KH Dahhma Darna

KH Dahhma Darna Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KH Dahhma Darna, Meditation Center, Pyawbwe.

အရဟံ အစရှိသော ဂုဏ်တော် (၉)ပါးနှင့်ပြည့်စုံတော်မူသော ဗုဒ္ဓမြတ်စွာဘုရားရှင်အား မာန်ညွှတ်ကျိုး၍ ရှိခိုးဦးခိုက်ပါ၏ အရှင့်မြတ...
22/05/2024

အရဟံ အစရှိသော ဂုဏ်တော် (၉)ပါးနှင့်ပြည့်စုံတော်မူသော ဗုဒ္ဓမြတ်စွာဘုရားရှင်အား မာန်ညွှတ်ကျိုး၍ ရှိခိုးဦးခိုက်ပါ၏
အရှင့်မြတ်ဘုရား🙏🙏🙏🙏

အခုမှတရားစထိုင်မယ်ဆိုရင်...🪷🪷🪷တချို့က တရားထိုင်ချင်တယ်။ဒါပေမဲ့ ဝင်လေထွက်လေ မှတ်ရတာ အဆင်မပြေဘူး၊ စိတ်ပျံ့လွင့်မှု များနေတ...
20/05/2024

အခုမှတရားစထိုင်မယ်ဆိုရင်...🪷🪷🪷

တချို့က တရားထိုင်ချင်တယ်။ဒါပေမဲ့ ဝင်လေထွက်လေ မှတ်ရတာ အဆင်မပြေဘူး၊ စိတ်ပျံ့လွင့်မှု များနေတယ်။
ဒါ့ကြောင့် ဝင်လေထွက်လေ မှတ်နည်းလေး ဝေမျှပေးပါမယ်။
ဝင်လေထွက်လေ မှတ်ရင်း စိတ်ပျံ့လွင့်တယ်ဆိုရင် ပျံ့လွင့်ပါစေ၊ အတွေး
တွေကို မထိန်းချုပ်ပါနဲ့ ဘာတွေ တွေးနေလဲဆိုတာ စိတ်က လိုက်သိနေပါ။
မထိန်းချုပ်နဲ့ဆိုတာ တမင်တွေးနေဖို့ မဟုတ်ပါဘူး။
ဝင်လေထွက်လေ မှတ်ရင်း ပျံ့လွင့်သွားတာကို စိတ်က သိဖို့ဖြစ်ပါတယ်။
မထိန်းနဲ့ဆိုတာ ပျံ့လွင့်တဲ့အရှိန်ကို မထိန်းဘဲ လိုက်သိနေပါ။ အရှိန်
လျော့လာရင် ဝင်လေထွက်လေဆီ ပြန်လာ။
အစပိုင်းမှာ ပျံ့လွင့်တဲ့ အတွေးတွေ ရှည်ပါလိမ့်မယ်။ သတိကပ်ရင်း
ပြန်လာရင်း တဖြည်းဖြည်း တိုလာပါလိမ့်မယ်။
မှတ်လို့လွယ်တဲ့ နည်းကတော့ ဝင်လေ ထွက်လေ (၁) ဝင်လေထွက်လေ(၂) ဆိုပြီး ရေတွက်ရတဲ့နည်းပါ။ ဂဏနာနည်းလို့ ခေါ်ပါတယ်။

ကန္နီဆရာတော်ရဲ့နည်းကို မျှဝေပေးပါမယ်။ဤနည်းဟာအဈာန်အဘိဉာဉ်ရသလိုနီးပါးမှတ်အားကောင်းရင်ကောင်းသလိုအကြားအမြင်ထိပါပေါက်ရောက်တယ်လို့ဆိုပါတယ်။

မှတ်နည်းကတော့ ဝင်လေ ထွက်လေ (၁) ကနေ ဝင်လေထွက်လေ (၈)
အထိမှတ်။ (၈)အထိရောက်ရင် *တစ်ဝါရ*လို့ခေါ်ပါတယ်။ လက်တစ်ချောင်းချိုးပြီးမှတ်ပါ။ နောက်တစ်ခါ တစ်ကနေ (၈)အထိမှတ်။ ထိုအတိုင်း(၁ဝ) ဝါရမှတ်ပြီးရင် ညာဘက်လက်ကောက်ဝတ်ကို စိတ်နဲ့ ပို့ပြီး၊နောက်တစ်ခါ ၁ဝ ဝါရ မှတ်။ ညာဘက် တံတောင်ဆစ်။နောက်တစ်ခါ… ညာဘက် ပခုံး။ညာဘက် နားရွက်။
ညာဘက် ချိုစောင်း။...
ဒီမှာ ရပ်မယ်ဆို ရပ်လို့ရပါတယ်။
ဆက်မှတ်မယ်ဆို ဘယ်ဘက် ချိုစောင်း၊ ဘယ်ဘက် နားရွက်၊ ဘယ်ဘက်
ဘယ်ဘက် တံတောင်ဆစ်၊ ဘယ်ဘက် လက်ကောက်ဝတ်မှာ ဆုံးပါမယ်။ဝင်လေထွက်လေ ၈ အထိကို ၁ဝ ခါမှတ်ပြီး၊ အစိတ်အပိုင်းတစ်ခုစီမှာ တင်သွားတာဖြစ်ပါတယ်။
လက်ချိုးပြီး မမှတ်ချင်ဘူးဆိုရင် စမှတ်ကတည်းက လက်ကောက်ဝတ်ကို
အာရုံစိုက်ပြီး စိတ်နဲ့ပဲ မှတ်လို့ရပါတယ်။ ပြီးရင် တံတောင်ဆစ်... ဆက်မှတ်သွားပါမယ်။ မှားသွားရင် အစက ပြန်မှတ်ပါ။ ဥပမာ တံတောင်ဆစ်မှာ မှားသွားရင်တံတောင်ဆစ်ကို အစက ပြန်မှတ်ပါ။
နောက်တစ်နည်းကတော့ ဝင်လေထွက်လေ (၁)ကနေ ဝင်လေထွက်လေ(၈) အထိ မှတ်ပါ။ (၈) ရောက်ပြီဆို (၁) လို့ သတ်မှတ်ရမယ်။ အဲလိုမျိုး (၂၅)ကြိမ်မှတ်ရမယ်။ မှတ်နည်းတွေ အားလုံးမှာ ဝင်လေထွက်လေကို အပြတ်အလပ် မရှိပါစေနဲ့။ အကန့်တွေကို စိတ်နဲ့ပဲ လိုက်မှတ်ရပါတယ်။ တစ်ကန့် တစ်ကန့်မှာ နားထားတာမျိုး မလုပ်ရပါဘူး။
ဒီနည်းကတော့ တရားထိုင်နေကျ ဆရာ့ဆရာတွေအတွက် အသုံးဝင်ချင်မှ
ဝင်မယ်။ ခုမှ စထိုင်မယ့်လူတွေ၊ တရားထိုင်ရတာ အဆင်မပြေတဲ့ လူတွေအတွက်တော့ အသုံးဝင်တဲ့နည်း ဖြစ်လို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။🌿🌿

#စိတ်ဝိညာဉ်အပိုင်းအစများ
#ဣစ္ဆာသယစိုင်းနောင်

27/04/2024

ပစ္စေဂဗုဒ္ဓါ တွေဘာကြောင့် တရား မဟောပြောနိုင်ကြတာလဲ ❓

🙏🙏🙏🙏
09/06/2022

🙏🙏🙏🙏

သာသနာအတွက် အခက်အခဲတွေကြားက အပင်ပန်းခံလျက် ကြိုးစားကြရသည့် ဤစေတနာသည် ဘဝအခက်အခဲ သံသရာအခက်အခဲမှ လွန်မြောက်နိုင်စေ မေတ္တာဝေလျက်။ ဒကာ ဆရာ ညီညွတ်စွာဖြင့် ကိုယ်ကျိုးမဖက် ဘုရားသာသနာအတွက်။

အာရုံမနောက်ပါစေနဲ့🌼🌼🌼🌼🌼🌼🌼🌼 “အာရုံနောက်လိုက်တာ”ဆိုတဲ့ စကားကို အားလုံးကြားဖူးကြမှာ ဖြစ်ပါတယ်။ လူတွေဟာ စိတ်ထဲမှာ အဆင်မပြေတာ...
15/08/2021

အာရုံမနောက်ပါစေနဲ့
🌼🌼🌼🌼🌼🌼🌼🌼
“အာရုံနောက်လိုက်တာ”ဆိုတဲ့ စကားကို အားလုံးကြားဖူးကြမှာ ဖြစ်ပါတယ်။ လူတွေဟာ စိတ်ထဲမှာ အဆင်မပြေတာတွေ ရှိလာတဲ့အခါ ဒီစကားကို အသုံးပြုလေ့ ရှိတတ်ပါတယ်။ ဘယ်သူ့ကြောင့်၊ ဘာကြောင့် အာရုံတွေ နောက်သွားကြောင်း ပြောလေ့ရှိပါတယ်။

#အမှန်တော့ အာရုံနောက်တယ်ဆိုတာ အာရုံတွေနောက် စိတ်ကရောက်သွားလို့ပဲ ဖြစ်ပါတယ်။ အဆင်းတွေနောက်၊ အသံတွေနောက်၊ အနံ့တွေနောက်၊ အရသာတွေနောက်၊ အတွေ့အထိတွေနောက် စိတ်အစွဲတွေက ရောက်သွားပြီး ကောင်းရင်တော့ အာရုံနောက်တယ်လို့ မပြောကြဘဲ မကောင်းတဲ့ အာရုံတွေနဲ့ ကြုံတဲ့အခါကျတော့မှ အာရုံတွေက နောက်သွားကြတော့တာပါ။

#သေချာတွေးကြည့်ရင် အာရုံဆိုတဲ့ သဘောက အဲဒီအာရုံနောက်ကို စိတ်က မပါသွားအောင် နေနိုင်မှ ကိုယ့်စိတ်က သက်သာတာ ဖြစ်ပါတယ်။ ကောင်းတာပဲ ဖြစ်ဖြစ်၊ မကောင်းတာပဲ ဖြစ်ဖြစ် အဲဒီ အာရုံတွေနောက်ကို စိတ်ကလိုက်သွားလို့ အစွဲပါသွားပြီဆိုရင် ကောင်းလို့ဖြစ်ရတဲ့ တပ်မက်မှု၊ မကောင်းလို့ ဖြစ်ရတဲ့ အလိုမကျမှု စတာတွေပဲ ရလိုက်တာ ဖြစ်ပါတယ်။

#စာလိုပြောတော့ အာရုံနောက်ကို စိတ်ကလိုက်မိလို့ ကောင်းတယ်လို့ ခံစားမိရင် လောဘဖြစ်စေပြီး မကောင်းဘူးလို့ ခံစားမိရင် ဒေါသဖြစ်စေတဲ့ သဘောပါပဲ။ လောဘ၊ ဒေါသ စတာတွေဟာ ကိလေသာတွေ ဖြစ်တဲ့အတွက် ကိလေသာဖြစ်ရင် သေချာပေါက် ပူလောင်စေမှာဖြစ်ပါတယ်။ ကိလေသာ နည်းနည်းဖြစ်ရင် နည်းနည်းပူစေပြီး များများဖြစ်ရင် များများ ပူလောင်စေတော့တာ ဖြစ်ပါတယ်။ အရင်းစစ်တော့ အာရုံနောက်ကို စိတ်ကလိုက်မိရာက အာရုံနောက်တာတွေ ဖြစ်နေတဲ့ သဘောပဲ ဖြစ်ပါတယ်။

#ဒါကြောင့် ဘာပဲဖြစ်ဖြစ် အာရုံတွေမနောက်ရလေအောင် မြင်သမျှ၊ ကြားသမျှ၊ နံသမျှ၊ အရသာခံသမျှ၊ တွေ့ထိသမျှ အာရုံတွေ အပေါ်မှာ အစွဲတရားတွေခွာပြီး သဘောတရား အမှန်ကိုသာ မြင်အောင်လေ့ကျင့်ကြဖို့ပဲ ဖြစ်ပါတယ်။

မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ 🙏🙏🙏
Credit #
ရှိခိုးဦးတင်ပါ၏အရှင်မြတ်ဘုရား🙏🙏🙏
🇩​​​​​🇦​​​​​🇭​​​​​🇭​​​​​🇲​​​​​🇦​​​​​ 🇩​​​​​🇦​​​​​🇷​​​​​🇳​​​​​🇦

 #ဝါတွင်းကာလအိမ်ထောင်မပြုရဆိုတာဘုရားဟောတာလား☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️ဒကာ တစ်ယောက်က “ အရှင်ဘုရား ဝါဆိုချိန်နီးလာပြီ ဆိုတ...
15/08/2021

#ဝါတွင်းကာလအိမ်ထောင်မပြုရဆိုတာဘုရားဟောတာလား
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
ဒကာ တစ်ယောက်က “ အရှင်ဘုရား ဝါဆိုချိန်နီးလာပြီ ဆိုတော့ မြန်မာလူမျိုးများ ရဲ့ ဝါတွင်းကာလ မှ အိမ်မပြောင်းရ ၊ အိမ်မရွေ့ရ စတဲ့ အယူ အဆတွေကြောင့် ဝါမဆိုခင်ကတည်း ဒီကိစ္စအတွက် အပြီးလုပ်နေကြတာကိုတွေ့ရ ပါတယ် ။ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘုရားဟောထားတာ ရှိ သလား၊ ဒီအယူအဆတွေ ကို လိုက်ပြီးလုပ်သင့် သလား ၊ မလုပ်သင့် ဘူးလား စသဖြင့် ဆောင်ရန်ရှောင်ရန်တွေ ကို သိလိုပါတယ်ဘုရား ” စသဖြင့် မေးလျှောက်ဖူး လို့

ပြန်ပြီးဖြေပေးဖူး ပါတယ်။ဟုတ်ပါတယ်။ အဲဒီဒကာမေးလျှောက်သလိုပဲ မြန်မာနိုင်ငံ မှာ ဝါတွင်းကာလ နဲ့ ပတ်သက်တဲ့ အရိုးစွဲနေတဲ့ အမှားတွေ အများကြီး ရှိပါတယ် ။ဘာသာရေး နဲ့ မသက်ဆိုင်တဲ့ အယူအဆ အမှားတွေဟာ ကြာတော့ ဘုရား ပဲ ဟောသလိုလို ကျမ်းဂန်တွေ မှာပဲ ပါသလိုလို ဖြစ်ကုန်တာတွေ အများကြီးပါပဲ။ဒီအများကြီးတွေထဲက မေးခွန်းရှင်မေးထားသလို၊ ဝါတွင်းကာလ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ၊ အိမ်မဆောက်ရ စတာတွေလည်း ရှိ

သလို ဝါတွင်းကာလ အိမ်ထောင် မပြုရ ဆိုတာတွေတောင် ပါနေပါသေးတယ်။ဒီအယူအဆတွေဟာ ဘုရားဟောထဲ မှာ မပါတဲ့ ၊ ဘုရားဟော နဲ့ မသက်ဆိုင်တဲ့ လောကီအယူအဆတွေပဲ ဖြစ် ပါတယ်။ဝါတွင်းကာလမှာ အိမာ်င်းရင်၊ အိမ်ရွှေ့ရင် ဘာဖြစ်မယ် ၊ ညာဖြစ်မယ်ဆိုတဲ့ ရှေးရိုးစွဲ အယူအဆတွေ ၊ လောကဓာတ် ဆရာတွေရဲ့ ဟောပြောမှုတွေကြောင့် အခုနောက်ပိုင်းမှာ လူအတော်များများက ရက်ကောင်းရက်မြတ်ရွေး တာတို့ ၊ ဝါမဆိုခင်၊ ဒါမှမဟုတ် ဝါကျွတ်ပြီး မှ လုပ်တာတို့ စတာတွေ ဖြစ်လာကြတာ ဖြစ်ပါတယ်။

ဝါတွင်းကာလ မှာ အိမ်အပြောင်းအ‌‌ရွှေ့မလုပ်ကောင်းဘူးလို့ မြတ်စွာဘုရား ဟောခဲ့လား…?ရှေးတုန်းကတော့ ရာသီဥတု အနေအထားအရ ဝါတွင်း ဆိုတာ မိုးတွင်း ကာလ ဖြစ်တဲ့အတွက် မိုးရွာနေတဲ့အချိန်မှာ အပြောင်းအရွှေ့ လုပ်ရင် ပိုပြီးဒုက္ခများနိုင်တဲ့အတွက် ချောက်ချောက်သွေ့သွေ့ဖြစ်တဲ့ မိုးမကျခင် ကာလ ဒါမှမဟုတ် မိုးရာသီပြီးမှ လုပ်ကြတဲ့ အစဉ်အလာတွေ ရှိကြပါတယ်။ ဒါက ရာသီဥတု အခြေအနေကြောင့် ဖြစ်ပါတယ်။

ခုနောက်ပိုင်းတော့ ဗေဒင်ဆရာ၊ယတြာဆရာ၊ နက္ခတ္တဆရာ စတဲ့လောက ဓာတ် ဆရာတွေ ရဲ့ အာဘော်တွေ၊ ဒီလောကဓာတ် ဆရာတွေရဲ့ အယူအဆကို ယုံကြည်သူတွေကြောင့် ဝါတွင်းကာလ အိမ်မပြောင်းကောင်းတာတို့၊ အိမ်မရွှေ့ကောင်းတာတို့၊ အိမ်မဆောက်ကောင်းတာ တို့၊ အိမ်ထောင် မပြုကောင်းတာတို့ စတာတွေ ဖြစ်လာတာ ဖြစ် ပါတယ်။‌ဒီလိုခေတ်စားလာ တာတွေဟာ ဘုရားဟောမှာ ပါလို့ လုပ်ကြတာတော့ မဟုတ်ကြပါဘူး ။

ဗုဒ္ဓစာပေတွေမှာတော့ ဒီလိုကိစ္စတွေ နဲ့ပတ်သက်ပြီး ဘယ်အချိန်မှာမလုပ်ကောင်းဘူး၊ ဘယ်အချိန်မှာ လုပ်ရမယ် စသဖြင့် ဟောထားတာမရှိပါဘူး။
ဗုဒ္ဓစာပေတွေမှာတော့ ဒီလိုကိစ္စတွေ နဲ့ပတ်သက်ပြီး ဘယ်အချိန်မှာမလုပ်ကောင်းဘူး၊ ဘယ်အချိန်မှာ လုပ်ရမယ် စသဖြင့် ဟောထားတာမရှိပါဘူး။ ဘယ်လိုမင်္ဂလာ၊ ဘယ်လိုနက္ခတ်တွေနဲ့ အညီမှ လုပ်ရမယ် ဆိုတာ မရှိပါဘူး ။ ဒီလို နည်းတွေကိုလည်း ဘုရားမြတ်စွာကအားမပေးပါဘူး။အဲ နက္ခတ်၊ မင်္ဂလာ စတဲ့အယူအဆတွေသိပ်ပြင်းပြနေတယ်ဆိုရင်တော့ ကောင်းတဲ့အကျင့်ကို များများကျင့်ကြဖို့ပဲ မိန့်တော်မူ ပါတယ်။

ဒီစကားတော်ကို ပရိတ်ကြီး၊ ပုဗ္ဗဏှသုတ်မှာ လာတဲ့စကားတော်က အထင်းအရှား ဖြစ်စေပါတယ်။အဲဒီသုတ်တော်မှာ ဘုရားရှင်က “ကောင်းမြတ်သောအကျင့်ကို ကျင့်နေသူများအဖို့ အမြဲတမ်း နက္ခတ်ကောင်း ပါတယ် ၊ အမြဲတမ်း ကျက်သရေမင်္ဂလာ ရှိပါတယ်၊ အမြဲတမ်း ကောင်းသော မိုးလင်းခြင်း ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော အိပ်ရာထခြင်း ဖြစ်ပါတယ်၊အမြဲတမ်း ကောင်းသော အချိန် အခါ ဖြစ်ပါတယ် ၊

အမြဲတမ်း ကောင်းသော ပူဇော်ခြင်း ဖြစ် ပါတယ်”လိို့ ဟောကြားတော်မူထားတာ ကို တွေ့ရမှာ ဖြစ် ပါတယ် ။ နောက် အိမ်အပြောင်းအရွှေ့ ပြုလုပ်ကြတာ နဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေတွေမှာ အထူးမိန့်တော် မူထားတာ မရှိပေမယ့် အိမ်သစ်တက်တဲ့ အခါ၊ မြို့ရွာအသစ်တည် တဲ့ အခါတွေ နဲ့ ပတ်သက်ပြီးတော့ မဟာပရိနိဗ်ဗာနသုတ် မှာ မိန့်တော်မူထားတဲ့ ဘုရားစကားတော် ရှိပါတယ်။

ဒီသုတ်တော် မှာ ဘုရားရှင်က “ပညာရှိသည် အကြင်အရပ် ၌ အိမ်ရာဆောက်လုပ်နေထိုင် ၏၊ ဤအရ ပ်၌ သီလရှိသော၊ ကိုယ်နှုတ်နှလုံး စောင့်သုံးသော၊ တ်သောအကျင့်ကို ကျင့်သောပုဂ္ဂိုလ် တို့ကို ဆွမ်းကျွေးပြီး လျှင် ထိုအရ ပ်၌ ရှိသောနတ်တို့အား အလှူ ၏ အဖို့ကို အမျှဝေရာ ၏၊
ဤသို့ အမျှပေးဝေလတ်သော် နတ်တို့သည် ပူဇော်ခံရသဖြင့် ထိုအမျှပေးဝေသူ ကို အတုန့်ပြန် ၍ ပူဇော်ကုန်၏၊ မြတ်နိုးခံရသဖြင့်လည်း အတုန့်ပြန်၍ မြတ်နိုးကုန် ၏၊ ထို့ကြောင့် မိခင်သည် ရယ်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ ထိုအမျှဝေသူကို စောင့်ရှောက်၏၊နတ်တို့စောင့်ရှောက်ခံရသောသူသည် အခါခပ်သိမ်း ကောင်းခြင်းမင်္ဂလာ တိို့ကိုသာ တွေ့မြင်ရလေ၏” လို့ဟောကြားတော်မူထားတာကို တွေ့ရပါတယ်။

ဒီစကားတော်အရ အိမ်အသစ်တက်တဲ့ အခါ၊ နေရာအသစ် ပြောင်းတဲ့အခါ မှာ အိမ်တက်အလှူစတာတွေ လုပ်ကြခြင်း ဖြစ်ပါတယ်။ ဒီလိုအလုပ်မျိုးကတော့ ဘုရားရှင် ရဲ့ တရားတော်နဲ့ လည်း ညီညွတ်လှတဲ့ အတွက် ကောင်းတဲ့ အစဉ်အလာ လို့ ပြောရမှာ ဖြစ် ပါတယ်။

ဒါပေမယ့် ဘယ်အချိန် ၊ ဘယ်ကာလမာှ ဘာမလုပ်ကောင်းဘူး ဆိုတာတွေကတော့ ဘုရားဟော နဲ့ မညီသလို၊ ကိုယ့် ရဲ့ ကံတရားတွေ ကို မယုံကြည်ကြလို့ပဲလို့ ပြောရမှာ ဖြစ်ပါတယ်။ တကယ်လို့သာ အခါကာလတွေ ပြောကြကြေးဆိုရင် ဝါးတွင်း ဝါပတွေ ရွေးစရာမလိုပါဘူး။ မကောင်းတာလုပ်တဲ့ သူတွေအတွက် အချိန်တိုင်းဟာ မကောင်းတာတွေ ဖြစ်နေမှာဖြစ်ပြီး ကောင်းတာလုပ်တဲ့သူတွေအတွက် အချိန်တိုင်းဟာ အကောင်းတွေပဲ ဖြစ်နေကြမှာ ဖြစ်ပါတယ်။

ဘယ်အချိန်အိမ်ပြောင်းပြောင်း ကိုယ်ကမကောင်းဘူးဆိုရင် မကောင်းတာတွေကို တွေ့ကြုံလာရမှာ ဖြစ်ပြီး ကိုယ်ကကောင်းနေမယ်ဆိုရင် ဝါတွင်းမှမဟုတ်ပါဘူး ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကောင်းနေကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ဝါတွင်းကာလ ၊ အိမ်မပြောင်းရ၊ အိမ်ထောင်မပြုရ စတဲ့အယူအဆတွေဟာ ဘုရားဟောအရ လုပ်ကြတာမဟုတ်ဘဲ၊ ရှေးရိုးစွဲအယူအဆတွေကြောင့်နဲ့ ခေတ်စားလာတဲ့ လောကဓာတ် ဆရာတွေ ရဲ့ အယူအဆတွေကြောင့် မလိုအပ်ဘဲ အယူသည်း လာကြတာ ဖြစ်ကြောင်း၊ ဘုရားဟောအနေနဲ့ကတော့ တကယ်လို့ နက္ခတ်၊ မင်္ဂလာတွေ
ရွေးကြကြေးဆိုရင် ကောင်းတဲ့ အကျင့်တွေ လုပ်နေခြင်းဟာ ကောင်းတဲ့နက္ခတ်၊ ကောင်းတဲ့မင်္ဂလာ စတာတွေ ဖြစ်နေကြမှာ ဖြစ်ပြီး မကောင်းတဲ့ အလုပ်တွေ လုပ်နေတဲ့အချိန်ဟာ မကောင်းတဲ့ အတိတ်နိမိတ်တွေ ဖြစ်နေကြမှာ ဖြစ်ကြောင်း မှတ်သားကြရမှာ ဖြစ်ပြီး ဒီလို ဘယ်အချိန်၊ဘယ်ကာလစတာတွေ ရွေးကြဖိို့ထက် ဘယ်လိုမကောင်းမှုကို ဘယ်လိုရှောင်ကြဉ်ကြည့်ကြမယ်၊
ဘယ်လိုကောင်းမှုမျိုး ကို ဘယ်လိုရှာပြီး လုပ်ကြမယ် စသဖြင့် ရွေးချယ်ခြင်း ကသာ ဗုဒ္ဓ အလိုတော်ကျ ဖြစ်ကြောင်း ဆိုလိုချင်တာ ဖြစ်ပါတယ်။ဒါကြောင့် ဝါတွင်းကာလ ဘာမလုပ်ရ ၊ ညာမလုပ်ရ စတဲ့အ ယူအဆ တွေဟာ အရိုးစွဲနေတဲ့ ရှေးအယူအဆများ နဲ့ ဗေဒင်နက္ခတ် စတဲ့ လောကဓာတ်ဆရာတွေရဲ့

အယူအဆများသာ ဖြစ်ပြီး ဘုရားဟော အယူအဆ မဟုတ်တဲ့ အပြင် ဘုရားဟောနဲ့လည်း မညီတဲ့အလုပ်များ ဖြစ်တဲ့အတွက် ဒီလိုအယူအဆတွေမှာ အာရုံမထားကြဘဲ တကယ် အလေးထားရမှာက မိမိတို့ ရဲ့ လုပ်ရပ်များကိုသာ အလေးထားရမှာ ဖြစ်ကာ ကောင်းတဲ့ အလုပ်၊ ကောင်းတဲ့ အကျင့်များ လုပ်နေကြတဲ့ အချိန်တိုင်း ဟာ ကောင်းတဲ့ ရက်ကောင်းရက်မြတ် အချိန်ကောင်းများပဲ ဖြစ်ပြီး မကောင်း တဲ့ အလုပ်များ ကို လုပ်နေ တဲ့ အချိန်တွေဟာ မ

ကောင်းတဲ့ နက္ခတ်၊ အမင်္ဂလာ အချိန်တွေသာ ဖြစ်တဲ့အတွက် ဝါတွင်းကာလ ဘာမလုပ်ရ၊ညာမလုပ်ရ စတဲ့ အခြေအမြစ်မရှိတဲ့ အယူအဆတွေ လိုက်နေကြမယ့် အစား ကိုယ့်ကိုယ် ကိုသာ အကောင်းဆုံး ဖြစ်အောင် နေကြည့်ကြဖို့ပဲ ဖြစ်ပါကြောင်း အမေးကြည့်၍ အဖြေညှိပေးရင်း လွဲနေတတ် တဲ့ အလွဲတစ်ခု အဖြစ် အလွဲပြ၍ အမှန်မျှဝေလိုက်ရ ပါတယ်။

🙏🙏မနာပ ဒါယီ အရှင်ဝိစိတ္တ🙏🙏
🍀🍀Dahhma Darna🍀🍀

သံဝေဂ အလင်္ကာ🍀🍀🍀🍀🍀🍀နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊အိုမင်းနောက်ဆုံး ရှိချေ၏။ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ယိုယွင်းနောက်...
08/08/2021

သံဝေဂ အလင်္ကာ
🍀🍀🍀🍀🍀🍀

နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊
အိုမင်းနောက်ဆုံး ရှိချေ၏။
ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊
ယိုယွင်းနောက်ဆုံး ရှိချေ၏။
ဝိဉာဏ်ထင်းလင်း၊ သက်ရှင်ခြင်းကား၊
သေခြင်းနောက်ဆုံး ရှိချေ၏။
ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊
ကွေကွင်းနောက်ဆုံး ရှိချေ၏။
တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊
လျှောကျနောက်ဆုံး ရှိချေ၏။
ခုံမင်ခယ၊ ချစ်သမျှကား၊
သောကနောက်ဆုံး ရှိချေ၏။
ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊
ရှုတ်ချနောက်ဆုံး ရှိချေ၏။
ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊
ဒုက္ခနောက်ဆုံး ရှိချေ၏။

🙏(လယ်တီဆရာတော်ဘုရားကြီး)
🙏

🙏🙏🙏🙏
06/08/2021

🙏🙏🙏🙏

31/01/2021

"ဘ၀ကိုအနိုင်ယူခြင်း"☘️☘️☘️

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ🍀🍀

https://youtu.be/SnCTB9l9FKU

Address

Pyawbwe
05211

Alerts

Be the first to know and let us send you an email when KH Dahhma Darna posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram