DHANE - ငါးကြီးဆီဖြင့် ကျန်းမာရေးကိုဂရုစိုက်ပါ

  • Home
  • DHANE - ငါးကြီးဆီဖြင့် ကျန်းမာရေးကိုဂရုစိုက်ပါ

DHANE - ငါးကြီးဆီဖြင့် ကျန်းမာရေးကိုဂရုစိုက်ပါ ငါးကြီးဆီသည် နှလုံးကိုအားဖြည့်ပေး?

***နှလုံးကို အာဟာရဖြစ်စေတယ်။***သွေးကြောများပိတ်ဆို့ခြင်းကို ကာကွယ်ပေးသည်။ နှလုံးခုန်မမှန်ခြင်းကို လျှော့ချပေးသည်။***သွေး...
31/05/2023

***နှလုံးကို အာဟာရဖြစ်စေတယ်။

***သွေးကြောများပိတ်ဆို့ခြင်းကို ကာကွယ်ပေးသည်။ နှလုံးခုန်မမှန်ခြင်းကို လျှော့ချပေးသည်။

***သွေးတိုးကို လျှော့ချပါ။

***သွေးကြောများချဲ့ရန်ကူညီပေးသည်။ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေသည်။

***ကျန်းမာရေး၊ မှတ်ဉာဏ်နှင့် ဦးနှောက်ကို ထိန်းသိမ်းပေးသည်။

***မှတ်ဉာဏ်အာရုံကြောအမျှင်များကို ပျက်စီးစေသော ဦးနှောက်အတွင်းရှိ အမျှင်များထုတ်လုပ်မှုကို လျှော့ချပေးသည်။

***သွေးတွင်း ကိုလက်စထရောကို လျော့ကျစေသည့် အာနိသင်ရှိသည်။

***သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးနိုင်ပြီး နှလုံးသွေးကြောဆိုင်ရာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။
ကျန်းမာတဲ့ အသားအရေနဲ့ ဆံပင်ကို ထိန်းသိမ်းပေးတယ်။ ဆဲလ်များယိုယွင်းမှုကို နှေးကွေးစေသည်။
သွေးတွင်း triglyceride ပမာဏကို လျှော့ချပေးသည်

***Migraine ခေါင်းကိုက်ခြင်းကို လျှော့ပေးသည်

***သွေးတိုးရောဂါကို ကာကွယ်ပေးပါတယ်။

***အဆစ်အမြစ်ရောင်ရမ်းခြင်း ပြဿနာကို လျှော့ချပါ။
ဦးနှောက်ဆဲလ်များ၏ လုပ်ဆောင်မှုကို အားကောင်းစေသည်။

⬇️⬇️⬇️

Ph☎️09699123135

ငါးကြီးဆီနဲ့ ပတ်သက်လို့ အမေးများတဲ့ မေးခွန်းတွေ ။ ငါးကြီးဆီ ငါးကြီးဆီဆိုပြီး သောက်နေကြပေမယ့် သူ့မှာ ရှိတဲ့အကျိုးကျေးဇူးတ...
10/04/2023

ငါးကြီးဆီနဲ့ ပတ်သက်လို့ အမေးများတဲ့ မေးခွန်းတွေ ။

ငါးကြီးဆီ ငါးကြီးဆီဆိုပြီး သောက်နေကြပေမယ့် သူ့မှာ ရှိတဲ့အကျိုးကျေးဇူးတွေကို မသိတာ၊ ငါးကြီးဆီကို ဘယ်ပမာဏ လောက်သောက်သင့်လဲဆိုတာကို မသိတဲ့ သူတွေ အများကြီးရှိပါသေးတယ်။ ဒီတော့ ဇဝေဇဝါတွေဖြစ်ပြီး ငါးကြီးဆီနဲ့ ပက်သက်လို့ မေးချင်နေတဲ့ မေးခွန်းတွေ အများကြီးရှိလိမ့်မယ်လို့ ထင်ပါတယ်။

Q – တစ်နေ့ကို ငါးကြီးဆီ ဘယ်လောက်သောက်ရမှာလဲ ။ ။

ငါးလည်းကြိုက်တယ် ငါးလည်းစားဖြစ်တယ်ဆိုရင် EPA နဲ့ DHA 500 mg ညီမျှစွာပါတဲ့ ငါးကြီးဆီတွေကို တစ်ပတ်လျှင် ၃ လုံးလောက်သောက်ပေးရုံနဲ့ရပါတယ်။

ငါးကို လုံးဝမကြိုက်ဘူး ငါးလည်း မစားဘူးဆိုတဲ့သူတွေကတော့ EPA နဲ့ DHA 900 mg ပါတဲ့ ငါးကြီးဆီကို တစ်နေတစ်လုံး သောက်ပေးဖို့လိုအပ်ပါတယ်။ ။

Q – ငါးကြီးဆီထဲမှာပါတဲ့ omega-3 fatty acids ကို ဘယ်ကနေရသလဲ ။ ။
အန်ကိုဗီငါး၊ ဆာဒင်းငါးနဲ့ မက်ကရယ်ငါးတို့လိုမျိုး ရေအေးဒေသမှာနေထိုင်တဲ့ အဆီများတဲ့ ငါးတွေကနေ အဓိကရပါတယ်။ EPA and DHA တို့ကိုတော့ အစေ့အဆံတွေနဲ့ နှမ်းကြတ်စေ့တို့ကနေ ရပါတယ်။

Q – ငါးတွေမှာ မာကျူရီပါတယ်ဆိုတော့ ငါးကြီးဆီမှာရော မာကျူရီ အဆိပ်ပါဝင်လား

ငါးတော်တော်များများမှာ ပါဝင်တဲ့ မာကျူရီတွေကို သေချာလေ့လာစမ်းသပ်မှုမျိုးတွေ မရှိပေယမ့် ငါးကြီးဆီမှာတော့ မာကျူရီပါဝင်မှု ကို စမ်းသပ်ပြီး မရှိဘူးဆိုတာ သေချာမှ ထုတ်ထားတဲ့အတွက်ကြောင့် ငါးကြီးဆီကို စိတ်ချသောက်လို့ရပါတယ်။

Q – ကပ်ဆူးအပျော့တောင့် ကြည်ကြည့်လေးတွေ အပြင် ငါးကြီးဆီကို ဘယ်လိုပုံစံမျိုးတွေနဲ့ ရနိုင်သလဲ ။

ငါးကြီးဆီ တော်တော်များများကို အကြည်ရောင် ကပ်ဆူးလ်အပျော့လေးတွေနဲ့ထုတ်တာပါ။ ဒါပေမယ့် တစ်ချို့ ကပ်ဆူးလ်တောင့်ကို မျိုချလို့မရတဲ့ မွေးကင်းစကလေးတွေ၊ အသက်ကြီးတဲ့သူတွေ အတွက်တော့ ငါးကြီးဆီအရည်ရှိပါတယ်။

Q – အားကစားသမားတွေရော ငါးကြီးဆီသောက်ရင် စိတ်ချရသလား။ ။

ငါးကြီးဆီဟာ နှလုံးကို အားကောင်းစေတယ်၊ ကြွက်သားတွေကိုသန်မာစေတယ်၊ အဆစ်အမြစ်တွေကို ကြံ့ခိုင်စေတာကြောင့် အားကစားသမားတွေ ငါးကြီးဆီသောက်လို့ရပါတယ်။

Q – ငါးကြီးဆီကို ဘယ်အချိန်မှာ သောက်ရင်အကောင်းဆုံးလဲ ။ ။

အဆီပုံစံ ြဖည့်စွက်စာတစ်မျိုးဖြစ်လို့ အစားနဲ့အတူတွဲသောက်တာ အကောင်းဆုံးပါ။

Q – အားအင်ကိုလည်း ဖြည့်စွမ်းပေးနိုင်မယ်၊ ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်ကိုလည်းလိုချင်တယ်ဆိုရင် ငါးကြီးဆီသောက်ရမှာလား ။
ငါးကြီးဆီမှာ အားအင်ကို ပြန်ဖြည့်ပေးတဲ့ အာနိသင်ရော ၊ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်ရော ရှိတာကြောင့် ငါးကြီးဆီကသာ အသင့်တော်ဆုံးပါ။

.com

ငါးကြီးဆီ၏ ကောင်းကျိုးများငါးကြီးဆီဟာ အစားအသောက် စားချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ Appetide ကို မြင့်မားစေပါတယ်။ အထူးသဖြင့်...
09/04/2023

ငါးကြီးဆီ၏ ကောင်းကျိုးများ
ငါးကြီးဆီဟာ အစားအသောက် စားချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ Appetide ကို မြင့်မားစေပါတယ်။ အထူးသဖြင့် ငါးကြီးဆီဟာ အစာအိမ်ထဲ ရောက်တဲ့အခါ Red Corpuscles လို့ခေါ်တဲ့ သွေးနီဥတွေကို များလာစေပါတယ်။ အစားအသောက် စားချင်စိတ်ကို မြင့်မားစေပြီး ကိုယ်ခံအားကို တက်စေတယ်။ သွေးခုန်နှုန်းက သန်စွမ်းပြီး လူကလည်း ကျန်းမာသန်စွမ်းလို့ အာဟာရဓာတ်တွေ ပြည့်ဝစေမှာဖြစ်ပါတယ်။



အကယ်၍ ကိုယ်ဝန်ဆောင်သည်တွေနဲ့ နို့တိုက်မိခင်တွေဟာ နေ့စဉ်စားသောက်နေတဲ့ အာဟာရဓာတ်တွေထဲမှာ ငါးကြီးဆီဓာတ်ကို ဖြည့်ပေးလိုက်မယ်ဆိုရင် ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ မျက်ကြည်လွှာကို ပိုမိုဖွံ့ဖြိုးလာစေတဲ့အပြင် ဉာဏ်ရည်ပိုင်းကိုလည်း တိုး
တက်မြင့်မားစေပါတယ်။



ငါးကြီးဆီမှာ ပါဝင်တဲ့ ဗီတာမင် ဒီဟာ ကလေးငယ်တွေမှာ Ricket လို့ခေါ်တဲ့ ကလေးအရိုးပျော့ ရောဂါမဖြစ်အောင် ကာကွယ်တားဆီးနိုင်ပါတယ်။ လေ့လာစမ်းသပ်မှု တစ်ခုအရ ငါးကြီးဆီပေးထားတဲ့ ကလေး ၃၇ ယောက်ကို ခြောက်လလောက် ပေးကြည့်အခါ ကလေးအရိုးပျော့ ရောဂါ မဖြစ်အောင် ကာကွယ်နိုင်တဲ့နှုန်းက ၉၂ ရာခိုင်နှုန်း ရှိတာ တွေ့ရပါတယ်။ ရောဂါပိုးမွှားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးနိုင်ပြီး အဆိပ်အတောက်တွေကို ခုခံပေးနိုင်ပါတယ်။



ကိုယ်ဝန်ဆောင်သည်တွေမှာ ငါးကြီးဆီ သောက်သုံးမယ်ဆိုရင် အသက်လေးနှစ်အရွယ်မှာ ကလေးတွေရဲ့ IQ လို့ခေါ်တဲ့ ဉာဏ်ရည်တိုးတက်လာတာ တွေ့ရပါတယ်။ ကလေးငယ်တွေကိုလည်း ပေါင်ချိန်တိုးတက်စေပါတယ်။ ဒါ့အပြင် လေ့လာစမ်းသပ်မှုတွေအရလည်း ကင်ဆာ၊ ဆီးချိုသွေးချို၊ အရိုးကျိုးခြင်း၊ အရိုးနှင့် ကြွက်သားနာခြင်း၊ သွေးတွင်းအဆီ စတာတွေကိုပါ ကောင်းမွန်စေတယ်ဆိုတာ တွေ့ရပါတယ်။



Cod Liver Oil နဲ့ Fish Oil ဘာကွာလဲ


ငါးကြီးဆီလို့ ခေါ်နေကြပေမယ့် တကယ်တော့ Cod Liver Oil က ပိုပြီး ဗီတာမင်အေ ပမာဏ ဗီတာမင်ဒီ ပိုများပြီး ကျန်းမာရေးကို ပိုပြီးအထောက်အကူပြုပါတယ်။
#7887 Healthcare call center

❗❗📣 4.4 အတွက်အထူးလျှော့ ဈေး 1 Free 1  # ဒီည 10 နာရီအထိသာ ပေးသည် မနက်ဖြန်ဝယ်ယူလို့မရတဲ့ အခွင့်အရေး* ဗူးရေအကန့်အသတ်နဲ့ပေး ...
04/04/2023

❗❗📣 4.4 အတွက်အထူးလျှော့ ဈေး 1 Free 1 # ဒီည 10 နာရီအထိသာ ပေးသည်

မနက်ဖြန်ဝယ်ယူလို့မရတဲ့ အခွင့်အရေး

* ဗူးရေအကန့်အသတ်နဲ့ပေး ထားတာမို့ အမြန်ဆုံးမှာယူ လိုက်ပါ

☎☎09955099111
#သွေးတိုး

အူမကြီးကင်ဆာ၏ ရောဂါလက္ခဏာများအူမကြီးကင်ဆာသည် အသက် ၅၀ ကျော်တွင် အများဆုံးဖြစ်ပွားလေ့ရှိသည်။ အူမကြီးကင်ဆာဖြစ်ပွားလျှင် ဝမ်...
07/02/2023

အူမကြီးကင်ဆာ၏ ရောဂါလက္ခဏာများ
အူမကြီးကင်ဆာသည် အသက် ၅၀ ကျော်တွင် အများဆုံးဖြစ်ပွားလေ့ရှိသည်။ အူမကြီးကင်ဆာဖြစ်ပွားလျှင် ဝမ်းသွားသည့် အမူအကျင့် ပြောင်းလဲလာသည်။ ကြာရှည် ဝမ်းချုပ်နိုင်သလို၊ ကြာရှည် ဝမ်းပျက်နိုင်သည်။ ပျက်လိုက်ချုပ်လိုက် ဖြစ်နေတတ်ပါသည်။ ဝမ်းသွားသည့်အခါ ဝမ်းသွား၍ မပြီးသကဲ့သို့ ခံစားရသည်။ ဝမ်းသွားရာ၌ အချွဲ၊ သွေးတို့ ပါနိုင်သည်။ ဗိုက်ပြည့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ လေပွခြင်းတို့ ဖြစ်နိုင်သည်။ ဗိုက်တွင် အလုံးကို စမ်းသပ်မိနိုင်သည်။ လူနာသည် မောပန်းနွမ်းနယ်မှုကို ခံစားရပြီး၊ ကိုယ်အလေးချိန်လည်း လျော့ကျလာနိုင်သည်။ အူမကြီးကင်ဆာသည် ဝမ်းခေါင်းဘယ်ဘက်ပိုင်းရှိ အောက်ဘက်ဆင်းသည့်အပိုင်း (descending colon) တွင် အဖြစ်များသည်။



ယင်းနေရာတွင် ၅၀ ရာခိုင်နှုန်း ဖြစ်ပွားသည်။ အခြား ဖြစ်ပွားသည့် နေရာမှာ စအိုအတွင်းပိုင်း ဖြစ်သည်။ ဝမ်းဗိုက်ဘယ်ဘက်ရှိ အူမကြီးကင်ဆာနှင့် ညာဘက်ပိုင်းရှိ အူမကြီးကင်ဆာတို့သည် ရောဂါလက္ခဏာချင်း မတူချေ။ ဘယ်ဘက်ပိုင်းတွင် ဖြစ်သည့် အူမကြီးကင်ဆာကြောင့် စအိုမှ ချွဲနှင့်သွေးတို့ ထွက်သည်။ ကင်ဆာကြောင့် အူကျဉ်းသွားသဖြင့် ဝမ်းချုပ်လာသည်။ ထို့နောက် အူပိတ်ပြီး ဝမ်းလုံးဝ မသွားခြင်း၊ ဗိုက်ဖောင်းခြင်း၊ လေမလည်ခြင်း၊ အန်ခြင်းတို့ ဖြစ်သည်။ ညာဘက်ပိုင်းတွင် အူမကြီးကင်ဆာဖြစ်လျှင် လူနာသည် တဖြည်းဖြည်းနေထိုင်မကောင်းမှုကို ခံစားရခြင်း၊ ကင်ဆာမှ သွေးကြာရှည်ထွက်သဖြင့် ဖြူဖပ်ဖြူရော်ဖြစ်ကာ ရင်တုန်ခြင်း စသည့် သွေးအားနည်း ရောဂါ လက္ခဏာများ ပေါ်လာခြင်း၊ ခံတွင်းပျက်ခြင်း၊ ပိန်လာခြင်း၊ ဝမ်းဗိုက်ညာဘက်၌ အလုံးစမ်းမိခြင်း၊ ထို့နောက် အူပိတ်ခြင်း၊ အူပေါက်ခြင်းတို့ ဖြစ်လာနိုင်သည်။



စအိုလမ်းကြောင်းတွင် ကင်ဆာဖြစ်လျှင် စအိုမှ သွေးနှင့်ချွဲ ကျခြင်း၊ ဝမ်းသွားသည့် အခါ ချွဲများသာသွားခြင်းတို့ ဖြစ်နိုင်သည်။ အူမကြီးကင်ဆာသည် သွေးပြန်ကြောမှတစ်ဆင့် အသည်း၊ အဆုတ်၊ ဦးနှောက်၊ အရေပြား၊ အရိုးများသို့ ပျံ့နှံ့တတ်သည်။ အသည်းသို့ပျံ့နှံ့လျှင် အသည်းကင်ဆာ ဖြစ်သည်။ ယင်းသို့ဖြစ်ပေါ်မှုမှာ တစ်ခါတစ်ရံ မူလ အူမကြီးကင်ဆာဖြစ်မှု စတင်ချိန်၊ အူမကြီးကင်ဆာ၏ လက္ခဏာများ ပြသမှု မရှိသေးသည့်အချိန်တွင် ဖြစ်ပွားတတ်သည်။ ထိုအခါ အသည်းကြီးခြင်း၊ရေဖျဉ်းစွဲခြင်းတို့ကို ခံစားရသည်။ အူမကြီးကင်ဆာသည် ပုံစံ ၄ မျိုးဖြင့် ဖြစ်ပွားနိုင်သည်။ ကွင်းပုံ (annular)၊ ပြွန်ပုံ (tubular)၊ အနာပုံ (ulcer) နှင့် ပန်းဂေါ်ဖီပုံ (cauliflower) တို့ဖြစ်သည်။
#7887 Healthcare

အစာအိမ် ရောင်တဲ့အခါ ဒါတွေရှောင်ပါအစာအိမ် ရောင်တဲ့အခါ ဒါတွေရှောင်ပါ …. ဘာတွေလဲဆိုတော့ အစာအိမ် ရောင်ပြီဆိုရင် –အကြမ်းဖျင်း...
04/02/2023

အစာအိမ် ရောင်တဲ့အခါ ဒါတွေရှောင်ပါ
အစာအိမ် ရောင်တဲ့အခါ ဒါတွေရှောင်ပါ …. ဘာတွေလဲဆိုတော့ အစာအိမ် ရောင်ပြီဆိုရင် –
အကြမ်းဖျင်း အားဖြင့်တော့ အစာအိမ် ရောင်တဲ့အခါ အချဉ်၊ အစပ် မပါတဲ့ အစာ ပျော့ပျော့ပဲ စားရမှာပါ။ ရှောင်သင့်တဲ့ အရာတွေ အကြောင်း အသေးစိတ်လေး ပြောရရင်တော့ –

ဆီကြော်နဲ့ အဆီများတဲ့ အစားအစာတွေ ၊
ချဉ်ဖတ် နဲ့ အချဉ်တည် ထားတာတွေ၊ ဆားရည်စိမ်တွေ၊
အငန် နဲ့ အစပ်ကဲတဲ့ အစားအစာတွေ၊
ကော်ဖီ၊ လက်ဖက်ရည်၊ နဲ့ ကဖင်းများတဲ့ သောက်စရာတွေ၊
အရက် နဲ့ ဘီယာလို အယ်လ်ကိုဟောတွေ၊
အချဉ်စူးတဲ့ အသီးတွေ နဲ့ ဖျော်ရည်တွေ၊
ဂက်စ် ပါတဲ့ အချိုရည်ဘူးတွေ၊
ရေခဲမုန့် လိုမျိုး ပျစ်နှစ် နေတဲ့ နို့ထွက်ပစ္စည်းတွေ၊ ချိစ်များတဲ့ မုန့်တွေ ရှောင်သင့်ပါတယ်။
ဒါ့အပြင် အမဲသား၊ ဝက်သားတို့လို အသားတွေကို များများမစားသင့်ပါဘူး။

အစာ စားရင် တစ်ခါတည်း အများကြီး ပြည့်အင့်နေအောင် မစားပါနဲ့။ အချိန် သတ်မှတ်ပြီး နည်းနည်းချင်း ခွဲပြီးစားပါ။ ပမာဏ များများ ဖိစား လိုက်တဲ့အခါ အစာအိမ်ကို ဝန်ပိစေနိုင်လို့ပါ။
ဘာတွေစားလို့ရမလဲ

ဒီအချိန်မှာ –

ပန်းသီး၊ အုတ်ဂျုံ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ပဲ တို့လို အမျှင်ဓာတ် များတဲ့ အစားအစာတွေ၊
ငါး၊ ကြက်ရင်ပုံသား တို့လို အဆီ နည်းတဲ့ အစားအစာတွေ၊
ဂက်စ် မပါတဲ့ အချိုရည်တွေ၊
ကဖင်း မပါတဲ့ သောက်စရာတွေ က သင့်တော်ပါတယ်။
ကောင်းကောင်းအနားယူပါ။

အစာအိမ် ရောင်တဲ့ အချိန်မှာ ခန္ဓာကိုယ်က ရောဂါပိုးကိုတိုက်ထုတ်ဖို့ အနားယူဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝအောင် အိပ်ပါ၊ တစ်နေ့တာမှာ လှုပ်ရှားမှုသိပ်မများအောင် ဂရုစိုက်ပါ။ အပင်ပန်း မခံဘဲ နားနားနေနေ နေပါ။

ကျောက်ကပ်မှာပြဿနာရှိကြောင်း သိနိုင်တဲ့လက္ခဏာ (၁၀) ခု(၁) အရမ်းပင်ပန်း၊ အားကုန်နေတာ ဒါမှမဟုတ် အာရုံစူးစိုက်လို့မရတာကျောက်က...
03/02/2023

ကျောက်ကပ်မှာပြဿနာရှိကြောင်း သိနိုင်တဲ့လက္ခဏာ (၁၀) ခု
(၁) အရမ်းပင်ပန်း၊ အားကုန်နေတာ ဒါမှမဟုတ် အာရုံစူးစိုက်လို့မရတာ

ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းမှုပြင်းထန်ရင်သွေးထဲမှာ အဆိပ်အတောက်တွေစုပုံလာစေနိုင်ပြီးသွေးညစ်စေပါတယ်။ အဲဒီအခါ လူတွေက ပင်ပန်းအားနည်းလာပြီး အာရုံစိုက်မရတာတွေဖြစ်လာနိုင်ပါတယ်။နောက်ဆက်တွဲပြဿနာနောက်တစ်ခုကတော့သွေးအားနည်းတာပဲဖြစ်ပါတယ်။
(၂) အိပ်မပျော်တာ

ကျောက်ကပ်ကကောင်းကောင်းစစ်မထုတ်နိုင်တော့ ဆီးထဲကိုစွန့်ထုတ်မယ့်အစားသွေးထဲမှာ အဆိပ်အတောက်တွေကျန်နေတာပေါ့။ ဒီလိုဖြစ်လာရင် အိပ်စက်မှုပြဿနာရှိလာနိုင်ပါတယ်။ အဝလွန်ခြင်းနဲ့ နာတာရှည်ကျောက်ကပ်ရောဂါက ဆက်နွှယ်မှုလည်းရှိနေပြီး ကျောက်ကပ်ရောဂါရှိသူတွေမှာ အိပ်စက်မှုပြဿနာတွေပိုအဖြစ်များတာတွေ့ရပါတယ်။
(၃) အသားခြောက်ပြီး ယားတာ

ကျန်းမာတဲ့ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေက ကဏ္ဍအတော်များများမှာ အရေးပါပါတယ်။ကျောက်ကပ်က ခန္ဓါကိုယ်ထဲက အရည်ပိုတွေနဲ့အညစ်အကြေးတွေကို ဖယ်ရှားစွန့်ထုတ်ပေးတယ်၊သွေးနီဥဆဲလ်တွေဖြစ်လာအောင်ကူညီပေးတယ်၊ အရိုးတွေကြံ့ခိုင်ဖို့ထောက်ပံ့တယ်၊သွေးထဲမှာ သတ္တုဓါတ်ပမာဏတွေ ထိုက်သင့်သလောက်ထိန်းထားနိုင်အောင်လုပ်ဆောင်တယ်။ အသားအရေခြောက်သွေ့ပြီး ယားယံနေတာကကျောက်ကပ်ရောဂါနဲ့ဆက်နွှယ်နေတဲ့ သတ္တုဓါတ်ချို့တဲ့မှု သို့မဟုတ် အရိုးရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။
(၄) ဆီးခဏခဏသွားချင်နေတာ

အထူးသဖြင့် ညဘက်မှာဆီးခဏခဏသွားချင်တာကျောက်ကပ်မှာ ပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။ကျောက်ကပ်ရဲ့စစ်ထုတ်စနစ်မှာ ထိခိုက်နေတဲ့အခါ ဆီးခဏခဏသွားချင်လာနိုင်ပါတယ်။ တစ်ခါတလေ ဒီလိုဖြစ်တာဟာ ဆီးလမ်းကြောင်းပိုးဝင်တာ ဒါမှမဟုတ် အမျိုးသားတွေမှာ ဆီးကျိတ်ရောင်တာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

(၅) ဆီးထဲမှာသွေးပါတာ

ကျောက်ကပ်ကျန်းမာနေရင်သွေးထဲက အညစ်အကြေးတွေကို ဆီးအဖြစ်နဲ့စွန့်ထုတ်လိုက်တဲ့အခါ ခန္ဓါကိုယ်ထဲကသွေးကလာပ်စည်းတွေကို ထိန်းသိမ်းကာကွယ်ပေးပါတယ်။ ဒါပေမယ့်ကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်က ယိုယွင်းနေတဲ့အခါသွေးကလာပ်စည်းတွေက ဆီးထဲကို စတင်ယိုစိမ့်လာနိုင်ပါတယ်။ ဆီးထဲသွေးပါတာဟာ ကျောက်ကပ်ရောဂါရှိတယ်လို့အချက်ပြတာဖြစ်နိုင်သလို အကျိတ်ရှိနေတာ၊ကျောက်ကပ်ကျောက်တည်တာ၊ရောဂါပိုးဝင်တာတစ်ခုခုရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။

(၆) ဆီးကအမြှုပ်တွေထတာ

ဆီးခွက်နဲ့သွားရင် အမြှုပ်ထတာအနည်းငယ်ရှိတာပုံမှန်ဖြစ်ပေမယ့် အမြှုပ်ကသိပ်များနေတယ်ဆိုရင် ၊ အထူးသဖြင့် ဆီးသွားပြီးရေအခါခါလောင်းချနေရတယ်ဆိုရင် ဆီးထဲမှာ ပရိုတင်းတွေရှိတာကိုဖော်ပြပါတယ်။ ဒါဟာ ဆီးထဲမှာalbumin လို့ခေါ်တဲ့ပရိုတင်းတစ်မျိုးရှိနေတာကိုဖော်ပြတာဖြစ်ပါတယ်။

(၇) မျက်လုံးမို့အစ်နေတာ

ဆီးထဲမှာပရိုတင်းရှိနေတာဟာကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်မကောင်းတဲ့ အစောပိုင်းလက္ခဏာဖြစ်ပါတယ်။ ပရိုတင်းတွေကို ခန္ဓါကိုယ်ထဲမှာထိန်းပေးရမယ့်အစား ကျောက်ကပ်က ဆီးထဲကို ပရိုတင်းတွေအများကြီးစွန့်ထုတ်ပေးတာကြောင့် မျက်လုံးမို့အစ်နေတာဖြစ်ပါတယ်။
(၈)ခြေကျင်းဝတ်နဲ့ခြေထောက်တွေရောင်ရမ်းတာ

ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းတဲ့အခါ ဆိုဒီယမ်တွေစုနေစေပြီးခြေကျင်းဝတ်နဲ့ခြေထောက်ကိုရောင်ရမ်းစေပါတယ်။ခြေထောက်အောက်ပိုင်းအဖျားတွေမှာရောင်ရမ်းတာက နှလုံးရောဂါ၊ အသည်းရောဂါနဲ့ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

(၉) အစာစားချင်စိတ်နည်းတာ

ဒါကတော့ အကြောင်းကြောင်းကြောင့် အဖြစ်များကြတဲ့ပြဿနာဆိုပေမယ့် တစ်ခါတလေတော့ကျောက်ကပ်ကြောင့်ဖြစ်လာနိုင်ပါတယ်။ကျောက်ကပ်က စစ်ထုတ်ဖယ်ရှားမပေးတဲ့ အဆိပ်အတောက်ဓါတ်တွေစုပုံလာတာက အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။

(၁၀) ကြွက်တက်တာ

ကျောက်ကပ်လုပ်ဆောင်ချက်တွေ ယိုယွင်းတဲ့အခါ Electrolyteတွေမညီမျှတော့ပါဘူး။ ဥပမာ – ကယ်လ်စီယမ်ပမာဏချို့တဲ့ပြီးဖော့စဖရပ်စ်ဓါတ်ထိန်းချုပ်မှုအားနည်းတာတွေကြောင့် ကြွက်တက်လာနိုင်ပါတယ်။

အဆုတ်မှာ ဖြစ်နိုင်တဲ့ ရောဂါ အမျိုးမျိုး ။ ။အဆုတ်လို့ဆိုလိုက်တာနဲ့ အဆုတ်ကင်ဆာ။ အဆုတ်ရောင်၊ အဆုတ်ပိုးဝင်၊ ပန်းနာရင်ကြပ် ၊ ...
02/02/2023

အဆုတ်မှာ ဖြစ်နိုင်တဲ့ ရောဂါ အမျိုးမျိုး ။ ။
အဆုတ်လို့ဆိုလိုက်တာနဲ့ အဆုတ်ကင်ဆာ။ အဆုတ်ရောင်၊ အဆုတ်ပိုးဝင်၊ ပန်းနာရင်ကြပ် ၊ တီဘီ လောက်သာသိကြတဲ့များပါတယ်။ တကယ်လည်း သူတို့က နာမည်ကြီး အဆုတ်ရောဂါတွေဖြစ်ပြီး ဖြစ်တဲ့သူတွေကလည်း အများကြီးပါ။ ဒါပေမယ့် အဆုတ်ဆိုတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေးမှာ ဖြစ်နိုင်တဲ့ ပြဿနာတွေ၊ ရောဂါတွေ အများကြီးပါ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။
လြေ့ပွန်ပိုင်းဆိုင်ရာ အဆုတ်ပြဿနာတွေ ။ ။
အဆုတ်တစ်ခုရဲ့ ဖွဲ့စည်းပုံအရ trachea ( လေပြွန်) ကနေ ဖြာထွက်လာတဲ့ လေပြွန်အတက်လေး bronchi တွေမှာ ဖြစ်တဲ့ ပြဿနာတွေကို လေပြွန်ပိုင်းဆိုင်ရာ ပြဿနာတွေအဖြစ် တစ်အုပ်စုထားပါတယ်။ သူတို့တွေကတော့

Asthama (ပန်းနာရင်ကြပ် )- ဓါတ်မတည့်တာတွေနဲ့ ထိမိတာကြောင့် လေပြွန်လေးတွေ တစ်ချိန်လုံးရောင်နေပြီး အသက်ရှူ့ကြပ်တဲ့ ပြဿနာတစ်ခုပါ။
Chronic obstructive pulmonary disease( လေပြွန်ပိတ်ဆို့ နာတာရှည်အဆုတ်ရောဂါ )- ဒါကတော့ ရှူသွင်းတဲ့နေရာမှာ ပြဿနာမရှိဘဲ ရှူထုတ်တဲ့ နေရာမှာ ပြဿနာရှိတဲ့ အဆုတ်ရောဂါတစ်မျိုးပါ။
Emphysema( လေအိတ်ပျက်စီး ရောဂါ) – လေအိတ်လေးတွေပျက်စီးပြီး ပိတ်ကုန်တာကြောင့် လေကို ပြန်ရှူထုတ်ရခက်တဲ့ ပြဿနာတစ်ခုပါ။
Chronic bronchitis ( နာတာရှည် လေပြွန်ရောင်ခြင်း) – COPD ရောဂါတစ်မျိုးဖြစ်ပြီး တစ်ချိန်လုံ သလိပ်ထချောင်းဆိုးနေတာက အဓိက ပြဿနာတစ်ခုပါ။
Acute bronchitis ( လောလောလတ်လတ် လေပြွန်ရောင်ခြင်း) – ဗိုင်းရပ်စ်ကြောင့်အဖြစ်အများဆုံဖြစ်တဲ့ အဆုတ်ပိုးဝင်ရောင်ရမ်းခြင်းပါ။
Cystic fibrosis – မျိုးရိုးဗီဇဆိုင်ရာ ရောဂါတစ်ခုဖြစ်ပြီး လေပြွန်တွေထဲက ချွဲတွေ ကောင်းကောင်းမရှင်းနိုင်တဲ့ ပြဿနာတစ်ခုပါ။ ဒီလိုနဲ့ အဆုတ်ပိုးဝင်တာတွေ ခဏခဏ ဖြစ်နေတော့မှာပါ။
လေအိတ်လေးတွေကို ထိခိုက်နိုင်တဲ့ အဆုတ်ပြဿနာတွေ ။ ။
Pneumonia( အဆုတ်ရောင်ခြင်း)- ဘက်တီးရီးယားကြောင့် အဆုတ်ပိုးဝင်ပြီးလေအိတ်လေးတွေ ရောင်ရမ်းကုန်ပါတယ်။
Tuberculosis ( တီဘီရောဂါ) -Mycobacterium tuberculosis ဘက်တီးရီးယား အကောင်ကြောင့်ဖြစ်တဲ့အဆုတ်တီဘီကလည်း လေအိတ်လေးတွေကို ထိခိုက်စေတဲ့အရာတစ်ခုပါ။
Emphysema – လေအိတ်တွေပျက်စီးတဲ့ရောဂါတစ်မျိုးဖြစ်ပြီး ဆေးလိပ်သောက်တဲ့သူတွေမှာ အများဆုံး တွေ့ရပါတယ်။
Pulmonary edema – အဆုတ်တွင်းရေစုတဲ့ ပြဿနာဖြစ်ပြီးလေအိတ်လေးတွေကို သွားဖိလို့ အသက်ရှူရကြပ်တဲ့ ပြဿနာတစ်ခုပါ။ နှလုံးညှစ်အားကျတဲ့ ပြဿနာ၊ အဆုတ်သွေးကြောတွေထိခိုက်တဲ့ ပြဿနာတွေက Pulmonary edema ဖြစ်ရခြင်း အကြောင်းတွေပါ။
အဆုတ်ကင်ဆာ – အဆုတ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်တဲ့ အဆုတ်ကင်ဆာက လေအိတ်လေးတွေကိုလည်းသွားထိနိုင်ပါတယ်။
Pneumoconiosis – အဆုတ်ကိုထိခိုက်နိုင်တဲ့ဓါတုပစ္စည်း၊ သတ္တုပစ္စည်းတွေ ရှူလိုက်မိရာကနေ ဖြစ်တဲ့ အဆုတ်ရောဂါ တစ်မျိုးပါ။ ကျောက်မီးသွေးမှုန့်တွေ၊ မီးသွေးမှုန့်တွေ ရှူမိတဲ့ အခါမျိုးတွေမှာပေါ့။
လေအိတ်ခြားအလွှာပါး (interstitium) လေးတွေမှာဖြစ်တဲ့ ပြဿနာတွေ
လေအိတ်လေးတွေ ကြားထဲမှာ ခြားထားတဲ့ interstitium ကိုသွားထိခိုက်တဲ့ အဆုတ်ပြဿနာတွေကတော့

Interstitial lung disease – Sarcoidosis,idiopathic pulmonary fibrosis( အဆုတ်ခဲခြင်း) ,နဲ့ autoimmune disease (ခုခံအားဆိုင်ရာ ပြဿနာ) တွေက လေအိတ်လေးတွေ ကြားထဲမှာ ခြားထားတဲ့ interstitium ကို ထိခိုက်နိုင်တဲ့ ပြဿနာတွေပါ။
Pneumonia ( အဆုတ်ရောင်ခြင်း) နဲ့ pulmonary edemas ( အဆုတ်မှာရေစုခြင်း) ကြောင့်လည်း interstitiumမှာ ထိခိုက်နိုင်ပါသေးတယ်။
အဆုတ်သွေးကြောတွေကို ထိခိုက်စေတဲ့ အဆုတ်ပြဿနာများ
အောက်ဆီဂျင် တွေ အဆုတ်ဆီ သယ်လာဖို့ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေအဆုတ်ကနေ ပြန်သယ်သွားဖို့အတွက် သွေးကြောတွေက အရေးပါတဲ့ အရာတစ်ခုပါ။ ဒီလို သွေးကြောတွေကို ထိခိုက်နိုင်တဲ့ အဆုတ်ပြဿနာတွေကတော့

Pulmonary embolism ( အဆုတ်သွေးခဲပိတ်) – ကိုယ်တွင်းတစ်နေရာက သွေးကြောမှာဖြစ်နေတဲ သွေးခဲလေးပြုတ်ထွက်သွားပြီး အဆုတ်ဆီသွားတဲ့ သွေးကြော Pulmonary artery မှာပိတ်တဲ့ပြဿနာတစ်ခုပါ။
Pulmonary hypertension – သွေးတိုးနဲ့ နှလုံး ပြဿနာတွေကြောင့် pulmonary arteries သွေးလွှတ်ကြောတွေထဲ ဖိအားတက်လာတဲ့ ပြဿနာပါ။
Pleura လို့ခေါ်တဲ့ အဆုတ်ပေါ်ဖုံးထားတဲ့ အလွှာပါးလေးကိုထိခိုက်တဲ့ ပြဿနာ။
Pleural effusion ( Pleura မှာအရည်စုခြင်း) – pleura အတွင်းမှာ ပုံမှန်ဆိုအရည်တွေရှိနေတတ်တယ်ဆိုပေမယ့် နှလုံးမညှစ်နိုင်တော့တာ၊ အဆုတ်ရောင်တဲ့ အခါမျိုးတွေမှာတော့ အရည်တွေပုံမှန်ထက်ပိုစုလာတတ်ပါတယ်။ ဒီလို အခါမျိုးမှာ အသက်ရှူရကြပ်တာ၊ ရင်ဘတ်အောင့်တာမျိုးတွေ ဖြစ်တတ်ပြီး အရည်တွေ စုပ်ထုတ်ဖို့လိုပါတယ်။
Pneumothorax – ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့် ( ဥပမာ ထိုးသွင်းဓါးဒဏ်ရာ) ကြောင့် အဆုတ်နဲ့ရင်ဘတ်ကြားထဲ လေဝင်သွားတဲ့ ပြဿနာပါ။
Mesothelioma – pleural မှာဖြစ်တဲ့ ရှားပါး ကင်ဆာတစ်မျိုးဖြစ်ပြီး ကျောက်မီးသွေးနဲ့ ထိတွေ့မှု များတာကြောင့် အဓိကဖြစ်ရတာပါ။

အရိုးပွရောဂါအကြောင်းသိထားသင့်သည်များNational Health Service က UK မှာ လူအယောက် သုံးသန်းလောက်က အရိုးပွရောဂါကို ခံစားနေရပြီ...
01/02/2023

အရိုးပွရောဂါအကြောင်းသိထားသင့်သည်များ
National Health Service က UK မှာ လူအယောက် သုံးသန်းလောက်က အရိုးပွရောဂါကို ခံစားနေရပြီး အရိုးကျိုးမှုပေါင်း ၂၃၀၀၀ လောက်ရှိနေတယ်လို့ဆိုပါတယ်။ အရိုးပွခြင်းဟာ National Osteoporosis foundation အရ USA မှာ ၄၄ သန်းသော လူတွေမှာ အရိုးပွရောဂါ ခံစားနေရပြီးဒါဟာ ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ NOF က အခုအခါမှာ လူဆယ်သန်းလောက်မှာ အရိုးပွရောဂါဖြစ်ပွားနေပြီး ၃၄ သန်းလောက်မှာတော့ အရိုးအလေးချိန်နည်းခြင်းရှိတာကြောင့် သူတို့ဟာလည်း အရိုးပွရောဂါ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။
အရိုးပွတယ်ဆိုတာဘာလဲ။
အရိုးပွသူတွေရဲ့ အရိုးဟာ ပါးပြီးတော့ အားနည်းတတ်ပါတယ်။ Osteo ဆိုတဲ့ စကားဟာ ဂရိဘာသာစကား Osteon ကနေ ဆင်းသက်လာပြီးတော့ အရိုးလို့အဓိပ္ပါယ်ရပြီး porosis ကတော့ အပေါက်၊ ဖြတ်သွားတဲ့ နေရာ လို့အဓိပ္ပါယ်ရပါတယ်။ Osteoporosis ဟာ အရိုးရဲ့ အရည်အသွေးကျဆင်းခြင်းဖြစ်ပြီး အရိုးတစ်ရှူးတွေကျုံ့လာခြင်းဖြစ်တယ် လို့ Medilexicon’s medical dictionary က ပြောထားပါတယ်။

လူတွေဟာ ပိုအသက်ရှည်လာကြပြီးတော့ အထိုင်များတဲ့ အလုပ်တွေကို လုပ်လာကြတာကြောင့် အရိုးပွခြင်းဟာလည်း ပိုမိုများပြားလာပါတယ်။ လေ့လာမှုတစ်ခုက မူဝါဒ ပြုလုပ်သူတွေနဲ့ Funding agencies တွေဟာ သူတို့ရဲ့ အစီအစဉ်တွေထဲမှာ ဒီကိစ္စကို လုံလောက်အောင်ထည့်သွင်း စဉ်းစားခြင်း မပြုဘူးလို့ဆိုပါတယ်။

အရိုးပွခြင်းကို မကာကွယ်ဘူးဆိုရင် (သို့) မကုသဘူးဆိုရင် သူဟာ ဘယ်လိုနာကျင်မှုမျိုးကိုမှ ဖြစ်ခြင်းမရှိပဲ ပိုမိုဆိုးရွားလာကာ အရိုးကျိုးတဲ့အထိ ဖြစ်နိုင်ပါတယ်။ အများဆုံးကတော့ တင်ပါးဆုံရိုး၊ ကြောရိုးမနဲ့ လက်ကောက်ဝတ်က အရိုးတွေ ကျိုးနိုင်ပါတယ်။ တင်ပါးဆုံရိုးကျိုးခြင်းဟာ ဆေးရုံတက်ဖို့လိုအပ်ပြီး ခွဲစိတ်ကုသမှုလည်း လိုအပ်ပါတယ်။ သူဟာ မကုသရင် ယေဘုယျ အားဖြင့် လမ်းမလျှောက်နိုင်ခြင်းနဲ့ နောက်ဆုံးမှာ သေဆုံးခြင်းကို ပါ ဖြစ်စေနိုင်ပါတယ်။ ကျောရိုးမနဲ့ ကျောရိုးအဆစ်တွေကျိုးခြင်းကတော့ ခါးနာခြင်းနဲ့ ပုံပျက်ခြင်းတွေ ဖြစ်စေတတ်ပါတယ်။
အရိုးပွခြင်းရဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲ။
အရိုးပွခြင်းဟာ အချိန်များစွာ ကြာမြင့်တဲ့အထိ တဖြည်းဖြည်း ဆိုးဝါးလာတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ စစချင်းမှာ ဘာလက္ခဏာမှ မပြပဲ သူ့ကို သတိထားမိဖို့ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။ အရိုးပွခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့

မတ်တပ်ရပ်ရန် ခက်ခဲခြင်း

ထိုင်ရန် ခက်ခဲခြင်း။ ဒီလိုပုံစံမျိုးဟာ အရိုးပွရောဂါ ဖြစ်ပွားနိုင်တဲ့ အသက်ကြီးတဲ့ သူတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။

တကယ်လို့ အရိုးသိပ်သည်းဆ (သို့) အလေးချိန်ဟာ ပိုပြီး လျော့ကျလာမယ်ဆိုရင် တင်ပါးဆုံရိုး၊ လက်ကောက်ဝတ်နဲ့ ကျောရိုးမထဲမှာ ရှိတဲ့ အရိုးကျိုးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ချောင်းဆိုး၊ နှာချေခြင်းကတောင် အရိုးကျိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။

အသက်ကြီးတဲ့သူတွေမှာ အရိုးကျိုးတဲ့အခါ အရိုးဟာ သူကိုယ်တိုင် ပြန်ပြီး မပြုပြင်နိုင်တော့တာကြောင့် ပိုခံစားရပါတယ်။ ဒီလို မပြုပြင်နိုင်တော့တဲ့ အရိုးတွေဟာ အဆစ်ရောင်ခြင်းကိုဖြစ်စေပြီး နောက်ဆုံးမှာ လူနာကို မသန်စွမ်းဖြစ်စေနိုင်ပါတယ်။ အသက်ကြီးသူ များစုဟာ အရိုးကျိုးပြီးရင် နောက်ပိုင်းမှာ မမှီခိုပဲ နေနိုင်သူ ရှားပါးပါတယ်။
အရိုးပွခြင်းဟာ နာကျင်ခြင်းမရှိပေမယ့် ဒီအခြေအနေဟာ အရိုးတွေကို ပိုမိုလွယ်ကူစွာ ကျိုးစေနိုင်ပြီး အရိုးကျိုးခြင်းကတော့ အလွန်နာကျင်စေပါတယ်။ အရိုးပွခြင်းနဲ့ ဆက်စပ်နေတဲ့ အဖြစ်များတဲ့ နာတာရှည် နာကျင်မှုတစ်ခုကတော့ ကျောရိုးမ ကျိုးခြင်းပဲ ဖြစ်ပါတယ်။

ဘယ်အရာတွေက အရိုးပွခြင်းဖြစ်ပွားနှုန်းကို ပိုမိုမြင့်တက်စေသလဲ။ ဘယ်ရောဂါတွေက အရိုးပွခြင်းနဲ့ ဆက်စပ်နေပါသလဲ။

အရိုးပွခြင်းဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့ အရာတွေ အများအပြားရှိပါတယ်။ သူတို့တွေကတော့

လိင် (အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အရိုးပွခြင်းနှစ်ဆ ပိုမိုဖြစ်နိုင်ပါတယ်။ ဒီအတွက် အကြောင်းရင်းနှစ်ခုရှိပြီး ပထမတစ်ခုကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဘဝစစချင်းမှာ အရိုးနည်းပါးပါတယ်။ ဒုတိယတစ်ခုကတော့ အမျိုးသမီးတွေက အသက်ပိုရှည်ကြပါတယ်။ နောက်ဆုံးတစ်ခုကတော့သွေးဆုံးခြင်းဟာ အရိုးဆုံးရှုံးမှုကို ဖြစ်စေတဲ့ estrogen ကျဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်)
အသက် – အသက်ကြီးလာတာနဲ့ အမျှ အရိုးအလေးချိန်လည်း ကျဆင်းလာတတ်ပါတယ်။ လူတစ်ယောက်သေဆုံးချိန်အထိ အရိုးအလေးချိန်ဟာ ဆက်တိုက်ကျဆင်းလာတာ ဖြစ်ပါတယ်။
ချာချာလည်အောင် မူးခြင်း – ကိုရီးယား သိပ္ပံပညာရှင်တွေက မူးခြင်းနဲ့ အရိုးပွခြင်းနဲ့ ဆက်စပ်မှုကို တွေ့ရှိခဲ့ပါတယ်။
HIV – HIV ရှိသူတွေမှာ အရိုးပွနှုန်း ပိုများပါတယ်။
အစာအိမ်ကင်ဆာ – အစာအိမ်ကင်ဆာ အသက်ရှင်သူတွေဟာ အရိုးပွရောဂါခံစားကြရပြီး သူတို့ အသက်ကြီးလာရင် အရိုးကျိုးတာမျိုးတွေ ပိုဖြစ်တယ်လို့ ဆောင်းပါးတစ်ခုက ရှင်းပြပါတယ်။
လူမျိုးစု – အသားဖြူတဲ့သူတွေ (သို့) တောင်အာရှသူတွေဟာ အရိုးပွခြင်းကို အာဖရိက (သို့) တောင်၊ မြောက်အမေရိက အင်ဒီးယန်း ဆင်းသက်သူတွေနဲ့ ယှဉ်ရင် ပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဖြစ်နိုင်ခြေဟာ လူတိုင်းအတွက် သိသာပါတယ်။
မိသားစု ရာဇဝင် – နီးကပ်တဲ့ မိသားစုထဲမှာ အရိုးပွတာ ဖြစ်ဖူးသူရှိရင် သူတို့ကိုယ်တိုင်လည်း ဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။
ကိုယ်ခန္ဓါ သေးသူများ – ကိုယ်ခန္ဓါသေးသူတွေဟာ အသက်ကြီးလာချိန်မှာ ပိုအရိုးပွနိုင်ပါတယ်။ ဒါဟာ သူတို့အသက်ကြီးလာချိန်မှာ သူတို့အရိုးပမာဏက အခြားသူတွေထက် ပိုနည်းလို့ဖြစ်ပြီး အရိုးသိပ်သည်းဆ လျော့နည်းလာလို့ဖြစ်ပါတယ်။
ဆေးလိပ်သောက်ခြင်း – ဘာကြောင့်လဲ သေချာ မပြောနိုင်ပေမယ့် ဆေးလိပ်သောက်ခြင်းဟာ အရိုးပွခြင်းကို ပိုမိုဖြစ်စေပါတယ်။
Estrogen နဲ့ ထိတွေ့မှုရှိခြင်း – အသက်ကြီးမှ သွေးဆုံးသူတွေဟာ estrogen ပမာဏ ကျဆင်းသွားတာကြောင့် အသက်ငယ်ငယ် သွေးဆုံးသူတွေနဲ့ ယှဉ်ရင် ပိုပြီးတော့ အရိုးပွရောဂါ ဖြစ်နှုန်းနည်းပါတယ်။
အစာစားခြင်းနဲ့ ပတ်သက်တဲ့ရောဂါများ – အစာစားခြင်းနဲ့ ပတ်သက်တဲ့ရောဂါ ရှိသူတွေဟာ အရိုးပွခြင်း ပိုမိုဖြစ်နိုင်ပါတယ်။
နှလုံးရောဂါနဲ့ Alzheimer’s disease – Rice University က သုတေသနတစ်ခုက သုတေသီတွေက နှလုံးရောဂါ၊ Alzheimer’s ရောဂါနဲ့ အရိုးပွခြင်းဟာ ဆက်စပ်မှု ရှိနိုင်တယ်လို့ဆိုပါတယ်။

အတက်ရောဂါ အတွက် အရေးကြီး ကာကွယ်ကုသမှုများအတက်ရောဂါဆိုတာ ဦးနှောက်ရဲ့ ပုံမှန်လုပ်ဆောင်မှု ပျက်စီးတဲ့အခါ ဖြစ်တတ်တဲ့ ဦးနှောက...
30/01/2023

အတက်ရောဂါ အတွက် အရေးကြီး ကာကွယ်ကုသမှုများ
အတက်ရောဂါဆိုတာ ဦးနှောက်ရဲ့ ပုံမှန်လုပ်ဆောင်မှု ပျက်စီးတဲ့အခါ ဖြစ်တတ်တဲ့ ဦးနှောက်မူမမှန် လက္ခဏာရပ်ဖြစ်ပါတယ်။ ဒီရောဂါဟာ လူတစ်ယောက်ကို လဲကျစေ, ကတုန်ကယင်ဖြစ်စေပြီး လက်ရှိဘာဖြစ်နေလဲဆိုတာ မသိနိုင်လောက်အောင် အာရုံကို ပျက်ယွင်းစေပါတယ်။
၁။ အတက်ရောဂါကိုဘယ်လို တားဆီးနိုင်သလဲ?
အောက်ပါ နည်းလမ်းများအားဖြင့်တားဆီးနိုင်ပါတယ်။

– ကိုယ်ဝန်နှင့်ကလေးမွေးဖွားချိန်မှာ တက်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် သင်နှင့်ကလေး ကျန်းကျန်းမာမာ ဖြစ်စေဖို့ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုလမ်းညွှန်ချက်တွေ အတိုင်းလိုက်နာရန်အရေးကြီးပါတယ်။

– ဦးနှောက်ဒဏ်ရာဟာ အတက်ရောဂါအဖြစ် အများဆုံးအကြောင်းဖြစ်ပါတယ်။ အားကစားလုပ်နေစဉ် သို့မဟုတ် ကားမောင်းနေစဉ်ဦးနှောက်ဒဏ်ရာရခြင်းကို တားဆီးဖို့အတွက် ခမောက်သို့မဟုတ်လုံခြုံပစ္စည်းကိရိယာများဝတ်ဆင်ပါ။
သွေးတိုးခြင်းနှင့် ကူးစက်ရောဂါတွေကလည်း အတက်ရောဂါဖြစ်ဖို့ ဦးနှောက်အပေါ်သက်ရောက်မှုရှိနိုင်ပါတယ်။ ထိုကဲ့သို့သောပုံမမှန်မှုတွေက်ု သေချာအောင်ကုသပါ။

– အတက်ရောဂါဟာ လေဖြတ်ခြင်းနှင့်နှလုံးရောဂါ၏ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ပါတယ်။ ရောဂါကို ကာကွယ်တားဆီးဖို့တတ်နိုင်သမျှလေဖြတ်ခြင်းနှင့်နှလုံးရောဂါ၏အခွင့်အလမ်းတွေကိုလျှော့ချဖို့ကြိုးစားပါ။

– ကာကွယ်ဆေးထိုးခြင်းဖြင့်လည်း ဒီရောဂါကို တားဆီးနိုင်ပါတယ်

-သင်ရဲ့ လက်ကိုဆေးကြောခြင်းနှင့်အစားအစာသန့်ရှင်းအောင် ပြင်ဆင်ထားရန်လိုပါတယ်။
၂။ အတက်ရောဂါကို ဘယ်လိုကုသနိုင်သလဲ။
ကုသမှု များစွာရှိသော်လည်း, အသုံးအများဆုံးမှာ
ဆေးဝါးများ

သင့်မှာ အတက်ရောဂါရှိရင် သင်၏ဆရာဝန်ကဦးနှောက်ထဲမှာ ရောဂါပြန့်ပွားမှု ကန့်သတ်ရန် Anti – seizure ဆေးဝါးများသတ်မှတ်ပေးပါလိမ့်မယ်။ လုနာအများစုကတော့ ဆေးရဲ့ ရောဂါပေါ်သက်ရောက်မှုကို တွေ့ကြပါတယ်။

ခွဲစိတ်ခြင်း

ခွဲစိတ်ကုသတယ်ဆိုတာ သင်၏အသက်အန္တရာယ်ဖြစ်စေနိုင်သည့်အလားအလာရှိသော ဦးနှောက်ဧရိယာများကို အတက်ရောဂါပြန့်ခြင်းအတွက် လိုအပ်နိုင်ပါတယ်။ တစ်ခါတစ်ရံ ဆေးဝါးများနှင့် ရောဂါထိန်းချုပ်မှု ပိုမိုလွယ်ကူစေရန်ခွဲစိတ်မှု အသေးစားတွေ လုပ်ကြပါတယ်။

အခြား သောကုသမှုများ

– ဆေးဝါးများနှင့်ခွဲစိတ်မှုတွေက အလုပ်မလုပ် လျှင်, သင့်အနေနဲ့ အာရုံကြောနှိုးဆွနည်း , ketogenic အစားအစာစားခြင်းလို အခြားရွေးချယ်စရာတွေ သုံးနိင်ပါတယ်။

သင့်ရဲ့အတက်ရောဂါကို ဘယ်လို စီမံခန့်ခွဲနိုင်သလဲ?

ကိုယ်တိုင်ဂရုစိုက်ဖို့က အတက်ရောဂါကို စီမံခန့်ခွဲဖို့အရမ်းအရေးကြီးပါတယ်

– ဆေးသောက်ပါ

– သင့်မှာ မေးခွန်းမေးစရာ ရှိသည့်အခါသင့်ဆရာဝန်သို့မဟုတ်သူနာပြုနှင့် ဆွေးနွေးပါ။

– မတက်မီက ဘာလုပ်နေခဲ့တယ် အတက်ရောဂါရပ်သွားအောင် ဘာလုပ်လိုက်တယ်ဆိုတဲ့

record သို့မဟုတ်ဒိုင်ယာရီထားပါ။

– အိပ်ရေးဝအောင်အိပ်ပါ

– စိတ်ဖိစီးမှုရှောင်ကြဉ်ပါ

– တက်ကြွအောင်နေပါ

အတက်ရောဂါ အကြောင်း အရေးကြီးအချက်အလက်များ
– ဝက်ရူးပြန် အတက်ရောဂါရှိသူတွေဟာ မရှိသူတွေ လုပ်နေကြ အလုပ်တွေကို လုပ်နိုင်ပါတယ်။

– မည်သူမဆိုဝက်ရူးပြန်ရောဂါဖွံ့ဖြိုးနိုင်ပါတယ်။

အသက် 65 ကျော်လူတွေမှာ ပထမဦးဆုံးအကြိမ်စတင်အတက်ရောဂါဖြစ်နိုင်ချေဟာ ကလေးတွေနဲ့ တူတူပါပဲ။ သက်ကြီးရွယ်အိုများအတွက် ဝက်ရူးပြန်မှုဟာလေဖြတ်ခြင်းနှင့်နှလုံးရောဂါများကဲ့သို့အခြားကျန်းမာရေးပြဿနာများရဲ့ အကျိုးဆက် ဖြစ်ပါတယ်။

– ဒီရောဂါဟာ နာတာရှည်ဆေးဘက်ဆိုင်ရာပြဿနာပါ။ လူအချို့ အောင်မြင်စွာကုသနေကြပေမယ့်ကုသမှုက လူတိုင်း အတွက်အလုပ်မလုပ်ပါဘူး။

– seizure ကြောင့် သေဆုံးနိုင်ပါတယ်။ ဝက်ရူးပြန်ရောဂါကြောင့် သေတာ မကြာခဏ မဖြစ်ပျက်ပါဘူး။ ဝက်ရူးပြန်ရောဂါဟာအလွန်ဆိုးသော်လည်း seizure ကြောင့် သေဆုံးနိုင်ပါတယ်။

– ဝက်ရူးပြန်ရောဂါဟာ ကူးစက်တတ်တဲ့ ရောဂါမဟုတ်ပါ။ သင့်အနေနဲ့ အခြားတစ်ယောက်ဆီက အတက်ရောဂါ မကူးနိုင်ပါ။

သင် ရောဂါဖြစ်စဉ်အတွင်းသင်၏လျှာမျိုကျသွားတာမျိုးတွေ မဖြစ်နိုင်ပါဘူး။ ဒါဟာရုပ်ပိုင်းဆိုင်ရာအရ မဖြစ်နိုင်ပါဘူး။

အိမ်မှာပဲ ကိုယ်တိုင် ဆီးချိုသွေးချိုစစ်မယ်ဆိုရင်ဆီးချိုသွေးချိုစစ်မယ်ဆိုရင်ဆေးခန်းမှာ၊ဆေးဆိုင်တွေမှာ စစ်ပေးတယ်ဆိုပေမယ့်သ...
29/01/2023

အိမ်မှာပဲ ကိုယ်တိုင် ဆီးချိုသွေးချိုစစ်မယ်ဆိုရင်
ဆီးချိုသွေးချိုစစ်မယ်ဆိုရင်ဆေးခန်းမှာ၊ဆေးဆိုင်တွေမှာ စစ်ပေးတယ်ဆိုပေမယ့်သွေးတွင်းသကြားဓါတ်တိုင်းကိရိယာတစ်ခုတော့ အိမ်မှာရှိထားသင့်ပါတယ်။ အထူးသဖြင့် ကိုယ့်မိသားစုထဲမှာ ဆီးချိုရှိသူတစ်ယောက် ရှိနေတယ်ဆိုရင်ပေါ့။
ဘာကြောင့်လဲဆိုတော့သွေးတွင်းသကြားဓါတ်အတက်အကျကို သက်ရောက်နိုင်တဲ့အကြောင်းရင်းတွေအများကြီးရှိသလို အချိန်မရွေးလည်းပြောင်းလဲနိုင်လို့ပါပဲ။ အိမ်မှာရှိနေမှ လိုအပ်တဲ့အချိန်တိုင်း စစ်ဆေးကြည့်လို့ရနိုင်မယ်၊ ပုံမှန်စစ်ဆေးလို့လွယ်ကူနိုင်ပါမယ်။ တက်နေတာလား၊ ကျနေတာလား မရေမရာဖြစ်နေတဲ့အချိန်မှာသွေးဖောက်စစ်ဆေးလိုက်တာအကောင်းဆုံးပါပဲ။
ပုံမှန် ဒါမှမဟုတ် နေ့စဉ် ဆီးချိုသွေးချိုစစ်ဆေးမယ်
သွေးဖောက်စစ်ဆေးတာကိုနေ့တိုင်းလုပ်ရမှာလား၊ တစ်ပတ်နှစ်ကြိမ်လောက်လား၊ တစ်ရက်ခြားတစ်ကြိမ်လား ဆိုတာကို ကာယကံရှင်ရဲ့လက်ရှိကျန်းမာရေးအခြေအနေ၊ အသက်အရွယ်၊ ကိုယ်လက်လှုပ်ရှားမှုအတိုင်းအတာစတဲ့အချက်တွေကို မူတည်ပြီး ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်ပေးသူက လိုအပ်သလိုဆုံးဖြတ်ရမှာပါ။ တစ်နေ့တာအတွင်း အများအားဖြင့် ဒီအချိန်တွေမှာသွေးဖောက်စစ်ဆေးလေ့ရှိကြပါတယ် –
အစာမစားခင်
အစာစားပြီး ၁ နာရီ သို့မဟုတ် ၂ နာရီ
နေလို့မကောင်းတဲ့ လက္ခဏာတစ်ခုခုဖြစ်လာတဲ့အချိန်
ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုမလုပ်ခင် (အစာတခုခုစားထားဖို့လိုမလို)
လှုပ်ရှားမှုများများလုပ်ပြီးတဲ့အချိန်
ဆီးချိုတက်နေတယ်၊ ကျနေတယ်လို့ သံသယရှိလာတဲ့အချိန်
ဖျားနေတဲ့အချိန် သို့မဟုတ် စိတ်ဖိစီးမှုခံစားနေရတဲ့အချိန် တို့မှာ စစ်ဆေးကြည့်တတ်ကြပါတယ်။
ဘယ်လိုစစ်ရမလဲ
ဆီးချိုသွေးချိုစစ်မယ်ဆိုရင်glucometer လို့ခေါ်တဲ့ ကိရိယာလေးနဲ့ သွေးတွင်းသကြားဓါတ်ပမာဏကို အလွယ်တကူစစ်ဆေးနိုင်ပါတယ်။သွေးစစ်မယ့်သူရဲ့လက်ထိပ်ကိုဖောက်ပြီးသွေးစက်လေးနမူနာယူ၊ ဆီးချိုသွေးချိုစစ်တံ( test strip) နဲ့ထိတို့ စစ်ဆေးရပါတယ်။သွေးချိုတိုင်းစက်က အမှတ်တံဆိပ်အမျိုးမျိုး၊ ထုတ်လုပ်တဲ့ကုမ္ပဏီအမျိုးမျိုး၊ လုပ်ဆောင်ချက်အမျိုးမျိုးနဲ့ဈေးနှုန်းအစားစားရှိတာကြောင့် ကိုယ်နဲ့သင့်တော်ရာအမျိုးအစားကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဒါပေမယ့် ရလဒ်မှန်ကန်ဖို့အရေးကြီးတာကြောင့် အရည်အသွေးကောင်းပြီး တိကျတဲ့ အမျိုးအစားကိုရွေးချယ်မိဖို့လိုပါတယ်။

အကောင်းဆုံးက ကိုယ်ဝယ်ထားတဲ့သွေးချိုတိုင်းစက်မှာပါတဲ့ လမ်းညွှန်ချက်အတိုင်း အသုံးပြုတာပါ။သွေးချိုတိုင်းစက်တွေရဲ့ အသုံးပြုပုံကတော့ အခြေခံအားဖြင့် တူတူပါပဲ –

လက်ဆေးပြီးခြောက်အောင်သုတ်ပါ။
သွေးချိုတိုင်းစက်မှာသွေးစစ်တံလေးထည့်သွင်းပါ(ဘူးအတွင်းပါ လမ်းညွှန်ချက်မှာဖော်ပြထားတဲ့အတိုင်း)
လက်ချောင်းထိပ်ကို အရက်ပြန်ဂွမ်းစလေးနဲ့ သုတ်ပါ။
သွေးချိုတိုင်းစက်မှာ အတူပါတဲ့သွေးဖောက်ကိရိယာလေးနဲ့ လက်ချောင်းထိပ်အသားကို ထိကပ်ပြီးသွေးဖောက်ပါ။
သွေးစစ်တံရဲ့ထိပ်မှာသွေးစက်လေးကိုစုပ်ယူသွားတဲ့အထိ တို့ထိပါ။
လက်ချောင်းထိပ်ကို အရက်ပြန်ဂွမ်းစလေးနဲ့ ခဏကပ်ထားပါ။
စက္ကန့်ပိုင်းအတွင်း စက်မှာပေါ်လာမယ့်သွေးတွင်းသကြားဓါတ်ရလဒ်ကို ကြည့်ပါ။
မှတ်တမ်းစာအုပ်မှာ စစ်ဆေးမှုရလဒ်ကို မှတ်သားပါ။
သွေးစစ်တံလေးကို စက်ကနေဖြုတ်ပြီး စနစ်တကျစွန့်ပစ်ပါ။
ကဲ ဘယ်လောက်လွယ်လိုက်လဲ။ စက်လေးတစ်ခုရှိတယ်ဆိုရင်သွေးစစ်တံလေးတွေပဲ ဝယ်ထားဖို့လိုမှာပါ။ ဆေးဆိုင်မှာသွားစစ်သလို တစ်ခါစစ်တိုင်းငွေမကုန်၊ အချိန်မကုန်ရတော့ဘူးပေါ့။ သုံးရတာလည်း လွယ်ပါတယ်နော်။

ပုံမှန် ဘယ်လောက်အတွင်း ရှိသင့်တာလဲ
ပုံမှန်ရှိသင့်တဲ့ သွေးတွင်းသကြားဓါတ်ပမာဏက –

အစာမစားခင်မှာ70 နဲ့ 130 mg/dL ကြား၊
အစာစားပြီးနောက်ပိုင်းမှာ 180 mg/dLအောက် ရှိသင့်ပါတယ်။

Brain Tumor (ဦးနှောက်အကျိတ်ကင်ဆာ)ဦးနှောက်အကျိတ်ကင်ဆာ သည် ဦးနှောက် သို့မဟုတ် ဦးနှောက်နှင့် နီးစပ်သော အပိုင်းများတွင် အလုံ...
28/01/2023

Brain Tumor (ဦးနှောက်အကျိတ်ကင်ဆာ)
ဦးနှောက်အကျိတ်ကင်ဆာ သည် ဦးနှောက် သို့မဟုတ် ဦးနှောက်နှင့် နီးစပ်သော အပိုင်းများတွင် အလုံးအကျိတ်ဖြစ်လာခြင်းဖြစ်သည်။ ဦးနှောက်အကျိတ်များတွင် အချို့သည် ကင်ဆာမဟုတ်သော အကျိတ်မျိုးဖြစ်ပြီး အချို့မှာမူ ကင်ဆာအကျိတ် ဖြစ်သည်။ ဦးနှောက်အကျိတ်ကင်ဆာတွင် ဦးနှောက်မှ စတင်၍ ဖြစ်သော ကင်ဆာနှင့် အခြားနေရာရှိ ကင်ဆာများမှ ပျံ့လာသော ဦးနှောက်အကျိတ်ကင်ဆာဟူ၍ ခွဲခြားနိုင်သည်။ဦးနှောက်အကျိတ်ကင်ဆာသည် ပျံနှံ့မှု မြန်ပြီး ဦးနှောက်နှင့် အာရုံကြောလုပ်ငန်းဆောင်တာများကို ထိခိုက်နိုင်ပြီး ထိခိုက်မှုများသည် ကင်ဆာကျိတ်၏ နေရာနှင့် အရွယ်အစားအပေါ်တွင် မူတည်ပါသည်။
လက္ခဏာများ

ဦးနှောက်အကျိတ်ကင်ဆာ၏ ရောဂါလက္ခဏာများသည် အကျိတ်၏ နေရာ၊အရွယ်အစားနှင့် ကြီးထွားနှုန်းအပေါ်တွင် မူတည်ပါသည်။
ဦးနှောက်အကျိတ်ကင်ဆာတွင် ပြလေ့ရှိသော ရောဂါ လက္ခဏာများမှာ-

• ရုတ်တရက် ဆိုးဆိုးဝါးဝါး ခေါင်းကိုက်လာခြင်း။

• ခေါင်းကိုက်ခြင်း တဖြည်းဖြည်း ဆိုးလာပြီး မခံမရပ်နိုင်အောင်ဖြစ်လာခြင်း။

• အစားအသောက်မမှားပဲ ပျို့ခြင်း အန်ခြင်း။

• အမြင်အာရုံဝေဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း၊ အဝေးမမြင်ခြင်း။

• ခြေလက်များ တဖြည်းဖြည်း ထုံလာခြင်း လှုပ်ရှား၍ မကောင်းခြင်း။

• လမ်းလျှောက်လျှင် တည့်မတ်အောင် မထိန်းနိုင်ခြင်း။

• စကားပြောရ ခက်ခဲလာခြင်း။

• စိတ်ရှုပ်ထွေးခြင်း။

• လူတစ်ယောက်၏ ပင်ကိုယ်စရိုက် နှင့် အမူအရာများ ပြောင်းလဲလာခြင်း။

• တက်ခြင်း။

• အကြားအာရုံချို့ယွင်းခြင်း။
ဖြစ်ပွားရသော အကြောင်းရင်းများ

ဦးနှောက်တွင် စဖြစ်သော ဦးနှောက်အကျိတ်ကင်ဆာသည် ဦးနှောက်ဆဲလ်များ ရုတ်တရက် ပုံမမှန်ပွားရာမှ စဖြစ်ခြင်းဖြစ်ပြီး ဦးနှောက်ဆဲလ်များ၊ ဦးနှောက်အား အုပ်ထားသော အလွှာများ၊ ဦးနှောက် အာရုံကြောများ၊ ဦးနှောက်တွင်းရှိ ဂလင်းများမှ စ၍ဖြစ်ခြင်းဖြစ်သည်။

ပုံမမှန်ပွားလာသော ကင်ဆာဆဲလ်များကြောင့် ပုံမှန်ဦးနှောက်ဆဲလ်များ သေပြီး အလုံးအကျိတ်ဖြစ်လာခြင်းဖြစ်သည်။ ဦးနှောက်တွင် စဖြစ်သော ဦးနှောက်အကျိတ်ကင်ဆာ သည် အခြားနေရာမှ ပျံ့လာသော ဦးနှောက်အကျိတ်ကင်ဆာထက် အဖြစ်နည်းသည်။
ဦးနှောက်တွင် စဖြစ်သော ဦးနှောက်အကျိတ်ကင်ဆာ အမျိုးအစားများမှာ-

• Gliomas- ဦးနှောက်ဆဲလ် သို့မဟုတ် အာရုံကြောမကြီးမှ စ၍ဖြစ်သော ဦးနှောက်အကျိတ်ကင်ဆာ။

• Meningiomas- ဦးနှောက်အား အုပ်ထားသော အလွှာမှ ဖြစ်သော ဦးနှောက်အကျိတ်ကင်ဆာ။

• Acoustic neuromas (schwannomas)- ဦးနှောက်အတွင်းရှိ နားသို့သွားသော အာရုံကြောမှဖြစ်သော ဦးနှောက်အကျိတ်ကင်ဆာ။

• Pituitary adenomas- Pituitary ဂလင်းမှဖြစ်သော ကင်ဆာအကျိတ်။

• Medulloblastomas- ဦးနှောက်ဆဲလ်များမှ စဖြစ်လေ့ရှိပြီး ကလေးများတွင် အဖြစ်များသော ဦးနှောက်အကျိတ်ကင်ဆာ။

• PNETs. Primitive neuroectodermal tumors (PNETs)- သန္ဓေသား၏ ဦးနှောက်ဆဲလ်မှ စဖြစ်သော ဦးနှောက်အကျိတ်ကင်ဆာ။

• Germ cell tumors

• Craniopharyngiomas
အခြားနေရာရှိ ကင်ဆာမှ ပျံ့လာသော ဦးနှောက်အကျိတ် ကင်ဆာသည် အခြားကင်ဆာရောဂါတစ်မျိုးမျိုးရှိသူများတွင် ဖြစ်လေ့ရှိပြီး အချို့တွင်မူ ထိုကင်ဆာ၏ ပထမဦးဆုံး ရှေ့ပြေးလက္ခဏာ အနေဖြင့် တွေ့ရလေ့ရှိ ပြီး ဦးနှောက်မှ စ၍ဖြစ်သော ဦးနှောက်အကျိတ်ကင်ဆာထက် ပို၍ အဖြစ်များသည်။
ဖြစ်နိုင်ချေများသူများ

• အသက်-အသက်ကြီးသောသူများတွင် အဖြစ်များသော်လည်း အချို့သော ဦးနှောက်ကျိတ်ကင်ဆာများသည် အသက်အရွယ်မရွေး ဖြစ်နိုင်သည်။

• ဓာတ်ရောင်ခြည်များနှင့် မကြာခဏ ထိတွေ့နေရသူများ(ဥပမာ- ကင်ဆာဓာတ်ရောင်ခြည်ပြ ကုသမှု ခံယူဖူးသူများ နှင့် နျူကလိယ ဗုံးပေါက်ကွဲမှု တွေ့ကြုံထားဖူးသူများ)

• မိသားစုမျိူးရိုးတွင် ဦးနှောက် အကျိတ်ကင်ဆာရောဂါ ရာဇဝင်ရှိဖူးသူများ



ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ - အထက်ဖော်ပြပါ အချက်အလက်များ သင့်တွင်ဖြစ်ပေါ်နေပြီး မသက်သာပါက ဆရာဝန်နှင့် သွားရောက်ဆွေးနွေးပြသရန် လိုအပ်ပါသည်။
စစ်ဆေးမှုများ

ဦးနှောက်အကျိတ်ကင်ဆာရောဂါရှိသည်ဟု သံသယရှိပါက အောက်ဖော်ပြပါ စစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ်ပါမည်။

• ဦးနှောက်သံလိုက်ဓာတ်မှန်ရိုက်ခြင်း။

• ဦးနှောက်နှင့် အာရုံကြောအား စစ်ဆေးခြင(ဥပမာ-အမြင်အာရုံ၊အကြားအာရုံ စသည်တို့ဖြစ်သည်)

• ဆေးသွင်း၍ သံလိုက်ဓာတ်မှန်ရိုက်ခြင်း။

• ဦးနှောက်အား ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း။

• PET( Positron emission tomography)။

• တစ်ကိုယ်လုံး ကွန်ပျူတာ ဓာတ်မှန်ရိုက်၍ ရောဂါရှာဖွေခြင်း။

• ပုံမမှန်သော ဆဲလ်များမှ အသားစယူ၍ စစ်ဆေးခြင်း(Biopsy) အထူးသဖြင့် ဦးနှောက်အကျိတ်ကင်ဆာဟု သံသယရှိပါက ဦးနှောက်ဆဲလ်များမှ အသားစယူ၍ စစ်ဆေးခြင်း။
ကုသခြင်း

ဦးနှောက်အကျိတ်ကင်ဆာအား ကုသခြင်းသည်း အကျိတ်၏ အမျိုးအစား၊တည်နေရာ နှင့် အရွယ်အစားအပေါ်မူတည်၍ ကုသမှု ပုံစံကွဲပြားသည်။



ခွဲစိတ်ကုသခြင်း

အကယ်၍ ကင်ဆာအကျိတ်သည် ခွဲစိတ်၍ လွယ်ကူသောနေရာတွင်ရှိပြီး အရွယ်အစား သေးပါက ခွဲစိတ်ကုသလေ့ရှိပါသည်။ အချို့သော အကျိတ်များမှာမူ ခွဲစိတ်ရ ခက်ခဲသော နေရာတွင်ရှိပြီး ဦးနှောက်တစ်ရှုးများ၏ အတွင်းပိုင်း အာရုံကြောများနှင့် ကပ်နေသောနေရာတွင်ရှိပါက ခွဲစိတ်ကုသ၍ မပျောက်ကင်းနိုင်ပေ။ သို့သော် အကျိတ်အား ဖယ်ရှားရုံမျှဖြင့် ဦးနှောက် တွင်းရှိ ထိခိုက်မှုများကို သက်သာလျော့ပါးစေနိုင်မည် ဆိုပါက ခွဲစိတ်ကုသလေ့ရှိပါသည်။
ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတွင် ခန္ဓာကိုယ် ပြင်ပမှနေ၍ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် ခန္ဓာကိုယ်တွင်းမှ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းဟူ၍ ၂မျိုး ခွဲခြားနိုင်ပါသည်။ခန္ဓာကိုယ်ပြင်ပမှ နေ၍ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းသည် ဦးနှောက်ဆဲလ်များ အားလုံးအား သက်ရောက်မှုရှိပြီး ခန္ဓာကိုယ် အခြားနေရာများမှ ဦနှောက်သို့ ပျံ့လာသော ကင်ဆာများကုသရာတွင် သုံးလေ့ရှိသည်။အသုံးပြုရသော ဓာတ်ရောင်ခြည် အမျိုးအစားနှင့် ဓာတ်ရောင်ခြည် ပမာဏအပေါ်မူတည်၍ နောက်ဆက်တွဲဖြစ်တတ်သော ဆိုးကျိုးများ ကွာလေ့ရှိပြီး အများအားဖြင့် မောပန်းနုံးချိခြင်း ခေါင်းကိုက်ခြင်းများ ဖြစ်လေ့ရှိသည်။



ကင်ဆာဆေးသွင်းကုသခြင်း

ကင်ဆာဆေးသွင်းကုသရာတွင် ကင်ဆာရောဂါအမျိုးအစားအပေါ်လိုက်ပြီး သွင်းရသော ဆေးအမျိုးအစားကွာနိုင်ပြီး ဘေးထွက်ဆိုးကျိုးများ အနေဖြင့် ပျို့ခြင်း၊အန်ခြင်း၊ ဆံပင်ကျွတ်ခြင်းများ ရှိနိုင်ပါသည်။

ဆေးကုသမှု ခံယူပြီးနောက် ပြန်လည်သန်စွမ်းလာစေရန် အထူးကုသမှုများ-

• စကားပြောပြန်လည်သင်ယူရခြင်း။

• နေ့စဉ်လုပ်ငန်းဆောင်တာများ ပြန်လည်လုပ်ကိုင်နိုင်ရန် သင်ယူရခြင်း။

• ခြေလက်လှုပ်ရှားမှုများ ပြန်လည်ဖြစ်စေရန် သင်ယူရခြင်း။

• မှတ်ဉာဏ်များ ပြန်လည်မှတ်မိစေရန် သင်ယူရခြင်း။



ကာကွယ်ခြင်း

ဦးနှောက်အကျိတ်ကင်ဆာရောဂါကို ကာကွယ်ရန် နည်းလမ်းမရှိပါ။
အခြားသိသင့်သော အချက်များ နှင်.အခြားကုထုံးများ

အခြားကုထုံးများသည်လည်း ဦးနှောက်အကျိတ်ကင်ဆာကို သက်သာပျောက်ကင်းနိုင်သည်ဟူသော လေ့လာချက်များ ယခုထိ မတွေ့ရှိရသေးပါ။ သို့သော် အောက်ဖော်ပြပါ နည်းလမ်းများသည် ခံစားနေရသော ဝေဒနာများကို ခဏတာသက်သာစေနိုင်ပါသည်။

• အပ်စိုက်ကုသခြင်း။

• စိတ်ငြိမ်ဆေးနှင့် အိပ်ဆေးများ။

• တရားထိုင်ခြင်။း

• တေးသံသာများ နားထောင်ခြင်း။

• ယောဂကျင့်ခြင်း။



ဦးနှောက်အကျိတ်ကင်ဆာဝေဒနာ ဖြစ်ပွားနေပြီဟု သိရှိပါက-

• ရောဂါ၏ သဘာဝနှင့် ဖြစ်တတ်သော အခြေအနေများ၊ နောက်ဆက်တွဲဖြစ်နိုင်ချေများကို လေ့လာပါ။

• မိသားစုများနှင့် နွေးနွေးထွေးထွေးနေပါ။ မိသားစုများ၏ ဂရုစိုက်မှုကို ခံယူပါ။

• မိမိခံစားနေရသော ရောဂါ ဝေဒနာများအကြောင်းကို မိမိနှင့် အနီးကပ်နေသူများကို ပြောပြပါ။ ဖေးမမှုကို ခံယူပါ။ စိတ်ထိခိုက် ခံစားရခြင်းများရှိပါက မိမိအားအနီးကပ်စောင့်ရှောက်မှုပေးနေသော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
call center

Address


Alerts

Be the first to know and let us send you an email when DHANE - ငါးကြီးဆီဖြင့် ကျန်းမာရေးကိုဂရုစိုက်ပါ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to DHANE - ငါးကြီးဆီဖြင့် ကျန်းမာရေးကိုဂရုစိုက်ပါ:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram