I Love Zabu Thapyay

I Love Zabu Thapyay ဇမ္ဗူ့သပြေက အပူအအေးမျှတစေပြီး
စိတ်? http://m.me/ILoveZabuThapyay
(1)

🌿ဇမ္ဗူ့ သိဒ္ဓိဝင်နံ့သာတော် နဲ့ မှန်ကူဆွဲပြီး စည်းတားကြမယ်။ကောင်းတာလုပ်ရင် အဖျက်အမှောက်တွေဟာ ရှိလာတတ်ပါတယ်။ဒါဟာ လောကနိယာမ...
08/12/2022

🌿ဇမ္ဗူ့ သိဒ္ဓိဝင်နံ့သာတော် နဲ့ မှန်ကူဆွဲပြီး စည်းတားကြမယ်။

ကောင်းတာလုပ်ရင် အဖျက်အမှောက်တွေဟာ ရှိလာတတ်ပါတယ်။
ဒါဟာ လောကနိယာမ သဘောတရားတစ်ခုမို့ ရှောင်လွှဲရန်လည်း ခက်လှတာပေါ့။

စာကျက်မယ်ဆိုရင် အိပ်ငိုက်လာတာတို့
အလုပ်လုပ်မယ်ဆိုရင် ပျင်းရိလာတာတို့
တရားထိုင်မယ်ဆိုရင် ညောင်းညာကိုက်ခဲပြီး
အဖျက်ဝင်တာတို့ဟာ ဒီသဘောတရားတွေပါပဲ။

ဒီလိုဖြစ်ရခြင်းဟာ အကြောင်းရင်းရှိပါတယ်။
လူသားတို့ဟာ မကောင်းသော အနေအထိုင် အပြုအမူ
အပြောအဆိုတို့ကို သာယာတတ်ကြပါတယ်။
ဒါ့အပြင် သက်တောင့်သက်သာ ရှိမှုကိုလည်း အထူးအလိုရှိတာပေါ့။

ဒီလိုအရာတွေက မိမိဘဝရဲ့ ကြိုးစား အားထုတ်မှုတိုင်းကို နှောက်ယှက်ပြီဆိုရင်တော့
🌿ဇမ္ဗူ့သိဒ္ဓိဝင် နံ့သာတော်ရဲ့ အကူအညီလိုလာပြီပေါ့။
🌿 ဇမ္ဗူ့သိဒ္ဓိဝင် နံ့သာတော်ဟာ
ကိုယ်ရဲ့နံဘေးမှာ မမြင်တွေ့နိုင်သော အမှောင့်ပယောဂတို့ကိုလည်း
အထူးသန့်စင်ဖယ်ရှားပေးတာမို့ ကောင်းတာလုပ်ဖို့ ကြံစည်တိုင်းမှာ အခက်အခဲမရှိဘဲ ဖြောင့်ဖြောင့်တန်းတန်း လုပ်ဆောင်နိုင်ဖို့ရာ အားအဖြစ် ပံ့ပိုးမူတွေယူပါ။

နံ့သာတော်ကို ဉာဏ်ရှိသလို သုံးစွဲတတ်မယ်ဆိုရင်
လောကီရေးရာ အခက်အခဲတို့ကို ကျော်လွှားအောင်မြင်နိုင်ပါတယ်။
ဒါကြောင့် နေ့စဉ်နေ့တိုင်း 🌿 ဇမ္ဗူ့သိဒ္ဓိဝင် နံ့သာတော်ကို အသုံးပြုကာ မိမိထံသို့ရောက်လာနိုင်တဲ့
အမှောင့်ပ‌ ယောဂ
တို့ကို စည်းတားကာ ကာကွယ်ပါ။

ဇမ္ဗူ့သိဒ္ဓိဝင် နံ့သာတော် အကျိုးကြောင့် သုံးစွဲသူအပေါင်း အကျိုးစီးပွားများ နေ့စဉ်တိုးတက်ကြပါစေ။🙏

🍃🍁ဇမ္ဗူ့သိဒ္ဓိဝင်နံ့သာတော်အမှုန့်ကို ရေထဲထည့် သောက်တဲ့အချိန် ဒီနေရာမှာ  အင်မတန် အရေးကြီးတဲ့ အချက်တစ်ခုရှိပါတယ် 🍃🍁မစားခင်...
06/12/2022

🍃🍁ဇမ္ဗူ့သိဒ္ဓိဝင်နံ့သာတော်အမှုန့်ကို ရေထဲထည့် သောက်တဲ့အချိန်

ဒီနေရာမှာ အင်မတန် အရေးကြီးတဲ့ အချက်တစ်ခုရှိပါတယ်

🍃🍁မစားခင် မသောက်ခင်
အရင်ဆုံး စိတ်ထဲမှာ

" ငါ၏ ကိုယ် စိတ်ထဲမှာ ကပ်ငြိ​နေတဲ့
ရောဂါဘယ နာမကျန်းမှုများကို ဇမ္ဗူ့ သိဒ္ဓိဝင်နံ့သာ​တော် အစွမ်းဖြင့် ဖယ်ရှား ရှင်းလင်း လိုက်ပါပြီ"

နံ့သာတော်ကို ဖွဲ့စည်းတည်ဆောက်တဲ့ ရှေးသူတော်ကောင်းတွေရဲ့ စစ်မှန်တဲ့ သစ္စာလှိုင်းတွေ ငြိမ်းအေးတဲ့ မေတ္တာလှိုင်းတွေ ဟာ
တမှုန်ကို တမှုန် တစကို တစ
​ငါ၏ ခန္ဓာကိုယ်ထဲသို့ ပျံ့နှံ့
ပျော်ဝင်စေလိုက်ပါပြီ "

" ငါ၏ ကာယ အညစ်အကြေး စိတ္တ အညစ်အကြေးတွေကို ဇမ္ဗူ့သိဒ္ဓိဝင် နံ့သာတော် ၏ အစွမ်းဖြင့်ဖယ်ရှား ဆေးကြောသန့်စင် လိုက်ပါပြီ "

စတဲ့....ဒီအကြောင်းအရာတွေကို စိတ်သန္တန်မှာ
လေးလေးနက်နက်
သတိ ကြီးကြီး
ဦးခိုက်စူးစိုက်ပေးပြီး

စားပါ သောက်ပါ ရှင့်

🍃🍁မမာကျန်းမှု​တွေရဲ့
အသင်္ချေ ဇစ်မြစ် ​တွေကို

ချေဖျက်ပျော်ဝင်စေတဲ့နေရာမှာ

သိမ်မွေ့လှတဲ့ နံ့သာ ရတနာ တွေ ဓာတ်သတ္တိ တွေနဲ့ ဖွဲ့စည်းဖော်စပ်ထားတဲ့
ဇမ္ဗူ့သိဒ္ဓိဝင် နံ့သာတော်က
ဝန်းရံ ပံ့ပိုးခြင်းဖြင့်
ကျေးဇူးပြုပါလိမ့်မယ်

" သင် ပေးလိုက်ရသည်က တန်ဖိုးတစ်ခုသာ
ရလိုက်သည်က တန်ဖိုးများစွာ "

#ဇမ္ဗု့သိဒ္ဓိဝင်နံ့သာတော်

🌿ဇမ္ဗူ့သပြေလေးကို မျက်နှာ‌တော်သို့တင်ရာဝယ်။မျက်နှာတော်နုနုလေးက အထိမခံရွှေပန်းကန်လေးနော်။❌ဓာတ်မတည့်တာတွေ တင်မိရင်ဖြစ်စေ ❌...
28/11/2022

🌿ဇမ္ဗူ့သပြေလေးကို မျက်နှာ‌တော်သို့တင်ရာဝယ်။

မျက်နှာတော်နုနုလေးက အထိမခံရွှေပန်းကန်လေးနော်။
❌ဓာတ်မတည့်တာတွေ တင်မိရင်ဖြစ်စေ
❌အနံ့ပြင်းတာတွေလိမ်းမိရင်ဖြစ်စေ
အထိခိုက်မခံသော အနေအထားလေးရှိတာပေါ့။

🌿ဇမ္ဗူ့သပြေဆေးတော်က ခန္ဓာကိုယ်တင်မက မျက်နှာတော်ကိုပါ
လိမ်းကျံရတော့ မသုံးစွဲဖူးသူအချို့က စိုးရိမ်စိတ်လေးရှိကြပါတယ်။

ဒီအချက်လေးကိုရှင်းပြချင်ပါတယ်။
မြန်မာ့သနပ်ခါးက skin care မဟုတ်တာမို့
သူ့ကိုလိမ်းရင် အရမ်းသိသာတဲ့ ပြောင်းလဲခြင်းမရှိပေမယ့်
မြန်မာ့မြေက သစ်ပင်လေးမို့ မြန်မာမလေးတို့နဲ့ မတည့်တာမရှိပါဘူး။
🌿ဇမ္ဗူ့သပြေကလည်း ထို့အတူပါပဲ။

မြန်မာ့မြေကထွက်တဲ့ သနပ်ခါးလိုပဲ အပင်တွေကရတဲ့ အရာတွေကို
ပေါင်းစပ်ကာ အသုံးပြုထားပြီး ဓာတုဆေးဝါးအမှီအခိုကင်းတာမို့
အသားအရည်အတွက် အရမ်းကြီးမထူးခြားရင်တောင် မတည့်သူမရှိပါဘူးနော်။

🌿ဇမ္ဗူ့သပြေမိသားစုက အရှိကိုအရှိအတိုင်းသာ ပြောဆိုရောင်းချပါတယ်။
ဆေးတော်ကြီးက သိဒ္ဓိတင် နံ့သာတော်မို့ skin care လိုတော့
အသုံးပြုလို့မရဘူးပေါ့ရှင်။
သူ့အာနိသင်က ကောင်းခြင်းမင်္ဂလာအဖြာအဖြာ ဖြစ်ပေါ်စေပြီး
ကိုယ်ရောင်ကိုယ်ဝါကို တောက်ပစေတဲ့ အရာမို့
သာမာန် skin care တွေနဲ့မတူအောင်
အကျိုးကျေးဇူးကြီးမားတာတော့ အာမခံပါတယ်။

🌿ဇမ္ဗူ့သပြေဆေးတော်တင်မယ့် မျက်နှာတော်နုနုလေးများ ပီယဝင်းပကြည်လင်ပြီး
လူချစ်လူခင်ပေါများလာခြင်းဟာ 🌿ဇမ္ဗူ့သပြေရဲ့
ပီတိလေးပါပဲရှင်။

အကြည်ဓာတ်ဟူသည် ☘️🪞မှန်တစ်ချပ်အစဉ်အမြဲကြည်လင်နေဖို့ သင့်တင့်တဲ့နည်းလမ်းနဲ့ဆေးကြောသန့်စင်ပေးရပါတယ်။👔အဝတ်အထည်တစ်စုံညစ်ထေးသွ...
27/11/2022

အကြည်ဓာတ်ဟူသည် ☘️

🪞မှန်တစ်ချပ်အစဉ်အမြဲကြည်လင်နေဖို့ သင့်တင့်တဲ့နည်းလမ်းနဲ့
ဆေးကြောသန့်စင်ပေးရပါတယ်။
👔အဝတ်အထည်တစ်စုံညစ်ထေးသွားရင် ပြန်လည်လျှော်ဖွတ်မှ သန့်စင်နိုင်သလို
🚿လူတစ်ယောက်ဟာလည်း နေ့စဉ်ရေချိုးသန့်စင်မှ ကြည်လင်လန်းဆန်းနိုင်ပါတယ်။

လူတွေကြား ခေတ်စားတဲ့ အကြည်ဓာတ်ဆိုတာလည်း ထိုနည်းတူပါပဲ။
နေ့စဉ် အတ္တ၊ မာန်မာန၊ လောဘတရားတို့ဟာ မသိစိတ်ကဖြစ်စေ
သိစိတ်ကဖြစ်စေ ညစ်ထေးလာတတ်ပါတယ်။

ကိုယ့်ကိုအကြည်ဓာတ်လေးရှိတယ်ဆိုပြီး လူတွေချစ်ခင်တဲ့အချိန်ကို သတိထားကြည့်ပါ။
ကိုယ့်မှာ အတ္တမာနနည်းပါးနေချိန်တွေ ဖြစ်တတ်ပါတယ်။

🌿ဇမ္ဗူ့သပြေဆေးတော်ကြီးဟာ လူသားတို့ရဲ့ မသိစိတ်က တည်ရှိလာတတ်တဲ့
အမှောင်ဓာတ်တို့ကို ဖယ်ခွာပေးနိုင်ပါတယ်။
သိဒ္ဓိတင်ဆေးဝါးဖြစ်တာမို့ ပုဂ္ဂိုလ်အစောင့်‌အရှောက်တို့နဲ့လည်း
ဆက်သွယ်မှုကာ ကောင်းခြင်းမင်္ဂလာတို့ ဝန်းရံ့ခစေပါသည်။
ကိုယ့်မှာရှိသင့်ရှိထိုက်တဲ့ အကြည်ဓာတ်က လျော့ကျလာရင်
အဆင်မပြေမှုတွေနဲ့အတူ အတိုက်အခိုက်တွေ မလိုမုန်းထားမှုတွေ
ခံစားလာရပါလိမ့်မယ်။
ဒီလိုအခါမှာ 🌿ဇမ္ဗူ့သပြေဆေးတော်နဲ့ ယုံကြည်စွာကိုယ်လက်သန့်စင်ကာ
စိတ်အညစ်တို့ကို ပြန်လည်သန့်စင်ကြည့်လိုက်ပါ။

တစ်ဖန်ပြန်လည်တောက်ပလာသော အကြည်ဓာတ်လေးနဲ့အတူ
လူမှုစီးပွားဘဝ ပွင့်လန်းလာပါလိမ့်မယ်။

🌿ဇမ္ဗူ့သပြေဆေးတော်အစွမ်းအံ့မခန်းဆိုတာ သုံးစွဲဖူးသူတိုင်းအသိပါပေ။

22/11/2022
မတ ပြည့်စုံ စေတောင့်တ ကြောင့်ကြ ကင်းစေအဆုံးတိုင် လှစေသိမ့်နွေး သက်ငြိမ် ထာဝရ တည်စေအဆွေတော်
22/11/2022

မတ ပြည့်စုံ စေ
တောင့်တ ကြောင့်ကြ ကင်းစေ
အဆုံးတိုင် လှစေ
သိမ့်နွေး သက်ငြိမ် ထာဝရ တည်စေ
အဆွေတော်

ညင်ညင်သာသာလေး အသက်ရှူလိုက်တိုင်း စိတ်ဖိစီးမှုတွေ ကုစားသွားနိုင်မယ့် လျှို့ဝှက်ချက်...✨✨🌿 မြတ်ဆုတို့ ခန္ဓာကိုယ်နဲ့ စိတ်မှ...
20/11/2022

ညင်ညင်သာသာလေး အသက်ရှူလိုက်တိုင်း စိတ်ဖိစီးမှုတွေ ကုစားသွားနိုင်မယ့် လျှို့ဝှက်ချက်...✨✨

🌿 မြတ်ဆုတို့ ခန္ဓာကိုယ်နဲ့ စိတ်မှာ
ဖိစီးမှုတွေ စိုးရိမ်ပူပန်မှုတွေ ပင်ပန်းနွမ်းနယ်မှုတွေကြုံလာတဲ့အခါ ကိုယ့်ရဲ့ အသက်ရှူတဲ့ပုံစံကို စမ်းစစ်ဖူးကြလား?

📌 မြတ်ဆုတို့ အဆင်မပြေတဲ့ကာလတွေမှာ ....
အသက်ရှုနှုန်းတွေက မြန်နေသလို နှလုံးခုန်နှုန်းတွေက မြန်နေလေ့ရှိပါတယ်

စိတ်ဖိစီးမှုတွေဖြစ်လာပြီဆိုရင် အကောင်းဆုံးနည်းလမ်းကတော့ အသက်ရှုခြင်း ပါပဲ.....

🌿✨ ပုံမှန်လေး အသက်ရှုသွင်းခြင်းကို လေ့ကျင့်ခန်းတစ်ခုလို လုပ်တဲ့သူတွေရဲ့

ဦးနှောက်ဟာ " သက်တောင့်သက်သာဖြစ်စေဖို့ .."
" စိတ်အေးအေးထားဖို့ ..."

ခန္ဓာကိုယ်ကို အမြဲ Messageလေးတွေ ပို့ပေးသလို ရှုရှိုက်လိုက်တဲ့‌ လေထုလေးတွေထဲမှာ အင်မတန် တန်ဖိုးရှိသော ပရာဏဓါတ် ( ဇီဝဩဇာဓါတ် ) တွေကြောင့်

🌿✨ ဦးနှောက်ကတဆင့် ခန္ဓာကိုယ်နဲ့ စိတ်ဝိညဏ်ကို အစွမ်းကုန် Relax ဖြစ်စေတဲ့အတွက် Breathing Exercise ပုံမှန်လုပ်တဲ့သူတွေမှာ
နေ့စဥ်ဘဝကို သက်တောင့်သက်သာနဲ့ ဖြတ်သန်းနိုင်ကြပါတယ်

📌ဒါပေမယ့် လူအများစုရဲ့ ပြဿနာက ရှူသွင်းလိုက်တဲ့လေဟာ ရင်ညွှန့်ထိပဲ အလွန်ဆုံး ရောက်ကြပါတယ်

🌿✨ အဲ့အတွက်...လျှို့ဝှက်ချက်ကတော့

ပထမဦးဆုံးသက်တောင့်သက်သာနေပါ
ထိုင်တာမျိုး လှဲလှောင်းတာမျိုးလုပ်လို့ရပါတယ်

🌿✨ အချိန်လေးပေးပြီး
ခန္ဓာကိုယ်အနှံ့ ဇမ္ဗူ့သပြေ လိမ်းကျံပြီး
ပုံမှန် ဝင်သက် ထွက်သက်လေး ကို အာရုံစိုက်ပေးမယ်ဆိုရင် ရှူရှိုက်လိုက်တဲ့ ဝင်လေ ဟာ ချက်တိုင်အထိ ပြည့်ပြည့်ဝဝ ရောက်ရှိသွားတာကို ထင််ထင်ရှားရှား ခံစားရမှာပါရှင်...

🌿🌿 ဇမ္ဗူ့သပြေ ရဲ့ ထူးခြားချက်လေးကလေ
နှလုံးအိမ်ရဲ့ တေဇော ဓါတ်ကို လိုအပ်တဲ့ပမဏအတိုင်း တိတိပပ ညှိ ပေးတာ မို့ လိမ်းကျံပြီး အသက်ရှူသွင်းလိုက်တိုင်း ...
ဝင်လေ ထွက်လေ ဟာ ခါတိုင်း နှင့် မတူဘဲ နှလုံးသားထဲထိ နက်နက်ရှိုင်းရှိုင်း တိုးဝင်စွဲမြဲလာပြီး အသက်ရှင်သန်ရတာ လေးနက်လာပါလိမ့်မယ် ...

🌿🌿 လိမ်းကျံပီးတာနဲ့ ထူးခြားတဲ့ သဘာဝ နံ့သာနံ့လေးကလည်း ထူးခြား သင်းပျံ့နေတာမို့ စိတ်ငြိမ်သက်ကြည်လင်ခြင်းတွေနဲ့ အတူ....
ဘုန်းကျက်သရေ တိုးလို့ တန်ဖိုးရှိတဲ့ စက္ကန့်များ
ပိုင်ဆိုင်နိုင်ကြပါစေရှင်

✨📌 အသေးစိတ်သိလိုတယ်ဆိုရင်တော့...

ဖုန်း 09254585864ကို ဆက်လိုက်ပါနော်

🤍 နှလုံးသားထဲက ဆန္ဒ​တွေပြည့်ဝ​​​ပြီဆိုရင်.....🎯သင်ဖြစ်ချင်တဲ့ တစုံတခုကို ရင်ထဲက တစိုက်မတ်မတ် တောင်းဆိုတဲ့အခါ.....ဘာ​ကြော...
20/11/2022

🤍 နှလုံးသားထဲက ဆန္ဒ​တွေပြည့်ဝ​​​ပြီဆိုရင်.....

🎯သင်ဖြစ်ချင်တဲ့ တစုံတခုကို ရင်ထဲက တစိုက်မတ်မတ် တောင်းဆိုတဲ့အခါ.....ဘာ​ကြောင့် သင့်ထံ ထင်ထင်ရှားရှား မ​ရောက်ရှိ​သေးတာလဲ ?

📌 မိမိဘဝရဲ့ လိုအင်ဆန္ဒတွေပြည့်​မြောက်​စေရန်အတွက် မိမိမှာ လုံလောက်တဲ့ quality တွေရှိကြောင်းကို မိမိနှလုံးသားထဲကနေ နှစ်နှစ်ကာကာ ယုံကြည်မူဟာ အမှန်တကယ် အားနည်းနေလို့ပါ။

📌 ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ ရည်ရွယ်ချက်တွေအားလုံးဟာ ကိုယ်နဲ့ အမှန်တကယ် ထိုက်တန်ပါတယ်ဆိုတာ ကိုယ့်ရဲ့နှလုံးသားထဲက​နေ နက်နက်ရှိုင်းရှိုင်း အသိအမှတ် မပြုမိတာ​တွေကြောင့်ပါ ။

⭐️Manifestation ရဲ့ ကိုယ်တွေ့ လျှို့ဝှက်ချက်တစ်ခုကတော့ …✨✨

❤️Mind လို့ခေါ်တဲ့ စိတ်ရယ်
❤️Body ဆိုတဲ့ ခန္ဓာကိုယ်ရယ်
❤️Emotion လို့ခေါ်တဲ့ စိတ်ခံစားချက်တွေရယ်
❤️Energy လို့ခေါ်တဲ့ နှလုံးသားမှလာတဲ့စွမ်းအင်ရယ်

✨️ဒီ dimension လေးခုက နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာထိ တပြိုင်နက် လှုပ်နှိုးမိတဲ့အခါ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒ၊ ကိုယ်ရချင်အရာများစွာဟာ မဖြစ်မနေ ကိုယ့်ဆီ ရောက်ရှိပိုင်ဆိုင်လာရပါတယ်။

✨️ဒီအရာတွေထဲမှာ တစ်သားထဲဖြစ်ဖို့ ဆိုတာ ကိုယ့်ရဲ့ နှလုံးသားအတွင်းထဲမှာ တားဆီးပိတ်ဆို့နေတာတွေကို ဦးဆုံးဖယ်ရှား ရှင်းလင်းထားဖို့က အဓိက ကျပါတယ် ။

⛳️⛳️ ဒါတွေအားလုံး နှလုံးသားထဲမှ ပိတ်ဆို့နေတာတွေကို ဖယ်ရှားရှင်းလင်းပြီး
မိမိဖြစ်ချင်တဲ့ဆန္ဒ​တွေပြည့်ဝ​ဖို့ အကောင်အထည်ဖော် တည်ဆောက်ပြီး
ကိုယ်လိုချင်တဲ့ ​ရွှေ​​ရောင်ဘဝခရီးလမ်းတစ်ခုဆီသို့
မိမိကိုယ်တိုင် လမ်းခင်းဖန်တီးပြီးလျှောက်လှမ်းသွားကြပါစို့…..

🌟🌟ဆန္ဒပြည့်ဝ နှလုံးလှ ဇမ္ဗူ့သပြေနှင့်အတူ ရယူကြ✨✨


#
#ဆုဆုလင်းထက်
#မႂ်ႇသုင်ၶႃႈ
#ၸဝၲႈၶုၼၲၼၢငၲး(တႆႈ)
#စဝ်ခွန်နန်း(Tai)
(Tai)

🍂🍃ရိုးရှင်းနေပေမယ့်   အများနဲ့မတူပဲ ထူးခြားပေါ်လွင်နေတာကိုက နှစ်လိုဖွယ်ကောင်းနေတာ !!!  🍃🍂ရှေးမြန်မာဘုရင်တွေ လက်ထပ်က စတင်...
18/11/2022

🍂🍃ရိုးရှင်းနေပေမယ့် အများနဲ့မတူပဲ ထူးခြားပေါ်လွင်နေတာကိုက
နှစ်လိုဖွယ်ကောင်းနေတာ !!!


🍃🍂ရှေးမြန်မာဘုရင်တွေ လက်ထပ်က စတင်ပြီး နန်းတွင်းမြန်မာ့ အမျိုးသမီး များ အစပြုလို့ မိဖုရားခေါင်ဒေဝီကြီးတွေကိုယ်တိုင်
နံ့သာနီ၊ နံ့သာဖြူ၊ ကရမက် ၊ အကျော် ၊ ကတိုး ၊ စမ္ပါရယ်လို့ နန်းတွင်းတော်ဝင်သုံးနံ့သာတော်တွေအဖြစ်သတ်မှတ်ပြီး သနပ်ခါးနဲ့ တွဲဖက်ပြီး
အမြတ်တနိုး အလှဆင် လိမ်းခြယ်ခဲ့ကြတယ်တဲ့

🍃🍂ယနေ့ခေတ်မှာတော့ နံ့သာများကို
လိမ်းခြယ်တဲ့ ချစ်စရာဓလေ့ကလေးဟာ မှေးမှိန်တိမ်ကောလာလုနီးပါးဖြစ်လာသလို
လိမ်းကျံထားရင်တောင် ထူးထူးဆန်းဆန်းလေး ဖြစ်လို့နေပါတယ်

“ ခေတ်‌ရေစီးကြောင်းအရ ကြီးစိုးစရာရှိတာ ကြီးစိုးရပေမယ့် ...
အဖိုးထိုက်တဲ့ ဓလေ့ဆိုတာတော့
တိမ်ကောပျောက်ကွယ်မသွားကောင်းဖူးမလား??

🍃🍂ဇမ္ဗူ့သိဒ္ဓိဝင်နံ့သာတော်လေးဟာ
ကိုယ်စိတ်နှလုံးကို တည်ကြည်စွာ အာရုံပြုမွေ့လျော်စေဖို့
နွေးထွေးပေါ့ပါးမှု တစ်စုံတရာခြုံလွှမ်းဖန်တီးပေးနိုင်မယ့် ခိုနားရာအထောက်အပံ့ကောင်းလေးတစ်ခုပါပဲ

✨အထောက်အပံ့ကောင်းလေးတစ်ခုလို လိုအပ်လာပြီဆိုတော့ နံ့သာတော် လေးနဲ့ပဲ လွယ်လွယ်ကူကူ မျက်နှာပေါ်မှာ လိမ်းကျံတန်ဆာဆင်ဖို့ အကြံပေးချင်ပါတယ်။

✨နံ့သာတော်ခဲလေးကိုဆို မျက်နှာပေါ်မှာ လိမ်းကျံတာအပြင် အခြားနည်းလမ်းတွေရောတွေးမိကြလား?
မြတ်ဆု ကတော့ ဆံစဖျားလေး မှာ တို့ဖို့ စဉ်းစားမိတယ်။ ရေစက်ပွင့်လေးတို့ရော?



#ဇမ္ဗူ့သိဒ္ဓိဝင်နံ့သာတော်

15/11/2022
သစ်တစ်ပင်ကောင်းလို့ ငှက်တစ်သောင်းနားစေချင်။ဒီစာလေးကတော့ 🌿ဇမ္ဗူ့သပြေရဲ့ ရေစက်ပွင့်လေးများကိုမိသားစုလိုက် တိုးတက်စေချင်တဲ့...
15/11/2022

သစ်တစ်ပင်ကောင်းလို့ ငှက်တစ်သောင်းနားစေချင်။

ဒီစာလေးကတော့ 🌿ဇမ္ဗူ့သပြေရဲ့ ရေစက်ပွင့်လေးများကို
မိသားစုလိုက် တိုးတက်စေချင်တဲ့စေတနာနဲ့
ရေးသားတင်ဆက်မိတဲ့စာလေးဖြစ်ပါတယ်။

ကုသိုလ်ထူးခြားသူတို့ဟာ မိမိကိုယ်ကိုသာမက
မိသားစုနဲ့ ဆွေမျိုးကိုပါ ထောက်ပံ့ ကူညီနိုင်ပါတယ်။
မိမိရဲ့ ကုသိုလ်အရှိန်ကြောင့် မိမိဘေးနားက
မိသားစုတွေအားလုံးကို ခိုနားရာအရိပ်ပေးစွမ်းနိုင်ပါတယ်။

ဒီတော့ ကုသိုလ်ထူးခြားသူဖြစ်အောင်
ဘယ်လိုကြိုးစားကြံဆောင်ပါမလဲ?

မနက်ခင်းတိုင်းမှာ စိတ်လက်ကြည်သာနိုးထပါ။
🌿ဇမ္ဗူ့သပြေဆေးတော်ကြီးကို တစ်ကိုယ်လုံးသုတ်လိမ်းကာ
ရေချိုးသန့်စင်မယ်ဆိုရင် ညဘက်ကောင်းမွန်စွာ
အိပ်စက်နိုင်တဲ့ ဂုဏ်သတ္တိကိုရရှိပါမယ်။

ဒါကြောင့်ကျက်သရေအဖြာဖြာ ရှိတဲ့မနက်ခင်းမှာ
မိမိရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို
စိတ်ကြည်လင်စွာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။

တစ်နေ့တာပတ်လုံး မင်္ဂလာရှိသောစကားကိုသာဆိုပါ။
စကားနောက်တရားပါဆိုတဲ့ စကားရပ်ဟာ
မှန်ကန်သင့်မြတ်ပါတယ်။
ဒါကြောင့် မရှိစကားထက် ရှိစကားကိုသာ
တွင်တွင် ဆိုစေချင်ပါတယ်။

အလှူ တစ်ခုနေ့စဉ်ပြုပါ။
ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်ထဲက
သင့်တော်ရာကို
နေ့စဉ်ပုံမှန်ပြုလုပ်နိုင်အောင် ကြိုးစားအားထုတ်ကြည့်ပါ။

မိဘကို နေ့စဉ်ပြုစုကျွေးမွေးပါ။
တရားဓမ္မအလုပ်ကို ပိုမိုလုပ်ဆောင်နိုင်ရန်အားပေးကူညီပါ။
🌿ဇမ္ဗူ့သပြေရဲ့ ဆေးအစွမ်းဟာ
သက်ကြီးရွယ်အိုများကို စိတ်ကြည်စေပါတယ်။
ဆေးတော်ကို တစ်ကိုယ်လုံးသုတ်လိမ်းကာ ရေချိုးသန့်စင်မယ်ဆိုရင်
အခိုးပွင့်ပြီး အမှောင်ဓာတ်လွင့်ပျယ်ကာ
စိတ်ကြည်လင်ပြီး ဘုရားတရားကို
လန်းဆန်းစွာပြုလုပ်နိုင်ပါလိမ့်မယ်။

လူသားတွေဟာ ရိုးရှင်းသောလုပ်ငန်းစဉ်တို့ကို
မေ့လျော့ကာနေတတ်ပါတယ်။
ဒါကြောင့် မမေ့မလျော့သတိနဲ့‌နေထိုင်ကျင့်သုံးနိုင်ရန်🌿ဇမ္ဗူ့သပြေမိသားစုမှ
အသိ၊ သတိပေးစာပေလေး မေတ္တာနဲ့ ဖြန့်ဝေလိုက်ပါရစေရှင်။

Address

Pyay
011849

Alerts

Be the first to know and let us send you an email when I Love Zabu Thapyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to I Love Zabu Thapyay:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram