လျှံဖြိုးသာ ဆေးဆိုင် - Hlyan Phyoe Thar Pharmacy

  • Home
  • Myanmar
  • Salin
  • လျှံဖြိုးသာ ဆေးဆိုင် - Hlyan Phyoe Thar Pharmacy

လျှံဖြိုးသာ ဆေးဆိုင် - Hlyan Phyoe Thar Pharmacy Medical And Health

စိတ်ချOK ပြန်ရပါပီနော်
07/06/2025

စိတ်ချ
OK ပြန်ရပါပီနော်

ယခု လျှံဖြိုးသာဆေးဆိုင် ကိုအ.ထ.က(၁)လမ်းမပေါ်ရန်ကင်းစျေးအရှေ့ဘက်ပြည့်စုံရွှေဆိုင်နဲ့မျက်နှာချင်းဆိုင်မကွေးမြို့မှာ ပြောင်...
15/03/2025

ယခု လျှံဖြိုးသာဆေးဆိုင် ကို
အ.ထ.က(၁)လမ်းမပေါ်
ရန်ကင်းစျေးအရှေ့ဘက်
ပြည့်စုံရွှေဆိုင်နဲ့မျက်နှာချင်းဆိုင်
မကွေးမြို့မှာ ပြောင်းလဲဖွင့်လှစ်ထားပါတယ်နော်

မြန်မာဆေး၊အဂ်လိပ်ဆေးများကို ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်နော်
ဆေးမှာယူလိုပါက 09786824388 ကိုဆက်သွယ်မှာယူလို့ရပါတယ်ရှင့်

👉Sitaglit-M 1000 3ဗူး သောက်နေကြဆီးချိုသမားများအတွက်လှူပါတယ်expired date က ဒီလကုန်ပါဆိုင်လာယူလို့ရပါတယ်နော်👉လျှံဖြိုးသာဆေ...
15/03/2025

👉Sitaglit-M 1000 3ဗူး
သောက်နေကြဆီးချိုသမားများအတွက်လှူပါတယ်
expired date က ဒီလကုန်ပါ
ဆိုင်လာယူလို့ရပါတယ်နော်

👉လျှံဖြိုးသာဆေးဆိုင်
ဇီဇဝါလမ်းအရှေ့ဘက် ၊အထက၁လမ်းမပေါ်
မကွေးမြို့

တန်တန်တန်...ညိုကီတို့လက်ဆွဲTop Roll အားဆေးလေး ၁ကဒ် ၂၂၀၀ နဲ့စျေးလေးလျော့ပေးထားပါတယ်နော်အမြဲသောက်နေကြဆို ဝယ်ထားလိုက်တော့နေ...
18/02/2024

တန်တန်တန်...
ညိုကီတို့လက်ဆွဲ
Top Roll အားဆေးလေး
၁ကဒ် ၂၂၀၀ နဲ့စျေးလေးလျော့ပေးထားပါတယ်နော်
အမြဲသောက်နေကြဆို ဝယ်ထားလိုက်တော့နော
expired date လေးက 5.3.2024 ပါ
နယ်ဝေးဆို ကားဂိတ်အရောက်ပို့ပေးပါတယ်နော်

လျှံဖြိုးသာ ဆေးဆိုင်
09786824388
စလင်းမြို့

ခေါင်းတွေမူးနေပြီ၊ ချောင်းခြောက်လည်းဆိုးနေတယ်၊ အာရုံစိုက်မရတော့ဘူး၊ မောနေလို့...စတဲ့ဝေဒနာလေးတွေ နည်းနည်းချင်းစီခံစားနေရပ...
03/08/2023

ခေါင်းတွေမူးနေပြီ၊ ချောင်းခြောက်လည်းဆိုးနေတယ်၊ အာရုံစိုက်မရတော့ဘူး၊ မောနေလို့...စတဲ့ဝေဒနာလေးတွေ နည်းနည်းချင်းစီခံစားနေရပြီလား⁉️

ဝေဒနာသေးသေးလေးကနေ ရောဂါကြီးဖြစ်လာနိုင်တာမို့ ဝေဒနာနုစဉ်ကုသစေချင်ပါတယ်။ ကုသဖို့အတွက်လည်း စိတ်ရှုပ်မခံနဲ့။ လူကြီးလူငယ်မရွေးမှာ အဖြစ်များတဲ့ရောဂါမျိုးစုံပျောက်ကင်းစေမဲ့ ကျားငါးကောင်ရဲ့ “ သွေးအားတိုးဆေး ”ရှိနေပါပြီ🤗

📍ကျားငါးကောင်ရဲ့သွေးအားတိုးဆေးမှာဆို ဒန္တကူးနီ၊ နံသာနီ၊ လေညှင်း၊ ဇာတိပ္ဖိုလ်သီးနဲ့ အခြားသောအစွမ်းထက်ဆေးဝါးများကို အချိုးကျရောစပ်ပြီးစီမံထုတ်လုပ်ထားတာကြောင့်

✅ သွေးအားနည်းပြီး ချည့်နဲ့မောပန်းခြင်း
✅ နှလုံးခုန်ရင်တုန်ခြင်း
✅ နှလုံးသွေးကြောကျဉ်းခြင်း
✅ နှလုံးအားနည်းပြီး စားမဝင်အိပ်မပျော်ခြင်း
✅ ချောင်းခြောက်ဆိုးခြင်း
✅ သလိပ်ကပ် ရင်ကြပ်ရင်ကယ်ဖြစ်ခြင်း
✅ သွေးမသန့်ခြင်းစတဲ့ ရောဂါဝေဒနာများကို တစ်ချက်တည်းနဲ့ သိသိသာသာ သက်သာပျောက်ကင်းစေပါတယ်။

📍ဒါ့အပြင် ကာယဉာဏအလုပ်သမားများ၊ အားကစားသမားများအတွက်လည်း သွေးလည်ပတ်မှုအားကောင်းစေတာမို့ ပင်ပန်းမှုဒဏ်တွေ‌ပျောက်ကင်းစေပြီး လန်းဆန်းတက်ကြွ ခွန်အားတိုးပွားစေပါတယ်💪

💁‍♀ သူ့ကို ယမကာထဲစိမ်ပြီး ဆေးအဖြစ်သောက်သုံးလို့ရသလို အားနည်းနေတဲ့သူတွေအတွက် ကြက်ဥသို့မဟုတ် ပျားရည်နဲ့ရောစပ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။

💁‍♀ အမျိုးသမီးများလည်း ဓမ္မတာမမှန်ခြင်း၊ မီးယပ်ခြောက်ခြင်း၊ သွေးခဲခြင်းတို့အတွက်လည်း ချင်းပြုတ်ရည်နဲ့ ‌သောက်သုံးပေးပါက ကောင်းမွန်တဲ့ရလဒ်ကို ခံစားရစေမှာပါ။

🛑 သတိပြုရန် 🛑
ကိုယ်ဝန်ဆောင်မိခင်များ လုံးဝ‌မသောက်ရပါ။

ဆေးညွှန်းအနေဖြင့် ~
🔸လူကြီး လက်ဖက်ရည်ဇွန်း (၁)ဇွန်း၊ တစ်နေ့(၂)ကြိမ်

❇️ ကျားငါးကောင်ရဲ့ သွေးအားတိုးဆေးဟာ လူကြီးလူငယ် ကျားမ မရွေး၊ သက်သက်လွတ်စားသုံးသူများပါ စိတ်ချယုံကြည်စွာ စွဲသုံးနိုင်ပါသည်💯

❇️ သန့်ရှင်းမှု၊ ထုတ်ပိုးမှုသပ်ရပ်မှု၊ တိကျသေချာမှုစတဲ့ ကျားငါးကောင်ရဲ့စံနှုန်းနဲ့အညီထုတ်လုပ်ထားတာမို့ ဘေးဥပဒ်ဖြစ်မှာလည်း လုံးဝမစိုးရိမ်ရပါဘူးနော်💯

❝ စိတ်ရောကိုယ်ပါကျန်းမာဖို့ ကျားငါးကောင် သွေးအားတိုးဆေးရှိတယ်နော် ❞

#လျှံဖြိုးသာဆေးဆိုင်

လည်ချောင်းနာ၊ အာသီးရောင်တိုင်း မိုင်ဘေစင်ငုံဆေး ငုံရမှာတော့ သိကြတယ်ဟုတ်။ ဒါဆို မိုင်ဘေစင်ကို တစ်ခါငုံရင် တစ်နေ့ ဘယ်နှစ်လ...
22/07/2023

လည်ချောင်းနာ၊ အာသီးရောင်တိုင်း မိုင်ဘေစင်ငုံဆေး ငုံရမှာတော့ သိကြတယ်ဟုတ်။
ဒါဆို မိုင်ဘေစင်ကို တစ်ခါငုံရင် တစ်နေ့ ဘယ်နှစ်လုံးငုံရမလဲရော သိပြီးပြီလား။
ခံတွင်း‌အပူနာနဲ့ လည်ချောင်းနာ၊ အာသီးရောင်တာကို အထိရောက်ဆုံးသက်သာစေဖို့ မိုင်ဘေစင်ငုံဆေးကို ဘယ်လိုငုံရမလဲသိချင်ရင် ပုံကိုတစ်ချက်ကြည့်နော် 😉


#လျှံဖြိုးသာဆေးဆိုင်

20/06/2023

“သွေးလွန်တုပ်ကွေးဖြစ်ရင် ဘာစားစရာလေးတွေ ရှောင်ရမလဲ?”

ဒီရက်ပိုင်းတော့ မိုးတွေလည်းရွာနေပြီ။ ကလေးတွေလည်းတော်တော်များများဖျားကြတယ်။ သွေးလွန်တုပ်ကွေး ရာသီလည်းဖြစ်နေတော့ စာရေးသူက သွေးလွန်တုပ်ကွေးဖြစ်ရင် ဘာလေးတွေကိုရှောင်ရမလဲ ဆိုတာကိုရေးသားပေးလိုက်ပါတယ်ရှင်။

၁။ အညိုရောင်ရှိသော အစားအသောက်များ
ချောကလက်အရည် ဥပမာ-မိုင်လို၊ အိုဗာတင်း၊ ကော်ဖီ၊ အနီရောင် အချိုရည်များ ဥပမာ- စပျစ်ဖျော်ရည်။
သွေးလွန်တုပ်ကွေးဖြစ်လို့ ရောဂါအခြေအဆိုးရင်သွေးထွက်မှု အလွယ်တကူဖြစ်တတ်ပါတယ်။ ဒီလိုမျိုးသွေးထွက်ရင် အစာအိမ်က အက်ဆစ်နဲ့ဓါတ်ပြုပြီး အညိုရောင်ပြောင်းသွားတတ်ပါတယ်။
ဒီတော့ကလေးက အညိုရောင်တွေအန်ရင် ရောဂါအခြေအနေနဲ့ရောထွေးတတ်ပါတယ်။ ဒါကြောင့် အညိုရောင်အစားအသောက်လေးတွေကိုရှောင်သင့်ပါတယ်။

၂။ ကာဖင်းဓါတ်ကဲသော အစားအသောက်များ
ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ ချောကလက်
ကာဖင်းဓါတ်က ဆီးသွားတာကိုအားပေးပါတယ်။ ဆီးသွားပြီဆိုရင် ရေဓါတ်လည်း ဆုံးရှုံးတတ်တဲ့အတွက် သွေးလွန်တုပ်ကွေးရောဂါကိုပိုဆိုးစေတတ်ပါတယ်။

၃။ အပူအစပ်တွေ
ဥပမာ- စပ်လွန်းတဲ့ခေါက်ဆွဲထုပ်တွေ၊ မာလာရှမ်းကောလို အဆီနဲ့အစပ်များတာတွေ။
ကလေးလေးတွေ သွေးလွန်တုပ်ကွေးဖြစ်ရင် အစားစားချင်အောင်အစပ်လေးတွေ မကျွေးသင့်ပါဘူး။ အစာအိမ်က အက်ဆစ်တွေပိုထွက်စေပြီး အစာအိမ်သွေးယိုမှုကို အားပေးတတ်ပါတယ်။

၄။ အဆီများတဲ့အစားအစာတွေ
ဥပမာ- ချိစ်၊ ထောပါတ်၊ ဆီကြော်တွေ။
ကလေးလေးက နေမကောင်းတာဖြစ်တဲ့အတွက် အစာအိမ်က အဆီများတာတွေကို ချေဖျက်ရခက်ပါတယ်။ ဒါကြောင့်ကလေးဖျားပြီဆိုရင် အဆီများတာတွေကိုရှောင်ပြီး အာဟာရမျှတအောင်ကျွေးသင့်ပါတယ်။

ဒီအစားအသောက်လေးတွေထဲမှာ ဖေဖေမေမေတို့ သတိမထားမိပဲကျွေးနေတဲ့အစားအသောက်လေးတွေရောပါနေရဲ့လား? ဒါဆိုရင်တော့ သတိထားပြီး ကျွေးပါလို့ စာရေးသူကတိုက်တွန်းလိုက်ရပါတယ်ရှင်။

ျန်းမာစွာလှပဖို့
ဒေါက်တာအိအိမင်း(အာဟာရအထူးပြု)


#လျှံဖြိုးသာဆေးဆိုင်

14/06/2023

AVOCADO 🥑😋

ကထာပတ်သီးကနေ ရရှိနိုင်မယ့်ကျန်းမာရေးအကျိုးကျေးဇူးများ👀

🥑ထောပတ်သီးမှာ သွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးရောဂါတွေခံစားရနိုင်ခြေကိုလျှော့ချပေးပါတယ်ရှင်…
🥑အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ homocysteine ပရိုတင်းပမာဏ များလွန်းတာက နှလုံးရောဂါတွေခံစားရနိုင်ခြေကိုတိုးစေနိုင်တယ်ဆိုပေမယ့်ထောပတ်သီးမှာ ဗီတာမင် B6 နဲ့ဖောလစ်အက်ဆစ်ကြွယ်ဝပါဝင်မှုကhomocysteine ပရိုတင်းချေဖျက်ရာကနေထွက်လာတဲ့ အမိုင်နိုအက်ဆစ်ကိုထိန်းညှိပေးပါတယ်ရှင်……

🥑ထောပတ်သီးကလေဖြတ်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေနဲ့ဆီးချိုဖြစ်ပေါ်ခံစားရနိုင်ခြေတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်ရှင်…..

🥑ရောင်ရမ်းမှုကို သက်သာစေခြင်း
ထောပတ်သီးဟာ ရောင်ရမ်းမှုကိုသက်သာစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ထောပတ်သီးမှာphytosterols ၊ ကာရိုတီးနွိုက်၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊omega 3 fatty acids နဲ့ polyhydroxolated fatty alcoholတွေပါဝင်တာကြောင့် အဆစ်အမြစ်ရောင်ရမ်းနာနဲ့လေးဖက်နာဝေဒနာတွေကို သက်သာစေပါတယ်ရှင်……

🥑သွေးတွင်းကိုလက်စထရောကျဆင်းစေခြင်း
ထောပတ်သီးကသွေးတွင်းကအကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုကျဆင်းစေပြီး အကျိုးပြုကိုလက်စထရောကို တိုးစေပါတယ်။သွေးတွင်းကိုလက်စထ‌ရောမြင့်တဲ့သူတွေအနေနဲ့ နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာထောပတ်သီးကိုထည့်သွင်းစားသုံးမယ်ဆိုရင် တစ်ပတ်ကြာတဲ့အခါ ကိုယ်တွင်းက အကျိုးမပြု ကိုလက်စထရော ၂၂ ရာခိုင်နှုန်းကျဆင်းပြီး အကျိုးပြုကိုလက်စထရော ၁၁ ရာခိုင်နှုန်းတိုးလာစေပါတယ်၊လို့ဆေးဘက်ဆိုင်ရာ လေ့လာမှုတစ်ရပ်မှာတွေ့ရှိခဲ့ပါတယ်။သွေးတွင်းကိုလက်စထရာပမာဏကောင်းမွန်သူ‌ေတွမှာလည်း ပိုမိုကောင်းမွန်အောင်ထောပတ်သီးက အထောက်အကူပြုပေးပါတယ်ရှင်……

🥑သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးခြင်း
ထောပတ်သီးမှာ monounsaturated fat ကြွယ်ဝစွာပါဝင်တာကြောင့် အင်ဆူလင်ဓါတ်တုံ့ပြန်နိုင်စွမ်းမရှိခြင်း (insulin resistance) ကိုရပ်တန့်အောင်လည်း အထောက်အကူပြုပါတယ်။သွေးတွင်းသကြားဓါတ်ထိန်းညှိရာမှာလည်း အထောက်အကူပြုပါတယ်။ ထောပတ်သီးမှာပါတဲ့ ပျော်ဝင်နိုင်တဲ့အမျှင်ဓါတ် ကသွေးတွင်းသကြားဓါတ်ပမာဥကို တည်ငြိမ်အောင်လည်း ထိန်းညှိပေးပါတယ်။ထောပတ်သီးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီး အချိုဓါတ်ပါဝင်မှုနည်းတာကလည်းသွေးတွင်းသကြားဓါတ်ထိန်းညှိရာမှာအထောက်အကူပြုပါတယ်ရှင်……

🥑သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း
ထောပတ်သီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး
သွေးပေါင်ချိန်ကိုထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။ ပိုတက်ဆီယမ်ဓါတ်က ဆားစားသုံးမှုကြောင့်သွေးတိုးတာကို ထိန်းညှိရာမှာအထောက်အကူပြုပါတယ်။
အမြင်အာရုံ
ထောပတ်သီးမှာ မျက်လုံးကြွက်သားတွေ ယိုယွင်းပျက်စီးတာနဲ့ရေတိမ်ဖြစ်တာတွေကိုလျော့ကျစေနိုင်တဲ့carotenoid lutein ပါဝင်တာကြောင့် အမြင်အာရုံကိုကောင်းမွန်စေပါတယ်။
ကိုယ်ခံအားစနစ်Glutathione က ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတဲ့ အင်အားပြည့်ဝတဲ့ ဓါတ်တိုးဆန့်က်ျပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ပြန်ရည်ကြောဆဲလ်တွေထဲမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့glutathione ပမာဏက သင့်တင့်တဲ့အနေအထားရှိနေမယ်ဆိုရင် ကိုယ်ခ့အားစနစ်က အကောင်းမွန်ဆုံးအနေအထားမှာရှိနေမှာဖြစ်ပါတယ်။ထောပတ်သီးမှာglutathione ကြွယ်ဝစွာပါဝင်နေပါတယ်၊ လို့ အမေရိကန်အမျိုးသား တက္ကသိုလ်ကဖော်ပြခဲ့ပါတယ်။
သန္ဓေသားမှာ မွေးရာပါချို့ယွင်းချက်မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်း
ထောပတ်သီးက မိခင်တွေရွေးချယ်စားသုံးသင့်တဲ့ အသီးတစ်မျိုးပါ။ထောပတ်သီးမှာဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်နေပါတယ်။ဖောလစ်အက်ဆစ်က အာရုံကြောပြွန်ချွတ်ယွင်းလိုမျိုး ကလေးငယ်တွေမှာ မွေးရာပါချွတ်ယွင်းချက်မဖြစ်အောင်ကာကွယ်ပေးနိုင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ထောပတ်သီးကိုစားသုံးသင့်ပါတယ်။

🥑ကင်ဆာ
ထောပတ်သီးက ခံတွင်းကင်ဆာ၊ အရေပြားကင်ဆာနဲ့ဆီးကျိတ်ကင်ဆာတွေအပါအဝင်ကင်ဆာရောဂါတော်တော်များများမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ထောပတ်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာနဲ့ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိတွေက ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ထောပတ်သီးမှာပါတဲ့ phytochemical ကကင်ဆာဆဲလ်တွေပြန့်ပွားမှုမဖြစ်အောင်တားဆီးပေးသလို ကင်ဆာဆဲလ်တွေကိုသေစေနိုင်စွမ်းရှိပါတယ်ရှင်….

🥑အစာကြေစေခြင်း
ထောပတ်သီးမှာအမျှင်ဓါတ်ကြွယ်ဝစွာ ပါရှိမှုက အစာချေလမ်းကြောင်းကို ကောင်းမွန်အောင်အထောက်အကူပြုသလို၊ ဝမ်းမှန်စေပြီး အူလမ်းကြောင်းကိုကျန်းမာစေပါတယ်။ ကိုယ်အလေးချိန်ကိုလည်းထိန်းညှိပေးနိုင်ပါသေးတယ်ရှင်….

🥑အရေပြား
ထောပတ်သီးမှာပါတဲ့ ဗီတာမင် စီ နဲ့ဗီတာမင် အီး (Vitamin E) အရေပြားကိုအာဟာရပြည့်စေပြီး ဝင်းလက်တောက်ပစေပါတယ်။ထောပတ်သီးကို အရေပြားမှာ အနီအပိန့်တေါထွက်တာကို သက်သာစေဖို့အတွက် အသုံးပြုပေးနိုင်ပါတယ်ရှင်…..

❗️သတိပြုရမယ့်အချက်များ
-ထောပတ်သီးကို အလွန်အကျွံစားသုံးမယ်ဆိုရင် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။
-ထောပတ်သီးက အစာခြေဖျက်ရတာကြာတာကြောင့်တော်တော်ကြာတဲ့အထိ ဗိုက်ဆာတယ်လို့မခံစားရစေတာကြောင့် ထောပတ်သီးကိုအလွန်အကျွံစားသုံးပါကအာဟာရချို့တဲ့မှုကိုခံစားရနိုင်ပါတယ်။
-latex allergy ရှိသူတွေအနေနဲ့ထောပတ်သီးကိုစားသုံးမယ်ဆိုရင် ဓါတ်မတည့်တာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
-ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေအနေနဲ့ထောပတ်သီးကဘေးကင်းရဲ့လားဆိုတာကိုသေချာမသိရသေးတာကြောင့် မစားသုံးဘဲနေတာပိုကောင်းပါတယ်။
original writter
#လျှံဖြိုးသာဆေးဆိုင်
pharmacy

💊Alerday 💊💠 ဆရာဝန်ဆေးစာမလိုပဲ အလွယ်တကူ ဝယ်ယူရရှိနိုင်သောဆေး (OTC) ဖြစ်ပါသည်။ 💠 ဆေးတောင့် တစ်ခုစီတွင် အောက်ပါပစ္စည်းများ ...
28/05/2023

💊Alerday 💊

💠 ဆရာဝန်ဆေးစာမလိုပဲ အလွယ်တကူ ဝယ်ယူရရှိနိုင်သောဆေး (OTC) ဖြစ်ပါသည်။

💠 ဆေးတောင့် တစ်ခုစီတွင် အောက်ပါပစ္စည်းများ ပါဝင်ပါသည်။
- Fexofenadine Hydrochloride 120 mg

ဆေး၏လုပ်ဆောင်ချက်
🔰🔰🔰🔰🔰🔰🔰🔰🔰

💠 ဓာတ်မတည့်ခြင်းကို ကုသသောဆေး (Antihistamine) ဖြစ်ပါသည်။ အရေပြားကို ကုတ်မိခြစ်မိခြင်း (scratching) /တစ်ခုခုနှင့် ဓာတ်မတည့်ခြင်း (hypersensitivity reaction) (allergic response) ဖြစ်သည့်အခါတွင်လည်း Histamine ထွက်တတ်ပါသည်။
Histamine သည် နှာချေခြင်း၊ နှာရည်၊ မျက်ရည် ယိုရွဲခြင်း၊ အရေပြားယားယံခြင်း စသည့် Allergy လက္ခဏာများကို ဖြစ်ပွားစေသည်။

💠 Fexofenadine သည် histamineကို လျှော့ချပေးခြင်းဖြင့် နှာချေခြင်း၊ နှာရည်ယိုခြင်း၊ ယားယံခြင်းစသည့် လက္ခဏာများကို သက်သာစေသည်။

Fexofenadine ကို အသုံးပြုခြင်း
🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶

Hay fever ဟု ခေါ်ဆိုသည့် Allergic Rhinitis 💦
➿➿➿➿➿➿➿➿➿➿
💠 အရွယ်ရောက်ပြီးသူများနှင့် အသက် (၆) နှစ် ကလေးများသည် ရာသီအလိုက် လေထုထဲမှ တဆင့် ပါလာသည့် အမှုန်အမွှားများနှင့် ပိုးမွှားများကို ရှူမိသည့်အခါ ကိုယ်ခံစွမ်းအားစနစ်က ၎င်းတို့ကို တိုက်ထုတ်ရာမှ တုံ့ပြန်မှု လွန်ကဲပြီး ဓာတ်မတည့်ခြင်းလက္ခဏာများ ဖြစ်ပေါ်လာသည်။ နှာချေခြင်း၊ နှာရည်ယိုခြင်း၊ နှာမွှန်ခြင်း၊ နှာခေါင်းယားယံခြင်း၊ အာခေါင်၊ လည်ချောင်းယားယံခြင်း၊ မျက်လုံးနီပြီး မျက်ရည်ကျခြင်း စသည့် လက္ခဏာများကို ကုသနိုင်ပါသည်။

နာတာရှည် ယားယံခြင်း
(Chronic Idiopathic Urticaria)
➿➿➿➿➿➿➿➿➿➿
💠 အရွယ်ရောက်ပြီးသူများနှင့် အသက် (၆) နှစ် ကလေးများတွင် နာတာရှည် ယားယံခြင်း အင်ပျဥ်ထခြင်းတို့ကိုကုသရန်လည်း အသုံးပြုပါသည်။

ဆေးညွှန်း
🔶🔶🔶

💠 ၁၂ နှစ်အထက်လူကြီးများနှင့်ကလေးများ
အကြံပြုထားသောဆေးညွှန်း - တစ်နေ့လျှင် 120mg

ကျောက်ကပ် အလုပ်လုပ်နိုင်စွမ်းနည်းသောသူများသည် တစ်နေ့တစ်ကြိမ် ၆၀ မီလီဂရမ် စတင်သောက်သုံးသင့်ပါသည်။

💠 ကလေးများ (အသက် ၆- ၁၁ နှစ်)
အကြံပြုထားသောဆေး - နေ့စဉ် ၃၀ မီလီဂရမ် တစ်နေ့ (၂) ကြိမ်

ကျောက်ကပ် အလုပ်လုပ်နိုင်စွမ်းနည်းသောကလေးလူနာများသည် တစ်နေ့တစ်ကြိမ် (၃၀) မီလီဂရမ် စတင်သောက်သုံးသင့်ပါသည်။

ကြိုတင်ပြင်ဆင်မှုများ
🔶🔶🔶🔶🔶🔶🔶🔶🔶

💠 fexofenadine HCI ကို ရေရှည်သုံးစွဲနေတောင်မှ ကင်ဆာဖြစ်စေနိုင်မှု၊ ဗီဇပြောင်းလဲခြင်းကို ဖြစ်စေသောဓာတုပစ္စည်းများ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းများ၏ စွမ်းရည် (Mutagenicity) နှင့် မျိုးပွားခြင်းကို အနှောက်အယှက်ပေးခြင်းများကို မတွေ့ရှိရပါ။

💠 ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် လုံလောက်သော လေ့လာမှုများ မရှိပါ။ သန္ဓေသား ထိခိုက်မှု မရှိမှသာ Fexofenadine ကိုကိုယ်ဝန်ဆောင်ချိန်တွင် အသုံးပြုသင့်သည်။

💠 နို့တိုက်နေသော အမျိုးသမီးများအတွက် လုံလောက်သော လေ့လာမှု မရှိပါ။ မိခင်နို့ရည်ထဲသို့ Fexofenadine ရောက်ရှိနိုင်သဖြင့် fexofenadine ကို သတိထားပြီး သောက်သင့်ပါသည်။

💠 Fexofenadine ဆေး၏ ဘေးထွက်ဆိုးကျိုးများသည်ပျော့ပျောင်းပါသည်။ ခေါင်းကိုက်ခြင်း၊ ပျို့ချင်ခြင်း၊ အိပ်ငိုက်ခြင်း၊ မူးဝေခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ ဖြစ်နိုင်ပါသည်။

ဆေးဓာတ်မတည့်ခြင်း
🔶🔶🔶🔶🔶🔶🔶🔶🔶

💠 Fexofenadine နှင့်အတူ Erythromycin သို့မဟုတ် Ketoconazole တစ်ပြိုင်တည်း တွဲသောက်လျှင် Fexofenadine plasma ပြင်းအားတိုးမြင့်လာနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးများ ပိုမို များလာခြင်း မရှိနိုင်ပါ။

💠 အလူမီနီယမ်နှင့် မဂ္ဂနီစီယမ်ဟိုက်ဒရောဆိုဒ် ပါဝင်သော အစာအိမ် အချဉ်ဓာတ်ကို လျော့နည်းစေသောဆေး (antacid) များကို Alerday နှင့် အချိန် နီးကပ်စွာ မသောက်သင့်ပါ။

ဆေးသိမ်းဆည်းခြင်း
🔶🔶🔶🔶🔶🔶🔶🔶🔶

💠 အေးမြခြောက်သွေ့သော နေရာတွင် ဆေးကို သိမ်းဆည်းပါ။
💠 ဆေးကို ကလေးများနှင့် ဝေးရာတွင် သိမ်းဆည်းပါ။


Khin Maung Latt
(Chemistry)

#လျှံဖြိုးသာဆေးဆိုင်

24/05/2023

Kinoki ​ရွှေ​ရောင်​လေးလည်းရပါပြီရှင့်
Price_5000 ks

Kinoki Ginger + Salt Cleansing Detox သည် ဂျပန်ခြေဖဝါးနှိပ်ပညာကို အခြေခံထားပြီး ဂျင်းနှင့်ဆားကို အထူးပြုကာအခြားဆေးဖက်ဝင် သစ်သီးသစ်ဖုများဖြင့် အချိုးကြစွာ ဖော်စပ်ထုတ်လုပ်ထားပါသည်။

Kinoki Cleansing Detox Foot Pads ( ရွှေရောင် )
#ခြေဖဝါးအဆိပ်ထုတ်ကပ်ခွာ

၁၀ ခုပါတစ်ဘူးမှာ ၅ရက်စာ ၅ စုံပါဝင်သည်
ခြေဖဝါးအဆိပ်ထုတ် ကပ်ခွာလေးများဟာ ဂျပန်ခြေဖဝါးနှိပ်ပညာကို အခြေခံထားပြီး ဂျပန်နိုင်ငံမှ ဆေးဝါးကုန်ကြမ်းများနှင့် ဂျပန်နည်းပညာနှင့် ထုတ်လုပ်ထားပါသည်

Cleansing Detox Foot Pads
ဂျပန်ဝါးကို အထူးပြုကာအခြားဆေးဖက်ဝင် သစ်သီးသစ်ဖုများဖြင့် အချိုးကျစွာ ဖော်စပ်ထုတ်လုပ်ထားပါသည်

#ရိုးရာတိုင်းရင်းဆေးတစ်မျိုးဖြစ်သည့်
သဘာဝသစ်ဥသစ်ဖုများဖြင့်ဖော်စပ်ထားသော
အဆိပ်ထုတ်ကပ်ခွာလေးဖြစ်ပါတယ်ရှင့်

်ခွာကိုသုံးစွဲခြင်း​ကြောင့်​သက်သာပျောက်ကင်းစေသောရောဂါများမှာ👇👇👇
👉 ကွန်ပျူတာအကြည့်များသူများ😍
👉 ကျီးပေါင်းတက်သူများ😍
👉 အထိုင်များသူများ😍
👉 အညောင်းမိသူများ😍
👉 အပူများ၍ကိုယ်လက်လေးလံနေသူများ😍
👉 မျက်စိနာသူများ😍
👉 မျက်မှန်တပ်ရသူများ😍
👉 အပူများ၍လည်ချောင်းနာသူများ😍
👉 ဇတ်ကြောတတ်သူများအတွက်😍
အထူးကောင်းမွန်သော သဘာဝဆေးကောင်းတစ်လက်ဖြစ်ပါတယ်ရှင် ဘေးဥပါတ် ဆိုးကျိုးဖြစ်မှာ မပူရပါဘူးရှင်......

်ခွာကိုပုံမှန်သုံးစွဲ​မှု့ရဲ့အကျိုးအာနိသင်တွေကတော့👇👇👇

👉 အပူအပုတ်ကင်းစင်ပြီး ပေါ့ပါးလန်းဆန်းစေခြင်း
👉 စိတ်ဖိစီးမှုလျော့ကျစေခြင်း
👉အကြောအချဥ်များညောင်းညာတောင့်တင်းမှုကင်းစင်စေခြင်း
👉 အမြင်အာရုံကောင်းမွန်စေခြင်း
👉 ခန္ဓာကိုယ်သွေးလည်ပတ်မှုအားကောင်းစေခြင်း
👉 ခြေဆီအနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း
စသည့် အကျိုးကျေးဇူးများ ရရှိစေမှာဖြစ်ပါတယ်ရှင့်

အသုံးပြုနည်း
ညအိပ်ရာဝင်ခါနီ ခြေဖဝါးနှစ်ဖက်အား
ဒူးအောက်ကနေမှသန့်စင်အောင်ဆေးကြော၍
ဆေးထုပ်လေး၏ စာမပါသည့်ဘက်ကိုခြေဖဝါး
အလယ်တွင်တင်၍ အပေါ်မှအသင့်ပါရှိသည့်
ကပ်ခွာလေးကပ်ပြီးအိပ်ရပါမည်။
မနက်အိပ်ရာထလျှင်ခွာပေးရပါမည်။
ခန္ဓာကိုယ်အတွင်းရှိ အပူအပုတ် အဆိပ်အတောက်များလျော့ကျကင်းစင်၍ ပေါ့ပါးလန်းဆန်းမှုကို
ခံစားရပါလိမ့်မည်။

#တစ်ညကပ်ပြီးလျှင်မဲနက်သွားမည်ဖြစ်၍
ဆေးကပ်ခွာလေးကို စွန့်ပစ်ရပါမည်

#နာကျင်ကိုက်ခဲတဲ့ နေရာတွေလေးကိုလည်း ကပ်လို့ရပါတယ် 😍

Credit


#လျှံဖြိုးသာဆေးဆိုင်

💊Supravit Supravit အားဆေးသည် Australia နိုင်ငံတွင်ထုတ်လုပ်သော TGA အသိအမှတ်ပြု အဆင့်မြင့်အားဆေးဖြစ်ပြီး ဗီတာမင် (၈) မျိုး...
23/05/2023

💊Supravit

Supravit အားဆေးသည် Australia နိုင်ငံတွင်ထုတ်လုပ်သော TGA အသိအမှတ်ပြု အဆင့်မြင့်အားဆေးဖြစ်ပြီး ဗီတာမင် (၈) မျိုးနှင့် သတ္ထုဓာတ် (၂၁) မျိုးပေါင်းစပ်ပါဝင်ပါတယ်။

👉Sustained Release Technology ဖြင့်ထုတ်လုပ်ထားသည့်အတွက် ၂၄ နာရီကြာအာနိသင်ရှိခြင်းကြောင့် တစ်နေ့တာလုံး အင်အားပြည့်ပြီး တက်ကြွလန်းဆန်းစေမှာဖြစ်ပါတယ်။

👉Vitamin B 1,6,12 ပါဝင်တဲ့အတွက် အာရုံကြောအားနည်းခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် Supravit ကိုသောက်သုံးခြင်းဖြင့် TB ဆေးကြောင့်ဖြစ်တတ်တဲ့ အာရုံကြောထိခိုက်မှုများကိုလည်း သက်သာစေနိုင်ပါတယ်။

📌အသက်အရွယ်ကြီးသူများ
📌နာတာရှည်ရောဂါရှိသူများ
📌နာလန်ထစလူနာများ
📌ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါနှင့် သွေးတိုးရောဂါရှိသူများ
📌ပင်ပန်းနွမ်းနယ်လွယ်သူများ အနေနဲ့
Supravit အားဆေးကို တစ်နေ့(၁) လုံး ပုံမှန်သောက်သုံးသင့်ပါတယ်။

မှတ်ချက်။ ။ အသက် (၁၂) နှစ်အထက်မှစပြီး တစ်နေ့တစ်လုံးသောက်သုံးနိုင်ပါတယ်။



#လျှံဖြိုးသာဆေးဆိုင်

Address

စလင်း-မင်းဘူးကားလမ်းမကြီးဘေး၊, မြဧရာ ဓါတ်ဆီဆိုင်အနီး၊ ကူတိုရွာမြောက်ဘက်၊, စလင်းမြို့။
Salin

Telephone

+959421541266

Website

Alerts

Be the first to know and let us send you an email when လျှံဖြိုးသာ ဆေးဆိုင် - Hlyan Phyoe Thar Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share