YOGA Nature 7

  • Home
  • YOGA Nature 7

YOGA Nature 7 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YOGA Nature 7, Yoga studio, No. Kha-90/Chan Mya Thar Si Quarter/Territory/2, .

03/10/2025

စိတ်နှင့်ခန္ဓာ ဟန်ချက်ညီစွာ ကျမ်းမာလှပစေဖို့ အတူတူယောဂကျင့်ကြပါစို့။
#

🙏🏻 Namaste 🙏🏻 အကြင်နာ မေတ္တာတရားပြည့်ဝသော သီရိဂေဟာ လေးအတူတူ တည်ဆောက်ကြမယ် ချစ်ကြသူအချင်းချင်း ပိုပီးနွေးထွေးစေဖို့  coup...
27/09/2025

🙏🏻 Namaste 🙏🏻
အကြင်နာ မေတ္တာတရားပြည့်ဝသော သီရိဂေဟာ လေးအတူတူ တည်ဆောက်ကြမယ် ချစ်ကြသူအချင်းချင်း ပိုပီးနွေးထွေးစေဖို့ couple yoga လေး လေ့ကျင့်ကြည့်နော် အကြည့်ချင်းဆုံလိုက်တဲ့ အခိုက်အတန့် အရင်လို ရည်းစားဘဝလေး ပြန်ရောက်သွားသလိုပဲတဲ့🤭😊 yogi မီးလေးရဲ့ စကားသံ ရယ်မောသံလေးတွေကြားမှာ ကိုယ်လဲ ကြည်နူးမိပါရဲ့ 🍀🍀🍀
Instructor
Tr. Hlaung
09779342037

🍀မေတ္တာဓါတ်လေး ကိန်းအောင်းစေဖို့ ကောင်းသော energy ကို အရင်တည်ဆောက်ရပါတယ် yoga အာစန ကျင့်စဉ်များက negative energy ကိုလွင်...
25/09/2025

🍀မေတ္တာဓါတ်လေး ကိန်းအောင်းစေဖို့ ကောင်းသော energy ကို အရင်တည်ဆောက်ရပါတယ် yoga အာစန ကျင့်စဉ်များက negative energy ကိုလွင့်ပြယ်စေသော အစွမ်းသတ္တိကို ပေးစွမ်းနိုင်သောကြောင့် ပုံမှန်လေ့ကျင့်ပေးခြင်းဖြင့် အကြည်ဓါတ်လေးတွေရယူလိုက်ပါ ။
🙏🏻 Namaste 🙏🏻
🤎Yogi Mie Nar🤎
Instructor
🧘‍♀️Tr. Hlaung🧘‍♀️

30/04/2025

Healing ဆိုတာ ကုစားခြင်းပါ
Yoga flow လေးနဲ့ healing လုပ်ရတာ ကြိုက်တယ်
Yogi လေးတွေလည်း ကြိုက်ကြတယ် flow တွေနိုင်တယ် ငြိမ်သက်ခြင်းကိုကြိုက်တဲ့ yogi လေးရဲ့ morning yoga 🧘‍♀️
Home private
Instructor
Tr. Hlaung
One by one
9:30 To 10:30 AM

🧘‍♀️ Yogi Mie Nar 🧘‍♀️Home private ( Healing relax yoga flow )9:30 To 10:30 AM
26/04/2025

🧘‍♀️ Yogi Mie Nar 🧘‍♀️
Home private ( Healing relax yoga flow )
9:30 To 10:30 AM

🙏🏻 Namaste 🙏🏻 🧘‍♀️ ယောဂချစ်သူများ 🧘‍♀️ယောဂသည် လေ့ကျင့်ခန်းတစ်ခု ဆိုတာထက် ကျင့်စဉ်တစ်ခုလို့ပဲမြင်မိပါတယ် အာစန ကျင့်စဉ်တစ်...
24/04/2025

🙏🏻 Namaste 🙏🏻
🧘‍♀️ ယောဂချစ်သူများ 🧘‍♀️
ယောဂသည် လေ့ကျင့်ခန်းတစ်ခု ဆိုတာထက် ကျင့်စဉ်တစ်ခုလို့ပဲမြင်မိပါတယ် အာစန ကျင့်စဉ်တစ်ခုချင်းစီတိုင်းမှာ ကိုယ် စိတ် နှစ်ပါးလုံးကို ဟန်ချက်ညီအောင် ထိန်းညှိပေးတဲ့ အစွမ်းသတ္တိတွေ ရှိပါတယ် အချိန်တစ်ခုလေးပေးပီး လေ့ကျင့်ကြည့်ပါ တဖြေးဖြေး စိတ်လေးတွေ ငြိမ်သက်လာမှာဖြစ်သလို ကောင်းခြင်းဆိုးခြင်းတွေရဲ့အရှိတရားကို လက်ခံတတ်လာတာ ယောဂကျင့်စဉ်ရဲ့ အကျိုးကျေးဇူးတွေပါ အဲ့ဒီလိုလက်ခံတတ်လာတာသည် စိတ်ရဲ့လွတ်မြောက်ခြင်းဆိုတဲ့ လမ်းစလေးကို ရသွားစေနိုင်ပါတယ် ဒါကြောင့် ယောဂ ကျင့်ပါ ယောဂ ကိုသိဖို့ ယောဂထဲမှာနေကြည့်ပါ 🍀🧘‍♀️🍀

🧘‍♀️ ကြိုးစားသော yogi လေးရဲ့တိုးတက်မှုလေး 🧘‍♀️
Instructor
Nang Thain Hlaung
# Healthy & Happy life #

🙏 Namaste 🙏🤍 ယောဂချစ်သူများ 🤍🧘‍♀️ ယောဂသည် (ကစားခြင်း)မဟုတ်ပါလေ့ကျင့်ခြင်း၊ကျင့်စဥ်တစ်မျိုးဖြစ်ပါသည်။🤸‍♂️ Head stand 🤸‍♂️...
10/11/2024

🙏 Namaste 🙏
🤍 ယောဂချစ်သူများ 🤍
🧘‍♀️ ယောဂသည် (ကစားခြင်း)မဟုတ်ပါလေ့ကျင့်ခြင်း၊ကျင့်စဥ်တစ်မျိုးဖြစ်ပါသည်။
🤸‍♂️ Head stand 🤸‍♂️
🤸Head stand လေ့ကျင့်ခြင်းဖြင့်အိုမင်းရင့်လျော်ခြင်းကိုနှေးကွေးစေပီး အရွယ်တင်နုပျိုစေသည့်အကျိုးကျေးဇူးများကိုရရှိစေပြီးအူကျခြင်းနှင့်သားအိမ်ကျခြင်းများကိုလည်းပြုပြင်ပေးသည်။ကာကွယ်ပေးပါသည်။မိမိတို့ဦးခေါင်းငယ်ထိပ်နေရာအထိသန့်စင်သောသွေးများရောက်သွားစေလို့သွေးလည်ပတ်မှုစနစ်ကောင်းမွန်စေပါသည်။မိမိခန္ဓာကိုယ်တခုလုံးကို သတိကပ်ကာဟန်ချက်ညီအောင်လေ့ကျင့်ရသောကျင့်စဥ်ဖြစ်သည့်အတွက်စိတ်ကိုလည်းတည်ငြိမ်စေသည်။
!!!သတိ!!!
Head stand ကျင့်စဥ်အားတစ်ကြိမ်တစ်ခါမျှမလေ့ကျင့်ဖူးသေးသောသူများမှာ ကျွမ်းကျင်သည့်ဆရာများနှင့်သာစနစ်တကျအတူတကွသင်ယူလေ့ကျင့်သင့်ပါသည်။လည်ပင်းကျီးပေါင်းရှိသူများနှင့် အမျိုးသမီးများဓမ္မတာလာချိန်များတွင်မလေ့ကျင့်သင့်ပါ။သွေးပေါင်ချိန်မြင့်တက်နေသည့်အချိန်မျိုးမှာလည်းထိုကျင့်စဥ်ကိုရှောင်ကျဥ်သင့်ပါသည်။
#
Yogi Hlaung

🙏ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြစေ အေးချမ်းစေ။🙏အပြစ်မမြင် ချစ်ခင်စိတ်ဖြင့် နွေးထွေးစေ။🙏အဆုံးမဲ့ချစ် မေတ္တာချစ်ဖြင့် ဖေးမစ...
30/10/2024

🙏ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြစေ အေးချမ်းစေ။

🙏အပြစ်မမြင် ချစ်ခင်စိတ်ဖြင့် နွေးထွေးစေ။

🙏အဆုံးမဲ့ချစ် မေတ္တာချစ်ဖြင့် ဖေးမစေ။

🙏မျှော်လင့်ကင်းစေ ခွင့်လွှတ်နေလို့ မေတ္တာအရိပ်လုံခြုံ
စေ။

🙏ပျော်ရွှင်တရားဖြန့်ကျက်ပွါးလို့ ပီတိထား အားဖြစ်စေ။

🙏ဂါရဝတရား အလေးထားလို့ အစဥ် လေးစားချစ်
ခင်စေ။

🙏အပြစ်မပွါး ဥပေက္ခာတရား လက်ကိုင်ထားလေချမ်း
သာစေ။

🙏ကျေးဇူးအဖုံဖုံ ဆရာ့ဂုဏ် အစဥ်တန်ဖိုးထားကုန်စေ။

🙏အနန္တဂုဏ်အင် ကျေးဇူးရှင် အစဥ်ဂါရဝ ပြုနိုင်စေ။

🙏မေတ္တာနှလုံး အစဥ်သုံး ရွှင်ပြုံးနိုင်ကြပါစေလေ။

🙏ကုသိုလ်တရား အထပ်ထပ်ပွါး အစဥ်သာဓုခေါ်
နိုင်စေ။

💜မေတ္တာတရား မေတ္တာထားလို့ မေတ္တာစကားလေးပါးလိုက်ပါသည် အားလုံးကိုယ်စီ ရကြပါစေ ရကြစေ။💜

🙏သာဓု သာဓု သာဓု 🙏

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
#
Thain Hlaung

🙏 Namaste 🙏🍀 Yoga Angel လေးတို့ရေ နေကောင်းကျမ်းမာကြပါရဲ့လားရှင် ❤️😘🍀အကြောင်းအမျိုးမျိုးကြောင့် Class ကို Join ဖို့ရာအဆင်...
28/10/2024

🙏 Namaste 🙏
🍀 Yoga Angel လေးတို့ရေ နေကောင်းကျမ်းမာကြပါရဲ့လားရှင် ❤️😘
🍀အကြောင်းအမျိုးမျိုးကြောင့် Class ကို Join ဖို့ရာအဆင်မပြေတဲ့သူလေးတွေအတွက် Batch 17 Yoga online class လေးကိုထပ်မံစီစဥ်ပေးထာပါတယ်ရှင့်။
🍀အခြေခံမှစပြီးအခက်ခဲမရှိ စနစ်တကျလွယ်ကူစွာယောဂလေ့ကျင့်နိုင်စေရန် နှင့် advance level အလိုက်သေချာစွာလေ့ကျင့်လိုသူများအတွက်အတန်းချိန်များကိုစီစဥ်ထားပါတယ်။
🍀Zoom class ဖြင့်သင်ကြားလေ့ကျင့်ပေးသွားမှာဖြစ်ပြီးတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို သေချာစွာ care လုပ်ပေးနိုင်ရန်အတွက် တစ်ချိန်လျှင် 10 ဦးသာလက်ခံသွားမည်ဖြစ်ပါသည်။
🍀( November & December ) လအတွင်းအထူး Promotion အစီစဥ်များကိုလည်းစီစဥ်ပေးထားပါသည်။
🍀အသေးစိပ်ကိုထပ်မံသိရှိလိုပါက cb (or ) 09779342037 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
🌱 🌱 🌱 🌱 🌱 🌱 🌱 🌱 🌱
🧘‍♀️ ယောဂကျင့်စဥ်၏အလှတရားသည် ငြိမ်သက်ခြင်း ငြိမ်းအေးခြင်းပင် ။ ကျင့်စဥ်တိုင်းသည် မိမိတို့၏ အတွင်းအဇ္ဇုတ္တ တွင်ငြိတွယ်နေသော Negative energy ကိုလွင့်ပျယ်စေသောသတ္တိခွန်အားကိုဖြစ်တည်စေသည်။
🙏 ယောဂီများအားလုံး စိတ်နှလုံးကြည်မွှေ့လို့ အစဥ်ရွှင်ပြုံးနိုင်ကြပါစေရှင့်🙏
❤️ Thank you ❤️ Love you ❤️ Respect you ❤️

Instructor
Nang Thain Hlaung

🧘‍♀️ Today Healing ☀️အင်မတန်လှသော ဒီနေ့ 🍀ကိုယ့်ကိုယ် ပြန်လည်အချိန်ပေးသုံးသပ် ဆုံးမ ကုစားဖြစ်သောနေ့လေး🙏 ကိုယ့်ဝန်းကျင်လေး...
28/10/2024

🧘‍♀️ Today Healing

☀️အင်မတန်လှသော ဒီနေ့

🍀ကိုယ့်ကိုယ် ပြန်လည်အချိန်ပေးသုံးသပ် ဆုံးမ ကုစားဖြစ်သောနေ့လေး

🙏 ကိုယ့်ဝန်းကျင်လေးမှာရှိနေတဲ့ သက်ရှိ သက်မဲ့ တို့ရဲ့ ကျေးဇူးတရားများ ပြန်လည်အောက်မေ့နှလုံးသွင်းကျေးဇူးတင်ခြင်းကလည်း ဘဝအမော စိတ်သောကတွေ ပြေပျောက်လွင့်ပြယ်သွားစေဖို့ရာ အကြောင်းတရားတစ်ခုဖြစ်လာစေပါတယ်။

🙏 ယောက်ယက်ခတ်နေတတ်တဲ့ စိတ်နဲ့ခန္ဓာ ခဏလေးငြိမ်ပီး ကိုယ့်စိတ်ကိုယ် ပြန်ကြည့်မိလိုက်တော့ နုတ်ဖို့ကျန်နေသေးတဲ့ ဆူးတွေမှ အများကြီးပါလား လွှတ်မချနိုင်သေးတဲ့ ခံစားချက်တွေ. . . ဆုပ်ကိုင်ထားတဲ့ မွန်းကြပ်မှုတွေ ချက်ချင်းတုံ့ပြန်တတ်တဲ့အပြုအမူလေးတွေ အမြစ်တွယ်နေလိုက်ကြတာဆိုတာ. . . ဒီဆူးတွေဘယ်လိုနုတ်မလဲ???

🙏 Healing ဆိုတာက လက်ခံ ဖြေလျှော့ လွှတ်ချခြင်းပါ ဒါကလည်း အံ့သြဘနန်းသတ္တိတစ်မျိုးပါပဲ ကိုယ့်ရဲ့နှစ်လိုဖွယ် ကောင်းခြင်းဆိုးခြင်းအလှတရားများ ကျေကျေနပ်နပ်လက်ခံနိုင်လာတဲ့တစ်ချိန်ထဲမှာပဲ သဘာဝတရားရဲ့ဖောက်ပြန်ပြောင်းလဲမှု အရှိတရားကြီးကို ချုပ်ကိုင်ကန့်သတ်ထားလို့မရဘူးဆိုတာ လက်ခံတတ်သွားတဲ့အချိန်ဟာ တစ်ထပ်တည်းကျသွား တယ်ဆိုရင်ပဲ ဒီစိတ်ရဲ့ပူလောင်မှုက လွင့်ပြယ်သွားရတာပါပဲ ။

🙏 မှန်ကန်တဲ့နှလုံးသွင်းမှုသည် စိတ်နှင့်ခန္ဓာငြိမ်းအေးမှုကိုအမှန်တစ်ကယ်ရရှိစေပြီး နှလုံးအိမ်ရဲ့စိတ်တံခါးပေါက်လေးပွင့်သွားစေခြင်းဖြင့် ပေါ့ပါးလွတ်လပ်သောအနေအထားတစ်ခုကို တည်ဆောက်စေသော ကိုယ့်ကိုယ်ပိုပီးချစ်ပေးနိုင်အောင်သတိကပ်စေခဲ့သော ဒီနေ့လေးကိုကျေးဇူးအထူးပဲတင်ပါတယ်။

🙏 လက်ရှိအချိန်ရဲ့ကောင်းမွန်စွာ ရှင်သန်နေရခြင်းကို ပိုတန်ဖိုးထားရင်း ဒီနေ့ လေဝဝရှူလိုက်တယ် တစ်နေ့တာ အဓိပ္ပာယ်ရှိစွာဖြတ်သန်းရင်း Happy Sunday 🙏 Thank You 🙏 Thank You 🙏 Thank You 🙏

❤️ နှလုံးသားများအားလုံးလည်း အေးချမ်း ပျော်ရွှင် ပေါ့ပါး လွတ်လပ်ကြပါစေ ❤️

🧘‍♀️ ယောဂီ Hlaung 🧘‍♀️

YOGA KNOWLEDGEယောဂကျင့်ဆောင်ရာတွင် Asana နှင့် pranayama တို့ဘယ်လိုချိတ်ဆက်ထားလဲ???  🧘Patanjali's Yoga Sutras တွင်ဖော်ပြ...
14/10/2023

YOGA KNOWLEDGE
ယောဂကျင့်ဆောင်ရာတွင် Asana နှင့် pranayama တို့ဘယ်လိုချိတ်ဆက်ထားလဲ???

🧘Patanjali's Yoga Sutras တွင်ဖော်ပြထားသည့်အတိုင်း Asana နှင့် pranayama သည် ခြေလက်ရှစ်ခုအနက်မှ နှစ်ခုဖြစ်သည်။ ၎င်းတို့သည် အပြန်အလှန် ဆက်နွယ်နေသော်လည်း ယောဂကျင့်စဉ်အတွင်း မတူညီသော ရည်ရွယ်ချက်များကို ထမ်းဆောင်ကြသည်။

1. Asana: Asana သည် ယောဂကျင့်စဉ် သို့မဟုတ် ကိုယ်ဟန်အနေအထားများကို ရည်ညွှန်းသည်။ ဤကိုယ်ဟန်အနေအထားများသည် ခွန်အား၊ လိုက်လျောညီထွေရှိမှု၊ ဟန်ချက်ညီမှုနှင့် ခန္ဓာကိုယ်၏အသိဉာဏ်ကို တိုးမြင့်လာစေရန်အတွက် ရည်ညွှန်းထားသည်။ Asanas သည် တရားထိုင်ခြင်းနှင့် နက်နဲသော ဝိညာဉ်ရေးဆိုင်ရာ အလေ့အကျင့်များအတွက် ခန္ဓာကိုယ်ကို ပြင်ဆင်ပါ။ ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို အဓိကအာရုံစိုက်ပြီး ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးတက်စေရန်အတွက် ကိရိယာတစ်ခုအဖြစ် အသုံးပြုနိုင်သည်။

2. Pranayama: Pranayama သည် အသက်ရှုခြင်းကို ထိန်းချုပ်သည့် အလေ့အကျင့်ဖြစ်သည်။ ၎င်းတွင် အသက်ရှူလမ်းကြောင်းကို ထိန်းညှိပေးသည့် အမျိုးမျိုးသော အသက်ရှုနည်းစနစ်များ ပါဝင်ပါသည်။ Pranayama သည် စိတ်တည်ငြိမ်စေရန်၊ စိတ်ဖိစီးမှုကို လျှော့ချရန်နှင့် ခန္ဓာကိုယ်အတွင်း အရေးကြီးသော အသက်စွမ်းအင် (prana) ကို တိုးမြှင့်ရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ ၎င်းသည် ယောဂ၏ ရုပ်ပိုင်းဆိုင်ရာနှင့် နာမ်ပိုင်းဆိုင်ရာ ရှုထောင့်များကြား တံတားတစ်ခုဖြစ်သည်။ အာစနနှင့် ပရာနယမတို့သည် ကွဲပြားသော ရည်ရွယ်ချက်များကို ဆောင်ရွက်သော်လည်း ၎င်းတို့ကို မကြာခဏ အတူတကွ ကျင့်သုံးကြသည်။

🧘‍♀️Asanas သည် ပိုမိုသက်တောင့်သက်သာရှိပြီး အာရုံစူးစိုက်မှုနည်းပါးစေရန်အတွက် ခန္ဓာကိုယ်အား ပြင်ဆင်ပေးကာ အာရုံစူးစိုက်မှုနှင့် စိတ်အပန်းဖြေမှုကို မြှင့်တင်ရန်အတွက် pranayama နည်းစနစ်များကို လေ့ကျင့်စဉ်တွင် အသုံးပြုနိုင်သည်။ နှစ်ခုစလုံးသည် ပြီးပြည့်စုံသော ယောဂကျင့်စဉ်တစ်ခု၏ မရှိမဖြစ် အစိတ်အပိုင်းများဖြစ်ပြီး ခန္ဓာကိုယ်နှင့် စိတ်ကို ဟန်ချက်ညီစေရန် အသုံးပြုပါသည်။

🙏🏻 ချစ်ခြင်းမေတ္တာများစွာဖြင့် စာဖတ်သူများအတွက် Yoga knowledge များဝေမျှပေးသွားမှာဖြစ်၍ ဆက်လက်စောင့်မျှော်ဖတ်ရှုပေးကြပါဦးရှင် 🙏🏻
# yoga knowledge #
# yoga relax #
# healthy # happy life with yoga #

Address

No. Kha-90/Chan Mya Thar Si Quarter/Territory/2

06101

Opening Hours

Monday 09:00 - 06:00
Tuesday 09:00 - 06:00
Wednesday 09:00 - 06:00
Thursday 09:00 - 06:00
Friday 09:00 - 06:00

Website

Alerts

Be the first to know and let us send you an email when YOGA Nature 7 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram