Htet WaiYan Kyaw

Htet WaiYan Kyaw Tarot Reader & Occultism🔮

နောကိုးတန် ဣစ္ဆိတံလိုတရဂါထာတော်
29/01/2026

နောကိုးတန် ဣစ္ဆိတံလိုတရဂါထာတော်

အမှောင့်ပယောဂ၊မြေဆိုး၊စိတ်မသန့်ဟုထင်မိသည့်အခါဤ ရှင်ဥပဂုတ္တပုံတော် အား မှိုင်းကိုင်စက္ကူတွင်ဆွဲ၍ ပွဲ၌တင်ကာထားပါ။ အရေးအကြေ...
29/01/2026

အမှောင့်ပယောဂ၊မြေဆိုး၊စိတ်မသန့်ဟုထင်မိသည့်အခါဤ ရှင်ဥပဂုတ္တပုံတော် အား မှိုင်းကိုင်စက္ကူတွင်ဆွဲ၍ ပွဲ၌တင်ကာထားပါ။ အရေးအကြောင်းရှိသောအခါ ရေသန့်ထဲထည့်၍ ဖျန်းတောက်ခြင်း၊သောက်ခြင်း ပြုလုပ်ပေးနိုင်ပါသည်။

27/01/2026

⚜️ဇီးကွက်အစီအရင်⚜️


ဇီးကွက်ဖိုမရုပ်တစ်စုံဝယ်ပါ။ လင်ဗန်းတစ်ချပ်တွင် ပိတ်ဖြူခင်း၍ ဆွမ်း ၊ ရေချမ်း လှူဖွယ်တို့နှင့်တကွ ဇီးကွက်ဖိုမကိုပါထည့်၍ဘုရားကပ်လှူပါ။ ထို့နောက် ဘုရားရှိခိုး သီလယူ။ မေတ္တာသုတ်ရွတ် သို့မဟုတ် တတ်အားသမျှမေတ္တာပို့ပါ။
ပြီးလျှင် ပြန်စွန့်၍ အောက်ပါ လာဘ်ခေါ်မန္တာန်ဖြင့်
တစ်ထောင်ပြည့်အောင် စုတ်ပါ။ပြီးလျှင် အမွှေးနံံ့သာပက်ဖြန်း၍လိုသောနေရာတွင်ဆောင်ထားပါ။ နေ့စဉ်အမွှေးနံ့သာပက်ဖြန်းပေးပါ။

✨လာဘ်ခေါ်မန္တာန်✨

" ဥုံ သုဝဏ္ဏလာဘံ ရာဇတလာဘံ ပီယံမမ "

25/01/2026

ဆိုင်ခန်း ၊ ရုံးခန်း ၊ ကုမ္ပဏီ ဖွင့်ထားသူတွေအနေနဲ့ မိမိကောင်တာစားပွဲပေါ်မှာ ဖန်ပုလင်းအကြည်အလွတ်ထဲ နှမ်းဆီတစက်ထည့်ပြီး ဒေါင်းတောင် ၃ချောင်းစိုက်ထားပါ။ အထူးဈေးလာဘ်ခေါိပါတယ်။
နောက်တခုအနေနဲ့ အိမ်ဂေဟာတွေမှာ စီးပွားတိုးတက်ပွင့်လန်းချင်တဲ့အခါ အိမ်ရဲ့ဧည့်ခန်းမှာ ဖန်ပုလင်းအလွတ်ထဲ ဒေါင်းတောင် ၉ချောင်းစိုက်ကာထားပေးပါ။စီးပွားတိုးတက်ပွင့်လန်းစေပါတယ်။

24/01/2026

🍀 ငွေတွေမရပ်တမ်းရနေစေမဲ့ ကျင့်စဥ်ပုတီးစိပ် 🍀
==================================

မိတ်ဆွေ၊ပရိသတ်တွေ ခဏခဏ လာမေးနေတဲ့ကျင့်စဥ်လေးဖြစ်တဲ့ ငွေတွေ မရပ်တမ်း ရနေစေမဲ့ကျင့်စဥ်လေးကို ယခုအခါ ပညာဒါနအနေနဲ့မျှဝေပေးလိုက်ပါတယ်

ကျွန်တော်တို့ရဲ့ဒီကျင့်စဥ်ပုတီးစိပ်ဟာ ကျင့်စဥ်ဖြစ်တဲ့အတွက်ကြောင့် ရက်ရှည်ကျင့်ကြံကြိုးကုတ်အားထုတ်မှ ပေါက်မြောက်အောင်မြင်မှာဖြစ်ပါတယ် ဝီရိယနည်းရင်တော့ပေါက်မြောက်ဖို့လွယ်ကူမှာမဟုတ်ပါဖူး

ပထမဦးဆုံး ဒီကျင့်စဥ်ကို လဆန်းရက်ထဲကမှ မိမိမွေးနေ့ကျတဲ့နေ့တစ်နေ့ကနေစရပါမယ်။
အဲ့နေ့မိမိအတွက်အဆင်အပြေဆုံးအချိန်ကနေစရမှာပါ။နောက်နေ့နောက်နေ့တွေမှာလဲ အဲ့ဒီအချိန်မှာပဲ ဒီကျင့်စဥ်ပုတီးစိပ်ကိုအားထုတ်ရပါမယ်။

ဘုရားရှေ့တော်မှာ အလင်းတိုင်တစ်တိုင်ကိုထွန်းညှိပြီးအရင်ပူဇော်ရပါမယ်။ ပြီးတဲ့အခါ နမောတဿသုံးကြိမ်ရွတ်ပြီး၊သရဏဂုံကိုဆောက်တည် ကန်တော့ရပါမယ်။ကန်တော့ပြီးသွားရင်

”ဘုန်းတော်အလွန်တရာ ကြီးမြတ်တော်မူသော စိတ်အလိုရှိတိုင်းပြီးစီးတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏ကျေးဇူးတော်ဂုဏ် အလုံးစုံကို အာရုံပြု၍ ယခုအခါ (ဥုံ စိတ္တရ မနံ ပဿာမိ၊စိတ္တရ မနံ သုနာမိ၊အရဟံ ဝိဇ္ဇာ ဇယံ မေ ဒေတု၊အရ-ဟံ ဝိဇ္ဇာ ဇယံ မေ ဒေတု၊အ-ရဟံ ဝိဇ္ဇာ ဇယံ မေ ဒေတု) ဟူသော ဂါထာတော်ကို တစ်ခေါက်လျှင် ပုတီးတစ်လုံးချရင်းဖြင့် တစ်ရာ့ရှစ်လုံး ပုတီးကုံးဖြင့် ပုတီးတစ်ပတ်တိတိ ပွားများအားထုတ် ပူဇော်ပါမည်ဘုရား”

အထက်ပါအတိုင်း လက်အုပ်ချီ မျက်လွှာချ၊ဘုရားကိုအာရုံပြု၍ လျှောက်ထားပြီး

ဥုံ စိတ္တရ မနံ ပဿာမိ
စိတ္တရ မနံ သုနာမိ
အရဟံ ဝိဇ္ဇာ ဇယံ မေ ဒေတု
အရ-ဟံ ဝိဇ္ဇာ ဇယံ မေ ဒေတု
အ-ရဟံ ဝိဇ္ဇာ ဇယံ မေ ဒေတု

အထက်ပါဂါထာတစ်ပုဒ်လုံးကို တစ်ခေါက်ရွတ် ပုတီးတစ်လုံးချနဲ့ ပုတီးတစ်ပတ်စိပ်ပြီးအားထုတ်ပါ။
အဲ့လိုပုတီးစိပ်ပြီးတာနဲ့

”ဤကောင်းမှုကြောင့် ပိုက်ဆံ၊ငွေ၊အသပြာစသည်တို့ကို စိတ်အလိုရှိတိုင်း တခဏဖြင့် ရရှိပိုင်ဆိုင်ရပါစေသတည်း။” ဟုဆု​တေင်းရပါမယ်။ ပြီးတာနဲ့မေတ္တာပို့ပြီး၊အမျှဝေရုံပါပဲ။

ဒီကျင့်စဥ်တော်ကို နေ့တိုင်းဆက်တိုက်ကျင့်ကြံအားထုတ်ရပါမယ်။ တစ်လတိတိအားထုတ်ပြီးတာနဲ့ရလဒ်ကောင်းတွေထွက်လာပါလိမ့်မယ်။သီလ၊ဒါန၊ပါရမီတွေအပေါ်မူတည်ပြီး တစ်ပတ်မကြာပဲ အကျိုးရတဲ့သူတွေလည်း လက်တွေ့ရှိပါတယ်။ တကယ်လုပ်ကြည့်မှ အဟုတ်သိရမှာမို့လို့ အပိုတွေမပြောတော့ပါဖူး။ဆုကတော့အပေါ်ကအတိုင်းတစ်မျိုးတည်းကိုတသတ်မတ်တည်းတောင်းရပါမယ်။

Credit:::

22/01/2026

အိမ်တအိမ်၏ကျက်သရေဆောင် သည် ဘုရားကျောင်းဆောင် ဘုရားခန်းပင်ဖြစ်သည်။ မိမိဘဝဘယ်လိုအခြေအနေရှိရှိ ဘုရားခန်းမှာ အမြဲသန့်ရှင်းပြီးဖြစ်နေဖို့လိုပါသည်။သည့်အပြင် ရေတော်များ နွေးမနေစေဖို့လည်းအရေးကြီးလှသည်။အိမ်ရှိသူက ဘုရားအတွက် တနေ့အနည်းဆုံး ၂ကြိမ် ရေတော်များလဲလှုယ်သင့်သည်။ အပြင်သွားလာနေသူများအနေဖြင့် ဦးဦးဖျားဖျား အစားအစာ ၊ ရေ စသည်တို့ကို ဘုရားထံစိတ်ညွတ်၍ကပ်လှုပြီးမှစားပေးပါက မြတ်စွာဘုရားရှင်ကိုကပ်လှုထားပြီးဖြစ်လို့ ကုသိုလ်တွေနေ့စဉ်ရနေမှာပါ။ ဒါ့အပြင် ဘုရားပန်းများကိုလည်း အတတ်နိုင်ဆုံးမွှေးသောပန်းများသာကပ်ပါ။ အနံ့မရှိသောပန်းကပ်ခြင်း က ပွင့်တော်မူပြီးဘုရားရှင်များကိုရည်စူးခြင်းဖြစ်ပြီး မွှေးပျံ့သောပန်းများက ပွင့်တော်မူမည့် အရိမေတ္တယျမြတ်စွာဘုရားရှင်ကို ကပ်လှုခြင်းဖြစ်ကြောင်းမှတ်သားဖူးပါသည်။ ပန်းများရေလဲလှုယ်ရာတွင်လည်း နိမ့်သော သို့မဟုတ် နောက်ဘေးဘက်တွေမှာ ဘုရားပန်းလဲလှုယ်ခြင်းမပြုသင့်ပေ။ ဆီမီးပူဇော်ခြင်းက ဉာဏ်ပညာအလင်းတန်ဆောင် ဖြစ်သကဲ့သို့ အမွှေးနံ့သာကပ်လှုခြင်း ၊ အမွှေးတိုင်ကပ်လှုခြင်း က စကြာဝဠာတိုက်တသောင်းပျံ့လွင့်စေသလို ကိုယ့်ကိုမကောင်းသတင်းပြောဆိုဝေဖန်မှုကိုလည်း အဝေးကိုလွင့်ပျယ်စေနိုင်ပါတယ်။ ဒါတွေက ကျွန်တော့်ရဲ့အတွေးအမြင်မလို့ လိုအပ်တာတွေရှိလည်း ပြောဆိုနိုင်ပါတယ်ခင်ဗျ။

⚜ ဘာကုသိုလ်ပဲလုပ်လုပ်နတ်တွေကိုအမျှဝေဖို့
မမေ့ပါနဲ့ ⚜

သူတော်ကောင်းပုဂ္ဂိုလ်တွေဟာ ကိုယ်ဘာလုပ်လုပ် နတ်တွေကို အမျှဝေဖို့ မမေ့ဘူး။
သူအမျှဝေတာကို အကြောင်းပြုပြီး သူ့ပတ်ဝန်းကျင်က နတ်တွေဟာကုသိုလ်ရဲ့အဖို့ဘာဂတွေရပြီးဘုန်းတန်ခိုးတွေ တိုးတက်ကြတော့ အဲဒီ နတ်တွေကလည်း သူ့ကိုစောင့်ရှောက်ကြတာပေါ့။
ကိုယ်မမြင်ရလို့ မယုံဘူးမပြောနဲ့။

မြတ်စွာဘုရားကိုယ်တိုင်က ဘယ်လိုပြောထားတုန်းဆိုတော့
ယသ္မိံ ပေဒေသ ကပေ္ပတိ၊ ဝါသံ ပဏ္႑ိတဇာတိယော စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ အရပ္တစ္ခုခုမွာ နေတယ်ဆိုရင် ကုသိုလ် ကောင်းမှုတစ်ခုလုပ်ပြီး အဲဒီကုသိုလ်ကောင်းမှုရဲ့ အဖို့ဘာဂကို ပတ်ဝန်းကျင်မှာရှိတဲ့ နတ်တွေကို အမျှဝေပါတဲ့။

အမျှဝေလိုက်လို့ရှိရင် နတ်တွေကကိုယ့်ကို စောင့်ရှောက်လိမ့်မယ်။ ကိုယ်က အမျှအတန်းပေးဝေတော့ သူတို့မှာ ဘုန်းတန်ခိုးတွေတက်တယ်။ ဘုန်းတန်ခိုးတွေတက်တော့ ကိုယ့်အပေါ်မှာ အကြင်နာတရားတွေ ထားလာတယ်။
(ဒေဝတာနုကမ္ပိတော ပေါသော၊ သဒါဘဒြါနိ ပဿတိ) နတ်တွေရဲ့ အစောင့်အရှောက်ရတဲ့ ပုဂ္ဂိုလ်ဟာ အကောင်းချည်းပဲ တွေ့တယ်။

တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီး ကြုံလာတယ်။ ဘာလုပ်လုပ် အဆင်ပြေလာတယ်။ အန္တရာယ်တွေ ကင်းလာတယ်။

(မာတာပုတ္တံ ဩရသံ) မိခင်က သားသမီးအပေါ်မှာ စောင့်ရှောက်သလို နတ်တွေက ကိုယ့်အပေါ်မှာ အကြင်နာတွေမေတ္တာတွေ ပိုပြီးတော့ကိုယ့်ကို စောင့်ရှောက် လာတယ်။

ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်မမြင်ရတဲ့ နတ်တွေကို ကုသိုလ်ကောင်းမှု လုပ်တိုင်း အမျှဝေရမယ်။

ဘုရားဆွမ်းတော်တင်၊ ဆီမီး၊ ပန်း၊ ရေချမ်းလှူဒါန်းပြီးရင်ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့အိမ်စောင့်နတ်တို့ ဘာတို့ကိုဖိတ်ခေါ်ပြီးအမျှအတန်းပေးဝေရမယ်။

အဲဒီလိုသူတော်ကောင်းပုဂ္ဂိုလ်တွေဟာ ကောင်းတဲ့အလုပ်တွေ လုပ်ပြီးတိုင်း အမျှအတန်းပေးဝေကြတယ်။
အဲဒီအမျှအတန်းပေးဝေမှုကြောင့်နတ်တွေကိုလည်းအကျိုးပြုရာရောက်တယ်ပေါ့။

Credit #(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)🙏🙏🙏

22/01/2026

ကံအားကောင်းပြီး ငွေဝင်လာဘ်ပွင့်ရအောင် ဒါလေးတွေကိုဂရုတစိုက်လုပ်ကြည့်ရအောင်။

မိမိတို့အိမ်ရှေ့လေးလွတ်တဲ့တနေရာမှာ စပါးတွဲလေးတွေချိတ်ထားပေးပါ။စပါးတွဲရှာရခက်ရင် ဆန်လေးတွေထည့်ထားပေးပါ။ငှက်ကလေးတွေစားသောက်ဖို့အတွက်ပါ။

အိမ်ရဲ့တံခါးမကြီးတွေကို တပတ်တခါအမွှေးရည်လေးဖျန်းတာ၊သန့်ရှင်းရေးလုပ်တာလေးတွေပြုလုပ်ပေးပါ။

မှန်ကလေးတွေထားတဲ့အခါ အိမ်မကြီးဘက် တံခါးဝင်တဲ့လမ်းကြောင်းဘက်ကိုလှည့်ပေးပါ။ကန့်လန့်ထားမိတာတွေမဖြစ်ပါစေနဲ့။

သစ်ခွပင်လေးတွေ/ကျောက်စိမ်းဒေဝီအပင်လေးတွေစိုက်ထားပါ။

အိမ်ရဲ့‌ မြောက်ဘက်အခြမ်းမှာ ရေကန်၊အလှမွေးငါးကန်လေးတွေ၊ရေတံခွန်ပုံလေးတွေချိတ်ဆွဲပါ။

အိမ်ရဲ့အနောက်တောင်အရပ်ကိုသန်သန့်ရှင်းရှင်းထားပါ။ပျော်ရွှင်ဖွယ်ပုံလေးတွေချိတ်ဆွဲပါ။

မိမိတို့အသုံးပြုတဲ့အမှိုက်ခြင်းကို ၂ရက်၊၃ရက်တခါရှင်းလင်းပါ။

အိမ်ရဲ့အရှေ့တောင်အရပ်မှာ ရွှေငွေအစရှိတဲ့နိမိတ်ကောင်းတဲ့ပုံလေးတွေထားတာ၊"ကျောက်စိမ်းပြားလေး"အစရှိတာတွေကိုထားပေးပါ။

မြတ်စွာဘုရားရှင်ကို ပျားရည်ကပ်တာ၊ကြံရည်ကပ်တာ မကြာခဏပြုလုပ်ပေးပါ။

မြတ်စွာဘုရားအား မနက်တကြိမ်၊ညတကြိမ် ရေတော်ငါးမျိုးကပ်လှုပါ(ရေတော်ငါးမျိုးကပ်နည်းတင်ထားပြီးမို့ရှာကြည့်လိုက်ပါ။)

#

19/01/2026

အကြားဓာတ်အမြင်ဓာတ်ရစေနိူင်သောဂါထာ

ဣဒ္ဓိဝိဓ ဒိဗ္ဗသောတ
ပရစိတ္တ ဝိဇာနာန
ပုဗ္ဗေနိဝါသနုဿတိ
ဒိဗ္ဗစက္ခုတိ ပဉ္စဓာ
ဗုဒ္ဓပစ္စေဗုဒ္ဓါ အဂ္ဂသာဝကာ
နုဘာဝေန ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ
သမိဇ္ဈတုမယှံသဒါ

တနေ့ပုတီး ၉ပတ် အဓိဌာန်ဖြင့်စိပ်ပါ။မိမိသီလ ၊ သမာဓိအပေါ်မူတည်၍ အမြင်အကြားရလာမည်။
မိမိသိလိုသည်များကို အိပ်မက်ဖြင့်လည်းကောင်း ၊ စိတ်ထဲတွင်ရုတ်တရက်ဖျတ်ကနဲပေါ်ခြင်း ၊ အစပိုင်းတွင်ထင်လိုက်သည်နှင့်မှန်နေတတ်ခြင်း ၊ အန်စာခွက်အုပ်အပွင့်မှန်စမ်းသပ်ရာအောင်ခြင်း ၊ လောင်းကစား 2D ၊ 3D ဂဏာန်းများမှန်ခြင်း စသည့်အထင်ဓာတ်များရရှိလာမည်။ မိမိ၏သမာဓိအ ပေါ်မူတည်၍ ပညာပိုင်းဆိုင်ရာအမြင်အကြားဓာတ်များရလာပါမည်။

19/01/2026

ကျွန်တော်တို့နေထိုင်ရာဝန်းကျင်မှာ သဘာဝတရားကပြသတဲ့လက္ခဏာလေးတွေရှိတတ်ပါတယ်။ခုတခါတင်ပြလိုတာက ရွှေကျီးသာနိမိတ်လေးပဲဖြစ်ပါတယ်။
အရှေ့အရပ်တည့်တည့်မှကျီးသာလျှင် ချစ်သူခင်သူရောက်ရှိတတ်ပါတယ်။
အရှေ့တောင်အရပ်မှကျီးသာလျှင် ချစ်သူခင်သူရောက်ရှိတတ်ပါတယ်။
တောင်အရပ်မှကျီးသာလျှင် သားငါးဟင်းရံများလာရောက်ပို့တတ်ပါတယ်။
အနောက်တောင်အရပ်မှကျီးသာလျှင် တပည့်သားမြေးများရောက်လာတတ်ပါတယ်။
အနောက်အရပ်မှကျီးသာလျှင် စုတ်နှင့်အတူ မိတ်ဆွေရောက်လာတတ်ပါတယ်။
အနောက်မြောက်အရပ်မှကျီးသာလျှင် လက်အောက်ငယ်သားများရောက်လာတတ်ပါတယ်။
မြောက်အရပ်မှကျီးသာလျှင် စုတ်ကောင်းများရောက်လာတတ်ပါတယ်။
အရှေ့မြောက်အရပ်မှကျီးသာလျှင် ပူဇော်မည့်သူ၊မစမည့်သူရောက်လာတတ်ပါတယ်။
ရွှေကျီးကလေးသာသောအရပ်ကိုကြည့်ပြီး အတိတ်နိမိတ်ကောက်ကြရအောင်နော်😊

19/01/2026

⚜️နေ့အလိုက် ဦးခေါင်းဆေး၍ မင်္ဂလာပြုပါ⚜️

🌼တနင်္ဂနွေနေ့ခေါင်း‌ဆေးလျှင် ပန်း၇မျိုးဖြင့်ဘုရားကိုပူဇော်ပြီး မြောက်ဘက်မျက်နှာပြု၍ ခေါင်း‌ဆေးမင်္ဂလာပြုပါ။စုတ်၊လာဘ်ရမည်။

🌺တနင်္လာနေ့ခေါင်းဆေးလျှင် ကင်ပွန်းသီးကိုဆားထည့်ပြီးပြုတ် ဦးခေါင်းဆေးပါက မျက်နှာပွင့်လန်းပြီးလူချစ်လူခင်များမည်။

🌸အင်္ဂါနေ့ခေါင်းဆေးလျှင် အောင်မဲညိုအပွင့်(အင်္ဂါနံအပွင့်)နှင့် ဘုရားကိုပူဇော်ပြီး အရှေ့အရပ်မျက်နှာပြုခေါင်းဆေးပါက မင်းစိုးရာဇာချစ်ခင်မည်။တောင်အရပ်မျက်နှာပြုခေါင်းဆေးပါက မင်းစိုးရာဇာချီးမြှင့်မည်။စုတ်လာဘ်ရမည်။

🌹ဗုဒ္ဓဟူးနေ့တွင် ရေသကျည်းပွင့်(မရပါက တနင်္လာနံအပွင့်)နှင့် ဘုရားကိုပူဇော်ပြီး တောင်အရပ်မျက်နှာပြုခေါင်းဆေးပါက ချစ်သောမိတ်ဆွေတွေ့မည်။ဘုန်းကျက်သရေတိုးမည်။

🍀ကြာသပတေးနေ့ သျှိသျှား၊သဖန်းပွင့်(မရပါက ကြာသပတေးနံ/သောကြာနံအပွင့်)တို့ကို မျက်နှာပြုခေါင်းပေါ်တင်ပြီးအနောက်အရပ်မျက်နှာပြုဦးခေါင်းဆေးပါက စုတ်လာဘ်ရမည်။

🏵️သောကြာနေ့တွင်ချဉ်သောအရသာကိုစားပြီးအရှေ့တောင်မျက်နှာပြုခေါင်းဆေး ရွှေငွေရတနာရမည်။

🌻စနေနေ့တွင်ခေါင်းဆေးလျှင် ကင်ပွန်းအိုးတွင်မြေစာထည့်ပြီးအနောက်တောင်မျက်နှာပြုခေါင်းဆေးလျှင်ဘုန်းကြီးမည်။

18/01/2026

စား ဝတ် နေ ရေး ဖူလုံစေသော နာမည်ကြီးပုတီးစိပ်နည်း
(Saya Sai Cherry ၏ ပို့စ်အားပြန်လည်ကူးယူဖော်ပြပါသည်)

စီ ၊ ပိဏ် ၊ သေ ၊ ဂီ

ပုတီးတလုံးကျဖြင့် ၁၀၈လုံးပုတီးဖြင့် တပတ်စိပ်ပါ။တတ်နိုင်ပါက ပိုပွားများနိုင်သည်။

စီ = စီဝရံ (သင်္ကန်း)
ပိဏ် = ပိဏ္ဍပါတ (ဆွမ်း)
သေ = သေနာသန (ကျောင်း)
ဂီ = ဂီလာန ပစ္စယ (ဆေး)

ဗုဒ္ဓဘာသာသာသနာ၏ အသက်သွေးကြောသဖွယ်ဖြစ်သော ဆွမ်း ၊ သင်္ကန်း ၊ ကျောင်း ၊ဆေး ပစ္စည်းလေးပါးတို့ကို ဆင်ခြင်အောက်မေ့၍ ရွတ်ပွားရမည်။ ပုတီးပတ်ရေ (၅၀၀) ပြည့်သည်နှင့် စတင်အကျိုးပေးလာမည်ဖြစ်သည်။

16/01/2026

🧉ပျားရည်လေးဖြင့် မိမိဆန္ဒကိုညှို့ယူနည်း✨

ပျားရည်ထည့်ထားတဲ့ container ခွက်ကလေးထဲကို လက်ညှိုးကလေးကိုနှစ်ပြီး ဖန်ခွက်ပြောင်အတွင်းသားဘက်မှာ ဖြစ်ချင်တဲ့ဆန္ဒကိုရေးပေးခြင်းဖြစ်ပါတယ်။ဥပမာ-ချစ်ခြင်းမေတ္တာ၊ကျန်းမာရေး၊ပညာရေး၊ငွေကြေး ရေးပါ။ရေးပြီးသွားရင် ဖန်ခွက်ထဲကိုရေအပြည့်ဖြည့်ပြီး ပျားရည်လေးတွေပျော်ဝင်လောက်သည်ထိ မိမိဆန္ဒကို စကားဖြင့်အတည်ပြုခြင်း၊ မိမိဆန္ဒကိုစိတ်ညွတ်ခြင်းပြုပါ။ ထို့နောက် ထိုရေလေးကိုသောက်ပစ်ပါ။ပျားရည်လေးအနည်းငယ်မပျော်ပဲကပ်နေလည်း သောက်လို့ရပါတယ်ခင်ဗျ။

Address

1Street
Pyay

Telephone

+959970650815

Website

Alerts

Be the first to know and let us send you an email when Htet WaiYan Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram