး)
Promotion ကာလကို September လကုန်အထိ တစ်လ ထပ်မံတိုးမြှင့် ပေးလိုက်ပါပြီ။

Family Doctor အထူးကုဆေးခန်းအား အားပေးလျက်ရှိသော မိဘပြည်သူများအတွက် Special Whole Body Package အား ပုံမှန်စျေး 160000 ကျပ်အစား ယခင် Promotion စျေးနှုန်း 135000 ကျပ်ဖြင့် September လကုန်အထိ ပြုလုပ်နိုင်မည် ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

နှလုံးအား အသေးစိတ်စစ်ဆေးလိုသော မိဘပြည်သူများအနေဖြင့် Special Whole Body တွင် နှလုံး အထူးကုသမားတော်နှင့် Echo ရိုက်ခြင်း ပါဝင်သည့်အတွက် အလွန်သင့်လျော် ပြည့်စုံသော ကျန်းမာရေးစစ်ဆေးမှု ဖြစ်ပါသည်။

ဖျားနာပြီးသည့် လူနာများအနေဖြင့် ပို၍ ပြည့်ပြည့်စုံစုံ Medical Checkup စစ်ဆေးလိုပါက ခန္ဓာကိုယ်ရောင်ရမ်းသည့် ဓာတ် CRP နှင့် ခန္ဓာကိုယ် သွေးခဲသည့် ဓာတ် D Dimer အား Package အပြင် ထပ်မံထည့်၍ စစ်ဆေးနိုင်ပြီ ဖြစ်ပါသည်။

Special Whole Body Checkup တွင် ပါဝင်သော စစ်ဆေးမှုများ Items များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အဆုတ်ကောင်းမကောင်း စစ်ဆေခြင်း
1.Chest X Ray (ရင်ဘတ်ဓာတ်မှန်)

ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးခြင်း
2.Ultrasound Abdomen (တယ်လီဗေးရှင်း ဓာတ်မှန်)

အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး)
3.Total Bilirubin
4.Alkaline Phosphatase
5.SGOT (AST)
6.SGPT (ALT)

သွေးတွင်း အဆီဓာတ် (၄ မျိုး)
7.Total Cholesterol
8.Triglycerides
9.HDL
10.LDL

ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး)
11.Creatinine
12.Urea
13.Sodium
14.Potassium
15.Chloride
16.Bicarbonate

17.HbA1C(ဆီးချိုရှိမရှိစစ်ဆေးခြင်း)

18.Uric Acid

19.Albumin(အသားဓာတ်စစ်ဆေးခြင်း)

20.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း)

21.Urine RE(ဆီးစစ်ဆေးခြင်း)

လည်းပင်း သိုင်းရွိုက် စစ်ဆေးခြင်း
22.TSH
23.Free T3
24.Free T4

နှလုံးအား အသေးစိတ်စစ်ဆေးခြင်း
25.ECG
26.Echocardiogram (နှလုံး တယ်လီဗေးရှင်း ရိုက်ခြင်း)
27.နှလုံးအထူးကုသမားတော်နှင့် စမ်းသပ်ကုသခြင်း
တို့ပါဝင်မည်ဖြစ်ပါသည်။

Special Whole Body Checkup Package မှာ အခြားသော Package တွေထက် ထူးခြားတာကတော့ နှလုံးအတွက် အသေးစိတ် စစ်ဆေးခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။ ပြသရမယ့် ဆရာဝန် ကလည်း အခြားသော Package တွေနဲ့မတူပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ နှလုံးအထူးကုသမားတော်များနှင့် ပြသနိုင်မှာ ဖြစ်ပါတယ်။

Special Whole Body Checkup လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး Special Whole Body Package ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။

Checkup 19 Package ဆိုတာ ဘာလဲ။

ဖျားနာပြီး နေပြန်ကောင်းသောအခါတွင်ဖြစ်စေ ပြန်လည်စစ်ဆေးသင့်သော အဆုတ် ဓာတ်မှန်ရိုက်ခြင်း၊ ခန္ဓာကိုယ်ရောင်ရမ်းဓာတ် ရှိမရှိ၊ ခန္ဓာကိုယ် သွေးခဲခြင်း ဓာတ် ပုံမှန်ဖြစ်မဖြစ်၊ သွေးဖြူဥ၊ အသည်း လုပ်ငန်းဆောင်တာ၊ ကျောက်ကပ် လုပ်ငန်းဆောင်တာ အစရှိသည် တို့အား စစ်ဆေးဖို့အတွက် Checkup 19 Package စစ်ဆေးပြီး သိရှိနိုင်ပါပြီ။ စျေးနှုန်းကိုလည်း အသက်သာဆုံး ဖြစ်အောင် စီစဉ်ပေးထားလို့
Booking ယူပြီး စစ်ဆေးနိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

Checkup 19 Package - 95000 ကျပ်

အဆုတ်ကောင်းမကောင်း စစ်ဆေးခြင်း
1.Chest X Ray (ရင်ဘတ်ဓာတ်မှန်)

အသည်းကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၄ မျိုး)
2.Total Bilirubin
3.Alkaline Phosphatase
4.SGOT (AST)
5.SGPT (ALT)

ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးခြင်း (ဓာတ် ၆ မျိုး)
6.Creatinine
7.Urea
8.Sodium
9.Potassium
10.Chloride
11.Bicarbonate

ခန္ဓာကိုယ်ရောင်ရမ်းမှု စစ်ဆေးခြင်း
12. CRP

ခန္ဓာကိုယ်သွေးခဲသည့် ဓာတ်စစ်ဆေးခြင်း
13.D Dimer

14.CP (auto)(သွေးအား အလုံးစုံခွဲခြမ်း စစ်ဆေးခြင်း)

15.နှလုံး ECG စစ်ဆေးခြင်း

16.အထူးကုသမားတော် နှင့် စမ်းသပ်ကုသခြင်း

Checkup 19 Package လုပ်ချင်သော မိဘပြည်သူများ Family Doctor အထူးကုဆေးခန်း ဖုန်းနံပါတ် ၀၉-၄၄၇၁၆၄၅၇၅၊ ၀၉-၉၅၄၄၀၅၄၀၄ သို့ ဖုန်းဆက်ပြီး Booking ယူပြီး စစ်ဆေးနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Family Doctor အထူးကုဆေးခန်းလိပ်စာမှာ အမှတ် SA-9, အောင်ဇေယျ Complex, ကမ်းနားလမ်းမပေါ်၊ ဆင်မင်းဈေးရှေ့ ၊ CB Bank ဘေး၊ အလုံမြို့ နယ် ဖြစ်ပါသည်။

Address

Bo Gyoke Aung Sann
Pyapon

Telephone

+959428540487

Website

Alerts

Be the first to know and let us send you an email when Phoo Thit Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram