အမျိုးသမီးတိုင်းရဲ့ မိန်းမကိုယ်ကျန်းမာရေး - Thae

  • Home
  • အမျိုးသမီးတိုင်းရဲ့ မိန်းမကိုယ်ကျန်းမာရေး - Thae

အမျိုးသမီးတိုင်းရဲ့ မိန်းမကိုယ်ကျန်းမာရေး - Thae အမျိုးသမီးကျန်းမာရေး

အေးပါဟယ် မျက်နှာငယ်လေးတွေနဲ့ ​ပြန်ကြည့်မနေပါနဲ့ မခွဲတော့ပါဘူး 😖
04/05/2025

အေးပါဟယ် မျက်နှာငယ်လေးတွေနဲ့ ​ပြန်ကြည့်မနေပါနဲ့ မခွဲတော့ပါဘူး 😖

ဒီလအတွက် ရန်ကုန်မှာမီးပေးမယ့်အချိန်ဇယားအသစ်EPC ကတင်ထားတဲ့ အချိန်ဇယားပါ
01/05/2025

ဒီလအတွက် ရန်ကုန်မှာမီးပေးမယ့်အချိန်ဇယားအသစ်
EPC ကတင်ထားတဲ့ အချိန်ဇယားပါ

ဒီအချိန်မှာ မိုတီဖြစ်စရာလေး တခုပေါ့ 🤭🤭🤭 # photo crd
29/04/2025

ဒီအချိန်မှာ မိုတီဖြစ်စရာလေး တခုပေါ့ 🤭🤭🤭

# photo crd

ဟီးးး 😁😁😁
27/04/2025

ဟီးးး 😁😁😁

ဟုတ်ဒယ် ဂယ်ပဲ 🙄🙄🙄 # photo crd
24/04/2025

ဟုတ်ဒယ် ဂယ်ပဲ 🙄🙄🙄

# photo crd

ဘတ်တာမဟုတ်ပါဘူးနော် ဖေတို့ မေတို့ရေ 🤭🤭🤭
20/04/2025

ဘတ်တာမဟုတ်ပါဘူးနော် ဖေတို့ မေတို့ရေ 🤭🤭🤭

😒
11/04/2025

😒

ရန်ကုန်အတွက်မီးပေးသွားမည့် အချိန်ဇယားအသစ်
06/04/2025

ရန်ကုန်အတွက်မီးပေးသွားမည့် အချိန်ဇယားအသစ်

တခါတလေမှာ အဖြစ်အပျက်တွေက မြန်လွန်းတယ် 😔
05/04/2025

တခါတလေမှာ အဖြစ်အပျက်တွေက မြန်လွန်းတယ် 😔

💢💢မန္တလေးနှင့် စစ်ကိုင်းဒေသများတွင် ငလျင်ဖြစ်ပြီးနောက် နေထိုင်စားသောက်နည်းများ 💢💢🌳မန္တလေးနှင့် စစ်ကိုင်းဒေသများသည် မြန်မ...
03/04/2025

💢💢မန္တလေးနှင့် စစ်ကိုင်းဒေသများတွင် ငလျင်ဖြစ်ပြီးနောက် နေထိုင်စားသောက်နည်းများ 💢💢

🌳မန္တလေးနှင့် စစ်ကိုင်းဒေသများသည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသများဖြစ်ပြီး သမိုင်းတန်ဖိုးရှိသော ယဉ်ကျေးမှုများ၊ စီးပွားရေးအချက်အချာနေရာများနှင့် လူဦးရေထူထပ်သော မြို့များပါဝင်သည်။ သို့သော် ဤဒေသများသည် ငလျင်လှုပ်ခတ်မှုများနှင့် မကင်းကွာနိုင်သည့် ပထဝီအနေအထားတွင် တည်ရှိသည်။

🌳🌳ငလျင်ဖြစ်ပြီးနောက် လူများ၏ နေ့စဉ်ဘဝ၊ နေထိုင်မှုပုံစံနှင့် စားသောက်မှုပုံစံများသည် များစွာပြောင်းလဲသွားနိုင်ပြီး အခြေအနေအရ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရန် လိုအပ်လာသည်။

🌳🌳ဤဆောင်းပါးတွင် ငလျင်ဖြစ်ပြီးနောက် မန္တလေးနှင့် စစ်ကိုင်းဒေသခံများ မည်ကဲ့သို့ နေထိုင်စားသောက်သင့်သည်ကို တင်ပြပေးထားပါသည်။

🌳🌳ငလျင်ဖြစ်ပြီးနောက် နေထိုင်မှုပုံစံ
ငလျင်လှုပ်ခတ်မှုတစ်ခုဖြစ်ပြီးနောက် အိမ်များ၊ အဆောက်အအုံများ ပျက်စီးနိုင်သည့်အတွက် လူများသည် ဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန် လိုအပ်လာသည်။

🌿🌿မန္တလေးကဲ့သို့ မြို့ကြီးတွင် လူဦးရေထူထပ်မှုများပြားသဖြင့် ယာယီစခန်းများ၊ ဘုန်းကြီးကျောင်းများ၊ လွင်တီးညီးသော နေရာများတွင် နေထိုင်ရန် စီစဉ်ရပေမည်။

🌿🌿စစ်ကိုင်းကဲ့သို့ ကျေးလက်ဒေသများတွင်မူ အိမ်များမှာ သစ်သား သို့မဟုတ် ဝါးဖြင့် ဆောက်လုပ်ထားသည်များရှိသဖြင့် ပျက်စီးမှုနည်းနိုင်သော်လည်း နောက်ဆက်တွဲလှုပ်ခတ်မှုများကို သတိထားရန် လိုအပ်သည်။

🌿🌿နေထိုင်ရာတွင် ရေရှည်ဘေးကင်းမှုကို ဦးစားပေးရမည်ဖြစ်သည်။ အိမ်များ ပြန်လည်မဆောက်လုပ်မီ ငလျင်ဒဏ်ခံနိုင်သော ဒီဇိုင်းများကို အသုံးပြုရန် စဉ်းစားသင့်သည်။ ထို့အပြင် မိသားစုဝင်များနှင့် အဆက်အသွယ်မပြတ်စေရန်၊ အရေးပေါ်ဆက်သွယ်ရေးကိရိယာများ (ဥပမာ- ရေဒီယို၊ ဖုန်းများ) ကို အသင့်ထားရှိရန်လည်း အရေးကြီးသည်။

❤️❤️စားသောက်မှုပုံစံ❤️❤️

ငလျင်ဖြစ်ပြီးနောက် စားနပ်ရိက္ခာရရှိမှု အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်သည်။ ဈေးဆိုင်များ၊ စျေးကွက်များ ပိတ်ထားနိုင်ပြီး သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပြတ်တောက်သွားနိုင်သည်။ ထို့ကြောင့် လူများအနေဖြင့် အောက်ပါအချက်များကို လိုက်နာသင့်သည်။

1 အရေးပေါ်စားနပ်ရိက္ခာသိုလှောင်ခြင်း 🍱

✅အိမ်တိုင်းတွင် ရက်သတ္တပတ်အနည်းငယ်စာ စားနပ်ရိက္ခာများ သိုလှောင်ထားသင့်သည်။

✅ထမင်းခြောက်၊ ဆန်၊ ပဲအမျိုးမျိုး၊ ဆီ၊ ဆား၊ ငါးခြောက်၊ အသားခြောက်ကဲ့သို့ သိုလှောင်ရလွယ်ကူပြီး ကြာရှည်ခံသော အစားအစာများကို ရွေးချယ်ထားနိုင်သည်။

✅မန္တလေးနှင့် စစ်ကိုင်းဒေသများတွင် ဒေသထွက် ပြောင်းဖူး၊ ဆန်နီ၊ ပဲသီးနှံများကို အသုံးပြုနိုင်သည်။


2 သန့်ရှင်းသောရေရရှိမှု 💧

✅ငလျင်ဖြစ်ပြီးနောက် ရေပိုက်လိုင်းများ ပျက်စီးနိုင်သဖြင့် သောက်သုံးရေ ရှားပါးလာနိုင်သည်။ ထို့ကြောင့် ရေသန့်ဘူးများ သိုလှောင်ထားရန်၊ သို့မဟုတ် မြစ်၊ ချောင်းများမှ ရေကို စစ်ထုတ်ပြီး ချက်ပြုတ်စားသောက်ရန် ပြင်ဆင်ထားသင့်သည်။ ရေမရှိပါက ရေဓာတ်ခန်းခြောက်မှုဖြစ်နိုင်သည့်အတွက် အထူးသတိထားရမည်။

✅ချက်ပြုတ်နည်းလမ်းများ

လျှပ်စစ်နှင့် ဓာတ်ငွေ့ပြတ်တောက်နိုင်သဖြင့် မီးဖိုသစ် သို့မဟုတ် မီးသွေးဖြင့်သုံးရန် ပြင်ဆင်ထားသင့်သည်။ စစ်ကိုင်းဒေသရှိ ကျေးလက်နေပြည်သူများသည် မီးဖိုကို အိမ်တွင်းတွင် အသုံးပြုလေ့ရှိသဖြင့် ဤနည်းလမ်းကို ဆက်လက်အသုံးပြုနိုင်သည်။ မန္တလေးမြို့ခံများအနေဖြင့် ယာယီမီးဖိုများ တည်ဆောက်ရန် လိုအပ်ပေမည်။

✅အာဟာရဓာတ်ထိန်းသိမ်းခြင်း�အစားအစာရှားပါးချိန်တွင် အာဟာရဓာတ်ပြည့်ဝစွာ စားသောက်ရန် ခက်ခဲနိုင်သော်လည်း ရရှိနိုင်သည့် အစားအစာများကို မျှတစွာ စားသုံးသင့်သည်။ ဥပမာအားဖြင့် ဆန်နှင့် ပဲများကို ရောစပ်ချက်ပြုတ်ပြီး ပရိုတင်းဓာတ်နှင့် ကစီဓာတ်ကို မျှတအောင် ထိန်းထားနိုင်သည်။

✅ဒေသထွက် ဟင်းသီးဟင်းရွက်များကိုလည်း ရှာဖွေစားသုံးနိုင်သည်။

✅စိတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းမှု
နေထိုင်စားသောက်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုကိုလည်း ဂရုစိုက်ရန် လိုအပ်သည်။

✅ငလျင်ဖြစ်ပြီးနောက် အိမ်ပျက်စီးမှု၊ ဆွေမျိုးသေဆုံးမှုများကြောင့် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

✅✅ထို့ကြောင့် ရပ်ရွာလူထုအချင်းချင်း စည်းလုံးညီညွတ်မှုဖြင့် အချင်းချင်း အားပေးကူညီရန် လိုအပ်သည်။ စားဝတ်နေရေး အခက်အခဲများကို ဖြေရှင်းရာတွင် ဒေသခံအဖွဲ့အစည်းများ၊ အစိုးရအကူအညီများကို အားကိုးနိုင်သည်။

✅✅နိဂုံးချုပ်အနေဖြင့်ဆိုရလျှင်

မန္တလေးနှင့် စစ်ကိုင်းဒေသများတွင် ငလျင်ဖြစ်ပြီးနောက် လူများအနေဖြင့် ဘေးကင်းလုံခြုံသော နေရာများတွင် နေထိုင်ရန်၊ စားနပ်ရိက္ခာနှင့် ရေသန့်ရရှိမှုကို ဦးစားပေးရန်၊ အာဟာရဓာတ်မျှတစွာ စားသုံးရန်နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုကို ထိန်းသိမ်းရန် လိုအပ်သည်။

✅ဒေသခံများ၏ ခံနိုင်ရည်ရှိမှု၊ အချင်းချင်း ကူညီမှုနှင့် ကြိုတင်ပြင်ဆင်မှုများသည် ဤသဘာဝဘေးအန္တရာယ်ကို ကျော်လွှားနိုင်ရန် အဓိကသော့ချက်ဖြစ်သည်။

✅✅ထို့ကြောင့် ငလျင်မဖြစ်မီ ကြိုတင်ပြင်ဆင်ထားခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး
ဖြစ်ပြီးနောက်တွင်မူ စည်းလုံးညီညွတ်မှုဖြင့် ပြန်လည်ထူထောင်ရန် ကြိုးစားရပါမည်၊

✅✅ကျန်ရစ်သူများအားလုံးလည်းနေကောင်း ၊ ကျန်းမာပြီးစိတ်ဒဏ်ရာများအမြန်ဆုံးပျောက်ကင်းပါစေဟုဆန္ဒပြုရင်း

ဒေါက်တာဝင်းဝင်းမြင့်
အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး

💧💧💧ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဖြစ်ပွားတတ်သည့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်နိုင်ရန် အောက်ပါအချက်များကို ...
03/04/2025

💧💧💧ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဖြစ်ပွားတတ်သည့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်နိုင်ရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ပါ။

ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်နိုင်ရန် (မတ်လ၊ ၂၀၂၅ ခုနှစ်)

💧 အစားအစာ ပြင်ဆင်ချက်ပြုတ်နေစဉ်၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ဆေးပါ။

💧 သန့်ရှင်းသော ရေ (ကျိုချက်ထာသော ရေ) ကို သောက်သုံးပါ။

💧 သန့်ရှင်းသော ရေဖြင့် ပြုလုပ်ထားသည့် ရေခဲချောင်းနှင့် ရေခဲများကိုသာ စားသုံးပါ။

💧 သောက်သုံးရေကို အဖုံးပါပြီး သန့်ရှင်းသော အိုး၊ ဗူး၊ ကန်များတွင် သိုလှောင်ပါ။

💧 ရေပိုက်များနှင့် ရေသိုလှောင်ကန်များကို ပုံမှန်ဆေးကြောပါ။

💧 သေချာစွာ ချက်ပြုတ်ထားသော အစားအစာကိုသာ စားသုံးပါ။

💧 အသီးအနှံများနှင့် အသီးအရွက်များကို သေချာစွာ ဆေးကြောပါ။

💧 ယင်လုံအိမ်သာ အသုံးပြုပါ။ တွေ့ကရာနေရာတွင် မစင်မစွန့်ရ။

ကျန်းမာရေးဝန်ကြီးဌာန

#ငလျင်
# Crd

⛔️ သိထားသင့်တဲ့ ငလျှင် level များ ⛔️Magnitude level နှင့် စိုးရိမ်မှက်များ လိုရင်းတိုရှင်းMicro EarthquakesMagnitude lev...
02/04/2025

⛔️ သိထားသင့်တဲ့ ငလျှင် level များ ⛔️

Magnitude level နှင့် စိုးရိမ်မှက်များ လိုရင်းတိုရှင်း

Micro Earthquakes
Magnitude level - 1.0 - 2.9
- လူတွေမသိနိုင်
- မြေငလျင်တိုင်းကရိယာများသာသိရှိနိုင်

- - - - - - - - - - - - - - - - - - - - - - - -

Minor Earthquake
Magnitude level - 3.0 - 3.9
- အဆောင့်အဦအတွင်းမှလူတစ်ချို့အနည်းငယ်သတိပြုမိနိုင်။
- ပျက်စီးမှုမဖြစ်စေနိုင်။
- စိုးရိမ်စရာမရှိ။
- လမ်းလျှောက်၊ယာဉ်မောင်းနေသူများ
မသိရှိနိုင်။

- - - - - - - - - - - - - - - - - - - - - - - -

Light Earthquake
Magnitude level - 4.0 - 4.9
- လူအများငလျင်ကိုသိသာစွာသိရှိနိုင်
- တုန်ခါသံများကြားရနိုင်၊ သေးငယ်ပြီး ပေါ့ပါးသောပစ္စည်းများ ရွေ့လျားနိုင်။
- သို့သော်ပျက်စီးထိခိုက်မှုမရှိနိုင်။
- သို့သော် ပြိုလုနီးပါး
အဆောင့်အဦးအနီးအနားတွင်မနေသင့်။

- - - - - - - - - - - - - - - - - - - - - - - -

Moderate Earthquake
Magnitude level - 5.0 - 5.9
- ထိခိုက်ပျက်စီးမှုစတင်ကြုံလာရနိုင်
- အိုဟောင်းနေသော သို့မဟုတ် ပြိုလုနီးပါး
အဆောင့်အဦးများ ထိခိုက်ပျက်စီးနိုင်။
- ငလျင်လှုပ်ခါမှုကို သိသာစွာသိရှိခံစားရနိုင်။

- - - - - - - - - - - - - - - - - - - - - - - -

Strong Earthquake
Magnitude level - 6.0 - 6.9
- အဆောင့်အဦးဟောင်းများ ထိခိုက်ပျက်စီးမှုများနိုင်။
- လူဦးရေထူထပ်သောနေရာများတွင် ထိခိုက်မှုများနိုင်။

- - - - - - - - - - - - - - - - - - - - - - - -

Major Earthquake ( Dangerous level )
Magnitude level - 7.0 - 7.9
- အထပ်မြင့်တိုက်များ ပြိုကျပျက်စီးနိုင်။
- အဆောင့်အဦးဟောင်းများပျက်စီးဆုံးရှုံးနိုင်။
- ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုများနိုင်။
- မြေပြိုခြင်း ၊ လမ်းပျက်စီးခြင်းများဖြစ်ပေါ်နိုင်။
- နောက်ဆက်တွဲ ဆူနာမီဖြစ်ပေါ်နိုင်ခြေ သင့်တင့်။
- Aftershock ( နောက်ဆက်တွဲငလျင်ငယ် ) များ ဆက်တိုက်ဖြစ်ပေါ်နိုင်။

- - - - - - - - - - - - - - - - - - - - - - - -

Great Earthquake
Magnitude level - 8.0 နှင့်အထက်
- အလွန်ပြင်းထန်သော ပြိုကျပျက်စီးဆုံးရှုံး နိုင်ခြေ အလွန်မြင့်မား။
- နောက်ဆက်တွဲငလျင်နှင့်
နောက်ဆက်တွဲဆူနာမီဖြစ်ပေါ်နိုင်ခြေ မြင့်မား။

- - - - - - - - - - - - - - - - - - - - - - - -

Magnitude level 5.0 မှ 6.9 ထိ
စိုးရိမ်ဖွယ်မှက် အန္တရာယ် အသင့်အတင့်

Magnitude level 7.0 မှ အထက်
စိုးရိမ်မှက် အန္တရာယ် မြင့်များ

မှက်ချက် - ကြီးမားသောငလျင်ဖြစ်ပြီးနောက်
နောက်ဆက်တွဲငလျင်ငယ်များ ( aftershock ) ဆက်တိုက်ဖြစ်ပေါ်နိုင်သည့်အတွက်ပြိုကျပျက်စီးလုနီးပါးအဆောက်အဦးအနီးအနားတွင်နေထိုင်ခြင်းမပြုရ။

ငလျင်ဖြစ်ပေါ်မည့်အချိန်ကို ခန့်မှန့်လို့ရသည့်
နည်းပညာ ကမ္ဘာပေါ်တွင် ယနေ့ချိန်ထိမရှိသေး။

ထို့ကြောင့် ဘယ်နှစ်နာရီဘယ်ချိန်ငလျင်လုပ်မည်ဆိုပြီး
ခန့်မှန်းရေးသားနေသော post များအား attention မပေးခြင်းဖြင့် ကူညီကြပါ။ aftershock ဖြစ်ပေါ်နိုင်သည်ကိုသိရှိနားလည်ပြီး သတိဝရိယနိုးနိုးကြားကြားနေပါ။

Shared by Meriko

Address

Syanpya 3 Street

Telephone

+959263345647

Website

Alerts

Be the first to know and let us send you an email when အမျိုးသမီးတိုင်းရဲ့ မိန်းမကိုယ်ကျန်းမာရေး - Thae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အမျိုးသမီးတိုင်းရဲ့ မိန်းမကိုယ်ကျန်းမာရေး - Thae:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram