Htoo Aye Chan Pharmacy - ထူးအေးချမ်း ဆေးဆိုင်

  • Home
  • Myanmar
  • Taungoo
  • Htoo Aye Chan Pharmacy - ထူးအေးချမ်း ဆေးဆိုင်

Htoo Aye Chan Pharmacy - ထူးအေးချမ်း ဆေးဆိုင် ကျန်းမာခြင်း သုခနဲ့ ပြည့်စုံကြပါစေ

14/09/2025

ဆေးပညာဘာသာစကားဖြင့် Proton Pump Inhibitor လို့ခေါ်ပါတယ်။ ဒါဟာ PPI ဆေးတွေကို ဖြည်းဖြည်းချင်း လျှော့ချပြီး ရပ်တန့်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။

ဒီဆေးတွေရဲ့ နာမည်အပြည့်အစုံက Proton Pump Inhibitors (PPIs) ဖြစ်ပြီး ဥပမာဆေးအမည်တွေအနေနဲ့ Omeprazole, Esomeprazole, Pantoprazole, Lansoprazole စတာတွေ ပါဝင်ပါတယ်။

ဆိုတာ ဘာလဲ?

ဒါဟာ လူနာတစ်ယောက်အတွက် ဆက်လက်သောက်သုံးဖို့ လိုအပ်ချက် မရှိတော့တဲ့ (ဒါမှမဟုတ်) ဆေးရဲ့ဆိုးကျိုးတွေက ကောင်းကျိုးထက် ပိုများလာတဲ့အခါမှာ၊ ဆရာဝန်ညွှန်ကြားချက်နဲ့အညီ ဆေးပမာဏကို စနစ်တကျ လျှော့ချပြီး ရပ်တန့်တဲ့ စနစ်ကျတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။

#ဘာကြောင့်ဒီလိုဆေးလျှော့ချ/ရပ်ဖို့ လုပ်ရတာလဲ?

PPI ဆေးတွေဟာ အစာအိမ်အချဉ်ပေါက်ခြင်းနဲ့ ရင်ပူခြင်းကို အလွန်ထိရောက်စွာ ကုသနိုင်ပေမယ့် ကြာရှည်စွာ (နှစ်ချီပြီး) သောက်သုံးမယ်ဆိုရင် ဆိုးကျိုးတွေ ရှိလာနိုင်လို့ပါ။

ဒါကြောင့် ဆေးရဲ့ကောင်းကျိုးက ဆိုးကျိုးထက် ပိုများနေသေးသမျှ ကာလအတွက်သာ ဆက်သောက်သင့်ပြီး မလိုအပ်တော့ရင် ရပ်သင့်ပါတယ်။

#ဘယ်လိုလုပ်ရပါသလဲ?

ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ လုပ်ရမယ့် လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် မရပ်ရပါ။ ဆရာဝန်က အောက်ပါနည်းလမ်းတစ်ခုခုကို ညွှန်ကြားလိမ့်မယ်။

1. ဆေးပမာဏကို တဖြည်းဖြည်းချင်း လျှော့ချခြင်း (Dose Tapering)
· ဥပမာ - တစ်နေ့တစ်ကြိမ် သောက်နေရသူကို တစ်ရက်ခြား တစ်ကြိမ် (သို့မဟုတ်) တစ်ပတ်ကို နှစ်ကြိမ်/သုံးကြိမ် စသဖြင့် လျှော့ခိုင်းပါတယ်။

2. "On-Demand" Therapy သို့ ပြောင်းလဲခြင်း
· ဆေးကို နေ့စဉ်ပုံမှန်မသောက်တော့ဘဲ လက္ခဏာတွေ ပြန်ပေါ်လာမှသာ သောက်ဖို့ ညွှန်ကြားခြင်း ဖြစ်ပါတယ်။

3. ပိုပျော့တဲ့ အက်ဆစ်လျှော့ဆေးများနဲ့ အစားထိုးခြင်း (Step-Down Therapy)
· PPI ကနေ H2 Receptor Antagonists (ဥပမာ - Famotidine, )Antacid)လိုမျိုး အာနိသင်ပိုပျော့တဲ့ဆေးတွေကို ပြောင်းသောက်ခိုင်းပါတယ်။

4. နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနဲ့ တွဲဖက်ခြင်း (Lifestyle Modifications)
· ဆေးလျှော့တဲ့အခါ လက္ခဏာတွေ မပြန်ပေါ်အောင် အောက်ပါတို့ကို ပြုလုပ်ဖို့ အကြံပေးပါလိမ့်မယ်။
· အဆီများတဲ့အစား၊ အချဉ်ဓာတ်များတဲ့အစား၊ စပ်တဲ့အစား၊ ချောကလက်နဲ့ ကဖင်းဓာတ် ရှောင်ပါ။
· ညနေစာ မစားခင် အနည်းဆုံး ၃ နာရီ အလိုမှာ စားပါ။
· အစား အလွန်အကျွံ မစားပါနဲ့။
· ခန္ဓာကိုယ်အလေးချိန် ထိန်းပါ။
· အိပ်ရာမဝင်ခင် အစာစားခြင်း ရှောင်ပါ။
· ဆေးလိပ်ဖြတ်ပါ။ ရင်ပူရောဂါကို ပိုဆိုးစေနိုင်ပါတယ်။
· အိပ်ရာခေါင်းရင်းကို မြှင့်ထားအိပ်ပါ။

#ဘယ်သူတွေ PPI Deprescribing လုပ်သင့်သလဲ?

· PPI ဆေးကို အကြောင်းရင်းမရှိဘဲ ကြာရှည်စွာ သောက်နေသူများ
· ဆေးရဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုခုကို စတင်ခံစားရသူများ
· GERD ရောဂါမဟုတ်ဘဲ အခြားအကြောင်းပြချက်များဖြင့် ဆေးစသောက်ထားရပြီး ပြဿနာပြေလည်သွားသူများ

#သတိထားရမည့်အချက် - Barrett's esophagus လို ပြင်းထန်တဲ့ အစာပြွန်ရောဂါရှိသူတွေ၊ PPI မပါရင် ရင်ဘတ်အောင့်တဲ့ဝေဒနာ (ဥပမာ - NSAIDs သောက်ရသူများ) ရှိသူတွေကတော့ ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ဆေးမရပ်သင့်ပါဘူး။

(ကျမ်းကိုးစာရင်း)

1. Farrell, B., Pottie, K., Thompson, W., et al. (2017). Deprescribing proton pump inhibitors: Evidence-based clinical practice guideline. Canadian Family Physician, 63(5), 354–364.
2. Freedberg, D. E., Kim, L. S., & Yang, Y. X. (2017). The Risks and Benefits of Long-term Use of Proton Pump Inhibitors: Expert Review and Best Practice Advice From the American Gastroenterological Association. Gastroenterology, 152(4), 706–715.
3. Scarpignato, C., Gatta, L., Zullo, A., & Blandizzi, C. (2016). Effective and safe proton pump inhibitor therapy in acid-related diseases – A position paper addressing benefits and potential harms of acid suppression. BMC Medicine, 14(1), 179.
4. National Institute for Health and Care Excellence (NICE). (2014). Gastro-oesophageal reflux disease and dyspepsia in adults: investigation and management. NICE Clinical Guideline [CG184].
5. Therapeutic Guidelines Limited (eTG). Gastro-oesophageal reflux disease in adults.
Prof Thein Myint(GI) 14.9.2025

22/08/2025
31/07/2025

#အစာအိမ်ဆေးသောက်မှု့အလွဲများ(၁)

ျိုးပေါင်းသုံးခြင်း (ဥပမာ - Omeprazole + Pantoprazole)**
* **မထိရောက်ပါ။** PPI အားလုံး လုပ်ဆောင်ပုံတူညီသောကြောင့် ပေါင်းသုံးခြင်းဖြင့် **အကျိုးမတိုး**၊ **ဘေးထွက်ဆိုးကျိုးသာ ပိုများစေပါသည်။**

+ (H2 Blocker) ပေါင်းသုံးခြင်း**
* **ညဘက် အက်စစ်ပြန်ထွက်မှု (Nocturnal Acid Breakthrough) အတွက်** ဆရာဝန်ညွှန်ကြားချက်ဖြင့် **ကာလတို** ပေါင်းသုံးနိုင်ပါသည်။
* **သတိပြုရန်:** ရေရှည်သုံးစွဲပါက ဘေးထွက်ဆိုးကျိုး အန္တရာယ်များပါသည်။

+ (ဥပမာ - Vonoprazan) ပေါင်းသုံးခြင်း**
* **မလိုအပ်ပါ။** ဆေးနှစ်မျိုးလုံး အားပြင်းပြီး လုပ်ဆောင်ပုံဆင်တူသောကြောင့် ပေါင်းသုံးခြင်းသည် **ဘေးထွက်ဆိုးကျိုးကိုသာ မြင့်တက်စေပါသည်။**
#ဆေးသောက်ရမည့်အချိန်များ**

(H2 Blocker)**
* **အိပ်ရာမဝင်မီ (ညဘက်)** သောက်ပါ။
* **အကြောင်းရင်း:** ညဘက် အက်စစ်ထွက်မှုကို ထိထိရောက်ရောက် ထိန်းပေးနိုင်ရန်။

(ဥပမာ - Omeprazole, Pantoprazole)**
* **မနက်စာ မစားမီ ၃၀-၆၀ မိနစ် အလို** သောက်ပါ။
* **အကြောင်းရင်း:** အစာမစားမီ ကြိုတင်သောက်မှသာ Proton Pump များကို အပြည့်အဝ တားဆီးနိုင်ပါသည်။

(ဥပမာ - Vonoprazan)**
* **တစ်နေ့ တစ်ကြိမ်** (နေ့အချိန် သို့မဟုတ် ည) သောက်နိုင်ပါသည်။
* **အစာနှင့်အတူ** သို့မဟုတ် **အစာမစားဘဲ** သောက်နိုင်ပါသည်။

#သတိပြုရန် အဓိကအချက်များ**
1. ဆေးပေါင်းစပ်သုံးစွဲမှုအားလုံးသည် **ဆရာဝန်၏ တိတိကျကျ ညွှန်ကြားချက်ဖြင့်သာ** ဖြစ်ရပါမည်။
2. PPI/PCAB ကို ရေရှည်သောက်ပါက **ဗီတာမင် B12၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်** စစ်ဆေးမှုများ ပြုလုပ်ပါ။
3. **အစာအိမ်အက်စစ်များခြင်း** ကို ကုသရာတွင် ဆေးထက် **နေထိုင်မှုပုံစံပြောင်းလဲခြင်း** (အဆီအစပ်ရှောင်၊ ကိုယ်အလေးချိန်ထိန်း၊ ညစာစောစား) က ပိုအရေးကြီးပါသည်။
4. ဆေးသောက်သည့်တိုင် လက္ခဏာမသက်သာပါက **ဆရာဝန်နှင့် ပြန်ပြပါ။**

#အရေးကြီးသတိပေးချက်:** ဤဆေးများအား မိမိသဘောဖြင့် ပေါင်းစပ်ခြင်း၊ ပမာဏတိုးခြင်းများ လုံးဝမပြုလုပ်ရပါ။ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာပါ။

Prof Thein Myint-GI 31.7.2025

10/02/2025

#ချောကလက်ပန်းစည်းနှင့်အတူ_ဝေဒနာတွေ_မပေးပါနှင့်

#ချစ်သူများနေ့ဝေဒနာ

အတူတူပျော်ပြီးသွားကြပြီး တစ်ပတ် နှစ်ပတ်လောက်အကြာမှာ
👉 ဆီးသွားရင် ကျဉ်တယ်
👉 သွားရတာ မဝဘူး
👉 ဆီးကျန်သလိုပဲ
👉 ခဏခဏ သွားချင်တယ် ၊ သွားတိုင်းလည်း ဆီးမထွက်ဘူး
👉 ငွေ့ငွေ့လေးဖျားတယ် ချမ်းတုန်တယ် ဆိုတာအထိက ဆီးပိုးဝင်တယ် ဆိုတာဖြစ်နိုင်ပေမယ့်
👉 ပြည်အရောင်လိုလို ၊ အစိမ်းရောင် အဝါရောင်တွေ ထွက်လာတယ်
👉 မွေးလမ်းကြောင်းကနေလည်း အရည်တွေဆင်းတယ်
👉 သွေးဆင်းတယ် ၊ ယားတယ်
👉 အမျိုးသားတွေမှာလည်း ဥ နာတယ် စသဖြင့် ဖြစ်လာခဲ့ရင်တော့
ဝေဒနာတွေ စပါပြီ ။
ခေတ်ကာလက ပုံမှန်နဲ့ မကျေနပ်ကြပဲ အိမ်နောက်ဖေးတံခါးဖွင့်ရတာတွေ တောင်းဆိုလာတတ်ကြတော့
ဝမ်းသွားတဲ့နေရာ
👉 ယားတာ နာတာ ရောင်တာ
👉 အရည်ထွက်တာ
👉 သွေးထွက်တာတွေပါ ဖြစ်လာကြပါတယ်
တချို့ဆို လည်ချောင်းပါနာကြပါတယ် 😥

ပြောရရင် ဒီ ဆီးပူညောင်းကျတို့ ကာလသားရောဂါတို့ ဆိုတာ ဆရာဝန်ပြသပြီး ထိထိရောက်ရောက်ကုသရင် ပျောက်ကင်းနိုင်ပါတယ် ဒါပေမယ့် ဒီရောဂါတွေနဲ့ ကူးစက်ပုံခြင်းတူတဲ့
😥 အသည်းရောင်အသားဝါ Bပိုး C ပိုး၊ HIV စတာတွေကတော့ ကူးပြီ ဖြစ်ပြီ ဆိုရင် ဘဝတလျှောက်လုံး ခံစားသွားကြရမှာပါ။
လောလောဆယ်ချစ်နေတဲ့သူတွေက ရင်းနှီးမှုရဲ့ အဆုံးစွန်ဆုံးအဆင့်ထိတက်လိုကြတဲ့ အခါ
စိတ်ထဲမှာ လူအသစ်လေးဖြစ်လာမှာကိုပဲ စိတ်ပူကြတာမို့ အရေးပေါ်တားဆေးဆိုတာ သောက်ကြ/တိုက်တတ်ကြပေမယ့်
👉 ကိုယ့်ဆီက ရောဂါ သူ့ဆီကူးသွားမှာ
👉 သူ့ဆီက ရောဂါ ကိုယ့်ကူးသွားမှာ ဆိုတာ ကို မတွေးဖြစ်ကြပါဘူး
နှစ်ယောက်လုံး ဆေးစစ်ထားတာမဟုတ်ရင် စိတ်မချရပါဘူး အကာကွယ်မပါပဲ အတူနေရဲတဲ့ အကျင့်ရှိရင် ရှေ့မှာလည်း နေခဲ့ဖူးမယ်လို့ တွေးမိလိုက်ရင်တော့ နည်းနည်းကြောက်ကြမလား မသိဘူး
လူအသစ်လေးရ သွားမှာပဲ မကြောက်ကြပါနဲ့ ရောဂါတွေကလည်း ကြောက်ဖို့ကောင်းပါတယ်
ကိုယ်ကဆရာကြီး Safe ဖြစ်တယ်ဆိုတာ အလကားပါ ဆရာဝန်တွေတောင် တိုင်ပတ်နေတာတွေ တပုံတပင်ကြီးပါ။
ခေတ်ကအရမ်းပြောင်းလဲလာတော့ Virginity ကို ဘယ်လိုထိန်းရမယ်ဆိုပြီး အတင်းအကြပ်ဆုံးမလည်း
😅 သူငယ်ချင်းအိမ်စာသွားကျက်မယ်ဆိုတာတွေ
😅 ကျောင်းကအချိန်ပိုခေါ်တယ်ဆိုတာတွေ
😅 အလုပ်က Overtime ဆင်းရမယ် ဆိုတာတွေက မလွှတ်ပေးလို့မှ မရတာလေနော်
ကျောင်းပေါက်ဝ အလုပ်ပေါက်ဝ ထိ လိုက်ပို့လည်း နောက်ပေါက်က လစ်နေကြတာပဲမို့
1. ကူးစက်ရောဂါတွေ (အသည်းအသားဝါ B ပိုး၊ C ပိုး ၊ ကာလသားရောဂါ၊ HIV) မကူးဖို့ အရေးကြီးကြောင်း
2. မလိုချင်သေးတဲ့အချိန် ပဋိသန္ဓေ ရမသွားဖို့က အရေးကြီးကြောင်း
3. (Sugar relationship) ဘယ်လောက်ချစ်ချစ် မုန့်ဖိုးပေးပြီး မချစ်သင့်ကြောင်း တော့သေသေချာချာ နားလည်ထားသင့်ပါတယ်

(Photo Credit; Pixabay)
တစ်ရက်စာမဟုတ်ပဲ တစ်သက်စာပျော်နိုင်ကြပါစေ
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား
လာပါလိမ့်မယ် 💕💕💕 )

06/02/2025
30/01/2025
ဆေးစပ်ပေးပါပြောလာတိုင်း ပိုးသတ်ဆေးတွေ NSAIDS တွေမလ်ုရင် မပေးဖြစ်တာများပါတယ် ဆေးကိုမလိုအပ်ဘဲသောက်ခဲ့ရင် ကျောက်ကပ်ဘဲအလုပ်ပ...
01/01/2025

ဆေးစပ်ပေးပါပြောလာတိုင်း ပိုးသတ်ဆေးတွေ NSAIDS တွေမလ်ုရင် မပေးဖြစ်တာများပါတယ် ဆေးကိုမလိုအပ်ဘဲသောက်ခဲ့ရင် ကျောက်ကပ်ဘဲအလုပ်ပိုလုပ်ရကြောင်းလည်း ရှင်းပြပေးဖြစ်တယ် 🤍

#ဆင်ခြေဖုံးတွေမှာလက်လုပ်လက်စားများတဲ့နေရာတွေမှာ_စပ်ဆေးကတော့_မကင်းနိုင်ကြပါ
#ဆရာဝန်ပြဖို့အဆင်မပြေသူများ_ချို့တဲ့သူများအတွက်_စပ်ဆေးကဆက်ရှိနေအုန်းမှာပါ

#စပ်ဆေး

စပ်ဆေး အန္တရာယ်အကြောင်းရေးတဲ့ဆောင်းပါးအောက်က Comment လေးတစ်ခုပါ ၊ ဟုတ်ပါတယ် ဆရာဝန်ပြသဖို့လက်လှမ်းမမှီတဲ့သူတွေရှိပါတယ် ဒါပေမယ့် အဲ့လိုလက်လှမ်းမမှီတာနဲ့ တစုံတခုဖြစ်ရင် စပ်ဆေးသောက်ရမှာ ဆိုတာကတော့ မဟုတ်ပါဘူး

စပ်ဆေးထဲ ထည့်လေ့ရှိတဲ့ #အရောင်ကျဆေး_Steroid နဲ့ #အကိုက်ခဲပျောက်ဆေး_NSAIDs တွေရဲ့ အန္တရာယ်ကို
👉 စပ်ဆေးဆေးရောင်းတဲ့သူတွေ နဲ့
👉 ဆရာဝန်လက်လှမ်းမမှီတဲ့မိဘပြည်သူတွေ သေသေချာချာသိရှိလာအောင် ကျွန်တော်တို့က ကြိုးစားပြီး အသိပညာပေးနေပါတယ်

* အဲ့ဆေးမသောက်တော့ ကိုက်ရင်ခဲရင် ဘာသောက်ရမှာလဲ ဆိုတာကိုလည်း ဖြေရှင်းပေးပါမယ်
* မကိုက်မခဲရအောင် နေထိုင်မှုတွေပြင်ဖို့ကိုလည်း မျှဝေပေးပါမယ်

ဒါပေမယ့် လိုအပ်တာက အဲ့လိုမျှဝေပေးတာကို ဖတ်ကြဖို့ပါ
စာရှည်တယ်မဖတ်ဘူးဆိုတာမျိုးပေါ့ 🥹😰
___________
ပထမဆုံး
စပ်ဆေးဆိုတာမှာ အရောင်ကျဆေး Steroid , အကိုက်ခဲပျောက်ဆေး NSAIDs , Cevit , အစာအိမ်ဆေး Antacid ဆိုတာတွေပါတတ်ပါတယ်။
ကိုက်ခဲဖျားနာ ပျောက်ပါတယ်

🚨 🚨 🚨 ဘာအန္တရာယ်ရှိလဲ 🚨 🚨 🚨
အရောင်ကျဆေး Steroid တွေဟာ သွေးတိုး၊ ဆီးချို၊ အရိုးပါးအရိုးပွ၊ အဝလွန်၊ အစာအိမ်ရောဂါတွေဖြစ်လာမှာဖြစ်ပြီး
အကိုက်ခဲပျောက်ဆေး NSAIDs တွေဟာ အစာအိမ်ရောင် ၊ အူ/အစာအိမ်အနာ၊ အစာအိမ်သွေးကြောပေါက်၊ ကျောက်ကပ်ပျက်တာတွေဖြစ်လာတတ်ပါတယ် (ဘာရောဂါမှ မယ်မယ်ရရ မရှိပဲ အသက် ၂၀ ကျော်နဲ့ ကျောက်ကပ်ဆေးနေရတာတွေ အတွေ့များလာပါတယ်)
____________
#အဲ့ဒါမသောက်လို့ဘာသောက်ရမှာလဲ❓

🤒 ကိုက်ခဲဖျားနာအတွက် Paracetamol 500mg ပါတဲ့ ဆေးကို တစ်နေ့ကို (၃) ကြိမ် ၈ နာရီခြားပြီးသောက်လို့ရပါတယ်
(၁၀ လုံးကို ၅၀၀ ပဲရှိလို့ တစ်လုံး ၅၀ လောက်ပဲကျသင့်ပါတယ်)
အကိုက်ခဲပျောက်ဆေး NSAIDs လောက် ကိုက်ခဲတာမသက်သာပေမယ့် အထိုက်အလျောက်သက်သာပါတယ်
🗣️ ချောင်းဆိုးတာအတွက် က Dextromethorphan နဲ့ Chlorphenamine ရောထားတဲ့ ဆေးကို တစ်နေ့ကို (၃) ကြိမ် ၈ နာရီခြားပြီးသောက်လို့ရပါတယ်။ တစ်ကဒ်မှ ၁၀၀ ဝန်းကျင်ရှိတဲ့ brand တွေရှိလို့ တစ်လုံး ၁၀ ကျပ်ပဲ ကျပါတယ်။
🤧 နှာစေး၊နှာမွှန်၊နှာရည်ယိုတာအတွက် Burmeton , Cetrizine စတဲ့ ဆေးတွေရှိပါတယ် ။ Burmeton ဆို တစ်နေ့ ၃ ကြိမ်/၄ ကြိမ် သောက်လို့ရပြီး Cetrizine က တစ်နေ့တစ်ကြိမ်ပဲသောက်ဖို့လိုပါတယ် (Original Cetrizine က စျေးများပေမယ့် စျေးသက်သာတဲ့ Brand တွေရှိပါတယ်)
🤢 ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် စျေးကြီးတဲ့ Probiotic တွေသောက်နေစရာမလိုပါဘူး - ဝမ်းသွားသလောက် ဓာတ်ဆားရည်လိုက်သောက်ရုံပါပဲ ဓာတ်ဆားတစ်ထုပ် ၅၀၀ ဝန်းကျင်ရှိပါတယ်
စျေးများလို့ဓာတ်ဆားမသောက်ချင်ဘူးဆိုလဲ
ရေတစ်လီတာ ကို အိမ်မှာရှိတဲ့ သကြားလက်ဖက်ရည်ဇွန်း (၈) ဇွန်း ၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် ထည့်ပြီး သေချာပျော်အောင်ဖျော်သောက် လို့ရပါတယ်။

နေမကောင်းတဲ့အခါ အဓိက အရေးကြီးတာက
1. အစာအာဟာရဝင်အောင်စားရပါမယ်
အစာကြေမလွယ်လို့ ဆန်ပြုတ်၊ စွပ်ပြုတ်သောက်လည်း ရပါတယ် (အရေးကြီးတာက အစာမဖြတ်ဖို့ပါ) (အသားဓာတ်ကအရေးကြီးပါတယ် ငါးစားလည်းရသလို ပဲစားလည်းရပါတယ်)

2. သေသေချာချာနားရပါမယ် - အလုပ်ကတစ်နေ့လုပ်မှတစ်နေ့စားမို့ ခွင့်မရဘူးဆိုလည်း အိမ်ရောက်တဲ့အခါ သေသေချာချာနားပါ ၊ သေသေချာချာအိပ်ပါ
3. ရေအရည်ဟာ အရေးကြီးလှပါတယ်
ရေကတော့ ကြိုက်သလောက်သောက်လို့ ရနိုင်တာမို့ တစ်နေ့ (၃) လီတာ အနည်းဆုံးသောက်ပါ
4. အရက်သောက်ရင်ကိုက်ခဲတာသက်သာသလိုရှိနိုင်ပေမယ့် ရေဓာတ်ခမ်းခြောက်မှုကိုဖြစ်စေသလို ကိုယ်တွင်းအင်္ဂါတွေကို အားနည်းစေလို့ ဖျားနာတာကို ကြာရှည်စေပါတယ်
အရက်မသောက်ပါနဲ့ ၊ ဆေးလိပ်မသောက်ပါနဲ့
____________
#အလုပ်ကြောင့်_ကိုက်ခဲနာကျင်တာတွေလျော့ပါးရအောင်

- ရေများများသောက်ပါ (ရေဓာတ်ခမ်းခြောက်ခြင်းက ကြွက်သားအဆစ်မြစ်တွေနာကျင်စေပါတယ်)
- ချွေးထွက်များလို့ ရေနဲ့ဓာတ်ဆားဓာတ် (Calcium, Potassium) စတာတွေ ဆုံးရှုံးတဲ့အခါ ကိုက်ခဲတာ ၊ ကြွက်သားတွေအားမရှိတာ နုံးတာတွေဖြစ်လာတတ်လို့ ချွေးထွက်များလွန်းရင် အပေါ်မှာပြောထားတဲ့ ဓာတ်ဆားဖျော်နည်းအတိုင်းဖျော်သောက်ပါ
- ဖီးကြမ်းငှက်ပျော်သီးစားပါ
- ကြွက်သားတွေအသုံးပြုတာများပြီး တင်းမာနေတာတွေကို ပြန်မလျှော့ပေးရင် ကိုက်ခဲတာတွေဖြစ်တတ်လို့ အိမ်ရောက်လို့ ရေမချိုးခင် အကြောလျှေော့လေ့ကျင့်ခန်းလေး ၁၀-၁၅ မိနစ်လောက်လုပ်ပါ (ဘာလုပ်ရမလဲ မသိရင် ကျွန်တော့ Page မှာ အကြောလျှော့လေ့ကျင့်ခန်းဆိုတာကြည့်ပြီး လိုက်လုပ်လို့ရပါတယ်)
- ကျွန်တော်တို့ နိုင်ငံက ဟင်းသီးဟင်းရွက်က အသားထက်စျေးသက်သာပါတယ် များများစားပါ နေ့တိုင်းစားပါ (အားဆေးဆိုတဲ့ Multivitamins တွေသောက်စရာမလိုဘူးပေါ့)
- အရက် ဆေးလိပ် ကွမ်း စားနေ/သောက်နေရင် ဖြတ်ဖို့ကြိုးစားပါ (ကျန်းမာရေး/လူမှုရေး/စီးပွါးရေး တခုအတွက်မှ မကောင်းပါဘူး)

ဒီလို နည်းလမ်းလေးတွေ နေ့စဉ်နေ့တိုင်း လိုက်နာပြီး နေထိုင်မှုပုံစံပြင်လိုက်ရင် မကြာခဏဖျားနာတော့မှာ မဟုတ်သလို
ဖျားနာခဲ့လျှင်လည်း စပ်ဆေးတွေအလွယ်မသောက်ပဲ ညွှန်းပြထားတဲ့ ဆေးတွေကြိုးစားကြည့်ပါ
မသက်သာပဲ အတော်ဆိုးလာခဲ့ရင် နီးစပ်ရာပြည်သူ့ဆေးရုံပြင်ပလူနာဌာနကိုပြသလိုက်ပါ (တချို့ဆေးတွေဆို အခမဲ့တောင်ပေးတတ်ပါတယ်)

စာရှည်ပေမယ့် အကျိုးရမယ်ထင်ပါတယ် Tik Tok 5 ခုလောက်ကြည့်မယ့် အချိန်လေးပဲရှိတာပါ
ပြောင်းလဲကြည့်ကြပါ 💪💪💪

(Photo credit; YangonMediaGroup )
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
💕Happy New Year to you all 💕
Dr. ဘုန်းစည်သူလွင်
11:30 pm/31.12.24
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

29/08/2024
20/08/2024
16/05/2024

#ဆီးသွားတာများတယ်_ညတွေလည်းထ_ထ_သွားရတယ်
#စားနေတာပဲကို_ဆာနေတယ်_လူကလည်း_နုံးနေတယ်

#ဆီးချိုရောဂါ_စဖြစ်နေပြီတဲ့_ဘယ်လိုလုပ်ရမလဲ ⁉️

- ဘာတွေစားရမလဲ ⁉️ 🤔 ဆီးချိုဆန်စားရမလား
- ဘာတွေရှောင်ရမလဲ ⁉️ 🤔 အမဲသားတို့ နွားနို့တို့ရှောင်ရမှာလား
- ဘာဆေးတွေသောက်ရမလဲ ⁉️ 🤔 Metformin က ကျောက်ကပ်ပျက်တယ် ဆိုတာဟုတ်လား

#ဆီးချို

၁။ မနက်စောစော အစာမစားခင် Fasting Blood Sugar > 126 mg% (7 mmol/L) ကျော်မယ်
( + )
၂။ အစာစားပြီး (၂) နာရီ မှာ 2 Hour post prandial > 200 mg% (11.1 mmol/L) ကျော်မယ် ဆိုရင်
၃။(၃) လ အတွင်း သွေးချိုထိန်း သိမ်းမှု အခြေအနေ HbA1C > 6.5 % ကျော်မယ် ဆိုရင်
ဆီးချိုရှိတယ်လို့ သတ်မှတ်ပါတယ်။
___________
#ဆီးချိုရောဂါ_ဘာလို့ဖြစ်တာလဲ ⁉️

ကျွန်တော်တို့ အစာစားလို့ အူလမ်းကြောင်းက အစာခြေပြီးရင် သွေးထဲကို အာဟာရဓာတ် Glucose တွေစုပ်ယူလိုက်ပါတယ်
အစာစားပြီး သွေးထဲမှာ Glucose တွေများလာရင် (မုန့်ချိအိတ်) လို့ခေါ်တဲ့ အင်္ဂါက Insulin ဆိုတာကိုထုတ်ပါတယ်

ခန္ဓာကိုယ်က Cells တွေထဲကို Glucose က ဒီတိုင်းဝင်လို့မရပါဘူး၊ Insulin နဲ့တူတူလာမှ Cells တွေက ပေးဝင်ပါတယ်။

မြင်သာအောင်ပြောရရင်
👉 ကလေးတစ်ယောက် ဗိုက်ဆာနေရင် အမေက ကျွေးမှ စားရသလိုပေါ့
👉 ထမင်းပန်းကန်ကြီး မြင်နေရလည်း အမေ မကျွေးရင် မစားရသလို

သွေးထဲမှာ Glucose တွေ များနေလည်း Insulin မရှိရင် Cells တွေက ငတ်နေလည်း Glucose ကိုသုံးလို့မရပါဘူး

#ဆီးချိုရောဂါ ဆိုတာလွယ်လွယ်ပြောရရင်

1. Insulin အထွက်နည်းလာလို့ (Insulin Deficiency)
2. နည်းနည်းပဲ ထွက်တဲ့ Insulin ကို ခန္ဓာကိုယ်က မသုံးနိုင်လို့ ပါ (Insulin Resistance)

***အစာ စားပြီး သွေးထဲမှာ Glucoses တွေများနေပေမယ့် ခန္ဓာကိုယ် က သုံးနိုင်ဖို့ကူပေးမယ့် Insulin က မရှိတော့
သွေးထဲမှာ များနေတဲ့ Glucose ကို ခန္ဓာကိုယ် က မသုံးနိုင်ပဲ လူက ဆာပြီးရင်း ဆာ ဖြစ်နေပါတယ်
စားလေ Glucoses များလေ ဒါပေမယ့် ခန္ဓာကိုယ် က မသုံးနိုင်ပါဘူး***
___________
#ဘယ်လိုဖြေရှင်းကြမလဲ ⁉️

1. ခန္ဓာကိုယ် ပျက်စီးမှုမဖြစ်ရအောင် Glucose ဖြစ်စေတဲ့ အစာတွေလျှော့စားတာတွေပါ။
2. နည်းနည်းပဲ ထွက်တဲ့ Insulin ရဲ့ စကားကို နားမထောင်တာကို နားထောင်အောင်လုပ်တာ (Insulin resistance ဖြစ်နေတာကို)
3. အထွက်နည်းလာတဲ့ Insulin ကို ပိုထုတ်အောင် Pancreas ကို အတင်းခိုင်းတာ
___________
သွေးထဲမှာ Glucose က မရှိတာမဟုတ်ဘူး ၊ #မသုံးနိုင်တာပါ။
အဲ့ဒါကို ဆာလို့ ဆိုပြီး ထပ်ခါ ထပ်ခါ စားနေခြင်းဟာ သွေးတွင်း Glucose တရားလွန်တက်ပြီး ဆီးချိုဆိပ်တက်ပြီး အသက်အန္တရာယ်ကြီးပါတယ် (သေတတ်ပါတယ်)
#ဆီးချိုဆန်စားရမလား ⁉️

👉 ကဆီဓာတ်နည်းတဲ့ အရသာမရှိတဲ့ ရေရှည်လည်းစားနိုင်မှာ မဟုတ်တဲ့ ဆီးချိုဆန် ကို စားဖို့ ကျွန်တော်ဆို #အားမပေးပါဘူး။

✔️ #စားနေကြ_ဆန်ပဲ စားပါ။ #ပမာဏ_လျှော့စားပါ
လျှော့စားရင် ဗိုက်ပိုဆာ မှာပေါ့
ဟုတ်ပါတယ် *ဗိုက်မဆာရအောင် ဗိုက်လည်းပြည့်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးသာမက အူမကြီးရဲ့ ကျန်းမာရေးပါကောင်းစေတဲ့ (Vitamins တွေအစုံပါဝင်တဲ့) ဟင်းသီးဟင်းရွက်တွေ ကြိုက်သလောက် တဝ စားပါ။

✔️ အသား ကြိုက်နှစ်သက်ရာစားပါ (အဆီနည်းတဲ့အသားစားပါ)
ဝက်သားကအဆီများလွန်းတော့ ရှောင်သင့်ပါတယ်။
- အမဲသား၊ ဆိတ်သား၊ ကြက်သား စားလို့ရပါတယ် (အသားစားလို့ ဆီးချို အရမ်းမတက်ပါဘူး)
- ငါးကတော့ စားဖို့ အသင့်တော်ဆုံးပါ (ဆီးချိုရောဂါရှင်တွေက သွေးတွင်းအဆီတက်တဲ့အတွက် Omega-3 ပါဝင်တဲ့ ငါးစားခြင်းက သွေးတွင်းအဆီ ကျစေပါတယ်)

✔️ အဆီကတော့ လျှော့စားရပါမယ်။ (ဆီးချိုသမားတွေ Keto Diet စားခြင်းဟာ Diabetes Ketoacidosis ဆိုတဲ့ ဆီးချိုဆိပ်တက်တာဖြစ်စေပြီး သေတတ်ပါတယ်)
- Low fat diary product (အဆီလျှော့/ထုတ်ထားတဲ့ နို့/နို့ထွက်ပစ္စည်း စားလို့ရပါတယ်)
- ဟင်းချက်ရာမှာ အသုံးသင့်ဆုံးဆီက ပဲဆီ ပဲဖြစ်ပါတယ်
- နေကြာဆီ တွေအသုံးများနေကြပါတယ် နေကြာဆီမှာ Omega-6 ပါတာများပါတယ်
- Omega-3 ကကောင်းတယ်ဆိုပေမယ့် Omega ပါတိုင်းကောင်းတာတော့မဟုတ်ပါဘူး
- Omega-6 ဟာ Inflammation-ရောင်ရမ်းမှုတွေ အားပေးလို့ စျေးကြီးပေးပြီး မစားသင့်ဘူးလို့ ယူဆပါတယ်။

✔️ အပေါ်မှာတော့ ပြောပြီးသားပါ၊
(အားဆေး အားဆေး ဆိုပြီး စျေးကြီးပေးသောက်နေကြတဲ့ 👉 Vitamins တွေအစုံပါဝင်တဲ့) ဟင်းသီးဟင်းရွက်တွေ ကြိုက်သလောက် တဝ စားပါ။
ကြော်စားရင် ဆီ ပါတော့ ၊ ကြော်စားတာထက်စာရင်
ဟင်းချိုလုပ် သောက်သောက်၊ ပြုတ်စားစား၊ ရေစင်အောင်ဆေးပြီး အစိမ်းပဲ စားစား ကြိုက်သလောက်စားပါ။
အရွက်စားရင် ဝမ်းမချုပ်တဲ့အတွက် အူမကြီးကင်ဆာအပါအဝင် အူမကြီးရောဂါတွေကို ကာကွယ်ပေးပါတယ်။

✔️ ပဲအမျိုးမျိုး စားလို့ရပါတယ် (အသားဓာတ်ရတာပေါ့)
✔️ အသီးအမျိုးမျိုး စားလို့ရပါတယ် (ချိုတဲ့ အသီးတွေကတော့ တဝ မစားပါနဲ့ ၊ အနည်းငယ်စားရင်ရပါတယ်)

❌ သွေးတွင်း Glucose တွေ ရုတ်တရက်မြင့်တက်စေတဲ့
- အချိုရည်၊ Energy drink၊ Bubble Tea၊ Coffee စတာတွေရှောင်ရပါမယ်
- Cake မုန့် အချိုတွေရှောင်ရပါမယ်
- အာလူးကြော်၊ ဘာဂါ၊ စတာတွေလည်းရှောင်ရပါမယ်
- ဆေးလိပ် လုံးဝ ဖြတ်ရပါမယ် (ဆီးချိုဝေဒနာရှင်ဟာ သွေးတိုး၊ နှလုံးရောဂါ အဖြစ်လွယ်လို့ သူများသောက်တာတောင် အနံ့ခံလို့မရပါဘူး)
- အရက်မသောက်ရပါဘူး

✴️ ကြိုက်တဲ့ အစားတွေ တရားလွန်စားတာ မလုပ်ရပါဘူး
✳️ စားချိန်သောက်ချိန်မှန်ရပါမယ်
✴️ ဆီးချို တက်နေလို့ဆိုပြီး ဒီတစ်နပ် မစားတော့ဘူး ဆိုတာ မလုပ်ရပါဘူး (ဆေးသောက်နေတဲ့ လူနာတွေမှာ ပိုပြီး အရေးကြီးပါတယ်)
___________
2. နည်းနည်းပဲ ထွက်တဲ့ Insulin ရဲ့ စကားကို နားမထောင်တာကို နားထောင်အောင်လုပ်တာ

ခန္ဓာကိုယ်လှုပ်ရှားမှု နည်းတဲ့အတွက် Cells တွေက Insulin resistance ဖြစ်နေတတ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ နည်းနည်းပဲ ထွက်တဲ့ Insulin ကို ခန္ဓာကိုယ်က အသုံးပြုနိုင်တဲ့အတွက်

အပြင်းအထန်မဟုတ်တဲ့ #လေ့ကျင့်ခန်းလုပ်ပါ။
" #လမ်းလျှောက်ပါ "
- တစ်နေ့ နာရီဝက်လောက်တော့ လျှောက်သင့်ပါတယ်
- ခြေတစ်လှမ်းကဋေတစ်သန်း နှုန်းနဲ့တော့ မလုပ်ပါနဲ့ သွက်သွက်လျှောက်ပါ (လမ်းစလျှောက်ပြီး ၁၀ မိနစ်လောက်ဆို ချွေးထွက်လာမှ အဆင်ပြေပါတယ်)
- လမ်းလျှောက်ပြီး မောလို့ဆိုပြီး အချိုရည် (လုံးဝ) လုံးဝ မသောက်ရပါဘူး
- ရေသောက်ပါ (ကြိုက်သလောက်သောက်ပါ)
"အန်တီက ဒူးနာလို့ လေ့ကျင့်ခန်း မလုပ်နိုင်ပါဘူးသားရယ်"
အန်တီ ဝ ဝ ချစ်စရာကြီးတွေ အကြောင်းပြနေကြ စကားပါ
ဒူးနာတာက ဝ လို့ပါ ၊ ဝ တာက မလှုပ်ရှားပဲ အစားချည်းစားနေလို့ပါ။
အဲ့ဒါကို ဒူးနာလို့ မလှုပ်ရှားရင် ပို ဝပြီး ပိုနာပါမယ်။
လမ်းမလျှောက်နိုင်ရင် လုပ်လို့ရတဲ့ နေရာလှုပ်ပါ။ လက်လှုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ You Tube မှာရှာကြည့်ပြီး လိုက်လုပ်လို့ရပါတယ်။
__________
3. အထွက်နည်းလာတဲ့ Insulin ကို ပိုထုတ်အောင် Pancreas ကို အတင်းခိုင်းတာ

အဲ့ဒါကတော့ ဆေးသောက်တာပါပဲ။

OHA ဆိုတဲ့ ဆီးချိုဆေးတွေဟာ ဆီးချိုကျအောင် Pancreas ကနေ Insulin ကို အတင်းညှစ်ထုတ်ခိုင်းပါတယ်။

အပေါ်မှာ ပြောထားတဲ့
- အစားဆင်ခြင်တာ
- လေ့ကျင့်ခန်းလုပ်တာ တွေမလုပ်ပဲ

ဆေးပဲ သောက်တာဟာ ခန္ဓာကိုယ်ကို/ကျောက်ကပ် ကို ဆီးချိုရောဂါ နဲ့ တူတူ ကူပြီး #ဖျက်ဆီးပေးတာပါပဲ။

​လုပ်ကိုလုပ်ရမှာက Dietary Control - အစားဆင်ခြင်ရပါမယ်၊ Exercise လေ့ကျင့်ခန်း လုပ်ရပါမယ်။
နောက်တစ်ဆင့်က
ဆရာဝန်ညွှန်တဲ့ ဆေး မှန်မှန်သောက်ရပါမယ်။

#ဆေးဆိုလို့ ပြောပြချင်တာက ဆီးချိုဆေးတွေထဲမှာ အကောင်းတကာ့အကောင်းဆုံးဆေးဟာ
" " ပါ
👉 Metformin ထက် ကောင်းတဲ့ ဆေး မရှိပါဘူး
👉 Metformin ဟာ #ကျောက်ကပ်_မပျက်စေပါဘူး
👉 အဲ့လိုကောင်းလွန်းတဲ့ ဆေး Metformin ကို လူနာရဲ့ ကျောက်ကပ်မကောင်းတဲ့အခါမှာ တော့ ပေးလို့မရပါဘူး။

***သေသေချာချာ မှတ်ထားကြပါ
❇️ Metformin က ကျောက်ကပ်မပျက်ပါဘူး
❇️ ကျောက်ကပ်မကောင်းတဲ့ လူတွေမှ Metformin မသောက်ရတာပါ။

အကျိုးရှိကြမယ်လို့ ယုံကြည်ပါတယ်
(photo credit; diabetesuk)
(Original post; Sep,2021 👉 https://www.facebook.com/104993831383029/posts/386539676561775/?d=n)

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

23/04/2024

#ဆရာ_ဒီရက်ထဲလူတွေအရမ်းပူပြီးတော့_နေ့ပင်ပန်းညအိပ်မရဖြစ်နေကြတာများပါတယ်
#အလုပ်လုပ်ရတာလဲမလန်းဆန်းစိတ်မတက်ကြွတော့ပါဘူး
#ဘယ်လိုတွေနေထိုင်စားသောက်ရမလဲ ❓
#အားဆေးအဖြစ်ဘာသောက်ရမလဲဆရာ ❓

ရာသီဥတုအပူချိန်မှာ အလွန်မြင့်မားနေပြီး
မီးကလည်း မမှန်သည့်အတွက် အပူနဲ့ဆိုင်တဲ့ ရောဂါတွေခံစားနေကြရပါတယ်

- အာခေါင်ခြောက်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ခေါင်းမူးခြင်း
- ခေါင်းကိုက်ခြင်း
- မိတ်ဖုအယားဖုထွက်ခြင်း
- ချွေးမထွက်နိုင်တော့ခြင်း (ချွေးခြောက်ခြင်း)
- ကိုယ့်အပူချိန်မြင့်တက်ခြင်း
- ကြွက်တက်ခြင်း
- သတိလစ်ခြင်းမှသည်
- အသက်သေဆုံးသည်အထိဖြစ်နိုင်ပါသည်

ကိုယ်တွင်းက အပူတွေကျဖို့က နည်းလမ်း (၂) ခုပဲရှိပါတယ်

1. ပတ်ဝန်းကျင်အပူချိန်ကို အေးအောင်လုပ်တာ
2. ချွေးထွက်ပြီးအပူတွေထုတ်တာ
__________
1. #ပတ်ဝန်းကျင်အပူချိန်ကို_အေးအောင်လုပ်တာ
- အေးတဲ့နေရာရှာနေကြပေါ့ (အပင်ရိပ် သစ်ရိပ်ဝါးရိပ်ပေါ့) အရိပ်ရှိတဲ့နေရာမှာပဲ နေသင့်တာပါ
- အိမ်ထဲမှာနေလည်း အေးတဲ့နေရာရှာနေကြပါ (ကျွန်တော်တို့ရန်ကုန်က အုတ်တိုက်ကျဉ်းကျဉ်းတွေမို့ အိမ်ထဲနေလည်း အပူချိိန်က မနည်းမနေပါပဲ)
- ပန်ကာ တို့ Aircon တို့ ဆိုတာကလည်း မီးလာမှ (မီးအားပြည့်မှ သုံးရတာမလား) အခု သူတို့တောင်ပူကျွတ်နေလို့ ယပ်ပြန်ခပ်ပေးနေရတယ်မလား 😅😁

2. #ချွေးထွက်ပြီးအပူတွေထုတ်တာ
ပြင်ပ အပူချိန်မြင့်တဲ့အချိန် ကိုယ်တွင်းအပူတွေထုတ်ဖို့နည်းလမ်းကတော့ ချွေးထွက်တာပါ - ချွေးအငွေ့ပျံတာနဲ့အတူအပူတွေစုပ်သွားတာပေါ့
ချွေးထွက်ဖို့က ခန္ဓာကိုယ်ထဲ ရေအလုံအလောက်ရှိရပါတယ် ရေအလုံအလောက်ရှိဖို့
- ရေ အရည်များများသောက်ပါ ချွေးထွက်များလွန်းက ဓာတ်ဆားရည်ပါသောက်ပါ
- ရေဘယ်လောက်သောက်ရမှာလဲ ကိုယ်ချွေးဘယ်လောက်ထွက်နေတာလဲ ဆိုတာမှ မှန်းမရတာ ဆီးတစ်နေ့ တစ်လီတာအနည်းဆုံး သွားအောင်သောက်ပါ (နှစ်နာရီတစ်ခါလောက်မှ ဆီးမသွားရင် ရေအသားကုန်သာလိုက်သောက်ပါတော့)
- အရည်ဖြစ်ပေမယ့် (အရက် ဘီယာ ကော်ဖီ လက်ဖက်ရည်ကတော့ ရှောင်သင့်ပါတယ်)
____________
* နေအပူတိုက်ရိုက်ထိခြင်းကိုရှောင်ပါ အရိပ်ထဲပဲနေပါ
* မဖြစ်မနေအပြင်ထွက်ရလျှင်
- ထီး ဦးထုပ်သေချာဆောင်းပါ
- ပွပွချောင်ချောင် ချည်ထည်များကိုသာ ဝတ်ဆင်ပါ
- အရိပ်ထဲ နားနားပြီး သွားပါ
* နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း
* မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း နေရောင်အောက်တွင် ရေမချိုးပါနှင့်
* ပူအိုက်လို့ဆိုပြီး ရေစိုဝတ်နဲ့နေတာ ၊ ရေစိုအဝတ်ခင်းအိပ်တာ ၊ ရေချိုးပြီး ရေခြောက်အောင်မသုတ်တာတွေ ရှောင်ရပါမယ်
_____________
လူက မူးရိပ်ရိပ်ဖြစ်လာပြီ ၊အာခေါင်တွေခြောက်ပြီး နေရတာမကောင်းဖြစ်လာလျှင် ရေနှင့်ဓာတ်ဆား အမြန်ဆုံးသောက်ပါ (အများကြီးသောက်ပါ)
အရေပြားက ပူကျွတ်နေပြီး ချွေးမထွက်တော့လျှင်
ကယောင်ကတမ်းဖြစ်လာလျှင် ပတ်ဝန်းကျင်ကိုအကူညီတောင်းပြီး ဆေးရုံအမြန်ပို့ပါ
လူနာက အသိရှိလျှင် ရေနှင့်ဓာတ်ဆား အမြန်ဆုံးတိုက်ပါ (အများကြီးတိုက်ပါ)
(အိမ်မှာ ဆေးရုံသွားဖို့စောင့်နေစဉ်/ဆေးရုံသွားတဲ့လမ်းမှာ) ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးပါ
__________
သက်ကြီးရွယ်အိုနှင့်ကလေးသူငယ်များ
ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ
နာတာရှည်ရောဂါခံစားနေရသူများ အထူးသတိပြုကြပါ
ရေကိုအတိုင်းအတာနှင့်သောက်နေရတဲ့ နှလုံးအားနည်းရောဂါ၊ ကျောက်ကပ်အားနည်းရောဂါ၊ အသည်းရောဂါ ရှင်များအနေနဲ့ တစုံတရာထူးခြားတာနဲ့ မိမိတို့၏ ဆရာဝန်များနှင့် ဆက်သွယ်တိုင်ပင်ကြပါ

နောက်မေးခွန်းတစ်ခုအတွက်က အားဆေးရယ်လို့ ထူးပြီးသောက်စရာမလိုပါဘူး
ပူလွန်းလို့ အစာမစားနိုင်ကြရင်တော့ ကိုယ်နဲ့နီးစပ်ရာ ဝယ်လို့လွယ်တဲ့ စျေးသင့်တဲ့ Multivitamin &Mineral တစ်မျိုးမျိုးသောက်နိုင်ပါတယ်။

(Photo credit; Meteoblue)
အထွေထွေဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
09:30 pm/23.04.2024
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွားလာပါ
လိမ့်မယ် 💕💕💕 )

Address

အမှတ် ၃၉ ဘုရားလမ်း မြစည်းခုံဘုရားအနီး တောင်ငူမြို့
Taungoo
08101

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959799234671

Website

Alerts

Be the first to know and let us send you an email when Htoo Aye Chan Pharmacy - ထူးအေးချမ်း ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Htoo Aye Chan Pharmacy - ထူးအေးချမ်း ဆေးဆိုင်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram