23/09/2025
ကလေးငယ်များအတွက် ကာကွယ်ဆေးထိုးအချိန်ဇယား ✅✅
နိုင်ငံတော်မှ ကာကွယ်ဆေး(၁၃)မျိုး ထိုးပေး၊ တိုက်ပေးနေသည်။
၁။ တီဘီကာကွယ်ဆေး (BCG) မွေးကင်းစမှစ၍ တစ်ကြိမ်တည်း ပခုံးတွင် ထိုးသည်။
၂။ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဦးနှောက် အမြှေးပါရောင်နှင့် နမိုးနီးယား အဆုတ်ရောင် ( DPT, Hepatitis B, Haemophilus In fluenzaeb) ငါးမျိုးတွဲ ကာကွယ်ဆေးကို ၂လ၊ ၄လ၊ ၆လတွင် သုံးကြိမ်ထိုးသည်။
၃။ ပိုလီယို အစက်ချဆေးကို အသက် ၂လ၊ ၄လ၊ ၆လတွင် သုံးကြိမ် တိုက်ကျွေးပြီး ပိုလီယိုအသား ဆေးကို ၄လ တွင်တစ်ကြိမ် ထိုးနှံပေးသည်။
၄။ ပြင်းထန် အဆုတ်ရောင် ကာကွယ်ဆေး (Pneumococcal vaccine) အသက် ၂လ၊ ၄လ၊ ၆လတွင် သုံးကြိမ် ပေါင်တွင်ထိုးသည်။
၅။ ဝက်သက်နှင့် ဂျိုက်သိုး ကာကွယ်ဆေး၊ အသက် ၉လနှင့် ၁၈လတွင် နှစ်ကြိမ် ပေါင်တွင်ထိုးသည်။
၆။ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး (Japanese B encephalitis) အသက် ၉လတွင် တစ်ကြိမ် ပေါင်တွင်ထိုးသည်။
၇။ ရိုတာ (Rota) ဗိုင်းရပ်စ် ကာကွယ်ဆေး ဝမ်းပျက်ဝမ်းလျောရောဂါကို ကာကွယ်သည်။ အသက် ၂လ နှင့် ၄လတွင် ပါးစပ်မှ တိုက်ကျွေးသည်။
၈။ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) အသက် ၉နှစ်မှစ၍ တစ်နှစ်တစ်ခြား နှစ်ကြိမ် မိန်းခလေးများကို ထိုးပေးသည်။
ပိုလီယို အစက်ချဆေးကို အသက် ၂လ၊ ၄လ၊ ၆လ တွင် သုံးကြိမ် တိုက်ကျွေးပြီး ပိုလီယိုအသားဆေးကို ၄လတွင် တစ်ကြိမ် ထိုးနှံပေးသည်။
ကာကွယ်သည့် ဓာတ်ကို အပြီးတစ်ခါတည်း ထည့်ပေးသည့်ဆေးနှင့် (Passive Immunization) နှင့် ပိုးအရှင်ပါသော ကာကွယ်ဆေး ( Live-attenuated vaccine) နီးနီးပေးလျှင် ကာကွယ်ဆေး မအောင်။ ကာကွယ်ဆေးကို အရင်းထိုးပါက အနည်းဆုံး နှစ်ပတ်စောင့်ရသည်။ 👶👶
ကာကွယ်ဆေးကို နောက်ကထိုး ပါက အနည်းဆုံး သုံးလစောင့်ရသည်။ 👶👶
ကာကွယ်ဆေး များ တစ်ရက်တည်း ထိုးလျှင် ပြဿနာမရှိ။ တစ်ရက်တည်း မထိုးခဲ့ပါက ပိုးအရှင်ပါသော ကာကွယ်ဆေးများကို အနည်းဆုံး လေးပတ် ခြားရသည်။
နိုင်ငံတော်မှ ထိုးမပေးသော ဈေးကွက်ထဲတွင် တင်သွင်းသော ကာကွယ်ဆေးများလည်းရှိသည်။
၁။ ဦးနှောက်အမြှေးရောင် နမိုးနီးယားရောဂါ ကာကွယ်ဆေး နောက်ဆုံးသော အကြိမ်မှ တစ်နှစ် အကြာတွင် အားဖြည့်တစ်ကြိမ် ထပ်တိုးလျှင် ပိုကောင်းသည်။
၂။ ပြင်းထန်သော အဆုတ်ရောင် ကာကွယ်ဆေး နော်ကဆုံးထိုးသော အကြိမ်မှ တစ်နှစ်အကြာတွင် အားဖြည့်တစ်ကြိမ် ထပ်ထိုးလျှင် ပိုကောင်းသည်။
၃။ ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင်ရောဂါ ကာကွယ်ဆေး (MMR) အသက်တစ်နှစ်မှစ၍ ပေါင်တွင် တစ်ကြိမ်ထိုးသည်။ (နိုင်ငံတော်မှ ကာကွယ် ဆေးတွင် Mumps ပါချိတ်ရောင် မပါဝင်ပါ။) အသက် ၄နှစ်ခွဲတွင် ဒုတိယ အကြိမ် ထိုးပေးပါက ပိုကောင်းသည်။
၄။ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်း (DTP) အသက်လေးနှစ်တွင် အားဖြည့်တစ်ကြိမ် ထပ်ထိုးပါက ပိုကောင်းသည်။
၅။ ရာသီတုပ်ကွေး ကာကွယ်ဆေး (Influenza vaccine)အသက် ၆လမှ စတင်၍ နှစ်စဉ် ထိုးရန်လို သည်။ ပထမဆုံး တစ်ကြိမ်ထိုးပြီး ဒုတိယအကြိမ်ကို တစ်လခွာ၍ ထိုးရန်လိုသည်။ နောက်အကြိမ်များ တွင် တစ်နှစ်တစ်ကြိမ်သာလိုသည်။ အသက် ၉နှစ်ကျော်မှ စထိုးလျှင် ပထမဆုံအကြိမ်ကတည်းက တစ်ကြိမ်သာ ထိုးရန်လိုသည်။
၆။ ရေကျောက် (Chickenpox) အသည်းရောင်အေ (Hepatitis A) တွိုက်ဖွိုက် (Typhoid) ဦးနှောက် အမြှေးရောင် (Meningococcal) စသည့် ကာကွယ်ဆေးများလည်း ထိုးလိုက တစ်နှစ်ကျော်လျှင် ကလေးဆရာဝန်နှင့် တိုင်ပင်၍ ထိုးနှံနိုင်သည်။
ကာကွယ်ဆေး တစ်ခုနှင့်တစ်ခု 👶👶
ကာကွယ်သည့် ဓာတ်ကို အပြီး တစ်ခါတည်း ထည့်ပေးသည့်ဆေး (Passive Immunization) နှင့် ပိုးအရှင်ပါသော ကာကွယ်ဆေး (Live-attenuated)နီးနီးပေးလျှင် ကာကွယ်ဆေး မအောင်။ ကာကွယ် ဆေးကို အရင် ထိုးပါက အနည်းဆုံး နှစ်ပတ်စောင့်ရသည်။ ကာကွယ်ဆေးကို နောက်က ထိုးပါက အနည်းဆုံး သုံးလစောင့်ရသည်။ ကာကွယ်ဆေးများ တစ်ရက်တည်း ထိုးလျှင် ပြဿနာ မရှိ။ တစ်ရက် တည်း မထိုးခဲ့ပါက ပိုးအရှင်ပါသော ကာကွယ်ဆေးများကို အနည်းဆုံး လေးပတ် ခြားရသည်။
ကာကွယ်ဆေး တစ်ကြိမ်နှင့် တစ်ကြိမ် 👶👶
တစ်ကြိမ်မက ထိုးရသော ကာကွယ်ဆေးများကို သတ်မှတ်သည့်အချိန်ထက် ပိုစောထိုးလျှင် အောင်မြင်မှု နည်းတတ်သည်။ နောက်ကျလျှင် သိပ်ပြဿနာမရှိ။ အစက ပြန်စရန်မလို။
ကာကွယ်နည်း
တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ရေယုန်ပေါက်နေသူနှင့် အထိအတွေ့မရှိပါစေနှင့်။ ကိုယ်ဝန် ဆောင်မိခင် မွေးလမ်းကြောင်းတွင် ရေယုန်ပေါက်နေပါက သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်ကို ပွင့်လင်းစွာ ကြိုတင်ပြောပြထားပါ။ ခွဲစိတ်မွေးဖွားရန် လိုကောင်းလိုမည်။