07/10/2025
ခုတလော မော်ဒယ်တယောက်မှာ မီးပိုးထိလို့ဆိုပြီးမျက်နှာမှာရောင်ပြီးရဲနေတာတွေတက်လာတာတွေ့လို့ မီးပိုးအကြောင်းနှင့်သူက နေထွက်တဲ့အရည်ပေါ့(body fluid) အကြောင်းလေးပြောပြခြင်လို့ပါ
Rove beetle လို့ခေါ်တဲ့မီးပိုးတွေဟာ အရည်တမျိုးထွက်ပြီး အဲ့အရည်ထဲမှာ pederin လို့ခေါ်တဲ့အဆိပ်ဖြစ်စေတဲ့အရာပါတယ်၊အဲ့အရည်ကို ထိမိတာ၊ ပွတ်မိတာ ခပ်ကြမ်းကြမ်းပွတ်လိုက်တဲ့အချိန်မှာပဲ အဲ့နေရာမှာ နာလာတာ၊ လောင်ပီးအရည်ကြည်ဖုထွက်လာတာတွေဖြစ်ပါတယ်။အဲ့တာကို Paederus dermatitisလို့ခေါ်ပါတယ်။ လက္ခဏာတွေကနီရဲလာမယ်၊ မီးစနဲ့ထိုးမိသလိုပူစပ်လာမယ်၊ အရည်ကြည်ဖုတွေထွက်လာမယ်၊အရေပြားရောင်ရမ်းလာမယ်၊တခါတလေမှာအဖျားဝင်တာမျိုးတွေရှိတတ်ပါတယ်၊အရေပြားလောင်တာများတဲ့အခါမျိုးမှာအမာရွက်အမဲရောင်တွေကျန်တတ်လို့နောက်ဆက်တွဲ အရေပြားကိုတော်တော်လေးဂရုစိုက်ပေးရပါတယ်။
ကိုယ့်အနီးနားမှာ၊အသားပေါ်မှာမီးပိုးလို့သတိထားမိတာနဲ့
(၁)လုံးဝမပွတ်ချေပါနဲ့။
(၂)လေနဲ့အဝေးကိုမှုတ်ထုတ်တာ အဝတ်နဲ့ညင်သာစွာဖယ်ထုတ်တာမျိုးလုပ်ပါ။
(၃)အသားနဲ့ထိမိတာမျိုးဆိုလျှင်တော့ ဆပ်ပြာနဲ့စင်ပြောင်အောင်ဆေးတာ၊ရေချိုးတာမျိုးလုပ်ပေးပါ။
အဲ့တော့မီးပိုးနဲ့ထိမိပြီဆိုတာကိုသိတာနဲ့ဘာလုပ်မလဲ?
(၁)ထိမိတဲ့အရည်ပြားကိုဆပ်ပြာနဲ့ပြောင်စင်အောင်ဆေးမယ်။
(၂)ရေးပတ်အေးအေးလေးကပ်ပေးမယ်။ရှားစောင်းလက်ပပ်ကို အစေးအဝါတွေပြောင်အောင်ဆေးပြီး အတွင်း gel သားနှင့်လဲကပ်ပေးလို့ရပါတယ်။
(၃)အရည်ဖုတွေမပေါက်ခင် ရဲပြီးပူနေတဲ့အချိန်မှာ တိုင်းရင်းဆေးနံပတ်(၄၃) ကို သနပ်ခါးနဲ့ဖျော်ပီးလိမ်းပေးလို့ရပါတယ်။
(၄)အဆိပ်ထိတွေ့မှုများပြီးအရည်ဖုတွေအများကြီးထွက်နေလျှင်တော့ဆေးခန်းအမြန်သွားပြရမှာဖြစ်ပါတယ်
(၅)အရေးအကြီးဆုံးကတော့ လူတကာပြောတဲ့ ဟိုဆေးလိမ်း ဒီဆေးလိမ်းတွေလိုက်မလုပ်ပါနဲ့ပိုးဝင်ပြီးပိုဆိုးတတ်ပါတယ်။
#မဟာဝဏ်တိုင်းရင်းဆေး
#မီးပိုးအကြောင်း