22/02/2025
ကိုယ်ဝန်ဆောင်မေမေတွေ ဘာလို့ ဖောလစ်အက်စစ် သောက်ဖို့လိုလဲ ❔
🤰ကိုယ်ဝန်ဆောင်မေမေတွေကို ကျွမ်းကျင်ကျန်းမာရေးပညာရှင်တွေက ဖောလစ်အက်စစ်ဖြည့်စွက်အားဆေးသောက်သုံးဖို့ ညွှန်ကြားတာကို အသိပညာပေးကျန်းမာရေးအစီအစဉ်မှာပဲဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာမှာဖြစ်ဖြစ်တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါဆိုမေးစရာရှိတာက ဘာလို့ ကိုယ်ဝန်ဆောင်မေမေတွေကို ဖောလစ်အက်စစ်သောက်ခိုင်းကြတာလဲ 🤔
အကြောင်းရင်းကိုမပြောပြခင်မှာ ဖောလစ်အက်စစ်ဆိုတာ ဘယ်လိုမျိုးလဲ အရင်ကြည့်လိုက်ကြရအောင်..🙌
💊ဖောလစ်အက်စစ် (Folic Acid) ဆိုတာ ဗီတာမင် B 9 အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ 🥬အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ပဲအမျိုးမျိုး၊ထောပတ်သီးစတဲ့ သဘာဝအစားအစာကနေရနိုင်သလို ဖြည့်စွက်အားဆေးတွေကိုသောက်သုံးရင်လည်းရနိုင်ပါတယ်။
ဘာလို့ ကိုယ်ဝန်ဆောင်မေမေတွေကို ဖောလစ်အက်စစ်သောက်ခိုင်းလဲဆိုတော့ ..
🔰 သန္ဓေသားလေးရဲ့အာရုံကြောပြွန်ချို့ယွင်းမှုကို ကာကွယ်ခြင်း
ဖောလစ်အက်စစ်ဟာ သန္ဓေသားရဲ့ အာရုံကြောပြွန် (Neural tube)ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ သန္ဓေသားလေးရဲ့ Neural tube ကနေ 🧠 ဦးနှောက်နဲ့ ကျောရိုးမတိုင်အဖြစ် တဖြည်းဖြည်းကြီးထွားလာမှာဖြစ်တဲ့အတွက် ဖောလစ်အက်စစ်ချို့တဲ့နေရင် ကလေးမှာ အာရုံကြောပြွန်ချို့ယွင်းမှု (Neural Tube Defects) ပြဿနာတွေဖြစ်တဲ့ ကျောရိုးကွဲခြင်း နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုမပြည့်စုံခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
🔰 သန္ဓေသားကြီးထွားမှုကို အားပေးခြင်း
ဖောလစ်အက်စစ်က 🧬 DNA နဲ့ ဆဲလ်တွေပွားများမှုအတွက် မရှိမဖြစ်လိုအပ်တာကြောင့် သန္ဓေသားရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။
🔰ကလေးကို မွေးရာပါ ချို့ယွင်းချက်များမဖြစ်အောင် ကာကွယ်ပေးခြင်း
ဖောလစ်အက်စစ်က မွေးလာမဲ့ ရင်သွေးလေးမှာချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးတယ်ဆိုတာသိပါသလား❔မေမေတွေအနေနဲ့ ဖောလစ်အက်စစ်ကို ပုံမှန်မှီဝဲမယ်ဆိုရင် ကလေးနှုတ်ခမ်းကွဲ အာခေါင်ကွဲဖြစ်ခြင်းကိုလည်း လျှော့ချပေးတဲ့အပြင် လမစေ့ဘဲ မွေးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးမထွားခြင်း၊ ပေါင်မပြည့်ဘဲ ကလေးမွေးခြင်းတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်နော် 🛡️
🔰 သွေးအားနည်းရောဂါကို ကာကွယ်ခြင်း
မေမေတို့ ကိုယ်ဝန်ဆောင်ကာလမှာ အဖြစ်များတဲ့ သွေးအားနည်းရောဂါကို ဖောလစ်အက်စစ်သောက်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖောလစ်အက်စစ်ဟာ 🩸သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်မှုအတွက် အရေးပါလို့ပါ။
🔰ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဖြည့်တင်းပေးခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်စစ်သောက်သုံးပေးရင်တော့ လိုအပ်တဲ့ အာဟာရကိုဖြည့်စွက်ပေးနိုင်တဲ့အပြင် မေမေတွေမှာဖြစ်တတ်တဲ့ ကိုယ်ဝန်ဆိပ်တက်တာကိုလည်း မဖြစ်စေပါဘူး။
⏰ ဘယ်အချိန်မှာ သောက်သင့်လဲ?
✅ ကိုယ်ဝန်မဆောင်ခင်ကတည်းက (အနည်းဆုံး ကိုယ်ဝန်ဆောင်ချိန်မတိုင်ခင် ၁ လကြိုပြီး) စသောက်သင့်ပါတယ်။
✅ကိုယ်ဝန်ဆောင်ပထမ ၃ လအတွင်း (ပထမ သုံးလပတ်) ပုံမှန်သောက်ပေးသင့်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ဖောလစ်အက်စစ်ဘယ်လောက်ပမာဏ သောက်သင့်လဲ ❔
👉ပုံမှန်အားဖြင့် တစ်နေ့ကို 400–600 mcg (0.4–0.6 mg) သောက်သင့်ပါတယ်။
ဒါပေမဲ့
🟢 ဆီးချိုရောဂါရှိတဲ့မေမေတွေ
🟢 အဝလွန်နေတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ
🟢 အရင်ကလေးမှာ ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီး မွေးရာပါ ချို့ယွင်းချက်ပါထားတဲ့ ကိုယ်ဝန်ဆောင်တွေ
🟢 အတက်ကျဆေးသောက်နေရတဲ့ ကိုယ်ဝန်ဆောင်တွေ
🟢 အမြွှာကိုယ်ဝန်ဆောင်တွေအနေနဲ့ ပိုမိုမြင့်မားတဲ့ ဖောလစ်အက်စစ်ပမာဏလိုအပ်နိုင်ပါတယ်။ သောက်သုံးရတဲ့ပမာဏကိုတော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာသင့်ပါတယ်။
တစ်ခုသိထားရမှာက မွေးလာတဲ့ကလေးတွေမှာ ချို့ယွင်းချက်မဖြစ်အောင် ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ဖောလစ်အက်စစ်အားဆေးအပြင် ဖောလစ်အက်စစ် ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်ပါဝင်အောင် စားပေးဖို့ လိုအပ်ပါတယ်နော် ‼️
မေမေတို့ရော ဖောလစ်အက်စစ်ဖြည့်စွက်အားဆေးတွေ၊အစားအစာတွေကိုပုံမှန်စားဖြစ်ရဲ့လား?
Comment မှာ မျှဝေသွားပါအုံး 👇
☎️ 09-944707444, 09-944707555, 09-944707666
📞09-944707444(Viber)
📧 ayarmyaing.npt@gmail.com
🏥 အမှတ် ၁၄/၃၄၆ ၈ လမ်း နှင့် ၉ လမ်းကြား ဂန္ဓာမာလမ်း၊ပေါင်းလောင်းရပ်ကွက်၊ပျဉ်းမနားမြို့။
#ဧရာမြိုင်အထူးကုဆေးခန်း #ပျဉ်းမနားမြို့ ဝန်ဆောင်ခြင်း #ဖောလစ်အက်စစ်