19/04/2023
အပူလိူင်းကျရင်...ဘာလုပ်ရမှာလည်း?
ပြင်ပအပူချိန်သည် ၄၅'စင်တီဂရိတ်ရောက်ရှိလာပါက အပူရှပ်ပြီးသတိလစ်နိုင်ပါတယ်.
ကျန်းမာသူလူကြီးတစ်ယောက်၏ကိုယ်တွင်းအပူချိန်သည် ၉၆.၇ဖာရဟိုက်ဖြစ်ပါတယ်.၁၀၈ ဖာရဟိုက်သည် လူအသက်သေဆုံးပါတယ်.
အပူလိူင်းမကျခင်ကြိုတင်ကာကွယ်ထားနိုင်မှကုသမူ အောင်မြင်နိုင်ပါတယ်.
သတိထားရမည့်သူများက အသက်ကြီးသူများနှင့်ရောဂါအခံရှိသူများဖြစ်ပါတယ်.
Heat Stroke ရရှိသူအားကုသရတွင် ရေခဲတုန်းများလိုအပ်ပါတယ်.ထိုသို့ရေခဲများရရန်မဖြစ်နိုင်ပါ.
ကြိုတင်ကာကွယ်မူသာအသက်ရှင်နိုင်ပါတယ်.အောက်ပါအချက်များကိုလိုက်နာထားရန်လိုအပ်ပါတယ်.
၁.အရက်.ဘီယာ.ဝိုင်များမသောက်သင့်တော့ပါ.
၂.လိုအပ်သည်ထက်ပိုမစားရန်
၃.နေပူအောက်တွင်ထီးမပါပဲမသွားရပါ.
၄.သွေးတိုးသမားများအငန်လျော့စားထားရန်
၆.ဆီးချိုသမားများအချိုလျော့စားထားရန်
၇.ရေကိုကြိုတင်သောက်ထားရန်
၈.ချွေးထွက်များပါက..ရေနှင့်ဓါတ်စားရည်ကြိုတင်သောက်ထားရန်.
၉.သွေးပေါင်ကျဆေးနှင့်ဓါတ်စားရည်ကိုသွားလေရာယူေဆာင်သွားရန်.
၁၀.လူနာရှိအိမ်များတွင်ဓါတ်ဆားထုတ်အားကြိုတင်ဆောင်ထားရန်
၁၁.ကလေးများနေပူအောက်တွင်မထားရန်.
၁၂.အပူချိန်ပြင်းထန်နေချိန်တွင်အစားအစာကိုလျော့စားထားရန်လိုအပ်ပါတယ်.
Thaingar Aung