Do Do's Tarot For Destiny

Do Do's Tarot For Destiny To tell about Destiny & Healing တဲရော့ကတ် + Rune + Lenormand + Oracle ကြည့်ပေးပါတယ်

Client တွေကို move on ဖို့ ဘယ်လိုမြူဆွယ်လဲMe:
02/12/2025

Client တွေကို move on ဖို့ ဘယ်လိုမြူဆွယ်လဲ

Me:

ထပ်တိုးလိုက်တဲ့အိပ်မက်နိမိတ်အဟော၊ လီနိုမန်အဟောနဲ့ တဲရော့ပက်ကေ့ခ်ျတွေ ဖြစ်ပါတယ်
17/08/2025

ထပ်တိုးလိုက်တဲ့အိပ်မက်နိမိတ်အဟော၊ လီနိုမန်အဟောနဲ့ တဲရော့ပက်ကေ့ခ်ျတွေ ဖြစ်ပါတယ်

888 Portal / Lion's Gate portal 8 လပိုင်း 8 ရက်နေ့ကို Lion's Gate Portal အဖြစ် သိကြပါတယ်။ နံပါတ် 8 ဂဏန်းဟာ စိတ်ဓာတ်ခွန်အ...
07/08/2025

888 Portal / Lion's Gate portal

8 လပိုင်း 8 ရက်နေ့ကို Lion's Gate Portal အဖြစ် သိကြပါတယ်။ နံပါတ် 8 ဂဏန်းဟာ စိတ်ဓာတ်ခွန်အား ၊ အမှန်တရားပေါ်ပေါက်ခြင်း၊ အသစ်ပြန်လည်မွေးဖွားခြင်း ၊ ကံကြမ္မာတစ်ပတ်လည်ခြင်း စတဲ့ကောင်းမွန်တဲ့အရာတွေနဲ့ဆက်စပ်နေပါတယ်။ Leo ရာသီခွင်ရဲ့ ခွန်အား၊ အော
င်မြင်မှု ၊ ကျော်ကြားခြင်း စတဲ့ကောင်းမွန်တဲ့အရာတွေ
ရရှိနိုင်တဲ့သဘောတရားကြောင့် 8 ရက် 8 လ/88 နှစ်ခုထပ်တဲ့အတွက် ကောင်းမွန်ခြင်းနှစ်ဆရှိတယ်လို့ ယူဆကြပါတယ်

ကာလအားဖြင့် July 28 ရက်ကနေ August 12 ရက်နေ့အထိဖြစ်ပြီး ဒီနေ့ 8 ရက် ၊ 8 လမှာ ကြယ်စင်စုအတွဲလိုက်
ရဲ့အားအကောင်းဆုံးအချိန်ကာလဖြစ်ပါတယ်

ကလေးတွေဟာ သူ့ဖြစ်တည်မှုအတိုင်းလက်ခံပြီး ချစ်ပေးတဲ့ပတ်၀န်းကျင် ( unconditional love ) နဲ့ အချစ်ခံရသင့်ပါတယ်။ တန်ဖိုးထားပေ...
01/07/2025

ကလေးတွေဟာ သူ့ဖြစ်တည်မှုအတိုင်းလက်ခံပြီး ချစ်ပေးတဲ့ပတ်၀န်းကျင် ( unconditional love ) နဲ့ အချစ်ခံ
ရသင့်ပါတယ်။ တန်ဖိုးထားပေးဖို့လိုလည်း လိုပါတယ်။
" သမီးဟာ/ သားဟာ ထူးခြားတယ်။ ဘယ်သူနဲ့မှ မတူဘူး
။ ပြိုင်ဆိုင်စရာမလိုဘူး။ သမီး/ သားဟာ ဒီအတိုင်း ချစ်ဖို့ကောင်းတာတွေရှိတယ်ဆိုတာမျိုး။ကလေးတွေဟာ တန်
ဖိုးရှိတယ်ဆိုတာမျိုး ၊ သူတို့ကို တန်ဖိုးထားတဲ့မျက်လုံးမျိုး ၊ အချစ်တွေနဲ့ ကြည့်ပေးချင်မျိုး၊ ဂရုစိုက်တန်ဖိုးထား
ပေးမှုနဲ့ ကြီးပြင်းလာသင့်ပါတယ်။

အဲ့သလို ချစ်ပေးခြင်းမခံရရင် ( မသိလို့ emotional support သေချာမပေးခဲ့မိရင်တောင် )ဖြစ်လာနိုင်ချေဟာ အဲ့ဒီ့ကလေးက တစ်ဘ၀လုံးသူ့ရဲ့ တစ်စိတ်တစ်ပိုင်းလိုအပ်သွားတာ ၊ အမြဲအားငယ်နေတာ ဖြစ်နိုင်ပါတယ်

နောက်တစ်ခုကတော့ Conditional love ပေးတဲ့မိဘ
တွေပါ။ အမြဲတမ်း ကိုယ့်သားသမီးကို သူများထက်သာမှ
စာမေးပွဲရလဒ်ကောင်းမှ တစ်ခုခုထူးချွန်နေမှသာ တော်တယ် တက်တယ် ချီးကျူးမယ်။မိဘဘက်က ကိုယ်ဖြစ်စေချင်တာ တခုခုဖြစ်လာမှ တန်ဖိုးထားတဲ့အမူအရာ ပြမယ်ဆို အဲ့ကလေးဟာ တစ်သက်လုံး သူ့ရဲ့တန်ဖိုး ( self value )ကို Status အားဖြင့်ဖြစ်‌စေ။ သူများနဲ့ပြိုင်ဆိုင်ပြီး
ဖြစ်စေ တည်ဆောက်သွားတော့မှာပါ။ အတန်းထဲကလူတွေနဲ့ ပြိုင်မယ်။ နောက်ဆုံးပြိုင်စရာမရှိရင် ကိုယ့်မိ
သားစု၊ သူငယ်ချင်း၊ရည်းစားစတာတွေနဲ့ ပြိုင်ပြီး သူကအထက်မှာရှိတယ်ဆိုတဲ့ image ကို ရအောင်တည်ဆော
က်ပါလိမ့်မယ်။ ပြိုင်ဆိုင်မှုရှိတဲ့နေရာမှာ အချစ်ဟာ မတ
ည်ရှိနိုင်ပါဘူး။ အချစ်ကိုရခဲ့ရင်လည်း အဲ့ဒီ့အချစ်ကို သူ
က မသိလိုက်မသိဘာသာဖျက်စီးပစ်ပါလိမ့်မယ်

အမြဲအားငယ်နေတာဖြစ်ဖြစ် ၊ ပြိုင်ဆိုင်ပြီး self value ကို တည်ဆောက်နေသလား စသိပြီဆိုတာနဲ့ awarness ရ
တာဟာ ကောင်းတာပါပဲ။ လူသုံးများလို့ ဒီစကားအခေါ်
ဝေါ်ကို အချို့လည်း မြင်ပြင်းကတ်မယ်။ inner child healing ဆိုတာလည်း အဲ့သလို အခြေနေမှာပါ

နားကျပ်ကိုတပ် relaing sound ဖြစ်ဖြစ်ဖွင့် ၊ တရားထိုင်ချင်လည်း ရတယ်။ Imagination ပုံဖော်မှုလုပ်လို့ရပါတယ်။ ကလေးဘ၀က မိဘဆီကမရခဲ့တဲ့တန်ဖိုးထားမှု ၊ လေးစားမှု ၊ အချစ်ခံရမှုကို အဲ့ဒီ့ကလေးကို ပြသနွေးထွေးပေးတာမျိုး။ ကိုယ်နှစ်ချိုက်သလို ဒိုင်ယာလော့တွေ background တွေ Detail ပုံဖော်နိုင်လေကောင်းတာပဲ။
ကလေးဘ၀က လုပ်ချင်တာတွေမလုပ်ခဲ့ရလို့ မပျော်ခဲ့ရရင် ကစားကွင်းသွားတာတွေ ၊ အချစ်ခံရတာတွေ အများကြီး အဲ့စိတ်ကူးထဲမှာ ပုံဖော်လို့ရ။ စိတ်ကို စိတ်နဲ့ပဲ ကုနိုင်ပါတယ်။ အဲ့ဒါကို၆ လလောက်လုပ်ဖို့လိုပါတယ်တဲ့

ငယ်ရွယ်တုံးမှာ မှားယွင်းတဲ့အယူအဆတွေ၊ အလုံအ
လောက် ဂရုစိုက်မှုမရခဲ့တာတွေက မသိစိတ်မှာအဲ့အ
တိုင်း ကျန်ခဲ့ပြီး ထင်သာမြင်သာရှိအောင် ပြောရရင် တွင်းက ဆာလောင်နေတာမျိုးတွေ ဖြစ်တာပါ။ အပြင်ကလူကို ‌ပျော်အောင်ထားလည်းရတယ်ဆိုပေမယ့် အတွင်းမှာဖြစ်နေရင် အတွင်းကို ဖြည့်တာက ပိုထိရောက်ပါတယ်။ မြန်ဆန်မယ်

Inner child အထဲက ကလေးကို ပြောခိုင်းတာက အဒို
ထင်တာတော့ကလေးတွေဟာ ငယ်တော့ဘာပြောပြော
ယုံတယ်။ ဆိုတော့ မသိစိတ်ကကလေးကိုပြောတာက effective ဖြစ်တယ်။ကလေးဘ၀မှာ ငယ်တော့ ဘယ်ဟာမှားတယ်မှန်တယ်မဆုံးဖြတ်နိုင်တဲ့အတွက် မသိစိတ်မှာ ယုံကြည်မှု အမှားတွေ ကျန်ခဲ့တယ်။ အဲ့မှားယွင်းတဲ့အယူအဆတွေကို မသိစိတ်က ကလေးဆီကိုသွားပြီး အမှန်ကိုပြန်ပြောပြတာ၊ နွေးထွေးမှုပေးတာ ၊ ကာကွယ်မှုပေးတာပါ။ အတွင်းကကလေးက ငြိမ်းချမ်းလာရင် အဆင်ပြေလာရင် အပြင်ကအရာတွေက သိပ်ပြီးတော့ ဘာမှဟုတ်မနေတာခံစားလာရနိုင်ပါတယ်

အဲ့မသိစိတ်အယူအဆအမှားကို အမှန်ပြင်ဖို့ကို တစ်နေ့
ကို မိနစ်၂၀ ၊ ၃၀ လောက်ကို ၆ လလောက် မှန်မှန်ပြင်
ပေးရမှာပေါ့နော်။ စောက်လုပ်တော့ရှုပ်မယ်။ အစမှာ
တော့ အသားမကျနိုင်ဘူး။ စာဖတ်ကြည့်ရသလောက် မသိစိတ်က ဘာကအမှန် ဘာကအမှားမခွဲနိုင်တဲ့အတွက် အချိန်ကြာ‌လာလေလေ Nervous system တွေက တ
ည်ငြိမ်လာပြီး မပြည့်ခဲ့တဲ့ခံစားချက်တွေ ပြည့်လာ၊ ကာကွယ်မှုတွေရလာပြီး ကိုယ့်ကို တည်ငြိမ်မှုပေးတဲ့ပတ်၀န်းကျင်၊ ပါတနာတွေနဲ့လည်းတွေ့နိုင်ချေပိုများပါတယ်

ဂျူးလူမျိုးတွေရဲ့ Sukkot (ဆူကိုထ့်)ပွဲတော်ကို Inspired ယူထားတဲ့ Four of Wands တဲရော့ကတ်- တုတ်လေးချောင်းမှာသစ်ခတ်သစ်ရွက်၊...
04/11/2024

ဂျူးလူမျိုးတွေရဲ့ Sukkot (ဆူကိုထ့်)ပွဲတော်ကို Inspired ယူထားတဲ့ Four of Wands တဲရော့ကတ်

- တုတ်လေးချောင်းမှာသစ်ခတ်သစ်ရွက်၊ မက်မွန်သီး စပျစ်သီးတွေ အလှဆင်ထားတဲ့ကတ်ရဲ့ပုံစံဟာ ဂျူးလူ
မျိုးတို့ရဲ့ Sukkot (ဆူကိုထ့်)ပွဲတော်ကျင်းပတဲ့ ပုံစံပဲဖြစ်ပါတယ်

-ဆူကိုထ့်ပွဲတော်ဟာ ဂျူလူမျိုးတို့ အထွတ်အမြတ်ထားရာ ကောက်ရိတ်သိမ်းပွဲတော် သုံးခုထဲက တစ်ခုဖြစ်ပြီး နှစ်တစ်နှစ်ရဲ့အောက်တိုဘာ ၁၆ ရက်ကနေ့ ၂၃ ရက်နေ့အတွင်း ၇ ရက်တာကျင်းပကြပါတယ်။ မိသားစု၊ သူငယ်
ချင်းတွေဟာ သေချာပြင်ဆင်ထားတဲ့ ပိတ်ဖြူစအုပ်မိုးထားတဲ့ရွက်ဖျင်တဲလေးမှာ စုဝေးစားသောက်ကြပြီး နောက်တစ်နှစ်အတွက်ဆုမွန်ကောင်း တောင်းတာမျိုးတွေ ပြုလုပ်ကြပါတယ်။ မိသားစုတွေအားလုံး ဆုံစေတဲ့ပွဲတော်ဆိုရင် မမှားပါဘူး

- ဒါကြောင့် တဲရော့ကတ်မှာ အိမ် ၊ ပြန်လည်ပေါင်းစည်းခြင်း၊ ပွဲတော်ကျင်းပခြင်း၊ ကောင်းမွန်‌နွေးထွေးတဲ့နေရာဆိုတဲ့ အနက်အဓိပ္ပါယ်တွေ ပါနေတာပါ။လေထဲမှာ အမျိုးသားနဲ့ အမျိုးသမီး ပန်းစည်းတွေ ကိုင်မြှောက်ထားကြတာဟာ ဆူကိုထ့်ပွဲတော်ကို ကောင်းချီးပေးကျင်းပတဲ့ပုံစံပဲ ဖြစ်ပါတယ်။ ဆူကိုထ့်ပွဲတော်ရာသီကို ဂျူးလူမျိုးတွေက " ငါတို့ရဲ့ အပျော်ရွှင်ရဆုံးချိန် " လို့ ဆိုကြပါတ
ယ်

-တုတ်လေးချောင်းကတ်ဟာ အိမ်၊ ‌နွေးထွေးလုံခြုံသောနေရာ၊သတင်းကောင်းတွေရောက်လာခြင်း၊ ငွေကြေးအရ ခိုင်မာလုံခြုံစိတ်ချရမှု၊ ပျော်ပွဲရွှင်ပွဲ၊ ဘာသာရေးပွဲများ၊ နေမကောင်းသူများ ပြန်လည်ကျန်းမာလာခြင်း စတဲ့အဓိပ္ပါယ်များစွာပါ၀င်သော ကောင်းမွန်သော နိမိတ်ဆောင်တဲ့ကတ်လေးပဲ ဖြစ်ပါတယ်


💫Agatha All Along ထဲမှာပါတဲ့ တဲရော့ကတ်လေးတွေရဲ့အကြောင်းဖတ်ကြည့်ရအောင်ပါ 💫1. The Death (သေမင်းကတ်)- Death ကတ်ကို ဘ၀မှာ ရု...
02/11/2024

💫Agatha All Along ထဲမှာပါတဲ့ တဲရော့ကတ်လေးတွေရဲ့အကြောင်းဖတ်ကြည့်ရအောင်ပါ 💫

1. The Death (သေမင်းကတ်)

- Death ကတ်ကို ဘ၀မှာ ရုတ်တရက်ဆိုသလို အပြော
င်းအလဲတွေ ဖြစ်လာ၊ ကြုံလာရချိန်မှာ ရတက်ပါတယ်
ရှိရင်းစွဲ အလုပ်အကိုင်ကထွက်ရခြင်း၊ပြီးဆုံးသွားရမယ့် အချစ်ရေးတစ်ခု အဆုံးသတ်သွားရချိန်မျိုးမှာ Death ကတ်ကိုရပါတယ်။ Death ကတ်ဟာ Soul level ထိ နာကျင်ရတဲ့ကတ်လည်းဖြစ်သလို တစ်ချိန်တည်းမှာလည်း အဟောင်းတွေပြီးဆုံးသွားပြီး အသစ်ပြန်လည်စတင်မွေး‌ဖွား Rebirth ဖြစ်တဲ့ ကတ်လည်းပဲ ဖြစ်ပါတယ်

2. Three of swords (ဓားသုံးချောင်း )

- နှလုံးသားကွဲကြေရခြင်း၊ ပူဆွေးမှုနဲ့ ၀မ်းနည်းနာကျင်ရခြင်းတို့ရဲ့ သင်္ကေတဖြစ်တဲ့ဒီကတ်ဟာ ပုံမှာပြထားသလို
အသည်းနှလုံးကို ဓားသုံးချောင်းစိုက်ထားတာကို မြင်ရမှာပဲ ဖြစ်တယ်။ ဓားသုံးချောင်းဟာ အချစ်ရေးမှာ
လူသုံးယောက်ပါ၀င်ပက်သက်နေခြင်း (သုံးပွင့်ဆိုင်ဖြစ်
ခြင်း ) ၊ ၀မ်းနည်းစရာတွေရောက်လာခြင်း၊ လမ်းခွဲရခြင်း
တို့ရဲ့ နိမိတ်လည်း ဖြစ်ပါတယ်။ လူနှစ်ယောက်ရဲ့အချစ်
ရေးမှာ တတိယလူ (Third party ) ၀င်ရောက်လာသော ကတ်ဖြစ်ပါတယ်

3. Queen of cups ( ခွက်ဘုရင်မ)

‌- မေတ္တာရေးအမျိုးသမီးကတ်ဟာ ကတ်ဖတ်သူကို ရည်ညွှန်းတာဖြစ်နိုင်သလို ကတ်လာဖတ်သူရဲ့ဘ၀မှာ မိမိကိုချစ်ခင်ဂရုစိုက်တက်သော အမျိုးသမီးတစ်ယောက်
( အမေ၊ အစ်မ) ကဲ့သို့သော လူမျိုးကို ဟော‌ပေးရတဲ့အခါမှာလည်း ရတက်ပါတယ်။ ခွက်ဘုရင်မဟာ မိမိကိုယ်တိုင်ထက် အခြားသူများရဲ့အရေးကိုပိုပြီး ဂရုစိုက်တက်သူ၊ စောင့်ရှောက်တက်သူဖြစ်ပါတယ်။မိမိရဲ့ဘ၀မှာအချစ်ရေး အလွန်အေးချမ်းပြီး အချစ်ကံကောင်းနေတဲ့အခါမျိုးမှာလည်း ဒီကတ်ကို ရတက်ပါတယ်

4. Tower ( မျှော်စင်)

- အပျက်အစီး၊ ပြိုလဲခြင်း၊ငလျင်ကဲ့သို့သော သဘာ၀
ဘေးအန္တရယ်များ။ ကိုယ့်ရဲ့ဘ၀မှာ တည်ဆောက်ထားတဲ့
အရာမှန်သမျှ ရုတ်တရက် အဆောက်အအုံတစ်ခု ပြိုကျ
ပျက်စီးသလို လျင်မြန်လွန်းတဲ့ အဆုံးသတ်တွေဖြစ်လာရချိန်မျိုး ဒီကတ်ကို ရတက်ပါတယ်။ အလုပ်မှာ ရုတ်တ
ရက်ပြသနာတွေပေါ်လာပြီး အလုပ်ထွက်လိုက်ရတာ၊ ကိုယ့်ရဲ့ချစ်သူက ရုတ်တရက်လမ်းခွဲစကား‌ပြောလာတာ
မျိုး၊ ရုတ်ချည်းပြောင်းလဲသွားတဲ့အပျက်အစီးတွေကိုတာ
ဝါကတ်က ပြနေပါတယ်။နာမ်ပိုင်းဆိုင်ရာအရ တည်ဆော
က်ထားတဲ့အရာတွေအားလုံးပျက်စီးသွားပြီး လူသစ်စိတ်သစ် ပြန်လည်စတင်ဖို့ Tower Period ကို လူတိုင်းကြုံရ
တက်ပါတယ်

5. Three of pentacles (ငွေဒင်္ဂါးသုံးပြား )

- ပြောဆိုဆွေးနွေးခြင်း၊ လေ့လာသင်ယူခြင်း
နယ်ပယ်တစ်ခုကို အသစ်စတင် ၀င်‌ရောက်ခြင်း ၊ အလု
ပ်သင်အနေနဲ့ လုပ်ငန်းခွင်မှာစတင်အလုပ်ကိုင်တဲ့အချိန်
မျိုးမှာ ဒီကတ်ကို ရတက်ပါတယ်။ အလုပ်ကိစ္စ၊ စီးပွား
ရေးနဲ့ ပက်သက်လို့ ဆွေးနွေးရတဲ့အခါမျိုးမှာလည်း ဒီကတ်ကို ရတက်ပါတယ်

6.The High priestess ( မယ်တော်ကြီး )

- မိမိရဲ့ Intuition ( နှလုံးသားကအလိုလိုသိစိတ်ဖြင့် နားလည်ခြင်း ) အလိုအလျောက်သိခြင်း Instinct နောက်ကိုလိုက်ပြီး ယုံကြည်ရာကို လုပ်ဖို့အတွက် ဒီကတ်ကို ရ
တက်ပါတယ်။ ဒီကတ်ကိုရတဲ့သူတွေက တဲရော့ဟောတဲ့သူတွေလို နိမိတ်ဖတ်နိုင်ခြင်း၊ အလိုလို စိတ်ကနေ သိစိတ်
Instinct ရှိတဲ့သူတွေ ဖြစ်နေတက်ပါတယ်။ ကိစ္စတစ်ခုခုကိုမေးမြန်းလာတဲ့အခါမှာ မေးလာသူရဲ့သိစိတ်အတိုင်း ယုံကြည်လက်ခံပါလို့ ဟောရတဲ့အခါမျိုးမှာ ဒီကတ်ကို ရတက်ပါတယ်


  Stone သို့မဟုတ် Adder Stoneခိုရာလိုင်းရုပ်ရှင်ထဲမှာ ခိုရာလိုင်းကလေးသရဲလေးတွေရဲ့ မျက်လုံးတွေကို အလည်မှာအပေါက်ပါတဲ့ကျောက...
21/10/2024

Stone သို့မဟုတ် Adder Stone

ခိုရာလိုင်းရုပ်ရှင်ထဲမှာ ခိုရာလိုင်းကလေးသရဲလေးတွေရဲ့ မျက်လုံးတွေကို အလည်မှာအပေါက်ပါတဲ့ကျောက်တုံးလေးသုံးပြီး လိုက်ရှာတဲ့ ဇာတ်၀င်ခန်းကို မှတ်မိကြမှာပါ။
ဒီကျောက်တုံးလေးတွေက အပြင်မှာလည်း တကယ်ရှိပြီး လက်တွေ့မှာလည်း မှော်အစွမ်းရှိတယ်လို့ရှေးက ယုံကြ
ည်ကြပြီး ကံကောင်းသောအဆောင်အဖြစ် အသုံးများပါတယ်။ မြွေကိုက်ရင်ဖြေဆေးအနေနဲ့လည်းသုံးကြပြီး ကျောက်တုံးအပေါက်ထဲကနေ ဖြတ်ပြီးကြည့်ရင် နတ်
သူငယ် (ဖယ်ရီ)တွေကို မြင်နိုင်တယ်လို့လည်း ဒဏ္ဌာရီရှိပါတယ်။ ကျောက်တုံးရဲ့အပေါက်ကနေကြည့်ရင် ဘယ်သူက စုန်းဟုတ်တယ်၊ မဟုတ်ဘူးဆိုတာလည်း ခွဲခြားလို့ ရနိုင်ပါတယ်တဲ့

ဒီကျောက်တုံးကလေးတွေဟာ မြစ်၊ ချောင်း၊ပင်လယ် ရေတိုက်စားမှုကနေ တဖြေးဖြေးသဘာ၀အတိုင်း ဖြစ်လာတဲ့ကျောက်တုံးလေးတွေဖြစ်ပါတယ်။ ရေရဲ့သဘောက
ကုသနိုင်တဲ့အစွမ်းရှိတာမို့ ကြာရှည်တိုက်စားခြင်းခံရတဲ့အခါ ကျောက်တုံးတွေမှာလည်း အစွမ်းရှိလာတဲ့သဘောလို့ ထင်ပါတယ်။ ၀ယ်တာတို့၊ သူများပေးတာတို့ထက် ကိုယ်တိုင်မြစ်ဘေးချောင်းဘေးမှာကောက်လာရလာတဲ့
Hag stone တွေဟာ ပိုစွမ်းပါသတဲ့

ခေါင်းအုံးအောက်ထားအိပ်ရင် အိပ်မက်ဆိုးတွေကနေ ကာကွယ်ပေးတယ်။ သင်္ဘောသားတွေ ရေလမ်းခရီးမှာ
အန္တရယ်ကင်းအဆောင်အနေနဲ့လည်း အသုံးပြုကြတယ်
အိမ်ရဲ့တံခါးမကြီးမှာ ချိတ်ဆွဲထားရင် မကောင်းတဲ့ ဝိညာဉ်ဆိုးတွေရန်က အကာအကွယ်ပေးပါသတဲ့
လည်ပင်းမှာဆွဲကြိုးအနေနဲ့ ဆွဲထားရင် တော်တန်ရုံ ဖျားတာနာတာ ပျောက်ပါသတဲ့

Ten of swords ( Mythology)တဲရော့ကတ်တွေထဲမှာ ဓားဆယ်ချောင်းဆိုတဲ့ကတ်ကို မြင်လိုက်ရင် လူတစ်ယောက်ပင်လယ်ကမ်းစပ်တစ်နေရာမှာလဲနေ...
30/07/2024

Ten of swords ( Mythology)

တဲရော့ကတ်တွေထဲမှာ ဓားဆယ်ချောင်းဆိုတဲ့ကတ်ကို မြင်လိုက်ရင် လူတစ်ယောက်ပင်လယ်ကမ်းစပ်တစ်နေရာမှာလဲနေတယ်။ သူ့နောက်ကျောကို ဓားဆယ်ချောင်းတိတိစိုက်နေတဲ့ သနားစရာကောင်းတဲ့ မြင်ကွင်းကို မြင်ရပါလိမ့်မယ်။ သူ့ရဲ့နောက်ခံဒဏ္ဍာရီ (mythology) ကလည်း အတော်လေးသနားစရာကောင်းတဲ့အထဲပါပါတ
ယ်။ ကနေဒါနိုင်ငံ အင်ယုရိုးရာပုံပြင်ထဲမှာ ဆတ်ဒ်နဆိုတဲ့ ပင်လယ်နတ်ဘုရားမတစ်ပါးရှိတယ်။ ဆတ်ဒ်နက ပင်
လယ်ပြင်နဲ့ပင်လယ်ရေနေသတ္တဝါတွေကို ပိုင်ဆိုးတဲ့နတ်ဘုရား၊ တံငါသည်‌တွေပင်လယ်မှာ ငါးဖမ်းထွက်မယ်ဆိုရင် သူ့ကို အရင်ဂါရ၀ပြုကြရတယ်။ သူသဘောမကျရင် ပင်လယ်ရေလှိုင်းကြီးတာတို့ လှေတွေကို နှစ်မြှုပ်တာတို့ လုပ်တက်တယ်လို့ ဆိုတယ်

နတ်ဘုရားဖြစ်မလာခင် ဆတ်န်ဒကို ကနေဒါနိုင်ငံမြောက်ဘက်ပိုင်းက တံငါရွာတစ်ရွာမှာမွေးခဲ့တယ်။အရွယ်မရောက်ခင် အမေဆုံးသွားလို့ သူ့အဖေနဲ့ပဲ နေရတယ်။ အဲ့ဒီ့ခေတ်အခါတုံးက သူတို့ရွာမှာငါးတွေ၊ အစားအသောက်တွေ၊အ၀တ်အစားအတွက် သားမွေး၊အမွှေးပွတွေကို အရမ်းလိုချင်မက်မောခဲ့ကြတာ။ ဆတ်ဒ်နကတော့ အဲ့ဒီ့အရာတွေကို ကိုယ့်ဘာသာရှာနိုင်တဲ့မိန်းမသားတစ်ဦး ၊ သူက ရဲရင့်ပြီး သန်မာတယ်။ ငါးကောင်းကောင်းဖမ်းနိုင်တယ်။ အမဲကောင်းကောင်းလိုက်နိုင်တယ်။ သူ့ကို တင်တောင်းတဲ့သူ အများအပြားရှိပေမယ့် ဆတ်ဒ်န်က စိတ်မ၀င်စားခဲ့ဘူး။ တစ်ရက်မှာ ရုပ်ရည်သန့်ပြန့်တဲ့လူစိမ်းတစ်ယောက်က သူတို့အိမ်ဆီရောက်လာပြီး ငါးတွေ၊ အစားအသောက်တွေ၊ အ၀တ်အစားတွေ ၊ သားမွေး၊ စောင်တွေအလုံအလောက်‌ထောက်ပံ့ပေးနိုင်တယ်ဆိုပြီး လက်ထပ်ဖို့ကမ်းလှမ်းတယ်။ ဆတ်ဒ်နက လက်တွေ့သမား၊ သူကိုယ်တိုင်က လက်ကြောတင်းတဲ့သူမို့လား မသိ (ခံစားရသလောက်က )ဒါတွေဒါတွေထောက်ပံ့ပေးနိုင်တယ်ဆိုပြီး လက်တွေ့ဆန်ဆန် အိမ်ထောင်ရေးကိုရွေးချယ်ခဲ့တယ်ထင်ပါတယ်။ အဲ့လိုနဲ့ သူ့ယောက်ျားနော
က်လိုသွားပြီး သူ့အဖေကတော့ ရွာမှာကျန်ခဲ့တယ်

~ သူယောက်ျားရှိတဲ့ကျွန်းမှာနေရင်း တဖြေးဖြေးနဲ့မှ သိလာရတာက သူ့ယောက်ျားက ပုံစံအမှန်က လူမဟုတ်ပဲ
ဒဏ္ဌာရီလာငှက်သတ္တဝါတစ်ကောင်ဖြစ်နေပြီး လူယောင်
ဖန်ဆင်းထားတာကို သိလာရသလို၊ သူ့ကို ကတိပေးထား
သမျှအားလုံးကလည်း အလိမ်တွေဆိုတာသိလာရပြီး
သူစိတ်ညစ်နေတဲ့အချိန် သူ့အဖေကလည်း စိတ်ပူပြီး ကျွန်းဆီလိုက်လာ ရောက်လာတယ်။ ဆတ်ဒ်နကအကြော
င်းရင်းကို ပြောပြလိုက်ပြီး သူ့အဖေက သူ့ယောက်ျားဖြစ်တဲ့( ငှက်) ကို သတ်လိုက်တယ်။ ငှက်သေပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်လုံးအိမ်ပြန်လာကြတယ်။ အိမ်ကိုပြန်လာတဲ့ လမ်းမှာ စောစောက ဆတ်ဒ်နယောက်ျားငှက်သေတာကို‌သိသွားတဲ့ ဒဏ္ဌာရီလာငှက်အုပ်စုက သူတို့ထဲက တစ်ယောက်သေသွားတာ သိသွားပြီး လက်စားချေဖို့ လိုက်အလာ ၊ အဲ့ငှက်တွေက ပင်လယ်လှိုင်းတွေကို ဖန်
တီးနိုင်တယ်။လှေက ယိမ်းခါနေတုံး ငှက်တွေက သူတို့ကို သတ်ဖို့ထိုးဆိတ်နေကြချိန်မှာ ဆတ်ဒ်နရဲ့အဖေက ကြံရာမရဖြစ်နေပြီး သူ့သမီးကို အေးခဲနေတဲ့ရေရှိရာ( ပင်လယ်)
ထဲကိုတွန်းချလိုက်တယ်။ ဆတ်ဒ်နကလည်း ကြောက်ကြောက်နဲ့ လှေလက်ရန်းကို ကိုင်ထားတာပေါ့။ ငှက်တွေကလည်းအလွတ်မပေး ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်မှာ ဆတ်ဒ်နရဲ့အဖေက သူ(ဆတ်ဒ်န)ရှိနေသရွေ့ ငှက်တွေက "ငါ့နောက်လိုက်လာကြမှာပဲ ငါတော့မလွတ်တော့ဘူး"ဆိုပြီးသူ့သမီးအရင်းရဲ့လှေလက်ရန်းကိုကိုင်ထားတဲ့လက်ဆစ်တွေကို ဓားနဲ့ ပိုင်းချပစ်လိုက်တယ်။ ပြောရရင် sacrifice သဘောမျိုး။ဆတ်ဒ်နဟာ ဟိုးနက်ရှိုင်းတဲ့ ပင်
လယ်ရေခြောက်နက်ကြီးထဲကိုကျသွားခဲ့တယ်။ သူ့ရဲ့ ပြတ်ထွက်သွားတဲ့လက်ဆစ်နေရာတွေကနေ သွေးတွေ
ထွက်လာကြပြီး ထိုသွေးတွေမှတစ်ဆင့် ပင်လယ်ရေနေ
သတ္တဝါလေးတွေဖြစ်လာကြတယ်လို့ ဆိုတယ်

လူရင်း/ လူယုံသတ်တယ်။ နောက်ကျောကဓားနဲ့ထိုးတယ်
ဆိုတဲ့ နိမိတ်ပုံအဟောတိုင်းမှာ ဒီကတ်ကို ရလေ့(ကျလေ့)
ရှိတယ်။ အရင်ကပြောဖူးသလိုပဲ တဲရော့ကတ်က စိတ်ခံစားချက်အရဖတ်ရတာမို့ ခံစားချက်ပေါ်မူတည်ပြီး
ပြောင်းလဲဖတ်ရှုရပါတယ်

ပန်းချီခံစားမှုအရပြောရရရင်လည်း Pamela Colman Smith ဆွဲခဲ့တဲ့ကတ်ပြားတွေက အရောင်နိမိတ်ပုံအမြင်
အပြင် သူက အရောင်ကိုမှ ဥပမာ ဓားကတ်ဆိုပါစို့ ၁၄
ကတ်ရှိတဲ့အထဲမှာမှ ဓားတွေက များသောအားဖြင့်
စိတ်ရှုပ်ထွေးနေရတာကို ဖော်ပြတယ်။ သူ့စိတ်ရှုပ်ထွေး
တဲ့အရောင်အသုံးအနှုန်းတစ်ခုချင်းက အသေးစိတ်
ကျလွန်းတယ်။ ကတ်တစ်ကတ်နဲ့တစ်ကတ် အပြာနုချင်း
တူရင်တောင် ခံစားမှုပြင်းအား သုံးထားတဲ့ကာလာပြင်းအားမတူပြန်ဘူး။ မီးခိုးပြာဆိုလည်း မီးခိုးပြာပါးပါးလေး
နည်းနည်းလေး မဆိုသလောက်အရောင်ပိုတင်ထားတဲ့
မီးခိုး ဖြစ်နေတာမျိုး သူက Tone တွေကို တော်တော်လေးပိုင်ပြီး ကစားထားတယ်လို့ ခံစားရတယ်

ဒီကတ်ရဲ့ပုံပြင်လေးကတော့ ကုန်သည်တွေကုန်ရောင်းရာ
ကနေ ပြန်လာတဲ့အချိန် ၊ ဝေစုခွဲပေးရမယ့်အချိန်ပေါ့
အဲ့အချိန်မှာ ဝေစုခွဲမပေးချင်တဲ့အတွက် သူငယ်ချင်း ( မိတ်ဆွေဖြစ်သူ) လူရင်းကနေ အားလုံးနဲ့ပူးပေါင်းကြံ
စည်ပြီး ကမ်းခြေမှာသတ်ဖြတ်ပြီး ‌ချန်ထားခဲ့ဖို့ လုပ်ကြသတဲ့

-လူတွေအများကြီးက ကုန်သည်ကို ပူးပေါင်းကြံစည်တယ်ဆိုတာကို ဓားတွေအများကြီးကို ကြည့်ရင်သိနိုင်တယ်

-ကောင်းကင်ကိုအနက်ရောင်သုံးထားတာက အတော်လေးလှတယ်။ သူ့ဘ၀ဟာ ကံဆိုးမိုးမှောင်ကျနေတယ်ဆိုတာမျိုး နေ့သစ်ကို မမြင်ရတော့ဘူးဆိုတာမျိုး၊ နာကျင်စရာအဆုံးသတ်သွားပြီဆိုတာမျိုးပဲ

-တဲရော့မှာ The Death ဆိုတဲ့ကတ်ကို ကြည့်ရင်သိပါလိမ့်မယ်။ အဆုံးဟာ တစ်နည်းအားဖြင့် အစဖြစ်တယ်တဲ့
အစဖြစ်တယ်ဆိုတာကို သူ့ရဲ့ယေရှု့ခရစ်တော်ထံ ရှင်သန်
ရခြင်းကြောင့် ကောင်းချီးပေးနေသောလက်ရဲ့သဏ္ဍာန်ကို
ကြည့်ရင် သူဟာမသေသေဘူး။ ကံကောင်းထောက်မစွာ
နဲ့ အသက်ရှင်နေသေးတယ်။ ဒီလို ရှင်သန်နေသေးတဲ့အ
တွက် သူ၀မ်းမြောက်တယ်ဆိုတာကို အဲ့ဒီ့လက်သင်္ကေ
တကို ကြည့်ရင် သိနိုင်တယ်

-အနောက်ဘက်က နေထွက်လာတယ်။ နေရောင်ခြည်က
ဖြေးဖြေးကလည်း ဖြာပြီးလင်းလာတယ်။ နေ၏ အလင်း
ရောင်က အပေါ်ကမှောင်မဲနေတဲ့တိမ်မဲတွေကို အလင်းက
ဖြေးဖြေးချင်းဖောက်ထွက်သွားတယ်။ အဆုံးသတ်ဟာ
တစ်နည်းအားဖြင့် အစဖြစ်သတဲ့ ဆတ်ဒ်နဟာ" ပင်လယ်
နတ်ဘုရားမ"ဖြစ်လာခဲ့သလို ကုန်သည်ဟာလည်း တစ်ဖန်
သူ့ဘ၀ဟာ အစပျိုးလိမ့်မယ်ဆိုတဲ့ နိမိတ်ဖြစ်တယ်

ဂျူလိုင် ၂၁ ရက်ကနေ ဂျူလလိုင် ၃၁ ရက်နေ့အထိ ၁၂ ရာသီခွင် အဟောပဲ ဖြစ်ပါတယ်
21/07/2024

ဂျူလိုင် ၂၁ ရက်ကနေ ဂျူလလိုင် ၃၁ ရက်နေ့အထိ ၁၂ ရာသီခွင် အဟောပဲ ဖြစ်ပါတယ်

Grounding (အိမ်ကိုပြန်သွားခြင်း)နဲ့ Other tactics to boost your mood~Grounding(အိမ်ကိုပြန်ရောက်တယ်)ဆိုတာဟာ အဒိုတို့တွေဟာ...
23/05/2024

Grounding (အိမ်ကိုပြန်သွားခြင်း)နဲ့ Other tactics to boost your mood

~Grounding(အိမ်ကိုပြန်ရောက်တယ်)ဆိုတာဟာ အဒိုတို့တွေဟာ လက်ရှိပစ္စပ္ပုန်မှာ စိတ်ရောခန္ဓာကိုယ်ရော အပြည့်အ၀ရှိနေခြင်းကို ခေါ်ပါတယ်။ ခရီးသွားတဲ့အခါ၊ ပင်လယ်ကမ်းခြေနားမှာရပ်နေတဲ့အခါ မျက်နှာကိုလေအေးတွေဖြတ်တိုက်သွားတဲ့အခါ ရလာတဲ့အေးချမ်းအေးဆေးပြီး တည်ငြိမ်၊ငြိမ်သက်သွားမှု ခံစားချက်မျိုးကို Grounding ဖြစ်တယ်လို့ ခေါ်ပါတယ်။နေရာအသစ်ကိုသွားမှ ခရီးသွားမှ လူဟာ Grounding ဖြစ်နိုင်တာမဟုတ်ပါဘူး။ နေ့စဉ်ဘ၀မှာလည်း grounding ဖြစ်နေအောင် တည်ငြိမ်နေအောင် သက်တောင့်သက်သာစိတ်အခြေနေလေး ဖြစ်နေအောင် ဖန်တီးနေလို့ရတာတွေရှိပါတယ်

Grounding ဖြစ်ဖို့က အရေးကြီးသလားမေးရင်အရေး
ကြီးပါတယ်။ ကိုယ်ကစိတ်ဖိစီးမှုတွေများနေမယ် မိမိကိုယ်တိုင်ရဲ့ အတွေးဒရမ်မာတွေထဲမှာ ပိတ်နေရင် ဘယ်လိုလုပ် လုပ်ချင်တာတွေ ရှေ့ဆက်ချင်တဲ့လမ်းတွေ အဆင်ပြေပြေနဲ့ လျောက်နိုင်မလဲနော်။ အဲ့ဒါကြောင့် စိတ်အဆင်ပြေနေဖို့ တည်ငြိမ်နေဖို့ Grounding ဖြစ်နေဖို့က အရေးကြီးတာပါ

~ပတ်၀န်းကျင်တွေကလာတဲ့ ပြသနာအများစုဟာ ကိုယ့်ရဲ့အတွင်းကသာ သန်မာနေရင် အေးချမ်းငြိမ်သက်နေရင် ဘယ်လိုလောကဓံဖြစ်ဖြစ် ရင်ဆိုင်နိုင်ပါလိမ့်မယ်။ ကိုယ့်ရဲ့အတွင်းက မသန်မာရင် အပြင်ကလာတဲ့အရာတွေဟာ အလွယ်တကူကိုယ့်ရဲ့တည်ရှိမှုအခြေနေကို trigger ဖြစ်စေပြီး ပြိုလဲစေပါလိမ့်မယ်။ စိတ်အတွင်းကို သန်မာနေအောင် ငြိမ်သက်နေအောင်လုပ်ဖို့ လိုတာပေါ့နော်။ အခြေနေပေါ်မူတည်ပြီး Counselling တွေ Therapist တွေလည်း ပြဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း လူတိုင်းကတော့ Therapist ပြဖို့ အချိန် ငွေကြေး အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ကိုယ့်ကိုကိုယ် အချိန်ပေးပြီးဂရုစိုက်ရင်လည်း စိတ်အခြေနေအပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ စိတ်ရှည်ရှည်နဲ့ ကြာကြာဂရုစိုက်ဖို့ လိုပါတယ်

Grounding နေ့စဉ် ဖြစ်မယ်ဆိုရင် သန်မာခြင်း ငြိမ်သက်ခြင်းရဲ့အစပါပဲ။ ဖြစ်နိုင်ရင် အတိတ်ကိုရော အနာဂတ်ကိုရော မစဉ်းစားပဲ ပစ္စပ္ပုန်မှာပဲနေတာအကောင်းဆုံးပါ ။ သတိကပ်ထားပါ

Grounding ဖြစ်တဲ့အခြေနေမှာ လုပ်စရာရှိတာတွေလုပ်ရတာနဲ့ စိတ်ဖိစီးမှုများနေတဲ့အချိန်အလုပ်လုပ်နေရတာ မတူပါဘူး။ လက်ရှိမှာ လူရောစိတ်ရောကျန်းမာနေပါမှ အနာဂတ်အတွက် အဆင်ပြေစေမယ့်အလုပ်တွေကို လုပ်နိုင်မှာဖြစ်ပါတယ်

အိမ်ပြန်ရောက်ရတာကို သဘောကျပါတယ်။ အဲ့ဒါကြောင့် နည်းလမ်းလေးတွေရှာပြီးနေဖြစ်ပါတယ်။ အောက်ဘက်ကနည်းလမ်းတွေကတော့ ကိုယ့်ကိုကိုယ်ဂရုစိုက်တဲ့နည်းလမ်းတွေဖြစ်ပါတယ်

22/01/2024

Sagittarius ♐ ရာသီခွင်တွေအတွက် ဇန်နဝါရီ ၂၁ ရက်မှ ဇန်နဝါရီ ၃၁ ရက်အတွင်း General Reading ပဲ ဖြစ်ပါတယ် 🧡🩵

https://youtu.be/OYsTTsPkrLA?si=dUebUJsWcHJiltL9

22/01/2024

Capricorn ♑ရာသီခွင်တွေအတွက် ဇန်နဝါရီ ၂၁ ရက်မှ ဇန်နဝါရီ ၃၁ ရက်အတွင်း General Reading ပဲ ဖြစ်ပါတယ် 🧡🩵

Address

Thingangyun

Telephone

+959777528699

Website

Alerts

Be the first to know and let us send you an email when Do Do's Tarot For Destiny posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Do Do's Tarot For Destiny:

Share