28/06/2019
သွားပိုးဘာလို့စားရတလဲ
ကျတော်တို့ နေ့စဉ်စားသုံးသော အစာများသည် အားလုံး အစာအိမ်ထဲသို့ရောသွားသည်မဟုတ်ပါ။ ပါးစပ်ထဲတွင် စားကြွင်းစားကျန်များ ကျန်ရစ်ခဲ့ကြသည်။ အထူးသဖြင့် သွား၏မျက်နှာပြင်များတွင် ကပ်ငြိကျန်ရစ်ခဲ့ကြသည်။ အချိန်အတိုင်အတာ တခုသို့ရောက်လျှင် အချဉ်ပေါက်သွားကြသည်။ ၄င်းမှာ အက်ဆစ်အပျော့စားတမျိုးဖြစ်သည်။ ၄င်းအက်ဆစ်သည် သွားမျက်နှာပြင်တွင် ကပ်ပါများလာသောအခါ ကပ်သည့်နေရာတွင် သွားသည်ဆွေးမြေ့လာသည်။ ထပ်ခါထပ်ခါ အက်ဆစ်ဓာတ်များကပ်လာသောအခါ အပေါက်တခုဖြစ်လာသည်။ ၄င်းကို( carious cavity)သွားပိုးစားသည်ဟုခေါ်သည်။