Beauty & Health Corner

Beauty & Health Corner ကျန်းမာလှပ ပျော်ရွှင် တက်ကြွ ဖို့

E' GloveCyprocal syrupCyprotone syrupVoltex Cool & Hotဒီနေ့ ဆေး အသစ် ထပ်ရောက်လာတာလေးတွေပါဆိုင်လိပ်စာချောင်းနက် လမ်းဆုံအေ...
24/08/2021

E' Glove
Cyprocal syrup
Cyprotone syrup
Voltex Cool & Hot

ဒီနေ့ ဆေး အသစ် ထပ်ရောက်လာတာလေးတွေပါ

ဆိုင်လိပ်စာ

ချောင်းနက် လမ်းဆုံအရှေ့ အနီး
တောင်တွင်း ကြီး
အောင်သီလ ဆေးဆိုင်

Covid ကာလ ဆိုင်ဖွင့်ချိန်
မနက် ၇ နာရီ မှ မနက် ၁၀ နာရီ
ညနေ ၅နာရီ မှ ည ၇ နာရီ အထိ

ဆက်သွယ်ရန် ဖုန်း

09401618720
09972684052

အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူနေရတဲ့အကြောင်းအရင်း (၆) ချက်သင်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ဆံပင်ဖြူနေရတာလဲ ဆိုပြီး တွေးမိကောင်း တွေ...
02/07/2021

အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူနေရတဲ့အကြောင်းအရင်း (၆) ချက်

သင်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ဆံပင်ဖြူနေရတာလဲ ဆိုပြီး တွေးမိကောင်း တွေးမိပါလိမ့်မယ်။ ဆံပင်အရောင် ပြောင်းလဲလာခြင်းက နှစ်သက်ဖို့ကောင်းတဲ့အရာ မဟုတ်ပေမယ့်လည်း ဒါဟာနောက်ထပ် အခြေအနေအတွက် လက္ခဏာတစ်ခုလည်း ဖြစ်နေပါသေးတယ်။ ဒါဆိုရင် လူငယ်တွေ ဘာလို့ ဆံပင်တွေ လွယ်လွယ်ဖြူရတာလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

၁။ Vitamin B12 ချို့တဲ့ခြင်း

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ Vitamin B12 ချို့တဲ့တာဟာ ဆံပင်အရောင် ပြောင်းစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆံပင်ပါးခြင်း၊ ကျွတ်ခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါဆိုရင်တော့ Vitamin B12 မချို့တဲ့အောင် ဥ၊ အမဲသား၊ တူနာငါး စတာတွေကို စားသင့်ပါတယ်။

၂။ Thyroid မကောင်းခြင်း

သုတေသနပြုချက်တွေအရ Thyroid မကောင်းတာဟာ သင့်ဆံပင်အပေါ်တိုက်ရိုက်သက်ရောက်မှုတွေ ရှိနေပါတယ်။ သင်ဟာ ဆံပင်အရောင်တွေပြောင်းတာ၊ ကြွပ်ဆတ်ဆတ်ဖြစ်တာ ဒါမှမဟုတ် ချောကျိကျိတွေ ဖြစ်နေတယ်ဆိုရင် ဒါဟာ Thyroid မှာ ပြဿနာရှိနေလို့ပါပဲ။

၃။ ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရ မရရှိခြင်း

ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရတွေကို မစားသောက်ခြင်းကလည်း သင့်ကို ဆံပင်ဖြူစေနိုင်ပါတယ်။ Ferritin, Calcium, Vitamin D-3, Copper, Zinc နဲ့ သံဓာတ်တို့ပါဝင်တဲ့ အစားအစာတွေက သင့်ကို ဆံပင်ဖြူခြင်းကနေ ကာကွယ်ပေးမှာပါ။

၎။ အမြဲစိုးရိမ်ပူပန်တတ်သူဖြစ်ခြင်း

စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဖိစီးမှုတွေက သင့်ကို ဆံပင်ဖြူစေပါတယ်။ စိတ်ဖိစီးတာဟာ သင့်ရဲ့ ဆံပင်ဆဲလ်တွေ အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် အချိန်မတိုင်ခင် ဆံပင်မဖြူချင်ရင် စိတ်ဖိစီးမှု မခံပါနဲ့။

၅။ မျိုးရိုးလိုက်လို့လဲ ဖြူနိင်ပါတယ်။

သင့်ရဲ့မိဘဘိုးဘွားတွေက ဆံပင်ဖြူရင် သင့်မှာလဲ ဆံပင်လိုက်ဖြူနိုင်ပါတယ်။ အရေပြားအထူးကု ဆရာဝန်တွေရဲ့ ပြောကြားချက်အရ ဆံပင်ဖြူပေါက်တဲ့အချိန်ဟာ မျိုးရိုးပေါ်မူတည်ပြီး ပေါက်နိုင်တယ်လို့ ဆိုပါတယ်။ မိသားစုဝင် တစ်ယောက်ယောက်က စောစောပေါက်ရင် သင်လဲ စောစောဖြူမှာပါ။

၆။ ဆိုးဆေးများနဲ့ ခေါင်းလျှော်ရည်များ သုံးခြင်း

ဆိုးဆေးနဲ့ ခေါင်းလျှော်ရည်တွေဟာ ဆံပင်ဖြူစေပါတယ်။ ဘာလို့လဲဆိုတော့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေက Melanin ပမာဏကို လျော့စေပြီး သင့်ရဲ့သဘာဝဆံပင် အမဲရောင်ကို ဆုံးရှုံးစေပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားတစ်ခုကတော့ သင်သာ ဆံပင်ဖြူသွားရင် သဘာဝအတိုင်း မူလဆံပင်ကို ပြန်ရဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် မပျက်စီးအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

အပြင်ထွက်ရင် ဦးထုပ်ဆောင်းပါ။ ဆံပင်ကိုနေရောင်နဲ့ တိုက်ရိုက်မထိတွေ့ပါစေနဲ့။ ဆံပင်ကို Hair Dryer နဲ့ မှုတ်ခြင်းမှရှောင်ပါ။ ခေါင်းဖြီးကို အစိတ်ကြီးတာ သုံးပါ။ ဆံပင်ကိုလည်း ဆီပုံမှန်လိမ်းပေးပါ။ ဂေါ်ဖီထုပ်၊ ကိုက်လန် စတာတွေကို စားသုံးပေးပါ။ ဒါဟာ သင့်ဆံပင်ကို ကာကွယ်ပေးပါတယ်။

✴️Beginner guide to skincare routine✴️🌿Skincare လို့ ပြောတဲ့အခါမှာ တစ်ချို့ကတော့ အဆင့်တွေ အများကြီးကို ဘာပြီးရင် ဘာသုံးရ...
24/01/2021

✴️Beginner guide to skincare routine✴️

🌿Skincare လို့ ပြောတဲ့အခါမှာ တစ်ချို့ကတော့ အဆင့်တွေ အများကြီးကို ဘာပြီးရင် ဘာသုံးရမယ်ဆိုတာ သေချာသိတယ် သုံးတတ်ကြပါတယ်။

🌿တစ်ချို့တွေကျတော့လည်း Skin care ကို စလုပ်မယ်ဆိုပြီး စဉ်းစားကြတယ်။ အစပိုင်းမှာ ကိုယ်ကလည်း သိပ်မလုပ်တတ်သေးတော့ ပြုံပြီး အဆင့်တွေအများကြီးကလည်း အစပိုင်းမှာ မသုံးချင်သေးဘူး ဒါပေမယ့်လည်း အရေးကြီးတဲ့ အဆင့်တွေတော့လည်း ပါအောင်သုံးဖို့က လိုသေးတာမို့လို့ ဒီပို့စ့်လေးမှာတော့

✨Beginner Guide to skincare ✨ဆိုပြီး စစချင်းစမယ့် သူတွေအတွက်ကို ရေးပေးထားပါတယ်။

အဆင့်နည်းနည်းနဲ့ တကယ်လိုအပ်တဲ့ အရေးကြီးတဲ့ skin care အဆင့်လေးတွေကို ပြောပြပါမယ်။

၁။ Cleansing အဆင့်ပါ။

ဒီအဆင့်ကတော့ skin care ကို စလုပ်မယ်ဆိုတာနဲ့ မဖြစ်မနေ လုပ်ရမယ့် အဆင့်တစ်ခု ဖြစ်ပါတယ်။
မနက်တစ်ကြိမ်- ညတစ်ကြိမ်ကို သေချာလေး မျက်နှာသစ်ပါ။ မျက်နှာသစ်တဲ့အဆင့်ဟာ အရေးအရမ်းကြီးပါတယ်။ Cleansing သေချာ လုပ်ပါမှ မျက်နှာက ချွေးပေါက်လေးတွေမပိတ်မှာ၊ ၀က်ခြံမပေါက်လွယ်မှာ
ဖြစ်ပြီးတော့ အသားအရေ ကြည်ကြည်လေးနဲ့ ဆဲလ်အသစ်တွေ ဖြစ်နိုင်ဖို့အတွက် အဆင်ပြေမှာဖြစ်ပါတယ်။

၂။ Moisturizer လေးသေချာလိမ်းပေးပါ။💦

Moisturizer ဆိုတာက အစိုဓာတ်ထိန်းတဲ့ အရာလို့ သိထားကြပါတယ်။ အဲ့တော့ ကိုယ်က ဘယ်လိုဟာလဲလို့ မခွဲခြားတတ်ဘူးဆိုရင် texture / ကိုင်ကြည့်ရင် နည်းနည်း ပျစ်တဲ့ဟာလို့ပဲမှတ်ပေးထားပါ။
moisturizer တော်တော်များများက cream type လာပါတယ်။ ဒါပေမယ့် အဆီပြန်တဲ့အသားအရေရှိတဲ့သူတွေကတော့ cream type moisture ဆို ပိုအဆီပြန်တယ်ခံစားရလို့ မကြိုက်ကြတာမို့ Gel type တို့ lotion type လေးတွေ သုံးလည်း ရပါတယ်။

ကျွန်မ ငယ်ငယ်ကဆို body အတွက်ဆို Glycerin တစ်စ ရေဆယ်ဆနဲ့ ရောလိမ်းတယ်။ မျက်နှာအတွက်ဆို Velvet ဆိုပြီး စာသားနဲ့ ဗူးအဖြူလေး အမေက အဲ့ဒါလိမ်းပေးတာပဲ အဆင်တွေတော့ ပြေခဲ့တာပဲ။ ဘာမှလည်း ထူးထူးခြားခြား လည်း လိမ်းစရာမရှိဘူးလေနော်။ ဆယ်ကျော်သက်ရောက်တော့ Cutepress က နို့ရည်လေးလိမ်းတယ်။သူ့ဟာနဲ့သူတော့လည်း ဟုတ်နေခဲ့တာပဲ။ အသက်ကြီးလာတော့ မရတော့ဘူးပစ္စည်းတွေကလည်း အမျိုးစုံထုတ်လာတော့ ပိုပိုပြီးကောင်းတာလေးတွေကို သုံးပေးဖို့လိုအပ်လာတယ်လေ။

နေရောင်ခြည်ဒဏ်ကပိုပြင်းလာတာ၊ လေထုညစ်ညမ်းတာ၊ pollutants တွေများတာ အစားအသောက်တွေက အာဟာရမဖြစ်တော့တာနဲ့တင် skin care ကို ဂရုတစိုက်ပိုလုပ်ဖို့ လိုအပ်လာပါတော့တယ်။
Moisturizer ဟာ အသားအရေ အမျိုးအစားအားလုံးအတွက် သုံးသင့်တဲ့ လိုအပ်တဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်။

၃။ နေလောင်ကာ မဖြစ်မနေသုံးပါ။

🌤️Sunscreen ဆိုတဲ့အဓိပ္ပာယ်က နေရောင်ခြည်ဒဏ်ကနေ screen လုပ်ထားတာ ကာကွယ်ထားတာကို ဆိုလိုတာဖြစ်ပါတယ်။

🌥️နေလောင်ကာ skin care လို့ ပြောလိုက်ရင် sun cream/sun block/sun cover/SPF/ UV protection/Sun Gel/Sun Spray အစရှိသဖြင့် ပုံစံ မျိုးစုံနဲ့ လာပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ လိမ်းပေးတာပဲဖြစ်ပါတယ်။ ကြိုက်တဲ့ပုံစံနဲ့ ကြိုက်တဲ့ brand ထဲက သုံးနိုင်ပါတယ်။

☀️ကျွန်မက နေရောင်ခြည်ဒဏ်ကို တအားကြောက်ပါတယ်။ ကိုယ်ကိုယ်တိုင်က နေလောင်လွယ်တဲ့ အသားအရေ ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။
နေတာကလည်း အေးပြီးခြောက်သွေ့တဲ့နေရာမှာနေတာဖြစ်တဲ့အပြင် အသားကလည်း နည်းနည်း ခြောက်တဲ့ဘက်ကို သွားတာမို့ နေရောင်ခြည်ဒဏ်ပါ ခံရရင် အသားအရေက ချက်ခြင်းကို သိသိသာသာ ညစ်သွားတာကို ကိုယ်တွေ့ ကြုံဖူးတာမို့ဖြစ်ပါတယ်။

☀️နေရောင်ကနေ ကာပါလို့ပြောရင် အပြင်မှ မထွက်တာ၊ ထွက်ရင်လည်း ကားနဲ့ပဲသွားတာ ဘာညာပေါ့နော် ပြောတတ်ကြပါတယ်။ အဲ့လိုအပြင်ထွက်မှလိုတာ မဟုတ်ပါကြောင်းနဲ့ အိမ်ဆိုတဲ့အရာဟာ လေ၀င်လေထွက်နဲ့ နေ၀င်ပေါက်တွေရှိရပါတယ်။ UVA rays တွေဟာဆိုရင် မှန်ကိုတောင်ဖောက်ပြီး အရေပြားပေါ်ကျပါတယ်။ သတိမမူလိုက်ပဲ ခဏနဲ့တင် နေပူထိရင်းက ရက်တွေ၊ လတွေကြာလာတဲ့အခါ နေလောင်သွားတယ်ဆိုတာ ဖြစ်လာတာဖြစ်ပါတယ်။
(ညဘက်မှာ နေလောင်ကာလိမ်းစရာမလိုပါ။)

ဒီလောက်ဆိုရင်တော့ ဘာလို့ နေလောင်ကာကို လိမ်းခိုင်းလဲ နေဒဏ်ကနေ ဂရုစိုက်ခိုင်းလည်း သိလောက်ပါပြီနော်။

🌿ဒီအဆင့်သုံးဆင့်ကတော့ အဆင့်အနည်းဆုံးနဲ့ အခုမှ စပြီး skin care သုံးမယ့်သူတွေ အကျိုးရှိပြီး မဖြစ်မနေ လုပ်ရမယ့် beginner guide skincare လေးဖြစ်ပါတယ်။

ဖတ်ကြည့်ပြီး အကျိုးရရှိ သွားမယ်လို့ မျှော်လင့်ပါတယ်။

Sunscreen နေ့တိုင်းသုံးသင့်လား❓✅Yes ✅Yes ✅Yes  သုံးကိုသုံးရပါမယ် အသားအ‌ရေနဲ့ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှု လျော့ကျစေဖို...
24/01/2021

Sunscreen နေ့တိုင်းသုံးသင့်လား❓

✅Yes ✅Yes ✅Yes
သုံးကိုသုံးရပါမယ်

အသားအ‌ရေနဲ့ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှု လျော့ကျစေဖို့ Sunscreen သုံးကို သုံးပေးရပါမယ်

❌Sunscreen မသုံးရင်
❗နေရောင်ခြည်ကနေပါလာတဲ့ အဆိပ်အတောက်တွေက အသားအရေထဲမှာ 80% စိမ့်ဝင်ခိုအောင်းနေတတ်တယ်
❗အသားအရေ တွန့်တာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေ ဖြစ်တတ်တယ်
❗တင်းတိပ် မှဲ့ခြောက်တွေ အမဲစက်တွေ ဖြစ်တတ်တယ်
❗ရေဓာတ်ခမ်းခြောက်တတ်တယ်
❗အဆိုးဆုံး အ‌ရေပြားကင်ဆာအထိ ဖြစ်နိုင်ပါတယ်

🛡️ Sunscreen သုံးပေးရင်
✅UVA/UVB rays တွေ အသားအရေပေါ်တိုက်ရိုက်ကျရောက်ခြင်းက ကာကွယ်နိုင်တယ်
✅မှဲ့ခြောက် တင်းတိပ် အမဲစက်တွေ မဖြစ်အောင်ကာကွယ်နိုင်တယ်
✅အသားအရေကို အစိုဓာတ်ထိန်းပေးတယ်
✅အဆီပြန်မှုတွေကို ထိန်းချုပ်ပေးတယ်
✅အရေးအကြောင်းတွေ မဖြစ်အောင်ကာကွယ်ပေးတယ်

👆ဒီလို အသားအရေအတွက် အရေးပါတဲ့ Sunscreen ကို မဖြစ်မနေ လိမ်းပေးဖို့ မမေ့ပါနဲ့နော်

😔 ဆောင်းတွင်း မှာ ပေါက်တဲ့ ဝက်ခြံ 😔မိမိမျက်နှာပေါ်မှာ ရာသီအလိုက် ၀က်ခြံတွေပေါက်လိုက်ပျောက်လိုက်ဖြစ်တတ်တယ်ဆိုတာ သင်သတိထားမ...
24/01/2021

😔 ဆောင်းတွင်း မှာ ပေါက်တဲ့ ဝက်ခြံ 😔

မိမိမျက်နှာပေါ်မှာ ရာသီအလိုက် ၀က်ခြံတွေပေါက်လိုက်ပျောက်လိုက်ဖြစ်တတ်တယ်ဆိုတာ သင်သတိထားမိပါသလား

အခုချိန်ဆောင်းရာသီမှာ ပုံမှန်ဝက်ခြံမထွက်တတ်သူတွေကလဲ အဆီဖုတွေထွက်လာတယ်

ထွက်နေကျလူတွေကလဲ ပိုများလာတဲ့အပြင်

ခန္ဓာကိုယ်တွေမှာပါ ထွက်လာတယ်ဆိုရင်
ဒီစာကိုဆက်ဖတ်ပါ

ဆောင်းတွင်းမှာ ၀က်ခြံထွက်စေတဲ့ အကြောင်းတွေက

◾️၁- အသားခြောက်လို့ 😳

သိပ်ထူးဆန်းသွားလား ဟုတ်ပါတယ် အသားခြောက်လို့ဝက်ခြံထွက်တာပါ

အသားရေက ခြောက်သွေ့လာတဲ့အခါမှာ ခန္ဓာကိုယ်ကနေ တုံပြန်တဲ့အနေနဲ့ အဆီတွေပိုထုတ်ပေးပါတယ်

ဒါကြောင့် အဆီခဲတွေ အဆီဖုတွေထွက်လာပါတယ်

◾️၂- ဆောင်းတွင်းမှာ အသားရေတွေ ပွန်းပဲ့ထိခိုက်လွယ်တာ တော်တော်များများသိကြမှာပါ

ပွန်းပဲ့လွယ်တဲ့ အသားအရေမှာ ၀က်ခြံပိုးက အလွယ်တကူဝင်ရောက်နိုင်ပီး ၀က်ခြံတွေ ပြန်ထွက်လာတတ်ပါတယ်😢

◾️၃- ဆောင်းတွင်းမှာ တခုခုဖြစ်ရင်တော်တော်နဲ့အနာမကျက်တာ ယောင်ယမ်းနေတာ လူတိုင်းအသိပါ 😔

ဝက်ခြံမှာလဲ ဒီလိုပါပဲ ဆောင်းတွင်းချိန်ခါမှာ ၀က်ခြံတွေက ယောင်ယမ်းမှုကိုပိုဖြစ်စေပါတယ်

ဒါတွေကတော့ ဆောင်းတွင်းမှာ ၀က်ခြံထွက်စေတဲ့အကြောင်းတွေပါ😩😩

😊ဘယ်လို ဆက်ပီး ထိန်းသိမ်းကုသကြမလဲဆိုရင်

◾️skincare ပြောင်းပါ/ ပြောင်းပါဆိုလို့ သုံးနေတာတွေအကုန်လွင့်ပစ်ခိုင်းတာမဟုတ်ပါဘူး။

တခြားရာသီဥတုတွေမှာ သုံးနေတာတွေကအဆင်ပြေပေမဲ့ ခုလိုဆောင်းတွင်းမှာ

အသားရေခြောက်စေမဲ့ skincare တွေ/ အပေါ်ယံ cell အသေတွေကို ဖယ်ပေးတဲ့ scrub တွေကိုအလွန်အကျွဲ့သုံးနေမိလား ပြန်ကြည့်ပါ သုံးမိတယ်ဆိုရင် ဒီဆောင်းတွင်းမှာ ခဏရပ်ထားလိုက်ပါ

◾️moisturizer မဖြစ်မနေလိမ်းပါ မျက်နှာကော ခန္ဓာကိုယ်ကိုပါ ရေချိုးမျက်နှာသစ်ပီးတာနဲ့ ချက်ချင်းလိမ်းပါ
အသားရေစိုထိုင်းနေတဲ့ချိန်မှာ moisturizer လိမ်းတာပိုထိရောက်ပါတယ်

◾️oil-free moisturizer ဖြစ်ပါစေ။ moisturizer လိမ်းပါဆိုတော့ အဆီတွေအပုံလိုက်ပါတဲ့ moisturizer တော့မလိမ်းမိပါစေနဲ့ပိုဆိုးကုန်ပါလိမ့်မယ်

◾️ကိုယ်က ၀က်ခြံ လိမ်းဆေးတွေလိမ်းနေတယ်ဆိုရင်တော့ မိမိဆရာဝန်နဲ့ပြန်တိုင်ပင်ပီး ဆေးလိမ်းတဲ့ပုံစံတွေကိုပြောင်းသင့်ရင်ပြောင်းပါ

ဒါလေးတွေလုပ်လိုက်တာနဲ့ ဆောင်းတွင်းဝက်ခြံတွေက သိသိသာသာကိုပျောက်လာပါလိမ့်မယ်

နောက်အပတ်မှာ ဆောင်းတွင်းမှာ ဝက်ခြံဆေးတွေဘယ်လိုလိမ်းမလဲဆိုတာတွေကိုဆက်ပီးပြောပြပေးသွားပါမယိ ❤️❤️

နေရောင်က မျက်လုံးတွေကို ထိခိုက်စေပါတယ်။        နေရောင်ခြည်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ အကာအကွယ်မဲ့ အချိန်အတော်ကြာ ထိ...
20/01/2021

နေရောင်က မျက်လုံးတွေကို ထိခိုက်စေပါတယ်။

နေရောင်ခြည်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ အကာအကွယ်မဲ့ အချိန်အတော်ကြာ ထိတွေ့မယ်ဆိုရင် မြင်လွှာကို ပျက်စီးစေနိုင်ပါတယ်။ ပြီးတော့ မျက်ကြည်လွှာထောင့်ဘက်မှာလည်း တိမ်လိုမျိုးလေးတွေ ဖြစ်လာပြီးတော့ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်က တိမ်စွဲရတဲ့ အကြောင်းအရင်းထဲက တစ်ချက်လည်း ဖြစ်ပါတယ်။



၂။ Heat Exhaustion (အပူလွန်ကဲခြင်း)

အရမ်းပူတဲ့အခါမှာ ချွေးထွက်လွန်ပြီးတော့ ရေဓာတ်နဲ့ ဆားဓာတ်တွေ အလွန်အကျွံ ဆုံးရှုံးမှုတွေ ဖြစ်တတ်ပါတယ်။ ပူတဲ့ပတ်ဝန်းကျင်တွေမှာ အလုပ်လုပ်ရတဲ့လူတွေမှာ အပူလွန်ကဲခြင်းက အဖြစ်များပါတယ်။ လက္ခဏာတွေကတော့ -

● ခေါင်းကိုက်ခြင်း

● ပျို့ခြင်း

● မူးဝေထိုင်းမှိုင်းခြင်း

● ဂဏှာမငြိမ်ဖြစ်ခြင်း

● ရေငတ်ခြင်း

● ချွေးအလွန်အကျွံထွက်ခြင်း

● ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်း

● ဆီးထွက်နည်းခြင်းတို့ ဖြစ်ကြပါတယ်။



၃။ Heat Stroke (အပူရှပ်ခြင်း)

Heat exhaustion ကို မကုသဘဲထားမယ်ဆိုရင် အပူရှပ်သွားနိုင်ပါတယ်။ Heat stroke ဆိုတာကတော့ အပူကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့အခြေအနေတစ်ခု ဖြစ်ပြီးတော့ အသက်အန္တရာယ်တောင်မှ စိုးရိမ်ရပါတယ်။ Heat stroke ရတဲ့အခါမှာ ခန္ဓာကိုယ်အပူချိန်က လျင်မြန်စွာ တက်လာပြီးတော့ ၁၀-၁၅ မိနစ်အတွင်းမှာ 106°F အထိ တက်သွားတတ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ မခံယူပါက တစ်ခုခု ချို့ယွင်းသွားတာ (သို့) အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ Heat stroke ရဲ့ လက္ခဏာတွေကတော့ -

● စိတ်ရှုပ်ထွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ မတည်မငြိမ်ဖြစ်၊ စကားတွေ ဗလုံးဗထွေးဖြစ်

● သတိလစ်မေ့မြော

● အသားအရေတွေ အရမ်းပူပြီးတော့ခြောက် (သို့) ချွေး အလွန်အကျွံထွက်

● တက်



၎။ နေလောင်ခြင်း

နေရောင်နဲ့ အလွန်အကျွံ ထိတွေ့လို့ဖြစ်တဲ့ အဖြစ်များတဲ့ပြဿနာတစ်ခုပါပဲ။ နေနဲ့ ထိပြီးတော့ ၄-၅ နာရီလောက်ကြာတဲ့အထိ ရောဂါလက္ခဏာ အမြင့်ဆုံး မပြသေးပါဘူး။ ခရမ်းလွန်ရောင်ခြည်တွေကြောင့် နေလောင်တာ များပါတယ်။ နေလောင်တဲ့ လက္ခဏာတွေကတော့ -

● အရေပြားတွေ နီလာမယ်

● ပူစပ်ပူလောင်ကြီး ခံစားရမယ်

● ရောင်လာမယ်

● အရည်ကြည်ဖုတွေ ထလာမယ်

● ပျို့ခြင်း၊ ချမ်းတုန်ဖျားခြင်း (သို့) ခေါင်းကိုက်ခြင်း စတဲ့ တုပ်ကွေးလိုမျိုးလက္ခဏာတွေ ခံစားရမယ်။



၅။ အပူဖုနှင့်အကွက်များ

ချွေးပြွန်လေးတွေထဲက ချွေးတွေက အရေပြားအောက်မှာ ပိတ်မိနေတဲ့အခါမှာ အရေပြားပေါ်မှာ အကွက်တွေ ထွက်လာစေပါတယ်။ အများအားဖြင့်တော့ ပူပြင်း၊ စိုစွတ်တဲ့ရာသီဥတုမှာ အရည်ကြည်ဖု သေးသေးလေးတွေ၊ ဝက်ခြံလိုမျိုး နီနီရဲရဲ အဖုလေးတွေ စုစုပြီး ထွက်လာတတ်ပါတယ်။ အရေပြား တွန့်နေတဲ့နေရာတွေ၊ တံတောင်ကွေးတွေ၊ ပေါင်ခြံတွေ၊ လည်ပင်းနဲ့ ရင်ဘတ်ပေါ်တွေမှာ ဖြစ်တာများပါတယ်။

ချွေးမထွက်အောင်လို့ အေးတဲ့နေရာမှာ နေပြီးတော့ အဖုပေါက်တဲ့နေရာတွေကို ခြောက်နေအောင် ထားပေးရင် အဖုတွေ ပျောက်သွားမှာပါ။ ပေါင်ဒါလေးလည်း ပွတ်ပေးလို့ရပါတယ်။ လိမ်းဆေးတွေ၊ ခရင်မ်တွေတော့ မလိမ်းသင့်ပါဘူး။



၆။ အရေပြားကင်ဆာ

နေရောင်ခြည်နဲ့ ကြာရှည်စွာ ထိတွေ့ခြင်းကြောင့်ဖြစ်တဲ့ အဆိုးရွားဆုံး ဆိုးကျိုးကတော့ အရေပြားကင်ဆာပါ။ နှစ်ကြာလာတာနဲ့အမျှ နေကြောင့် အသားအရေ ပျက်စီးတာ များလာပြီးတော့ အသက်ကြီးလာတာနဲ့အမျှ အရေပြားကင်ဆာ ဖြစ်နိုင်ချေတွေကလည်း ပိုပိုများလာပါတယ်။



၇။ အရေပြားများ တွန့်ခြင်း၊ အိုမင်းရင့်ရော်ခြင်း

အသက်ကြီးလာရင် အရေပြားတွေ တွန့်လာမှာပဲ ဆိုပေမယ့်လည်း နေရောင်နဲ့ ထိတာများရင် ပိုဆိုးနိုင်ပါတယ်။ နေရောင်နဲ့ ထိတွေ့တာထက် ပိုဆိုးတာကတော့ ဆေးလိပ် သောက်တာပါ။ ဆေးလိပ်သောက်ရင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ပိုဆိုးစေပါတယ်။ တချို့လူတွေမှာဆိုရင် ဆေးလိပ်သောက်တာနဲ့ နေရောင်နဲ့ ထိတွေ့မှုတွေကြောင့် ပါးရိုးပေါ်မှာ အဖြူရောင်ရေအိတ်လေးတွေနဲ့ အမည်းခေါင်းလေးတွေ ဖြစ်တတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပေါ်မှာ အမည်းစက်တွေကိုလည်း ဖြစ်စေပါတယ်။



>> နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ကြမယ်

နေရောင်ခြည်ကြောင့်ဖြစ်တဲ့ အရေပြားပျက်စီးမှုတွေကို ကာကွယ်လို့ရပါတယ်။ နေရောင်ထဲကို မထွက်ခင် မိနစ် ၂၀ အလိုမှာကတည်းက နေကာခရင်မ်ကို လိမ်းရပါမယ်။ ပြီးတော့ နေရောင်ထဲကိုသွားရင် ၂ နာရီကြာရင် ပြန်လိမ်းပေးရပါမယ်။ ရေကူးပြီးရင် (သို့) ချွေးတွေ အများကြီး ထွက်ပြီးရင်လည်း ပြန်လိမ်းပေးဖို့ လိုပါတယ်။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ပေးတဲ့ နေကာမျက်မှန်တပ်ပါ။ အရေပြားကို အကာအကွယ်ရဖို့ ပွပွချောင်ချောင် ချည်ထည်အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ပါ။ ဦးထုပ် အဝိုင်းပြားပြားကြီးတွေ ဆောင်းပါ။ အပြင်မှာ အကြာကြီးနေရမယ်ဆိုရင် အဆောက်အဦးအရိပ်၊ ထီး၊ သစ်ပင်စတဲ့ အရိပ်အောက်မှာ နေပါ။

(www.drmyanmar.com)

ဝက်ခြံ ပေါက် နေရင် ဒါလေးတွေ မလုပ်ပါနဲ့!!🙅🙅- သနပ်ခါး မလိမ်းပါနဲ့။- ထုံး/ သွားတိုက်ဆေး မတို့ပါနဲ့။- မိတ်ကပ် တက်နိုင်သလောက်...
20/01/2021

ဝက်ခြံ ပေါက် နေရင် ဒါလေးတွေ မလုပ်ပါနဲ့!!🙅🙅

- သနပ်ခါး မလိမ်းပါနဲ့။
- ထုံး/ သွားတိုက်ဆေး မတို့ပါနဲ့။
- မိတ်ကပ် တက်နိုင်သလောက် ရှောင်ပါ။
- ပင်လယ်စာ မစားရ။
- နို့ထွက် စာ မစားရ။
- တာရှည်ခံ စာများ မစားရ ( ဥပမာ - ခေါက်ဆွဲခြောက် )
- အချိုများသော အစားအစာမ်ား မစားရ။
- ဝက်ခြံကို မညှစ်ပါနဲ့။
- အိပ်ရေး ၀၀ အိပ်ပါ။
- ရေများများ သောက်ပါ။
- ကိုယ့် skin type နဲ့ လိုက်တဲ့ မျက်နှာ သစ်ဆေးမျိုး
ရွေးသုံးပါ
- မျက်နှာ မနက် တစ်ကြိမ် ည တစ်ကြိမ် သစ်ပါ။

' သင့်ရဲ့အလှတရားကို သင်ကိုယ်တိုင် ရှာဖွေနိုင်ပါပြီ '

အခုဘဲ comment မွာ 'ok'လို့ရိုက္ပီ
ဝက်ခြံထိန်းသိမ်းဖို့နည်းလမ်းများရယူလိုက်ပါ

Collagen ရဲ့ ကောင်းကျိုးများ🍊🍊🍊🍊🍊🍊🍊🍊🍓အသားရေ ​ချောမွေ့ကြည်လင် ဝင်းပ စိုပြေတောက်ပခြင်း🍓အရေးအကြောင်း များလျော့နည်းစေခြင်း🍓အ...
08/01/2021

Collagen ရဲ့ ကောင်းကျိုးများ
🍊🍊🍊🍊🍊🍊🍊🍊

🍓အသားရေ ​ချောမွေ့ကြည်လင် ဝင်းပ စိုပြေတောက်ပခြင်း

🍓အရေးအကြောင်း များလျော့နည်းစေခြင်း

🍓အသားရေတင်းတင်းရင်းရင်းရှိစေခြင်း

🍓စိတ်ဖိစီးမူ လျော့နည်းစေခြင်း

🍓မှတ်ဥာဏ် နဲ့ အာရုံစူးစိုက်မူတိုးတက်ကောင်းမွန်လာခြင်း(From Glycine)

🍓အစာချေစနစ်တိုးတက်ကောင်းမွန်ခြင်း

🍓ဆံပင်နဲ့အသားရေကောင်းမွန်ခြင်း

🍓အနာကျက်မြန်ခြင်း

🍓အဆိပ်တောက်ဖယ်တဲ့ စနစ်ကို ထောက်ပံ့ကူညီခြင်း

🍓အရိုးများ၊ သွားများ နဲ့ လက်သည်း များသန်မာစေခြင်း

🍓အရိုးအဆစ် နဲ့ အရွတ်ကြော များကို သန်မာ စေပြီး ပြန်လည်ကောင်းမွန် နိုင်ခြင်း

🍓အဆစ်မြစ်ယောင်နာကျင်ကိုက်ခဲမူများသက်သာစေခြင်း( Due to Glycine)

🍓အသက် ၂၁ အထက် အမျိုး သမီး 85% မှာ ဖြစ်တတ်တဲ့ တင်ပါးချိုင့်ဝင် ခြင်း ​တင်ပါးဆုံကြွက်သား လျော့တိလျော့ရဲ ဖြစ်ခြင်းများ ကို သက်သာစေခြင်း

🍓အိပ်ချိန်တွင် နှစ်ချိုက်စွာ အိပ်ပျော်စေနိုင်ခြင်း

🍓နှလုံးကျန်းမာရေးကို ကာကွယ်ပေးခြင်း

🍓နှလုံး ကြွက်သားနံရံ များပိုမိုကောင်းမွန်စေခြင်း

🍓ဝိတ်ထိန်း ရာတွင် အထောက်အကူ ဖြစ်စေခြင်း

🍓Glycine က ယောင်ယမ်းမူ တွေအတွက် အကောင်းဆုံးဖြစ်တယ်

www.healthline.com nutrition co...
Web results
Top 6 Benefits of Taking Collagen Supplements - Healthline

Collagen ပါတဲ့ အစားအစာများ🍓🍓🍓🍓🍓🍓🍓🍓🍓ကြက်ဥအကာအဖြူ🥚စတော်ဘယ်ရီသီး🍓ဘလူးဘယ်ရီးသီး🍒Black Berry သီး🍇အနီရောင် အသားများ🍖🍗ငါး🐟🦈ဆောလ...
07/01/2021

Collagen ပါတဲ့ အစားအစာများ
🍓🍓🍓🍓🍓🍓🍓🍓🍓

ကြက်ဥအကာအဖြူ🥚

စတော်ဘယ်ရီသီး🍓

ဘလူးဘယ်ရီးသီး🍒

Black Berry သီး🍇

အနီရောင် အသားများ🍖🍗

ငါး🐟🦈

ဆောလမွန် တူနာငါး🦈🐟

မုန်လာဥ🥕

ပဲနို့🥛

လိမ္မော်သီး🍊

ချဉ်သော အသီးများ🍋🍐🍏🍎

ထောပတ်သီး🥑

ကြက်သွန်ဖြူ🌰

ကန်စွန်းဥ🍠

ပန်းငရုတ်ပွ🌶

သရက်သီး

ခရမ်းချဉ် သီး 🍅

ကီဝီသီး🥝

ပန်းပွင့်စိမ်း🥗

မြေပဲ🥜

ချိစ်🧀

Women's Concepts
Top 10 Foods To Boost Collagen Production In Your Body | Women's ...

SPF ဆိုတာ sun protection factor PA+     = Some UVA protectionPA++  =Moderate UVA protection PA+++=High UVA protection PA...
04/01/2021

SPF ဆိုတာ sun protection factor

PA+ = Some UVA protection
PA++ =Moderate UVA protection
PA+++=High UVA protection
PA++++= Extremely UVA Protection

UVA က Aging rays

UVbက Burning rays

SPF SunScreen ဆိုသည်မှာအဘယ်နည်း။

SPF သည်နေလောင်ခြင်းနှင့်အရေပြားကင်ဆာဖြစ်စေသော UVB ရောင်ခြည်များမှနေရောင်ကာကွယ်မှုကိုတိုင်းတာသည်။

SPF သည်နေရောင်ကာကွယ်ဆေးသည် UVA ရောင်ခြည်များမှမည်မျှမည်မျှအကာအကွယ်ပေးမည်ကိုတိုင်းတာ ၍ မရေပ။ ၎င်းသည်လည်းအန္တရာယ်ဖြစ်စေနိုင်သောအန္တရာယ်ရှိသည်။

အရေပြားအထူးကုဆရာဝန်များသည် SPF15 သို့မဟုတ် SPF30 နေရောင်ကာကွယ်ဆေးသုံးရန်အကြံပြုပါသည်။ အဆင့်မြင့် SPF များသည်အကာအကွယ်များစွာကိုမပေးနိုင်ပါ။

SPF SunScreen ဆိုတာဘာလဲ။

SPF သို့မဟုတ် Sun Protection Factor ဆိုသည်မှာနေရောင်ကာကွယ်ဆေးသည်အရေပြားကို UVB ရောင်ခြည်များမှကာကွယ်ပေးနိုင်သည်။ နေလောင်ခြင်း၊ အရေပြားကိုပျက်စီးစေခြင်းနှင့်အရေပြားကင်ဆာဖြစ်စေနိုင်သည်။

အကယ်၍ ၁၀ မိနစ်ကြာမှသာသင့်အရေပြားလောင်ကျွမ်းလျှင် SPF 15 နေရောင်ကာကွယ်ဆေးကိုအသုံးပြုခြင်းအားဖြင့်မိနစ် ၁၅၀ ခန့်နေမလောင်ဘဲနေနိုင်ပြီး ၁၅ ဆပိုကြာသည်။ ၎င်းသည်အရေပြားအမျိုးအစား၊ နေရောင်ခြည်နှင့်ပြင်းထန်သောနေရောင်ခြည်ပမာဏပေါ် မူတည်၍ အကြမ်းဖျင်းခန့်မှန်းချက်ဖြစ်သည်။ SPF သည်အမှန်တကယ် UVB ထိတွေ့မှုမှကာကွယ်သည့်အတိုင်းအတာတစ်ခုဖြစ်ပြီး၎င်းသည်ထိတွေ့မှုကြာချိန်ကိုဆုံးဖြတ်ရန်သင့်အားရည်ရွယ်သည်မဟုတ်။

အကောင်းဆုံးကာကွယ်မှုအတွက်ကျွမ်းကျင်သူများသည်အနည်းဆုံး SPF နေရောင်ခြည်သုံး ၁၅ ကိုအသုံးပြုရန်၊ သင့်တော်သောပမာဏ (အေရျပား 2mg / cm2 သို့မဟုတ်တစ်အောင်စခန့်ခန့်) ကိုအသုံးပြုရန်နှင့် ၂ နာရီလျှင်တစ်ကြိမ်ပြန်လည်လိမ်းထားရန်အကြံပြုသည်။

SPF (Sun Protection Factor) စကေးသည် linear မဟုတ်ပါ

SPF 15 သည်ခရမ်းလွန်ရောင်ခြည်၏ 93% ကိုပိတ်ဆို့သည်

SPF 30 သည် UVB ရောင်ခြည်များ၏ 97% ကိုပိတ်ဆို့သည်

SPF 50 သည်ခရမ်းလွန်ရောင်ခြည်၏ 98% ကိုပိတ်ဆို့စေသည်

ဒါကြောင့်ဒီကိုကြည့်ခြင်းအားဖြင့် SPF 30 နေရောင်ခြည်ဟာ SPF 15 နေရောင်ခြည်ထက်သင့်ကိုကာကွယ်မှု ၄ ရာခိုင်နှုန်းသာပေးသည်။

ဒါမှမဟုတ်၊ နောက်တစ်နည်းကြည့်ရမဲ့နည်းလမ်းကတော့ -

SPF 15 (၉၃% ကာကွယ်မှု) သည်ဖိုတွန် ၁၀၀ မွ ၇ ခုကိုဖြတ်သန်းခွင့်ပြုသည်

SPF 30 (၉၇% ကာကွယ်မှု) သည်ဖိုတွန် ၁၀၀ မွ ၃ ခုကိုဖြတ်သန်းခွင့်ပြုသည်။

ထို့ကြောင့်သင်သည်သင်၏အကာအကွယ်ပေးမှုအဆင့်ကိုနှစ်ဆမတိုးစေဘဲ SPF 30 သည် SPF 15 သင့်အရေပြားသို့ဖြတ်သန်းသွားသောဓါတ်ရောင်ခြည်တစ်ဝက်ကိုပိတ်လိမ့်မည်။

၎င်းသည်ရှုပ်ထွေးသော်လည်း၊ ရိုးရှင်းအောင်ပြုလုပ်ရန်အရေပြားအထူးကုဆရာဝန်များသည် SPF 15 သို့မဟုတ် SPF 30 sunscreen အသုံးပြုရန်အကြံပြုသည်။

အဘယ်ကြောင့်တကယ့်မြင့်မားသော Sun Protection Factor ကိုအသုံးမပြုပါသနည်း။ SPF 75 သို့မဟုတ် SPF 100 ကဲ့သို့အလွန်မြင့်မားသော SPFs ရှိသောနေကာမျက်မှန်များသည် SPF ၃၀ ထက်သိသိသာသာ ပိုမို၍ အကာအကွယ်ပေးသည်မဟုတ်ဘဲလူများအား၎င်းတို့အားအမှန်တကယ်ထက်ပိုမိုအကာအကွယ်ရှိသည်ဟုယူမှတ်စေခြင်းဖြစ်သည်။ ထို့အပြင်ကျယ်ပြန့်သောရောင်စဉ်ကာကွယ်မှုရရန် UVA ကာကွယ်မှုသည် UVB ကာကွယ်မှု၏အနည်းဆုံး 1/3 ဖြစ်သင့်သည်။ မြင့်မားသော SPF နေရောင်ခြည်စွမ်းအင်သည်များသောအားဖြင့်ခရမ်းလွန်ရောင်ခြည်ကာကွယ်မှုထက် UVB ထက်များစွာသာလွန်သောကြောင့်၊

UVB ပြောဆိုရန်အတွက်နေရောင်ခြည်အားလုံးသည် FDA မှအတည်ပြုထားသော SPF စစ်ဆေးမှုကိုခံယူရမည်။ SPF စစ်ဆေးမှု၏အဓိကအမျိုးအစားသုံးမျိုးရှိသည်။ SPF တည်ငြိမ်မှု၊ SPF ရေဒဏ်ခံနိုင်သည့်မိနစ် ၄၀ နှင့် SPF ရေထွန်းလင်းမှု - မိနစ် ၈၀ ။ နေရောင်ကာကွယ်ဆေးထုတ်လုပ်သူအားလုံးသည် FDA အတည်ပြုထားသောစမ်းသပ်မှုများအတိုင်းလိုက်နာရမည်။ SPF ၏အဆိုအရနေရောင်ခြည်၊ ဓာတုနှင့်ဓာတ်သတ္တုအားလုံးတို့တွင်တသမတ်တည်းရှိရမည်။ SPF စစ်ဆေးမှုအားလုံးကို in vivo (Human Subject )ဖြင့် ပြုလုပ်သည်။

03/01/2021

💥ကိုယ့်ရဲ့မျက်နှာမှာတင်းတိပ်ဖြစ်ပြီဆိုရင် ပြန်ပျောက်ဖို့ခက်တယ်။ အရေးကြီးဆုံးကတော့ ကုသရတာအချိန်ကြာတဲ့အတွက် စိတ်ရှည်ဖို့လိုပါတယ်။

ဘာကြောင့်တင်းတိပ်ဖြစ်ရသလဲ?

⭕️ မျက်နှာကို သေချာသန့်ရှင်းမှုမရှိတဲ့အခါ
⭕️ မသန့်ရှင်းတဲ့ မျက်နှာသုပ်ပုဝါ
⭕️ Cream pad ရေမြှုပ်ဖော့လေးတွေ မသန့်ရှင်းရင်
⭕️ မသန့်ရှင်းတဲ့လက်နဲ့ မျက်နှာကိုပွတ်သပ်ကိုင်တွယ်တာ
⭕️ ဓါတ်မတည့်တဲ့ ဓါတုပစ္စည်းပါတဲ့မိတ်ကပ်တွေလိမ်းမိတာ
⭕️ နံ့သာဖြူလိမ်းရင် တင်းတိပ်စွဲတတ်တယ်။
⭕️ ပင်ကိုယ်မျက်နှာအသားအရေခြောက်သွေ့တဲ့သူတွေ တင်းတိပ်ပေါက်ဖို့ ရာခိုင်နှုံးသေချာတယ်။

ဘယ်လိုကုသရမလဲဆိုတာ ဗီဒီယိုဖိုင်လေးကို ဆက်လက်ကြည့်ရှုလိုက်ပါ။
Crd;
#ခေတ်သစ်ပျိုမေ

အိမ်မှာနေရင်း သဘာဝအတိုင်း လြယ္ကူသက်သာတဲ့ Vitamin E နဲ့ပေါင်းတင်ကြမယ်နည်6းမျိုးပြောပြမယ်နော်😉 ရှားစောင်းလက်ပတ်အတွင်းသားလေး...
03/01/2021

အိမ်မှာနေရင်း သဘာဝအတိုင်း လြယ္ကူသက်သာတဲ့ Vitamin E နဲ့ပေါင်းတင်ကြမယ်
နည်6းမျိုးပြောပြမယ်နော်😉

ရှားစောင်းလက်ပတ်အတွင်းသားလေးနှစ်ဇွန်း + Vitamin E capusle တစ္ခု

အလှဆီတစ်ဇွန်း + ရေသန့်တစ်ဇွန်း + Vitamin E capsule တစ္ခု

သဘော်သီးနှစ်ဇွန်း + ရေသန့်တစ်ဇွန်း + Vitamin E capsule နှစ်ခု

ဒိန်ချဉ်တစ်ဇွန်း + ခလောက်ထားတဲ့ကြက်ဥတစ်ဇွန်း + Vitamin E capsuleတစ္ခု

ပျားရည်တစ်ဇွန်း + ရေသန့်တစ်ဇွန်း + Vitamin E capsule တစ္ခု

သရက်သီးတစ်ဇွန်း + ဂျုံမှုန့်တစ်ဇွန်း + Vitamin E capsule တစ္ခု

ဒီ၆နည်းထဲက ကိုယ်အဆင်ပြေမယ့်နည်းလေးကိုအသုံးပြုလို့ရပါတယ်။
Vitamin E capsuleလေးကိုဖောက်ထည့်ပြီး သေချာသမအောင်ရော (ရေ အစား Rose waterလေးသုံးရင်ပိုကောင်းပေါ့နော်)
အိပ်ယာဝင်ခါနီးမျက်နှာသစ်ပြီး မိနစ်၂၀-၃၀လောက်လိမ်းထား
ခြောက်သွားပြီဆိုရင် ရေအေးအေးလေးနဲ့မျက်နှာသစ်ပေးပါ😎
တစ္ပတ္ကို နှစ်ကြိမ် သုံးကြိမ်လောက်ပုံမှန်လေးလုပ်ပေးလို့ရပါတယ်
😊ဝက်ခြံအလွန်ထွက်သူနဲ့ အဆီပြန်ခြင်း၊ အဆီဘုမ်ားရွိသူမ်ား တစ်ပတ်တစ်ကြိမ်လောက်သာလုပ်သင့်ပါတယ်နော်။

Vitamin E ရဲ့ကောင်းကျိုးတွေကတော့ မမတို့ညီမ တို့တော်တော်လေးသိထားပြီးလောက်ပေါ့နော်
အသားရေကိုအားဖြည့်ပေးပြီး ပြန်လည်နုပျိုစေပါတယ်
အကြောပျက်ခြင်း၊ အမဲစက်နှင့် အမာရွတ်များကိုလျှော့ချပေးပါတယ်
ရေဓာတ်ကိုထိမ်းပေးပြီး အသားရေကိုနူးညံချောမွေ့စေပါတယ်
မျက်ကွင်းညိုခြင်း၊ ပါးရေတွန့်ခြင်းတွေကိုသက်သာစေပါတယ်
နေလောင်ဒဏ်ကိုကာကွယ်ပေးပြီး နေလောင်ထားတဲ့အသားရေကိုပြုပြင်ပေးပါတယ်
ခြောက်သွေ့သောနှုတ်ခမ်းသားကိုလဲ ပြည့်ပြည့်ဖောင်းဖောင်းနဲ့ စိုစိုပြေပြေလေးဖြစ်စေပါတယ်

Vitamin Eကို အစားအစာတွေကရနိုင်သလို သောက်ဆေးအနေနဲ့လဲသောက်လို့ရပါတယ်။
Vitamin E ဟာလူတစ်ယောက်အတွက်တစ်နေ့ 25mg ထက်ပိုမသောက်သင့်ပါ။
ကာလရှည်ဆွဲသောက်ခြင်းမျိုးလည်းမလုပ်သင့်ပါ။
သွေးထဲ Vitamin E အလွန်အမင်းများနေရင် သွေးကြဲခြင်း၊ သွေးတွင်းplateletကျခြင်းတို့ဖြစ်တတ်ပါတယ်။
သွေးကြဲဆေးသောက်နေသူနဲ့ သွေးနဲ့ပတ်သက်တဲ့ရောဂါရှိတဲ့လူတွေဆရာဝန်နဲ့မတိုင်ပင်ပဲမသောက်သင့်ပါဘူး။

သဘာဝအတိုင်းလှနိုင်ကြပါစေရှင်😍
Rose water လုပ်နည်းနဲ့ သူ့ရဲ့ကောင်းကျိုးတွေလဲဆက်တင်ပေးပါမယ်နော်

လေးကိုလဲ Like & Followလေးလုပ်ပေးကြပါဦးရှင်🙏🙏🙏

Address

Taungdwingyi

Telephone

+959401618720

Website

Alerts

Be the first to know and let us send you an email when Beauty & Health Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram