09/12/2025
Misoprostol သောက်ပြီး နာရီဝက်မပြည့်ခင် အန်မိရင်?
" ဆေးအာနိသင် အပြည့်မရနိုင်ပါဘူးနော် ...
အစာအိမ်နဲ့အူလမ်းကြောင်းကနေ စုပ်ယူမှသာ အကျိုးသက်ရောက်မှုရှိမှာဖြစ်ပါတယ် ..."
Misoprostol ဆိုတာဘာလဲ?
အစာအိမ်နဲ့အူသိမ်အနာဖြစ်တဲ့အခါ
မီးဖွားပြီး သွေးဆင်းတာမျိုးဖြစ်တဲ့အခါ
ကလေးပျက်ကျပြီးတဲ့အခါတွေမှာ အသုံးပြုတဲ့
WHO recommended လုပ်ထားတဲ့ ဆေးပါ။
အန်တာ ဘာကြောင့်ဖြစ်လဲ?
အစာအိမ်/အူလမ်းကြောင်း irritate ဖြစ်တာတွေ
အစာအိမ်ရောင်၊ အူရောင်၊ အူပိတ် တာတွေနဲ့
Side effect တွေကြောင့် ဖြစ်နိုင်ပါတယ်နော် ...
နာရီဝက်မပြည့်ခင် အန်မိရင်?
ဆေးအာနိသင် မပြည့်နိုင်တဲ့အတွက် ဆရာဝန်နဲ့တိုင်ပင်ပြီး နောက်တစ်ကြိမ် သောက်သင့်ပါတယ်။
"ပြီးတော့ အရေးကြီးတာက ဆေးသောက်တိုင်း အန်နေမယ်ဆိုရင်
အခြားရောဂါတွေကိုလည်း စစ်ဆေးသင့်ပါတယ်နော်...."
*ဤဆောင်းပါးကို Misoclear မှ အထောက်အပံ့ပေးပါသည်။*
#တောင်ကြီးမြို့
#ဆေးဆိုင်