Htet WaiYan Kyaw

Htet WaiYan Kyaw Your Spiritual Guide

✨ရန်အောင်၍ မျက်နှာပွင့်လန်းသော ယုန်မင်းဂါထာ✨ဥုံ တုဋ္ဌေဟိ တုဋ္ဌေဟိ မဟိတုဋ္ဌေဟိမေတ္တာယ မေတ္တာယ ပီယေန ပီယေနဗောဓိသတ္တော သတော...
23/04/2026

✨ရန်အောင်၍ မျက်နှာပွင့်လန်းသော ယုန်မင်းဂါထာ✨

ဥုံ တုဋ္ဌေဟိ တုဋ္ဌေဟိ မဟိတုဋ္ဌေဟိ
မေတ္တာယ မေတ္တာယ ပီယေန ပီယေန
ဗောဓိသတ္တော သတော သတော ဣဟွတ်ဟွတ်

ဤဂါထာဖြင့် လက်ဝါးကို ၇ခါမန်း၍ မျက်နှာကို၃ကြိမ်သပ်ချပြီးမှခရီးသွားပါ။သွားလေရာဘေးကင်းမည်။ကူညီစောင်မမည့်သူ‌များမည်။လူချစ်လူခင်ပေါမည်။ပြောတိုင်းအောင်မည်။ဈေးသည် ကုန်သည်များအတွက်အထူးကောင်းလှသည့်ဂါထာဖြစ်သည်။

✨ကြီးပွားတိုးတက်စည်းစိမ်တိုးစေရန် ယတြာသစ်ပင်စိုက်နည်း✨တနင်္ဂနွေသားသမီးများ မြောက်အရပ်တွင် ပုန်းညက်ပင်စိုက်ပါ။တနင်္လာသားသ...
23/04/2026

✨ကြီးပွားတိုးတက်စည်းစိမ်တိုးစေရန် ယတြာသစ်ပင်စိုက်နည်း✨

တနင်္ဂနွေသားသမီးများ မြောက်အရပ်တွင် ပုန်းညက်ပင်စိုက်ပါ။
တနင်္လာသားသမီးများ အရှေ့မြောက်အရပ်တွင် ချယားပင်စိုက်ပါ။
အင်္ဂါသားသမီးများ အရှေ့အရပ်တွင် သရဖီပင်စိုက်ပါ။
ဗုဒ္ဓဟူးသားသမီးများ အရှေ့တောင်အရပ်တွင် ကွမ်းသီးပင်စိုက်ပါ။
ကြာသပတေးသားသမီးများ အနောက်တောင်အရပ်တွင် ဒန်းပင်စိုက်ပါ။
သောကြာသားသမီးများ အနောက်မြောက်အရပ်တွင် အုန်းပင်စိုက်ပါ။
စနေသားသမီးများ တောင်အရပ်တွင် ကံ့ကော်ပင် စိုက်ပါ။

#

မျက်နှာလေးသစ်ရင်း လူချစ်လူခင်ပေါအောင် စန်းပွင့်အောင်မလုပ်ချင်ကြဘူးလား။မိမိမျက်နှာသစ်မယ့်ရေခွက်ကလေးကို ကြည့်ပြီး "ဗုဒ္ဓံ ...
22/04/2026

မျက်နှာလေးသစ်ရင်း လူချစ်လူခင်ပေါအောင် စန်းပွင့်အောင်မလုပ်ချင်ကြဘူးလား။

မိမိမျက်နှာသစ်မယ့်ရေခွက်ကလေးကို ကြည့်ပြီး

"ဗုဒ္ဓံ ဓမ္မံ သံဃဉ္စ မာတင်္ဂေါ ဣတ္တိယော ပုရိသ
ဓမ်မနာနံ ပီယလာဘံ ဒေမ"

ဤဂါထာလေးကို (၇ခေါက်) ရွတ်ဆိုပြီး မျက်နှာသစ်ပါ။
အားလုံးပဲ လူချစ်လူခင်ပေါလို့ စန်းပွင့်ကြပါစေ💫💫💫

ယခု တားရော့နိမိတ်လေးတွေ့ရှိသူတွေသည် တားရော့၏ကံကြမ္မာနိမိတ်ဖြင့်ကံစပ်သူများသာဖြစ်ပါသည်။ဖတ်ရှုပြီး energy ကိုက်ညီမှုရှိပါက...
19/04/2026

ယခု တားရော့နိမိတ်လေးတွေ့ရှိသူတွေသည် တားရော့၏ကံကြမ္မာနိမိတ်ဖြင့်ကံစပ်သူများသာဖြစ်ပါသည်။ဖတ်ရှုပြီး energy ကိုက်ညီမှုရှိပါက သူငယ်ချင်းမိတ်‌ းဆွေတွေကိုလည်းshare ခြင်းပြုလုပ်ပေးပါခင်ဗျ။

၂၀ ရက်နေ့ မှ ၂၆.၄.၂၀၂၆ ရက်နေ့ထိ ၇ရက်သားသမီးအားလုံးအတွက် တားရော့လေးကပြောတဲ့ကံကြမ္မာနိမိတ်အကြောင်းလေးတင်ပြလိုက်ပါတယ်
ယခုကာလအတွင်း အပေါင်းအသင်းမိတ်ဆွေကောင်းများပေါများတတ်ပါတယ်။ မိမိအပေါ်တန်ဘိုးထားတတ်သူများနေမယ့်ကာလတခုဖြစ်ပါတယ်။ မိမိရဲ့လုပ်ငန်းပိုင်းအနေအေးနေတတ်ပြီး တချို့ဆို လုပ်ငန်းပိုင်းထိခိုက်နစ်နာတာမျိုးထိရှိတတ်ပါတယ်။ ဝင်ငွေ ထက် ထွက်ငွေများနေတတ်ပြီး ငွေကြေးကြောင့်ခေါင်းခဲနေရတတ်တဲ့ကာလတခုကိုဖြတ်ကျော်နေရတတ်ပါတယ်။ မိမိကိုချစ်မြတ်နိူးသူများပြီးစန်းပွင့်နေမယ့်အချိန်အခါဖြစ်ပါတယ်။ရပ်ဝေးမှသူနှင့်ချစ်သူဖြစ်ခြင်း ၊ စာအဆက်အသွယ်ရခြင်းမျိုးရှိမည်။ မိမိကိုတဦးထက်မကချစ်ရေးဆိုခြင်း ၊ သ‌ဘောကျကြောင်းဖွင့်ဟဝန်ခံခြင်းမျိုးရှိမည်။ နေထိုင်မကောင်းသူများ ဆရာကောင်းသမားကောင်းနဲ့တွေ့၍ကျန်းမာမည်။

တားရော့ယတြာနည်းလေးလည်းပေးလိုက်ပါတယ်။
မိမိရဲ့မှန်ကန်သောသစ္စာကိုဆို၍အရာရာလုပ်ကိုင်ဆောင်ရွက်ပါ။ အဝေးကြီးကအရာကိုမမျှော်လင့်ဘဲ အနီးနားကအရာကိုတန်ဘိုးထားပေးပါ။မိသားစုချစ်ခင်မှုကိုအာရုံစိုက်ပေးပါ။ဘုရားမှာ သစ်သီးလှုဒါန်းပါခင်ဗျ။ ဒါဆိုရင်ဖြင့် တပတ်တာအတွင်း သင့်ရဲ့ကံကြမ္မာတွေပြောင်းလဲတိုးတက်လာပါမယ်ဆိုတာလေးအကြံပြုလိုက်ပါရစေ✨✨✨

19/04/2026
18/04/2026

အမျိုးသမီးများသာမက သနပ်ခါးလိမ်းတတ်တဲ့အမျိုးသားများပါ လုပ်ဆောင်နိူင်သည့် သနပ်ခါးမန်း

" ဥုံ မိဂရာဇာချင်း ရထာတထေဝီတ"

သည်ဂါထာလေးကို သနပ်ခါးသွေးစဉ် အသက်အောင့်ပြီး (၇)ခါရွတ်ရပါမယ်။

ဘာတွေစွမ်းသလဲဆို စကားပြောရာမှာ
✨ကိုယ့်စကားနားဝင်ပီယံချိုမယ်။
✨ချစ်သူတွေအဆင်မပြေဖြစ်နေရင်လည်းလုပ်ကြည့် အိုကေသွားမယ်။
✨ကိုယ့် Crush နဲ့နီးစပ်ချင်တဲ့အခါလည်းအသုံးပြုနိုင်ပါသေးတယ်ခင်ဗျ။

(ဂါထာတိုလို့အထင်မသေးစေလိုပါခင်ဗျ)✨✨✨

16/04/2026

✨လက်ကိုင်ပုဝါမန်းပီယ✨
(ယောင်္ကျား/မိန်းမ)အကုန်အသုံးပြုလို့ရပါတယ်။

"ဥုံ သစ္စာခံ မေတ္တာမံ ပေဝါယံ
ချစ်စရာချစ် ချဉ်းဆရာချဉ်း"

ဤဂါထာဖြင့် လက်ကိုင်ပုဝါအသစ်တထည်အား ၃၇ခေါက်မန်း၍ ဆောင်ကြည့်ပါ။
(ပီယကောင်းလှသည်)

နောက်တနည်းက ကိုယ်စားမယ့်အစားတခုခုကို အောက်ပါဂါထာဖြင့် (၇)ခါရွတ်၍စားပြီး စကားပြောဆိုကြည့်ပါ။

"ဥုံ ဧဟိဗန်ဓံ ဆာဟယကပ်"

ဂါထာတိုပေမယ့် အစွမ်းထက်လှပါတယ်။

ဤနည်းများသည် ကျမ်းများမှလည်းကောင်း၊သင်ဆရာ မြင်ဆရာ ကြားဆရာတို့ကြောင့် ရရှိထားသော ရှေးမူများဖြစ်သည်။ယုံကြည်စွာဆောင်ရွက်ကြည့်ပါ။
မဟုတ်မမှန်၊စိတ်ထားမမှန်ကန်လျှင် ခံရတတ်သည်ကိုတော့သတိပြုပေးပါ။

14/04/2026

💸 ပိုက်ဆံဝင်ခါနီးဆိုရင်ပြလေ့ရှိတဲ့ ရှေ့ပြေး နိမိတ် (၇) မျိုး 🔮💸💸💸
👉 အိမ်မက်အမျိုးမျိုးရှိပါတယ်။ တစ်ချို့အိမ်မက် တွေက ရှေ့မှာဖြစ်လာတော့မယ့် အရာတွေကို နိမိတ်ပြတဲ့အိမ်မက်မျိုးတွေရှိပါတယ်။

👉 ဒီလိုအရာ တွေကို မယုံကြည်တဲ့ လူမျိုးတွေရှိကောင်းရှိနိုင် ပေမယ့် အပြင်မှာတကယ်လည်းဖြစ်ခဲ့၊ ရှိခဲ့တယ် ဆိုတဲ့ သာဓကတွေအများကြီးရှိပါတယ်။

💸 ပိုက်ဆံဝင်ခါနီးရင် ဘယ်လိုအိမ်မက်မျိုးတွေ မက် လေ့ရှိလဲဆိုတာကို ချစ်ပရိတ်သတ်ကြီး အတွက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ် နော်။👇
👉 နို့ (ဒါမှမဟုတ်) ပျားရည် အိမ်မက်ထဲမှာ နို့ တွေကိုမက်တာ ဒါမှမဟုတ် ပျားရည်ကို မက်တာ မျိုးက မကြာခင်မှာ ငွေဝင်တော့မယ်ဆိုတဲ့နိမိတ် ပါပဲ။💰💸💫

👉 ဥပမာ- ပျားအုံကြီးကို ပျားရည်ညှစ်တာမျိုး၊ နွားနို့ ညှစ်တာမျိုး၊ နို့တွေကလမ်းတွေပေါ်မှာ ဖုံးလွှမ်းနေတာ မျိုးအစရှိတဲ့ အိမ်မက်မျိုးပါ။ ရွှေ နဲ့ လက်ဝတ်ရတနာ ရွှေဆိုတာက ချမ်းသာ ကြွယ်ဝမှုရဲ့ လက္ခာဏာတစ်ခုပါ။💰💸💵

👉 ကိုယ့်ရဲ့အိမ်မက်ထဲမှာရွှေတွေကိုမြင်မက်ရင် လည်း ဒါဟာ မကြာခင်မှာ ချမ်းသာတော့မယ်ဆို တဲ့ ရှေ့ပြေးနမိတ် ဖြစ်ပါတယ်။💫💰💸

👉 နောက်တစ်ခုကတော့ အိမ်မက်ထဲမှာ နားကပ်ပန် ရတယ်၊ လက်စွပ်တွေဝတ်ရတယ်ဆိုပြီး မက် တာ မျိုးပါ။ အဲ့လိုမက်နေပြီဆိုရင်တော့ မကြာခင်မှာ သင်ဝင်ငွေရတော့မှာပါ။💸💸💸✅

👉 ဥပမာ- အိမ်မက်ထဲမှာ ရွှေချောင်းတွေ၊ ရွှေတုံးတွေရှိတဲ့နေရာ တစ်ရာကိုရောက်တာမျိုး၊ လက်ဆောင်ရတာမျိုး၊ နားကပ်တွေ ပန်ရတယ် လို့ အိမ်မက်မက်တာ မျိုးပါ။ 👉 နံပါတ်(၈) ဂဏန်း နံပါတ် (၈) က တရုတ်နဲ့ အာရှနိုင်ငံတွေမှာဆိုရင် ကံကောင်းစေတဲ့ နံပါတ်တွေလို့ သတ်မှတ်ခံထား ရတာပါ။🔮🤲💫

👉 ဒါပေမယ့် မြန်မာမှာတော့ (၈) ဂဏန်းက မ ကောင်းဘူးဆိုတဲ့ အယူအဆ တစ်ချို့တော့ ရှိပါ တယ်။ ဒါပေမယ့်လည်း (၈) က ဝင်ငွေခါနီးရင် တွေ့ရတတ်တဲ့ ရှေ့ပြေးအရာတွေထဲက တစ်ခုပါ။ (၈) ဂဏန်းကိုမက်ပြီဆိုရင်တော့ သင်မကြာခင် ငွေကံကောင်းတော့မှာ ဖြစ်ပါတယ်။💰💸

👉 လင်းယုန် လင်းယုန်ကို မက်တာကလည်း ငွေ ဝင်မယ့် ရှေ့ပြေးနိမိတ် အိမ်မက်ပါ။ လင်းယုန် က တော့ ရဲရင့်မှု၊ သတ္တိရှိမှု ကို ကိုယ်စား ပြု တဲ့ တိရ စ္ဆာန်ပါ။ ဂရိဒဏ္ဍာရီမှာ ဆိုရင်လင်းယုန် ကZeus နတ်ဖုရားရဲ့ ကူညီပံ့ပိုးသူအဖြစ် လက်ခံ ယုံကြည်ကြပါတယ်။

👉 လင်းယုန်ကို အိမ်မက်မက်ရင် ငွေဝင်မယ်၊ ကြံစည်သမျှ အောင်မြင်မယ်ဆိုတဲ့အယူ ရတယ်။ မစင် နဲ့ ပိုက်ဆံ မစင်ကရွံ့စရာလို့ ထင်ပေမယ့် သူ့ ကိုအိမ်မက်မက်ရင်တော့ ငွေဝင်တတ်ပါတယ်။ မစင်တွင်းထဲကျတာ၊ ချီးပုံ နင်းမိတာချီးတွေကို တွေ့တာမျိုးတွေ မြင်ရင်မကြာခင်မှာ ငွေဝင်တတ် ပါတယ်။🤲💸💸

👉 နောက်တစ်ခုကတော့ ပိုက်ဆံပါ။ပိုက်ဆံတွေကို အိမ်မက်ထဲမှာ အပုံလိုက်မက်ရင်လည်း အပြင် မှာပါ ငွေဝင်တတ်ပါတယ်။ ဂျုံ၊ စပါး ဒါတွေ ကတော့အ ခြေခံမရှိမဖြစ် စားသောက်ကုန်လို့ ပြောလို့ရပါတယ်။

👉 ဂျုံ၊စပါး ဆိုတာမျိုး က ချမ်းသာခြင်း၊ပျော်ရွှင်မှု့ ကို ကိုယ်စားပြုတဲ့ အရာတွေပါ။ ဒါကြောင့် သူတို့ ကို အိမ်မက်မက်ရင်လည်း ကံကောင်းတတ်၊ငွေ ဝင် တတ်ပါတယ်။💸💸💵

👉 အကောင်တွေ တိရ စ္ဆာန်ထဲမှာဆိုရင်တော့နွား၊ ဆင်တွေ၊မြင်းတွေကို မက်တာကလည်း ငွေဝင် မယ်ဆိုတဲ့ ရှေ့ပြေးလက္ခဏာပဲ ဖြစ်ပါတယ်။ ငှက်ဆိုရင် ကြက်တူရွေး၊ မြွေ၊ ပျား၊ ကင်းမြီးကောက်၊ ကြွက်တို့ကို မက်ရင်လည်း ငွေဝင်တတ်ပါတယ်နော် 💸💰💰

Credit:::

မေတ္တာပို့နည်းလေးပါ🙏🙏🙏
12/04/2026

မေတ္တာပို့နည်းလေးပါ🙏🙏🙏

Address

1Street
Pyay

Telephone

+959970650815

Website

Alerts

Be the first to know and let us send you an email when Htet WaiYan Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share