Thit Sar Clinic & Pharmacy - Pyay

Thit Sar Clinic & Pharmacy - Pyay Your Good Health is Our Priority

⚠️ ပြည်မြို့၊ ကမ္ဘာ့အပူဆုံး နံပါတ် (၇) ⚠️​အသက်အန္တရာယ် ရှိ၊ သေတတ်တဲ့အထိ အပူများ​ပါတယ်။အထူးသတိပြုကြပါ Heat Stroke ​ခေါ် အ...
02/04/2026

⚠️ ပြည်မြို့၊ ကမ္ဘာ့အပူဆုံး နံပါတ် (၇) ⚠️

​အသက်အန္တရာယ် ရှိ၊ သေတတ်တဲ့အထိ အပူများ​ပါတယ်။

အထူးသတိပြုကြပါ

Heat Stroke ​ခေါ် အပူလျှပ်ခြင်း ​​ကြောင့် အသက်ဆုံးရှုံးခြင်းမှ ကာကွယ်ရန်

​အပူချိန် မြင့်လွန်း​သော အချိန်များတွင်

1️⃣ အရိပ်ရ ​သော ​နေရာများတွင်​နေပါ

2️⃣ တတ်နိုင်သမျှ အပြင်ထွက်ခြင်း ​ရှောင်ပါ၊ ထွက်ရပါက အကျီလက်ရှည်၊ ​ဘောင်းဘီ ရှည်၊ ထီး၊ ဦးထုတ်၊ ​နေ ​​ရောင်ကာ အကာကွယ်များအသုံးပြုပါ

3️⃣ သတိရရင် ရသလို ​ရေ​သောက်ပါ၊

4️⃣ ပူလွန်း​သော အချိန်များတွင် အရက် ဘီယာ ​သောက်သုံးခြင်းမှ ​ရှောင်ပါ၊ ဘီယာ သည် အဝင်သာ ​​အေးပါတယ်၊ Alcohol နဲ့ ဆား ဓါတ်ပါတဲ့အတွက် ခန္ဓာကိုယ်အပူချိန်ကို တက်​စေ၊ ဆီးသွားများလို့ ဓါတ်ဆား ခမ်း​ခြောက်​စေပါတယ်။

5️⃣ ချွေးမထွက် ပဲ ကိုယ်ပူလာခြင်း၊ မူး​ဝေ ​ခေါင်းခဲလာခြင်းများ ဖြစ်ပါက နီးစပ်ရာ ​ဆေးရုံ​ဆေးခန်းများသို့ သွား​ရောက် ကုသမှု ခံယူပါ။

သစ္စာ ​ဆေးခန်း နှင့် ​ဆေးဆိုင်

(၂၃၃) ပန်းပဲတန်းလမ်း၊ ပြည်မြို့

📞 09 757 245 700

📞 09 401 180 345

ရန်ကုန်ပြန်သွားပြီး ရက်ချိန်းပြရန် ခက်ခဲ​နေ​သော ဆရာကြီး ဦးတင့်​ဆွေလတ် ရဲ့ လူနာများ အ​နေဖြင့် ပြည်မြို့၊ သစ္စာ ​ဆေးခန်းမ...
27/03/2026

ရန်ကုန်ပြန်သွားပြီး ရက်ချိန်းပြရန် ခက်ခဲ​နေ​သော ဆရာကြီး ဦးတင့်​ဆွေလတ် ရဲ့ လူနာများ အ​နေဖြင့် ပြည်မြို့၊ သစ္စာ ​ဆေးခန်းမှာ Teleconsultation ဖြင့် ရက်ချိန်း ပြန်ပြနိုင်ပါတယ် ရှင်

ဆီးချို​သွေးချို နှင့် ပတ်သတ်​သော ​ဆေးဝါးများ လည်း စုံလင် လုံ​လောက် စွာ တ​နေရာတည်းမှာ ရရှိနိုင်သည့်အတွက် ခုလို ကာလ မှာ ရန်ကုန် ထိ ပြန်သွားစရာမလိုဘဲ ဆရာကြီး နဲ့ ရက်ချိန်း ပြန်ပြနိုင်ပါ​ကြောင်း ပြည်မြို့ အနီးတစ်ဝိုက် ရှိ လူနာများ အား သတင်း​ကောင်းပါးအပ်ပါတယ်ရှင်

အပတ်စဥ် တင်္နလာ ၊ ဗုဒ္ဓဟူး ၊ ​သောကြာ ​နေ့
​နေ့လည် (၁၂) နာရီ မှ (၃) နာရီအတွင်း ပြသနိုင်ပါတယ် ရှင်

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ
✔️ ဆီးချို​သွေးချို ကာကွယ်ပါ ✔️

သစ္စာ ​ဆေးခန်း နှင့် ​ဆေးဆိုင်
(၂၃၃)၊ ပန်းပဲတန်းလမ်း၊ ပြည်မြို့

📞 09 757 245 700

📞 09 401 180 345

အရင် နှစ် ​တွေ က ဆီးချိုအတက်အကျမမှန်၊ ဗိုက်​တွေဆာကြလို့ ဥပုသ် ပျက်/မရခဲ့ကြ တဲ့ အစ္စလာမ် ဘာသာဝင် လူနာများ 🧕🧕ယခုနှစ်မှာ ​သ...
24/03/2026

အရင် နှစ် ​တွေ က ဆီးချိုအတက်အကျမမှန်၊ ဗိုက်​တွေဆာကြလို့ ဥပုသ် ပျက်/မရခဲ့ကြ တဲ့ အစ္စလာမ် ဘာသာဝင် လူနာများ 🧕🧕

ယခုနှစ်မှာ ​သေချာစွာ ​​ဆွေး​နွေးတိုင်ပင်မှု နဲ့ ဥပုသ်လ တစ်လ လုံး စိတ်​အေးချမ်းသာ စွာ ကုသိုလ်ယူနိုင်ခဲ့ကြတာ ကြားသိရလို့ ဝမ်းသာ ပီတိ ဖြစ်ရသလို သစ္စာ မိသားစု ကလည်း ထပ်တူ ကုသိုလ် တရား ပွားများရပါတယ်။

Happy Eid Mubarak to each & every one of our patients 🙏🙏🙏

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ
✔️ ဆီးချို​သွေးချို ကာကွယ်ပါ ✔️

သစ္စာ ​ဆေးခန်း နှင့် ​ဆေးဆိုင်
(၂၃၃) ၊ ပန်းဘဲတန်းလမ်း၊ ​ရွှေကူရပ်၊ ပြည်မြို့

📞 09 757 245 700

📞 09 401 180 345

🥹 ဆရာလည်း စုံ  🥹 ​🥹 ဆေး လည်း ကုန် 🥹မ​ပျောက်နိုင်​သော ရာသီအ​ပြောင်း လည်ပင်းယား ​​ချောင်းဆိုးခြင်း သက်သာ ရန် နည်းလမ်းများ ...
23/03/2026

🥹 ဆရာလည်း စုံ 🥹
​🥹 ဆေး လည်း ကုန် 🥹

မ​ပျောက်နိုင်​သော ရာသီအ​ပြောင်း လည်ပင်းယား ​​ချောင်းဆိုးခြင်း သက်သာ ရန် နည်းလမ်းများ ✅️

ထို​သို့​​ချောင်းဆိုးခြင်းဟာ
(၁) အသက်ရှူလမ်း​ကြောင်း ​ခြောက်​သွေ့ခြင်း
(၂) ဓါတ်မတည့်ဖြစ်ခြင်း
(၃) နှာ​ခေါင်းအတွင်းမှ အရည် လည်ပင်းတွင်းသို့ ကျဝင် ​ချောင်းဆိုးခြင်း စတာ ​တွေ​ကြောင့် အဖြစ်များပါတယ်။

✅️ သက်သာ​စေရန် နည်းလမ်းများ ✅️

1️⃣ ဆားရည်​နွေးဖြင့် အာလုပ်ကျင်းပါ
2️⃣ ရေ​​​နွေး​ငွေ့ ရှူပါ
3️⃣ ပျားရည် နှင့် ​​ရေ​နွေး ကို ည​နေ ပိုင်းတွင် ​သောက်ပါ

🚫 ​​ရှောင်ရန် 🚫

လူထူထပ်ရာ၊ ဖုန်ထူထပ်ရာ​နေရာများ
ပူလွန်း၊ ​အေးလွန်း​သော အစာများ
အရက် ၊ ဘီယာ များ

သစ္စာ​ ​ဆေးခန်း နှင့် ​ဆေးဆိုင်
(၂၃၃) ၊ ပန်းဘဲတန်းလမ်း၊ ​ရွှေကူရပ်၊ ပြည်

09 - 757 245 700

09 - 401 180 345

✔️ အချိန်ယူရပါတယ် ✔️​သွေးတိုးများ၊ ​သွေးချိုများ လူနာတစ်ဦး ​ဆေးခန်းကို ပထမ ဆုံး​ရောက်တဲ့​နေ့ နဲ့ကုသပြီး တစ်လအကြာ ယှဥ်ပြ...
22/03/2026

✔️ အချိန်ယူရပါတယ် ✔️

​သွေးတိုးများ၊ ​သွေးချိုများ လူနာတစ်ဦး

​ဆေးခန်းကို ပထမ ဆုံး​ရောက်တဲ့​နေ့ နဲ့

ကုသပြီး တစ်လအကြာ ယှဥ်ပြထားခြင်းဖြစ်ပါတယ်

ဒီလိုလူနာမျိုးကို ကုသရတဲ့အခါ ​သွေးချို ဓါတ်ကို ရုတ်တရပ် ချက်ချင်းချလို့ မရပါဘူး။ အတက် နဲ့ နှစ်ရှည်လ များစွာ ​နေ ထိုင်လာတဲ့ သူတစ်ဦးဟာ ကိန်းဂဏန်းအရ ​သွေးချို ပြန်​ကောင်းလာ​ပေမယ့် အဲ့ဒီ ပြန်​ကောင်းလာတဲ့ ဒဏ်ကို မခံနိုင်ပါဘူး။

မူးတာ၊ အိပ်ယာထဲ ​ခွေ​နေရတာ၊ ​​ညောင်းချိ၊ အားမရှိတာ စတာ​တွေ ဖြစ်တတ်ပါတယ်။ အသက်ကြီးရင် ပိုဆိုးပါတယ်။

ဒါ​ကြောင့် ထိုကဲ့သို့လူနာမျိုးမှာ ​သွေးချို ပြန်​ကောင်းလာ​အောင် ကုသရန်မှာ American Diabetes Association ရဲ့ အညွှန်းအရ တစ်လ မှ သုံးလ အတွင်း အချိန်ယူပြီး တစ်ဆင့်ချင်း ​သွေးချိုကို ချ ရပါတယ်။ ရက်ပိုင်းအတွင်း အမြန်ထိုးကျ​အောင် ကုသ ရင် လူနာ အများစုသည် ​ဖော်ပြပါ လက္ခဏာများ ခံစားရ ပြီး အချို့မှာ ပြင်းထန် တတ်ပါတယ်။

✔️ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ✔️
✔️ ဆီးချို​သွေးချို ကာကွယ်ပါ ✔️

✅️ ​မြန်မြန် ကုမှ သက်သာရ ✅️ဆီးချို​ဝေဒနာရှင်​တွေ ဘာ​ကြောင့် ထုံ/ကျဥ် ရတာလည်း?? ကျ​နော်တို့ရဲ့ အာရုံ​ကြောများဟာ ​​သွေး​ကြ...
20/03/2026

✅️ ​မြန်မြန် ကုမှ သက်သာရ ✅️

ဆီးချို​ဝေဒနာရှင်​တွေ ဘာ​ကြောင့် ထုံ/ကျဥ် ရတာလည်း??

ကျ​နော်တို့ရဲ့ အာရုံ​ကြောများဟာ ​​သွေး​ကြောများရဲ့ ​​သွေး ထောက်ပံ့မှု နဲ့ အလုပ်လုပ်ပါတယ်။

ထိုသို့အလုပ်လုပ်ခြင်းက ထိမှု၊ သိမှု၊ ခံစားမှုကို မှန်ကန်တိကျစွာ ခံစားသိရှိရပါတယ်။

ဆီးချို​သွေးချို​ရောဂါဟာ ​​ဖော်ပြပါ အာရုံ​ကြောသို့ ​ထောက်ပံ့ထား​​သော ​သွေး​ကြောများကို ဖျက်စီးခြင်းဖြင့် အာရုံ​ကြောများရဲ့ စွမ်းအင်ရင်းမြစ်ကို ဖြတ်​တောက်လိုက်ပါတယ်။

ထိုအခါ အာရုံ​ကြောများဟာ ​ဆွေး​မြေ့ပျက်စီးလာပြီး ပျက်စီးခြင်း လက္ခဏာ​တွေဖြစ်တဲ့

⚠️ ထုံခြင်း၊ ဖိနပ်မမြဲခြင်း
⚠️ ကျဥ် / ပူ ခြင်း
⚠️ အပ် နဲ့ ထိုးသလို တဆစ်ဆစ်နာခြင်း
⚠️ ​ချွေး အလွန်အကျွံထွက်ခြင်း
⚠️ ​ခြေလက်များ ပူလိုက်၊ ​အေးလိုက် ဖြစ် သလို ခံစားရခြင်း

အပြင် အစာအိမ်နှင့် အူလမ်း​ကြောင်း အာရုံ​ကြောထိမ်းချုပ်မှု စနစ်ကို အားနည်း​စေ​သည့် အတွက်

⚠️ အစာမ​ကြေခြင်း
⚠️ ဝမ်းချုပ်ခြင်း များကို ဖြစ်​စေတတ်ပါတယ်။

✅️ ​မြန်မြန် ကုမှ သက်သာရ ✅️

ဆီးချို​ကြောင့် အာရုံ​ကြောပျက်စီးခြင်းဟာ အရှင်း​ပျောက်ရန် အင်မတန် ခက်ခဲပါတယ်။

သို့​​သော် ✔️

​စော​စောသိ၍ မြန်မြန် ကုသမှု ခံယူပါက ​ပျောက်ကင်းနိုင်​ချေများပြီး ပိုမိုမဆိုးဝါးလာ​​စေရန် ကာကွယ်တားဆီး နိုင်ပါတယ်။

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ
✔️ ဆီးချို ​သွေးချို ကာကွယ်ပါ ✔️

​ ဒေါက်တာသီဟ​ဇော်
အ​​ထွေ​ထွေ​ရောဂါကုဆရာဝန်
မြန်မာနိုင်ငံ ဆီးချို​​သွေးချို​ ရောဂါအသင်း
​ကောင်းမြတ်မွန် ဆီးချို​သွေးချို အထူးကုစင်တာ

Photo ; Credit to the original creater.

ပြည်မြို့ ​ဝေဖြိုး ပဲကြော် လုပ်ငန်းမိသားစု Wise Power မိသားစု များ ထိုင်းနိုင်ငံ ဘန်​ကောက်မြို့တွင် ​ဆေးစစ်ခြင်း Medical...
19/03/2026

ပြည်မြို့ ​ဝေဖြိုး ပဲကြော် လုပ်ငန်းမိသားစု
Wise Power မိသားစု များ

ထိုင်းနိုင်ငံ ဘန်​ကောက်မြို့တွင် ​ဆေးစစ်ခြင်း Medical Check Up ပြုလုပ်ခြင်း အတွက် စီစဥ်​ပေးဖြစ်ခဲ့ပါတယ်။

ခုလို သစ္စာ ​​ဆေးခန်း နှင့် International Medical Consultant အဖွဲ့ကို ယုံကြည်အား​ပေးကြတဲ့ မိတ်​ဆွေများ အားလုံး ကို ​ကျေးဇူးတင်ရှိပါတယ်။

ထိုင်းနိုင်ငံတွင် ​ဆေးပြခြင်း၊ ​ဆေးစစ်ခြင်း ပြုလုပ်လိုကြတဲ့ ပြည်မြို့ နဲ့ အနီးတစ်ဝိုက် မိတ်​ဆွေများ အားလုံး သစ္စာ ​မှာ လာ​ရောက်​ဆွေး​နွေးနိုင်ပါတယ်ရှင်

သစ္စာ ​ဆေးခန်း နှင့် ​ဆေးဆိုင်
(၂၃၃)၊ ပန်းဘဲတန်းလမ်း၊ ပြည်မြို့

📞 09 757 245 700

📞 09 401 180 345

17/03/2026

အကြိမ် (၂၀) ​မြောက် အာဆီယံ နိုင်ငံများ ဆီးချို​သွေးချို နှင့် ​ဟော်မုန်း ပညာ ညီလာခံ
မနီလာမြို့ ၊ ဖိလစ်ပိုင် နိုင်ငံ ၊ (၂၀၁၉) ခုနှစ်


🎂🎂 Happy Birthday ​​​🎂🎂ပျော်ရွှင်ဖွယ်ရာ ​မွေး​နေ့​လေး ဖြစ်ပါ​စေ မမ ကြီး ခင်ဗျာ 🎉🎉🎁🎁ယ​နေ့ ကျ​ရောက်​​သော ​မွေး​နေ့မှသည် ​န...
12/03/2026

🎂🎂 Happy Birthday ​​​🎂🎂

ပျော်ရွှင်ဖွယ်ရာ ​မွေး​နေ့​လေး ဖြစ်ပါ​စေ မမ ကြီး ခင်ဗျာ 🎉🎉🎁🎁

ယ​နေ့ ကျ​ရောက်​​သော ​မွေး​နေ့မှသည် ​နောင်နှစ်များစွာတိုင် သက်ရှည်ကျန်းမာစွာ နဲ့ လူနာများကို ​စောင့်​ရှောက်နိုင်ပါ​စေ ​ကြောင်း ဆုမွန်​ကောင်း​တောင်း ​မေတ္တာ ပို့သအပ်ပါတယ် ခင်ဗျာ

​ဒေါက်တာသီဟ​​ဇော်
ရုံးအဖွဲ့မှူး ( 2019 ~ 2024 )
မြန်မာနိုင်ငံ ဆီးချို​သွေးချို​ ရောဂါအသင်း
Myanmar Diabetes Association

ဆီးချိုတိုင်းစက်​တွေ တစ်လုံး နဲ့ တစ်လုံး အ​ဖြေမတူတာ  🤔🤔(၁) Strip ပြားမှာ အသုံးပြုတဲ့ Chemical ပါဝင်ပစ္စည်း ကွာခြားမှု (၂...
12/03/2026

ဆီးချိုတိုင်းစက်​တွေ တစ်လုံး နဲ့ တစ်လုံး အ​ဖြေမတူတာ 🤔🤔

(၁) Strip ပြားမှာ အသုံးပြုတဲ့ Chemical ပါဝင်ပစ္စည်း ကွာခြားမှု

(၂) စက်၏ အချိုဓါတ်ကို ဖတ်​သော Coding စနစ် ကွာခြားမှု

(၃) Strip ပြား ကိုင်တွယ်အသုံးပြုပုံ မတူကွဲပြားမှု များ​ကြောင့် အဖြစ်များတတ်ပါတယ်။

တခါ​တ​လေ လက်တ​ချောင်းတည်း က ​သွေးကို တိုင်းရင်​တောင် စက် (၂) လုံးမှာ အ​ဖြေ (၂) မျိုးထွက်ပါတယ်၊

သို့ပါ​သော်လည်း ကွာခြားမှု အ​ဖြေသည် 15 mg/dl ခန့် အတက် (သို့) အ​လျော့ ဖြစ်​နေပါက

ဥပမာ - ပထမ စက်မှာ 100 mg/dl
ဒုတိယစက်မှာ 115 mg/dl ဖြစ်​နေပါက လက်ခံ နိုင်​သော ကွာဟ ခြင်း ဟု မှတ်ယူနိုင်ပါတယ်။

✔️ ​သက်ရှည်ကျန်းမာ စိတ်ချမ်းသာ
✔️ ဆီးချို​သွေးချို ကာကွယ်ပါ

ဒေါက်တာသီဟ​ဇော် (သစ္စာ​ ဆေးခန်း) အားမြန်မာ့အ​ထူးကုသမား​တော်ကြီးများအဖွဲ့ ( Myanmar Internal Medicine Society)ဥက္ကဋ္ဌပါ​မ...
04/03/2026

ဒေါက်တာသီဟ​ဇော် (သစ္စာ​ ဆေးခန်း) အား

မြန်မာ့အ​ထူးကုသမား​တော်ကြီးများအဖွဲ့ ( Myanmar Internal Medicine Society)

ဥက္ကဋ္ဌ
ပါ​မောက္ခ ​ဒေါက်တာ ​ဒေါ်​အေး​အေးချစ် မှ ချီးမြှင့်​သော ဂုဏ်ပြုဆုတံ​ဆိပ် ကို လက်ခံရယူ​နေပုံ

ဆရာ ယခုထက်ပို၍ ​အောင်မြင်မှု​တွေ ပိုင်ဆိုင်နိုင်ပါ​စေလို့ သစ္စာ​ဆေးခန်း ဝန်ထမ်းမိသားစုများ မှ ဆု​တောင်း​မေတ္တာပို့သအပ်ပါတယ်ရှင်် 🙏🙏🙏

သစ္စာ ​ဆေးခန်း နှင့် ​ဆေးဆိုင်
(၂၃၃)၊ ပန်းဘဲတန်းလမ်း၊ ​ရွှေကူရပ်၊ ပြည်မြို့။

📞 09 757 245 700

📞 09 401 180 345

နာမည်​ကျော် တိုင်း​​ကျော်ပြည်​​ကျော် Becozinc  အား​ဆေး၊ ဘယ်မှာ ​မေး​မေး မရတဲ့ ​ဆေး​တွေပြန်​ရောက်ပြီမလို့ သစ္စာ​ဆေးခန်း မ...
03/03/2026

နာမည်​ကျော် တိုင်း​​ကျော်ပြည်​​ကျော်
Becozinc အား​ဆေး၊ ဘယ်မှာ ​မေး​မေး မရတဲ့

​ဆေး​တွေပြန်​ရောက်ပြီမလို့

သစ္စာ​ဆေးခန်း မှာ ဝယ်ယူရနိုင်ပါပြီ

မှတ်ချက်* * မြန်မြန်​​လေး လာဝယ်မှစိတ်ချရမယ်​နော့။ 😉😉

သစ္စာ​ဆေးခန်း နှင့် ​ဆေးဆိုင်

(၂၃၃) ပန်းဘဲတန်းလမ်း ​ရွှေကူရပ် ပြည်

📞 09 757 245 700

📞 09 401 180 345

Address

No (233), Ba Bel Tan Street
Pyay
08191

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Alerts

Be the first to know and let us send you an email when Thit Sar Clinic & Pharmacy - Pyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share