Ku Sarr

Ku Sarr Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ku Sarr, Mental Health Service, Taunggyi.

Ku Sarr (Heal) Mental Health and Wellness Services provides mental well-being services, including psychosocial support and innovative therapeutic approaches such as art, music, and drama, to enhance the quality of life of individuals.

😊 ပျော်ရွှင်ခြင်း ဟော်မုန်းများ (Happy Hormones)ဆောင်းပါးရေးသူ - EaindrayEnglish version below:ဒီနေ့လေးမှာတော့ ရုပ်ပိုင်...
05/11/2025

😊 ပျော်ရွှင်ခြင်း ဟော်မုန်းများ (Happy Hormones)
ဆောင်းပါးရေးသူ - Eaindray
English version below:

ဒီနေ့လေးမှာတော့ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာမှာ အရေးပါတဲ့ ပျော်ရွှင်ခြင်း ဟော်မုန်းလေးတွေအကြောင်း ပြောပြသွားမှာဖြစ်ပါတယ်။

"ပျော်ရွှင်ခြင်း ဟော်မုန်းများ" ဆိုတာက လူ့ခန္ဓာကိုယ်နဲ့ ဦးနှောက်ကနေ သဘာဝအတိုင်း ထုတ်လုပ်ပေးတဲ့ စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး ပျော်ရွှင်ကြည်နူးမှုကို ဖြစ်ပေါ်စေတဲ့ ဓာတုပစ္စည်း (chemical messengers) တွေပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဟော်မုန်းလေးမျိုး - Serotonin၊ Endorphin၊ Dopamine၊ Oxytocin ဆိုပြီး ရှိပါတယ်။

၁။ Dopamine (ဒိုပါမင်း)

ဒိုပါမင်း ဟော်မုန်းက စိတ်ကျေနပ်မှု နှစ်သိမ့်မှု(Pleasure)၊ ဆုလာဘ်သဖွယ် ခံစားကျေနပ်ရခြင်း(Reward) နှင့် စိတ်အားထက်သန်မှု (Motivation) တို့နဲ့ ဆက်စပ်နေပါတယ်။ သင်ကြိုးစားလုပ်ဆောင်တဲ့ အရာတစ်ခု အောင်မြင်သွားတဲ့အခါ ဒါမှမဟုတ် နှစ်သက်တဲ့အရာတစ်ခုကို လုပ်ဆောင်နေတဲ့အခါတွေမှာ ဒိုပါမင်းဟော်မုန်း ထွက်ရှိပါတယ်။

Dopamine Hormone ထွက်ရှိစေသော နည်းလမ်းများ:

- အိပ်ရေးဝဝ အိပ်စက်ခြင်း။

- ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ခြင်း။

- ပရိုတင်းဓာတ် ကြွယ်ဝသော အစားအစာများ စားသုံးခြင်း။

- ကိုယ်ပိုင်ရည်မှန်းချက် သို့မဟုတ် အလုပ်တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်း။

၂။ Serotonin (ဆီရိုတိုနင်)

ဆီရိုတိုနင် ဟော်မုန်းက စိတ်ခံစားချက်ကို ထိန်းညှိခြင်း (Mood Stabilizer) မှာ အရေးပါပြီး၊ စိတ်ပူပန်မှု (Anxiety) နဲ့ စိတ်ဓာတ်ကျဆင်းမှု (Depression) တို့ကို လျှော့ချပေးပါတယ်။ အစာခြေစနစ်၊ အိပ်စက်ခြင်းနဲ့ မှတ်ဉာဏ် အတွက်လည်း အရေးကြီးပါတယ်။

Serotonin Hormone ထွက်ရှိစေသော နည်းလမ်းများ:

- နေရောင်ခြည် နှင့် ထိတွေ့ခြင်း (အပြင်ထွက်၍ လမ်းလျှောက်ခြင်း)။

- ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်း။

- Tryptophan (ထရစ်တိုဖန်) ပါဝင်သော အစားအစာများ (ဥပမာ- ဥအနှစ်၊ နို့၊ ငါး၊ အခွံမာသီးများ) စားသုံးခြင်း။

- တရားထိုင်ခြင်း။

၃။ Endorphin (အင်ဒေါဖင်း)

အင်ဒေါဖင်း ဟော်မုန်းက နာကျင်မှုတွေကို သဘာဝအတိုင်း သက်သာစေတဲ့(Natural Pain Reliever) လိုမျိုး လုပ်ဆောင်ပါတယ်၊ စိတ်ဖိစီးမှု နဲ့ မသက်မသာဖြစ်ခြင်းများကို လျှော့ချပေးကာ ပျော်ရွှင်လန်းဆန်းစေတဲ့ ခံစားချက်ကို ပေးပါတယ်။

Endorphin Hormoneထွက်ရှိစေသော နည်းလမ်းများ:

- ပြင်းထန်သော လေ့ကျင့်ခန်း လုပ်ဆောငင်ခြင်း (ဥပမာ- အပြေး၊ ကခုန်)။

- ရယ်မောခြင်း (ဟာသရုပ်ရှင်ကြည့်ခြင်း၊ သူငယ်ချင်းများနှင့် စကားပြောခြင်း)။

- အနက်ရောင် ချောကလက်(dark chocolate)စားသုံးခြင်း။

- သီချင်းနားထောင်ခြင်း သို့မဟုတ် အနုပညာတစ်ခုခု ဖန်တီးခံစားခြင်း။

၄။ Oxytocin (အောက်ဆီတိုစင်)

အောက်ဆီတိုင်စင် ဟော်မုန်းကိုအချစ်ဟော်မုန်း လို့လည်း ခေါ်ကြပြီး ရင်းနှီးမှု၊ ယုံကြည်မှုနဲ့ သံယောဇဉ် တို့ကို မြှင့်တင်ပေးတဲ့ နေရာမှာ အရေးပါပါတယ်။ မိခင်နဲ့ ကလေးကြားက ရင်းနှီးနွေးထွေးတဲ့

နက်ရှိုင်းတဲ့ ဆက်နွယ် မှုတွေ အတွက် အရေးပါပါတယ်။

Oxytocin Hormoneထွက်ရှိစေသော နည်းလမ်းများ:

- ချစ်ခင်ရသူများကို ပွေ့ဖက်ခြင်း သို့မဟုတ် လက်ချင်းတွဲထားခြင်းကဲ့သို့ အထိအတွေ့ဖြင့် ချစ်ခင်တွယ်တာမှုကို ပြသခြင်း။

- အိမ်မွေးတိရစ္ဆာန်လေးများနှင့် ကစားခြင်း။

- သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အချိန်ပေး၍ ရယ်မောပြောဆိုခြင်း။

- တစ်ယောက်ယောက်ကို စာနာမှုပြသခြင်း သို့မဟုတ် ကူညီပေးခြင်း

စတဲ့ နည်းလမ်းတွေကနေ ရရှိနိုင်ပါတယ်။

ဒီလိုမျိုး မိမိကိုပျော်ရွှင်စေတဲ့ ဟော်မုန်းတွေကို မျှတစွာ ထိန်းသိမ်းခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။

- Serotonin နဲ့ Endorphin တို့က စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်တည်ငြိမ်မှုကို ရရှိစေပါတယ်။

- စိတ်ကျရောဂါ လက္ခဏာတွေကို လျော့ပါးစေပြီး နေ့စဉ်ဘဝမှာ ပိုမိုပျော်ရွှင်လန်းဆန်းတဲ့ စိတ်ခံစားချက်ကို ပေးပါတယ်။

- စိတ်ခံစားမှု ကောင်းမွန်ခြင်းက ကိုယ်ခံအားစနစ်ကိုလည်း အားကောင်းစေပြီး ရောဂါတွေကို ခုခံနိုင်စွမ်းရှိစေပါတယ်။

- အချစ်ဟော်မုန်းဖြစ်တဲ့ Oxytocin ကြောင့် အခြားသူများနဲ့ သံယောဇဉ်၊ ယုံကြည်မှုများ ပိုမိုခိုင်မြဲစေပြီး လူမှုဆက်ဆံရေးကို အထောက်အကူပြုစေပါတယ်။

- Dopamine က ရည်မှန်းချက် ပြည့်မီအောင် ကြိုးစားလိုစိတ်နှင့် လုပ်ငန်းဆောင်တာများကို အာရုံစိုက်လိုစိတ်တို့ကို မြှင့်တင်ပေးနိုင်ပါတယ်။

- Endorphin က ခန္ဓာကိုယ်ရဲ့ နာကျင်မှုကို သဘာဝအတိုင်း သက်သာစေတဲ့စနစ်အဖြစ် လုပ်ဆောင်ပေးပါတယ်။ 😊



Happy Hormones

"Happy Hormones" are the chemical messengers naturally produced by the human body and brain that improve mood and generate feelings of joy and euphoria. There are primarily four main hormones: Serotonin, Endorphin, Dopamine, and Oxytocin.

1. Dopamine
Dopamine is associated with Pleasure, Reward, and Motivation. This hormone is released when you achieve something you've worked hard for or when you are engaged in an activity you enjoy.

Ways to Boost Dopamine:

Get adequate sleep.

Engage in regular exercise.

Consume protein-rich foods.

Successfully complete a personal goal or task.

2. Serotonin
Serotonin is vital for Mood Stabilization and helps reduce feelings of Anxiety and Depression. It is also important for digestion, sleep, and memory.

Ways to Boost Serotonin:

Get sunlight exposure (e.g., go for a walk outside).

Engage in physical activity or sports.

Consume foods containing Tryptophan (e.g., egg yolks, milk, fish, nuts).

Meditate.

3. Endorphin
Endorphin acts as the body's Natural Pain Reliever. It helps reduce stress and discomfort while providing a sense of happiness and well-being.

Ways to Boost Endorphin:

Engage in intense exercise (e.g., running, dancing).

Laugh (e.g., watching a comedy, talking with friends).

Consume dark chocolate.

Listen to music or engage in artistic expression.

4. Oxytocin
Often called the "Love Hormone," Oxytocin is crucial for promoting intimacy, trust, and bonding. It is especially important for the deep, warm connection between a mother and child.

Ways to Boost Oxytocin:

Show affection through physical touch, such as hugging loved ones or holding hands.

Play with pets.

Spend time laughing and talking with friends and family.

Show empathy or help someone.

Key Benefits of Balanced Happy Hormones:
By maintaining a balance of these happiness-inducing hormones, you can experience the following benefits:

Stress Reduction: Serotonin and Endorphin help reduce anxiety and stress, promoting a sense of calm.

Improved Mood: They alleviate symptoms of depression and provide a brighter, more cheerful outlook on daily life.

Stronger Immunity: A positive emotional state strengthens the immune system, enhancing the body's ability to fight illness.

Better Relationships: Oxytocin fosters stronger bonds, trust, and connection with others, supporting social relationships.

Enhanced Focus: Dopamine can boost the drive to achieve goals and improve concentration on tasks.

Natural Pain Relief: Endorphin acts as the body's innate mechanism for naturally soothing pain.

03/11/2025
ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ၂၀၂၅English version below:နှစ်တိုင်းရဲ့ အောက်တိုဘာလ ၁၀ရက်နေ့ဟာ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ဖြစ်ပါတယ်...
10/10/2025

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ၂၀၂၅

English version below:

နှစ်တိုင်းရဲ့ အောက်တိုဘာလ ၁၀ရက်နေ့ဟာ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ဖြစ်ပါတယ်။
ယနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ရဲ့ ၂၀၂၅ခုနှစ်အတွက် ပန်းတိုင်ဟာ လူအားလုံးအနေနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီများကို လက်လှမ်းမီ ရရှိနိုင်ရေးပဲ ဖြစ်ပါတယ်။

စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီလိုအပ်သူတွေအနေနဲ့ အကူအညီတောင်းခံဖို့ မသိခြင်း၊ မဝံ့ရဲ့ခြင်း၊ ပတ်ဝန်းကျင်​၏ ဝေဖန်မှုကို ကြောက်ရွံ့ခြင်း၊ ငွေကြေးလုံလောက်မှု မရှိခြင်း၊ အားနည်းသည်ဟု မခံယူလိုခြင်း စတဲ့ အရာတွေက အကူအညီလိုအပ်သူများကို စိတ်ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေကို မရရှိအောင် ဟန့်တားနေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ တကယ်တော့ စိတ်ကျန်းမာရေးအထောက်အပံ့ဆိုတာ လူနည်းစုသာ အသုံးပြုနိုင်တဲ့ ဇိမ်ခံပစ္စည်းမဟုတ်ပဲ လူသားအားလုံးရရှိ လက်လှမ်းမီနိုင်တဲ့ အခြေခံ အခွင့်အရေးသာ ဖြစ်ပါတယ်။

ယခုနှစ်အပိုင်းအခြားတွေမှာ အားလုံးနီးပါး ကြုံတွေ့ခံစားနေရတဲ့ အရေးပေါ်အခြေအနေများ၊ ရုတ်တရတ်ဆန်တဲ့ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ရခြင်း စတာတွေက စိတ်ကျန်းမာရေးကို အနည်းနှင့်အများ ထိခိုက်စေပါတယ်။ လူသားဟာ ရုပ်ခန္ဓာဆိုတဲ့ယာဉ်ကို စိတ်ဆိုတဲ့လောင်စာနဲ့ မောင်းနှင်ပါတယ်။ စိတ်ကျန်းမာရေးသာ ပြိုလဲသွားမယ်ဆိုရင် ယာဉ်ဟာ ရပ်တန့်သွားမှာပါ။

သတင်းဆိုးတွေများနေတဲ့ ကမ္ဘာကြီးမှာ နေ့စဉ်လှုပ်ရှား ရှင်သန်ရတာ ခက်ခဲတယ်လို့ ခံစားရတိုင်းမှာ မိမိစိတ်ကို တည်ငြိမ်အောင် ထားနိုင်ဖို့ဟာ အရေးကြီးပြီး လိုအပ်ပါက အကူအညီတောင်းနိုင်တယ်ဆိုတာကို ယုံကြည်ထားဖို့ လိုပါတယ်။

မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ခြင်းက ပထမခြေလှမ်းပဲဖြစ်ပါတယ်။ စိတ်ကလေးကျန်းမာဖို့ တစ်နေ့မှာ မိနစ်အနည်းငယ်က စလို့ အချိန်ပေးပြီး အနားယူခြင်း၊ အသက်ရှူလေ့ကျင့်ခန်းစသည် လုပ်ဆောင်ခြင်း၊ ဝါသနာပါတဲ့ အရာများကိုလုပ်ခြင်း၊ ချစ်ခင်ရသူတွေနှင့် အတူရှိခြင်းစတာတွေကို လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။

မိမိတင်မက အခြားသူများအတွက် စိတ်လူမှုအထောက်အပံ့မျှဝေ ကူညီခြင်းကိုတော့ နားထောင်ပေးတတ်တဲ့ နားတစ်စုံကနေ စတင်နိုင်ပါတယ်၊ ကမ်းလင့်ပေးနိုင်တဲ့ လက်ဖဝါးတွေ၊ ဝေဖန်မှုကင်း နွေးထွေးတဲ့ အားပေးစကားတစ်ခွန်းကနေလည်း စတင်နိုင်ပါတယ်။

ကုစားအဖွဲ့အနေနဲ့လည်း စိတ်ကျန်းမာရေးနှင့် စိတ်လူမှုအထောက်အပံ့တွေကို ဒီထက်ပိုပြီး ထိထိရောက်ရောက် မျှဝေနိုင်၊ ကူညီနိုင်ဖို့ ကြိုးစားနေလျက်ရှိပါတယ်။

နေရောင်ခြည်ဟာ မိမိနဲ့ လက်တစ်ကမ်းမှာ ရှိနေတယ်ဆိုတာကို ယုံကြည်ထားဖို့လိုပါတယ်​။ ပြတင်းတံခါးကို ဖွင့်လိုက်ဖို့ပါပဲ။

အပြန်အလှန်ဖေးမရင်း စာနာစိတ်၊ နားလည်ပေးခြင်းနဲ့ မေတ္တာဓာတ်ကို မျှဝေရင်း မိမိရှင်သန်ရာ ရပ်ဝန်းကနေ အစပြုပြီး ပိုကျန်းမာတဲ့ ကမ္ဘာကြီးဖြစ်လာစေဖို့ ယနေ့ အောက်တိုဘာလ ၁၀ရက်, ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေးနေ့က စလို့ နည်းနည်းလေးပိုပြီး ကြိုးစားရှင်သန်ကြရအောင်လား။

World Mental Health Day 2025

Every year, October 10th marks World Mental Health Day. The theme for this year, 2025, is “Mental health support for all – making help accessible to everyone.”

For many people who need mental health support, asking for help can still feel difficult. Not knowing where to turn, fearing judgment, worrying about financial costs, or not wanting to be seen as weak. These are barriers that stop people from getting the support they need. But mental health care is not a privilege meant only for a few; it is a basic human right that should be within everyone’s reach.

In recent years, we’ve all faced emergencies, sudden disasters, and moments of deep uncertainty; experiences that have affected our mental well-being in many ways.

A human being drives the vehicle of the body with the fuel of the mind. If the mind collapses, the whole vehicle comes to a stop.

In a world filled with distressing news, it’s natural to feel that simply getting through each day is hard.

That’s why it’s important to find ways to keep your mind steady, and to remember that it’s okay to reach out for help when you need it.
Taking care of your physical health is just the first step. To nurture your mind, make time to rest, even just for a few minutes a day. Practice breathing exercises, do the things you love, and spend time with people who make you feel safe and connected.

And beyond caring for ourselves, we can also care for others. Support can begin with something as small as a listening ear, an open hand, or a warm word free of judgment. A simple moment of kindness can be the bridge that helps someone feel less alone.

For KuSarr as a team, we continue to strive to provide stronger, more accessible mental health and psychosocial support for everyone who needs it.

Remember! The sunlight is always within reach.All you have to do is open the window.
Let’s start from where we are, sharing compassion, empathy, and understanding, so that together, we can build a healthier world.
On this day of October 10th, World Mental Health Day, let’s take one small step forward toward that brighter world. 🌤️

ရိုးရာအစဉ်အလာတွေနဲ့ ထွန်းလင်းတောက်ပနေတဲ့ သီတင်းကျွတ်လပြည့်နေ့English version below:ဒီနေ့ကတော့ သာယာလှပပြီး နွေးထွေးတဲ့ အဓ...
06/10/2025

ရိုးရာအစဉ်အလာတွေနဲ့ ထွန်းလင်းတောက်ပနေတဲ့ သီတင်းကျွတ်လပြည့်နေ့

English version below:

ဒီနေ့ကတော့ သာယာလှပပြီး နွေးထွေးတဲ့ အဓိပ္ပာယ်တွေ ကိန်းဝပ်နေတဲ့ သီတင်းကျွတ်လပြည့်နေ့ပဲ ဖြစ်ပါတယ်။ စာဖတ်သူအားလုံး စိတ်​၏ ချမ်းသာခြင်း၊ ကိုယ်​၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အတူရှိနိုင်စေဖို့ ကုစား အဖွဲ့က ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။


The Thadingyut Full Moon Day Shines Brightly with Tradition

Today marks the Thadingyut Full Moon Day, a beautiful occasion imbued with warm and meaningful traditions.
May all our readers be blessed with inner happiness, complete well-being, and the delight of gathering with loved ones. Best wishes from the Ku Sarr Team.
"

"ရွှေရောင်အလင်းအောက် ငြိမ်းချမ်းခြင်း" workshop ပြီးမြောက်ခဲ့ခြင်း 💫Ku Sarr တည်ထောင်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် w...
22/09/2025

"ရွှေရောင်အလင်းအောက် ငြိမ်းချမ်းခြင်း" workshop ပြီးမြောက်ခဲ့ခြင်း 💫

Ku Sarr တည်ထောင်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် workshopလေး တစ်ခုကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံစေတီပေါ်မှာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါတယ်။ မိုးလေအေးအေး၊ ရွှေရောင်ဖွေးဖွေး၊ ဆည်းလည်းသံ တလွင်လွင်ကြားမှာ လူရှင်းတဲ့ စောင်းတန်းထဲ အတူတူ ဝိုင်းစုထိုင်ကြရင်း ရင်ထဲရှိတာတွေ မျှဝေခဲ့တဲ့ နွေးနွေးထွေးထွေး ညနေခင်းလေး ဖြစ်ခဲ့ပါတယ်။

အတူလုပ်ဆောင်ခဲ့တဲ့ activities တွေက ပါဝင်သူတွေကို စိတ်ကလေးငြိမ်းချမ်းကာ အသိနှင့်သတိကပ်စေအောင် ကူညီနိုင်ခဲ့မယ်လို့ မျှော်လင့်နေပါတယ်။
နေရာအနှံ့ကနေ လာရောက်ခဲ့ကြတဲ့ ပါဝင်သူတွေကိုလည်း ကုစား က ကျေးဇူးအထူးတင်ရှိပါတယ်နော်။
အားလုံးပဲ စိတ်သက်သာရာပြီး အတွင်းစိတ်ငြိမ်းချမ်းခြင်း ကို ခံစားရလိုက်တဲ့ ညလေး ဖြစ်ခဲ့ကြမယ်လို့ လှိုက်လှိုက်လှဲလှဲ မျှော်လင့်နေပါတယ်။

နောက်များမှာလည်း ဒီလို workshopတွေ ဆက်လက်လုပ်နိုင်အောင် ကုစားက ကြိုးစားနေလျက်ရှိပါတယ်။
ပွဲက အမှတ်တရလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

✨ Peace Under Golden Light – Workshop Recap ✨

On September 8, as part of Ku Sarr’s first anniversary celebration, we gathered under the golden glow of Shwedagon Pagoda for our very first “Peace Under Golden Light” workshop.

With the gentle evening breeze, soft golden light, and the distant ringing of bells, participants came together in a quiet corner of the pagoda. Hearts were shared, breaths were slowed, and a warm, intimate calm filled the air.

Through mindful exercises and simple activities, we hope everyone was able to feel a little lighter, more present, and more at peace with themselves. We are deeply grateful to all who came from across the city to join us.

It was a serene evening, full of quiet reflection and gentle moments, a true reminder of the calm that can be found within, even amidst the busy city.

Ku Sarr looks forward to bringing more workshops like this in the future. Here’s a glimpse of some special memories from the evening.

🌟 World Su***de Prevention Day - September 10 🌟ယနေ့ စက်တင်ဘာလ ၁၀ရက်မှာ ကျင်းပသည့် World Su***de Prevention Day သည် ကမ္ဘာ...
10/09/2025

🌟 World Su***de Prevention Day - September 10 🌟

ယနေ့ စက်တင်ဘာလ ၁၀ရက်မှာ ကျင်းပသည့် World Su***de Prevention Day သည် ကမ္ဘာတစ်ဝှမ်း အဆုံးစီရင်ခြင်းကို ကာကွယ်ရေး အသိပညာပြုလုပ်ခြင်း ဖြစ်ပြီး၊ လူတိုင်းအတွက် အရေးပါ ပါသည်။ International Association for Su***de Prevention (IASP) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၂၄-၂၀၂၆ အတွက် ရည်မှန်းထားသည့် အဓိကအကြောင်းအရာမှာ “Changing the Narrative on Su***de” ဖြစ်ကာ၊ "Start the Conversation"💬 လုပ်ဆောင်ရန် လှုံ့ဆော်နေကြပါသည်။

အဆုံးစီရင်မှုကြောင့် ဆုံးရှုံးသွားသည့် အသက်တိုင်းမှာ ဝမ်းနည်းဖွယ်ဖြစ်ပြီး၊ စကားပြောဆိုမှုတိုင်းက ကွာခြားမှုတစ်ခုကို ဖြစ်စေနိုင်ပါသည်။ နောက်ထပ်အသက်များ ဆုံးရှုံးခြင်း မရှိစေရန် နှုတ်ဆိတ်နေမှုများကို ဖျက်သိမ်းပြီး အချင်းချင်း ကူညီထောက်ပံ့ကြပါစို့။ စိတ်ကျန်းမာရေး အကြောင်းကို ပြောဆိုဖို့၊ အကူအညီတောင်းဖို့က အဆင်ပြေတယ်ဆိုတာ သတိရလိုက်ပါ။🤝

သင်ကိုယ်တိုင် ဖြစ်စေ၊ သင်သိသောသူတစ်ဦးမှာ ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများကြုံတွေ့နေရပါက လိုအပ်သော ကုသမှုများကိုရယူရန် ကျွမ်းကျင်သူများထံသို့ ဆက်သွယ်ပါ။ 💛

ကိုးကားချက်
https://www.iasp.info/wspd/
https://www.who.int/southeastasia/news/detail/10-09-2024-world-su***de-prevention-day

***dePreventionDay

English version:

🌟 World Su***de Prevention Day - September 10 🌟

Today, on September 10, we commemorate World Su***de Prevention Day, a global initiative to raise awareness and prevent su***de, which affects everyone. With support from the International Association for Su***de Prevention (IASP) and the World Health Organization (WHO), the central theme for 2024-2026 is “Changing the Narrative on Su***de," encouraging us all to “Start the Conversation.”💬

Every life lost to su***de is a heartbreaking tragedy, and every conversation we have can make a meaningful difference. To prevent further loss, we must break the silence, eliminate stigma, and offer support to one another. Always remember, it’s okay to talk about mental health and seek help when needed.🤝

If you or someone you know is struggling, don't hesitate to reach out for professional support. There is always hope and help available. 💛

Reference sources https://www.who.int/southeastasia/news/detail/10-09-2024-world-su***de-prevention-day
https://www.iasp.info/wspd/

***dePreventionDay

📸 The Art of Melodies on Pottery Workshop မှ အမှတ်တရ အခိုက်အတန့်လေးများ!🎨ပြီးခဲ့တဲ့ စက်တင်ဘာ(၅) ရက်၊ ၂၀၂၅ နေ့မှာ ကုစားရဲ...
09/09/2025

📸 The Art of Melodies on Pottery Workshop မှ အမှတ်တရ အခိုက်အတန့်လေးများ!🎨

ပြီးခဲ့တဲ့ စက်တင်ဘာ(၅) ရက်၊ ၂၀၂၅ နေ့မှာ ကုစားရဲ့ ၁နှစ်ပြည့်အနေနဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ The Art of Melodies on Pottery Workshop မှ မှတ်တမ်းတင်ထားသော အမှတ်တရ အခိုက်အတန့်လေးတွေကို မျှဝေချင်ပါတယ်။ ✨ ပါဝင်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းဆီကို ကျေးဇူးတင်ရှိပါတယ်။

ဓာတ်ပုံများကို ပါဝင်သူများ၏ ခွင့်ပြုချက်ဖြင့် အမှတ်တရ မျှဝေပေးလိုက်ပါတယ်ရှင် ❤️

လှိုက်လှဲစွာ နေရာပံ့ပိုးကူညီပေးခဲ့တဲ့ YOMA ART SPACE Cafe' Sakeကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်တွေကို စောင့်မျှော်ကြည့်ရှုပေးပါဦးနော်။
📸

English version:

Capturing the Magic: Moments from the Art of Melodies on Pottery Workshop ! 🎨

We’re thrilled to share some special memories from our The Art of Melodies on Pottery Workshop as One year Anniversary of Ku Sarr, held on September 5th 2025—a day filled with creativity, connection, and the healing power of art. ✨ A heartfelt thank you to everyone who joined us!

All photos are shared with the kind permission of our wonderful participants. ❤️

We’re also deeply grateful to Yoma Art Space and Cafe Sake for providing such a warm and inspiring space.

Stay tuned for more events where art and emotion come together!

ဒီနေ့ညနေ ၆နာရီကနေ ၇နာရီထိ workshopလေးရှိပါတယ်။ register လုပ်ထားတဲ့ သူတွေအနေနဲ့ mailလေးတွေကို စစ်ပေးကြပါဗျာ့။
08/09/2025

ဒီနေ့ညနေ ၆နာရီကနေ ၇နာရီထိ workshopလေးရှိပါတယ်။ register လုပ်ထားတဲ့ သူတွေအနေနဲ့ mailလေးတွေကို စစ်ပေးကြပါဗျာ့။

Edit- လူပြည့်ပါပြီရှင့်

ရွေရောင်အလင်းအောက် ငြိမ်းချမ်းခြင်း
Peace Under Golden Light - One Year Anniversary Workshop In Yangon

English version below:

ရန်ကုန်မှာ workshop မလုပ်တော့ဘူးလား မေးနေကြသူတွေရော၊ စိတ်ရဲ့ ငြိမ်းချမ်းခြင်းကို ပြန်လည်ရှာဖွေလိုသူတွေရော လာရောက်ပါဝင်နိုင်တဲ့ workshopလေး တစ်ခုကို ကုစားက လာမယ့် Septemberလ ၈ရက်နေ့မှာ စီစဉ်ပေးဖို့ရှိပါတယ်။

Septemberလဟာ ကုစား(KuSarr) အတွက် အရေးကြီးတဲ့ လလေးတစ်လလည်း ဖြစ်ပါတယ်။ ကုစား ရဲ့ တစ်နှစ်ပြည့်မွေးနေ့လေး ဖြစ်တာကြောင့်ပါ။

KuSarr ရဲ့ one year anniversary အနေနဲ့ ကျင်းပမယ့်
Inner Peace series မှာ ပထမဦးဆုံးပွဲဖြစ်တဲ့ “ရွှေ ရောင်အလင်းအောက် ငြိမ်းချမ်းခြင်း” workshopလေးကို လာရောက်ပါဝင်နိုင်ပါတယ်ဆိုတဲ့အကြောင်းလေး သတင်းကောင်းပါး ပါရစေ။

ဟိုးရှေးရှေး(ဂျူလိုင်လ)လေးတုန်းကပေါ့ တစ်နေ့လုံး အလုပ်ရှုပ်ခဲ့ကြတဲ့ ကုစားအဖွဲ့သားတွေဟာ ညချမ်းလေးမှာ အေးအေးဆေးဆေး နဲ့ စိတ်ငြိမ်းချမ်းစေတဲ့ နေရာကို သွားချင်တဲ့ စိတ်လေးတစ်ခု ဖြစ်လာကြသတဲ့။ သူတို့ရှိနေတာက ရန်ကုန်မြို့ကြီးဆိုတော့ ဘယ်နေရာကြည့်ကြည့် တိုက်ခန်းတွေ၊ ကားကြီးကားငယ်တွေ အပြည့်နဲ့ပေါ့။

သူတို့ဟာ ဒီလိုနဲ့ ကုန်းမြင့်တစ်ခုကို တက်ကြတယ်တဲ့၊ ကုန်းမြင့်ပေါ်ရောက်သွားတဲ့အခါ သူတို့စိတ်လေးဟာ လန်းဆန်းလို့ အေးချမ်းသွားရတော့တယ်။
တဖြူးဖြူးတိုက်ခတ်လာတဲ့ ညလေအေးရယ်၊ နားဝင်ပီယံရှိတဲ့ ဆည်းလည်းသံတွေရယ်၊ နောက်တော့ မျက်နှာကြက်မြင့်မြင့်တွေရယ်၊ ကျယ်ပြောပြီး နံရံကင်းမဲ့ခြင်းရယ် ကို သူတို့ ခံစားလိုက်ရသတဲ့။

ဒီလိုမျိုး နေရာတစ်ခုအပေါ် အခြေပြုပြီး စိတ်ငြိမ်းချမ်းစေဖို့ workshop လေးတွေ လုပ်ဖို့ကိုလည်း အဲ့ဒီညမှာပဲ သူတို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။

နေရာကတော့ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ပဲ ဖြစ်ပါတယ်။

Shwedagon မှာ ပြုလုပ်မယ့် ဒီ ထူးခြားတဲ့ ပွဲလေးကို အများပြည်သူပိုင် နေရာမှာ ပထမဦးဆုံး စုဝေးပြုလုပ်မှာ ဖြစ်တာကြောင့် peace under the golden light ပွဲလေးမှာ ပါဝင်သူ စုစုပေါင်း (၇) ဦးသာ ပါဝင်နိုင်ပါတယ်နော်။

Peace Under Golden Light ပွဲလေးမှာတော့ ပါဝင်သူတွေအနေနဲ့ အတွင်းစိတ်ငြိမ်းချမ်းခြင်းကို အထောက်အပံ့ပေးနိုင်တဲ့ အသက်ရှူလေ့ကျင့်ခန်းတွေ၊ အသိနှင့် သတိကပ်စေဖို့ လေ့ကျင့်ခန်းများ စသည် ပါဝင်လုပ်ဆောင်နိုင်မှာပါ။

ပါဝင်ကြေးကတော့ အခမဲ့ပဲ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ emailနဲ့ ပို့ပေးမှာဖြစ်ပြီး emailမှာပါဝင်တဲ့ စုရပ်ကို အချိန်အတိအကျလေး လာရောက်ပေးဖို့တော့ အထူးမေတ္တာရပ်ခံပါတယ်နော်။

ပါဝင်လိုသူများအနေနဲ့ အောက်ဖော်ပြပါ google formမှာ စာရင်းပေးသွင်းနိုင်ပါပြီ။
https://forms.gle/DzLWnsbqbdJXMujC9

ရွှေရောင်အလင်းအောက်မှာ အတူတူ ငြိမ်းချမ်းခြင်းကို ရှာဖွေကြည့်ကြရအောင်လားနော်။


Peace Under Golden Light - One Year Anniversary Workshop In Yangon

For those who have been asking, "Are there no more workshops in Yangon?" and for anyone seeking to rediscover their inner peace, KuSarr is organizing a special workshop on the upcoming 8th of September.

September is also a significant month for KuSarr, as it marks our one-year anniversary! To celebrate this milestone, we are launching our Inner Peace series, and the first event is the "Peace Under Golden Light" workshop. We are happy to share this good news that you are all invited to participate.

The inspiration for this came a while back, in July. After a full day of work, the KuSarr team felt a desire to find a calm and peaceful place to soothe our minds in the evening. We live in the city of Yangon, which is filled with apartments and cars everywhere you look. We decided to climb a hill, and when we reached the top, our minds felt refreshed and peaceful. We experienced the cool evening breeze, the soothing sound of temple bells, the high ceilings, and the feeling of boundless, wall-less freedom. It was on that night that we decided to create workshops based on such a place to help others find peace.

That place is the Shwedagon Pagoda in Yangon.

This unique event at Shwedagon Pagoda will be our first public gathering, and therefore, participation is limited to only (7) individuals for this "Peace Under the Golden Light" workshop.

During the event, participants will engage in breathing exercises and mindfulness awareness training designed to support inner peace. The participation fee is free. We kindly request that registered participants arrive at the exact time and meeting point specified in the detailed confirmation email.

Those who wish to join can register via the Google Form below. https://forms.gle/DzLWnsbqbdJXMujC9

Let's come together to search for peace under the golden light.

တစ်နှစ်တာအတွင်း လုပ်ဆောင်ခဲ့သော အောင်မြင်မှုများ - Ku Sarr တစ်နှစ်ပြည့် အထိမ်းအမှတ်English version below:အားလုံးပဲ မင်္ဂ...
06/09/2025

တစ်နှစ်တာအတွင်း လုပ်ဆောင်ခဲ့သော အောင်မြင်မှုများ - Ku Sarr တစ်နှစ်ပြည့် အထိမ်းအမှတ်

English version below:

အားလုံးပဲ မင်္ဂလာပါရှင့်။
ကုစား (Ku Sarr) စိတ်ကျန်းမာရေးနှင့် စိတ္တသုခ ဝန်ဆောင်မှုအနေနဲ့ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုအထောက်အပံ့၊ ဆန်းသစ်တဲ့ အနုပညာနဲ့ ပြဇာတ်စိတ်ကုထုံးနည်းလမ်းတွေကို အခြေပြုပြီး အလုပ်ရုံဆွေးနွေးပွဲများ အစရှိတဲ့ ဝန်ဆောင်မှုတွေကို အခကြေးငွေမယူပဲ လုပ်ဆောင်ပေးလာတာ အခုဆိုရင် တစ်နှစ်ပြည့်ခဲ့ပါပြီ။ တည်ထောင်ခြင်းတစ်နှစ်ပြည့်မြောက်တဲ့ စက်တင်ဘာ (၆)ရက်၊၂၀၂၅ မှာတော့ ကုစား စာဖတ်သူတွေကို ကျွန်မတို့ လုပ်ဆောင်ခဲ့တဲ့ အောင်မြင်မှုတွေကို ပြန်လည်မျှဝေပေးချင်တာလေးတွေရှိပါတယ် ဖတ်ရှူပေးကြပါရှင့်။

ကုစား တည်ထောင်ခြင်း၏ ရည်ရွယ်ချက်

Ku Sarr ရဲ့ အဓိက မျှော်မှန်းချက် (Vision) ကတော့ “စိတ်ကျန်းမာရေးအား ဦးစားပေးသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန်နှင့် လူတိုင်း လိုအပ်သည့် အကူအညီနှင့် အရင်းအမြစ်များကို အလွယ်တကူ ရရှိပြီး အခက်အခဲများကို ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်နိုင်သည့် ဘဝများအား ပိုင်ဆိုင်နိုင်စေရန်” ဖြစ်ပါတယ်။ ကျွန်မတို့ ကုစားရဲ့ ရည်ရွယ်ချက်(Mission) အရ “စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများမှတစ်ဆင့် လူတစ်ယောက်ချင်းဆီ၏ ဘဝအရည်အသွေး မြှင့်တင်နိုင်ရန်” တတ်နိုင်တဲ့ဖက်မှ ကူညီပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ဆောင်ပုဒ်လေးကတော့ "ဖြည်းဖြည်းချင်း တိုးတက်၊ ငြိမ့်ငြိမ့်လေး ကုစား" ပဲ ဖြစ်ပါတယ်။

တစ်နှစ်တာ လုပ်ဆောင်ချက်များ

တစ်နှစ်တာ ကာလအတွင်းမှာ ကုစားကနေ လူတွေ့အနေနဲ့ ရန်ကုန်၊ တောင်ကြီးနဲ့ ညောင်ရွှေမြို့၊ အွန်လိုင်းအနေနဲ့ အာဖကန်နစ္စတန် အခြေစိုက် ကျောင်းအတွက် စိတ်ကျန်းမာရေး အသိပညာပေးအစီအစဉ်နဲ့ အနုပညာနှင့် ပြဇာတ်အလုပ်ရုံဆွေးနွေးပွဲ အပါအဝင် စုစုပေါင်း ၃၅ ခု ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီအစီအစဉ်တွေကနေတဆင့် ပါဝင်သူ စုစုပေါင်း ၄၇၅ ဦး (အမျိုးသား- ၁၅၄ ဦး၊ အမျိုးသမီး- ၃၂၁ ဦး) ကို ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

ဝန်ဆောင်မှု ရယူခဲ့သူများ၏ စကားသံများ

ကျွန်မတို့ ကုစား ကနေ ဝန်ဆောင်မှုတွေကို ရယူခဲ့သူတွေရဲ့ စကားလေးတွေကို ပြန်လည်ကြားသိရခြင်း က ကုစားရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်နေတယ်ဆိုတာကို ပြသနေတာမလို့ မျှဝေပေးချင်ပါတယ်။

❤️ “မှောင်မိုက်နေတဲ့ အခန်းထဲမှာအလင်းရောင်လေး တွေ့လိုက်ရတယ်။”
❤️ “ပုံစံအမှန်ကို ချပြခွင့်ရတဲ့ စိတ်လုံခြုံတဲ့ နေရာလေးတစ်ခု။”
❤️ “သဲကန္တာရထဲက အိုအေစစ်လေး တွေ့လိုက်ပါတယ်။"
❤️ “အသက်ရှည်ဆေးလေး။”
❤️ “လက်ခံတတ်ဖို့နဲ့ လွှတ်ချတတ်ဖို့ သင်ယူခဲ့ရပါတယ်။"
❤️ “စိတ်လုံခြုံပြီး နွေးထွေးတဲ့ ရပ်ဝန်းလေးတစ်ခု။”
❤️ “ရလိုက်တဲ့ အတွေ့အကြုံနဲ့ ယှဉ်ရင် ၂-၃နာရီစာ အချိန်ပေးဖို့ ထိုက်တန်တယ်။”
❤️ “စိတ်လက် ပျော်ရွှင်မှု ဖြစ်စေပါတယ်။ အသိနဲ့သတိပိုကပ်တယ်။ စိတ်အေးချမ်းလာတယ်။ ကုစားလိုက်ရတယ်လို့ ခံစားရတယ်”
❤️ “အတွေးအမြင်သစ်တွေ အများကြီးရလိုက်ပြီး moti ရသွားပါတယ်။”
❤️ “အားလုံရဲ့ ဘဝဖြတ်သန်းမှု၊ အတွေ့အကြုံ၊ သင်ခန်းစာတွေကနေ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ အဖြေတွေ၊ နည်းလမ်းတွေကို ရှာဖွေတွေ့ရှိသွားပါတယ်။”

Ku Sarr အနေနဲ့ ရှေ့ဆက်ပြီးတော့လည်း လူ့အဖွဲ့အစည်းအတွက် ပိုကောင်းတဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုတွေကို ဆက်လက်ပေးသွားဖို့ ကြိုးစားနေပါတယ်။ ဒီတစ်နှစ်အတွင်း တူတူရှိနေပေးတဲ့အတွက် တစ်ယောက်ချင်းဆီကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။


Celebrating One Year of Impact: Ku Sarr's First Anniversary

Greetings everyone!

This marks a significant milestone for Ku Sarr Mental Health and Well-being Services as we celebrate our one-year anniversary. We are proud to have provided free of charge (foc) mental health and psychosocial support, as well as workshops based on innovative art and drama therapy methods. On this special day, September 6, 2025, we'd like to share our accomplishments with our readers.

Our Purpose

Ku Sarr's main vision is "To create a society where mental health is prioritized, and everyone has access to the support and resources needed to lead fulfilling and resilient lives". Our mission is "To enhance the quality of life for individuals by providing comprehensive mental well-being services". Our slogan, "Patience in progress, healing in motion," guides our work.

A Year of Achievements

Over the past year, Ku Sarr has conducted a total of 35 mental health awareness sessions and art/drama therapy workshops. We have worked in-person in Yangon, Taunggyi, and Nyaung Shwe, and also online for a school based in Afghanistan. Through these programs, we were able to support a total of 475 participants (154 males, 321 females).

Voices from Our Beneficiaries

Hearing from those we've served shows us that our goals are being met. Here are some of their heartfelt words:

❤️ "I found a glimmer of light in a dark room."
❤️ "A safe space to show my true self."
❤️ "I found an oasis in the desert."
❤️ "It's a life-extending medicine."
❤️ "I learned how to accept and let go."
❤️ "A safe and warm community."
❤️ "The experience gained is worth giving 2-3 hours of my time."
❤️ "It brought me happiness. I became more mindful and aware. I feel a sense of peace and healing."
❤️ "I got a lot of new ideas and motivation."
❤️ "From everyone's life journey, experiences, and lessons, I found solutions and ways to solve my own problems."

Moving forward, Ku Sarr will continue to strive to provide even better mental health services for our community. We sincerely thank each and every one of you who has been with us this past year.

06/09/2025

ရွေရောင်အလင်းအောက် ငြိမ်းချမ်းခြင်း
Peace Under Golden Light - One Year Anniversary Workshop In Yangon

ရွှေရောင်အလင်းအောက်မှာ အတူတူ ငြိမ်းချမ်းခြင်းကို ရှာဖွေကြည့်ကြရအောင်လားနော်။

Edit- လူပြည့်ပါပြီရှင့်ရွေရောင်အလင်းအောက် ငြိမ်းချမ်းခြင်းPeace Under Golden Light - One Year Anniversary Workshop In Ya...
04/09/2025

Edit- လူပြည့်ပါပြီရှင့်

ရွေရောင်အလင်းအောက် ငြိမ်းချမ်းခြင်း
Peace Under Golden Light - One Year Anniversary Workshop In Yangon

English version below:

ရန်ကုန်မှာ workshop မလုပ်တော့ဘူးလား မေးနေကြသူတွေရော၊ စိတ်ရဲ့ ငြိမ်းချမ်းခြင်းကို ပြန်လည်ရှာဖွေလိုသူတွေရော လာရောက်ပါဝင်နိုင်တဲ့ workshopလေး တစ်ခုကို ကုစားက လာမယ့် Septemberလ ၈ရက်နေ့မှာ စီစဉ်ပေးဖို့ရှိပါတယ်။

Septemberလဟာ ကုစား(KuSarr) အတွက် အရေးကြီးတဲ့ လလေးတစ်လလည်း ဖြစ်ပါတယ်။ ကုစား ရဲ့ တစ်နှစ်ပြည့်မွေးနေ့လေး ဖြစ်တာကြောင့်ပါ။

KuSarr ရဲ့ one year anniversary အနေနဲ့ ကျင်းပမယ့်
Inner Peace series မှာ ပထမဦးဆုံးပွဲဖြစ်တဲ့ “ရွှေ ရောင်အလင်းအောက် ငြိမ်းချမ်းခြင်း” workshopလေးကို လာရောက်ပါဝင်နိုင်ပါတယ်ဆိုတဲ့အကြောင်းလေး သတင်းကောင်းပါး ပါရစေ။

ဟိုးရှေးရှေး(ဂျူလိုင်လ)လေးတုန်းကပေါ့ တစ်နေ့လုံး အလုပ်ရှုပ်ခဲ့ကြတဲ့ ကုစားအဖွဲ့သားတွေဟာ ညချမ်းလေးမှာ အေးအေးဆေးဆေး နဲ့ စိတ်ငြိမ်းချမ်းစေတဲ့ နေရာကို သွားချင်တဲ့ စိတ်လေးတစ်ခု ဖြစ်လာကြသတဲ့။ သူတို့ရှိနေတာက ရန်ကုန်မြို့ကြီးဆိုတော့ ဘယ်နေရာကြည့်ကြည့် တိုက်ခန်းတွေ၊ ကားကြီးကားငယ်တွေ အပြည့်နဲ့ပေါ့။

သူတို့ဟာ ဒီလိုနဲ့ ကုန်းမြင့်တစ်ခုကို တက်ကြတယ်တဲ့၊ ကုန်းမြင့်ပေါ်ရောက်သွားတဲ့အခါ သူတို့စိတ်လေးဟာ လန်းဆန်းလို့ အေးချမ်းသွားရတော့တယ်။
တဖြူးဖြူးတိုက်ခတ်လာတဲ့ ညလေအေးရယ်၊ နားဝင်ပီယံရှိတဲ့ ဆည်းလည်းသံတွေရယ်၊ နောက်တော့ မျက်နှာကြက်မြင့်မြင့်တွေရယ်၊ ကျယ်ပြောပြီး နံရံကင်းမဲ့ခြင်းရယ် ကို သူတို့ ခံစားလိုက်ရသတဲ့။

ဒီလိုမျိုး နေရာတစ်ခုအပေါ် အခြေပြုပြီး စိတ်ငြိမ်းချမ်းစေဖို့ workshop လေးတွေ လုပ်ဖို့ကိုလည်း အဲ့ဒီညမှာပဲ သူတို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။

နေရာကတော့ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ပဲ ဖြစ်ပါတယ်။

Shwedagon မှာ ပြုလုပ်မယ့် ဒီ ထူးခြားတဲ့ ပွဲလေးကို အများပြည်သူပိုင် နေရာမှာ ပထမဦးဆုံး စုဝေးပြုလုပ်မှာ ဖြစ်တာကြောင့် peace under the golden light ပွဲလေးမှာ ပါဝင်သူ စုစုပေါင်း (၇) ဦးသာ ပါဝင်နိုင်ပါတယ်နော်။

Peace Under Golden Light ပွဲလေးမှာတော့ ပါဝင်သူတွေအနေနဲ့ အတွင်းစိတ်ငြိမ်းချမ်းခြင်းကို အထောက်အပံ့ပေးနိုင်တဲ့ အသက်ရှူလေ့ကျင့်ခန်းတွေ၊ အသိနှင့် သတိကပ်စေဖို့ လေ့ကျင့်ခန်းများ စသည် ပါဝင်လုပ်ဆောင်နိုင်မှာပါ။

ပါဝင်ကြေးကတော့ အခမဲ့ပဲ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ emailနဲ့ ပို့ပေးမှာဖြစ်ပြီး emailမှာပါဝင်တဲ့ စုရပ်ကို အချိန်အတိအကျလေး လာရောက်ပေးဖို့တော့ အထူးမေတ္တာရပ်ခံပါတယ်နော်။

ပါဝင်လိုသူများအနေနဲ့ အောက်ဖော်ပြပါ google formမှာ စာရင်းပေးသွင်းနိုင်ပါပြီ။
https://forms.gle/DzLWnsbqbdJXMujC9

ရွှေရောင်အလင်းအောက်မှာ အတူတူ ငြိမ်းချမ်းခြင်းကို ရှာဖွေကြည့်ကြရအောင်လားနော်။


Peace Under Golden Light - One Year Anniversary Workshop In Yangon

For those who have been asking, "Are there no more workshops in Yangon?" and for anyone seeking to rediscover their inner peace, KuSarr is organizing a special workshop on the upcoming 8th of September.

September is also a significant month for KuSarr, as it marks our one-year anniversary! To celebrate this milestone, we are launching our Inner Peace series, and the first event is the "Peace Under Golden Light" workshop. We are happy to share this good news that you are all invited to participate.

The inspiration for this came a while back, in July. After a full day of work, the KuSarr team felt a desire to find a calm and peaceful place to soothe our minds in the evening. We live in the city of Yangon, which is filled with apartments and cars everywhere you look. We decided to climb a hill, and when we reached the top, our minds felt refreshed and peaceful. We experienced the cool evening breeze, the soothing sound of temple bells, the high ceilings, and the feeling of boundless, wall-less freedom. It was on that night that we decided to create workshops based on such a place to help others find peace.

That place is the Shwedagon Pagoda in Yangon.

This unique event at Shwedagon Pagoda will be our first public gathering, and therefore, participation is limited to only (7) individuals for this "Peace Under the Golden Light" workshop.

During the event, participants will engage in breathing exercises and mindfulness awareness training designed to support inner peace. The participation fee is free. We kindly request that registered participants arrive at the exact time and meeting point specified in the detailed confirmation email.

Those who wish to join can register via the Google Form below. https://forms.gle/DzLWnsbqbdJXMujC9

Let's come together to search for peace under the golden light.

Address

Taunggyi

Alerts

Be the first to know and let us send you an email when Ku Sarr posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ku Sarr:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram