14/03/2024
✨ ရာသီအကူးအပြောင်းမှာ အအေးမိ၊ တုပ်ကွေးတွေ အဖြစ်များနေတာမို့ အအေးမိဖျားနာကင်းဝေးအောင် ဘယ်လိုနေထိုင်ရမလဲ ဆိုတာလေး တင်ပေးလိုက်ပါတယ်နော်
🦠 အအေးမိဖျားနာ ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းကတော့ လေထုကတဆင့် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေ ကူးစက်ပြန့်ပွားနေချိန်မှာ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ်ခံအားနည်းနေတာကြောင့် ရောဂါပိုးတွေက အလွယ်တကူ ဝင်လာရတာပါ
🌀 ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး အအေးမိဖျားနာခြင်းတွေက ကင်းဝေးစေဖို့ဆို
✔️ တစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ်တွေ စုံလင်မျှတအောင် ကြိုတင်ပြင်ဆင်ပြီး စားသုံးနေထိုင်ပါ
✔️ လူထူထပ်တဲ့နေရာတွေ သွားခြင်းမှရှောင်ပါ
✔️ မသွားမဖြစ် သွားရမယ်ဆို Mask ကိုသေချာစွာတပ်ပါ
✔️ လက်ကို မကြာခဏဆေးပါ
✔️ အိပ်ရေးဝအောင် အိပ်ပါ
✔️ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပါ
✔️ တုပ်ကွေးကာကွယ်ဆေးများ ကြိုတင်ထိုးနှံပါ