ကိုအာကာ -Ko Arker Pharmacy TCL

ကိုအာကာ -Ko Arker Pharmacy TCL Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကိုအာကာ -Ko Arker Pharmacy TCL, Medical and health, Tachileik.

 #အရေးပေါ်ကိုယ်ဝန်တားဆေး  or   2. Or Fine Pillဒီဆေးက   0.75 mg နှစ်လုံးပါပါတယ်Fine pill က တော့ 1.5 mg တစ်လုံးပါပါတယ်အတူတ...
17/08/2023

#အရေးပေါ်ကိုယ်ဝန်တားဆေး or 2. Or Fine Pill

ဒီဆေးက 0.75 mg နှစ်လုံးပါပါတယ်

Fine pill က တော့ 1.5 mg တစ်လုံးပါပါတယ်

အတူတူပဲ နှစ်ခုခွဲထားတာနဲ့ တစ်ခုထဲ့ လုပ်ထားတာ ဒါပဲကွာတယ်😁

သောက်နည်း
👇
အားလုံးသိကြတဲ့အတိုင်ပဲ ၇၂နာရီ (၃ရက်) အတွင်းသောက်ရပါမယ် ဒါလူတိုင်သိတယ်😱
မသိသေးတဲ့လူ အလွတ်ပေါ့😂

အကာကွယ်မဲ့လိင်ဆက်ဆံပြီး

စောနိုင်သမျှ စောစော တစ်လုံးသောက်ပါ

ပထမဆေးသောက်ပြီး နောက်၁၂နာရီကြာရင်

နောက်တစ်လုံးပြန်သောက်ပါ

စောလေကောင်းလေပဲ

နောက်တစ်နည်း

နှစ်လုံးတွဲ ပြိုင်တူသောက်ပါ

Fine ကတော့ရှင်းတယ်တစ်လုံးထဲလုပ်ထားတော့တစ်ခါပဲသောက်ရုံပေါ့

ကာကွယ်နိုင်စွမ်းအနေနဲ့ကတော့

ပျမ်းမျှအားဖြင်

တစ်ခုက၈၄%
တစ်ခုက ၈၅%
တစ်ခုက ၉၇%😁😁😁😁😁😁😁😁

သုတေသန သုံးခုဖတ်လိုက်တာ သုံးမျိုးထွက်လာတယ်😂
၉၇%ကိုတော့မမျော်လင့်ပါနဲ့
အနည်းဆုံး 84%ကိုပဲ မ​ျော်လင့်ပါ

လူ၁၀၀ သောက်ရင် ၁၆ယောက်လောက်က ဗိုက်ကြီးနိုင်သေးတယ်လို့မှတ်ပါ။

ဆေးသောက်ချိန်ပေါ်မူတည်ကပြီးလဲ ကာကွယ်နိုင်စွမ်း ကွာသေးတယ်
👇
မထပ ၂၄ နာရီအတွင်း သောက်မိရင် 95%

ဒုတိယ ၂၅ နာရီ မှ ၄၈ နာရီအတွင်းသောက်မိရင် 85%

တတိယ ၄၉ နာရီမှ ၇၂နာရီအတွင်းသောက်မိရင် 58%

ကာကွယ်​ေပးနိုင်ပါတယ်

နောက်ကျလေလေ ကာကွယ်နိုင်စွမ်း​ေလျာ့ကျလာလေလေဆိုတာသတိပြုပါ😎

ဒီဆေးက ကိုယ်ဝန်ကိုဘယ်လိုကာကွယ်ပေးတာလဲ🤔🤔

👇
လု်ပ်ဆောင်ချက်နှစ်မျိုးနဲ့ကာကွယ်ပေးပါတယ်

တစ်မျိုးက မ မျိုးဥ ကြွေချိန်ကို လောလောဆယ်မကြွေအောင် တားထားပေးပါတယ်

မ မျိုးဥကြွေလာရင် သုပ်ပိုးနဲ့ပေါင်းပြီး သန်ဓေတည်မှာ

အဲ့ဒါကြောင့်မို့ မကြွေအောက်တားပေးထားတာ

နောက်တစ်မျိုးက သာဥ ကြွေ နေပြီးသား or ကြွေခဲ့ရင်

သားဥနဲ့သုပ်ပိုးနှစ်ခုမပေါင်းနိုင်အောင်
ကာကွယ်ပေးတယ်

ဒီလုပ်ဆောင်ချက်နှစ်ခုနဲ့ ကိုယ်ဝန်မရတာပါ

Side effect

ပျို့တာ၊ အန်တာ၊ ဗိုက်အောင့်ဗိုက်နာ၊ ခေါင်းကိုက် တစ်ထောင်မှာတစ်ယောက်နှုန်းလောက်ဖြစ်တတ်ပါတယ်ယ်

ရင်သားတင်းပြီးထိရင်နာတာ အဖြစ်များပါတယ်
အဖြစ်အများဆုံးကတော့ ရာသီစက်ဝန်းမမှန်တော့တာပါ

စောပြီးလာတာ
နောက်ကျပြီးမှလာတာ
ရက်ရှည်လာတာ
ရက်တိုလာတာ
လာလိုက်ပျောက်လိုက်
ဖြစ်တာ တွေကတော့ တော်တော်များများဖြစ်တတ်ပါတယ်

အရေးကြီးတာကျန်သေးတယ်😁

ပေါင်ချိန် ၁၆၄ပေါင်အထက်ဆိုရင်

ဆေးကကောင်းကောင်းအလုပ်မလုပ်နိုင်ဘူးနော်

လူကဝရပါတယ်ဆို ဆေးသောက်ထားပြီဆိုပြီး

ကွန်ဖီးဒန့်တွေ ဆိုဟိုက်မနေနဲ့အုံး😂😂

နှစ်ကြောင်းပေါ်နေမှ
အမေကယ်ပါ အဘကယ်ပါဖြစ်နေအုံးမယ်😁

နောက်တစ်ခု ဆေးသောက်ပြီးတစ်နာရီအတွင်း အန်ခဲ့သော် နောက်တစ်ကြိမ် ချက်ချင်းအစားထိုးပြန်သောက်ပါ

ဒက်ထရို ဟုသိကြသော💊💊Dextromethrophan ဒက်ထရိုမီသော်ဖန် ဆေးအကြောင်းအသုံးပြုပုံ -ချောင်းခြောက်ဆိုးတာပျောက်တဲ့ဆေးဥိးနှောက်အတွ...
17/08/2023

ဒက်ထရို ဟုသိကြသော💊💊

Dextromethrophan ဒက်ထရိုမီသော်ဖန် ဆေးအကြောင်း

အသုံးပြုပုံ -ချောင်းခြောက်ဆိုးတာပျောက်တဲ့ဆေး

ဥိးနှောက်အတွင်းရှိ ချောင်းဆိုးခြင်းကို ဖြစ်ပေါ်စေသော အစိတ်အပိုင်းကို ဖိနှိပ်ခြင်းဖြင့် ချောင်းဆိုးခြင်းကို သက်သာစေသည်

စာဆေး💊💊15mgကို တနေ့သုံးကြိမ်အစာစားပိးသောက်သုံးနိုင်းပါတယ်

ဗဟုသုတအဖြစ်သာ

မည်သည့်ဆေးမဆို ဆရာဝန် များနှင့်တိုင်ပင်ပိးမှအသုံးပြုသင့်ပါတယ်ရှင့်။
Crd,

ကဲ အိမ်သုံး ဆေးလေးတွေ ဘာ၀ယ်ရမယ်မသိတဲ့လူတွေအတွက် #ဖျားနာ ကိုက်ခဲတာ အတွက် ပါရာစီတမော 1 (paracetamol) 2diclofenac စျေးလည်းသ...
16/08/2023

ကဲ အိမ်သုံး ဆေးလေးတွေ ဘာ၀ယ်ရမယ်မသိတဲ့လူတွေအတွက်

#ဖျားနာ ကိုက်ခဲတာ အတွက် ပါရာစီတမော 1 (paracetamol) 2diclofenac
စျေးလည်းသင့် ရှာရလွယ်တာပါ တံဆိပ်မျိုစုံရှိပါတယ်
Ubimol (paracetamol + ibuprofen)

#အအေးမိ နှာပိတ်အတွက် သုံးမျိုးပေါင်းက
Decolgen Fluza

#ချောင်းဆိုး ပျောက်ဆေး
စျေးကွက်မှာ ပေါပေါ လွယ်လွယ်ရနိုင်တာ
Bronchest
Detussin
Atussin
Tussic

#ဗိုက်အောင့်လေနာ
Silosogene
Air x ရယ် သူနဲ့ အလားတူ Aero S က စျေးသက်သာပါတယ်
Umetac /R lock (Ranitidine )
Omac ( omezaprozole )ကစျေးသင့်တော်ပါတယ်

}အူလှုပ်ရှားမှုကို ထိန်းတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမှာ ထည့်ပေးချင်တဲ့အခါ
Buscon
Buscopan

နောက်ပြီး meftal spa သူက painရယ် spasm ရယ်အတွက်ပါ

#နှာစေးနာပိတ် allergic ရော မရိုးတာက ဘာမီတွန်ပါ
အိပ်ဆေး အဆင်မပြေတဲ့ အခါ အိပ်ပျော်အောင် ပေးလို့လည်းရမယ်

နောက်တစ်ခုက citrizine (တံဆိပ်မျိုးစုံလာပါတယ် ပေါပါတယ် )

မူးမော်သမား အန်တာအတွက်
Stematil
Stugin ( စျေးသင့်)
B6
Domperidone (လို့ပြောလိုက်ရင် တံဆိပ်မျိုးစုံပေးလိမ့်မယ် ။ရှာရလွယ် ။ အအန်ပျောက်ဆေး )

#ဝမ်းပိတ်ဆေး dicotil လို့ပြောရင် ဆေးဆိုင်တိုင်း သိပါတယ် တချို့ဆရာဝန်တွေက ဝမ်းပိတ်ဆေးသုံးတာ မကြိုက်လို့ နဲနဲပဲ ဝယ်လည်း အဆင်ပြေပါမယ်

#အရောင်ကျဆေး

Kemose စျေးကြီးနိုင်
Denzo စျေးသင့်



Dexamethasone
Dexa top ဘာညာ နာမည်မျိုးစုံနဲ့လာပါတယ်

#ရင်ကြပ်သမားတွေအတွက်

Ventolin 4mg
deriphylline re**rd ရယ် ဆိုရင်
အဆင်ပြေမယ်ထင်ပါတယ်

#သွေးကျဆေး

Amlotan 5 /adipin 5 (amlodipine ) စျေးသက်သာ
Amlotan 10 / adipin5 (amlodipine) စျေးသက်သာ
Nifedipine re**rd 20mg
Caltenol ( atenolol50 mg )
Lasix (ဆီးဆေးပေါ့ အလွယ်ပြောရင် )

#ဆီးချို

Metformin ဆို လူတိုင်းသိနေပါတယ်။ တံဆိပ်မျိုးစုံ စျေးမျိုးစုံ ရှိ။

#ပိုးသတ်ဆေး

Amoxicillin 250mg /500mg (အသက်ရှုလမ်းကြောင်း ဆီး)
Dozen 250/500 ( cephaleximeပါ dozenတံဆိပ် lexipin တံဆိပ်များ စျေးသက်သာ) (အသက်ရှုလမ်းကြောင်း ဆီး)
Septrin ( cotrimoxazole) (အသုံးတည့် အသက်ရှုလမ်းကြောင်း ဆီး ဝမ်း )
Metro ( metronidazole) (ဝမ်းကိုက်)
Ampiclox ( ampicillin +cloxacillin) (အနာ)
Norfloxacin ( norflox စျေးသက်သာ norbactin စျေးနည်းနည်းကြီး ) #ဝမ်းပျက်မှာအသုံးများ များများယူသွားသင့်
Ciprofloxတံဆိပ်250/ 500mg(ciprofloxacin ) စျေးသက်သာ cifran တံဆိပ်က စျေးအနည်းငယ်ပို

#အနာအတွက်

ဂွမ်း အရက်ပြန်
၄လက်မပတ်တီး ၂လက်မပတ်တီး
Septidine
Paper tape

#ယားနာများ အတွက် စျေးသက်သာသော သုံးမျိုးပေါင်း (မှို +ဘက်တီရီးယား+ယားယံ )လိမ်းဆေး

Benovate GM
Dermolin GM
Sonaderm GM
Skineal ( အပေါ်သုံးမျိုးထက် ၂၀၀ ခန့်များ )

#အကိုက်အခဲပျောက်လိမ်းဆေး

Meganac
Begesic

#ဓာတ်ဆား

BPI က လူတိုင်းသိပါ
Paeditral (ဓာတ်ဆားကြောက်သောကလေးများအတွက် အဆင်ပြေ အရသာကောင်း )

" Cetrizine "=========- Cetirizine (HCl) ဆေးကို (အလာဂျီ) အတွက် သုံးတယ်။ - အအေးမိပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး စတာတွေထဲ...
16/08/2023

" Cetrizine "
=========
- Cetirizine (HCl) ဆေးကို (အလာဂျီ) အတွက် သုံးတယ်။
- အအေးမိပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး စတာတွေထဲမှာ ပါတယ်။
- မသောက်ဘူးသူ မရှိသလောက် အသုံးများလှတဲ့ဆေးဖြစ်တယ်။
- အင်တီဟစ်တမင်း ဆေးအုပ်စု၊ ဒုတိယမျိုးဆက် ဖြစ်တယ်။
- အရင်ပေါ် ပထမမျိုးဆက် ဥပမာ Burmeton လို မအိပ်ချင်ဘူး ဆိုပေမယ့် နည်းနည်းတော့ အိပ်ချင်တာပါဘဲ။
- အင်းဆက်ကောင်တွေ ကိုက်တာအတွက်လည်းသုံးတယ်။
- ဘယ်နေရာက ဘာလို့ယားယား ဒီဆေးပဲသုံးတာများတယ်။
- ဘေးထွက်ဆိုးကျိုးတွေက မဆိုးပါ။
- သာမန်လောက်သာဖြစ်တယ်။
- လူကြီး (၁၂ နှစ်အထက်) = အိပ်ချင်၊ အားယုတ်၊ အာခေါင်ခြောက်၊ အိပ်မရ၊
- ကလေး (၂ နှစ်မှ ၁၁ နှစ်) = ခေါင်းကိုက်၊ အာခေါင်ရောင်၊ ဗိုက်နာ၊
- ကလေး (၆ လမှ ၂ နှစ်) = ငို၊ စိတ်ဆိုး၊ အိပ်မရ၊ အားနည်း၊ မအီမသာဖြစ်။
- ၆ နှစ်မှ ၁၁ နှစ်အရွယ်၊ ကလေး ၉ဝဝ ကျော်ကို
- Cetirizine ၂ ပါတ်မှ ၆ ပါတ်ပေးပြီး၊ သုတေသနလုပ်ခြင်း ရလဒ်များ
- အများစုတွင် သာမန်မှ အသင့်အတင့် ဘေးထွက်ဆိုးကျိုးများတွေ့ရ။
- လက္ခဏာ = ၅ မီလီဂရမ်-၁ဝ မီလီဂရမ်
- ခေါင်းကိုက် = ၁၁-၁၄%
- လည်ချောင်းနာ = ၆့၂-၂့၈%
- ဗိုက်နာ = ၄့၄-၅့၆%
- ချောင်းဆိုး = ၄့၄-၂့၈%
- ဝမ်းပျက် = ၁့၉-၄့၂%
- နှာခေါင်းသွေးယို = ၃့ရ-၁့၉%
- ပျို့ချင် = ၁့၉-၂့၈%
- အန် = ၂့၅-၂့၃%
- ရင်ကြပ် = ၃့၁-၁့၉%
- Cetirizine ဘယ်လောက် တိုက်ရမလဲ။
- ၆ လမှ ၂ နှစ် = 2.5 mg တနေ့ ၁ ကြိမ်။ ၁၂ လ အထက်ကို လိုအပ်ရင် တစ်နေ့ ၂ ကြိမ်။
- ၂ နှစ်မှာ ၅ နှစ် = 2.5 mg တစ်နေ့ ၁ ကြိမ်။
- ၁၂ လအထက်ကို လိုအပ်ရင် 5 mg/day အထိတိုးနိုင်။
- ၆ နှစ်အထက် = 5 to 10 mg တစ်နေ့ ၁ ကြိမ်။
- Antihistamines (အင်တီဟစ်တမင်း) ခေါ် (အလာဂျီ) ဖြစ်ခြင်း အတွက် ဆေးများ =
- Cetirizine,
- Chlorpheniramine,
- Cinnarizine,
- Clemastine,
- Cyclizine,
- Desloratadine,
- Dexchlorpheniramine,
- Dimenhydrinate (most commonly used as an antiemetic),
- Dimetindene,
- Diphenhydramine (Benadryl),
- Doxylamine,
- Ebastine,
- Embramine,
- Fexofenadine,
- Levocetirizine,
- Loratadine,
- Meclozine Hydrochloride,
- Olopatadine,
- Pheniramine,
Promethazine,
- Quetiapine
- ကိုယ်ဝန်ဆောင်နေရင် (အင်တီဟစ်တမင်း) ဆေးသောက်တာ သတိထားကြဖို့ ကောင်းတယ်။
- အထူးသဖြင့် ပထမ ၃ လ အတွင်း၊
- အအေးမိတာ၊ တော်တော်တန်တန် နာတာ-ကိုက်တာက ဆေးလဲမလိုပါ။
- ဆေးသောက်ရပြီ ဆိုရင်လဲ ဆေးထိရောက်မှု အတွက်
- အနည်းဆုံး လိုအပ်ချက်နဲ့ အတိုဆုံးရက်သာ သုံးသင့်တယ်။
- အစိုးရိမ်ကြီးစရာတော့ မဟုတ်ပါ။
- အကျိုးနဲ့အပြစ် ချင့်ချိန်ရင် အကျိုးက ပိုပါတယ်။
- Levocetirizine ဆိုတာ Antihistamine (အင်တီဟစ်စတမင်း) ဆေးဖြစ်တယ်။
- Allergy symptoms (အလာဂျီ) လက္ခဏာတွေ ဖြစ်တဲ့
- မျက်ရည်ယို၊ နှာရည်ယို၊ မျက်စိ-နှာမွှန်၊ နှာချေ၊ အင်ပြင်ထွက်နဲ့ ယားယံတာတွေကို သက်သာစေမယ်။
- Histamine (ဟစ်စတမင်း) ဓါတ်ထွက်လာမှာကို တားပေးတယ်။
- Allergic Conjunctivitis အလာဂျီကြောင့်
- မျက်စိနာတာ၊ Atopic Dermatitis အရေပြားနာနဲ့
- Hives အင်ပြင် ထွက်တာတွေကိုလည်း ပေးနိုင်တယ်။
- အလာဂျီ ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာနိုင်၊ ရှောင်နိုင်မှသာ ပျောက်မှာပါ။
- ဆေးက ဖြစ်လာတာကိုသာ သက်သာစေမယ်။
- လူကြီး တည တပြားသောက်ပါ။ တစ်ည တစ်ပြား မဟုတ်။

Address

Tachileik

Telephone

+959403762254

Website

Alerts

Be the first to know and let us send you an email when ကိုအာကာ -Ko Arker Pharmacy TCL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram