အောင်စင်္ကြာ ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်း - ရပ်စောက်

  • Home
  • Myanmar
  • Taunggyi
  • အောင်စင်္ကြာ ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်း - ရပ်စောက်

အောင်စင်္ကြာ ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်း - ရပ်စောက် သူနာပြုအကူသင်တန်း ဆေးဝါးကျွမ်းကျင်အကူသင်တန်း အခြေခံဓာတ်ခွဲသင်တန်း။ ကွန်ပျူတာသင်တန်း English Speaking သင်တန်း

🎉🙏နှစ်သစ်ဆုတောင်း🎉🙏၂၀၂၆နှစ်သစ်ရဲ့ နေ့ရက်တိုင်းမှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ချစ်ခင်ရသူမ...
31/12/2025

🎉🙏နှစ်သစ်ဆုတောင်း🎉🙏

၂၀၂၆နှစ်သစ်ရဲ့ နေ့ရက်တိုင်းမှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ချစ်ခင်ရသူများနှင့်အတူ အမှတ်တရကောင်းများစွာ ဖန်တီးနိုင်သော နှစ်တစ်နှစ်ဖြစ်ပါစေ။ ဘေးရန်အပေါင်းမှ ကင်းဝေး၍ လိုအင်ဆန္ဒဟူသမျှ ပြည့်ဝကာ စီးပွားလာဘ်လာဘများ တိုးပွားပါစေကြောင်း
အောင်စင်္ကြာသင်တန်းကျောင်း မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင့်။



#2026

သင်တန်းမတက်ဖြစ်လိုက်တာ ဘယ်အချက်ကြောင့်ဖြစ်မလဲ...❓🌼🌼🌼 လူတိုင်းနီးပါး အထူးသဖြင့် လူငယ်တွေ၊ လူလတ်ပိုင်းတွေအများစုမှာ မိမိဘဝ...
29/12/2025

သင်တန်းမတက်ဖြစ်လိုက်တာ ဘယ်အချက်ကြောင့်ဖြစ်မလဲ...❓
🌼🌼🌼 လူတိုင်းနီးပါး အထူးသဖြင့် လူငယ်တွေ၊ လူလတ်ပိုင်းတွေအများစုမှာ မိမိဘဝတိုးတက်ဖို့အတွက် သင်တန်းတစ်ခုခုဖို့ စိတ်အားထက်သန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် စတင်ဖို့ ခြေလှမ်းလှမ်းလိုက်တိုင်း၊ ရည်ရွယ်ချက်ကို ရပ်တန့်ပစ်လိုက်တဲ့ တိတ်ဆိတ်တဲ့ အတားအဆီးတွေ ရှိနေတတ်တယ်မဟုတ်လား?

ဘာကြောင့်လဲ...🤷‍♀️

၁။ 💸 ငွေကြေးဆိုင်ရာ စိုးရိမ်ပူပန်မှုနှင့် မသေချာမရေရာမှု

ငါဒီသင်တန်းကြေး ပေးပြီးရင် တကယ်တန်ပါ့မလား၊ သင်တန်းရဲ့ အရည်အသွေး မပြည့်မီမှာ၊ သင်တန်းပြီးဆုံးလို့ အလုပ်အကိုင် အခွင့်အလမ်း
မရရှိမှာကို စိုးရိမ်တဲ့အခါ၊ ဆုံးရှုံးမှုကိုတွေးပြီး ကြောက်ရွံ့စိတ်က ရည်ရွယ်ချက်ကို ချက်ချင်း ရပ်တန့်ပစ်လိုက်စေပါတယ်။
၂။ ⏱️ အချိန်နှင့် လုပ်ငန်းတာဝန်များ ထပ်နေမှု ဖိစီးခြင်း
သင်တန်းတက်ဖို့ ရည်ရွယ်လိုက်ပေမယ့် တစ်ဖက်မှာ မိသားစုတာဝန်၊ အလုပ်တာဝန်တွေက နေရာယူထားပြီးဖြစ်တာမို့ သင်တန်းကို အချိန်ပေးတက်ရောက်
နိုင်ပါ့မလား၊ နှစ်ဖက်လုံးကို အာရုံစိုက်နိုင်မလား စဉ်းစားလိုက်တဲ့အခါ၊ ပင်ပန်းနွမ်းနယ်မှုနှင့် အချိန်မလုံလောက်ခြင်းစတဲ့ ခံစားချက် ပေါ်လာပြီး၊
သင်တန်းတက်ဖို့ နောက်ဆုတ်လေ့ရှိပါတယ်။

၃။ 🧠 စိတ်ဓာတ်ပိုင်းဆိုင်ရာ အားလျော့မှုနှင့် ကိုယ့်ကိုယ်ကို မယုံကြည်မှု
ငါ တကယ်ရော လုပ်နိုင်ပါ့မလား? သူများတွေလို တတ်မြောက်ဖို့လွယ်ကူပါ့မလား စတဲ့ ကိုယ့်ကိုယ်ကို မယုံကြည်ခြင်း၊ အခြားသူများနှင့် နှိုင်းယှဉ်ပြီး အားလျော့နေခြင်းတို့က အဓိက အတားအဆီးများဖြစ်ပါတယ်။

အခုဒီစာကိုဖတ်နေတဲ့သူရော ဘယ်အချက်ကြောင့် မတက်ဖြစ်တာလဲဆိုတာ Comment မှာ မျှဝေပေးခဲ့ပါဦးနော်....🗨️

#ဆေးဝါးကျွမ်းကျင်အကူ #သူနာပြုအကူ #အခြေခံဓာတ်ခွဲအကူ #ကျန်းမာရေး ောင်စင်္ကြာသင်တန်း

၂၀၂၅ က ကိုယ့်အတွက် အကျိုးရှိတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့လား..❓၂၀၂၅ မှာ လုပ်ချင်တာတွေရှိပေမယ့် မလုပ်ခဲ့လို့ နောင်တရနေတဲ့သူတွေ ရ...
09/12/2025

၂၀၂၅ က ကိုယ့်အတွက် အကျိုးရှိတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့လား..❓

၂၀၂၅ မှာ လုပ်ချင်တာတွေရှိပေမယ့် မလုပ်ခဲ့လို့ နောင်တရနေတဲ့သူတွေ ရှ်ိလား 🤷‍♀️

အချိန်နဲ့ဒီရေက လူကိုမစောင့်ပေမယ့်
ကျွန်မတို့ကြ တစ်ခုခုလုပ်ဖို့ဆို နေ့ရွှေ့ ၊ ညရွှေ့၊ နောက်နေ့ရွှေ့ ဒီလိုနဲ့ တစ်ရက်၊ တစ်ပတ်၊ တစ်လ အခုဆို ၂၀၂၅ ကုန်ဖို့ တစ်လကျော်လောက်ပဲလိုပါတော့တယ်။

အချိန်တွေကို နှမြောလိုက်တာ‌လို့ တွေးနေမိလည်း နောင်တကလွဲရင် ဘာမှမရနိုင်ပါဘူး။ ဒီတော့ အခုလက်ရှိအချိန်က တစ်ခုခုစလုပ်ဖို့ အကောင်းဆုံးအချိန်ပါ။

၂၀၂‌၆ မှာ ကိုယ့်ဘဝကြီးကို ပုံစံအသစ်နဲ့ မြင်တွေ့ချင်တယ်ဆိုရင် Just Do it ! အခုပဲ စတင်လိုက်ပါ။

#ဆေးဝါးကျွမ်းကျင်အကူ #သူနာပြုအကူ #အခြေခံဓာတ်ခွဲအကူ #ကျန်းမာရေးဗဟုသုတ ောင်စင်္ကြာသင်တန်း

"ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုတဲ့ စကားပုံကို ကြားဖူးကြမှာပါ!ဒါပေမယ့် တကယ်တမ်းမှာ ကျန်းမာရေးကို အလေးထားဂရုစိုက်ဖို့ ဘယ်...
22/11/2025

"ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုတဲ့ စကားပုံကို ကြားဖူးကြမှာပါ!
ဒါပေမယ့် တကယ်တမ်းမှာ ကျန်းမာရေးကို အလေးထားဂရုစိုက်ဖို့ ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာကိုတော့ ကျန်းမာရေးချို့ယွင်းလာမှသာ အမှန်တကယ် နားလည်တတ်ကြပါတယ်။

ကျန်းမာရေးကို ဂရုမစိုက်တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ...🤷‍♀️
⚡ ကိုယ်ခန္ဓာ အားနည်းလာခြင်းနှင့် ရောဂါဘယများ ဝင်ရောက်လာခြင်း
ပုံမှန်မဟုတ်တဲ့ စားသောက်နေထိုင်မှု၊ အိပ်ရေးပျက်ခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းတို့က သင့်ရဲ့ ကိုယ်ခံအားစနစ်ကို ကျဆင်းစေပြီး သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါလို မကူးစက်နိုင်တဲ့ နာတာရှည်ရောဂါတွေ ဖြစ်ပွားဖို့ အခွင့်အရေး ပိုများစေပါတယ်။

😔 စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ ကိုယ်ခန္ဓာ မကျန်းမာတဲ့အခါ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်းလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း ပိုမို ဖြစ်ပွားလာနိုင်ပါတယ်။

💸 ငွေကြေးဆုံးရှုံးမှုနှင့် ဝန်ထုပ်ဝန်ပိုးများ
ရောဂါဝေဒနာခံစားရခြင်းကြောင့် ဆေးကုသမှု ကုန်ကျစရိတ်တွေ မြင့်တက်လာနိုင်ပြီး အလုပ်ပျက်ကွက်ခြင်း၊ ဝင်ငွေလျော့နည်းခြင်းတို့နဲ့ပါ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါဟာ မိမိတစ်ဦးတည်းအတွက်သာမက မိသားစုတစ်ခုလုံးအတွက်ပါ ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်ပါတယ်။

ဒီတော့ ကျန်းမာရေးဗဟုသုတများကို လေ့လာမှတ်သားပြီး ကျန်းမာအောင်ပြုမှူနေထိုင်ပါ။

#ဆေးဝါး #သူနာပြုစုနည်း #ကျန်းမာရေးဗဟုသုတ ောင်စင်္ကြာသင်တန်း

ကိုယ်တိုင်ရော အခြားသူအတွက်ပါ အကျိုးပြုတဲ့ပညာရပ်ကိုသင်ယူဖို့တွေဝေနေတုန်းလား....❓ကိုယ်ပိုင် ကျန်းမာရေးကို ဂရုစိုက်နိုင်ရုံ...
20/11/2025

ကိုယ်တိုင်ရော အခြားသူအတွက်ပါ အကျိုးပြုတဲ့
ပညာရပ်ကိုသင်ယူဖို့တွေဝေနေတုန်းလား....❓

ကိုယ်ပိုင် ကျန်းမာရေးကို ဂရုစိုက်နိုင်ရုံသာမကဘဲ၊ တခြားသူတွေရဲ့ ကျန်းမာရေးကိုပါ ကူညီစောင့်ရှောက်ပေးလိုပါသလား?...

ကျန်းမာရေးနှင့် ပတ်သက်ပြီး မှန်ကန်တိကျတဲ့ ဗဟုသုတတွေ၊ ဆေးဝါးဆိုင်ရာ အသိပညာတွေ၊ ရှေးဦးသူနာပြုစုနည်းတွေကို စနစ်တကျ လေ့လာသင်ယူချင်တယ်ဆိုရင်...
AungSinKyar_အောင်စင်္ကြာ သင်တန်းကျောင်းမှာ တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။‌

💊ဆေးဝါးအမျိုးအစားများ၊ သောက်သုံးပုံများ၊ ရောဂါလက္ခဏာများ နှင့် ရှေးဦးသူနာပြုစုနည်းများကို စာတွေ့၊ လက်တွေ့ ပေါင်းစပ်ပြီး ကျွမ်းကျင်စွာ သင်ကြားပေးမှာဖြစ်ပါတယ်။

ဒီတော့ ကျန်းမာရေး အသိပညာ ကြွယ်ဝသူတစ်ဦးအဖြစ်ရပ်တည်ပြီး၊ ကိုယ့်ဘဝနဲ့ တပါးသူဘဝကို အကျိုးပြုလိုပါက၊ အခုပဲ Page Chatbox မှာစုံစမ်းမေးမြန်းပြီး စာရင်းပေးသွင်းလိုက်ပါ!

☎️ 09 - 428312953 , 09 - 694004070

📍လိပ်စာ
အမှတ် (၁၇၈) ၊ ကမ္ဘောဇလမ်းသွယ် (၁)၊သစ်တောရပ်ကွက်၊တောင်ကြီးမြို့။

အမှတ် (ရပ/၁၃၄) ၊ အ‌နောက်မြို့ ပတ်လမ်း ၊ ကျောင်းကြီးစုရပ်ကွက်၊နယ်မြေ (၁၀) တောင်ကြီးမြို့။

အမှတ် (၁၀၆)၊ နယ်မြေ(၁)၊ မိန်းလမ်းမကြီး၊ဇော်ဂျီရပ်ကွက်၊ တံတားမိုးချောင်းထိပ်၊ ရပ်စောက်မြို့။

#ဆေးဝါးကျွမ်းကျင်အကူ #သူနာပြုအကူ #အခြေခံဓာတ်ခွဲအကူ #ကျန်းမာရေးပညာ #အလုပ်အကိုင်အခွင့်အလမ်း
#ဆေးပညာ ောင်စင်္ကြာသင်တန်း

💥💥💥 သင်တန်းတွေများလို့ ရွေးချယ်ရခက်နေပြီလား....? ဟိုသင်တန်းပဲတက်ရမလို ဒီသင်တန်းပဲ တက်ရမလိုနဲ့ အချိန်တွေကုန်တာကလွဲပြီး ဘာ...
12/11/2025

💥💥💥 သင်တန်းတွေများလို့ ရွေးချယ်ရခက်နေပြီလား....?

ဟိုသင်တန်းပဲတက်ရမလို ဒီသင်တန်းပဲ တက်ရမလိုနဲ့ အချိန်တွေကုန်တာကလွဲပြီး ဘာမှထူးမလာဘူးဟုတ်...🤷‍♀️

ောင်စင်္ကြာ သင်တန်းကျောင်းကိုရွေးချယ်ပြီး
ဆေးဘက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖမ်းဆုပ်လိုက်ပါ။

ောင်စင်္ကြာ
အလုပ်အကိုင်အခွင့်အလမ်း မြင့်မားတဲ့ ဘာသာရပ်များကို တနေရာတည်းမှာ စုစည်း သင်ကြားပေးနေပါတယ်။

💉 ဆေးဝါးကျွမ်းကျင်အကူ
🧑‍⚕️ သူနာပြုအကူ
🔬 အခြေခံဓာတ်ခွဲအကူ တို့ကိုတက်ရောက်ပြီး အချိန်ဖြုန်းနေမိခြင်းကို အဆုံးသတ်လိုက်ပါ။

အသေးစိတ် သိရှိရန်နှင့် စာရင်းပေးသွင်းရန် အခုပဲ Page messenger ကို ဆက်သွယ်လိုက်ပါ။

☎️ 09 - 428312953 , 09 - 694004070

📍လိပ်စာ
အမှတ် (၁၇၈) ၊ ကမ္ဘောဇလမ်းသွယ် (၁)၊သစ်တောရပ်ကွက်၊တောင်ကြီးမြို့။

အမှတ် (ရပ/၁၃၄) ၊ အ‌နောက်မြို့ ပတ်လမ်း ၊ ကျောင်းကြီးစုရပ်ကွက်၊နယ်မြေ (၁၀) တောင်ကြီးမြို့။

အမှတ် (၁၀၆)၊ နယ်မြေ(၁)၊ မိန်းလမ်းမကြီး၊ဇော်ဂျီရပ်ကွက်၊ တံတားမိုးချောင်းထိပ်၊ ရပ်စောက်မြို့။

#ဆေးဝါးကျွမ်းကျင်အကူ #သူနာပြုအကူ #အခြေခံဓာတ်ခွဲအကူ #ကျန်းမာရေးပညာ #အလုပ်အကိုင်အခွင့်အလမ်း
#ဆေးပညာ ောင်စင်္ကြာသင်တန်း

လက်တွေ့မှ အောင်မြင်မှုဆီ  အောင်စင်္ကြာမှ လမ်းပြပေးမယ်! Tagline ကျန်မားရေးနယ်ပယ်မှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခုကို တည်...
09/11/2025

လက်တွေ့မှ အောင်မြင်မှုဆီ အောင်စင်္ကြာမှ လမ်းပြပေးမယ်! Tagline

ကျန်မားရေးနယ်ပယ်မှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ချင်ပါသလား?

👩‍🏫 အတွေ့အကြုံရှိ ဆရာ၊ ဆရာမတွေရဲ့ လက်တွေ့ကျကျ လေ့ကျင့်သင်ကြားပေးမှုတွေနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းပါ တစ်ပါတည်း ရယူနိုင်မယ့် AungSinKyar_အောင်စင်္ကြာသင်တန်းကျောင်းရှိပါတယ်။

💁‍♀️ သင်တန်းကာလ (၄)လ စာတွေ့၊ လက်တွေ့သင်ယူရမှာဖြစ်ပြီး တတ်‌မြောက်မှုရှိ၊ မရှိသိနိုင်ဖို့
အရည်ချင်းစစ်စာမေးပွဲများကိုပါ ဖြေဆိုရမှာဖြစ်ပါတယ်။

ဒီတော့ အနာဂတ်မှာ တန်ဖိုးရှိတဲ့ ကျန်းမာရေး ဝန်ထမ်းကောင်းတစ်ယောက်အဖြစ် ရပ်တည်ဖို့ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် အခုပဲ Page Chatbox မှာ အတန်းလာအပ်လိုက်တော့နော်။

☎️ 09 - 428312953 , 09 - 694004070

📍လိပ်စာ
အမှတ် (၁၇၈) ၊ ကမ္ဘောဇလမ်းသွယ် (၁)၊သစ်တောရပ်ကွက်၊တောင်ကြီးမြို့။

အမှတ် (ရပ/၁၃၄) ၊ အ‌နောက်မြို့ ပတ်လမ်း ၊ ကျောင်းကြီးစုရပ်ကွက်၊နယ်မြေ (၁၀) တောင်ကြီးမြို့။

အမှတ် (၁၀၆)၊ နယ်မြေ(၁)၊ မိန်းလမ်းမကြီး၊ဇော်ဂျီရပ်ကွက်၊ တံတားမိုးချောင်းထိပ်၊ ရပ်စောက်မြို့။

#ဆေးဝါးကျွမ်းကျင်အကူ #သူနာပြုအကူ #အခြေခံဓာတ်ခွဲအကူ #ကျန်းမာရေးပညာ #အလုပ်အကိုင်အခွင့်အလမ်း
#ဆေးပညာ ောင်စင်္ကြာသင်တန်း

(၃)ခုလုံးတက်ထားခြင်းရဲ့ အခွင့်အထူးများ !  တစ်သက်လုံးပြန်အသုံးချနိုင်မယ့် ပညာရပ်မျိုးကိုသင်ယူချင်ပါသလား....? သင်ဟာ အချိန်...
31/10/2025

(၃)ခုလုံးတက်ထားခြင်းရဲ့ အခွင့်အထူးများ !

တစ်သက်လုံးပြန်အသုံးချနိုင်မယ့် ပညာရပ်မျိုးကိုသင်ယူချင်ပါသလား....?

သင်ဟာ အချိန်ပေးနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်မှာ တစ်သက်လုံး ရပ်တည်ချင်တယ်ဆိုရင် ဆေးဝါးကျွမ်းကျင်အကူ၊ သူနာပြုအကူ နှင့် အခြေခံဓာတ်ခွဲခန်းအကူ သင်တန်း (၃) ခုလုံးကို သင်ယူသင့်ပါတယ်။

👉 အကျိုးကျေးဇူးအ‌နေနဲ့~
✅ လုပ်ငန်းခွင် ရွေးချယ်စရာများခြင်း
သင်တန်း (၃) ခုလုံး တက်ထားခြင်းကြောင့် အလုပ်လျှောက်ထားရာတွင် ရွေးချယ်စရာနယ်ပယ်များပြီးအလုပ်ရရှိနိုင်ခြေလည်း ပိုမိုမြင့်မားပါတယ်။
ဆေးရုံမှာ လူနာစောင့်အဖြစ်လည်း ဝင်နိုင်၊ ဆေးဆိုင်မှာ ဆေးဝါးအကူအဖြစ်လည်း ဝင်နိုင်၊ Lab assistant အဖြစ်လည်း လုပ်နိုင်ပါတယ်။

💁‍♀️ဒီလို အခွင့်အထူးတွေကို လက်မလွှတ်တမ်းရချင်တယ်ဆိုရင် ောင်စင်္ကြာ သင်တန်းကို ယုံကြည်စိတ်ချစွာ ရွေးချယ်တက်ရောက်လိုက်ပါ။

🧑‍🏫စာတွေ၊ လက်တွေ့ နှစ်ခုလုံးကို အလေးပေးသင်ကြားပေးတာကြောင့် သင်တန်းပြီးတာနဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်ရှင်....

အသေးစိတ်ကို Page Chatbox မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်...🗨️

#ဆေးဝါးကျွမ်းကျင်အကူ #သူနာပြုအကူ #အခြေခံဓာတ်ခွဲအကူ #ကျန်းမာရေးပညာ #အလုပ်အကိုင်အခွင့်အလမ်း
#ဆေးပညာ ောင်စင်္ကြာသင်တန်း

စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်စေမယ့် နည်းလမ်းကောင်း (၁၀) ချက်! ကျန်းမာချင်သူတစ်ယောက်အနေနဲ့ နေ့စဉ်ဂရုစိုက်ပြုကျင့်ရမယ့်...
26/10/2025

စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်စေမယ့် နည်းလမ်းကောင်း (၁၀) ချက်!

ကျန်းမာချင်သူတစ်ယောက်အနေနဲ့ နေ့စဉ်ဂရုစိုက်ပြုကျင့်ရမယ့် အလေ့အကျင့်ကောင်း (၁၀) ချက်ကတော့...
(၁) ရေများများသောက်ပါ
ခန္ဓာကိုယ်ရဲ့ ဇီဝလုပ်ငန်းစဉ် (Metabolism) တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ ရေများများသောက်ပေးပါ။ ရေဓာတ်ပြည့်ဝပါက အသားအရေ စိုပြေကြည်လင်စေပြီး အစာခြေစနစ်နဲ့ ဆီးဝမ်း မှန်ကန်စေနိုင်ပါတယ်။

(၂) အိပ်ရေးဝဝအိပ်ပါ
အဝလွန်တာ၊ ဆီးချိုနဲ့ နာတာရှည်ကျန်းမာရေးပြဿနာတွေ ကင်းဝေးစေဖို့အပြင် ကိုယ်ခံအားကောင်းစေဖို့ပါ လုံလောက်တဲ့ အိပ်စက်ချိန် (၇-၈ နာရီ) ထားရှိပေးပါ။

(၃) နေ့စဉ် လမ်းလျှောက်ပါ
သိပ်မဝေးတဲ့နေရာလေးတွေကို လမ်းလျှောက်သွားပေးတာ၊( ဒါမှမဟုတ်) နေ့စဉ် မိနစ် (၃၀) လမ်းလျှောက်ပေးတာက သွေးလည်ပတ်မှုကောင်းစေပြီး စိတ်ဖိစီးမှု လျှော့ချပေးနိုင်ပါတယ်။

(၄) မိနစ်အနည်းငယ် စိတ်ငြိမ်အောင် တရားထိုင်ပါ
စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပြီး အတွေးတွေကို ကြည်လင်စေဖို့ နေ့စဉ် အချိန်ပေး တရားထိုင်ခြင်း (သို့) အသက်ရှူ လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးပါ။ ကောင်းမွန်တဲ့ အိပ်စက်မှုကိုပါ ရရှိစေနိုင်ပါတယ်။

(၅) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
တစ်နေ့တာမှာ ပုံမှန် (၂၀) မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပေးတာက ကိုယ်ခံအားကောင်းစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့အပြင် ခန္ဓာကိုယ်အချိုးအစားကိုပါ ထိန်းညှိပေးပါတယ်။

(၆) ဗီတာမင်ဓာတ်ကြွယ်ဝသော သစ်သီးဝလံကို မဖြစ်မနေစားပါ
သစ်သီးတွေဟာ သင့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးစစ်သည်တော်တွေပါပဲ။ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝတဲ့ ဖရဲသီး၊ ပန်းသီး၊ ကီဝီသီး၊ သင်္ဘောသီး၊ စတော်ဘယ်ရီသီး စတာတွေကို နေ့တိုင်း ပုံမှန်စားပေးပါ။
(၇) အချိုလျှော့စားပါ
အချိုဓာတ် လိုတာထက်ပိုလျှင် အဝလွန်ခြင်း၊ ဆီးချိုနှင့် အခြားကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်တာကြောင့် အချိုကဲတဲ့ အစားအစာ၊ သကြားပါဝင်သော အချိုရည်များကို ရှောင်ကြဉ်ပါ။

(၈) အသင့်စား (Ready-made) နှင့် ပြုပြင်ထားသော အစားအစာများ ရှောင်ပါ
အလွယ်တကူရတဲ့ Ready-made Food တွေမှာ တာရှည်ခံဆေးနဲ့ ဓာတုပစ္စည်းတွေ များစွာပါဝင်တာကြောင့် ရေရှည်မှာ ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။
(၉) ဆေးလိပ် နဲ့ အရက်ကိုဖြတ်ပါ
ဆေးလိပ်သောက်ခြင်းနဲ့ အရက်သောက်ခြင်းတို့ဟာ ကောင်းကျိုးလုံးဝမပေးဘဲ ကိုယ်တွင်းအင်္ဂါတွေကို ဆိုးရွားစွာ ထိခိုက်စေတဲ့အတွက် မဖြစ်မနေ စွန့်လွှတ်သင့်ပါတယ်။

(၁၀) ကဖင်းဓာတ် လျှော့ပါ
ကော်ဖီအပါအဝင် ကဖင်း (Caffeine) ပါဝင်တဲ့ အချိုရည်တွေနဲ့ အခြားသော စားစရာတွေကို အလွန်အကျွံ မစားပါနဲ့။ ကဖင်းဓာတ်က အိပ်စက်ချိန်နဲ့ စိတ်ဖိစီးမှုအပေါ် သက်ရောက်မှုရှိပါတယ်။

ဒီ (၁၀) ချက်ထဲက ဘယ်နှချက်ကိုကျင့်သုံးပြီး ဘယ်အချက်တွေနဲ့ ဆန့်ကျင့်နေလဲဆိုတာ Comment မှာ မန့်ခဲ့‌ပါဦးနော်...

စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင် ကြပါစေ...🍀

ောင်စင်္ကြာသင်တန်း

ယောင်လည်လည်နဲ့ကုန်ဆုံးနေတဲ့ နေ့ရက်တွေကို အဆုံးသတ်ချင်ပြီလား...❓🤷‍♀️ဝါသနာပါတာ တစ်ခုခုစလုပ်ပါ။ လူငယ်သဘာဝအရ ဘာဝါသနာပါမှန်းမ...
09/10/2025

ယောင်လည်လည်နဲ့ကုန်ဆုံးနေတဲ့ နေ့ရက်တွေကို အဆုံးသတ်ချင်ပြီလား...❓

🤷‍♀️ဝါသနာပါတာ တစ်ခုခုစလုပ်ပါ။ လူငယ်သဘာဝအရ ဘာဝါသနာပါမှန်းမသိဖြစ်နေရင် ဘယ်အရာကိုလုပ်နေရရင်ပျော်လဲ၊ ကိုယ့်ရဲ့ talent ကဘာလဲ၊
ဒါလည်းမရေရာမသေချာဖြစ်နေသေးတယ်ဆိုရင် အခွင့်အလမ်းကိုရှာပါ!

🩺ပြည်တွင်းမက ပြည်ပမှာပါ အလုပ်အကိုင်အခွင့်အလမ်းပေါများတာဆိုရင် ကျန်းမာရေးနယ်ပယ်လည်းပါဝင်ပါတယ်။

💁‍♀️ဒါဆို ဝါသနာတွေရှာမတွေ့လည်း အခွင့်အလမ်းပေါများပြီး လက်တွေ့အသုံးချနိုင်မယ့် ဆေးဝါးအကူ၊ သူနာပြုအကူ၊ အခြေခံဓာတ်ခွဲအကူသင်တန်းကို အောင်စင်္ကြာမှာတက်ရောက်ပြီး အချိန်တွေကို အကျိုးရှိရှိအသုံးချလိုက်ရအောင်လားနော်....

☎️ 09 - 428312953 , 09 - 694004070

📍လိပ်စာ
အမှတ် (၁၇၈) ၊ ကမ္ဘောဇလမ်းသွယ် (၁)၊သစ်တောရပ်ကွက်၊တောင်ကြီးမြို့။

အမှတ် (ရပ/၁၃၄) ၊ အ‌နောက်မြို့ ပတ်လမ်း ၊ ကျောင်းကြီးစုရပ်ကွက်၊နယ်မြေ (၁၀) တောင်ကြီးမြို့။

အမှတ် (၁၀၆)၊ နယ်မြေ(၁)၊ မိန်းလမ်းမကြီး၊ဇော်ဂျီရပ်ကွက်၊ တံတားမိုးချောင်းထိပ်၊ ရပ်စောက်မြို့။

#ဆေးဝါးကျွမ်းကျင်အကူ #သူနာပြုအကူ #အခြေခံဓာတ်ခွဲအကူ
#ဆေးပညာ #အခွင့်အလမ်း #အလုပ်အကိုင်
ောင်စင်္ကြာသင်တန်း

🙏ဝါလကင်းလွတ်သီတင်းကျွတ်ဆုတောင်း!ယနေ့ကျရောက်သော နေ့ထူးနေ့မြတ် သီတင်းကျွတ်အခါသယမတွင် အောင်စင်္ကြာသင်တန်းသူ သင်တန်းသားများ၊...
05/10/2025

🙏ဝါလကင်းလွတ်သီတင်းကျွတ်ဆုတောင်း!
ယနေ့ကျရောက်သော နေ့ထူးနေ့မြတ် သီတင်းကျွတ်အခါသယမတွင် အောင်စင်္ကြာသင်တန်းသူ သင်တန်းသားများ၊ (၇) ရက်သားသမီးများအားလုံး ဘေးအန္တရာယ်များမှ ကင်းဝေးပြီး စီးပွားဥစ္စာ တိုးတက်ကြပါစေကြောင်းနှင့် သီတင်းကျွတ်ပွဲတော် ကို မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေ။

ောင်စင်္ကြာသင်တန်း

Address

အမှတ်(၁၀၆)၊ နယ်မြေ၁၊ မိန်းလမ်းမကြီး၊ ဇော်ဂျီရပ်ကွက်၊ တံတားမိုးချောင်းထိပ်၊ ရပ်စောက်မြို့။
Taunggyi
06101

Opening Hours

Monday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when အောင်စင်္ကြာ ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်း - ရပ်စောက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category